Bago Fire Service Department
- Fire Safety
- Natural Disaster and Prevention
- Search and Rescue
- Public Welfare
27/05/2026
၂၇.၅.၂၀၂၆ရက်နေ့၊ ၁၀ ၀၀ အချိန်ပဲခူးတိုင်းေဒသကြီးမီးသတ်ဦးစီးမှူးရုံး၌ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ဆန္ဒဖော်ထုတ်ဆွေးနွေးပွဲ ဒါဘာ အမှတ်စဉ် (၅/၂၀၂၆)နှင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနအတွင်းရှိ ၂၀၂၆_၂၀၂၇ ပညာသင်နှစ် ကျောင်းနေရွယ်ကလေးများအတွက် ပညာသင်ေထာက်ကူပစ္စည်းများနှင့် ပညာသင်ချီးမြှင့်ငွေများ ထောက်ပံ့ပေးခဲ့ပါသည်။
02/05/2026
၂.၅.၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်း ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပဲခူးမြို့၊ ရွှေမော်ဓော စေတီေတာ်မြတ်ကြီးတွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုေသာအားဖြင့် စုပေါင်းသန့်ရှင်းေရးပြုလုပ်ခဲ့ပါသည်။
10/04/2026
၁၀.၄.၂၀၂၆ရက်ေန့တွင် ပဲခူးတိုင်းေဒသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်းမှ ပဲခူးတိုင်းေဒသကြီးမီးသတ်ဦးစီးမှူးရုံးရှိ တပ်ဖွဲ့ဝင်များအား တစ်ဦးလျှင် ကျပ်(၅၀၀၀၀) နှစ်သစ်ကူးသင်္ကြန်မုန့်ဖိုးများ ပေးခဲ့ပါသည်။
26/02/2026
ဈေးများမီးဘေးလုံခြုံေရးအတွက်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၆.၂.၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းေဒသကြီးအတွင်းရှိ သနပ်ပင်မြို့နယ် စည်ပင်စျေး၊ ကျောက်တံခါးမြို့နယ်စည်ပင်သာယာဈေး၊ ဝေါမြို့မေစျး၊ ဖဒိုမြိုမဈေးများအား စျေးပိတ်ချိန်တွင် ဈေးမီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးမှူးများမှ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။
24/02/2026
၂၄-၂-၂၀၂၆ရက်နေ့၊ ၁၆ ၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပဲခူးတိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပဲခူးမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
24/02/2026
၂၄-၂-၂၀၂၆ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် လက်ပံတန်းမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားစက်ခေါင်းရုံရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
23/02/2026
၂၃.၂.၂၀၂၆ရက်နေ့၊ ၀၉ ၃၀ အချိန်၊ ပဲခူးတိုင်းေဒသကြီး၊ ရွှေကျင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်း၊ ကျောက်တံခါးမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်း၊ တောကျွဲအင်းမြို့ရှိ ရပ်ကွက်များအား တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။
22/02/2026
၂၂.၂.၂၀၂၆ရက်နေ့၊ ၁၃ ၄၅ အချိန်ခန့်၊ ပဲခူးတိုင်းေဒသကြီး၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်၊ ၀က်လှကြီးကျေးရွာအုပ်စု၊ ၀က်လှကြီးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၉၅/၁ တွင် CANTER ၆ ဘီး၊ ကုန်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး မြောင်းထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦးတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
22/02/2026
၂၂.၂.၂၀၂၆ရက်နေ့၊ ၁၆ ၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဖောင်တော်သီနယ်မြေရဲစခန်းနှင့် နေအိမ်လိုင်းခန်းများ၊ ဖောင်တော်သီ ဘူတာရုံတို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
22/02/2026
၂၂.၂.၂၀၂၆ရက်နေ့၊ ၁၆ ၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဒိုက်ဦးမြို့မရဲစခန်းနှင့် နေအိမ်လိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
24/12/2025
၂၄.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်း ဦးဆောင်၍ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် ပဲခူးမြို့နယ်အတွင်းရှိ မဲရုံများအား မီးေဘးလုံခြုံရေးစစ်ဆးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Bago
Bago