Kai Photo Studio

Kai Photo Studio

Share

Kai Photo studio is located in Bago. Our services are shooting Portrait Photos, Pre wedding photos etc...
if want to know detail, feel free to contact us.

17/04/2026

🎁 လက်ဆောင်ရယူဖို့ အဆုံးထိဖတ်ပေးနော် 🎁
မြန်မာနှစ်သစ်မှာ ဘေဘီလေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပိုင်ဆိုင်ချင်တဲ့ ဖေဖေမေမေတို့အတွက် Kai Photo Studio ကနေ အထူးလက်ဆောင်လေး ပေးဖို့ စီစဉ်ပေးထားပါတယ်။

🎁 မြန်မာနှစ်သစ်ကူး အထူးလက်ဆောင် - Newborn Photoshoot Package 🎁 လေး လက်ဆောင်ယူလိုက်ပါ။ (လက်ဆောင်အရေအတွက် ကန့်သတ်ထားပါတယ်။)
နှစ်သစ်မှာ သင့်ရဲ့ ချစ်ရတဲ့ ဘေဘီလေးအတွက် အကောင်းဆုံးလက်ဆောင်လေးတစ်ခုကို ဖန်တီးပေးလိုက်ပါ။

သတ်မှတ်ချက်များ

ဘေဘီလေးရဲ့ အသက်အရွယ် (၁) လအောက် ဖြစ်ရပါမယ်။

ဘယ်လိုချိတ်ဆက်မလဲ?
စိတ်ဝင်စားတဲ့ မေမေတို့အနေနဲ့ အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် -

📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန်: 09 777 843 194

💬 Messenger မှ စာပို့ရန်: Kai Photo (Bago) page ရဲ့ CB မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်။

နှစ်သစ်မှာ ဘေဘီလေးရဲ့ ချစ်စရာကောင်းတဲ့ အချိန်လေးတွေကို Kai Photo Studio မှာ အမှတ်တရ ဖြစ်အောင် ရိုက်ကူးပေးလိုက်ကြရအောင်။

Photos from Kai Photo Studio's post 15/04/2026

👶 Newborn photography အတွက် အဆင့်မြင့် Lighting နည်းပညာနဲ့ ဘေးကင်းလုံခြုံမှုကို အလေးပေးပြီး Workshop မှာ လက်တွေ့လေ့လာခဲ့သမျှလေးပါ။
➡️ ဒီပုံလေးကတော့ လက်တွေ့ Workshop ကနေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရလဒ်လေးပဲဖြစ်ပါတယ်။


#မွေးကင်းစ

Kai Photo (Bago)- 09777843194

Photos from Kai Photo Studio's post 10/04/2026

စတိုင်မျိုးစုံနဲ့ ဘေဘီလေးတွေ ။ ကြည့်ရတာ စိတ်ချမ်းသာ 😍

#ကလေးဓါတ်ပုံ #ပဲခူး
#ရက်၁၀၀

Kai Photo (Bago)- 09777843194

Photos from Kai Photo Studio's post 09/04/2026

ဘေဘီလေးတွေ တစ်ယောက်တစ်မျိုးနဲ့ ချစ်ဖို့ကောင်းနေချက် 🥰

#ပဲခူး #ကလေးဓါတ်ပုံဆိုင်

Kai Photo (Bago) - 09777843194

08/04/2026

https://www.facebook.com/share/p/1AZQ47x3kB/

👉 "လူတိုင်း သေချာ မသိကြသေးတဲ့ Baby Photography"

👶📸 Baby Photography ဆိုတာ ဘာလဲ။
အလွယ်ဆုံးပြောရရင်တော့ ကလေးဓါတ်ပုံရိုက်တာပေါ့။ ကလေးဓါတ်ပုံရိုက်တာ သိပ်မခက်ဘူးထင်တယ်ဆိုရင်တော့ ခုရေးထားတာလေးဖတ်ပြီးရင် Baby photography ရဲ့ ကြီးကျယ်ခမ်းနားမှုကို သဘောပေါက်သွားပါလိမ့်မယ်။

"စိတ်ရှည်ခြင်း"
ကလေးပုံရိုက်တဲ့အခါ စိတ်ရှည်ရှည်ထားနိုင်ဖို့လိုပါတယ်။ ကလေးဆိုတာ စိတ်ထဲရှိတဲ့အတိုင်း နေတတ်တာဖြစ်တဲ့အတွက် ဓါတ်ပုံရိုက်နေရင်းလည်း ထငိုရင် ငိုနေမှာပါ။ ဓါတ်ပုံရိုက်တော့မှ ဟိုဘက်လှည့်သွားတာ၊ လှုပ်သွားတာမျိုးလည်း ကြုံရတတ်တဲ့အတွက် ကလေးပုံရိုက်ရင် လိုချင်တာက ပုံအနည်းငယ်ဆိုပေမယ့် တကယ်ရိုက်ရတာက ပုံငါးဆယ်လောက် ဖြစ်ရင် ဖြစ်သွားတတ်ပါတယ်။ ကလေးပုံရိုက်ရင် စိတ်ရှည်ရှည်ထားနိုင်မှ အဆင်ပြေပါတယ်။

"ဘေးကင်းလုံခြုံခြင်း"
ဓါတ်ပုံရိုက်တဲ့အခါ ပုံကောင်းတစ်ခုရဖို့လည်း အရေးကြီးသလို ဘေဘီလေးတွေအတွက် အန္တရာယ်ကင်းလုံခြုံမှုရှိဖို့လည်း အရေးကြီးပါတယ်။ ဘေဘီလေးတွေအတွက် သုံးရတဲ့ပစ္စည်းတွေကအစ ပိုးကင်းစင်ပြီး သန့်ရှင်းနေရပါမယ်။ လှုပ်ရှားသွားလာနိုင်ပြီဖြစ်တဲ့ ဘေဘီလေးတွေဆို လျှောက်သွားရင်း မတော်တဆထိခိုက်မိတာမျိုး မရှိအောင် အမြဲတစေ ဂရုစိုက်ကြည့်နေပေးရပါတယ်။

"အထာသိခြင်း"
ဘေဘီလေးတွေရဲ့ အသက်အရွယ်ကိုလိုက်ပြီး ရိုက်ပေးရတဲ့ ပုံအမျိုးအစားလေးတွေလည်း ရှိပါတယ်။ မွေးကင်းစ နှစ်ပတ်အရွယ်လေးကို ရိုက်ပေးရတာနဲ့ ရက်တစ်ရာအရွယ်လေးကို ရိုက်ပေးရတာနဲ့ အနေအထားချင်း မတူပါဘူး။ မွေးကင်းစအရွယ်လေးဆိုတာ အရိုးအဆစ်လေးတွေက ပျော့ပြောင်းနေသေးတဲ့အတွက် အမိဝမ်းထဲက ထွက်ခါစပုံမျိုး ကိုယ်နေဟန်ထားကွေးကွေးလေးတွေနဲ့ ရိုက်ပေးလို့ရပါတယ်။ အနှီးစလေးတွေနဲ့ ထုပ်ပြီး ရိုက်ပေးရတာလည်း မွေးကင်းစအရွယ်လေးတွေပါပဲ။ သုံးလ ဒါမှမဟုတ် ရက်တစ်ရာဘေဘီလေးတွေကျတော့ အရိုးအဆစ်လေးတွေ ပြောင်းလဲလာတဲ့အတွက် မွေးကင်းစ ရိုက်ပေးရတဲ့ ကိုယ်နေဟန်ထားမျိုး ရဖို့ အဆင်မပြေတော့ပါဘူး။ ဒီအကြောင်းလေးတွေကို သိထားပါမှ ဘယ်အရွယ်လေးတွေဆို ဘယ်လိုပုံမျိုးလေးက ပိုသင့်တော်လဲဆိုတာ စဥ်းစားချင့်ချိန်ပြီး အဆင်ပြေပြေ ရိုက်နိုင်မှာဖြစ်ပါတယ်။

"ကိုယ်ပိုင် Idea နဲ့ ဆက်တင်တစ်ခု ဖန်တီးခြင်း"
Baby photo ရိုက်တဲ့အခါ ဟိုးအရင်ကလို အိပ်ယာပေါ်ပက်လက်ထားရိုက်တာမျိုး မဟုတ်တော့ပါဘူး။ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းလေးတွေ၊ ထိုင်ခုံလေးတွေ၊ နောက်ခံ background လေးတွေနဲ့ ကျကျနနလေး ဆင်ရိုက်ပေးတာမျိုးလေးဖြစ်သွားပါပြီ။

"Child Psychology ကို နားလည်ထားခြင်း"
ကလေးလေးတွေရဲ့ အသက်အရွယ်အလိုက် ပြုမူလှုပ်ရှားပုံတွေ၊ ပတ်ဝန်းကျင်ဆီက လေ့လာမှတ်သားပြီး တုံ့ပြန်ပုံတွေ နားလည်ထားရပါမယ်။ မွေးကင်းစလေးကို ချော့မြူပုံနဲ့ သုံးလအရွယ်လေးကို ချော့မြူပုံတောင် မတူပါဘူး။ ဒီသဘောတရားလေးတွေကို နားလည်သဘောပေါက်ထားရတာလည်း Baby photography အတွက် အထောက်အကူဖြစ်ပါတယ်။

"Mindset"
ဘေဘီလေးတွေကို ဓါတ်ပုံရိုက်တော့မယ်ဆိုရင် ဘေဘီလေးတွေကို ချစ်တတ်တဲ့စိတ်လေးလည်း ရှိရပါမယ်။ ကလေးတွေမှာလည်း အာရုံသိစိတ်ရှိတဲ့အတွက် ကိုယ်က မေတ္တာပေးနေမှန်း ဘေဘီလေးတွေက ခံစားလို့ရပါတယ်။

ဒါကတော့ Baby Photography နဲ့ ပတ်သက်ပြီး လူတိုင်း သေချာမသိသေးတာလေးတွေပါ။ နောက်ထပ်လည်း ဘယ်အရွယ်ဆို ဓါတ်ပုံရိုက်လို့ရပြီလဲ၊ ဘယ်အရွယ်ဆို ဘယ်လိုပုံမျိုးလေးမှ ပိုအဆင်ပြေသလဲ၊ ဓါတ်ပုံမရိုက်ခင် ဘေဘီလေးတွေရဲ့ ဖေဖေမေမေတို့နဲ့ ဘယ်လိုလေးတွေ ဆွေးနွေးတိုင်ပင်ရမလဲဆိုတာလေးတွေပါ သီးသန့် ထပ်ပြောပြဦးမှာဖြစ်လို့ ဆက်ဆက် စောင့်မျှော်ပေးကြပါဦးနော်။

07/04/2026

💖 ငွေတစ်သိန်းတန် Budget Prewedding Package 💖
- ဒီခေတ်ကြီးထဲမှာ ရှိသေးတာလားဆို ရှိပါသေးတယ်။
💵 ငွေကုန်ကြေးကျ အများကြီးမတတ်နိုင်သူတွေအတွက် ဆိုင်က အထူးစီစဥ်ပေးထားတဲ့ Budget Prewedding Package လေးဖြစ်လို့ လက်ထဲ ငွေ တစ်သိန်း ရှိရုံနဲ့ ရိုက်လို့ရနေပါပြီ။
#ပဲခူး

Kai Photo (Bago)- 09777843194

06/04/2026

သင့်ရင်သွေးလေးရဲ့ ကြီးထွားမှုခရီးစဉ်ကို အနုပညာမြောက်စွာ မှတ်တမ်းတင်လိုက်ပါ။ 🎞️

ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်ဟာ ပြန်မရနိုင်တဲ့ ရတနာတွေပါ။ အဲဒီအခိုက်အတန့်တွေကို အလှပဆုံး ပုံဖော်ပေးဖို့ Kai Photo Studio က စောင့်ကြိုနေပါတယ်။

✅ Newborn Photography
✅ 100 Days Milestones
✅ Birthday Portrait
#ပဲခူး #ကလေးဓါတ်ပုံ

Kai Photo (Bago)- 09777843194

Photos from Kai Photo Studio's post 05/04/2026

Newborn Photography ရိုက်ကူးရာမှာ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံမှုက အဓိကမို့... Family & Baby က မငယ်နဲ့ ကိုဂျွန်တို့ဆီကနေ Newborn ပညာရပ်တွေကို စနစ်တကျ ထပ်မံလေ့လာဖြစ်ခဲ့ပါတယ်။ 👶✨

သိထားသင့်တဲ့ Dos & Don'ts တွေအပြင် အဖိုးတန် Knowledge တွေ အများကြီး ရရှိခဲ့သလို၊ ဝါသနာတူ မိတ်ဆွေသစ်တွေနဲ့လည်း ဆုံခွင့်ရခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ Quality နဲ့ Professional ဆန်တဲ့ Newborn Photography ဝန်ဆောင်မှုတွေနဲ့ မကြာခင် ပြန်တွေ့ကြမယ်နော်။ ❤️"

Kai Photo (Bago)- 09777843194

Photos from Kai Photo Studio's post 04/04/2026

ရက်တစ်ရာ သားသားလေးရဲ့ ချစ်ဖို့ကောင်းနေမှု 😍

#ကလေးအလှပုံ #ပဲခူး

Kai Photo(Bago)- 09777843194

Photos from Kai Photo Studio's post 03/04/2026

Family Photo လေးကို ဒုတိယအကြိမ်လာအားပေးသွားလို့ ကျေးဇူးပါ 😍



Kai Photo (Bago)- 09777843194

Photos from Kai Photo Studio's post 02/04/2026

💦 သင်္ကြန်မှာ တရားအားထုတ်မလား၊ ရေကစားမလား၊ ကမ်းခြေသွားမလား၊ အိမ်မှာပဲ စာအုပ်လေးဖတ်ပြီးနှပ်နေမလား . . . 🥰

#ကလေးဓါတ်ပုံ #ပဲခူး

Kai Photo (Bago)- 09777843194

02/04/2026

Kai Photo ဆိုင်ရဲ့ ယာယီဆိုင်လိပ်စာလေးပါ။
လမ်းညွှန်မြေပုံမှာ အဝါရောင်လေးပြထားပါတယ်။
အမှတ် ၄၁ ၊ သခင်ဖိုးလှကြီးလမ်း၊ မဟာမြိုင်၊ နာရီစင်မုန့်ဟင်းခါးဆိုင်အနီး ။

09777843194

Want your business to be the top-listed Photography Service in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mahar Myaing Road
Bago

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00