Taung Pyar Tann Channel

Taung Pyar Tann Channel

Share

Welcome to Taung Pyar Tann Channel

17/11/2024

꧁ဘယ်အရာမှ အလကားမရဘူး꧂
〰️〰️〰️〰️➰➰➰〰️〰️〰️〰️〰️
အရှင်ဘုရားတို့ပဲ သာယာတယ်
စားဖို့လည်းမပူရ
ဝတ်ဖို့လည်းမပူရ
ဘာကုန်ကျစရာမှ မရှိဘူး တဲ့
အားနာလို့ ဘာမှပြန်မပြောဘဲ
ပြုံးရုံပဲ ပြုံးပြလိုက်ပါတယ်😊😊

ကိုယ်တိုင်ချက်စရာမလိုတာ မှန်ပေမဲ့
ဆွမ်းတစ်နပ်အတွက် နေပူမရှောင် မိုးရွာမရှောင် ခေါင်းဆောင်းမပါ ဖိနပ်မပါဘဲ သပိတ်ပိုက်ပြီး ဆွမ်းခံကြွနေကြတဲ့ ကိုယ်တော်တွေကို
မြင်ဖူးတယ်မလား
တွေ့ရင် မေးကြည့်ပျော်လား လို့
သူများကျွေးမှ စားရတဲ့ဘဝကို
ဘယ်သူမှ မပျော်ကြဘူး
သာယာလို့ ဝတ်နေတာမှမဟုတ်တာ
ဝတ်နေသင့်လို့ ကြိတ်မှိတ်ပြီး ဝတ်နေကြရတာ

ဘာကုန်ကျစရာမှ မလိုဘူးဆိုတော့
ကိစ္စတစ်ခုခုရှိလို့ ခရီးကြွရရင်
ဘယ်ကားသမားက ပိုက်ဆံမယူဘဲ
ပို့ပေးလို့လဲ
ဘယ်ကယ်ရီသမား
ဘယ်အိုးဝေသမားကများ
အလကားလိုက်ပို့ပေးနေကြလို့လဲ
ဖျားနာလို့ ဆေးရုံဆေးခန်းပြရရင်လည်း ဘယ်ဆရာဝန်က အခမဲ့ကုပေးကြလို့လဲ
ဘယ်ဆေးကတော့ အလကားရလို့လဲ
စာသင်ဖို့အတွက် စာအုပ်တွေ
လိုအပ်လာရင်လည်း
ဘယ်စာအုပ်ဆိုင်က ပိုက်ဆံမပေးရသလဲ
နောက်ဆုံး ဆပ်ပြာမှုန့် ဆပ်ပြာခဲက အစ အလကားရတာ မရှိပါဘူး
လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ်
လိုအပ်ချက်တွေရှိရင်
ငွေနဲ့ပဲ ဝယ်ယူရတာမို့လား
မတူတာက လူဆိုရင် ကိုယ့်ပိုက်ဆံ
ကိုယ့်ဘာသာရှာလို့ရတယ်
ရဟန်းတွေကျ သူများလှူမှ ရတာ
ဘယ်ရဟန်းမှ ငွေတွင်းကြီးမပိုင်ထားဘူး
ပေးသူနည်းပါးလို့ ချို့ချို့တဲ့တဲ့နဲ့ စာသင်သားဘဝကို ဖြတ်သန်းနေရတဲ့ရဟန်းတွေမှ
ပေါမှပေါ
ဇာတ်နာပြတာမဟုတ်ဘူး
ငြီးငြူပြတာမဟုတ်ဘူး
ဒါ ကိုယ်ရွေးချယ်တဲ့ဘဝ
ဒါ ကိုယ်လျှောက်တဲ့လမ်း
ရွှင်လန်းသည်ဖြစ်စေ မောပန်းသည်ဖြစ်စေ ဆက်လျှောက်မှာပါ
ပြောချင်တာက အချောင်နေ အချောင်စားလို့ မြင်နေတဲ့ မျက်လုံးတွေကို စိန်ခေါ်တာ
သာယာတယ်လို့ ထင်ရင်
ဟန်ကျတယ်လို့ မြင်ရင် ဝင်ခဲ့
ကိုယ်တိုင်ရဟန်းဝတ်ပြီး
ရဟန်းတာဝန်ကို ထမ်းကြည့်ကြ
လောကမှာ ဘယ်အရာမှ
အလကားမရဘူးဆိုတာ သိလာလိမ့်မယ်။

02/09/2024

꧁ ရင့်ကျက်လာတဲ့အခါ ꧂
〰️〰️〰️➰➰➰〰️〰️〰️
✍️အကောင်းတွေ ကြုံလာရင်
✍️ပြုံးရုံပဲပြုံးလိုက်တယ်။

✍️မကောင်းတာတွေ ကြုံတဲ့အခါ
✍️သတိရှိရှိ လက်ခံလိုက်တယ်။

✍️မကောင်းမြင်နေတဲ့သူတွေကိုလည်း
✍️အပြုံးနဲ့ ဆက်ဆံပေးလိုက်တယ်။

✍️တချို့စကားတွေကို မသိချင်ယောင်
ဆောင်တယ်
✍️တချို့စကားတွေကို လက်ခံပြင်ဆင်တယ်။

✍️လူ့တချို့ရဲ့ စရိုက်ကိုမြင်အောင်ကြည့်ပြီး
✍️သည်းခံ ဆက်ဆံပေးလိုက်တယ်။

✍️ကိုယ့်အပေါ် မကောင်းမှန်းသိလည်း
✍️အဆင်ပြေအောင် နေပေးလိုက်တယ်။

✍️ဟုတ်တိုင်လည်း မပြောတော့ဘူး...
✍️မှန်တိုင်းလည်း မပြောတော့ဘူး...
✍️ကောင်းတိုင်းလည်း မပြောတော့ဘူး...

✍️လူတိုင်းကို ဂရုစိုက်နေလို့မရသလို
✍️လူတိုင်းရဲ့စကားကိုလည်း အရေးတယူ
✍️လက်ခံနေလို့မရဘူးဆိုတာ
✍️ပို နားလည်လာတယ်။

✍️✍️Ashin Kavinanda✍️✍️
🙏🙏တောင်ပြာတန်းဆရာတော်🙏🙏

Photos from Taung Pyar Tann Channel's post 27/06/2024

꧁ ကိုယ့်အလုပ်ကိုလုပ်ကြ ꧂
〰️〰️〰️〰️➰➰➰〰️〰️〰️〰️
ဘုန်းကြီးမှန်ရင် ဘုန်းကြီးအလုပ်လုပ်ရမယ်
ဘ ဘုရား ဂန်ထဓူရ ဝိပဿနာဓူရ
ဓူရ(၂)ဖြာကို ကြိုးစားလုပ်မှာက
ဘုန်းကြီးအလုပ်
ကျန်းတာလျှောက်လုပ်နေလို့ကတော့
သူများပြောတာခံရမှာပဲ
သူများအထင်သေးတာခံရမှာပဲ
ကိုယ့်အလုပ်ကို လုပ်ကြပါ။

တခါတလေ လာလာပြောကြတယ်
နိုင်ငံရေးပိုစ်တွေ မတင်လို့
နိုင်ငံရေး ပိုစ်တွေမရှယ်လို့
လာလာပြောနေကြတာ
ကျွန်ပ်အလုပ် မဟုတ်လို့
ကျွန်ုပ်မလုပ်တာ
ကျွန်ုပ်အလုပ်ဆိုရင်
ခများတို့ပြောစရာတောင်မလိုဘူး။

ဒါကြောင်း ဘ ဘုရားက👉👉
န ပရေသံ ဝိလောမာနိ၊
န ပရသေံ ကတာကတံ။
အတ္တနောဝ အဝေက္ခေယျ၊
ကတာနိ အကတာနိ စ။

ပရေသံ - မိမိကိုယ်ကို မလိုမုန်းထား သူတစ်ပါးတို့၏။
ဝိလောမာနိ - မိမိအပေါ်မလျော်အောင် စော်စော်ကားကား နာကျည်းဖွယ်စကားတို့ကို။
န အဝေက္ခေယျ - မကျေ မနပ် စိတ်ဝယ်မှတ်၍ မပြတ်ခါခါ မရှု မကြည့်ရာ။
ပရေသံ - မိမိမှတစ်ပါး တခြားသူတို့၏။
ကတာကတံ -ပြုအပ် မပြုအပ် အရပ်ရပ်ဟု ကောင်းမှု မကောင်းမှုကို။
န အဝေက္ခေယျ - အလုပ်တစ်ခု ဂရုပြု၍ မရှု မကြည့်ရာ။
အတ္တနောဝ - မိမိအတွက်သာလျှင်။
ကတာနိ စ - ပြုအပ်ပြီးသောအမှု တို့ကိုလည်းကောင်း။
အကတာနိ စ - မပြုအပ်သေးသောအမှု တို့ကိုလည်းကောင်း။
အဝေက္ခေယျ - အလုပ်တစ်ခု ဂရုပြု၍ ကြည့်ရှု ဆင်ခြင်ရာ၏။

ကိုယ့်အပြစ်ကိုမြင်အောင်ကြည့်စမ်းပါ
သူများကိုလိုက်ကြည့်မနေနဲ့
ကမ္ဘာကြီးက ဘာဖြစ်တယ်
ညာဖြစ် လျှောက်ပြောမနေနဲ့
ကိုယ့်ကို ဘာဖြစ်နေတာလဲ အရင်ကြည့်ပါ
ကိုယ့်ကို အရင်ပြောင်းလဲပါ
ဒါဆိုရင် ကမ္ဘာလောကကြီး
လှပလာမှာ အမှန်ပါပဲ

နိုင်ငံရေးလုပ်တဲ့သူက
နိုင်ငံရေးအကြောင်းပြောတာ
ကြားကောင်းသေးတယ်

အိမ်ထဲနေပြီး အော်နေတာ
ဘာမှမလုပ်ပဲ လျှောက်ပြော
လျှောက်တင်နေတာ
ကိုယ့်ဘာလုပ်နေတာလဲ
ကိုယ်အသုံးမကျကြောင်း
လူပုံအလည်မှာ ချပြနေသလိုပဲ
မိမိရဲ့အပြောအဆိုက မိမိဘဝပဲ

ကျွန်ုပ်တို့က လူမျိုးအတွက်
အလုပ်လုပ်နေတာမဟုတ်ဘူး
သာသနာအတွက် အလုပ်လုပ်နေတာ

ဘုန်းကြီးဆိုတာ
သတ္တဝါတိုင်းပေါ်မှာ
မေတ္တာတရားထားရမှာ
ခွဲခြားပြီးဆက်ဆံလို့မရဘူး

ဟိုလူကိုမုန်းလိုက်
ဒီလိုကိုကျ မေတ္တာတရားထားလိုက်
အဲလိုလုပ်လို့မရဘူး
သတ္တဝါတိုင်းပေါ် မေတ္တာတရားထားရမယ်
အဲတာ ဘဘုန်းဘုရားရဲ့လမ်းစဉ်ပဲ

ဘယ်သူဘာပြောပြော
ကျွန်ုပ်တို့ကတော့
ကျွန်ပ်တို့အလုပ် လုပ်ရမှာပဲ

သူတို့လဲတိုက်စရာရှိတာတိုက်
ငါတို့လဲ ကိုယ့်အလုပ်ကိုလုပ်မှာပဲ
မကြိုက်လဲ ဘလော့သွားကြ😊

🙏တောင်ပြာတန်းဆရာတော်🙏
🌻အရှင်ကဝိနန္ဒ🌻
🎖️သာသနဓဇဓမ်မာစရိယ၊🎖️
🎖️M.A သီရိင်္လကာနိုင်ငံ🎖️


#တောင်ပြာတန်း
#တရားတော်
#ဗုဒ္ဓ

26/03/2024

꧁ ရိုးသားစွာ လွမ်းခြင်း꧂
〰️〰️〰️〰️〰️➰➰➰〰️〰️〰️〰️〰️
✍️ရိုးသားစွာ ခင်မင်ကြသည်
✍️ရိုးသားစွာ ချစ်ခဲ့ကြသည်
✍️ထို့နောက်……
✍️ရိုးသားစွာ လမ်းခွဲခဲ့ကြသည်
✍️အတူမဆုံဖြစ်ခဲ့ကြပါ၊
✍️သို့သော် အတူရှိ နေသလို
✍️ခံစားမိပါသေးသည်၊
✍️ထို့ကြောင့်……
✍️ရိုးသားစွာ လွမ်းပါသည်။
🎖️သားသား/မီးမီး အားလုံးကိုလွမ်းလျှက်🎖️

🌻🌻Ashin Kavinanda🌻🌻
🌻🌻🌻တောင်ပြာတန်းဆရာတော်🌻🌻🌻

26/03/2024

꧁ ရိုးသားစွာ လွမ်းခြင်း꧂
〰️〰️〰️➰➰➰〰️〰️〰️
✍️ရိုးသားစွာ ခင်မင်ကြသည်
✍️ရိုးသားစွာ ချစ်ခဲ့ကြသည်
✍️ထို့နောက်……
✍️ရိုးသားစွာ လမ်းခွဲခဲ့ကြသည်
✍️အတူမဆုံဖြစ်ခဲ့ကြပါ၊
✍️သို့သော် အတူရှိ နေသလို
✍️ခံစားမိပါသေးသည်၊
✍️ထို့ကြောင့်……
✍️ရိုးသားစွာ လွမ်းပါသည်။
🎖️သားသား/မီးမီး အားလုံးကိုလွမ်းလျှက်🎖️

🌻🌻Ashin Kavinanda🌻🌻
🌻🌻🌻တောင်ပြာတန်းဆရာတော်🌻🌻🌻

Photos from Taung Pyar Tann Channel's post 22/02/2024

🙏🙏ဗုဒ္ဓံ ပူဇေမိ🙏🙏

05/02/2024

꧁ အောင်မြင်ချင်ရင် မနာလိုစိတ် မမွေးနဲ့꧂
〰️〰️〰️〰️〰️➰➰➰➰〰️〰️〰️〰️〰️〰️
မနာလိုစိတ်တွေ မမွေးနဲ့
မနာလိုစိတ်မွေးတဲ့သူ မှန်သမျှ
ဘယ်တော့မှ သူ့ဘဝ မအေးချမ်းဘူး
သူများပူလောင်စေချင် လေလေ
ကိုယ့်ဘဝ ပူလောင် လေလေ
သူများဘဝ ဖျက်စီးလေလေ
ကိုယ့်ဘဝ ပျက်လေလေ

အောင်မြင်ချင်ရင် မနာလိုစိတ် မမွေးနဲ့
မနာလိုစိတ်မွေးနေသမျှ အမြဲ ကျရှုံးနေမှာ
အောင်မြင်တဲ့လူတိုင်းဟာ
သူများအပြစ် လိုက်ရှာမနေဘူး ။
ကိုယ့်အပြစ် ကိုယ်ကြည့်ပြီး
ကိုယ့်ဘဝ ကြီးပွားချမ်းသာ
တိုးတက်အောင် ကြိုးစားနေတာ

🌻🌻Ashin Kavinanda🌻🌻
🌻🌻တောင်ပြာတန်းဆရာတော်🌻🌻

25/01/2024

သက်ရှည်ကျန်းမာပါစေ
🌻🌻မယ်တော်ကြီး🌻🌻

31/12/2023

꧁နှစ်သစ် ဆုမွန်လွှာ ꧂
〰️〰️〰️➰➰〰️〰️〰️
ဆောင်းနှင်းအေးအေး
ငြိမ်းချမ်းတေးကို
ဟစ်ကြွေးကြည်နူး
နှစ်သစ်ကူးပြီ
နှစ်ဦးမင်္ဂလာ
ဘေးဘယာဝေးကြောင်း
ပြည်သူများစွာ
ကျန်းမာစေကြောင်း
ဆုခြွေတောင်းသည်
ကောင်းခြင်းအဖြာဖြာတည်ပါစေ။

🏅🏅Ashin Kavinanda🏅🏅
🎖️🎖️တောင်ပြာတန်းဆရာတော်🎖️🎖️

11/12/2023

အောင်မြင်မှု့ထဲက တခုပေါ့

Photos from Taung Pyar Tann Channel's post 25/11/2023

꧁စောင့်ထိန်းအပ်သော လူမှုကျင့်(၁)꧂
〰️〰️〰️〰️➰➰➰➰〰️〰️〰️〰️
ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

🌻🌻🌻Ashin Kavinanda🌻🌻🌻
🌻🌻တောင်ပြာတန်းဆရာတော်လေး🌻🌻

Want your business to be the top-listed Media Company in Colombo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Galvihara Road, Dehiwala-Mount Lavinia
Colombo