KMD Aung Lan
To improve the knowledge and education
03/03/2025
-Computer နွေရာသီသင်တန်းလေးတွေတက်ရောက်ချင်တဲ့ ကလေးများအတွက် နွေရာသီသင်တန်းလေးတွေ စတင်ဖွင့်လှစ်နေပါပြီနော်
ကွန်ပျုတာပညာကို အခြေခံမှစ၍ စနစ်တကျ လေ့လာချင်သူများနဲ့လုပ်ငန်းခွင်ဝင်ရောက်လိုသူများအတွက် 𝗠𝗶𝗰𝗿𝗼𝘀𝗼𝗳𝘁 𝗢𝗳𝗳𝗶𝗰𝗲 (𝗕𝗮𝘀𝗶𝗰) အတန်းကို KMD Computer Centre Aunglan တွင်တတ်ရောက်နိုင်ပါပြီရှင့်
AI နည်းပညာ အသုံးပြုပုံများကိုလည်း ထည့်သွင်း သင်ကြားပေးမှာ ဖြစ်ပြီး
ဒီသင်တန်းတွင် Computer အခြေခံမရှိသူများမှ စပြီးလေ့လာသင်ယူနိုင်ရန် Typing ၊ Mouse Skill မှစ၍ ရုံးသုံး Software များဖြစ်သည့် Microsoft Word, Microsoft Excel, Microsoft PowerPoint, Using Internet, Adobe PageMaker များကို ကျွမ်းကျင်စွာ တက်မြောက်သည်အထိသင်ကြားပေးမှာဖြစ်ပါတယ်ရှင့် သင်တန်းပြီးဆုံးပါက နိုင်ငံတကာအရည်အေသွးမီ ISO 9001:2015 လက်မှတ်ရ Certificate. ကိုပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်
- KMD Computer Centre
- Aunglan
- 09420733528
- 09400022334
KMD Aunglan သင်တန်းများအားလုံးယာယီပိတ်ထားမည်ဖြစ်ပါသည်။သင်တန်းပြန်ဖွင့်မည့်ရက်အားအကြောင်းကြားပေးပါမည်။
COVID–19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း KMD Computer Centre (Aung Lan) သင်ကြားမှု (10.1.2021) ပြန်လည်စတင်ခြင်း
===============================
COVID -19 ကပ်ရောဂါကြောင့် ပညာရေးအတွက်အဟန့်အတား မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် KMD (Aung Lan)အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသော လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ သင်တန်းများကိုပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
ထို့ကြောင့် KMD Computer Centre (Aung Lan) မှ
သင်တန််းသူ၊သင်တန်းသားများ၏ ကျန်းမာရေးနှင့် ပညာရေးနှစ်ဖက်လုံးကို ထည့်သွင်းစဉ်းစားပြီးအောက်ပါအတိုင်းစီစဉ်ဆောင်ရွက်ပေးထားပါသည်။
✅သင်တန်းအဝင်အထွက်ဆိုင်ရာစီစဉ်ထားရှိမှုများ
• သင်တန်းအတွင်းသို့ ဝင်ရောက်မည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ ဝင်ထွက်ခွင့်ပြုခြင်း၊
• သင်တန်းအတွင်းတွင်လည်း နှာခေါင်းစည်း (Mask) ကို တပ်ဆင်ထားမှသာ သွားလာခွင့်ပြုခြင်း၊
• လက်များသန့်စင်ဆေးကြောရန် လက်ဆေးကန်များ၊ Hand Sanitizer များကို ထားရှိပေးထားခြင်း၊
✅စာသင်ခန်းများ နှင့် စာသင်ခန်းသုံးပစ္စည်းများဆိုင်ရာစီစဉ်ထားရှိမှုများ
• ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ စာသင်ခုံများကိုထားရှိပေးခြင်း၊
• စာသင်ခန်းများအတွက် အတန်းတစ်တန်းနှင့် တစ်တန်းလဲသည့်အချိန်တွင် အသုံးပြုပစ္စည်းများဖြစ်သော တံခါးလက်ကိုင်၊ စားပွဲ၊ ထိုင်ခုံ၊ Mouse၊ Keyboard၊ Monitor ၊ White board၊ Marker အစရှိသော စာသင်ခန်းသုံးပစ္စည်းများကို သန့်ရှင်းရေး နှင့် ပိုးသတ်ခြင်းများ ပြုလုပ်ပေးခြင်း၊
• စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား 6 ယောက်ထက်မပိုစေရန် 6 ပေအကွာ စီမံထားရှိခြင်း၊
• ဆရာ/ဆရာမများ မှစာသင်ကြားရာတွင် mask များတပ်ဆင်၍ သင်ကြားခြင်း၊
• နေမကောင်းသော ကျောင်းသား၊ကျောင်းသူများနှင့် ဆရာမ များအားလည်း သင်တန်းသို့မလာစေဘဲမိမိအိမ်တွင်သာ အနားယူစေခြင်း၊ယခင်သင်ကြားဆဲ ကျောင်းသား/သူ မှာလည်း မိဘအုပ်ထိန်းသူခွင့်ပြုရန်လိုပါသည်။မိဘအုပ်ထိန်းသူမှာခွင့်မပြုပါကဆက်လက်ရပ်နားထားနိုင်ပြီး သင်ကြားရန်ကျန်ရှိဘာသာရပ်များအား စိတ်မပူစေပဲ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရမည့်အချိန်တွင်စနစ်တကျပြန်လည်သင်ကြားပေးမည်ဖြစ်ပါသည်။ကျောင်းသား/သူ များတွင် ရောဂါအခံရှိခြင်း၊မိမိအိမ်တွင် သက်ကြီးရွယ်အိုလူကြီးမိဘရှိပါက သင်တန်းတတ်ရောက်ခွင့်မပြုပါ။
သင်တန်းသား၊သင်တန်းသူများ၏ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုများကို အကောင်းဆုံးဖြစ်အောင် စီမံထားပါတယ်ရှင်။
COVID-19 ကပ်ရောဂါကြောင့် သား၊သမီးများ၏ ပညာရေးကို စိုးရိမ်ပူပန်နေသော မိဘများအတွက် အထက်ပါ စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ်ထားပါသဖြင့် KMD Computer Centre တွင် အပူအပင်ကင်းစွာ ပညာသင်ယူနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။
=====================================
!!Think High, Aim Big, Get Knowledge, Join KMD!!
=====================================
☎ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက- ☎
Computer Centre (Aung Lan)
ဖုန်း-09400022334
-09420733528
13/10/2020
ယနေ့ အောင်လံပြည်သူဆေးရုံတွင် အလှူငွေနှင့်Mark များလှူတန်းချင်း၊မြို့ပေါ်ရပ်ကွက်များရှိစစ်ဆေးရေးဂိတ်များ၊ရွှေညောင်ပင်၊မိုးကောင်းစစ်ဆေးရေးဂိတ်များ၊တိုးဂိတ်၊အ,ထ,က (၁) Qစင်တာများတွင် တာဝန်ထမ်းဆောင်ပေးနေသောရှေ့တန်တိုက်စစ်မှုးများဆီသို့ Mark များတတ်နိုင်လောက်အရောက်သွားရောက်လှူတန်းခဲ့ပါတယ်။တကယ်ကိုအောင်လံကိုကာကွယ်ပေးနေတဲ့တိုက်စစ်မှုးတွေမှာလိုအပ်ချက်တွေအများကြီးတွေ့ ခဲ့ရပါတယ်။ဒါကြောင့် မိသားစု၊သူငယ်ချင်းမိတ်ဆွေများ၊တတ်နိုင်သလောက်သွားရောက်လှူတန်းပေးကြပါလို့နိုးဆော်လို့ပါတယ်။အောင်လံမြို့ကြီးအမြန်ဆုံးကျန်းမာပါစေ🙏🙏🙏🙏🙏
KMD Aunglan သင်တန်းများအားလုံးယာယီပိတ်ထားမည်ဖြစ်ပါသည်။
ကလေးလေးတွေအားလုံး အောင်မြင်ကြပါစေ။ဂုဏ်ထူးတွေအများကြီးနဲ့အောင်ကြပါစေလို့ KMD မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်👨🎓👨🎓💪💪👏👏👏👏🙏🙏🙏
02/06/2020
ဒီနေ့ သင်တန်းပြန်ဖွင့်ဖြစ်တယ် အလုပ်လုပ်နေရတာ ကောင်းလိုက်တာ အချိန်တွေကုန်မှန်းမသိကုန်သွားတယ် ကလေးတွေလည်းချစ်ဖို့ကောင်းလိုက်တာ ဖွင့်ပြီဆိုတာနဲ့ အတန်းစုံ လူစုံလာတက်ကြတယ် သင်တန်းဖွင့်မဲ့အချိန်စောင့် ဖုန်းတွေဆက်ပြီး အတန်းသစ်တက်ဖို့စောင့်နေတဲ့ကလေးတွေလည်း အားနာပါတယ်နော် အမြန်ဆုံး အချိန်ညှိပြီးဖွင့်ပေးပါမယ် 🙂🙂🙂,
COVID–19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း KMD Computer Centre (Aung Lan) သင်ကြားမှု ဆိုင်ရာစီစဉ်ထားရှိမှုများ
===============================
COVID -19 ကပ်ရောဂါကြောင့် ပညာရေးအတွက်အဟန့်အတား မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် KMD (Aung Lan)အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသော လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ သင်တန်းများကိုပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
ထို့ကြောင့် KMD Computer Centre (Aung Lan) မှ
သင်တန််းသူ၊သင်တန်းသားများ၏ ကျန်းမာရေးနှင့် ပညာရေးနှစ်ဖက်လုံးကို ထည့်သွင်းစဉ်းစားပြီးအောက်ပါအတိုင်းစီစဉ်ဆောင်ရွက်ပေးထားပါသည်။
✅သင်တန်းအဝင်အထွက်ဆိုင်ရာစီစဉ်ထားရှိမှုများ
• သင်တန်းအတွင်းသို့ ဝင်ရောက်မည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ ဝင်ထွက်ခွင့်ပြုခြင်း၊
• သင်တန်းအတွင်းတွင်လည်း နှာခေါင်းစည်း (Mask) ကို တပ်ဆင်ထားမှသာ သွားလာခွင့်ပြုခြင်း၊
• လက်များသန့်စင်ဆေးကြောရန် လက်ဆေးကန်များ၊ Hand Sanitizer များကို ထားရှိပေးထားခြင်း၊
✅စာသင်ခန်းများ နှင့် စာသင်ခန်းသုံးပစ္စည်းများဆိုင်ရာစီစဉ်ထားရှိမှုများ
• ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ စာသင်ခုံများကိုထားရှိပေးခြင်း၊
• စာသင်ခန်းများအတွက် အတန်းတစ်တန်းနှင့် တစ်တန်းလဲသည့်အချိန်တွင် အသုံးပြုပစ္စည်းများဖြစ်သော တံခါးလက်ကိုင်၊ စားပွဲ၊ ထိုင်ခုံ၊ Mouse၊ Keyboard၊ Monitor ၊ White board၊ Marker အစရှိသော စာသင်ခန်းသုံးပစ္စည်းများကို သန့်ရှင်းရေး နှင့် ပိုးသတ်ခြင်းများ ပြုလုပ်ပေးခြင်း၊
• စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား 6 ယောက်ထက်မပိုစေရန် စီမံထားရှိခြင်း၊
• ဆရာ/ဆရာမများ မှစာသင်ကြားရာတွင် mask များတပ်ဆင်၍ သင်ကြားခြင်း၊
• နေမကောင်းသော ကျောင်းသား၊ကျောင်းသူများနှင့် ဆရာမ များအားလည်း သင်တန်းသို့မလာစေဘဲမိမိအိမ်တွင်သာ အနားယူစေခြင်း။
သင်တန်းသား၊သင်တန်းသူများ၏ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုများကို အကောင်းဆုံးဖြစ်အောင် စီမံထားပါတယ်ရှင်။
COVID-19 ကပ်ရောဂါကြောင့် သား၊သမီးများ၏ ပညာရေးကို စိုးရိမ်ပူပန်နေသော မိဘများအတွက် အထက်ပါ စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ်ထားပါသဖြင့် KMD Computer Centre တွင် အပူအပင်ကင်းစွာ ပညာသင်ယူနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။
=====================================
!!Think High, Aim Big, Get Knowledge, Join KMD!!
=====================================
☎ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက- ☎
Computer Centre (Aung Lan)
ဖုန်း-09400022334
-09420733528
KMD Computer Centre (Aung Lan) သင်တန်းပြန်လည်ဖွင့်လှစ်မည့်ရက် အသိပေးအကြောင်းကြားခြင်း
💠💠💠💠💠💠💠💠💠💠💠💠💠💠💠💠💠💠
🙏အားလုံးပဲ မင်္ဂလာပါရှင်🙏
ကျောင်းသူ၊ကျောင်းသားများ၏ ကျန်းမာရေး အတွက် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုများမှ ထိန်းချုပ်ကာကွယ်ရန်အလို့ငှာ KMD Computer Centre (Aung Lan) ၏သင်တန်းချိန်များကို (24.3.2020)ရက်နေ့မှစ၍ ခေတ္တပိတ်ထားခဲ့ပါတယ်ရှင်။ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်များ၊ တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့ထံ ပန်ကြားထားချက်များအရ မေလ(31) ရက်နေ့ထိ Stay home ကာလအဖြစ်သတ်မှတ်ထားပါသည်။
ယခုအခါတားမြစ်ကန့်သတ်မှုများဖြေလျှော့
ပေးရာတွင် သင်တန်းများ ပြန်လည်ဖွင့်ခွင့်ရပြီ ဖြစ်ပါသဖြင့် KMD (Aung Lan)၏သင်တန်းချိန်များကို ဇွန်လ(၂) ရက်နေ့ (2.6.2020)အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်ပေး
သွားမည် ဖြစ်ပါတယ်ရှင်။
သင်တန်းပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ သင်တန်းသား/သူများကို သေချာစွာ စနစ်တကျ သင်ကြားပေးနိုင်ရန် ကြိုတင်စီစဉ်ထားပါတယ်ရှင်။
ကမ္ဘာသူ၊ကမ္ဘာသားအပေါင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ရောဂါဘယကင်းဝေးကြပါစေကြောင်း
KMD Computer Centre (Aung Lan) မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်...
Computer Centre (Aung Lan)
Ph-09400022334
09420733528
COVID 19 ကြိုတင်ကာကွယ်ရေးအတွက် AungLan KMD Computer
Centre (အောင်လံမြို့)နွေရာသီကွန်ပျူတာသင်တန်းများ
အားလုံးကိုယာယီရွေ့ဆိုင်းမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားခြင်း။..
မတ်လ (၁၁)ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID–19 ကို တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်ကြေညာခဲ့ပါသည်။
မြန်မာနိုင်ငံတော်အစိုးရမှလည်း အန္တရာယ်ကင်းဝေးစေရေး
အတွက်ပြည်သူများပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းနှိုးဆော်
ထားပါသည်။
ကျွန်မတို့ AungLan KMD Computer Centre (အောင်လံ)အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အတန်းများ သင်ကြားမှုကို ယနေ့ မတ်လ (၂၄) ရက်နေ့မှ စ၍ သင်္ကြန်ရုံးပိတ်ရက်အပြီး (သို့မဟုတ်) မေလဆန်းအထိ
ယာယီ ရွေ့ဆိုင်းထားမည်ဖြစ်ပါသည်။ အသစ်ဖွင့်မည့်အတန်းများ
ကိုလည်း ပြန်လည်ဖွင့်လှစ်မည့် ၎င်းကာလသို့ရွှေ့ဆိုင်း
ဖွင့်လှစ်သွားပါမည်။
လက်ရှိ အပ်ထားပြီးသောအတန်းများနှင့် တက်ရောက်နေသော ကျောင်းသား/သူများနှင့် သင်တန်းအသစ်တက်ရန် စောင့်ဆိုင်းနေသူများ နစ်နာမှုမရှိစေရန် သင်တန်းများပြန်ဖွင့်သည့်အခါ ကျောင်းသား/သူများလိုအပ်သလို သင်တန်းကာလတိုးမြှင့်ပြီးအစားထိုးသင်ကြားပေးသွားပါမည်။
သင်တန်းများနှင့် ပတ်သက်သည့် သတင်း၊ အချက်အလက်များကို KMD AungLan Page တွင်အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးသွားပါမည်။
အသေးစိတ် သိရှိလိုပါက
09-400022334
09-420733528 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အဆင်မပြေမှုများ အတွက် ကျောင်းသား၊ သူများအားလုံးကို အနူးအညွှတ်တောင်းပန်အပ်ပါသည်။
အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။
လေးစားစွာဖြင့်
ဒေါ်အေးမွန်မွန်သော်
တာ၀န်ခံ
AungLan KMD Computer Centre
Click here to claim your Sponsored Listing.
Telephone
Website
Address
Pyi Street, Tayaw Gone Quarter, Aung Lan
Aunglan