Bago Post

Bago Post

Share

နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင်

28/01/2020

ရွှေကျင်မြို့တွင်အနာဂတ်လူငယ်များကိုခြိမ်းခြောက်နေသောလက်တစ်ကမ်းမှအန္တရာယ်များခေါင်းစဉ်ဖြင့်အသိပညာပေးဟော‌ပြောပွဲကျင်းပ

ဇန်နဝါရီ ၂၈၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့နယ် အ-ထ-က(ရွှေကျင်)ကျောင်း၊ပညာရတနာခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကျင်းပသော၊အနာဂတ်လူငယ်များကိုခြိမ်းခြောက်နေသောလက်တစ်ကမ်းမှအန္တရာယ်များခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကို၊ဇန်နဝါရီ၂၈ ရက်နံနက်၁၀ နာရီက ကျင်းပသည်။

ရွှေကျင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးတင်မိုးညွန့်ကအခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပေးသည်။ဆက်လက်ပြီးရွှေကျင်မြို့နယ်အမျိုးသမီးရေးရာ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်မြင့်သန်းနုက ကလေးသူငယ်များ၏လူနေမှုဘဝဆိုင်ရာအကြောင်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ်ဖြိုးဝေက လူကုန်ကူးမှုတားဆီးကာကွယ်ရေး‌အကြောင်းများ၊လူမှုဝန်ထမ်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်မိုးဝါက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှုအကြောင်းများ၊စာရေးဆရာအသင်းဥက္ကဌဦးသန်းဝင်း(သာထက်အောင်)က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများ၊မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အတွင်းရေးမှူးဒေါ်ခင်တည်က ဥပဒေရေးရာနှင့်ပတ်သတ်သည့်အကြောင်းများနှင့်ပြစ်မှု၊ပြစ်ဒဏ်များစသည့်အကြောင်းများကိုဟောပြောပေးခဲ့သည်။

ထို့နောက်အခမ်းအနားသို့တက်ရောက်လာသောကျောင်းသားကျောင်းသူလေးများ၏သိလိုသည့်မေးမြန်းချက်များကိုတာဝန်ရှိသူများကအသီးသီးပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဇော်(ရွှေကျင်)

Photos from Bago Post's post 28/01/2020

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဗိုလ်ချုပ်ပုံတူပန်းချီရေးဆွဲပြိုင်ပွဲ ပြုလုပ်

ဇန်နဝါရီ ၂၈၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ရွှေကျင်လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး Community Centre ခန်းမ၌ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းကြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဗိုလ်ချုပ် အောင်ဆန်း ပုံတူပန်းချီရေးဆွဲပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ယခုလိုပြိုင်ပွဲကျင်းပရခြင်းမှာ အခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက စပြီး ပြိုင်ပွဲဝင်လိုစိတ်နှင့် ပြိုင်ပွဲဝင်အတွေ့ကြုံများရှိစေရန်l မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ အချင်းချင်း ရင်းနှီမှု့ရှိရန်l အခုလိုပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သော်ဇင်အောင် ကရှင်းလင်းပြောကြားခဲ့ပြီးl မြို့ နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်l မိခင်နှင့်စောင့်ရှောက်ရေး အသင်းဝင် ဒေါ်တင်စန်းလေး က ကျောင်းသူ ကျောင်းသားလေးများ ဉာဏ်ရည်ထက်မျက်စေရန်l ပြိုင်ပွဲဝင်လိုစိတ်ဖြစ်ပေါ်လာစေရန်l ရိုးရာယဉ်ကျေးမှု့နှင့် ဘာသာတရားယုံကြည်တတ်စေရန်l ယခုလို ပြိုင်ပွဲများကို မြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး နှင့်ပူးပေါင်းပြီး ပြိုင်ပွဲများ စဉ်ဆက်မပျက်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မူလတန်းလွန်မေတ္တာရပ်ကွက်ကျောင်း မူကြိုကျောင်းသား ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ခဲ့ကြပြီး၊ ဗိုလ်ချုပ်ပုံတူပန်းချီရေးဆွဲပြိုင်ပွဲတွင် ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီသီပေးအပ်ချီမြှင့်ခဲ့ကြောင်းသိရသည်။

ကိုသားကြီး( ကျောက်ကြီး)

Photos from Bago Post's post 28/01/2020

ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇန်နဝါရီ ၂၈၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်
သရက်ပင်ဆိပ်ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ဇန်နဝါရီလ ၂၇ရက်နေ့ မွန်းလွဲပိုင်းကဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိပြည်သူလူထုအား ရပ်ရွာအခြေပြု သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရှောင်ရန်များ နှစ်စဉ်ကြုံတွေ့ရသည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့နှင့်ပတ်သက်၍သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးနှစ်ဆန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းလင်းအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
ဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာ သန်ဇော်မောင်ကကူးစက်ရောဂါများနှင့်ပတ်သတ်၍လည်းကောင်း၊ မြို့နယ်လျှက်စစ်ဦးစီးမှူးဦးကျော်စိုးထိုက်က လျှက်စစ်အန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြော ခဲ့ကြသည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသီမြင့်ကသဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာကြသောပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့ကပြန်လည်
ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)

27/01/2020

ပေါင်းတည်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဇန်နဝါရီ ၂၇၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မကြီးပင်အုပ်စု ပေါက်တန်းအလယ်စုကျေးရွာ သစ္စာလင်းရောင်ခြည်မိုးကုတ်ဓမ္မရိပ်သာ ဓမ္မာရုံတွင် ယနေ့နံနက်၁၀နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး​ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများလာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင်ခရိုင်ဦးစီးအရာရှိဒေါ်မေခိုင်ဆက်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဘာဝဘေးဖြစ်ပေါ်ချိန်တွင်လိုက်နာဆောင်ရွက်ရမည့်အချက်များ ဆောင်ရန်/ရှောင်ရန်နှင့် ထောက်ပံ့ငွေကိစ္စရပ်များကိုဒေသခံပြည်သူသိရှိအောင်ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသူများကသိရှိလိုများကိုမေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ဟောပြောပွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့်အဖွဲ့ဝင်များ ဒေသခံကျေးလက်နေ ပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရပြီးအလားတူဟောပြောပွဲကို မွန်းလွဲပိုင်းတွင်ညောင်ကပ်ပင်အုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ယောဟန်(ပေါင်းတည်)

27/01/2020

မြို့တော် သန့်ရှင်းသာယာလှပဖို့ MJT နဲ့ လက်တွဲစို့

© သင့်မြို့၊ သင့်ရပ်ကွက်၊ သင့်လမ်းနဲ့ သင့်အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းလိုပါသလား MJT အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းကို သတိရလိုက်ပါ။

© သပ်ရပ်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ MJT က ဝန်ဆောင်မှုပေးနေပါပြီ။

© ယာဉ်အစီးရေ ၂၀ ၊ ဝန်ထမ်းအင်အား ၉၀ ကျော်နဲ့ ရပ်ကွက်ကျေးရွာတစ်ခုကို တစ်ပတ် ၂ ကြိမ် အလှည့်ကျစနစ်နဲ့ အမှိုက်များသိမ်းဆည်းပေးလျက်ရှိပါတယ်။

© အထူးဝန်ဆောင်မှုအနေနဲ့ တနင်္ဂနွေနေ့တိုင်း အမှုက်ပုံများရှင်းလင်းခြင်းနဲ့ ပဲခူးမြို့ပေါ်မှာ ကျင်းပတဲ့ အခါကြီးရက်ကြီးနဲ့ ပွဲလမ်းသဘင်များမှာ မြို့တော်သန့်ရှင်းသာယာလှပရေးကို ဦးထိပ်ပန်ဆင်ပြီး အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုများကို မြို့ခံလူထု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း
စိန်သာလျောင်း ဘုရားလမ်းထိပ်၊ သနပ်ပင်လမ်းမတန်း၊ ပဲခူးမြို့။
Hotline - 09 681305644

(ကြော်ညာဖြစ်ပါသည်)

Photos from Bago Post's post 26/01/2020

မြန်မာနိုင်ငံဆရာဝန်အသင်းမှ သာယာဝတီမြို့နယ်အတွင်းရှိ တီဗီရောဂါဝေဒနာရှင်များကို ဆေးကုသပေး

ဇန်နဝါရီ ၂၆၊ ၂၀၂၀။

မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီရောဂါပညာအဖွဲ့မှ ပါမောက္ခ ဦးတင်မောင်ချို ပါမောက္ခဦးရဲထွန်း (အဆုတ်နှင့်ရင်ခေါင်းအထူးကု) ဒေါက်တာဦးဝင်းမောင်(တီဘီရောဂါအထူးကုဆရာဝန်ကြီး) တို့မှဦးဆောင်၍ အတွင်းရေးမှူးဒေါက်တာသန္တာမွှန်း (အောင်ဆန်းတီဘီဆေးရုံအုပ်ကြီး)ပါဝင်သောအဖွဲ့သည် ဓာတ်ခွဲ ဓာတ်မှန် သူနာပြုနှင့် ဆေးဝါးကျွမ်းကျင် ၅၀ ဦးခန့်သည် သာယာဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူလူထုအား ဆေးဝါးကုသခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၂၆ ရက်နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် တစ်နှစ်လျှင် တစ်ကြိမ် အဆုတ်နှင့်တီဘီရောဂါများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အခြေခံအထွေထွေရောဂါ အဆုတ်နှင့်ရင်ခေါင်းရောဂါ တီဘီရောဂါများ စမ်းသပ်ရှာဖွေကုသခြင်း ဓာတ်မှန်ရိုက်ခြင်း သလိပ်စစ်ဆေးပေးခြင်း ဆီးချိုသွေးတိုးရောဂါများစစ်ဆေးပေးခြင်း အသည်းရောင်အသားဝါ (ဘီ)ပို (စီ)ပိုး HIV ပိုးစစ်ဆေးပေးခြင်း အဆုတ်အားမှုတ်ခြင်းများကိုလည်းပြုလုပ်ပေးခဲ့သည်။

ထို့အပြင် ရောဂါများကို ကုသမူပေးခြင်း လိုအပ်ပါက သက်ဆိုင်ရာနေရာများတွင် ဆက်လက်ကုသမူခံယူစေခြင်း များဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအေးအေးငြိမ်း လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ-အနာကြီး)ဒေါက်တာဆွေဆွေသန်းနှင့်အဖွဲ့များ သာယာဝတီခရိုင်ဆေးရုံအုပ် ဒေါက်တာသူရ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းနိုင်လင်းနှင့်ကျန်းမာရေးဝန်ထမ်းများ လူမူရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီး သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြည်သူလူထု ၁၀၀၀ ကျော်လာရောက်ဆေးကုသကြောင်းသိရသည်။

သန့်ဇော်(သာယာဝတီ)

Photos from Bago Post's post 26/01/2020

အမျိုးသမီးငယ်များ၏ဘဝတိုးတက်ရေးနှင့် ရပိုင်ခွင့်များအပြည့်အဝရရှိစေရေးကွင်းဆင်းဆောင်ရွက်

ဇန်နဝါရီ ၂၆၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အိမ်တွင်းမှုလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော အမျိုးသမီးငယ်များ၏ဘဝတိုးတက်ရေးနှင့် ရပိုင်ခွင့်များအပြည့်အဝရရှိစေရေး အတွက် ကွင်းဆင်းဆောင်ရွက် ခြင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

သာယာဝတီခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြင့်မြင့်အေးနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ မြန်မာကြို့ပင်ကောက် ဇာထိုးပန်းထိုးစက်ရုံးနှင့် အမျိုးသမီးအဝတ်အထည်များချုပ်လုပ်သော Body Fits အိမ်တွင်းမှုလုပ်ငန်းများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေကြသောအမျိုးသမီးများအား အားပေးစကားပြောကြားပြီး အလုပ်ရှင်များဖြင့်တွေ့ဆုံ၍ အလုပ်သမား အမျိုးသမီးများ၏ ရပိုင်ခွင့်များအပြည့် အဝရရှိစေရေး ဘဝလုံခြုံစိတ်ချရစေရေးတို့အတွက် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် သာယာဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်မာမူ နှင့် အဖွဲ့ဝင်များကိုတွေ့ဆုံပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ စည်းကမ်းချက်များ၊ ရည်ရွယ်ချက်များနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းမှာကြားခဲ့ကြောင်းသိရသည်။

မောင်ဇေယျာ(ကြို့ပင်ကောက်)

Photos from Bago Post's post 26/01/2020

ညောင်လေးပင်ထ-၁(အမျိုးသားတန်းမြင့်ကျောင်း)၌ စတုတ္တအကြိမ် မြောက် အာစရိယပူဇော်ပွဲကျင်းပ

ဇန်နဝါရီ ၂၆၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ယခင် အမျိုးသားတန်းမြင့်ကျောင်းကြီး၌ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်မာရီ ကအဖွင့်အမှာ စကား
ပြောကြားပြီးအာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီ နာယက ဦးစိုးဝင်း ကနှုတ်ဆက်စကားပြောကြားပါသည်။

ဆက်လက်၍ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအားကန်တော့ ပစ္စည်းများပေးအပ်လှူဒါန်းကာ အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကိုရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ကွယ်လွန်သွားပါသောကျေးဇူးရှင်ဆရာကြီး၊ ဆရာကြီးများကိုဆုတောင်းမေတ္တာများ ပို့သကြပြီး အပူဇော်ခံဆရာကြီး၊ဆရာမကြီးများကိုကန်တော့ ကြိုးဖြင့်
ပူဇော်ကန်တော့ ခဲ့ကြသည်။

ထို့နောက်အပူဇော်ခံ ဆရာ၊ဆရာမကြီးများမှဆုပေးဩဝါဒစကားပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ယင်းနောက် အာစရိယပူဇော်ပွဲကော်မတီ၏ ငွေစာရင်းရှင်းတန်းအား‌ တာဝန်ရှိသူတစ်ဦးမှ ဖတ်ကြားရှင်းလင်းခဲ့ပြီး အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ နှင့် ကျောင်းသားဟောင်းများက ကျေးဇူးတင်စကား နှင့် ရင်တွင်းစကားများပြောကြားခဲ့သည်။

စတုတ္ထအကြိမ်‌မြောက်အာစရိယပူဇော်ပွဲသို့ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူဟောင်းများ၊ ယခင်အမျိုးသားတန်းမြင့်ကျောင်းကြီးမှ ကျောင်းသားကျောင်းသူဟောင်းများတက်ရောက်ခဲ့ကြပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီး ၁၅၈ ဦးအား အသက် ၆၀ မှ ၇၀ နှစ်ထိအတွက် ပူဇော်ကန်တော့ငွေ ၆၀၀၀၀ ကျပ်အားလည်း‌‌ကောင်း၊ အသက် ၇၀ မှ ၈၅ နှစ်ထိအတွက် ပူဇော်ကန်တော့ငွေ ၈၀၀၀၀ အားလည်း‌ကောင်း၊ ၈၅ နှစ်အထက်အတွက် ၁၅၀၀၀၀ ကျပ်အားလည်းကောင်း အသက်အလိုက် ခွဲ၍ ဆရာကြီး ဆရာမကြီးတစ်ဦးချင်းစီအတွက် ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။

မြတ်သူ

Photos from Bago Post's post 26/01/2020

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၂၆၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက် ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိလေုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။

တင်ဒါအောင်မြင်သော Jone Four ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မြေသားရေကန်တူးဖော်ခြင်း၊သောက်သုံးရေအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်းများအားမြေနီလမ်းခင်းပေးခြင်းပြီးစီးမှု
လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးသက်စိုး၊ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်း၊မြို့နယ်စာရင်းစစ်အရာရှိဒေါ်အိအိဌေး၊စာရင်းစစ်မှူး‌ဒေါ်သန္တာဝင်းနှင့်တာဝန်ရှိသူများ၊
ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ကြည့်ရှူ့ခဲ့သည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများစံချိန်စံညွှန်းနှင့်အတိုင်းအတာ ပြည့်မီခြင်း
ရှိ/မရှိ တို့ကို ဇန်နဝါရီနောက်ဆုံးပတ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပြီး၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်အတွက် မြို့နယ်အတွင်း ကျေးရွာ ၁၄ ရွာရှိ အိမ်ထောင်စု ၂၆၀၀ ကျော်မှဒေသခံပြည်သူ၉၅၀၀ ကျော်အနေဖြင့် အဆိုပါဒေသများ၏ဖွံ့ဖြိုးတိုးတက်မှု ဘက်ပေါင်းစုံအကျိုးခံစားမှု အခွင့်အလန်းများရရှိခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။

ယောဟန်(ပေါင်းတည်)

Photos from Bago Post's post 25/01/2020

ငွေရတုသဘင် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျောက်ကြီးမြို့နယ် အထကကျောင်း၌ ပြုလုပ်

ဇန်နဝါရီ ၂၅၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဇန်နဝါရီ ၂၅ ရက် နေ့လည် ၂ နာရီတွင် ငွေရတုသဘင် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို မြို့နယ် ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပခဲ့သည်။

အခမ်းအနားကို အသက် (၇၀)နှစ်အထက် ဆရာကြီး ဆရာမကြီးများအားဦးစွာ ကန်တော့ပြီး၊ ကျန်ရှိဖိတ်ကြားထားသော အကန်တော့ ဆရာကြီး ဆရာမကြီးများအားနေရာချထား၍ ဆရာကြီး ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးအား မြတ်ဆရာသီချင်းဖြင့် ကျောင်းသူဟောင်းတစ်ဦးမှ ဂုဏ်ပြုသီဆိုခဲ့သည်။

ထို့နောက် မြတ်ဆရာပူဇော်ပွဲကျင်းပရေးနာယက ဦးရီစိုး က နှစ်စဉ် မြတ်ဆရာပူဇော်ပွဲအစဉ်လာမပြတ်ကျင်းပနိုင်အောင်တိုက်တွန်အမှာစကားပြောကြားပြီး၊ ကွယ်လွန်သွားကြပြီးဖြစ်သော ဆရာကြီး ဆရာမကြီးများအား မိမိတို့နှစ်သက်ယုံကြည်ရာ ဘာသာဖြင့် (၂)မိနစ်ငြိမ်သက်ဝတ်ပြုဆုတောင်းကြသည်။

ဆက်လက်ပြီး ကန်တော့ခံ ကြွလာကြသော ဆရာကြီး ဆရာမကြီးများအား ကန်တော့ကျိုးရွတ်ဆိုပူဇော်ကန်တော့ခြင်းနှင့် ခရစ်ယာန် ဘာသာဖြင့် ဆရာကြီး ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးအတွက် ဝတ်ပြုဆုတောင်းခြင်းများပြုလုပ်ပြီး၊ ဆရာကြီး ဆရာမကြီးများအား လက်ဆောင်ပစ္စည်းပေးခြင်းနှင့် ကန်တော့ခံပစ္စည်းပေးအပ် ကန်တော့ခဲ့သည် ထိုနောက် ကန်တော့ခံ ဆရာကြီး ဦးစောမိုးဇက် နှင့် ဆရာမကြီး ဒေါ်စိန်းမြင့် တို့က ဆုံးမသြဝါဒ စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ကိုသားကြီး(ကျောက်ကြီး)

24/01/2020

စည်ပင်သာယာရွှေတည်ဈေးသစ် မီးဘေးလုံခြုံရေးစစ်ဆေး လက်တွေ့သရုပ်ပြငြိမ်းသတ်၍အသိပညာပေးဟောပြောပွဲကျင်းပ

ဇန်နဝါရီ ၂၄၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးတို့ပူးပေါင်း၍ ဈေးပတ်ဝန်းကျင်နေပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ဈေးဆိုင်ခန်းများ မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက လျှင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ ပေါင်းတည်မြို့ ရွှေတည်ဈေးသစ်၌ မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသ ခြင်းနှင့်ဟောပြောပွဲကို ယနေ့ မွန်းလွဲ၃နာရီက ပြုလုပ်ခဲ့ကြသည်။

ပေါင်းတည်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးစည်သူဝင်း မြို့နယ်အရံမီးသတ်တပ်ရင်းရုံးဒုတိယတပ်ရင်းမှူးဦးဉာဏ်ဝင်းသိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးထွန်းဇော်မိုး မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်ဒေါ်ဖြူဖြူကျော် ရွှေတည်ဈေးသစ်တာဝန်ခံ ဦးမောင်စိုးနှင့်ဝန်ထမ်းများ၊ ဈေးသစ်ကော်မတီဝင်များကဈေးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံစစ်ဆေးခဲ့ကြည့်ရှုခဲ့ကြပြီး၊ ပေါင်းတည်မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲဝင်များ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ​ငါးစီးဖြင့် လောင်စာဖြင့်လက်တွေ့ မီးငြှိမ်းသတ်မှုကို သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်း သတ်ခြင်း၊ ရေစိုဝတ်ဖြင့် မီးငြှိမ်း သတ်ပုံတို့ကို ဈေးသူဈေးသားများနှင့်အတူ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းသို့မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်ဇင်ထွန်းနှင့်အုပ်ဖို(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမိုးလှိုင်သူအုတ်ဖို(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလှထွေးနှင့်အဖွဲ့ဝင်ကသွားရောက်ကြည့်ရှု၍ငြိမ်းသတ်မှုအားကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယောဟန်(ပေါင်းတည်)

Photos from Bago Post's post 23/01/2020

ပေါင်းတည်မြို့ မှတ်တိုင်နယ်မြေမီးသတ်စခန်းတည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနား ကျင်းပ

ဇန်နဝါရီ ၂၃၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် မှတ်တိုင်ကျေးရွာနယ်မြေမီးသတ်စခန်းတည်ဆောက်ခြင်းပန္နက်တင်မင်္ဂလာအခမ်းအနားကိုယနေ့နံနက် ၉နာရီကအဆိုပါနယ်မြေမီးသတ်စခန်းဝန်းအတွင်း၌ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်ဇင်ထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပြည်ခရိုင်မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိဦးကျော်လင်းစိုး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှမြင့်တပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူးဦးစည်သူဝင်းနှင့်တပ်ဖွဲ့ဝင်များ မြဲမြန်ခေတ်ကုမ္ပဏီမှMD ဦးအောင်ခိုင်စိုး မှတ်တိုင်ကျေးရွာရပ်မိရပ်ဖဦးဆွေဝင်းနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရမင်္ဂလာအချိန်၌သတ်မှတ်ထားသည့်နေရာအသီးသီးတွင်တာဝန်ရှိသူများကပန္နက်တင်မင်္ဂလာအားဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါအဆောက်အဦမှာ(45×50×26)ပေရှိR.C.Cနှစ်ထပ်ဖြစ်ကြောင်းသိရသည်။

ယောဟန်(ပေါင်းတည်)

Want your business to be the top-listed Media Company in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Address


Bago City
Bago