MT Coding Tech
IT field ထဲမှာ career တစ်ခုအနေနဲ့ရပ်တည်ချင်သူများအတွက် အခြေခံကစပြီး သင်ပေးနေတဲ့ Online Class ပါရှင်✨✨✨
Class - Web Design Basic, React JS, Software QA
18/09/2026
ဒီနေ့ဟာ ကျွန်မတို့ MT Coding Tech ရဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့လေး ပါရှင် 🎉✨
ဒီ ၅ နှစ်တာကာလအတွင်းမှာ သင်ကြားရေး Quality ကို အဓိကထားပြီး ကြိုးစားခဲ့ပါတယ်။
အတန်းတိုင်းကို ၅ ယောက်ဝန်းကျင်ပဲ လက်ခံပြီး တစ်ယောက်ချင်းစီကို သေချာအနီးကပ် Guide လုပ်ပေးပါတယ်။
ကိုယ့်လိုအပ်ချက်နဲ့ကိုယ် သွားချင်သူတွေအတွက် One-on-one နဲ့ Custom Course တွေလည်း စီစဉ်ပေးနိုင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ Recorded Video တွေနဲ့ Flipped Classroom ပုံစံသစ်ကိုပါ မိတ်ဆက်နိုင်ခဲ့လို့ ကျောင်းသားတွေ အချိန်တိုအတွင်း Project တွေ မြန်မြန်ဆန်ဆန် ကိုယ်တိုင်ရေးနိုင်လာကြပါပြီ။
နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေသူတွေရော၊ Career ပြောင်းချင်သူတွေပါ ယုံယုံကြည်ကြည် ရွေးချယ်ပေးကြလို့ အရမ်းကို ဝမ်းသာရပါတယ်။
ကျောင်းသားတွေဆီကရတဲ့ Feedback ကောင်းတွေကနေ ခွန်အားယူပြီး၊ ရှေ့လျှောက်လည်း ဒီထက်ပိုကောင်းတဲ့ သင်ကြားမှုတွေပေးနိုင်အောင် ဆက်ကြိုးစားသွားပါမယ်လို့ ကတိပေးပါတယ်ရှင်✨
08/09/2026
Job အခု 50 လျှောက်ပြီး Interview 0 ဖြစ်နေပြီဆိုရင်
တကယ်တော့ ပြဿနာက သင့် Skill မကောင်းလို့ ဖြစ်ချင်မှဖြစ်မှာပါနော်။
Professional တစ်ယောက်အနေနဲ့
“International Company မှာ အလုပ်လုပ်ချင်တယ်” ဆိုပြီး ပြင်ဆင်နေပြီ။
CV ပြင်ပြီးပြီ။ LinkedIn လည်းရှိတယ်။ Job တွေလည်း လိုက်လျှောက်နေတယ်။
ဒါပေမယ့်...
🙅♀️ Job တွေ အများကြီး Apply လုပ်ပေမယ့် Interview မရဘူး
🙅♀️ Interview ရလာရင် Technical / Behavioral Questions တွေကို ဘယ်လိုဖြေရမလဲ မသိဘူး
🙅♀️ Interview ဖြေပြီးတိုင်း Reject ဖြစ်နေပေမယ့် ဘာကြောင့်လဲ မသိဘူး
🙅♀️ ကိုယ့်အတွက် ဘယ် Job Role တွေက သင့်တော်လဲ မသိဘူး
🙅♀️ CV က International Market အတွက် အဆင်ပြေရဲ့လား မသိဘူး
🙅♀️ Job Description ဖတ်ပြီး ကိုယ့် Profile နဲ့ ဘယ်လို Match လုပ်ရမလဲ မသိဘူး
🙅♀️ Salary / Offer ကို ဘယ်လို Negotiate လုပ်ရမလဲ မသိဘူး
🙅♀️ Scam Job ဟုတ်၊ မဟုတ် ဘယ်လိုခွဲရမလဲ မသိဘူး
ဒီလိုဖြစ်နေတယ်ဆိုရင်
❌ Job တွေ့တိုင်း Random Apply လုပ်နေတာကို ရပ်လိုက်ပါ။
❌ Interview ရတိုင်း "ဘာကြောင့်မအောင်တာလဲ" မသိဘဲ ထပ်ဖြေနေတာတွေကို ရပ်လိုက်ပါနော်။
အခုခေတ်မှာ Skill ရှိရုံနဲ့ မလုံလောက်တော့ပါဘူး။
Job ရဖို့အတွက် Apply များများ လုပ်တာထက် ကိုယ့် Skill ကို မှန်ကန်တဲ့ Market၊ မှန်ကန်တဲ့ Role နဲ့ မှန်ကန်တဲ့ Job Hunting Strategy အသုံးပြုပြီး ပြနိုင်ဖို့လည်း လိုပါတယ်။
ဒါကြောင့် International Job Hunting Program ကို ပြင်ဆင်ထားပါတယ်ရှင်။
🟢 WEEK 1 - GET READY
Tech Role အားလုံး တက်လို့ရပါတယ်။
အလုပ်စမလျှောက်ခင် ကိုယ့် Profile ကို အရင် Ready ဖြစ်အောင်လုပ်ပါမယ်။
✔️ ကိုယ့်အတွက် သင့်တော်တဲ့ International Market ရွေးနည်း
✔️ Remote / Hybrid / Relocation အကြောင်း
✔️ Target Job Role သတ်မှတ်နည်း
✔️ International CV + ATS Optimization
✔️ LinkedIn Profile Optimization
✔️ Personal Branding
✔️ Job Description ဖတ်ပြီး ကိုယ့် Profile နဲ့ Match လုပ်နည်း
🔵 WEEK 2 - DEVELOPER JOB HUNT
Software Engineer / Frontend Developer တွေအတွက် အဓိကထားသင်ပေးမှာပါ။
✔️ International Job Search Strategy
✔️ Job Platform တွေကို ထိရောက်စွာ အသုံးပြုနည်း
✔️ Job Match + Application Strategy
✔️ CV / Cover Letter Customize လုပ်နည်း
✔️ HR / Recruiter Interview Preparation
✔️ Technical Interview Strategy
✔️ Mock Interview + Feedback
✔️ Salary Negotiation
✔️ Scam Job ခွဲခြားနည်း
ဘာတွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ Practical ပိုင်းနဲ့ လေ့ကျင့်ပေးမှာပါ။
ဒီ Program က ဘယ်သူတွေအတွက်လဲ?
International Job ကို စိတ်ဝင်စားပြီး အခြေခံ Tech Skill ရှိပြီးသား Professional တွေ အတွက်ပါ။
ဥပမာ
• Software Engineer
• Frontend Developer
• Backend Developer
• Full-stack Developer
• အခြား Tech Role တွေ
အထူးသဖြင့်
"Skill ရှိတယ်၊ ဒါပေမယ့် International Job ကို ဘယ်လိုစပြီး လိုက်ရှာရမလဲ မသိသေးဘူး"
ဆိုတဲ့သူတွေအတွက် သင့်တော်ပါတယ်ရှင်။
ဒီ Program နဲ့မသင့်တော်တဲ့သူတွေ
❌ Coding လုံးဝမသိသေးတဲ့ Beginner
❌ HTML / CSS / JavaScript အခြေခံတောင် မရှိသေးသူတွေ
❌ "သင်တန်းတက်ရုံနဲ့ Job အာမခံရမယ်" လို့ မျှော်လင့်ထားသူတွေ
ဒီ Program က Job ရမယ်လို့ 100% Guarantee မပေးပါဘူး။ ဒါပေမယ့် Interview အခွင့်အရေးရလာတဲ့အခါ
"မပြင်ဆင်ရသေးလို့" ဆိုပြီး အခွင့်အရေးကောင်းတွေ လက်လွှတ်မသွားအောင် ကိုယ့် Profile၊ Application နဲ့ Interview Preparation ကို စနစ်တကျ ပြင်ဆင်ပေးမှာပါရှင်။
ဒီ Program ပြီးသွားတဲ့အခါ ကိုယ့်အနေနဲ့
✅ ကိုယ့် Target Market, Target Roleသိမယ်
✅ International CV/LinkedIn Ready ဖြစ်မယ်
✅ JD နဲ့ ကိုယ့် Profile ကို Match လုပ်တတ်မယ်
✅ Job Application Strategy ရှိမယ်
✅ Interview အတွက် ပြင်ဆင်တတ်မယ်
✅ Offer နဲ့ Scam Job တွေကို ခွဲခြားတတ်မယ်
အဓိကကတော့
Job တွေ့တိုင်း Random Apply လုပ်နေတဲ့ပုံစံကနေ ကိုယ့်အတွက် ဘယ် Job ကို ဘာကြောင့် လျှောက်မလဲ၊ ဘယ်လိုပြင်ဆင်ပြီး လျှောက်မလဲဆိုတာ သိတဲ့ Job Hunting Process တစ်ခု ရလာမှာပါ။
👩💻 ဘယ်သူက သင်ပေးမှာလဲ?
ပြည်တွင်းနဲ့ ပြည်ပအခြေစိုက် International Company တွေမှာ Full-time နဲ့ Freelance အလုပ်အတွေ့အကြုံရှိပြီး Interview Experience များစွာရှိထားတဲ့ MT Coding Tech ရဲ့ Founder, Tr. May Thinn Khine သင်ကြားပေးမှာပါ။
🎙️Special Guest Session
ဒါ့အပြင် Digital Agency Company တစ်ခုရဲ့ Founder တစ်ယောက်ကို Special Guest Speaker အနေနဲ့ ဖိတ်ခေါ်ထားပါတယ်။
Founder တစ်ယောက်ရဲ့အမြင်နဲ့
• ဘယ်လို Candidate မျိုးကို Interview ခေါ်ဖြစ်လဲ?
• Interview မှာ ဘာတွေကြောင့် Reject ဖြစ်တတ်လဲ?
• Candidate တွေရဲ့ Common Mistakes တွေက ဘာတွေလဲ? ဆိုတာတွေကို မျှဝေပေးမှာပါ။
Program Details
📚 Duration
2 Weeks
🗓️ Start Date
19 Sep 2026 (Sat)
Sat, Sun
2:00 PM – 3:30 PM (MMT)
💻 သင်ကြားမည့်ပုံစံ
Live Training + Practical Exercises
Microsoft Teams Platform မှတစ်ဆင့် သင်ကြားပေးမှာပါ။
💰 သင်တန်းကြေး
Week 1 - 50,000 MMK
Week 1 သီးသန့်တက်ချင်သူများအတွက်
Week 2 - 75,000 MMK
Week 2 သီးသန့်တက်ချင်သူများအတွက်
🔥 Full Program - 110,000 MMK
ပုံမှန် 125,000 MMK မှ 15,000 MMK Save
MT Coding Tech ရဲ့ သင်တန်းသားဟောင်းများအတွက် 10,000 MMK ထပ်လျှော့ပေးထားပါတယ်။
🛋️ Seats ကို လူအရေအတွက် ကန့်သတ်ထားပါတယ်။
International Job ကို တကယ်စဉ်းစားနေပြီး
"Apply လုပ်နေတာကြာပြီ၊ ဒါပေမယ့် ဘာတွေပြင်ဆင်ဖို့လိုသေးလဲ မသိဘူး" ဆိုရင် ဒီ 2 Weeks ကို စနစ်တကျ ပြင်ဆင်ဖို့ အသုံးချနိုင်ပါတယ်ရှင်။
အရင်က ရေးထားတဲ့ Job Hunting နဲ့ ပတ်သက်တဲ့ Content တွေကို First Comment မှာ ဖတ်နိုင်ပါတယ်ရှင်။
28/08/2026
"လက်ရှိမှာ DevOps လုပ်နေပေမယ့် Coding ပိုင်းလည်း သိချင်တာမို့ အချိန်ရတုန်းလေး လာတက်တာပါ" ဆိုတဲ့ Dubai မှာ DevOps Engineer အနေနဲ့ အလုပ်လုပ်နေတဲ့ မောင်လေးရဲ့ Feedback လေးပါရှင်။ Feedback လေးလာပေးရင်း ညီလေးအတွက်ပါ အတန်းအပ်သွားပေးလို့လည်း ကျေးဇူးတင်ပါတယ်ရှင် ☺️
Kyaw Sithu (Dubai)
"ကျွန်တော် တီချယ် မေသင်းခိုင် ဆီမှာ အလုပ်မှာ လိုအပ်တဲ့ Frontend အပိုင်းလေး လိုအပ်နေလို့ one on one session လေး ယူဖြစ်ခဲ့ပါသေးတယ်။ တီချယ် က syntax ထက် mental model ရယ် ဘယ်လို တွေးရမလဲ ဆိုတာ ကို သင်ပေးတော့ ကျွန်တော် လက်ရှိ လုပ်ငန်းခွင်မှာ အရမ်း အဆင်ပြေပါတယ်။ အချိန်ရရင်လည်း အမြဲ ထပ်တက်မဲ့ သင်တန်းမျိုးပါပဲ ။ syntax ထက် why ကို သင်ပေးတဲ့ သင်တန်းမျိုးပါ။ Highly Recommend လုပ်ပါတယ်။"
လက်ရှိမှာ Career တစ်ခုနဲ့ရပ်တည်နေပေမယ့် ရပ်မနေပဲ လိုအပ်တာတွေကို အမြဲလေ့လာတာမို့ Appreciate လုပ်ပါတယ်မောင်လေးရေ ☺️
One on one အတန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို Page Chatbox မှာစုံစမ်းနိုင်ပါတယ်ရှင်။
20/08/2026
အတန်းထဲမှာ စာမသင်ပဲ လက်တွေ့ Project ပဲလုပ်ရမယ့်အတန်း၊ တစ်တန်းမှာ (5)ယောက်သာလက်ခံပြီး တစ်ယောက်ချင်းစီကို သေချာသင်ကြားပေးမယ့်အတန်း၊ သင်တန်းကြေးကိုလည်း တစ်လချင်းစီ ခွဲပေးနိုင်တဲ့ Web Design Basic Batch 20 အတန်းလေးကတော့ အခုဆိုရင် Seat အနည်းငယ်ပဲကျန်ပါတော့တယ်ရှင် 🎉
❓Web Design Basic အတန်းကိုဘယ်သူတွေတက်သင့်လဲ
✅ IT နဲ့ Career စတင်မယ့်သူတွေ
✅ International University တွေ မှာ IT major နဲ့ကျောင်းတက်ဖို့ပြင်ဆင်နေသူတွေ၊ ကျောင်းတက်နေသူတွေ
✅ Long term life plan အတွက် Career ချိန်းမယ့်သူတွေ
✅ Software Engineer, Web Developer ဖြစ်ချင်သူတွေ
✅ Tutorial Hell ထဲရောက်နေတဲ့သူတွေ
✅ Income များများနဲ့ နိုင်ငံခြားဝင်ငွေရချင်သူတွေ
✅ Remote or freelancer အလုပ်တွေနဲ့ရပ်တည်ချင်သူတွေအတွက်သင့်တော်ပါတယ်ရှင်
Website တွေရေးဆွဲရမှာဖြစ်လို့ Facebook, YouTube, Netflix တို့လို Website UI လှလှလေးတွေလည်းတည်ဆောက်နိုင်မှာပါ။
Frontend Developer တစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။
ဒီအတန်းကတော့ Basic အတန်းဖြစ်တဲ့အတွက် Computer နဲ့ Computer Basic ရှိရင် joinလို့ရပါတယ်။ အဓိကက ဝါသနာပါပြီး အချိန်ပေးနိုင်ရင်အဆင်ပြေပါတယ်။
သင်ကြားရေးပုံစံသစ်မှာ ဘာတွေပါမလဲ
✅ Theory တွေကို ၅ မိနစ်ဝန်းကျင် ဗီဒီယိုတိုလေးတွေနဲ့ အိမ်မှာ ကြိုကြည့်ထားမယ်။
✅ အတန်းထဲရောက်ရင်တော့ ကျွန်မနဲ့အတူ လက်တွေ့ Project တွေပဲ အတူတူလုပ်ပါမယ်။
✅ မရှင်းတာရှိရင် ချက်ချင်းမေး၊ ချက်ချင်းရှင်းပြီး တစ်ဆင့်ချင်း အတူတူသွားမယ်။ စာသင်တာနဲ့တင် အချိန်ကုန်သွားလို့ မေးခွန်းမေးဖို့ အားနာနေရတဲ့ အခက်အခဲမျိုး ဒီမှာ မရှိစေရပါဘူး။
MT Coding - Tech ရဲ့ class တွေကို
🇺🇸 US
🇬🇧 UK
🇨🇦 ကနေဒါ
🇸🇬 စင်ကာပူ
🇯🇵 ဂျပန်
🇰🇷ကိုရီးယား
🇹🇭 ထိုင်း
🇲🇲 မြန်မာ
🇰🇭 ကမ္ဘောဒီးယား
🇲🇾 မလေးရှား
🇻🇳 ဗီယက်နမ်
🇦🇪 Dubai
နိုင်ငံတွေမှာ International University တက်နေတဲ့ကျောင်းသားတွေ၊ Career ပြောင်းတဲ့သူတွေ၊ Frontend Skill မြှင့်ချင်တဲ့ Software Engineer တွေ၊ Developer တွေတက်ရောက်ကြပါတယ်ရှင်။
🎓 သင်ပေးမှာတွေကတော့
HTML,
CSS,
JavaScript,
Tailwind CSS,
Mini projects,
Hand-on project training,
AI Knowledge,
Git
⏰ Start date
25 August 2026(Tue)
Tue, Fri
8:00 PM - 9:30 PM (MMT)
⏰ Duration
2 months ဒီထက်လည်းပိုချင်ပိုပါမယ်ရှင်။
👩💻သင်ကြားမည့်သူ
Tr. May Thinn Khine
Founder of MT Coding Tech
Senior Frontend Developer/Freelancer
Experience အနေနဲ့ Teaching ပိုင်းမှာ (5) နှစ်ကျော်၊ Frontend Development မှာ (9) နှစ်ကျော် အတွေ့အကြုံရှိထားပါတယ်။
💰 သင်တန်းကြေး
4သိန်း (တစ်လ 2သိန်း ပေးနိုင်ပါတယ်)
လူအရေအတွက် (5) ယောက်သာလက်ခံတာမို့ အတန်းပြီးဆုံးအောင်တက်ရပါမယ်ရှင်။
သင်ကြားမည့်ပုံစံ
(Recorded Video + Live Class)
အချိန်ညှိနိုင်တဲ့ One on One အတန်းနဲ့ Recorded Video Class ကိုလည်း Page Chatbox မှာ စုံစမ်းနိုင်ပါတယ်ရှင် ✨
15/08/2026
Student's Project လေးပါရှင် ✨✨✨
အလုပ်လျှောက်တဲ့အခါ ကိုယ့်အကြောင်းကိုသေချာဖော်ပြပေးနိုင်တဲ့ Portfolio Website လေးပါ။
ဒီညီမလေးကတော့ London, UK မှာ Master ပြီးထားတာမို့ Education Background ရှိထားပြီးသားပါ။
စစချင်း အတန်းလာစုံစမ်းတော့ အခြေခံရှိပြီးသားပေမယ့် သေချာလေးလည်း ရချင်တယ်ဆိုလို့ Custom Course တစ်လလောက် ယူကြည့်ဖို့ အကြံပေးဖြစ်ခဲ့ပါတယ်။ သူလိုအပ်တာတွေကို ဖြည့်သင်တဲ့ပုံစံပါရှင်။
အဲ့တစ်လနဲ့ပဲ React JS နဲ့ Tailwind CSS ကိုသုံးပြီး ဒီ Project လေးကို ပြီးခဲ့ပါတယ်။ ကျွန်မဘက်က Guide လုပ်ပေးခဲ့ပြီး သူကိုယ်တိုင် Brainstorming တွေ၊ Research တွေသေချာလုပ်ခဲ့ရပါတယ်။ အခုလည်း React JS အတန်း ကို Recorded Video Class ယူပြီး လေ့လာနေပါတယ်ရှင်။
Congratulations ပါညီမလေးရေ။ နည်းနည်းလေးပြောလိုက်ရင် အများကြီးမြင်ပြီး သေချာလေးကြိုးစားပေးလို့လည်း တီချယ်က ကျေးဇူးတင်ပါတယ်ရှင် 🥰
အတန်းသစ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ကို Page မှာကြည့်နိုင်ပါတယ်ရှင်။
10/08/2026
"ဒါလေးဆွဲကြည့်ချင်တယ် တီချယ်" ဆိုပြီး Challenge ကို ကိုယ်တိုင်သေချာလုပ်လာပေးတဲ့ မောင်လေးပါ ☺️
"Design ဆွဲရတာပျော်လာပြီ" ဆိုလို့လည်း ဝမ်းသာရပါတယ်။ စိတ်ဝင်တစားနဲ့ကြိုးစားပေးလို့လည်း တီချယ်က ကျေးဇူးတင်ပါတယ်ရှင်။
"ကိုယ်တိုင်လုပ်နိုင်တယ်" ဆိုတဲ့ ကျွမ်းကျင်မှုအတွက်က ဖြတ်လမ်းမရှိပါဘူးရှင်၊ တစိုက်မတ်မတ် ကြိုးစားမှုကအဓိကပါ။ အခြေခံတွေ ပိုင်နိုင်သွားရင်တော့ AI ကိုလည်း စိတ်ကြိုက်စေခိုင်းလို့ရပါပြီ။
ဒီလမှာ အတန်းသစ်စပါမယ်ရှင်။ လူနည်းနည်းနဲ့ ထိထိရောက်ရောက်တက်ချင်တယ်ဆိုရင် Page Chatbox မှာ "WEB DESIGN BASIC" လို့ပို့ပြီး အတန်းအပ်နိုင်ပါတယ်ရှင်။
Web Design Basic Class Batch 20
09/08/2026
"IT ကို အခုမှစချင်တယ်၊ Career ပြောင်းချင်တယ်၊
ဒါပေမယ့် ဘယ်ကနေစရမလဲ မသိဘူး" 💻
ဒါမှမဟုတ်
"University မှာ IT တက်နေပေမယ့် Language Barrier ကြောင့် သင်တာတွေ နားမလည်ဘူး"🤯
"HTML, CSS, JS လေ့လာဖူးတယ်၊ ဒါပေမယ့် ကိုယ်တိုင် Website တစ်ခုရေးဆို ဘယ်ကနေစရမလဲ မသိဘူး၊ အခြေခံပိုရချင်တယ်"
"သင်တန်းတော့တက်ချင်တယ်၊ လူများတာမကြိုက်ဘူး၊ လူနည်းနည်းနဲ့ပဲတက်ချင်တာ"
“AI က Code ရေးပေးနေပြီဆိုတော့ Coding ကို သင်ဖို့လိုသေးလို့လား?” 🤔
ဒီလိုအတွေးတွေရှိနေတယ်ဆိုရင် ဒီ Post ကို ဆက်ဖတ်ကြည့်ပါနော် ✨
IT ကို အခုမှစမယ့်သူတွေ စိတ်မပူပါနဲ့
ဒီ Class ကို တက်ဖို့ဆို
❌ Coding Experience ရှိစရာမလိုပါဘူး
❌ Programming ကျွမ်းကျင်ပြီးသားဖြစ်စရာမလိုပါဘူး
❌ IT Background ရှိစရာမလိုပါဘူး
Computer Basic ရှိပြီး လေ့လာဖို့အချိန်ပေးနိုင်ရင် စတင်လို့ရပါတယ်။
အခြေခံကနေ တစ်ဆင့်ချင်းသင်ပေးပြီး
"Coding ကို ဘာမှမသိဘူး" ဆိုတဲ့သူတွေပါ Website တစ်ခုကို ကိုယ်တိုင်စတင်တည်ဆောက်နိုင်လာဖို့ ရည်ရွယ်ထားတဲ့ Basic Class ဖြစ်ပါတယ်ရှင်။
Basic ရှိပြီးသားသူတွေအတွက်ရော?
YouTube က Tutorial တွေကြည့်ပြီး Website တွေ လိုက်ရေးဖူးတယ်…
ကြည့်တဲ့အချိန်မှာတော့
"အင်း… နားလည်တယ်" 😎
ဒါပေမယ့် ကိုယ်တိုင်ရေးဆိုရင်
"ဘယ်ကစရမလဲ? Structure ဘယ်လိုချရမလဲ? ဒီ Code ကို ဘာကြောင့်ရေးရတာလဲ? 🤯
ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ဒီ Class မှာ Code Copy လုပ်တတ်ဖို့ထက် Project တစ်ခုကို ကိုယ်တိုင်စဉ်းစားပြီး တည်ဆောက်တတ်ဖို့ကို အဓိကထားလေ့ကျင့်ပေးမှာပါ။
🤖 “AI ရှိနေပြီဆိုတော့ Coding ကို သင်ဖို့လိုသေးလား?”
AI က Code ရေးပေးနိုင်ပါတယ်။
ဒါပေမယ့်
AI ရေးပေးတဲ့ Code ကို နားမလည်ရင် ဘယ်လိုပြင်မလဲ?
Project တစ်ခုကို ဘယ်ကစရမလဲ မသိရင် AI ကို ဘာခိုင်းမလဲ?
Error တက်လာရင် ဘယ်လိုရှာပြီး ဖြေရှင်းမလဲ?
ရေးပေးတဲ့ Code မှန်၊ မမှန်ကို ဘယ်လိုစစ်မလဲ?
ဒါကြောင့် AI ခေတ်မှာ Foundation က ပျောက်သွားတာမဟုတ်ပါဘူး။
Basic Skill + AI Skill နှစ်ခုလုံးက ပိုအရေးကြီးလာတာပါ။ 🤖💻
ဒီ Class မှာ Coding Basic တွေအပြင် AI ကိုဘယ်လိုအသုံးချမလဲကိုပါ လက်တွေ့လေ့လာရမှာပါ။
ဒီ Class က Syntax တွေ အလွတ်ကျက်ဖို့ပဲ သင်တဲ့အတန်းမဟုတ်ပါဘူး။
Project တစ်ခုကို
စဉ်းစား
Structure ချ
Code ရေး
Error တက်
Debug လုပ်
ပြန်ပြင်
Website အဖြစ် တည်ဆောက်တဲ့ Process ကို လက်တွေ့လေ့ကျင့်သွားမှာပါ။
ဘာကြောင့်လဲဆိုတော့
Tutorial ကြည့်ပြီး "သိတယ်" ဆိုတာနဲ့
ကိုယ်တိုင် Project တစ်ခုကို "လုပ်တတ်တယ်" ဆိုတာ မတူလို့ပါရှင်။
📚 သင်ကြားပုံကရော?
Before Class (LEARN)
တိုတိုရှင်းရှင်း Recorded Videos တွေနဲ့ Concept တွေကို ကြိုလေ့လာမယ်။
During Class (BUILD)
Live Class မှာ ဆရာမနဲ့အတူ Project တွေကို လက်တွေ့တည်ဆောက်မယ်။
After Class (PRACTICE)
Assignment / Projects တွေနဲ့ ကိုယ်တိုင်ပြန်ရေးပြီး Practice လုပ်မယ်။
Learn ➡️ Build ➡️ Practice
ဒီ Cycle နဲ့ သွားမှာပါ။
အတန်းထဲမှာ မသိတာရှိရင်လည်း "မေးရင် အားနာစရာကောင်းမလား" ဆိုပြီး မစိုးရိမ်ပါနဲ့။ ❤️
မသိတာကို မေးဖို့အတွက်ပဲ ဒီအတန်းရှိနေတာပါနော်။
သင်တန်းပြီးရင် ဘာကိုရမှာလဲ?
✅ HTML / CSS / JavaScript Foundation
✅ Website UI ကို ကိုယ်တိုင်တည်ဆောက်နိုင်မယ်
✅ Responsive Website ရေးနိုင်မယ်
စတဲ့ Frontend Development အတွက် အရေးကြီးတဲ့ Foundation ကို တည်ဆောက်ပေးမှာပါ။
ပြီးရင် ဒီ Foundation ကနေ
➡️ React JS
➡️ Frontend Development ကို ဆက်လေ့လာမယ်
➡️ Internship / Junior Developer Career လမ်းကြောင်းကို ဆက်သွားမယ် ဆိုပြီး တစ်ဆင့်ချင်း တက်သွားနိုင်ပါတယ်။
📌 WEB DESIGN BASIC CLASS BATCH (20)
📅 Start Date
25 August 2026
⏰ Tue, Fri | 8:00 PM – 9:30 PM (MMT)
📚 Duration
2 months ဒီထက်လည်းပိုချင်ပိုပါမယ်ရှင်။
💰 Live Class Fee
4သိန်း (တစ်လ 2သိန်း ပေးနိုင်ပါတယ်)
လူအရေအတွက် (5) ယောက်သာလက်ခံတာမို့ အတန်းပြီးဆုံးအောင်တက်ရပါမယ်ရှင်။
👥 Seats
5 ယောက်သာ လက်ခံမှာပါရှင်
သင်ကြားမည့်ပုံစံ
Live Class ( Microsoft Teams)
(Recorded Video + Live Class)
Live Class တက်ဖို့ အချိန်အဆင်မပြေတဲ့သူတွေအတွက် Recorded Video Class သီးသန့်လည်းရှိပါတယ်။ အဲ့ဒါကတော့ ၃သိန်းပါရှင်။
သင်ကြားမည့်အကြောင်းအရာများ
✅ HTML
✅ CSS
✅ JavaScript Basic
✅ Tailwind CSS
✅ Git & GitHub
✅ AI Knowledge
✅ Mini Projects
✅ Hands-on Project Training
👩💻 သင်ကြားမည့်သူ
Tr. May Thinn Khine
Founder of MT Coding Tech
Instructor/
Senior Frontend Developer
Frontend Development နယ်ပယ်မှာ 9 နှစ်ကျော် အတွေ့အကြုံရှိတဲ့ Senior Developer နဲ့ MT Coding - Tech ရဲ့ Founder ဖြစ်ပါတယ်။ 2017 ကစလို့ Switzerland နဲ့ US အခြေစိုက် ကုမ္ပဏီတွေမှာ Web Designer ကနေ Senior Frontend Developer အဖြစ် တာဝန်ယူခဲ့ပြီး Design System တွေနဲ့ Product များစွာကို ဖန်တီးခဲ့ပါတယ်။
2021 မှာ MT Coding - Tech ကို စတင်ခဲ့ပြီး ကျောင်းသားတွေအတွက် Full Scholarship တွေ ပေးခဲ့တဲ့အပြင် Free Workshop တွေလည်းပြုလုပ်ခဲ့ပါတယ်။
Final Project အပ်နှံပါက Certificate ပေးမှာဖြစ်ပြီး
Career / Portfolio / Interview အတွက် လိုအပ်တဲ့ Guidance တွေကိုလည်း မျှဝေပေးသွားမှာပါ။
MT Coding - Tech ရဲ့ class တွေကို
🇬🇧 UK
🇨🇦 ကနေဒါ
🇸🇬 စင်ကာပူ
🇯🇵 ဂျပန်
🇰🇷ကိုရီးယား
🇹🇭 ထိုင်း
🇲🇲 မြန်မာ
🇰🇭 ကမ္ဘောဒီးယား
🇲🇾 မလေးရှား
🇻🇳 ဗီယက်နမ်
🇦🇪 Dubai
နိုင်ငံတွေမှာ International University တက်နေတဲ့ကျောင်းသားတွေ၊ Career ပြောင်းတဲ့သူတွေ၊ Frontend Skill မြှင့်ချင်တဲ့ Software Engineer တွေ၊ Developer တွေတက်ရောက်ကြပါတယ်ရှင်။
တက်ရောက်ပြီးသူများရဲ့ Feedback အချို့ကို Page ရဲ့ Review မှာကြည့်နိုင်ပါတယ်ရှင်။
အချိန်ညှိနိုင်တဲ့ One on one နဲ့ Custom course, React JS အတန်းအတွက်ကတော့ Page chat box မှာ စုံစမ်းနိုင်ပါတယ်။
📩 အသေးစိတ်သိချင်တာနဲ့ အတန်းအပ်ချင်ရင်
Page Messenger မှာ "WEB DESIGN BASIC" လို့ ပို့ပေးပါရှင်။ ❤️
05/08/2026
CSS ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ Grid နဲ့ Flex ကို သင်ပြီးတာနဲ့ သူတို့ကို Screen Share ခိုင်းတယ်။ ပြီးတော့ Design တွေစိတ်ကြိုက်ရှာရင်း "ဒါလေးဆွဲနော်" ဆိုပြီး Random Design တစ်ခုကို လက်တန်းဆွဲခိုင်းထားတာလေးပါ။ ဘယ် Design ရွေးရွေး တကယ်လည်းဆွဲနိုင်ကြတယ် 🥰
"စိတ်ကြိုက် Design တစ်ခု အိမ်စာလုပ်ခဲ့ပါ" ဆိုတော့လည်း သေချာလေးလုပ်လာပေးတယ်။
ဒါတွေဆွဲနိုင်ဖို့ အချိန်ကြာလားဆိုတော့?
သူတို့တွေဆိုရင် တစ်လဝန်းကျင်ပဲအတန်းတက်ရသေးတယ်။ ဖြတ်လမ်းမရှိပါဘူး၊ ဒါပေမယ့် Recorded Video Class + Live Class ပုံစံသင်တာကြောင့် အရင်ကထက် အရမ်းမြန်လာပါတယ်။ Practice ပိုလုပ်လာရပါတယ်ရှင် ☺️
One on One ဆိုရင် တစ်လတောင်မပြည့်သေးဘူး ဒီလောက်ထိဆွဲနိုင်ကြလို့ Appreciate လုပ်ပါတယ်ရှင် 😍🥰
One on one မှ မဟုတ်ပါဘူး၊ (5) ယောက် group အတန်းလည်း ဒီလိုပုံစံပဲသင်ပါတယ်။ အချိန်မရလို့ Recorded Video Class ယူထားတဲ့သူတွေအတွက်လည်း အိမ်စာလေးတွေပေးတာကြောင့် ကိုယ်တိုင်များများရေးရပါတယ်။
ကျွန်မတုန်းက 4, 5, 6 လလောက် လေ့လာခဲ့ရတာတွေကို ဘယ်လိုသင်ရင်မြန်မလဲ၊ ပိုနားလည်မလဲဆိုတာတွေ အမြဲတွေးနေရတာ ခုတော့ အရာထင်ခဲ့ရပါပြီရှင် 🥰
အတန်းသစ်တွေအတွက် Page Chat box မှာ စုံစမ်းနိုင်ပါတယ်ရှင်။
30/07/2026
စာကြိုးစားနေကြတဲ့ ကျွန်မရဲ့ချစ်စရာမောင်လေး၊ ညီမလေးတွေပါရှင် 🥰
Recorded အတန်းယူထားတော့ ဘယ်နေရာပဲဖြစ်ဖြစ်စာလေ့လာလို့ရတာမို့ အဆင်ပြေနေကြတာ☺️
Coffee ဆိုင်မှာပဲ စာလုပ်မလား၊ အိမ်မှာပဲ အားတဲ့အချိန်စာလုပ်မလား အဆင်ပြေနေကြပါတယ်။ ဘယ်အတန်းပဲဖြစ်ဖြစ် ကိုယ်တိုင်လက်တွေ့ရေးနိုင်အောင် တခါတည်းလေ့ကျင့်ခိုင်းတာမို့ သေချာလေးကြိုးစားဖို့ပဲလိုပါတယ်။
တီချယ့်အတန်းတက်ဖူးတဲ့သူတွေအနေနဲ့ စာလုပ်နေတဲ့ပုံလေးတွေကို Comment or CB မှာ ပို့ထားလို့ရပါတယ်နော်။
ကြိုးစားပေးကြလို့လည်း Appreciate လုပ်ပါတယ်ရှင် 💜💜💜
Telephone
Website
Address
연수구 컨벤시아대로 153
Incheon
400-340