FSC - AIA Life Insurance
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FSC - AIA Life Insurance, Insurance Company, Ahlone.
AIA မှာ ကျန်းမာရေးအာမခံ ဝယ်ယူထားတဲ့ သူများအဖို့ ဆေးရုံဆေးခန်းပြရတဲ့အခါမျိုးမှာ Cashless service ကို နဂိုကတည်းက Ulink နဲ့ ချိတ်ဆက် ဝန်ဆောင်မှု ရယူပြီး ငွေသားမလိုပဲ ဆေးကုသမှုကို စိတ်အေးလက်အေး ရယူနိုင်ခဲ့တာ ကြာပါပြီ
အခုဆိုရင် Ulink ကနေ တဆင့်မဟုတ်တော့ပဲ ပိုမိုမြန်ဆန်ပြီး ပိုမိုတိကျတဲ့ ဝန်ဆောင်မှု ရရယူနိုင်အောင် AIA ကိုယ်တိုင် Cashless ကို ကိုင်တွယ်ပေးတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျာ
ဆေးရုံတွေမှာ Deposit ကြိုတင်ငွေသွင်းစရာမလိုတော့ဘူး၊ ငွေသားထုတ်ရခက်ခဲနေတဲ့ ကာလမှာ ကျန်းမာရေး အာမခံတစ်စောင်လောက် ရှိထားခြင်းအားဖြင့် ရောဂါကို စိတ်ပူနေရမယ့်အချိန်မှာ ငွေထုတ်နိုင်ဖို့ ပြာယာခတ်နေစရာမလိုတော့ဘူးပေါ့။ နောက်ပြီး ငွေရှိမှ ဆေးရုံတက်ဖို့လံ ငွေပတ်ချေးနေစရာမလိုတော့ဘူး
ကျန်းမာနေတုန်းမှာ အာမခံထားပါ
အာမခံဆိုတာ စောတယ်မရှိဘူး၊ များတယ်ဆိုတာ မရှိပါဘူး ကိုယ်ဖြစ်လာရင် ဘယ်တော့မှ မလောက်ငပါဘူး။
အခုလောဆယ် Cashless ကို AIA in house ရနေတဲ့ဆေးရုံတွေက
ငွေသားမလိုဝန်ဆောင်မှုအတွက် In-house လုပ်ဆောင်ခြင်း အကောင်အထည်ဖော်မှု အပိုင်း (၁)
အောက်ဖော်ပြပါ ဆေးရုံများနှင့် မြို့များတွင် ကနဦးစတင်လုပ်ဆောင်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့
၁) Grand Hantha International Hospital
၂) Victoria Hospital
၃) Asia Royal Hospital
၄) SSC Shwe Gon Dine Hospital
၅) Pun Hlaing Hospital
၆) Ar Yu International Hospital
၇) Pinlon Hospital
မန္တလေးမြို့
၁) Mandalar Hospital
၂) Mingalar Hospital
၃) City Hospital
၄) Pun Hlaing Hospital
တောင်ကြီးမြို့
၁) Myat Taw Win Hospital
၂) Pun Hlaing Hospital
ရှေ့ဆက် ဒီထက်ပိုများတဲ့ ဆေးရုံတွေနဲ့လဲ အကောင်းဆူံးဝန်ဆောင်မှု ပေးနိုင်ဖို့ ဆက်လက်တိုးချဲ့ ဆောင်ရွက်နေတာကိုလဲ ထပ်မံပြောပြလိုပါတယ်
AIA Myanmar
Cashless Services
အာမခံကုမ္ပဏီတစ်ခု နိုင်ငံတစ်နိုင်ငံရဲ့ ဈေးကွက်ကနေ ထွက်ခွာတဲ့အခါ Policy တွေကို ပိတ်သိမ်းခြင်း သို့မဟုတ် ငွေပြန်လည်ပေးအပ်ခြင်းတို့ကို ချက်ချင်းမလုပ်နိုင်ပါဘူး....
ဒီလိုအခြေအနေမှာ ရှိပြီးသား Policy အားလုံးကို
သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေးဆိုင်ရာထိန်းချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုအောက်မှာ စနစ်တကျ ပြန်လည်စစ်ဆေးရပါတယ်....
(မြန်မာနိုင်ငံမှာဆိုလျင် IBRB(Insurance Business Regulatory Board)
1) Client များ ပေးသွင်းထားတဲ့ Premium၊
2) ရရှိပြီးသား အာမခံအကာအကွယ်အတွက် ကျသင့်ငွေ(COI),
3) Surrender Value နဲ့
4) ရယူပြီးသား အကျိုးခံစားခွင့်လျော်ကြေးများကို
တိတိကျကျ တွက်ချက်ရတဲ့အတွက် ဒီ Process ဟာ လအနည်းငယ် ကြာမြင့်တာဟာ Insurance Industry မှာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။
Market exit(Legal Wind-Down) မှာ ပုံမှန်ပါဝင်လေ့ရှိတဲ့အဆင့်တွေကတော့
1. Stop new sales (ပြီး)
2. Freeze operations (ပြီး)
3. Audit all policies
4. Decide settlement method
5. Regulatory approval
6. Customer notification
7. Refund / transfer / settlement တို့ဖြစ်ပြီး
အဆင့်တိုင်းမှာ audits and legal checks တွေ ပါဝင်ပါတယ်....
Customer Notification က ၆ ဆင့်မြောက်ဖြစ်တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ရနိုင်ပါသေးတယ်….
တခါတရံမှာ ဒီအဆင့်တွေအားလုံးပြီးစီးဖို့ ၁၈ လ အထိကို ကြာမြင့်တာမျိုး ရှိတတ်ပါတယ်....
ဒါကြောင့် လုပ်ငန်းစဉ် ကြာမြင့်နေခြင်းဟာ Policy ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ Client များ၏ အကျိုးစီးပွားကို ကာကွယ်ဖို့ စည်းမျဉ်းအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်....
လက်ရှိ မြန်မာနိုင်ငံကထွက်ခွာသွားတဲ့ အာမခံကုမ္ပဏီက ၎င်းထွက်ခွာသွားရသည့်အကြောင်းရင်းကို
• political instability
• economic challenges
• operational difficulties in the country လို့ ဆိုခဲ့ပေမဲ့
ဒီအခြေအနေတွေမှာ ကောင်းကောင်းကြီး သန်မာစွာလည်ပတ်နေသည့် အာမခံကုမ္ပဏီများလည်း ရှိနေတဲ့အတွက် မိမိတကိုယ်စာအမြင်ကို အာမနာတမ်းပြောရရင်တော့ “Business Failure” ကြောင့် ထွက်သွားတာလို့ပဲ သုံးသပ်ချင်ပါတယ်....
ဒါပေမဲ့ ဒီထွက်ခွာမှုဟာ မြန်မာနိုင်ငံတစ်ခုထဲကသာဖြစ်ပြီး ပင်မကုမ္ပဏီကြီးဟာ ငွေကြေးပိုင်ဆိုင်မှုအလွန်ခိုင်မာတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့အပြင်
အခြားနိုင်ငံများတွင်လည်း အောင်မြင်စွာလည်ပတ်နေကြတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံလို Market သေးသေးလေးကို ဖြေရှင်းပေးဖို့က ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး....
မြန်မာနိုင်ငံမှတာဝန်ခံအဖွဲ့အစည်း၏အကူအညီဖြင့် Client များ၏ Policies များကို အကောင်းဆုံးဖြေရှင်းသွားလိမ့်မယ်ဆို ယုံကြည်ပါတယ်....
လက်ရှိတွင် အာမခံထားခဲ့ကြတဲ့ Client များ၏ စိတ်ပူပန်မှုများကို အနည်းငယ်ပြေလျှော့လိုညား
အာမခံကုမ္ပဏီတစ်ခု နိုင်ငံတစ်နိုင်မှ ထွက်ခွာလျှင်
ဖြစ်တတ်သည့် ဖြစ်စဉ်များနှင့်
ကြာမြင့်တတ်သည့်အချိန်ကာလများကို မျှဝေပေးခြင်းဖြစ်ပါတယ်....
အာမခံကို လိုအပ်သည်ဟု အမှန်တကယ်ယုံကြည်၍ အာမခံထားထားခဲ့ကြသူများအနေဖြင့် အခြားခိုင်မာသည့်အာမခံကုမ္ပဏီများမှ နီးစပ်ရာကိုယ်စားလှယ်များနှင့်ဆက်သွယ်ပြီး အာမခံအကာအကွယ် အမြန်ပြန်လည်ရယူဖို့လဲ အကြံပြုလိုက်ပါတယ်....
Credits
27/02/2026
ရင်ပူလို့ ဆေးတွေသောက်တာ မသက်သာတာနဲ့
အစာအိမ်မှန်ပြောင်းကြည့်တာရယ်၊ နောက်ပြီး အူမကြီးမှန်ပြောင်းပါ လိုအပ်လို့ ထပ်မံကြည့်ရှုပြီး အသားစယူ စစ်ဆေးတဲ့အတွက် ကျသင့်ငွေက်ု အာမခံက ပြန် claim ပေးထားတဲ့ မှတ်တမ်းလေးပါ
ကျန်းမာရေးစားရိတ်တွေက ဈေးကြီးပါတယ်
ကိုယ်နှစ်ပေါက်အောင် စုထားတဲ့ ငွေကြေးတွေဟာ တစ်ညတည်းနဲ့လဲ ကုန်နိုင်ပါတယ်
ကိုယ်ခံနိုင်ရည်ရှိတဲ့ ကုန်ကျငွေထက် ကျန်းမာရေးစားရိတ်ကပိုများတာမျိုး ဖြစ်လာရင် စိတ်အေးလက်ပေးနဲ့ ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ကျန်းမာရေးအာမခံထားဖို့ အရေးကြီးပါတယ်။
31/10/2025
မိသားစုအတွက် အာမခံ လျော်ကြေး အများကြီးထားထားချင်တယ်၊ ပရီမီယမ်ငွေလဲ အများကြီး မထည့်ချင်ဘူး၊ ကိုယ့်ပိုက်ဆံလဲ ပြန်လိုချင်တယ်ဆိုရင်.....
AIA ရဲ့ အသက်အာမခံဖြစ်တဲ့ တသက်တာရွေးချယ် အာမခံ က တခြားအာမခံတွေထက် ဘာပိုသာတာလဲ
အသက်အာမခံရဲ့အနှစ်သာရကိုက အကာကွယ်ပဲ
အကာကွယ်ဆိုတဲ့နေရာမှာလဲ လုံလောက်တဲ့ အကာကွယ်ပမာဏကို ပြောချင်တာ
မိမိအိပ်မက်တေွ မပြည့်သေးခင် မမျှော်လင့်တာတွေ ဖြစ်လာခဲ့ရင် ကိုယ့်အစား လုံလောက်တဲ့ ငွေပမာဏတစ်ခု မိသားစုအတွက် ထားခဲ့ချင်လို့ အသက်အာမခံထားရတာပါ
AIA ရဲ့ တသက်တာ အာမခံက မိတ်ဆေွ နှစ်စဉ်သွင်းတဲ့ ပရီမီယမ်ကြေးထက် အဆပေါင်းများစွာ ပြန်လည် အကာကွယ်ပေးမှာ ဖြစ်လို့
ကိုယ်သွင်းရမယ့် ပရီမီယမ်ပမာဏက ကိုယ့်ဝင်ငွေရဲ့ တစ်နှစ်စာ 3-5% လောက်ပဲ သုံးလိုက်ရင်ကို လျော်ကြေးပမာဏ ငါးနှစ်စာလောက်ထိ အကာကွယ်ခံစားခွင့် ရရှိနေမှာပါ။
ပြီးတော့ ရင်းနှီးမြုပ်နှံမှုနဲ့ ချိတ်ဆက်ထားတဲ့ အမျိုးအစားဖြစ်တဲ့အတွက် မိမိရဲ့ အာမခံကနေ အချိန်တစ်ခုကြာရင် အမြတ်အစွန်းလဲ ရရှိနိုင်ပါတယ်။
ဒီ့ထက်ပိုကောင်းတာတွေက ကင်ဆာအကာကွယ်လဲ ပါတယ်၊ ဆေးလိပ်မသောက်ခဲ့ရင်လဲ လျော်ကြေးရဲ့ 10% ထပ်ဆောင်းရရှိဦးမှာ။
မိသားစုအတွက် အာမခံ အများကြီးထားချင်တယ်၊ ငွေလဲ အများကြီး မထည့်ချင်ဘူး၊ ကိုယ့်ပိုက်ဆံလဲ ပြန်လိုချင်တယ်ဆိုရင်.....
တသက်တာရွေးချယ်အာမခံ အကြောင်း လေ့လာကြည့်ပါ။
19/10/2025
စီမံတတ်မှ စီမံပါ
မိမိကိုယ်ကို ချစ်ရင် ကျန်းမာရေး အာမခံထားပါ
မိမိအနီးက သူတွေကိုချစ်ရင် အသက်အာမခံ ထားပေးပါ ဆိုပြီး
ရွေးချယ်ရခက်နေတဲ့သူတွေအတွက် အလွယ်မှတ်တဲ့ နည်းလမ်းလေး.....
အဲ့ဒီတော့ အာမခံ နဲ့ အချစ် ဆိုတဲ့ စကားလုံးနဲ့က လုံးဝနီးကပ်နေတာပါပဲ
အဲ့ဒီေနရာမှာ အာမခံထားမှ ချစ်တာလားဆိုပြီး အမေးက ထပ်ရှိပြန်တယ်
ငါအာမခံ မထားတော့ဘူး
မိသားစုအတွက် ငါရှာထားတာတွေက အာမခံချက်ရှိတယ်
ခြံတွေရှိတယ်၊ အိမ်တွေရှိတယ်၊ လုပ်ငန်းတွေရှိတယ်၊ ဒါတွေရှာထားတာလဲ သူတို့အတွက်ပါပဲပေါ့
ဒါလဲ အမှန်ပါပဲ
အာမခံဆိုတာ တိုးပွားအောင်လုပ်တဲ့အရာမဟုတ်ပါဘူး၊ မယုတ်လျော့သွားအောင် ကြိုတင်စီမံတဲ့ အရာပါပဲ အဲ့ထက် မပိုပါဘူး
ကျွန်တော်တို့ ရှာထားတာတွေကို ပြန်ပြီး ကာထားမှ မြဲမယ်မဟုတ်လား။
ပိုက်ဆံချမ်းသာမှ ဝယ်လို့ရတယ်ထင်တဲ့ သူတွေလဲ ရှိသလို
ပိုက်ဆံချမ်းသာလို့ကို မဝယ်တော့ဘူးကွာ ဆိုတဲ့ သူတွေလဲ တပုံကြီးပဲ
ကျွန်တော်ကတော့ အသက်ရှင်နေတုန်းလဲ မိသားစုအတွက် ကြိုးစားရှာဖွေမယ်၊ စုဆောင်းမယ်၊ ဘယ်အချိန် ဘာဖြစ်မယ်၊ လိုချင်တဲ့ ပမာဏတစ်ခုမရောက်ခင်မှာ မပြည့်စုံခင်မှာ မမျှော်လင့်တာ ဖြစ်ခဲ့ရင် ပျက်ဆီးနိုင်မယ့် အရေးလဲ ကြိုတွေးထားတယ်.......
စုထားဆောင်းထားတာတွေကိုလဲ အရေးပေါ်ကိစ္စတွေအတွက် မထုခွဲမဖျက်ဆီးချင်ဘူး။
ဒါကြောင့် အာမခံကို ထားထားပါတယ်
စိတ်တူရင် အာမခံကို စိတ်ဝင်စားကြည့်ပါ
အင်မတန်မှ စိတ်လုံခြုံမှု ပေးနိုင်တဲ့ အရာတစ်ခုပါပဲ
26/09/2025
AIA ရဲ့ value added services or member propositions တွေပါ
AIA မှာ အာမခံထားထားတာပဲ ဖြစ်စေ၊ မိသားစုဝင်တစ်ဦးကို အာမခံထားပေးတာပဲ ဖြစ်စေ member ဖြစ်ပြီးတော့ အကျိုးခံစားခွင့် ရနိုင်ပါတယ်
ကိုယ်အာမခံ ထားထားတာပဲ အဲ့ဒီထဲက လျော်ကြေးရတာပဲ ဆိုပေမယ့်လည်း ဒီလို အဖွဲ့ဝင် အကျိုးခံစားခွင့်တွေကြောင့် ဝန်ဆောင်မှု ယူတဲ့အခါမှာ ကိုယ်တစ်နှစ်ကို ရမယ့်အကာကွယ်ထဲက discounted ဈေးနှုန်းတွေကြောင့် ပိုပြီးများပြားတဲ့ အကာကွယ်တွေ ရရှိမှာ ဖြစ်ပါတယ်
ဒီဟာတွေက အပိုဆောင်းတွေပါ
အဓိက တကယ့်တန်ဖိုးရှိတဲ့ အကာကွယ်လောက်တော့ ဘယ်ဟာမှ အရေးမကြီးပါဘူး
အာမခံမထားရသေးရင် အခုပဲ အာမခံထားဖို့ စဉ်းစားကြရအောင်
29/08/2025
မိဘဆိုတာ
Photo crd
21/04/2025
အမီတော့ လာခဲ့နော်
https://www.facebook.com/share/r/1997sGfyjX/
ကြည်ဘယ် ကြည်လိုက်တော့ 😂😂😂😂😂 #myanmarbikerbago #StarsEverywhere
AIA life insurance ကတော့ ငလျင်ကြောင့် သေဆုံးခြင်း ဖြစ်ခဲ့ရင်လဲ လျော်ကြေးပေးပါတယ်နော်
ကိုယ်တိုင် ကျူးလွန်တဲ့ အန္တရာယ်မျိုးမဟုတ်တဲ့ ဘေးဥပါဒ်တွေဆိုရင် လျော်ကြေးခံစားခွင့် အကျုံးဝင်ပါတယ်
ကျန်းမာရေး အာမခံ သို့မဟုတ် personal accident အကာကွယ်ယူထားရင်လဲ ထိမိခိုက်မိတာတွေ ဆေးကုသစားရိတ်ရှိခဲ့ရင်လည်း လျော်ကြေးရပါတယ်
ကိုယ်တိုင်တက်ကြွစွာ ပါဝင်ခြင်းမဟုတ်တဲ့ စစ်ဘေးဆိုင်ရာ အန္တရာယ်တွေမှာလဲ လျော်ကြေး အကာကွယ်အကျုံးဝင်ပါတယ်ဗျာ
ကျွန်တော့်ဆီကတဆင့် အသက်အာမခံ ထားထားတဲ့သူတွေကတော့ ငလျင်ဘေးမှာ အသက်ထိခိုက်မှု မရှိကြတဲ့အတွက်တော့ claim service မကူပေးခဲ့ရပါဘူး
ဘာမှ မဖြစ်ခဲ့လို့လျော်ကြေးမခံစားရရင် မတန်ပါဘူး ထင်ပြီး အကာကွယ်မယူထားတဲ့ မိတ်ဆွေတွေအတွက်တော့ စိတ်မကောင်းပါဘူး
ဘာမှ မဖြစ်ခဲ့တာက အာမခံ လျော်ကြေးအတွက်ထက် နှိုင်းလို့ မရအောင် အများကြီးကို တန်ဖိုးရှိပါတယ်ဗျ
28/03/2025
အွမ်း လွယ်တော့ လွယ်တယ်
ကိုယ်ရမှာတော့ မဟုတ်ဘူး
အသက်အာမခံ ထားကြည့်
ချဲပေါက်ရင် ဘာလုပ်ဖို့ ရှိမလဲ
ချဲပေါက်နိုင်ချေ ဘယ်လောက်ရှိလဲ
သူများ ချဲပေါက်တိုင်း ကိုယ့်မှာလဲ ပေါက်နိုင်ဖို့ တွေးပြီး စိတ်ကူးနိုင်ကြတယ်ဆိုရင်
သူများ နေမကောင်းလို့ ဆေးရုံတက် ဆေးကုရရင်ကော ကိုယ်လဲ မကုရနိုင်ဘူးလား
ချဲပေါက်မှ အာမခံ ထားမလား
ချဲက မသေချာဘူး
ကျန်းမာရေး အသုံးစားရိတ်က သေချာပေါက် ထွက်နိုင်တယ်
ကျန်းမာရေး အာမခံသာ ထားပါလေ့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ahlone