Perfect Laundry Service-Bago

Perfect Laundry Service-Bago

Share

အဝတ်လျှော်၊မီးပူတိုက်(ပင်မင်း/ဒိုဘီ) ဝန်ဆောင်မှု

26/01/2024

ဆောင်းရယ်..မိုးရယ်.....အေးအေးလေးနဲ့..ကွေးနေချင်ပေမယ့်.. မနေ့ကရယ် ဒီနေ့ရယ်မှာ ရောက်လာတဲ့အထုပ်တွေက စောင်ထူ၊ အနွေးထည်ထူတွေ။.......ကာကာလေး​တွေ​ေရေ..နင်တို့က မိုးရွာမှ အနွေးထည်တွေ၊ စောင်တွေပို့ မယ်လို့ တိုင်ပင်ပြီး....Perfect Laundry ကို...ချစ်ကြ😞😞😫😫

Photos from Perfect Laundry Service-Bago's post 16/12/2023

အို...
နှစ်ကုန်လို့ စုဆောင်းမိတာလေးတွေပါ။.အဲ့လိုပါဆို.....အဖက်တင်ကျန်ရစ်တာတွေကတော့ ဘူးခွံတွေပါနော်..

15/10/2023

ချစ်မိတ်ဆွေများ..ရှင်..
ယနေ့..တနင်္ဂနွေနေ့မှ..စပြီးအဝတ်လျှော်ဆိုင်ပြန်ဖွင့်ပါပြီနော်..။...မနက်ကတည်းက..ဆိုင်စဖွင့်ချိန် ခုနှစ်နာရီဝန်းကျင်တည်းက....စလျှော်ပေးနေတာ ..ကြောင့်အလုပ်မအားရတာကြောင့်..အခုမှပို့စ်တင်ပေးရပါတယ်ရှင်။
ရေစိုထားတဲ့ စောင်၊အိပ်ရာခင်း၊ ခြင်ထောင်များကိုဦးစားပေးအရင်လျှော်ပေးနေပါတယ်နော်..။..နောက်ရက်တွေမှာလည်း မီးလာတဲ့အခြေနေပေါ်မူတည်ပြီး အားလုံးကိုအဆင်ပြေအောင်အလှည့်ကျလေး လျှော်ပေးပါမယ်ရှင်။..........ရက်အနည်းငယ်ကြာမှာကိုလည်းသီးးခံပေးကြပါ။
လိုအပ်သူများ...ဖုန်းဆက်ပါနော်။.(09790154771..).ကမာနတ် ရွာလယ်လမ်းမ။

Photos from Perfect Laundry Service-Bago's post 12/10/2023

ချစ်မိတ်ဆွေများ..ရှင်.
Perfect Laundry ဆိုင်လည်းရေမြုပ်နေတာမို့ .....ဒီနေ့မနက် ကြာသပတေးနေ့မနက်ထိဆိုင်ရဲ့ကြမ်းပြင်ဟာ ရေမလွတ်သေးပါဘူး။
စက်တွေအကုန်ဖြုတ်ပြီး အပေါ်မြှောက်ထားရပြီး...မီးကလည်းဒီနေ့ထိ..မလာသေးတာကြောင့်...ခုထိ ဘာမှပြန်ပြီးနေရာချလို့မရသေးပါဘူးရှင်။
............ကျမတို ကမာနတ်ရွာ ရေပိုလွှဲထုတ်လို့ရေဝင်လာပါတယ်လို့ပြောတာကို မယုံလို့ အဝတ်ရေစိုတွေ ...မယူပေးချင်လို့၊ မလျှော်ပေးချင်လို့ အကြောင်းပြနေတယ်ထင်တဲ့သူတွေကိုတော့....ပုံလေးတွေသာကြည့်ပြီးမှ.......ပြောကြပါနော်။
နောက်ရက် သန့်ရှင်းရေးတွေလုပ်ပြီး၊ စက်တွေပြန်ဆင်ပြီးသွားရင်..မီးလာတာနှင့်..အားလုံးကိုအကူညီပေးပြီး...အဆင်ပြေအောင်...လုပ်ပေးပါမယ်နော်။......09790154771...

19/06/2023

https://m.facebook.com/story.php?story_fbid=269423915627321&id=100076791425570&mibextid=Nif5oz

သန်ရှင်းသပ်ရပ် စျေးနှုန်းသက်သာ Perfect Laundry ပါ။
မိုးရာသီမှာ စိတ်အညစ်ရဆုံးက အဝတ်တွေမခြောက်တာ....။..
.......ကလေးကျောင်းသားတွေရဲ့ အဝတ်ထည်တွေ၊ ရုံးဝန်ထမ်းတွေရဲ့ အဝတ်ထည်တွေ မခြောက်လို့........ရယ်၊သွားခါနီး...မီးပူတိုက်မယ်ဆိုကာမှ မီးမလာလို့ စိတ်တို ရတာရယ်.။
ဒီလိုမျိုးတွေရဲ့ စိတ်ညစ်စရာတွေကို အကောင်းဆုံးဖြေရှင်းပေး ဖို့ Perfect Laundry ကို သာဆက်သွယ်လိုက်ပါ နော်။
၀၉၇၉၀၁၅၄၇၇၁
ကမာနတ်ရွာ အလယ်လမ်းမ။
စကားမစပ်....မီးလာချိန်မှာ အလုပ်လုပ်ရတဲ့ ပုံလေး ပြပေးလိုက်တယ်နော်🤣🤣😁

18/06/2023

သန်ရှင်းသပ်ရပ် စျေးနှုန်းသက်သာ Perfect Laundry ပါ။
မိုးရာသီမှာ စိတ်အညစ်ရဆုံးက အဝတ်တွေမခြောက်တာ....။..
.......ကလေးကျောင်းသားတွေရဲ့ အဝတ်ထည်တွေ၊ ရုံးဝန်ထမ်းတွေရဲ့ အဝတ်ထည်တွေ မခြောက်လို့........ရယ်၊သွားခါနီး...မီးပူတိုက်မယ်ဆိုကာမှ မီးမလာလို့ စိတ်တို ရတာရယ်.။
ဒီလိုမျိုးတွေရဲ့ စိတ်ညစ်စရာတွေကို အကောင်းဆုံးဖြေရှင်းပေး ဖို့ Perfect Laundry ကို သာဆက်သွယ်လိုက်ပါ နော်။
၀၉၇၉၀၁၅၄၇၇၁
ကမာနတ်ရွာ အလယ်လမ်းမ။
စကားမစပ်....မီးလာချိန်မှာ အလုပ်လုပ်ရတဲ့ ပုံလေး ပြပေးလိုက်တယ်နော်🤣🤣😁

Photos from Perfect Laundry Service-Bago's post 28/04/2023

ငါ ငိုချင်နေပါပြီနော်.........မီးလာချိန်က..နည်း
အထုပ်တွေကများ.
သြော် လူတွေ လူတွေ... မီး မရ ၊ရေ မရ နဲ့ လျှော်ဖွပ် ရတဲ့ဒုက္ခ တွေများတိုင်း...ငါ့ရဲ့ Perfect Laundry ကိုဘဲ....ဒိုင်ခံပို့နေကြတယ်။
ရှင်တို့တွေဘဲ ပိုက်ဆံတွေလာ လာပေးပြီးနှိပ်စက်ကြတာ.....ခုတော့.. ငါ ငိုချင်နေပါပြီလို့...။

20/03/2023

Perfect Laundry ရဲ့ ထာဝရ ချစ်မိတ်ဆွေများ.... ရှင်.....
တပါတ်ကြာ ခရီးသွားခဲ့လို့ ဆိုင်လေးခေတ္တ ပိတ်ထားခဲ့ရာကနေ..မနေ့ကစပြီး ပြန်ဖွင့်ပါပြီနော်။
နွေရာသီ ရောက်လာပြန်သော်လည်းဆိုင်ရဲ့ လုပ်အားက လုံဝ ကျမသွားဘဲ customer တွေဘဲ ထပ်တိုး တိုးလာတာမို့ မီးလာတဲ့အချိန် နဲ့မမျှတာကြောင့် ယခင်လကလည်း သုံးရက်ခန့် ဆိုင်ပိတ်ပြီး အလုပ်လုပ်ရပါတယ်။
ယခုတစ်ပါတ်တော့ ပစ္စည်းအပ်ခံတာကို လုံးဝ ရပ်ပြီး ခရီးထွက်တာကငါးရက်၊ ဆိုင်တံခါးပိတ်ပြီး အလုပ်လုပ်ရတာက သုံးရက်ပါ။
အခုတော့ ဆိုင်လည်းပြန်ဖွင့်ပါပြီ။ပစ္စည်းအပ်လည်းပြန်လက်ခံပါပြီမို့........ချစ်မိတ်ဆွေများ...ဟလို..လေးသာလုပ်လိုက်ကြတော့နော်။
09790154771
ကမာနတ်။

Photos from Perfect Laundry Service-Bago's post 14/12/2022

ဆိုင်အတွက်သုံးနေကျအမွှေးဆီက ဒီမှာမရောင်းလို့ရန်ကုန်သွားတိုင်း ဝယ် ခဲ့နေကြပါ။ လက်က အလေးကြီးလည်းမသယ်နိုင်တော့ တခါဝယ်မှ သုံးဘူးလောက်။...............
ဒီခါ မသယ်နိုင်တာက စျေးနှုန်းပါ။ ရင်ဘက်ကြီးဖိ လေကိုတဝရှုပြီး သက်ပြင်းလုံးကြီး ချပြီးသကာလ နှစ်ဘူးသာဝယ်နိုင်ပါတော့တယ်။
...ဘယ်လိုတွေစျေးကြီးငြား Perfect Laundry ရဲ့ trade mark လိုမျိုး..ဆိုင်စဖွင့်ကတည်းကသုံးလာရတာမို့.....သုံးရမှာပါ။
ချစ်မိတ်ဆွေတို့ရဲ့ အဝတ်ထည်များ သန့်ရှင်းမွှေးပျံ့နေစေဖို့ စိတ်ချယုံကြည်စွာ ဖြင့် Perfect မှာ အပ်နှံပါ။.....
မှတ်ချက်။ ။ မကြာ မကြာ သေ၊ ခဏ ခဏ သေ ၊ ....တော်တော်ကြာ ကြာ မလာ မလာ......တဲ့လျှပ်စစ်မီးရဲ့ ဒုက္ခ..ကိုသီးခံနိုင်မှ အပ်ကြပါ လို့😁😁😁

06/12/2022

ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ..။
လျှပ်စစ်မီးကိုသာ အသုံးပြုပြီးလုပ်နေရတဲ့ laundry လုပ်ငန်းဟာ အခုလို မကောင်းတဲ့စံနစ်ကြီးထဲမှာ အင်မတန်မှ အခက်ခဲတွေ ဖြစ်ပါတယ်..။
ကိုယ့်ရဲ့ customer တွေကို အချိန်မီ အဝတ်တွေပြန်ပို့ပေးနိုင်ဖို့ ညပိုင်း လေးနာရီလောက်လာမဲ့မီးကို စောင့်ပြီး အလုပ်လုပ်...၊ နေ့ခင်းပိုင်း လေးနာရီလောက် လာတဲ့မီးကို စောင့်ပြီး အလုပ် လုပ်။ တခါတရံ နှစ်နာရီလောက်သာလာ။.......ကြာလာတေ့လူက အိပ်ချိန်မမှန်တော့..ဂါ ပြီးစိတ်တွေတို..၊ ....သွေးတွေတိုး....။...မူမမှန်တဲ့ စိတ်ကို အတင်းလိုက်ထိန်းနဲ့.....ရူးချင်နေပါပြီ။................မီးက ပေးတဲ့ဒုက္ခကတော့....အားလုံးဘဲကြုံတွေ့ ခံစားနေကြရတာဆိုတော့...အဝတ်ထည်များ အလျင်မြန် မပြီးနိုင်လို့.....ချစ်မိတ်ဆွေများ..သီးခံပေးကြပါရှင်။.......
...

Photos from Perfect Laundry Service-Bago's post 29/09/2022

စီးပွားရေးလုပ်ငန်းတိုင်းမှာ ကိုယ့်ရဲ့စားသုံးသူ (customer) အပေါ် ထားရှိရမည့်ကျင့်ဝတ်တွေရှိတယ်..။
အဲ့ ကျင့်ဝတ်တွေကို... အများက ပြဌာန်းစရာမလိုပါဘူး။ ကိုယ်တိုင်ကျင့်သုံးရတာပါ။
Perfect ကိုယုံကြည်လို့ အလုပ်ပေးကြတဲ့ထမင်းရှင်တွေအပေါ် အမြဲစောင့်ထိန်းတဲ့ ကျင့်ဝတ်လေးတစ်ခုမို့ ချစ်မိတ်ဆွေများ စိတ်ချ လက်ချ အလုပ်အပ်နှံကြပါရှင်။.. ..........သန့်ရှင်းသပ်ရပ် စျေးနှုန်းသက်သာ Perfect Laundry ပါ။...

Photos from Perfect Laundry Service-Bago's post 25/09/2022

Perfect Laundry Service ကို အားပေးကြတဲ့ ချစ်မိတ်ဆွေများ...မင်္ဂလာပါရှင်။
ရာသီချိန်ခါက သီတင်းကျွတ်လဆန်းကိုရောက်ရှိလာနေပေမယ့်...မိုးတွေကတော့ နေ့့တိုင်းရွာနေဆဲပါ။နေလေးနည်းနည်းလောက် ပူမလိုလိုနဲ့ မိုးတွေမှုံမှုံလေးရွာလိုက်.....လှန်းထားတဲ့ အဝတ်ထည်တွေပြေးရုပ်လိုက်....နေလေးပြန်သာလာ......ပြန်လှန်း.....ခဏနေ ပြန်ရုပ်..အလုပ်တွေလည်း ရှုပ်၊ လူလည်းမနားရ..၊ အဝတ်တွေလည်း.. အောက်သိုးသိုးနဲ့.. အနံ့တွေမကောင်းဘူးနော်။
ဒီလို.........ကိစ္စတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ကူညီပေးဖို့အတွက် Perfect Laundry. ကိုသာ ဆက်သွယ်လိုက်ပါ။
ချစ်မိတ်ဆွေတို့ရဲ့... ..အဝတ်ထည်တွေအားလုံးကို သန့်ရှင်းမွှေးပျံ့နေစေဖို့ Perfect က တာဝန်ယူပါတယ်နော်။
09790154771
09952970122....
ကမာနတ်ရွာ အလယ်လမ်းမ၊ ပဲခူးမြို့။

Want your business to be the top-listed Clothing Store in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bago City
Bago
839