Lwan Syne

Lwan Syne

Share

အရူးအမူး ဖြစ်တဲ့ အခါတိုင်း ဆုံးရှုံးရတတ်တယ်။

26/12/2022

လွမ်းတယ်
နှုတ်ခမ်းပါးပါးလေးတွေ
မျက်လုံး ဝိုင်းဝိုင်းလေးတွေ။

လွမ်းတယ်
နှစ်လိုဖွယ် ဆံနွယ်လေးတွေ
ချစ်လိုဖွယ် အပြုအမူလေးတွေ။

တကယ်ပါ
ကိုယ်မင်းကို
ခါတိုင်းထက်ပိုလွမ်းနေမိတယ်။

#လွမ်းစိုင်

16/12/2022

ရည်ရွယ်ခဲ့ဖူးတဲ့
ဘဝ တစ်ခုပါပဲ

မနမ်းရက်ခဲ့တဲ့
နှုတ်ခမ်း ဖူးဖူးလေးတွေက အစ
မပြောရက်ခဲ့တဲ့
စကား ဝဲဝဲ လေးတွေ အဆုံး---

ကိုယ်တို့ ဝေးခဲ့ကြသည်ပေါ့

#လွမ်းစိုင်

27/11/2022

တိမ်ညိုပြာလည်း ကင်းပါစေ
နေခြည်မှာလည်း အေးပါစေ
အဲဒီနောက်မှာတော့
မင်းအပြုံးပန်းလေးလည်း လန်းပါစေ။
🌻🌻🌻
#လွမ်းစိုင်

24/11/2022

အတိတ်က ဖြစ်ခဲ့တာတွေကို
မေ့ပျောက်မသွားအောင်
သမိုင်းစာအုပ်တွေ
ဖြစ်ပေါ်လာတာမလား

မင်းနဲ့ပါတ်သက်ပြီး
အကောင်းအဆိုးအားလုံးကို
ဖော်ပြထားတဲ့ ငါဟာ
သမိုင်းစာအုပ် တစ်ခုပေါ့။

#လွမ်းစိုင်

24/11/2022

မင်းရဲ့ ဖြစ်တည်မှုက
ငါ့ရဲ့ အဖိုးတန်သောအချစ်ပါပဲ။

မင်းကိုရွေးချယ်တယ်။
ပြီးတော့ မင်းအလိုဖြည့်ချင်တယ်။

တို့နှစ်ယောက်အတူတူဆိုတာလေးတွေက
ငါ့ဘဝဖြစ်တဲ့ မင်းအတွက်ရော
မင်းအတွက်ဖြစ်တဲ့ ငါ့ဘဝအတွက်ရောပါ
အကုန်လုံးက ပြည့်စုံနေမှာ။

#လွမ်းစိုင်

Photo credit

24/11/2022

ဖြစ်ဖူးလား ဝတ္ထုတစ်ခုဖတ်ရင်း
စာအုပ်ထဲက ဇာတ်ကောင် အကြောင်းတွေထက်
စာအုပ်ဖွင့်ဖတ်လာရအောင် ဖြစ်စေတဲ့
ဇာတ်ကောင်အကြောင်းကိုပဲတွေးနေတာမျိုး။

တစ်ချက်လောက် အသိစိတ်လေးဝင်လာချိန်
ဇာတ်ကောင်တွေ ဘာပြောသွား
ဘာဖြစ်သွားမှန်းမသိလို့
ရှေ့ကို ပြန်လှန်ခဲ့ရတဲ့ စာမျက်နှာတွေ။
It's my fault.
တကယ်တော့ ဒီလိုချိန်က
ဒီလို စာအုပ်ဖွင့်ဖတ်ရမဲ့အချိန်မဟုတ်ဘူးလေ
စာရေးဆရာရဲ့ ပေးချင်တဲ့ message
ပေးချင်တဲ့ ရသ ကို ဘယ်လိုလုပ်ရတော့မှာလဲ။

ဘယ်အချိန်မှာမှ
ဘယ်အရာတွေကိုမှ
မထိခိုက်တာကသာပဲ
အကောင်းဆုံးဖြစ်နေမှာ။
(ကိုယ့်ကိုယ်ကိုယ်တော့မပါဘူးပေါ့)။

#လွမ်းစိုင်

24/11/2022

တစ်နေ့လုံးမှာ
အိပ်ရမှာ နဲ့ ထရမှာက
ထပ်တူကျနေအောင်ပဲ
ခုက္ခပေးတဲ့ အရာတွေ
အိပ်ရမှာ သေမလောက်ကြောက်သလောက်
ခဏ အိပ်ပျော်သွားခဲ့တောင် နိုးထရမှာကို
အရမ်းကြောက်မိနေတာ။

ကိုယ့်အတွက်ဘာမှ မျှော်လင့်စရာမရှိတာတွေသိလည်း
ဒုက္ခခံပြီး တကူးတက မျှော်လင့်နေမိတာပဲ။
အသိစိတ်နောက်ကို လူက ဘာ့လို့မလိုက်နိုင်ရတာလဲ
ဒါတွေ တွေးနေ လုပ်နေလို့ ဘာမှ ဖြစ်မလာတဲ့အပြင်
ကိုယ့်အတွက်ပါ ထိခိုက်လာမှာသိလည်း
ရူးရူးမိုက်မိုက်နဲ့ပါပဲ။
အတ္တဆိုတာကြီးကလည်း တောက်။

မထူးပါဘူး
မသောက်တော့ဘူး တွေးထားတဲ့
coffee ပဲထဖျော်လိုက်မိတာပါပဲ။
ဒီအတွေး
"ဘယ်သူကမှ ငါ့အပေါ်အကြွေးတင်မထားဘူးလေ"
အဲဒီအတွေးက အတော်တော့စိတ်သက်သာရာရသား
စိတ်သက်သာရာ ရတယ်သာပြောတာမကြားပါဘူး
ကော်ဖီလေး တစ်ငုံသောက်ပြီးတော့
ဘာ့လို့လည်း ငါ့ကျမှ ဘာ့လို့လဲဆိုတာတွေ။
ဘာမှ လုပ်မနေနဲ့တော့ ဘာမှ ဖြစ်လာမှာမဟုတ်တော့ဘူး။

#လွမ်းစိုင်

20/11/2022

ငါပို့သတဲ့
ချစ်ခြင်းမေတ္တာတွေက
လိပ်မူမပါလည်း
မင်းတစ်ယောက်တည်းစီကိုသာ
ရည်ညွှန်းတယ်။

ငါ့ နေ့တိုင်း နမ်းမယ့်
ပန်းလေးတစ်ပွင့်ဟာလည်း
မင်းနှုတ်ခမ်းလေးသာဖြစ်မယ်။

#လွမ်းစိုင်

20/11/2022

မင်းမျက်နှာလေး မြင်ရရင်ကို
ပျော်ရွှင်နေမိတဲ့ ငါ့စိတ်ပဲ
မင်းမျက်နှာလေးနဲ့မင်းစိတ်လေး
ပျော်နေရဖို့ကိုပဲ
ငါ့မှာ ပိုပြီး လိုလားမိတာပေါ့။

#လွမ်းစိုင်

16/11/2022

မြတ်နိုးရာလေးရေ
မင်းရဲ့ အပြုံးနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုက
ထပ်တူကျလို့နေတာပေါ့။
မင်းသာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အလေးထားရင်
မင်းအပြုံးတစ်ပွင်ရဲ့ တန်ဖိုးကို
မင်းသိလိမ့်မယ်။

#လွမ်းစိုင်

14/11/2022

ကိုယ့်အခက်အခဲက
တစ်ပါးသူအတွက်
ဟာသ တစ်ခုဖြစ်နေချိန်မှာ
ရှင်းမပြလိုက်တာကပဲ
ကိုယ့်အတွက် ပိုအဆင်ပြေခဲ့တယ်။
#လွမ်းစိုင်

14/11/2022

ပျော်ရွှင်ဖွယ်နိုးထရတဲ့
မနက်ခင်းလေး ဖြစ်ပါစေ
ကိုယ့်ရဲ့ မြတ်နိုးရာလေးရေ။

အဆင်မပြေမှုတွေကို
မင်းရဲ့လှပတဲ့ အပြုံးတွေအောက်
သိုဝှက်ဖို့ ကြိုးစားရတော့မှာမလား။

အဆင်ပြေပါစေ
ကိုယ့်ရဲ့ မြတ်နိုးရာလေးရေ။
မင်းစိတ်ရှိတဲ့ အခါတိုင်းမှာ
ကိုယ်က မင်းဘေးနားမှာလေ။

သုခဆိုလည်း အတူတူ
ဒုက္ခဆိုလည်း အတူတူပေါ့
ကိုယ်တို့ ဖြတ်သန်းကြရအောင်လေ။

#လွမ်းစိုင်

Want your public figure to be the top-listed Public Figure in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago