Maw
ပုဂံရောက်အမှတ်တရလက်ဆောင်များ
16/11/2021
"မော်" ရှားစောင်းလက်ပတ်ချက်ဆေးများ ပြန်လည် အားပေးနိုင်ပါပြီရှင် 🙆♀️💕
ကုန်ကြမ်း စျေးတက်မှုများနဲ့ ထုပ်ပိုးပစ္စည်း ပြတ်လပ်မှု အခက်အခဲများကြောင့် ချက်ဆေးထုတ်လုပ်မှု ခေ တ္တ ရပ်နားထားခဲ့ရတဲ့အတွက် အားနာပါတယ်ရှင်။
ကျွန်မတို့ရဲ့ ချက်ဆေးကိုပဲ ဝယ်ယူအားပေးချင်လို့ စောင့်ဆိုင်းနေသူ ချစ်မိတ်ဆွေများကိုလည်း ကျေးဇူး အထူးတင်ပါတယ်ရှင့်။
ချက်ဆေးလေးတွေကို စားသုံးရ လွယ်ကူစေရန် ရည်ရွယ်ချက်နဲ့ ထန်းလျက်လုံး ပုံစံလေးတွေ ပြုလုပ် ထုပ်ပိုးပေးထားပါတယ်ရှင့်။
Page messenger နှင့် ဖုန်းနံပါတ် 09-259112299 မှ ဆက်သွယ်မှာယူနိုင်ပါပြီရှင်။ ညောင်ဦးမြို့တွင်း deli free နှင့် အမြို့မြို့ အနယ်နယ် မှလည်း မှာယူနိုင်ပါတယ်ရှင်။
ဗူးသေး ၃၀၀၀
ဗူးကြီး ၅၀၀၀
(ဘယ်သူ စျေးတက်တက် တို့ မတက်သေးဘူးနော် 😘)
ဆိုင်ဖွင့်မည့်ရက်ကို ပြန်လည်ကြေညာပေးသွားပါမည်။
အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😇
မနက်ဖြန် ဆိုင်ပိတ်ပါသည်
04/07/2021
ဆိုင်ဖွင့်ပွဲ တစ်လပြည့် အထိမ်းအမှတ် အလှူဒါနလေးပြုခဲ့ပါသည် 😊
ချစ်မိတ်ဆွေများ အားလုံးလဲ ကုသိုလ်ထပ်တူ ရ၍ ကျန်းမာရွှင်လန်းကြပါစေရှင် 🙏🙏🙏
18/06/2021
မနက်ဖြန် အမေ့မွေးနေ့လေးမှာ ဆိုင်တွင် လာရောက်စားသုံးသူ မိတ်ဆွေများအားလုံးကို ရှယ်ကော်ဖီပူပူလေး ☕ FOC (အခမဲ့) ပေးမှာ ဖြစ်ပါတယ်ရှင်... 🤗
ချစ်မိတ်ဆွေများ လာရောက်အားပေးကြဖို့ မမေ့နဲ့ဦးနော် 🥰
#အမေ အသက်ရှည်၊ ကျန်းမာ ၊ စိတ်ချမ်းသာပါစေ 🙏
17/06/2021
Menu အသစ် ပလာတာသုပ်က စရောင်းတဲ့ နာရီဝက် အတွင်းကုန်သွားလို့ နောက်လာမေးလို့မရောင်းလိုက်ရတဲ့မိတ်ဆွေများကို အားနာပါတယ်ရှင် ၊၊
အမြဲ Positive Review တွေပဲရနေရအောင် ကြံဖန်လုပ်ရေးနေတာလား ထင်စရာရှိပါမယ်
တကယ်နောက်ကွယ်က ကျွန်မတို့ရောင်းတော့မယ်ဆိုရင်
⭐အရင်ဆုံး study & research လုပ်ရပါတယ် ( ချက်ပြုတ်နည်း၊ တည်ခင်းနည်း၊ သန့်ရှင်းအောင်ထိန်းသိမ်းနည်း စသဖြင့်ပေါ့...)
⭐ ပြီးရင် မိတ်ဆွေတွေရဲ့ အကြံပေး၊လမ်းညွှန်ချက်တွေကို နားထောင်ပြီး ဂရုတစိုက်ပြင်ရပါတယ်
⭐ ကုန်ကြမ်းရွေးချယ်ဝယ်ယူနည်း (ဘယ်ဆီက သန့်တယ်၊ ဘယ်အသားကလတ်တယ်၊ ပဲမှုန့်ကအစ တခုချင်း Details လေ့လာပြီး ဝယ်ယူပါတယ်)
⭐ မိတ်ဆွေတို့အတွက် ရောင်းတမ်းမတင်ခင် testing အရင်မြည်းစမ်းရပါတယ် (အိမ်မှာက Foodies တွေချည်းပဲမို့ သူတို့ approved မလုပ်မချင်းရောင်းဖို့မဖြစ်ပါဘူး😅)
⭐ နောက်ဆုံး feedback တွေကိုပြန်နားထောင်ပါတယ် ( ဆိုင်နာမည်တက်လာတာက customer တွေရဲ့စကားကိုအလေးထားဂရုစိုက်ပြီး နားထောင်ပြင်ဆင်လို့ပါ၊ ဘယ်မြို့က ဘာအစားသောက်နာမည်ကြီးတယ်ဆိုပေမဲ့ သူ့အတိုင်းလိုက်လုပ်လို့ အဆင်မပြေပြန်ပါဘူး၊ ကာလံဒေသံ ကွာခြားချက်အရ ကိုယ့်မြို့ရဲ့အကြိုက်ကို ပြင်ဆင်နိုင်ဖို့က အဓိကအကျဆုံးပါပဲရှင်)
ယခု ဝမ်းနည်းအားနာစွာကြေငြာရမှာက ကျွန်မတို့ဆိုင်ရဲ့ Quality Control နဲ့ ကုန်ကြမ်းပြန်စိစစ်ဖို့အတွက် မနက်ဖြန်တစ်ရက် ပိတ်ခွင့်ပြုပါရှင်
စားသုံးသူမိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
မုန့်ပြားသလက်သုပ် ၅၀၀ ကျပ်
မုန့်တီ၊ မုန့်ဟင်းခါး၊ ၈၀၀ ကျပ်
ခေါက်ဆွဲသုပ်
အုန်းနို့ခေါက်ဆွဲ ၉၀၀ ကျပ်
ပလာတာသုပ် ၁၀၀၀ ကျပ်
🏬 MPT ရုံးဝန်း
☎️ 09-259112299
16/06/2021
💐ပန်းသတင်း လေညှင်းဆောင်သလို လူသတင်း လူချင်းဆောင်တယ်တဲ့ ☺️
ကျွန်မတို့ဆိုင်ရဲ့ အစားအသောက်နဲ့ဝန်ဆောင်မှု အပေါ်ကြိုးစားအားထုတ်မှုကို မိတ်ဟောင်းတွေက ကောင်းသတင်းတွေ ဆောင်ကျဉ်းပေးတာကြောင့် မိတ်သစ်တွေ အများကြီးရရှိခဲ့ပါတယ်
🙏ကျေးဇူးအထူးတင်ရပါတယ်ရှင်🙏
နောက်တစ်ခုကတော့ ဆိုင်ကိုနေ့တိုင်းလာအားပေးတဲ့သူတွေ ရိုးအီလာမှာဆိုးလို့ Menu 2 ခု ထပ်တိုးပါတယ်နော်
⭐ မုန့်ပြားသလက်သုပ် ၅၀၀
⭐ ပလာတာသုပ် ၁၀၀၀
မနက်ဖြန်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်
🏬 MPT ရုံးဝန်း
☎️ 09-259112299
13/06/2021
Super Sunday မှာ မိုးအေးအေးနဲ့အိမ်မှာကွေးကောင်းနေလို့ မနက်စာလွတ်မှာမပူပါနဲ့ ဆိုင်က ၁၂ နာရီထိဖွင့်ပါတယ်ရှင့်
ဖုန်းတချက်ဆက်လိုက်ရုံနဲ့လဲ လာပို့ပေးဦးမှာပါနော်
🏬 MPT ရုံးဝန်း
☎️ 09-259112299
12/06/2021
မိုးအေးအေး + မနက်စာကောင်းကောင်း + ကော်ဖီပူပူ ☕ = Perfect Morning
တစ်နေ့တာ ပင်ပန်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ မနက်စာကောင်းကောင်းက အရမ်းအရေးကြီးပါတယ်နော်
(Admin က တော့ မနက်စာမကောင်းရင် တစ်နေကုန်စိတ်မကြည်တော့တာ) 🥴
11/06/2021
မိတ်ဆွေများရဲ့ အကြံပေးတောင်းဆိုမှုများကြောင့် အုန်းနို့ခေါက်ဆွဲ၊ မုန့်တီသုပ်၊ မုန့်ဟင်းခါးသုပ် နှင့် ခေါက်ဆွဲသုပ်များကို
🌅မနက် ( ၆နာရီ မှ ၁၂နာရီအထိ ) ဝယ်ယူအားပေးနိုင်ပါပြီ
ကျန်းမာရေးဦးစားပေးပြီး ချက်ပြုတ်ထားတာမလို့ ကုန်ကြမ်းနဲ့ သန့်ရှင်းရေးကိုတော့ စိတ်ချပါရှင့်
ဖုန်းဆက်လိုက်တာနဲ့ လာပို့ပေးမှာဆိုပေမယ့် ဆိုင်မှာဆိုရင် မိတ်ဆွေတို့ ကျန်းမာရေးနဲ့ privacy အတွက် တစ်ခုံနှင့် တစ်ခုံ အဝေးကြီးမှာ ထားထားပြီး ရေတမာပင်ရိပ်အေးအေးလေးအောက်မှာ Wi-Fi free သုံးရင်း အေးဆေးထိုင်လို့ရတာမို့ ဆိုင်လာစားဖို့ Recommend ပေးပါတယ် ( admin အကြိုက်ဆုံးကတော့ ဟင်းရည်စိတ်ကြိုက် ထပ်တောင်းလို့ရတာပါပဲ😁)
🏬 MPT ရုံးဝန်းအတွင်း
☎️ 09-259112299
အသုပ်တစ်ပွဲ ၈၀၀
အုန်းနို့ခေါက်ဆွဲ တစ်ပွဲ ၉၀၀
08/06/2021
အစားကောင်း စားရရင် ကိုယ် ချစ်ခင်ရတဲ့သူတွေကို သတိရတတ်ကြတယ်တဲ့ ❣️
သင်ရော မော့် လက်ရာလေးကို စားမိပြီး ဘယ်သူတွေကို သတိရမိသွားလဲ ??? 😋💛
07/06/2021
ပုဂံမြို့မှ ချစ်မိတ်ဆွေများရှင်...🤗
မနက်ဖြန် ပုဂံကို အုန်းနို့ခေါက်ဆွဲ အော်ဒါရှိတဲ့အတွက် အုန်းနို့ခေါက်ဆွဲချစ်သူများ deli free ဖြင့် ကြိုတင် မှာယူနိုင်ပါပြီရှင် 🙆♀️
အုန်းနို့ခေါက်ဆွဲ တစ်ပွဲ- ၈၀၀ ကျပ်
📲09-259112299
Click here to claim your Sponsored Listing.
Category
Website
Address
Anawyahtar Street
Bagan
Opening Hours
| Monday | 06:00 - 18:00 |
| Tuesday | 06:00 - 18:00 |
| Wednesday | 06:00 - 18:00 |
| Thursday | 06:00 - 18:00 |
| Friday | 06:00 - 18:00 |
| Saturday | 06:00 - 18:00 |
| Sunday | 06:00 - 18:00 |