Thoon Collection
အပင်စိုက်ပျိုးရေးဆက်စပ်ပစ္စည်းမျာ?
18/02/2025
တောင်သူများအတွက်သာမက
အိမ်ခြံစိုက်သူများ
သစ်သီးဝလံစိုက်သူများ
Rare Plants စိုက်သူများပါ
အကုန်သုံးလို့ရပြီး ဘေးထွက်ဆိုးကျိုး မရှိစေတဲ့
#သဘာဝလက်ဘက်မြေသြဇာGAP
မှာရတယ်နော်
01/02/2025
သီးနှံများအား မြေမချဘဲ အိတ်ဖြင့်ထည့်၍ စိုက်ပျိုးခြင်း
ဒေါက်တာဝဏ္ဏထွန်း
----------------------------------
ဒီလောက်စိုက်ပျိုးမြေတွေရှိနေပါလျှက် သီးနှံတွေကို အိတ်ဖြင့်စိုက်ပျိုးတာမြင်တော့ ကျွန်တော်ဖြင့် အံ့ဩမိခဲ့ပါတယ်။
မြေဆီလွှာဂေဟဗေဒရှုထောင့်ကနေကြည့်မိရင်လည်း သက်ရှိတွေနဲ့ အသက်ဝင်၊ သံသရာလည်ပတ်နေတဲ့ မြေဆီလွှာထဲမှာပဲ အပင်တွေကို စိုက်ပျိုးစေချင်မိပါတယ်။
ဒါပေမယ့် စိုက်ပျိုးတဲ့သီးနှံတွေ၊ အသုံးပြုတဲ့ ဓာတ်မြေဩဇာနဲ့ ဓာတုဆေးတွေကြောင့် သူ့ကိုလက်ခံထားရတဲ့ ပထဝီမြေကြီးဟာ ဒဏ်ရာတွေရ၊ ပျက်စီးရရှာတာကို ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။
o မြေဆီလွှာထဲမှာ အာဟာရတွေကုန်ခမ်းသွားတယ်။
o မြေတည်ဆောက်ပုံ ပျက်စီးကုန်တယ်။
o ရေတွေမထိန်းနိုင်တော့ဘူး။
o မြေဆောင်ရောဂါပိုးနဲ့ ဖျက်ပိုးတွေနဲ့ မြေကြီးထဲ ပြည့်နေတယ်။
o သီးနှံတွေ မကြီးထွားနိုင်တော့ဘူး၊ မကျန်းမာတော့ဘူး၊ အထွက်နှုန်းမကောင်းတော့ဘူး။
Greenhouse ထဲမှာ သီးနှံတွေစိုက်ပျိုးရင်လည်း အချိန်ကြာလာသည်နှင့်အမျှ ဓာတ်မြေဩဇာ၊ အော်ဂဲနစ်မြေဩဇာ၊ အသုံးပြုသည့်ရေ၊ CO2 များရေတွင်ပျော်ဝင်လာမှု စသည့်အကြောင်းရင်းများကြောင့် မြေဆီလွှာချဥ်ခြင်း၊ ငန်ခြင်း၊ မြေပျက်စီးခြင်းများ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့်မို့ စိုက်ခင်းကြီးတစ်ခုလုံးက မြေဆီလွှာကို အချိန်ကြာမြင့်စွာ ပြန်လည်ကုစားမယ့်အစား၊ စိုက်ပျိုးမြေကိုလိုအပ်သလိုပြင်ဆင်၊ လိုအပ်သလို အာဟာရထည့်သွင်း၊ လိုအပ်သလို ရေပေး၍ သီးနှံတွေကို အိတ်ထဲထည့်စိုက်ပျိုးလာကြပါတယ်။ မြေနေရာရှားပါးတဲ့နေရာတွေ၊ မြို့ပြအဆောက်အဦးတွေနဲ့ ခေါင်းမိုးတွေပေါ်မှာ သီးနှံတွေကို အိတ်နဲ့ထည့် စိုက်ပျိုးလာကြပါတယ်။
အခုဆိုရင် သီးနှံအလိုက် အပြည့်အစုံတွက်ချက်ထားတဲ့ မြေဩဇာတွေအပါအဝင် အသင့်သုံးအိတ်တွေကို စီးပွားဖြစ်ရောင်းချ၍၊ စီးပွားဖြစ်စိုက်ပျိုးနေကြပါပြီ။ အိတ်ကိုထိပ်ဖွင့်၊ ရေဆင်၍ အပင်တန်းစိုက်ရုံပါပဲ။
အိတ်ဖြင့်စိုက်ပျိုးခြင်းရဲ့ အခြားကောင်းကျိုးတွေကတော့-
• နေရာမယူခြင်း၊ နေရာမရွေးခြင်း၊ အိမ်ဝရန်တာ၊ လသာဆောင်၊ မီးဖိုချောင်များ၌ စိုက်ပျိုးနိုင်ခြင်း
• Greenhouse ထဲ၌ ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း
• မြေပျက်စီးသည့်နေရာများ၌ စိုက်ပျိုးနိုင်ခြင်း
• အိတ်များကို ရွှေ့ပြောင်းနိုင်သောကြောင့် ပင်ကြားတန်းကြားကို လိုသလိုပြင်ဆင်နိုင်ခြင်း၊
• အပင်များနေရောင်ခြည်ရရှိရန် လိုအပ်သလို ရွှေ့နိုင်ခြင်း
• ဆိုးရွားသည့်ရာသီဥတု၌ အပင်များကို ရွှေ့ပြောင်းနိုင်ခြင်း
• အပင်များ၌ ရေမဝပ်ခြင်း
• မြေဆောင်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်း
• အာဟာရလေလွင့်ဆုံးရှုံးမှုနည်းခြင်း
• စိုက်ပျိုးရေကို ခြွေတာနိုင်ခြင်း
• မြေထွန်ယက်စရာမလိုအပ်ခြင်း
• ပေါင်းနှိမ်နင်းရသက်သာခြင်း
• အပင်အသေအပျောက်ရှိပါက အလွယ်တကူ အစားထိုးလဲလှယ်နိုင်ခြင်း
• ကုန်ကျစရိတ် ထိရောက်မှုရှိခြင်း
• သီးနှံပြပွဲများ၌ စနစ်တကျ သေသပ်လှပစွာ ပညာပေးပြသနိုင်ခြင်း စသည်တို့ဖြစ်ကြပါတယ်။
(က) စိုက်ပျိုးမည့်အိတ်အမျိုးအစား
• ပလပ်စတစ်အိတ်တွေလဲရှိသလို၊ ချည်သား/ဂုန်နီ/ပေါ်လီစများဖြင့် ယက်လုပ်ထားသည့်အိတ်များက အကောင်းဆုံးဖြစ်ပါတယ်။ ပလပ်စတစ်အိတ်တွေထက် လေဝင်လေထွက်ကောင်းတယ်၊ ရေမဝပ်ဘဲ ရေစီးဆင်းစေပါတယ်။
• ပလပ်စတစ်အိတ်တွေကတော့ ရေထိန်းအား ပိုကောင်းပါတယ်။
• တခါတလေ ဘိလပ်မြေအိတ်၊ ဆန်အိတ်၊ ပီနံအိတ်၊ ပလပ်စတစ်ပုံးတွေနဲ့လည်း စိုက်ပျိုးလေ့ရှိကြပါတယ်။
(ခ) သီးနှံအလိုက် အသုံးပြုရမည့် အိတ်အရွယ်အစား
• အိတ်သေး (၅-၁၀ ဂါလံဆန့်)- ရွက်စားများ၊ ဆလတ်၊ ဟင်းနုနယ်၊ ကိုက်လန်၊ ပတ်ချွိုင်၊ ကန်စွန်း၊ ပင်စိမ်း၊ နံနံပင်
• အိတ်လတ် (၁၀-၁၅ ဂါလံဆန့်) - ငရုတ်၊ တိုင်လွတ်ပဲ၊ မုန်လာဥဖြူ/နီ၊ ကြက်သွန်နီ၊ ချဥ်ပေါင်၊ နဂါးမောက်
• အိတ်ကြီး (၂၀-၃၀ ဂါလံဆန့်) - ခရမ်းချဥ်၊ ခရမ်း၊ အာလူး၊ သခွား၊ သခွားမွှေး၊ ဖရဲ၊ ဖရုံ၊ တိုင်ထောင်ပဲ၊ ရုံးပတီ၊ စပျစ်
• ဥစားသီးနှံများစိုက်ပျိုးပါက ဇောက်ပိုနက်သည့် အိတ်များဖြင့် စိုက်ပျိုးရပါမယ်။
• အာလူးကဲ့သို့ အမြစ်ပျံ့နှံ့မှုကောင်းသည့် သီးနှံများအတွက် အိတ်ကျယ်ကျယ်ဖြင့် စိုက်ပျိုးရပါမယ်။
(ဂ) အိတ်မြေပြင်ဆင်ခြင်း
အလွန်အရေးကြီးပါတယ်။ စိုက်ပျိုးမြေကောင်းမှ အပင်ကျန်းမာရေး၊ အထွက်နှုန်းနဲ့ ရေထိန်းထားနိုင်မှုများ ကောင်းမွန်လာမှာဖြစ်ပါတယ်။
ကောင်းမွန်တဲ့အိတ်မြေဆိုတာ လေဝင်လေထွက်နဲ့ ရေစီးရေလာကောင်းရမယ်၊ အာဟာရလည်း ပြည့်စုံရပါမယ်။
အိတ်မြေကောင်းတစ်ခုကို ပြင်ဆင်မယ်ဆိုပါက ပါဝင်သင့်တာတွေကတော့-
• ၅၀% -မြေသားတည်ဆောက်မှုကောင်းစေတဲ့ပစ္စည်းများ (အပေါ်ယံမြေ၊ ပျိုးမြေ၊ အုန်းဆံမှုန့်၊ ရေညှိခြောက်)
• ၃၀% -အော်ဂဲနစ်ပစ္စည်းများ (မြေဆွေး၊ တီကျစ်စာ၊ ကောင်းမွန်စွာဆွေးမြည့်ထားသည့် နွားချေး၊ ကြက်ချေးများ)
• ၂၀% -လေဝင်လေထွက်နှင့် ရေစီးရေလာကောင်းစေသောပစ္စည်းများ (သဲ၊ စပါးခွံ၊ ဖွဲပြာ၊ မီးတောင်ကျောက်များ၊ ကျောက်ပွများ၊ ဇီဝမီးသွေး)
အပေါ်ယံမြေသို့မဟုတ် ပျိုးခြံစပ်မြေများကို အသုံးမပြုမီ မီးဖိုထဲ၌ (၈၂ °C)ဖြင့် မိနစ် (၃၀) ခန့် အပူပေး၍ ပိုးသတ်ပေးပါ။
သို့မဟုတ် နေရောင်ခြည်ပြင်းပြင်းအောက်၌ မြေများ ခပ်ပါးပါးဖြန့်ခင်း၍ အစိုဓာတ်နည်းနည်းရစေရန် ရေလောင်းပေးပါ၊ ထို့နောက် ပလစ်စတစ်အကြည်စ (၁-၄)မီလီမီတာအထူဖြင့် ခပ်တင်းတင်းဆွဲဖုံး၍ နေရောင်ခြည်အောက်၌ ၄-၆ ပတ်ခန့် အခြောက်လှန်းပေးပါ။
ထို့နောက် အအေးခံ၍ အခြားပစ္စည်းများဖြင့် ရောစပ်ပေးပါ။
စပ်ထားသည်မြေကို ရေအနည်းငယ်ဖျန်းပြီးမှ အိတ်ထဲထည့်ပေးပါ (လေဟာနယ်မရှိစေရန်ဖြစ်သည်)။ အပြည့်မထည့်ဘဲ အိတ်၏ ၄ ပုံ ၃ ခန့်သာ ဖြည့်ပေးပါ။
မြေမကျပ်စေရန် အထူးသတိထားရမည်ဖြစ်ပါသည်။
(ဃ) အိတ်တစ်အိတ်တွင်ထည့်ရမည့် မြေဩဇာတွက်ချက်ခြင်း
အိတ်အရွယ်အစား၊ မြေသားထုထည်နှင့် အပင်ကြီးထွားမှုအဆင့်အပေါ်မူတည်၍ မြေဩဇာကို တွက်ချက်ရပါမည်။
အပင်များ၌ ထည့်သွင်းရမည့် မြေဩဇာများကို သီးနှံအလိုက်အကြမ်းဖျင်းကြည့်မည်ဆိုပါက..
• ရွက်စားသီးနှံများ၌ နိုက်ထရိုဂျင်ပိုလိုအပ်သောကြောင့် ထည့်ရမည့် ကွန်ပေါင်းမြေဩဇာကို (၁၀-၅-၅)အချိုး သုံးပါ။
• ဥစားသီးနှံ (၅-၁၀-၅)အချိုး
• ဟင်းသီးများ (၁၀-၁၀-၁၀)အချိုး
စိုက်ပျိုးမည့် တစ်အိတ်လျှင် ဓာတ်မြေဩဇာထည့်ရမည့် ယေဘူယျနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ သီးနှံတစ်ရာသီစာလုံးအတွက်ဖြစ်ပြီး အကြိမ်ကြိမ်ခွဲထည့်ပေးရမည်ဖြစ်ပါသည်။
• အိတ်သေး (၅-၁၀ ဂါလံဆန့်)- စားပွဲတင်ဇွန်း ၅-၁၀ ဇွန်း
• အိတ်လတ် (၁၀-၁၅ ဂါလံဆန့်) - စားပွဲတင်ဇွန်း ၁၀-၂၀ ဇွန်း
• အိတ်ကြီး (၂၀-၃၀ ဂါလံဆန့်) - စားပွဲတင်ဇွန်း ၂၀-၄၀ ဇွန်း
• အော်ဂဲနစ်မြေဩဇာများအား တစ်လလျှင်တစ်ကြိမ် ကီလိုဝက်ခန့် ကျွေးရမည်။
• ဓာတ်မြေဩဇာများအား ၂-၃ ပတ်ခြားတစ်ကြိမ် ခွဲကျွေးရမည်။
• EM ၊ တီဆေးရည်၊ ထရိုင်ကိုဒါးမား၊ ငါးအမိုင်နိုအားဆေးကဲ့သို့ အော်ဂဲနစ်ဆေးများကို ထည့်သွင်းပေးခြင်းဖြင့် မြေဆီဩဇာကို တက်စေပါသည်။
• ရွက်ဖျန်းအားဆေးများအား အပတ်စဥ် သို့မဟုတ် ၂ ပတ်ခြားတစ်ခါ ပက်ဖျန်းပေးရမည်။
(င) စိုက်ပျိုးရန် ပြင်ဆင်ခြင်း
• မြေပေါ်တွင်စိုက်ပျိုးပါက ပေါင်းနှိမ်နင်းရသက်သာစေရန် ပလပ်စတစ်စ၊ စကာစများ၊ ပလပ်စတစ်စင်/အခင်းများ သို့မဟုတ် ဒေသထွက်ပစ္စည်းများဖြစ်သည့် ဖျာ၊ ဝါးကဒ်၊ ဝါးထရံ၊ သစ်သား၊ သစ်ရွက်ခြောက်များတို့ကို ခင်းပေးပါ။
• ထို့နောက် အိတ်များကို သက်ဆိုင်ရာသီးနှံများ၏ ပင်ကြားတန်းကြားအကွာအဝေးအလိုက် နေရာချပါ။ အပင်ငယ်စဥ်တွင် ခပ်စိပ်စိပ်ထားနိုင်သည်။
• ရေအစက်ချ၊ Sprinkler စသည်ဖြင့် ရေပေးစနစ်ပြင်ဆင်ပေးပါ။
• တစ်နေ့လျှင် နေရောင်ခြည် (၆-၈)နာရီခန့်ရသည့်နေရာများ၌ အိတ်များကို ထားရမည်။
• အလင်းမရရှိပါက ရွှေ့ပေးပါ။
• မျိုးစေ့ချပါ သို့မဟုတ် ပျိုးပင်ထည့်ပျိုးပါ။ အိတ်အရွယ်အစားအလိုက် တစ်အိတ်လျှင် ၂-၃ ပင်ခန့်အထိ စိုက်ပျိုးနိုင်ပါသည်။
(စ) ရေသွင်းခြင်း
• ရေဝပ်ခြင်း၊ ရေများခြင်းမှရှောင်ကြဥ်ရန်အတွက် ရေကိုပုံမှန်သွင်းပေးပါ။
• ရေအစက်ချစနစ်ဖြင့် ရေသွင်းခြင်းကို အထူးအကြံပြုပါသည်။
• အောက်ခံအခင်း သို့မဟုတ် ကွန်ကရစ်ခင်း အလွန်အမင်းမပူစေရန် ရေဖျန်းပေးပါ။
(ဆ) အခြားသိသင့်သည့်အချက်များ
• တွယ်တက်မည့်နွယ်သီးနှံများအတွက် တိုင်ထောင်ပေးပါ၊ ကြိုးတန်းပေးပါ။ ပိုက်ကွန်များဆင်ပေးပါ။
• ကောက်ရိုးသို့မဟုတ် သစ်ရွက်ခြောက်များဖြင့် အိတ်ကိုအုပ်ပေး၍အစိုဓာတ်ထိန်းပေးပါ။
• ခူးဆွတ်ရိတ်သိမ်းပြီးနောက် မြေသားများကိုထုတ်၍ ပိုးသတ်ခြင်း၊ မြေဆွေးများနှင့် ပြန်လည်ရောစပ်ခြင်းများကို ဆောင်ရွက်ပေးပါ။
• သီးလှည့်စနစ်ဖြင့် စိုက်ပျိုးပေးပါ။
• ပိုးမွှားရောဂါကျရောက်မှုကို အချိန်မှန်စစ်ဆေး၍၊ လိုအပ်သလို ကာကွယ်နှိမ်နင်းပေးပါ။
• ပလပ်စတစ်အိတ်ဟောင်းများကို အတွင်းအပြင်လှန်သေချာဆေးကြော၊ အခြောက်လှန်း၍ ပြန်လည်အသုံးပြုနိုင်ပါသည်။
• သီးနှံများအိတ်ဖြင့်ထည့်၍ စိုက်ပျိုးခြင်းကို GAP နှင့် အော်ဂဲနစ်စနစ်များ၌ပါ ခွင့်ပြုထားပါသည်။
31/01/2025
17/01/2025
. #မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။
ဝမ်း မှန်စေတယ်။
ကိုယ်အလေးချိန် ကျစေတယ်။အသားအရည် စိုပြေလှပစေတယ်။ အရွယ်တင်နုပျိုစေတယ်။
အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်းစားသုံးပေးလို့ရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။
မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတယ်
မုန်လာဥဖြူကမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ် နဲ့ ခံတွင်းတို့မှာ မှိုပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် မုန်လာဥဖြူကို စားပေးလို့ရပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
ရာသီအကူးအပြောင်းကြောင့် ဖျားနာမှုတွေကနေကင်းချင်ရင်တော့ ကိုယ်ခံအားကောင်းနေမှဖြစ်မှာပါ။ ဒီလိုကိုယ်ခံအားကောင်းစေဖို့က အစားအသောက်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာနေစေဖို့ မုန်လာဥဖြူကို စားပေးလို့ရပါတယ်။
မုန်လာဥဖြူ တလုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ်
ကျောက်ကပ်ရောင်သည်ဖြစ်စေ၊ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ၊ ကျောက်ကပ်ကြောင့် ခါးနာ၊ ခါးကိုက်ခြင်း နုံးချိ အော့အန်ခြင်းများအတွက်
မုန်လာဥဖြူ တလုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။ ၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။ မုန်လာဥဖြူကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်း
အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် တပါတ် တခါ ကြိုတင်ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင့်ဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။
မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ် သုပ်စားပါကပို၍ဆေးဖက်ဝင်ပါတယ်။
သတိပြုရန်
မုန်လာဥကို အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင် သေချာ ဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။
credit to original uploader
#မြန်မာတိုင်းရင်ဆေး
08/01/2025
ဒူးရင်မှာ NPK.အဟာရဓာတ်များ
သိယုံနဲ့မရပါဘူး မှိုးဆေး ပိုဆေးကိုလည်
ကောင်းစွားနားလည်ထားဖိုလိုပါတယ်
ရောဂါကို ကိုင်သွယ်သည်နေရာမှာ ကုသဆေနှင့် ကာကွယ်ဆေး ဆိုပြီးနှစ်မျိုး
ရှိပါတယ်
ရောဂါကာကွယ်ဆေး
(အုပ်စု.A)
ကာကွယ်ဆေးများ
မန်ကိုဇက်(mancozeb)
မင်းနက် (maneb)
ဇင်းနက် (zineb)
ကက်ပ်တန်(captan)
သိုင်ရမ် (thiran)
ကလိုရိုသာလိုနေ
(chlorothalonil)
သိုင်အိုဖနိတ်မီသိုင်း
(thiophanate methyl)
မက်တီရမ် (metiram)
ဆာလဖာ (sulphur)
ကော့ပါး (copper )
ကော့ပါးဟိုက်ဒြောဆိုဒ်
(Copper hydroxide)
ကော့ပါးအောက်ဆီကလိုရိုဒ်
(copper oxychloride)
ပရိုပီးနက်(propineb)
သီးနှံအပေါ်မူတည်ပြီး မှိုရောဂါမကျရောက်အောင် ကာကွယ်ရန်အတွက်
အရင်ဦးဆုံး ဖျန်းပေးရမဲ့ မှိုသတ်ဆေးအုပ်စုတွေဖြစ်ပါတယ်။
🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️
(အုပ်စု.B)
ရောဂါဖြစ်မှ ကုသနိုင်မည်
ဆေးဝါးများ
ကာဗင်ဒါဇင်(carbendazin)
ပရိုပီကိုနာဇိုး
(propinaconazole)
ဒိုင်ဖန်နိုကိုနာဇိုး
(difenoconazole)
အဇိုဇီစထရိုဘင်
(azoxystrobin)
မက်တလက်ဇီး
(metalaxyle)
ဆိုင်မောက်ဇနေးလ် (cymoxanil)
အိုင်ပရိုဒီရုန်း (iprodione)
ဖြစ်ကြပါတယ်
🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️🕵️♀️
(အုပ်စု.C )
အမြစ်နဲ့ ဉ တွင်ကျရောက်တက်သည် ရောဂါကို ကုသနိုင်မည်ဆေးဝါများ
ဖို့စတိုင်းအလူမီနီယံ
(fosetyle alluminium)နဲ့
ဖော့စဖောရစ်အက်ဆစ်
(phospohrus acid)တိုဖြစ်ကြပါတယ်
ကာကွယ်ဆေးနဲ့ ကုသဆေးကိုမှန်ကန်စွား
ခွဲးခြားတက်မယ်လိုထင်ပါတယ်
ကို့ ကိုယ်ကိုတကယ်ချစ်ရင် နှာခေါင်းစည်ဖို့မမေ့ပါနဲ့..နော်
အားလုံးကိုကျေးဇူးတင်ပါတယ်. နိုင်လင်း
21/12/2024
💜💜 ဂေါက်ရောဂါနှင့်ပူစီနံ 💜💜
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဂေါက်ရောဂါကြောင့် ဝေဒနာခံစားနေရသူများအတွက် အပန်းမကြီးတဲ့ကုသနည်းလေးဖြစ်တာရယ် ဘေးထွက်ဆိုးကျိုးမရှိနိုင်ဘူးလို့ ယူဆမိတဲ့အတွက် စမ်းသပ်ကုသနိုင်ရန် မျှဝေလိုက်ပါတယ် ရောဂါရှိလျှင်ပျောက်ကင်းကြပါစေ ...
ဂေါက်ရောဂါကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ဆေးနည်းလေး ဖြန့်ဝေလိုပါတယ်ဗျာ။ လွယ်လွန်းတော့လည်း မယုံမှာတော့ စိုးမိပါတယ်။
အဆစ်ရောင် ဂေါက်ရောဂါဆိုတာက ရောဂါကြီးတစ်မျိုး ဝဋ်နာကံနာ အစာငတ်တဲ့ရောဂါပါ။ အသက်၃၅/၄၀လောက်ကနေစပြီး အဖြစ်များတာပါ။ ဂေါက်ရောဂါသမားအတွက် မတည့်တဲ့အစာက များလှပါတယ်။ စူဖြိူးသောအသား၊ကလီစာ၊ မြေအောက်က တွင်းအောင်းစာတွေ ဥ၊ မို၊ မျှစ်၊ လက်လုပ်ချဥ်များ၊ ချဥ်ပေါင်အနီ၊ ပဲအမျိူးမျိူး၊ အရက်ဘီယာ ဖျော်ရည်အမျိုးမျိုး စသည်ဖြင့် အခုစားရင် တော်နေကြာ နာရတော့တာပါ။
တခါတခါ မစားပဲတောင် နာတဲ့အခါတွေ ရှိပါတယ်။ နာတယ်ဆိုပေမယ့် ပြည်တည်တာမျိုးတော့မရှိပါဘူး။
နာပြီဆိုရင် တောင်ဝှေ့၊ ဂျိုင်းထောက်ပါ သုံးရတဲ့အထိနာပါတယ်။ အကိုက်အခဲပျောက်ဆေး ထိုးဆေးစားဆေး တွဲသုံးမှ သက်သာပါတယ်။ ကိုယ်တွေ့ ခံစားခဲ့ရတာပါ။
ကျွန်တော့်ဆရာဝန်ကတော့ Allopurinol စားဆေး တစ်နေ့ နှစ်လုံးနှစ်ကြိမ် နေ့တိုင်း စားနေဖို့ လမ်းညွှန်ထားပါတယ်။ မပြတ်တမ်းမစားဖြစ်ခဲ့တာရယ် အစားမရှောင်နိုင်တာရယ်ကြောင့် ဖြစ်မယ်ထင်တာပဲ တစ်ပတ် ၇ရက်အတွင်းတောင် လေးကြိမ်လောက် ဆေးထိုးခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။
ဂေါက်ရောဂါက ရင့်လာသည်နှင့်အမျှ ခြေဆစ် လက်ဆစ်တွေပုံပျက်လာပြီး အအိပ်ပျက်အစားပျက်ဒဏ်၊ အကိုက်အခဲပျောက်ဆေးဘေးဆိုးကျိုးဒဏ်နှင့် အဟာရပြတ်သည့်ဒဏ်တွေကြောင့် လူ့သက်တမ်းစေ့ မနေရတော့ပါဘူး။ ကိုယ့်ရွာမှာတင် သေရသူတွေ မြင်ခဲ့ရတာပါ။
ဂေါက်ရောဂါအနုအရင့် သိနိုင်ဖို့ကတော့ သွေးစစ်ရပါမယ်။
လူခန္ဓာအတွင်းမှာ အစ်ဆစ် အချဥ်ဓာတ်တွေ များလာပြီး အဆစ်တွေကြားမှာ အနည်ထိုင်ရာကနေ အဆစ်ရောင်ဂေါက်ရောဂါရယ်လို့ ဖြစ်လာရတာ ပါပဲ။ အက်စစ်အချဥ်ဓာတ်တွေကို ကျောက်ကပ်က ထိန်းညှီပြီး ဆီးအဖြစ် မစစ်ထုတ်နိုင်လို့ ခန္ဓာအတွင်းမှာ အစ်စစ်ဓာတ်တွေ များနေရတာ လို့ ဆိုပါတယ်။
သည့်အတွက်ကြောင့် ဂေါက်ရောဂါပျောက်ဖို့ရာ ကျောက်ကပ်ကို ဆေးကြောပေးဖို့ လိုအပ်တယ်လ်ို့ ဆိုထားပါတယ်။
ကျောက်ကပ်ကို ဆေးကြောဖို့ အလွယ်ဆုံးနည်းကတော့ ပူစီနံ/ပူစီနာကို ပြုတ်သောက်ရတာပါပဲ။
ကျွန်တော်လည်း fbပေါ်ကတွေတာပါ 2gမို့ ပြန်ရှာမရဖြစ်နေလို့ က်ိုယ်တိုင်ရေးပြီး တစ်ဆင့်ဖြန့်ဝေရခြင်းပါဗျာ။
💥 ပူစီနံပင်ကို အရိုးအရွက်ပါလက်တစ်ဆုပ်စာ ခူး၊ဆေးကြောပြီး ပြုတ်ပါတယ်။ ရေနွေးခပ်ဖန်ဖန်ခပ်သောက်သည့် အရောင်အနေအထားထိ (ရေသန့်ဘူးတစ်လီတာဘူးခန့်ကျန်) ပြုတ်ပါတယ်။ ပြီးရင် အအေးခံပြီးသောက်နိုင်သလို တစ်ဆက်တည်း သောက်တာပါ။ နံနက်ပိုင်းမှ အဆင်ပြေပါတယ်။ ညဆိုရင်တော့ အပေါ့ကိစ္စက အဆင်အပြေပါဘူး။ ကျွန်တော်ဆို နှစ်ရက်ခြားပြီး နှစ်ကြိမ်သောက်ယုံနှင့်ပဲ သက်သာပျောက်ကင်းခဲ့တာ အခုဆို သုံးလကျော်ခဲ့ပါပြီ။
မတည့်စာမှန်သမျှလည်း ပြီးခဲ့တဲ့ သုံးလကျော်အတွင်းမှာ အကြိမ်များစွာ စားခဲ့ပြီးပါပြီ။
အရက်ဘီယာတော့ ကျွန်တော် မသောက်တာ ကြာခဲ့ပါပြီ။ ကိုယ်တွေ့ သေခြာအောင်စောင့်ကြည့်ပြီးမှ အသိပေးဖြန့်ဝေခြင်းဖြစ်ပါတယ်ဗျာ။ ယနေ့အထိ ပူစီနံပြုတ်ရည် သုံးကြိမ်ခန့် သောက်ခဲ့ပါပြီ။ ပူစီနံကို ထမင်းနှင့် အရွက်စိမ်း အစားများရင် မျက်လုံးတွေအစ်နေအောင် တက်တတ်ပေမယ့် ပြုတ်ရည်သောက်လို့ ကျွန်တော့်မှာတော့ တက်တယ်မရှိပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ဂေါက်ရောဂါဖြစ်နေသူ ရှိနေခဲ့ရင် တစ်ဆင့်စကားတစ်ဆင့် ပြောကြားပေးကြဖို့ မတ္တာရပ်ခံလိုပါတယ်ဗျာ။
ရောဂါဆိုးကြီးမှ လွှတ်ကင်းပါမယ်ဆိုရင်ဖြင့် မည်မျှအထိ ဝမ်းသာမယ်ဆိုတာကတော့ မပြောပြလိုတော့ပါဘူး။
အားလုံးကျမ်းမာ ချမ်းသာ ကြပါစေဗျာ။
#ဆေးဝိဇ္ဇာအာရုံကြောအားဆေး
#အာရုံကြောအားနည်းသူတွေအတွက်
18/12/2024
ချိတ်ဆွဲ အသားကောင်းလေးတွေရမယ်နော်.
ရေခံပြားလေးပါတော့.. ခရီးသွားရင်လည်း မပူရဘူးနော်.. အဆို့ရှင်ကို ပိတ်ထားပြီး ရေထည့်ထားရုံလေး.
1အိုး. 6000ကျပ်..
Color စုံတုန်းလေး... အပြေးယူထားပေး
်မြေ
်မြေ
18/12/2024
Shout out to my newest followers! Excited to have you onboard! Myint Myat Noe, Nyein Thu, Ko Zaw, MaWar
17/12/2024
မှို၊ဘတ်တီးရီယား များအတွက်. ဆေးကောင်းရှာနေရင်..
🇹🇭 🇹🇭 🇹🇭 Thailand ထုတ်.. Funguran-Oh
ရပါပြီ
1ထုပ် 12000ကျပ်
1g ကို ရေ1လီတာ ဖြင့် တပတ်တကြိမ် ဖြန်းပေးနိုင်ပါတယ်
ရှင့်.
#အမှတိ၅၇
#ရှင်စောပုလမ်း၀န်ထမ်းအိမ်ယာအရှေ့
#ပေါက်နှုန်းကောင်းမျိုးစေ့ထုပ်များ
#သီးပင်စားပင် #သစ်ခွပင် #နှင်းဆီပင်
#မြေစိုက်အလှပန်းပင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pon Nar Su 6th Street
Bago
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |