S M T
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S M T, Digital creator, Almaty.
08/02/2024
#သူဌေးစာရင်းထဲသင်ဝင်လား
ပိုက်ဆံတွေချမ်းသာပေမယ့်၊
အလုပ်တစ်ရက်မပိတ်နိုင်လို့
ပိတ်ရက်မရှိ၊ နာဖျားခွင့်မရှိတဲ့
သူဌေးတွေ ရှိတယ်။
သိန်းဆယ်ချီရာချီလှူနိုင်ပေမယ့်၊
ဒီတစ်သက်မကြေနိုင်တော့တဲ့
အကြွေးတွေပတ်လည်ဝိုင်းပြီး၊
မသေခင်အချိန်ထိ
သူဌေးလုပ်နေသူတွေလဲ ရှိတယ်။
လက်အောက်လူတွေကို
ပျော်အောင်ဖန်တီးပေးနိုင်ပေမယ့်၊
ကိုယ်တိုင်မိသားစု
ပြဿနာတွေကြောင့်
မပျော်နိုင်တဲ့၊သူဌေးတွေလဲ ရှိတယ်.။
တန်ဖိုးကြီးအသုံးအဆောင်တွေ
၀တ်ပြပြီး၊
ကိုယ်အကြွေးပေးရမယ့်သူတွေကို
ရှောင်နေရတဲ့၊မျက်နှာပြောင်
သူဌေးတွေလဲ ရှိတယ်။
ဘယ်အစားအစာကိုမဆို
စျေးမမေးဘဲ ၀ယ်စားနိုင်ပေမယ့်၊
ရောဂါနဲ့ကျန်းမာရေးကြောင့်
အစားစုံရှောင်စားနေရတဲ့၊
ပြိတ္တာတစ်ပိုင်း သူဌေးတွေလဲ ရှိတယ်..။
ငယ်တုန်းအချိန်မှာ ပိုက်ဆံကုန်းရှာပြီး၊
အသက်ကြီးလာတဲ့အချိန် အိမ်မှာမြေးထိန်းအိမ်စောင့်နေရတဲ့၊
ဆန်ရေမသိတဲ့
သူဌေးတွေလဲ ရှိတယ်..။
ကိုယ့်ရှိတာလေးကို ခြစ်ခြုပ်သုံးပြီး၊
နာမည်လေးတစ်လုံးကို
ဟန်ဆောင်ထိန်းထားရတဲ့၊
အယောင်ဆောင်
သူဌေးတွေလဲ ရှိတယ်..။
သူဌေးနာမည်တပ်ခံရပြီး
မပျော်ရွှင်တဲ့ သူဌေးတွေမှ
အများကြီး.တွေ့နေရသော
လောကကြီးထဲမှ
တကယ်သူဌေးစစ်စစ်
ဆိုတာ...
ဘဝဆိုတာ
အချိန်လေးတစ်ခုမှာ.
အေးချမ်းတဲ့ဘဝကို
ရှာနိုင်သူ.
ကိုယ်ရှိတာ ကိုယ်သိ
လူတွေရှေ့ထွက်မပြသူ
ကိုယ်ဘဝအတွက်
သီးသန့်
အချိန်များပိုင်းခြား
ပေးနိုင်သူ
ကျေးဇူးရှိသူကို
ကျေးဇူးပြန်ဆပ်နိုင်သူ
ကိုယ်ရှိတဲ့ငွေနဲ့လုပ်ငန်း
တိုးချဲ့
အကြွေးမရှိသူ
မိသားစုအတွက်planချ
ရိုးသား ကြိုးစားသူ
ကိုယ်ဝါသနာပါရာ
ကောင်းသောအလုပ်ကို
ကြိုးစားနိုင်ခွင့်ရှိသူ..
အဲ့လိုအချက်တွေနဲ့
ပြည်စုံအေးချမ်းသူသာ
သူဌေးလို့ပြောရမှာ...။
07/02/2024
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
ခင်ဗျာ 🌹🌹🌹
07/02/2024
ကြေပီနော်🤭🤭😁😁
07/02/2024
😁
07/02/2024
#သိမို့😌
07/02/2024
😊🌹🌹🌹😊
07/02/2024
ဆိတ်တစ်ကောင်က မြည်းတစ်ကောင်ကိုကြိုက်မိသွားတယ်။
မြည်းကပြောတယ်... " ငါ နင့်ကိုငေါက်တာ၊ ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကိုတကယ်ချစ်လို့ပေါ့" တဲ့။
ဒီလိုနဲ့ဆိတ်ဟာ မြည်းအလိုကိုလိုက်ခဲ့တယ်၊ သည်းခံခဲ့တယ်။ မြည်းငေါက်တာ ကန်တာကို လက်ခံခဲ့တယ်။
တစ်နှစ်... နှစ်နှစ်... ဆယ်နှစ်အကြာမှာတော့ မြည်းကို ဆိတ်ထားခဲ့လိုက်တော့တယ်။
ဆယ်နှစ်တောင် စွဲစွဲမြဲမြဲရှိခဲ့တာပဲ ဘာလို့ တစ်သက်တာအထိ မထိန်းထားသလဲလို့ ဆိတ်ကိုတချို့ကမေးတော့ ဆိတ်က...
"ဆယ်နှစ်တာကာလနဲ့ ငါ့ရဲ့စစ်မှန်ခြင်းကို ငါသက်သေပြခဲ့ပြီးပြီ။ အခုလက်ကျန်အချိန်နဲ့ ငါ့ရဲ့ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်"
နင့်ကို ငါဘယ်လောက်မြတ်နိုး၊
နင့်အပေါ် ငါဘယ်လောက်ကောင်းလည်း
ငါ့ကို နင်တန်ဖိုးမထားရင်
ငါလည်းလက်လွှတ်တတ်၊ စွန့်ပစ်တတ်တယ်။
စီးပွားရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊
ဒါမှမဟုတ် အိမ်ထောင်ရေးပဲဖြစ်ဖြစ်
အရာအားလုံး အားလုံးက တန်ဖိုးထားတတ်မှ
ပိုင်ဆိုင်ဖို့ထိုက်တယ်။
သင့်အလိုလိုက်လျောသူဟာ
မစဉ်းစား မတွေးခေါ်တတ်သူမဟုတ်ဘူး။
သင့်အနား မခွာရက်နိုင်သူပါ။
ဘာမဆို သင့်ကိုလုပ်ခွင့်ပေးသူဟာ
ငတုံးငအ,မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။
နေကောင်းလား၊ ဘာလုပ်နေလဲမကြာခဏမေးသူဟာ
ပြောစရာစကားမရှိလို့ မဟုတ်ပါဘူး။
သင့်ကို ဂရုစိုက်သူပါ။
သင့်အပေါ်ကောင်းတာဟာ
သင့်ကို ပေးဆပ်စရာရှိလို့မဟုတ်ပါဘူး။
သင့်ကို ဆွေမျိုးသားချင်းလိုသဘောထားလို့ပါ။
စစ်မှန်သူအချင်းချင်းက
လျှောက်ရင်းလှမ်းရင်း ရင်ထဲတိုးဝင်ကြတယ်။
ဟန်ဆောင်သူက လျှောက်ရင်းလျှောက်ရင်း
မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။
လူလူချင်း တွေ့ဆုံဖို့အတွက်
ကံတရားလိုတယ်။
လူလူချင်း ပေါင်းသင်းဆက်ဆံဖို့အတွက်
ရိုးသားစစ်မှန်ခြင်းလိုပါတယ်။
..
တစ်ခုခုအတွက်`ဝမ်းသာစိတ်ဖြစ်တိုင်း"အဲ့ဒီဝမ်းသာစိတ်လေးက `အပြစ်ကင်းရဲ့လား"လို့တွေးတဲ့အကျင့်လုပ်ပေးပါ Soe Min Tun
၄၀ ကျော်
၅၀ အရွယ်တွေပုံ
အတင်နိုင်ဆုံးပဲ ,,,
အိမ်ထောင်ကွဲကို တစ်ခုလပ်လို့ခေါ်ရင် ရည်းစားနဲ့အိပ်ပြီး ပြတ်သွားကြတာတွေကြ ဘယ်လိုခေါ်လဲဗျာ့
04/02/2024
အထုပ်ရှိဖို့ အရေးကြီတယ်
===================
သား သမီး မရှိလို့
အသက်များ ကြီးလာရင်
ဒုက္ခရောက်မယ်လို့
ထင်နေသူတွေ
သား သမီး ရှိလျက်
ဒုက္ခရောက်နေတဲ့ မိဘတွေ
အများကြီးတဲ့။
ကျွန်မ အရင်ကတည်းက
စဉ်းစားမိတာ တစ်ခုရှိတယ်။
မိဘလောက်
ဘယ် သား သမီးမှ
ပြန် မကောင်းနိုင်ဘူး လို့...
လူနည်းစု
သား သမီးက လွဲလို့ပေါ့...
သား သမီး ဆိုတာ...
အားကိုးစရာ လို့
မွေးလာကတည်းက တွေးထားရင်တော့
မိဘ အမှားပါ။
မိဘကိုယ်တိုင်
သားထောက် သမီးကံ
ခံစားရမယ့်ကံလဲ လိုပါတယ်။
မိဘတာဝန် ကျေထားလို့
သား သမီးက
ပြန်တာဝန် ကျေမှာပဲလို့
မျှော်လင့်ထားရင်
အဇာတသတ်ရဲ့
ဖခမည်းတော်လောက်
သား သမီး အပေါ်မှာ
တာဝန်ကျေတာ ရှိသေးလို့လား-?
ကျွန်မတို့ အနီးမှာ
မိဘ တော်တော်များများဟာ
ကျွန်မတို့လို သား သမီး ဆီက
ဘာ အထောက်အပံ့မှ မယူ
သား သမီး ကို
တစ္ဆေကုန်းပိုး မလုပ်တဲ့
မိဘ ရှိကြသလို
ဘယ်လောက် ထောက်ပံ့နေပါစေ
သူတို့ပေးခဲ့တာနဲ့ နှိုင်းယှဉ်ပြီး
သား သမီးတွေက
ပြန်မကြည့်လေခြင်း ဆိုပြီး
အလို မပြည့်တဲ့
မိဘများလည်း ရှိကြပါတယ်။
မိဘမေတ္တာဆိုတဲ့ ရှေးရိုး စကားကို
သရုပ်ဖော်ပြီး
ပေးဆပ်ခဲ့ကြတာမို့
ပြန်မျှော်လင့်ကြတယ်။
ခေတ်ကို မကြည့်ဘူး။
အခုခေတ်က...
အရင်လို
တစ်ယောက် လုပ်စာ
တစ်အိမ်လုံး စားတဲ့ခေတ်
မဟုတ်တော့ဘူး ဆိုတာကို
မေ့နေတတ်ကြတယ်။
သား သမီးတွေဟာ...
နေထွက် နေဝင် ရှာဖွေ လုပ်ကိုင်ရင်း
မိဘဆီ လာတွေ့ဖို့
အတွေးထဲမှာတင် ပျောက်နေကြရတယ်။
မိဘအတွက် ဖယ်ထားရင်း
သူတို့ သား သမီး အတွက်
ပါသွားတတ်ကြတယ်။
ရေစုန် စီးတာ
အား ပိုကောင်းတယ်လေ။
ဒါကြောင့်...
ငယ်စဉ်ကတည်းက ရှာပါ။
စုပါ။
သား သမီးကို
အသိပညာ
အတတ်ပညာ အမွေပေးပါ။
ကြီးပြင်းလာတဲ့အချိန်
ကိုယ်က ပေးချင်သပါ့ဆို
ကိုယ့်အတွက်
အိုစာ မင်းစာ ချန်ပြီး ပေးပါ။
ဘယ်သား သမီးမှ
မိဘလောက် မကောင်းနိုင်ပါဘူး။
သင့် သား/သမီး
သင့်ကို ပြန်ကြည့်တယ်ဆို
သင့် ကံကို
သင် ကျေးဇူးတင်ပါ။
သင့် သား သမီးကို
ကျေးဇူးတင်ပါ။
ငါက မိဘပဲ
သူတို့ ကြည့်ရမှာပေါ့လို့
စာအုပ်ကြီးအတိုင်း မတွေးပါနဲ့။
ဘိုးဘွားရိပ်သာမှာ...
အကြောင်းကြောင်းကြောင့်
သား သမီးတွေ ရှိပါလျက်နဲ့
ရောက်နေသူတွေဟာ
အများကြီးပါ။
သား/သမီး ရှိ မရှိက
အရေးမကြီးပါဘူး။
ကိုယ့်အတွက် (အထုပ်)ရှိဖို့သာ
ပို၍ အရေးကြီးပါတယ်။
Credit -ရွှေအေးနွယ်၊
SOE MIN TUN. မေတ္တာဖြင့်ပြန်လည်မျှဝေသည်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Almaty