Teachersan
All contents posted here for the purpose of teaching and Learning.
22/06/2024
School Opening Ceremony
Hot Springs, Nyaung Shwe, Southern Shan State
17/03/2024
16/03/2024
Home Church worship in Nyaung Shwe, Shan State
13/08/2023
လက်အစိတ်အပိုင်း အခေါ်
13/08/2023
Credit to the owner
30/07/2023
၂၀/၃၆၅ ***ခြေလှမ်းငယ်များကနေ စတင်ပါ***
ကျွန်ုပ်တို့အားလုံး တိုးတက်မှုကို လိုလားကြသော်လည်း သင်သည် လမ်းမှားဘက်မှာ ရောက်နေသူဖြစ်လျှင် သင့်အတွက်တိုးတက်မှုဆိုတာက လမ်းမှန်သို့ ပြန်ကွေ့လျှောက်လှမ်းခြင်းကို ဆိုလိုပါတယ်။ လမ်းအမှားထဲကနေ အမြန်ဆုံးပြန်လှည့်လာသူသည် အတိုးတက်ဆုံးသူဖြစ်သည်။ C. S. Lewis
ရောမမြို့ကို တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာမဟုတ်ပဲ၊ သင်ကိုယ်တိုင် စည်းကမ်းတကျ နေ့ချင်းညချင်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ အထူးတလည် စည်းကမ်းတကျမနေဖူးပါက၊ လွယ်ကူ သေးငယ်သောစိမ်ခေါ်မှုများဖြင့် စတင်ပြီး ၎င်းတို့အပေါ်တွင် သင့်ကိုယ်ပိုင်စည်းကမ်းကြီး တည်ဆောက်ပါ။ ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းကို မညည်းညူပဲ တစ်ရက်တာကို ကောင်းကောင်းဖြတ်ကျော်နိုင်မလား။ တစ်ရက်ကနေ နှစ်ရက်၊ တစ်ပတ်၊ တစ်လ ဆက်ပြီး အသေးကနေ စိန်ခေါ်မှုအကြီးဆီကို ဆက်သွားပါ။
မိမိကိုယ်ကို စည်းကမ်းပိုမိုတည်ဆောက်ရန် သင်အကောင်အထည်ဖော်နိုင်သော အခြားရိုးရှင်းသောအလေ့အကျင့်များမှာ - မိသားစု အပေါင်းအဖော်တွေကို သင့်စိတ်အနှောင့်အယှက်ဖြစ်သည့်အခါ ဒေါသတကြီးအော်ဟစ်တာမျိုးတွေ ရှောင်တာ၊ အချို၊အဆီ များတဲ့ အစာကို လျှော့စား- ရှောင်တာမျိူး၊ ပုံမှန် အိပ်ယာထချိန်ထက် နည်းနည်း စောစောထတာ၊ ပုံမှန်ထက် မိနစ်အနည်းငယ်ပိုကြာအောင် အလုပ်ကြိုးစားတာမျိူး၊ ဖြစ်နိုင်ပါတယ်။- ထိုကဲ့သို့သော စိန်ခေါ်မှုသေးသေးလေးကနေ စလုပ်ဆောင်ပြီး မကြာမီတွင် သင်သည် မိမိကိုယ်ကို ပိုမိုထိန်းချုပ်နိုင်ကာ ပိုမိုကြီးမားသော အပြောင်းအလဲများဆီသို့ တိုးတက်လာနိုင်မည်ဖြစ်တယ်။
*** သင့် ၃၆၅ကို သေးငယ်သော အုတ်မြင့်များ(စည်းကမ်း)ဖြင့် ခိုင်မာအောင်တည်ဆောက်ပါ***
29/07/2023
၁၉/၃၆၅ ***ဘဝ တိုက်ပွဲ ***
အိုလံပစ်အားကစားပြိုင်ပွဲတွင် အရေးကြီးသောအချက်မှာ အနိုင်ရခြင်းထက် ပါဝင်ခြင်းကပို အဓိကကျပါတယ်။ ဘဝ၏အရေးကြီးသောအရာသည်မှာလဲ အောင်ပွဲခံခြင်းထက် ရုန်းကန်ခြင်း နှင့်ဘဝကို အဆုံးထိ ကောင်းစွာတိုက်လှန်ခြင်းပဲဖြစ်တယ်။—Pierre de Coubertin
သင့်ကိုယ်ပိုင် စည်းကမ်းတည်ဆောက်တဲ့အခါမှာ တစ်စုံတစ်ယောက်ဆီကနေ အသိမှတ်ပြုဖို့ လုပ်နေခြင်းမဟုတ်ပါ။ သင်လုပ်နိုင်လို့လည်း သင်ံ့အတွက် စင်မြင့်လည်း မရှိပါဘူး။ မိမိကိုယ်ကို စည်းကမ်းတည်ဆောက်ခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ - သင့်ကိုယ်သင် တွန်းအားပေးတာ၊ သင်၏ အားနည်းချက်များနှင့် သင့်ကိုယ်ကို နှောင့်ယှက်သော အပြုအမူများကို အနိုင်ယူဖို့အတွက်ပဲဖြစ်တယ်။
သင့်အိပ်မက်တွေကို အကောင်အထည်နိုင်တဲ့အချိန်က အရေးကြီးဆုံးအချိန်မဟုတ်သေးဘူး။ အရေးကြီးဆုံးအခိုက်အတန့်မှာ ဘဝကို ခါးခါးသီးသီး ရုန်းကန်ရတဲ့အခိုက်အတန့်များပဲဖြစ်ပြီး မအောင်မြင်မချင်း ကြိုးစား ရုန်းကန်လိုတဲ့ အချိန်က အတန်ဖိုးရှိဆုံး အချိန်ပါပဲ။ ဒါဟာ သင့်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ သင့်ကိုယ်သင် စည်းကမ်းရှိကြောင်း သက်သေပြတာပါပဲ။ သင်ဟာ လူပျော့ လူညံ့၊ခေသူမဟုတ်ဘူးပေါ့ဗျာ။
သင်ဟာ အဆုံးစည်း(ပန်းတိုင်)ကနေ အလှမ်းဝေးနေသေးတာကို စိတ်ပျက်မိတဲ့အခါတိုင်း၊ အကြီးမားဆုံးဆုလာဘ်တွေအတွက် သင်အခု သင်ယူစုဆောင်းနေတယ်ဆိုတာကို သတိရပါ။ ၎င်းသည် သင့်အား တိုးတက်ကောင်းမွန်စေပြီး သင့်အား ပိုမိုအောင်မြင်သောလူတစ်ဦးဖြစ်လာစေသည့် ကိုယ်တိုင်ရုန်းကန်မှုပဲဖြစ်တယ်။
*** သင့် ၃၆၅ကို စိတ်ဓါတ်ကြံ့ခိုင်သူအဖြစ် ရောင်ခြယ်ပါ***
28/07/2023
၁၈/၃၆၅ ***မြင့်သော စံနှုန်းများဖြင့်***
သင့်မှာ မြင့်မားတဲ့ အသက်ရှင်မှုစံနှုန်းချမှတ်ထားတာကြောင့် နေ့တိုင်း ပြိုင်ဆိုင်မှုတွေ ရှိနေပါလိမ့်မည်။ Michael Jordan
သင့်ကို အခြားသူများမျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားသောစံနှုန်းတစ်ခု တည်ဆောက်ပါ။ သင့်လုပ်ရအတွက် တာဝန်ယူမှုရှိပါ- ကိုယ့်ကိုယ်ကို ဘယ်တော့မှ မညှာပါနဲ့။ သင့်ကိုယ်သင် ခက်ထန်တဲ့ သခင်ဖြစ်အောင်နေပြီး တခြားလူတိုင်းကိုတော့ ညှာတာမှုရှိတဲ့အစေခံတစ်ယောက်အနေနဲ့ အသင်ရှင်ပါ။ သင်ကိုယ်တိုင် အလေးထားသော သင့်ကိုယ်ပိုင်စံနှုန်းများဖြင့်အသက်ရှင်ပါ။
သင့်ရဲ့စံနှုန်းအရ တိုးတက်မှုဆိုတာ ဘယ်သောအခါမျှ မပြီးဆုံးသင့်ပါ။ ပိုမြင့်တဲ့စံနှုန်းတစ်ခုအတွက် ကိုယ့်ကိုယ်ကို အမြဲတာဝန်ယူထားသင့်တယ်။ ဘဝရဲ့ အောင်မြင်မှုနဲ့လိုက်ဖက်တဲ့ အလေ့အထတွေကို ထိန်းသိမ်းနိုင်ခြင်းအားဖြင့်လည်း ပိုအောင်မြင်မှုများကို ရရှိစေမှာဖြစ်တယ်။
သင့်ကိုယ်သင် နိမ့်ကျသော စံနှုန်းများနှင့်အသက်ရှင်ရန် ခွင့်ပြုပါက သင်သည် မည်ကဲ့သို့ ထူးချွန်မှုကို ရရှိမည်နည်း။ မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းသည် မြင့်မားသော စံနှုန်းများ ရှိခြင်း၏ အစွမ်းထက်ဆုံး သရုပ်ပြမှု တစ်ခုဖြစ်သည်။ လူအများစုလုပ်သကဲ့သို့ သင့်ဘဝကို ခေတ္တခဏမျှ စိတ်ခံစားချက်များနှင့် ပတ်ဝန်းကျင်တွန်းအားပေးမှုအတိုင်း စိတ်မယိုင်မိပါစေနဲ့။ သင့်စံနူန်းအတိုင်း မားမားမတ်မတ် အသက်ရှင်ပါ။
*** သင်ကိုယ်တိုင် အလေးထားသော သင့်ကိုယ်ပိုင်စံနှုန်းများဖြင့်အသက်ရှင်ပါ***
27/07/2023
Seven Huge Mistakes Done in Classroom
ဆရာ/မ များသတိထားရမယ့် အချက် (၇) ချက်
27/07/2023
၁၇/၃၆၅ ***ပြိုပျက်ခြင်းမှ ရှင်သန်ခြင်း***
"ကျရှုံးမှုဟာ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်မဟုတ်ပါဘူး၊ အောင်မြင်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ" ~ Arianna Huffington
သင်ဘယ်လောက်ပဲ စည်းကမ်းရှိပါစေ တစ်ခါတစ်ရံမှာ သင် လဲကျတတ်တယ် ဆိုတဲ့အချက်ကို ရှောင်လွှဲလို့မရပါဘူး။ ပျင်းရိခြင်းကြောင့် လေ့ကျင့်ခန်းမလုပ်ပဲ နေမိတဲ့အချိန်တွေပေါ့။ သင့်ရဲ့ကြိုးစားအားထုတ်မှုဟာ ကျရှုံးသွားတဲ့အခါ၊ မလိုလားအပ်တဲ့ အလေ့အထဟောင်းတွေအတိုင်း ပြန်အသက်ရှင်ဖို့ ဖြစ်နိုင်ပါတယ်။
ကျရှုံးမှုသည် အောင်မြင်ခြင်းအစိတ်အပိုင်းမှာပါ၀င်တာကို သင်လက်ခံလာသည်နှင့်အမျှ အဆင်မပြေမှုများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူလေဖြစ်လာမည်။ သင်၏ကျရှုံးမှုများအတွက် သင်သည် အလာဟသအချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးတယ်လို့ မယူဆပါနှင့်။ ကျရှုံးမှုတစ်ခုသည် အခွင့်အလမ်းသစ်များကို ဖန်တီးကာ အရေးကြီးသော အကောင်အထည်ဖော်မှုများဆီသို့ ဦးတည်သွားနိုင်ပါတယ်။ သင့်ကြိုးစားမှုအတွက် စိတ်ဓာတ်ကျနေတဲ့အခါတိုင်း ရုန်းကန်မှုတွေအားလုံးသည် ကြီးမားသော ပြောင်းလဲမှု အခွင့်အလမ်းတွေ လက်တစ်ကမ်းမှာရှိနေတယ်ဆိုတာကို သတိရပါ။
*** သင့် ၃၆၅ ကို ကျရှုံးခြင်းမှ အခွင့်အလမ်းအသစ်ကို ဖန်းတီးသူအဖြင့် ရောင်ခြယ်ပါ***
26/07/2023
အောင်မြင်သောကျောင်းသား/သူ အလေ့အကျင့် (၁၀) ခု
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Bago