Amazing Book - Bago

Amazing Book - Bago

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amazing Book - Bago, Book shop, Bago.

🐭စာဖတ်တဲ့ Jerry လေး🐭

ပဲခူးမြို့မှ စာချစ်သူများအတွက်
ကလေးစာအုပ်၊
ဘာသာစကားစာအုပ်
သုတ-ရသ ဝ တ္ထု
အစုံအလင်
ဝယ်ယူရရှိနိုင်ပါတယ်။

လိပ်စာလေးကတော့
အမှတ် ၈၀၇ မဂ္ဂတစ် လမ်းမကြီး၊
ဆိုရှယ်လစ် (၁)လမ်း၊ ပဲခူး။

phone 09755237998

Photos from Amazing Book - Bago's post 10/06/2026

အခုမှ စာ စဖတ်မှာမို့ ဘာစာအုပ်တွေ
ဖတ်ရင်ကောင်းမလဲ…။

ရသဝတ္ထု ဖတ်ချင်လို့..
ဇာတ်လမ်းကောင်းကောင်းလေး
ရွေးပေးပါအုံး..။

စာအုပ်ဆိုင်ကို ရောက်လာတဲ့
လူငယ်အချို့ အမေးများဆုံး မေးခွန်းပါ ။

ဒါကြောင့် ဒီနေ့ မှာတော့ မင်မင်က
စာ စဖတ်မယ့်သူတွေ..
ဘာဖတ်ရကောင်းမလည်း
ရွေးနေသူတွေအတွက်

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့
‘နိုဘယ်-မြန်မာ စာပေပွဲတော်' ကော်မတီမှာ
ထုတ်ပြန်ခဲ့တဲ့

(၁၉၁၇ ခုနှစ် မှ ၂၀၁၇ ခုနှစ်ထိ)

နှစ် ၁၀၀ အတွင်း
အကောင်းဆုံး မြန်မာဝတ္ထု ၁၀၀
စာရင်းမှာ ပါဝင်ခဲ့တဲ့
ဝတ္ထု (၁၀) အုပ်ကို
ရွေးပေးချင်ပါတယ် ။

ဘယ်စာအုပ်တွေလဲ
ဆိုတာတော့ ပုံတွေထဲမှာ
ဝင်ရောက် ကြည့်ရှုပေးပါနော် ။

မြန်မာ့ ဂန္ထဝင်ဝတ္ထုကောင်းတွေကို

အေးအေးဆေးဆေး ဖတ်..
ဖတ်ပြီး စာအုပ်လေးကို
သိမ်းချင်ထားချင်သူတွေအတွက်

Amazing Book Bago မှာ
ဝယ်ယူလို့ရပါပြီရှင့်😘😍။

09/06/2026

” အိုဘားမားကိုယူလို့ မီရှယ်အိုဘားမား ဟာ
သမ္မတကတော်ဖြစ်လာတာမဟုတ်ဘူး။

မီရှယ်အိုဘားမား ကိုယူလို့သာလျှင်
အိုဘားမား ဟာ သမ္မတ ဖြစ်လာတာပါ “

ဒီစာလေး တွေ့ခါစက
မိန်းကလေးဖြစ်လို့ အနိုင်ယူပြီးပြောတဲ့
စကားပဲလို့ ထင်မှတ်ခဲ့ပါတယ်။

ဖြစ်တည်ခြင်း စာအုပ်
ဖတ်ကြည့်မိတဲ့အခါမှ
အိုဘားမား အတွက် မီရှယ် ဟာ
ဘယ်လိုပါရမီဖြည့်ဘက်ကောင်းလည်းဆိုတာ
သိခွင့်ရခဲ့ပါတယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ လက်တွဲဖော်ဟာ
ကိုယ့်အောင်မြင်မှု အတက်အကျအပေါ်
လွှမ်းမိုးမှုရှိပါတယ်။

Amazing Book Bago

08/06/2026

တွတ်ပီ ခရေဇီဆို
မဖြစ်မနေ
သိမ်းဆည်းထားသင့်တဲ့
စာအုပ်ကြီး

#တွတ်ပီရုပ်ပြ

08/06/2026

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အစိတ်စိတ်အမြွှာမြွှာ ဖြတ်တောက်ပြီး စိတ်ကူးယဉ်အလှပဆုံး အမျိုးသမီးတစ်ယောက်အဖြစ် ပြန်လည်ဖန်တီးဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စိတိကူးက တကယ့်ကို တုန်လှုပ်စရာ မကောင်းဘူးလား ။

ဂျပန်နိုင်ငံမှာ ၁၀ စုနှစ် ၄ခု တိုင်အောင် ဘယ်သူမှ အဖြေမရှာနိုင်ခဲ့တဲ့ အမှုကြီး ။

‘ Azoth’
လို့ခေါ်တဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ကို ဖန်တီးဖို့ အတွက် တခြားအမျိုးသမီး (၆)ယောက်ရဲ့ ခန္ဓာကိုယ်တွေကို ပိုင်းဖြတ်ခဲ့တဲ့ ဒီထူးဆန်းတဲ့ လူသတ်မှုက ဂျပန်တစ်နိုင်ငံလုံးကို နှစ်ပေါင်း ၄၀ ကြာအောင် တုန်လှုပ်ချောက်ချားစေခဲ့ပါတယ် ။

‘ ကွင်းဆက် လူသတ်မှု ‘
‘ တိုကျို ၁၂ ရာသီခွင် လူသတ်မှုများ ‘

မှုခင်းသမိုင်းမှာ မနှစ်မြို့ဖွယ်ကောင်းလောက်အောင် ထူးခြားပြီး ဖြေရှင်းရခက်တဲ့ လျှို့ဝှက်ပဟေဠိထဲက တစ်ခု ။

စာမျက်နှာ တစ်ရွက်ချင်း လှန်တိုင်း လှန်တိုင်းမှာ ပဟေဠိတွေ၊ လှည့်ကွက်တွေနဲ့ ခြေတုန်လက်တုန် လောက် အောင် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖတ်ရှုရမယ့် ဘာသာပြန်ဝတ္ထုတစ်ပုဒ် ။

“ ၁၂ ရာသီခွင် လူသတ်သမား “
စုမြတ်ချစ် (ဘာသာပြန်)
စာအုပ်တန်ဖိုး - ၂၁၀၀၀

Amazing Book Bago မှာ ဝယ်ယူနိုင်ပါပြီ။
09755237998

07/06/2026

ဖတ်နေရင်း ဇာတ်ရှိန်တက်လာပြီး
စာမျက်နှာ တစ်မျက်နှာ လှန်တိုင်း
ရင် တထိတ်ထိတ်နဲ့
လက်ကနေ မချတမ်း
ပရိတ်သတ်ကို ဖမ်းစားနိုင်တဲ့
ဝတ္ထု (၅)အုပ်

29/05/2026

"စိတ်ကူးယဉ်ဝတ္ထု" တစ်ပုဒ် မဟုတ်ပါ

အသက်ငယ်ငယ်ရွယ် နှင့် ဘရော့ဝေး၊ ဟောလိဝုဒ် ကမ္ဘာကျော်ပြဇာတ်လောက နှင့် ရုပ်ရှင်လောကမှာ နာမည်ကျော်ကြားထင်ရှားခဲ့သော အဆိုတော် ရုပ်ရှင်မင်းသမီးတစ်ဦး ၏ ဘဝအကြောင်းဖြစ်ပါတယ်။

ထိုခေတ်က ဘရော့ဝေး ဆိုတာကတော့ နယူးယောက်မြို့ပေါ်က ကမ္ဘာကျော် ပြဇာတ်စင်ဖြစ်ပြီး ထိုစင်ပေါ်သို့ ရောက်ဖို့ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းနှင့် ရောက်နိုင်သည်မဟုတ်။

" လီလီယံရော့သ်" ဟာ သူမရဲ့ ကြိုးစားအားထုတ်မှု ၊ ထူးခြားတဲ့အရည်အသွေးတွေကြောင့် ဘရော့ဝေးစင်ပေါ်သို့ သူ့အသက် ဆယ်ကျော်သက်အရွယ်မှာပင် ရောက်ခဲ့ပါတယ်။

ထို့နောက် အမြင့်ဆုံးဖြစ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ရောက်ရှိသွားပြီး တစ်ဟုန်ထိုး နာမည်ကျော်သွားကာ သူမ အသက် ၂၀ ဝန်းကျင်မှာဘဲ အချမ်းသာဆုံးနှင့် အကျော်ကြားဆုံးသော အမျိုးသမီးဖြစ်လာခဲ့ပါတယ်။

ထို့နောက် အသက် ၃၀ အရွယ်တွင်မူ သူမက
အဆင်းရဲဆုံး နှင့် နနာမည်အဆိုးဆုံး
မိန်းမတစ်ယောက် ဖြစ်သွားခဲ့ရပြန်ပါတယ်။
ဘာကြောင့်လဲဆိုတော့.........

ဒီစာအုပ်ထဲမှာပါတဲ့ မင်းသမီး လီလီယံရောသ်၏ အဖြစ်အပျက်အားလုံးက သူမကိုယ်တိုင် သူ့ဘဝဇာတ်ကြောင်းအားလုံးကို ဖုံးကွယ်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး မိုက်ခ်ကွန်နိုလ် နဲ့ ဂျာရိုဖရန့် ဆိုတဲ့ စာရေးဆရာ နှစ်ဦးက မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။

ဘတ်ဆဲလား အရောင်းရဆုံးစာအုပ်တစ်အုပ် ဖြစ်ခဲ့သလို စာပေဆုများလည်း ရရှိခဲ့ပါတယ်။

ဒီဝတ္ထုထွက်ချိန်မှာတော့ သူမကို ချစ်ခင်ကြတဲ့
လူပေါင်းအများအပြားဟာ ကြေကွဲဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

" ကျွန်မဟာ ဆယ့်ခြောက်နှစ်လုံးလုံး အလွန် စိတ်ခြောက်ခြားစရာကောင်းတဲ့ ကမ္ဘာတစ်ခုထဲမှာ နေခဲ့ပါတယ်။ အဲ့ဒီကမ္ဘာဟာ ဝင်ရောက်လာတဲ့လူတွေ များပြားသလောက် ထွက်တဲ့လူ အလွန်းနည်းပါးတဲ့ကမ္ဘာပါ။ ပြီးတော့လည်း လူတစ်ယောက်ဟာ အဲဒီ့ကမ္ဘာထဲ ရောက်သွားပြီးရင် ပြန်တော့ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အရှက်သိက္ခာကင်းမဲ့မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ရင်မှာပိုက်ပြီး ထွက်လာခဲ့ရတာပါ။ ဒီအချက်ဟာ ကျွန်မစာအုပ်ရဲ့ အမြင့်ဆုံးသော အနှစ်သာရ ပါပဲ ..."

လီလီယံရော့သ် ရဲ့ အမှာစကား

🌻ချစ်မျက်ရည်ဘယ်ခါစဲလေလိမ့်
🌻မောင်ထွန်းသူ ဘာသာပြန်
🌻Amazing Book Bago မှာ ဝယ်ယူနိုင်ပါပြီ။

26/05/2026

တက္ကသိုလ် ဘုန်းနိုင် ရဲ့
ထား နဲ့ ခိုင်

24/05/2026

အသစ်ရောက်လေးတွေပါ🥰🥰

23/05/2026

❝ ထိုနေ့သည် နေပူ၍ လေတိုက်သော ကြာသပတေးနေ့ ဖြစ်လေသည် ❞ ဆိုတဲ့ စာလေးနဲ့အတူ မကြည်ပြာ နဲ့ ရဲဝင်း တို့ရဲ့ အမြဲတမ်းလွဲနေတတ်တဲ့ အချစ်ဇာတ်လမ်းလေးကို မှတ်မိကြသေးလား…🥰

#နီကိုရဲ #မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ

22/05/2026

သုတဓမ္မဒီပလိုမာ
Level (1)
Level (2)
Level (3)
ပြန်ရပါပြီ ။

ပဲခူးမြို့မှာဖွင့်လှစ်ထားတဲ့
Amazing Book စာအုပ်ဆိုင်
နှစ်ဆိုင်စလုံးမှာ ဝယ်ယူနိုင်ပါပြီရှင့်

💥Online မှလည်း မှာယူနိုင်သလို
💥လူကိုယ်တိုင်လာရောက်ယူဝယ်ယူလိုပါကလည်း ဆိုင်လိပ်စာလေးတွေကတော့

✅Amazing Book -1
(အမှတ် ၈၀၇ မဂ္ဂတစ် လမ်းမကြီး၊
ဆိုရှယ်လစ် (၁)လမ်း၊ ပဲခူးမြို့)

✅Amazing Book -2
(ရွှေမောဓောဘုရားလမ်းနဲ့ ဗန္ဓုလလမ်း မီးပွိုင့်အနီး၊ အမှတ် ၂၇၃၊ ဗန္ဓုလလမ်း)

phone 09755237998 ကိုဆက်သွယ်၍လည်း မှာယူနိုင်ပါတယ်

Want your business to be the top-listed Shop in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bago