Myanmar Han
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Han, Hotel resort, 33-B Kyauk Pa Daung-Nyaung Oo Highway, Near Mt. Tu-Yin Taung, Bagan.
01/04/2026
ခရီးသွားရာသီမှာ စိတ်တိုင်းကျ အခန်းရှာရခက်တာနဲ့ ဈေးနှုန်းတွေ ခဏခဏ ပြောင်းနေတာကြောင့် ခရီးအတွက် စီစဉ်ရတာ ခေါင်းရှုပ်နေပြီလား❓
မြန်မာဟန်မှာဆိုရင်တော့ တည်ငြိမ်တဲ့ အခန်းဈေးနှုန်းတွေနဲ့အတူ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာ ဖြစ်လို့ စိတ်အေးချမ်းသာစွာ အနားယူတည်းခိုနိုင်ပါတယ်နော် 🤍
💎 Superior - 60,000 MMK
💎 Superior Triple - 65,000 MMK
💎 Deluxe - 70,000 MMK
💎 Deluxe Triple - 85,000 MMK
💎 Deluxe Family - 95,000 MMK
ပုဂံခရီးစဉ်မှာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်ဖို့ မြန်မာဟန်ကို အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ✨️
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
24/03/2026
နွေဝင်လာပြီဆိုတော့ ပုဂံမြေရဲ့ အပူရှိန်ကလည်း သိသိသာသာ တိုးလာပြီနော် 🔥
Myanmar Han ရဲ့ ကြည်လင်အေးမြတဲ့ ရေကူးကန်လေးမှာ ဘုရားဖူးပြီး ပြန်လာတဲ့အခါဖြစ်ဖြစ်၊ ညနေခင်း အနားယူချိန်မှာဖြစ်ဖြစ် စိမ်ပြီး ပင်ပန်းသမျှကို ဖြေဖျောက်လိုက်မယ်ဆိုရင်တော့ နွေရာသီ ပုဂံခရီးစဉ်လေးက ပြည့်စုံသွားပြီပေါ့ ♡
နွေအပူကို မေ့သွားစေမယ့် အပန်းဖြေမှုလေးအတွက်ဆိုရင် မြန်မာဟန်ကို အခုပဲ လှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
20/03/2026
ခေတ်ပေါ်စားသောက်ဆိုင်တွေ ဘယ်လောက်ပဲ ကောင်းကောင်း တစ်ခါတစ်လေမှာ ငယ်ငယ်က စားခဲ့ဖူးတဲ့ ရိုးရှင်းပြီး အနံ့မွှေးတဲ့ အညာအရသာစစ်စစ်ကို လွမ်းမိတတ်ကြတယ်မဟုတ်လား? 𓇢𓆸
အညာသားတို့ရဲ့ စေတနာပါပါ ချက်ထားတဲ့ လက်ရာလေးက ဗိုက်ဝရုံတင်မဟုတ်ဘဲ တောရွာဓလေ့စစ်စစ်ကိုပါ ရင်ထဲထိ ခံစားသွားရစေမှာပါ 🍛💗
ဒီလို အညာအရသာတွေနဲ့အတူ စိတ်အေးချမ်းသာစွာ အနားယူဖို့ တုရင်တောင်ခြေက မြန်မာဟန်ကို အခုပဲ လှမ်းလာခဲ့လိုက်နော် ♡
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
#မြေအိုးထမင်း
04/03/2026
ပုဂံကို လာတာ ဘုရားပဲဖူးပြီး ပြန်ကြတာလား ❓
နေပူပူမှာ လည်ပတ်ပြီး ပင်ပန်းနေချိန်မှာ အေးမြလတ်ဆတ်တဲ့ ထန်:ရည်ချိုချိုလေးကို မမြည်းစမ်းရဘူးဆိုရင် ပုဂံခရီးစဉ်က ဘယ်လိုလုပ် အနှစ်သာရ ရှိပါတော့မလဲနော်
ထန်းရည်လေးသောက်ပြီး ထန်းတောလေပြေလေးကို အမောပြေ ရှူရှိုက်ချင်တယ်ဆိုရင်တော့ ပုဂံကိုလာရင်း Myanmar Han ကို အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ✨
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
#ထန်းရည် #ထန်းတော #တုရင်တောင်
02/03/2026
နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပင်ပန်းပန်း စိုက်ပျိုးထုတ်လုပ်ပေးနေကြတဲ့ နိုင်ငံရဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ Myanmar Han က လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ် .☘︎ ݁˖
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
#တောင်သူလယ်သမားနေ့
27/02/2026
သစ်ရွက်ဝါတွေ ကြွေလွင့်ပြီး သစ်လွင်တဲ့ အဖူးအငုံတွေနဲ့အတူ ပုဂံရဲ့ ရာသီဥတုဟာ ဆွဲဆောင်မှုအရှိဆုံး အချိန်ကို ရောက်ရှိလို့နေပါပြီ 🍃
ဒီအချိန်မှာ ပုဂံကို လာမယ်ဆိုရင်...
သရဖီနံ့လေးတွေက သင်းပျံ့ပြီး လက်ပံပွင့်နီနီတွေကလည်း လမ်းတစ်လျှောက်မှာ ကြိုဆိုနေပါလိမ့်မယ် 🌺
နေခြည်နွေးနွေးအောက်မှာ ပန်းရနံ့လေးတွေကို ရှူရှိုက်ရင်း တုရင်တောင်ခြေက တိုက်ခတ်လာတဲ့ လေပြေအေးအေးကို ခံစားဖို့ Myanmar Han မှာ အခုပဲ ဘိုကင်တင်လိုက်နော် ✅
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
#တပေါင်းလ
17/02/2026
တရုတ်နှစ်သစ်ကူး အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပြီး လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းပါစေလို့ Myanmar Han မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 💖
Gong Xi Fa Cai! ⋆✴︎˚。⋆
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
12/02/2026
ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို Myanmar Han မိသားစုမှ အလေးအမြတ်ထားပြီး ဂုဏ်ပြုလိုက်ပါတယ် 💝
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
#ပြည်ထောင်စုနေ့
31/01/2026
ဖေဖော်ဝါရီလရဲ့ ပိတ်ရက်ရှည်ကို အိမ်မှာပဲ ဖုန်းပွတ်ပြီး အချိန်တွေ ကုန်ဆုံးပစ်တော့မလို့လား? 💤
နှစ်သစ်စတည်းက အလုပ်တွေ ပင်ပန်းသမျှကို တစ်ဖန် Reset ထပ်ချဖို့ စိတ်နဲ့ ခန္တာက တောင်းဆိုနေပြီဆိုရင်တော့ အကောင်းဆုံးကုထုံးက ပုဂံမြေရဲ့ အေးချမ်းမှုပါပဲ 🍃♥️
တုရင်တောင်ခြေက လေပြည်အေးအေးလေးနဲ့အတူ ပုဂံရဲ့ နေဝင်ချိန်အလှကို ခံစားရင်း ၂၀၂၆ ရဲ့ ကျန်တဲ့ လတွေအတွက် Myanmar Han မှာ အနားယူပြီး အားအင်တွေ ဖြည့်လိုက်ရအောင် ❤🏔️
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 - 260 599 525
#တုရင်တောင်
28/01/2026
နတ်လှောင်ကျောင်းဟာ အနော်ရထာမင်းကြီးက နတ်ကိုးကွယ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ နတ်တွေကို လှောင်ပိတ်ထားတဲ့နေရာဆိုတဲ့ ပါးစပ်ရာဇဝင်ကြောင့် လူသိများလာခဲ့ပေမယ့် အမှန်တကယ်တော့ ဗိဿနိုးနတ်မင်း လဲလျောင်းနေပုံကို အစွဲပြုထားတာကြောင့် “နတ်လျောင်းကျောင်း” လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
တမီလ်ဘာသာ ကျောက်စာအရ (၁၁) ရာစုမှာ လေးထောင့်အုတ်တိုက်အဖြစ် တည်ဆောက်ခဲ့ပြီး အတွင်းမှာ ဗိဿနိုးနတ်မင်းရုပ်ထုများ၊ အပြင်နံရံတွေမှာ ဆယ်ဘဝဖြစ်စဉ်ကို ထုလုပ်ဖော်ပြထားပါတယ်။ ဝင်ဝင်ချင်းမှာတော့ အနန္တနဂါးပေါ် လဲလျောင်းနေတဲ့ ဗိဿနိုးနတ်မင်းရုပ်ထုကြီးနဲ့အတူ ဗြဟ္မဏနတ် (၃) ပါးကိုပါ ဖူးမြော်နိုင်ပါတယ်။
နတ်လျောင်းကျောင်းဟာ သဗ္ဗညုဘုရားကြီး အနောက်ဘက်မှာ တည်ရှိပြီး ငလျင်ဒဏ်ကြောင့် လက်ရှိအချိန်မှာတော့ ခပ်လှမ်းလှမ်းကနေပဲ လေ့လာဖူးမြော်နိုင်ပါတယ်။
Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525
#နတ်လှောင်ကျောင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
33-B Kyauk Pa Daung-Nyaung Oo Highway, Near Mt. Tu-Yin Taung
Bagan