Sunset RiverView

Sunset RiverView

Share

Sunset RiverView luxury campsite offers a holiday with a difference - taking you back to the nature

05/06/2026

စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးနိုင်မယ့်နေရာကောင်းလေးတစ်ခု.. 🌅✨

ကျွန်မတို့တွေဟာ နေ့စဉ်ဘဝရဲ့ မရိုးနိုင်တဲ့ အလုပ်ရှုပ်မှုတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ အချိန်ရှိသမျှရုန်းကန်နေကြရပါတယ်...

ကြာလာတဲ့အခါမှာ လူကဘာမှလုပ်နိုင်စွမ်းမရှိတော့ဘဲ လူကောစိတ်ပါပြန်မထနိုင်တော့တဲ့အထိပင်ပန်းလာတတ်ပါတယ်🍂
ဒီလိုအခြေနေမျိုးကြုံတွေ့နေရရင် ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲ?
မပူပါနဲ့ ကျွန်မတို့ရဲ့ Sunset RiverView Luxury Camp က‌နေ မိတ်ဆွေတို့ကို နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါတယ်✨

မြစ်ကမ်းနားက တိုက်ခတ်လာတဲ့ လေညင်းအေးအေးလေးကို ခံစားရင်း၊ ရွှေရောင်လွှမ်းနေတဲ့ နေဝင်ဆည်းဆာအလှကို ငေးမောရင်း ကိုယ့်ရဲ့ပင်ပန်းနေတဲ့ စိတ်ကော လူပါ အားအင်ပြန်လည်ဖြည့်ဆီးပေးနိုင်မယ့်နေရာကောင်းလေးတစ်ခုပါနော်🌼

မိတ်ဆွေတို့ စိတ်ကြိုက် ရွေးချယ်တည်းခိုနိုင်ဖို့အတွက် အခန်းအမျိုးအစား စုံစုံလင်လင်ကိုလည်း အခုလို ပြင်ဆင်ပေးထားပါတယ်-
⛺ Tent (Romantic ဆန်ဆန်Tent လေးတွေ) - 120,000 Ks (တစ်ည)
🏡 Private House (သီးသန့်ဆန်ဆန် အနားယူဖို့) - 180,000 Ks (တစ်ည)
🎨 Color House (အရောင်အသွေးစုံ လှပတဲ့ အိမ်လေးတွေ) - 180,000 Ks (တစ်ည)
📦 Container House (ခေတ်မီစတိုင် ကွန်တိန်နာအိမ်လေးတွေ) - 150,000 Ks (တစ်ည)
ဆိုပြီးအမျိုးအစားစုံလင်တော့ မိတ်ဆွေတို့လည်းစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်နော်

အပန်းဖြေဖို့ လာတဲ့နေရာမှာ ဘာမှပူစရာမလိုအောင် နေထိုင်မှု အဆင်ပြေစေမယ့် Facilities တွေကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထား‌ပါသေးတယ်-
✨ ညအိပ်တည်းခိုသူများအတွက် - Breakfast ကော Dinner ပါ Camp ကနေ တာဝန်ယူ ကျွေးမွေးမှာဖြစ်လို့ အစားအသောက်အတွက် လုံးဝ ပူစရာမလိုပါဘူး
✨ နေ့ချင်းပြန် လာရောက်အပန်းဖြေသူများအတွက် - အရသာရှိတဲ့ Lunch နဲ့ ညနေခင်း Tea Time အစီအစဉ်လေးပါရှိပါသေးတယ်
✨အခန်းတိုင်းမှာ သန့်ရှင်းလတ်ဆတ်တဲ့ Towel နဲ့ Toiletry (ရေချိုးခန်းသုံးပစ္စည်းများ) အပြင် EVမောင်းတဲ့ မိတ်ဆွေတို့အတွက် EV charger လည်း အဆင်သင့်ရှိပါသေးတယ်
ဒါ့အပြင် နေ့ရောညပါ အပူဒဏ်ကင်းဝေးစေဖို့ 24-Hours Electricity နဲ့ 24-Hours Air-conditioning စနစ်ကိုလည်း စီစဉ်ပေးထားပါသေးတယ်
ဒီလို ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေနဲ့ Luxury ဆန်ဆန် အနားယူဖို့ဆိုရင်တော့ ကျွန်မတို့ Sunset RiverView ကိုလှမ်းခဲ့ဖို့လိုမယ်နော်✨🎐

ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုအားအင်ပြန်ဖြည့်ဖို့အတွက် အခုပဲ ကျွန်မတို့ရဲ့ Sunset RiverView Luxury Camp ကိုဆက်သွယ်လိုက်ပါရှင်☎️

𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
📍အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖

Photos from Sunset RiverView's post 03/06/2026

Customer တိုင်းရဲ့ စိတ်ကျေနပ်မှုက ကျွန်မတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုပါပဲရှင်✨

ကျွန်မတို့ Sunset RiverView Luxury Camp ကိုလာရောက်လည်ပတ်ပြီး အခုလို Feedback လေးပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🌇

ကျွန်မတို့ Sunset Riverview မှာ လာရောက်အပန်းဖြေရတာ အဆင်ပြေခဲ့တယ်ဆိုလို့ တကယ်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်

စားဖိုဆောင်က အဒေါ်ကြီးတွေနဲ့ ကျွန်မတို့ Sunset က မိသားစုဝင်တွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အသိအမှတ်ပြုပေးတဲ့အတွက် မိတ်ဆွေများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်✨

နောင်လည်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ စောင့်ကြိုနေတာမို့ ကျွန်မတို့ Sunset RiverView Luxury Camp ကို လာရောက်လည်ပတ်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🏕️

𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
📍အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖

18/05/2026

🌅နေဝင်ဆည်းဆာအလှကို ကြည့်ရင်း
ချစ်သူနဲ့အတူ ကုန်ဆုံးတဲ့အချိန်တွေက
စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်လောက်အောင် ကြည်နူးစရာကောင်းလှပါတယ် ❤️
လေညင်းအေးအေး၊ မြစ်ကမ်းဘေးအလှနဲ့
ကိုယ်ချစ်ရသူရဲ့ အပြုံးတစ်ခုတည်းကပဲ
ဒီနေ့ကို အမှတ်တရအဖြစ် ပြည့်စုံစေခဲ့တယ် ✨
Sunset Riverview Luxury Camp
ချစ်သူနဲ့အတူ unforgettable moments တွေ ဖန်တီးဖို့ အသင့်စောင့်နေပါတယ် 🏕️

ကြိုတင် Reserve လုပ်ဖို့ 👉 Page Messenger မှတဆင့် ခုပဲ ဆက်သွယ်လိုက်ပါနော်။

🌿 𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩 🌿
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖 သို့ဆက်သွယ်နိုင်ပါတယ်။
အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။

09/05/2026

အမေများနေ့မှာ မေမေနဲ့အတူ Sunset View လေးကို ငေးရင်း အချိန်တွေကို‌ခေတ္တခဏရပ်တန့်ထားလိုက်ကြရအောင်🌇✨

Mayလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့တိုင်းဟာ
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မိခင်တွေကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါတယ်🎀

မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ မိသားစုအတွက်ပဲ ရုန်းကန်လှုပ်ရှားနေရတဲ့ မေမေ့ရဲ့ တစ်နေ့တာမှာ မိမိကိုယ်တိုင်အတွက် အချိန်ဆိုတာ တကယ်တော့ အင်မတန် နည်းပါးလွန်းလှပါတယ်🍂

ဒီနှစ် Mayလ 10ရက်နေ့မှာတော့ အဲ့ဒီတာဝန်တွေအားလုံးကို ခေတ္တဘေးဖယ်ထားပြီး မေမေ့လက်ကို ဆွဲကာ Sunset RiverView ရဲ့ မြစ်ကမ်းပါးဆီကို လှမ်းခဲ့ကြရအောင်✨

နေဝင်ဆည်းဆာရဲ့ ရွှေရောင်အလင်းတန်းတွေ မြစ်ပြင်ပေါ်မှာ ဖြာကျနေတာကို မေမေနဲ့ ဘေးချင်းယှဉ်ထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ် ငေးကြည့်နေရုံနဲ့တင် စကားလုံးတွေ အများကြီး မလိုဘဲ ရင်ထဲမှာ နွေးထွေးမှုတွေ ပြည့်နှက်သွားပါလိမ့်မယ်💗🎀

မေမေနဲ့အတူ မြို့ပြရဲ့ ဆူညံသံတွေအစား မြစ်ရေစီးသံနဲ့ လေတိုးသံလေးတွေကြားမှာ မေမေ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးကိုဖြေဖျောက်ပေးလိုက်ပါနော်🍃

အမေများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ မိခင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဆန်းကြပါစေလို့ ကျွန်မတို့ Sunset RiverView မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏✨

မိခင်များအားလုံးကိုလေးစားစွာဖြင့်

🏕️ 𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
📍အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖

07/05/2026

🌿 𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩 🌿

မိုးရာသီဆိုတာ အလုပ်ပါးတုန်းခဏ အနားယူဖို့ အကောင်းဆုံးအချိန်လေးပါ…
သဘာဝ၊ အပန်းဖြေမှုနဲ့ ပျော်ရွှင်မှုကို တစ်နေရာတည်းမှာ ခံစားချင်ရင်
𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩 ကိုသာ လှမ်းလာလိုက်ပါ 💙

Sunset မှာ လာရောက်တည်းခိုရင်း…
Kayaking လှေလှော်တာ၊ Stand Up Paddle Boat စီးတာ၊ ဝါးဖောင်လေး စီးတာတို့လို water activities တွေကို ခံစားနိုင်ပါတယ်ရှင်။

ဒါတင်မကသေးဘဲ
ဘောလုံးကန်၊ စက်ဘီးစီး၊ ကြက်တောင်ရိုက်တဲ့ outdoor games တွေကိုလည်း မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ပါသေးတယ် ⚽🚴‍♀️

ညနေဘက်မှာတော့ ✨Activities များပြီးတဲ့နောက်
နေဝင်ဆည်းဆာအလှကို မြင်ရတဲ့အချိန်မှာ
Instagram မှာတင်ဖို့ အရမ်းလှတဲ့ photo spot တွေမှာ ပုံလှလှလေးတွေ ရိုက်ကူးနိုင်ပါသေးတယ် 📸🌅

အားလပ်ချိန်လေးတွေကို ကြိုတင် Reserve လုပ်ဖို့
👉 Page Messenger မှတဆင့် ခုပဲ ဆက်သွယ်လိုက်ပါနော်။

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက -
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖 သို့ဆက်သွယ်နိုင်ပါတယ်။

📍𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။

30/04/2026

🌿 𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩 🌿
အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့တွင် လုပ်သားထုကြီး၏ ကြိုးစားအားထုတ်မှု၊ ခံနိုင်ရည်နှင့် မရပ်မနား ဆောင်ရွက်နေသော စိတ်ဓာတ်များကို လေးစားဂုဏ်ပြုအပ်ပါသည်။
သင်တို့၏ အလုပ်ကြိုးစားမှုတွေကြောင့်သာ ယနေ့ကမ္ဘာကြီး ပိုမိုတိုးတက်လာနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပိတ်ရက်ရှည်ကာလအတွင်း
🏕️𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩 ကို အခန်းပြည့်အောင် အားပေးခဲ့ကြသော ချစ်ခင်ရတဲ့ ဧည့်သည်တော်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ 💛
ရှေ့ဆက်လည်း သဘာဝနဲ့အတူ အပန်းဖြေအနားယူနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးသွားပါမယ်။
Happy Labour Day! 🌅

ချစ်ခင်စွာဖြင့်
𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
📍အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖

20/04/2026

“ချစ်ခင်လေးစားရပါသော Customer များရှင့်

🏕️𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩 ကို ဝန်ထမ်းများအား အားလပ်ချိန်ပေးပြီး အားဖြည့်နိုင်ရန် ၂၁.၄.၂၀၂၆ (အင်္ဂါနေ့) တစ်ရက်တာ ယာယီပိတ်ထားပါမယ်ရှင့်။
ပိုမိုကောင်းမွန်တဲ့ experience နဲ့ ပြန်လည်ကြိုဆိုနိုင်ဖို့ ကြိုးစားနေပါတယ်။
အနားယူချိန်အတွက် နားလည်ပေးကြပါနော် 💛”

ချစ်ခင်စွာဖြင့်

𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
📍အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖

11/04/2026

💦Sunset Riverview Campground မှ မိတ်ဆွေများအားလုံးကို
ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်တစ်နှစ် ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
✨နှစ်သစ်မှာ ကျန်းမာရေး
ကောင်းမွန်၍ စိတ်ချမ်းသာ
ကိုယ်ချမ်းသာရှိကာ
အောင်မြင်မှုများနှင့်
ပြည့်စုံသောနေ့ရက်
များကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
📍အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖

09/04/2026

🎊 ဒီမှာ ဟေ့ ဟေ့ …. နောက်လှည့်ကာလေ မကြည့်နဲ့
ဒီမှာ ဟေ့ ဟေ့ ငုတ်တုတ်မေ့သွားမယ်လေ
တူတူလာ တူတူပျော်ဖို့
ဒီသင်္ကြန်မှာ Sunset မှာ ဆော့ကစားကြမယ် 🌊

💦 ပျော်ပျော်ပါးပါး ရေကစားကြမယ်
🍽️ စတုဒိသာများ အဝစားကြမယ်
🌅 Sunset view အလှဆုံးမြင်ကွင်း ကို ချစ်ရသူတွေနဲ့အတူ ကြည်နူးနိင်ဖို့
👉 Sunset Riverview Campground ကို ယခုပဲ
အရောက်လာလိုက်ကြတော့ကွာ 🤩🤩🤩

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက -
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖 သို့ဆက်သွယ်နိုင်ပါတယ်။

📍𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။

07/04/2026

နေ့စဉ် စတုဒိသာစားကြရင်း ပျော်ပျော်ပါးပါး ရေကစားကြမလား? 🌊☀️
သင်္ကြန်ကာလအတွင်း Water activities များနဲ့ အပန်းဖြေချင်သူများအတွက် Sunset Riverview Campground က အကောင်းဆုံးနေရာ တစ်ခုပါပဲ။

💦 ပျော်ပျော်ပါးပါး ရေကစားကြမယ်
🍽️ စတုဒိသာများ အဝစားကြမယ်
🌅 Sunset view အလှဆုံးမြင်ကွင်း ကို ချစ်ရသူတွေနဲ့အတူ ကြည်နူးနိင်ဖို့

👉 Sunset Riverview Campground ကို အခုပဲ Booking တင်လိုက်ကြရအောင်နော်!
📩 Page Message မှတဆင့် Booking ပြုလုပ်နိုင်ပါသည်။

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက -
☎️𝟎𝟗 𝟗𝟒𝟏𝟕𝟏𝟖𝟖𝟗𝟖, 𝟎𝟗 𝟒𝟒𝟏𝟕𝟏 𝟖𝟖𝟗𝟖 သို့ဆက်သွယ်နိုင်ပါတယ်။

📍𝐒𝐮𝐧𝐬𝐞𝐭 𝐑𝐢𝐯𝐞𝐫𝐕𝐢𝐞𝐰 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐚𝐦𝐩
အမြန်လမ်း ၃၈မိုင်၊ ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်း။

Want your hotel to be the top-listed Hotel in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


17. 466271235473304, 96. 43462731560678
Bago