The Panna Chapter
Panna's Korea Diaries �
13/03/2026
모든 응원을 감사하게 받았습니다 💐🎊
진심으로 감사드립니다💚
#삼성희망장학금
#경북대학교
#삼성꿈장학재단
01/01/2026
여러분 안녕하세요 🎊
အားလုံးပဲ 2025ရဲ့ နောက်ဆုံးရက်ကို အနီးကနေပဲဖြစ်ဖြစ် အဝေးကနေပဲ ဖြစ်ဖြစ် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အတူတူ ကုန်ဆုံးခဲ့လိမ့်မယ်လို့ Pannaအနေနဲ့ မျှော်လင့်ပါတယ်
Panna ကတော့ ကိုရီးယား ရိုးရာအိမ်(Hanok)လေးတွေ အပြည့်နဲ့ ရိုးရာအိမ်ပုံစံ Coffee ဆိုင် လှလှလေးတွေ ရှိတဲ့ ရှီလာ(Silla) မင်းဆက်ရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ Geyongju မြို့လေးကို ခရီးထွက်ဖြစ်ခဲ့ပါတယ်
Seoul , Busan တို့လို့ New Year ကို အထာကျကျနဲ့ ခမ်းခမ်းနားနား ဖြတ်သန်းချင်တာမဟုတ်ဘဲ
Korea သမိုင်းနောက်ခံ Drama တွေထဲကလို အထပ်မြင့်တိုက်တွေနဲ့ ဝေးရာ မြို့ဟောင်း လမ်းကြားလေးတွေထဲက ရိုးရာအိမ်ပုံစံ coffee ဆိုင် လှလှလေးတွေ
သမိုင်းဝင် နက္ခတ်တာယာမျှော်စင်(Cheomseongdae)
ရှီလာခေတ်ကတည်းက တည်ဆောက်ထားတဲ့ UNESCO စာရင်းဝင် Bulguksa Temple စတဲ့
Panna လို ရိုးရာယဉ်ကျေးမှု အမွေနှစ်တွေကို ကြည့်ရင်း နှစ်ဟောင်းကို ကုန်ဆုံးချင်တဲ့ သူတွေဆိုရင်တော့ ဒီမြို့လေးကို သဘောကျမယ်လို့ ထင်ပါတယ်
Panna သွားခဲ့သမျှ နေရာတိုင်းမှာ ရောက်တတ်ရာရာ ရိုက်ဖြစ်ခဲ့ပုံလေးတွေကို အောက်မှာ မျှဝေပေးလိုက်ပါတယ်
Vlog လေးကိုတော့ Panna Editing လေးပြီးသွားရင် တင်ပေးသွားပါ့မယ်ရှင့်
အားလုံးပဲ 2026နှစ်သစ်ကနေစလို့ အေးချမ်းပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ
여러분 💚
“새해 복 많이 받으세요“
🎊
🤎
Happy Friday pr Yeorobun!🥳
ဒီတစ်ခေါက်တော့ Video တစ်ခုလုံး Korea လိုပဲ ပြောထားပါတယ်
mm subtitle လေးလည်း ထိုးပေးထားပါတယ်ရှင့်
ဒီနေ့ video လေးကတော့ Dorm Tour လေးပါရှင့်
ဒီ video လေးက အမှန်တော့ Panna summer break တုန်းက ရိုက်ထားတာပါ
အဲ့ဒီတုန်းက အခန်းလေး မပြောင်းရသေးပါဘူး
ဒါပေမယ့် အခု လက်ရှိနေနေတဲ့ အခန်းကလည်း ဒီအခန်းရဲ့ ဘေးအခန်းကို ပြောင်းလိုက်ရတာပါ 😂
အဲ့ဒါမို့ အဆောင်ကတော့ အတူတူပါပဲ
အခန်းတွေကလည်း ဖွဲ့စည်းပုံက အတူတူပဲမို့ တင်ပေးလိုက်ပါတယ်
ဒီအဆောင်က Kyungpook National University မှာရှိတဲ့ ကျောင်းအဆောင်လေးပါ အဆောင်နာမည်ကတော့ Cheomseonggwang ပါရှင့်
Semester တစ်ခုကို 600,000Won ကနေ 800,000Won ဝန်းကျင်ရှိပါတယ်
ကျောင်းပိတ်တဲ့ လတွေဆိုရင်တော့ ၂လစာကို 300,000/400,000Won ပတ်ဝန်းကျင်လောက် ရှိပါမယ်ရှင့်
မိန်းကလေး ယောက်ျားလေး Building တစ်ခုထဲမှာ နေရပေမယ့် နေရမယ့် အထပ်တွေနဲ့ Elevator က အစ သီးသန့်စီးရပါတယ်
မှားဝင်မိရင် အထုတ်ခံရပါမယ် 😎
ဒီအဆောင်မှာ မကြိုက်တာဆိုလို့ အဆောင် Canteen က အစားစာတွေပါပဲ
ပိုက်ဆံပေးစားရပေမယ့် ဘာစားစား အရသာ ရှိမနေပါဘူး
Panna ဆို မသိဘဲ ၃နပ်တောင် ပိုက်ဆံပေးပြီး စားခဲ့တာပါ 😭
(Panna တစ်ယောက်တည်း မစားနိုင်တာ အဆင်မပြေတာ မဟုတ်ဘဲ ကျောင်းမှာ ဒီအဆောင်က ထမင်းက အရသာ မရှိဘူးလို့ နာမည်ကြီးပါတယ်)
အခုတော့ Coupang ကနေ Ready made မြန်မာအစားစာတွေပဲ မှာစားပါတော့တယ်
ဟီးဟီး
အားလုံးပဲ ဒီတစ်ခေါက်လည်း Enjoy လုပ်ပေးဖို့ မျှော်လင့်ပါတယ်ရှင့် 🩵
30/09/2025
Yeorobun!
ဒီအပတ်ရဲ့ “Hangout with Yoo” (놀면 뭐하니?)
အစီအစဉ်ကို ကြည့်ဖြစ်ကြလား?
လွန်ခဲ့တဲ့ အပတ်တွေကတည်းက
80s MBC Seoul Song Festival (80s MBC 서울 가요재) အတွက် Team Member တွေဖြစ်တဲ့
MC Yoo Jae Suk, Ha Ha, Ju Woo Jae, Lee Yi-Kyung နဲ့ Production Team ဘက်က သေချာပြင်ဆင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော်တွေကို လာရောက်ယှဉ်ပြိုင်စေတဲ့ ပုံစံမျိုးနဲ့ 1980s က သီချင်းတွေကို ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်
Show မှာ ပါဝင်တဲ့ သူတွေရော
ပွဲကို လာရောက်တဲ့ ပရိတ်သတ်တွေရောကပါ 1980လောက်က Make up အပြင်ဆင်နဲ့ outfit လေးတွေ ဝတ်လာကြတာပါ
Panna က အသက် ၁၄နှစ်လောက်ကတည်းကနေ အခုထိ Running Man’s Fan ဖြစ်ခဲ့ပြီးတော့
Pannaရဲ့ Favorite member က
Nation’s MC Yoo Jae Suk ပါ
အထက်တန်းကတည်းက ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ဟာလည်း အစီစဉ်တင်ဆက်သူ တစ်ယောက်မို့ MC Yoo ကို ကြည့်ပြီးတော့လည်း အမြဲ လေးစားပြီး အားကျရင်း သူ့ရဲ့ Variety Show တော်တော်များများကို ပုံမှန် ကြည့်ဖြစ်ခဲ့ပါတယ်
ကြုံတုန်းလေး ကပ်ကြွားတာဆိုပေမယ့်
Panna ဒီကို မရောက်ခင်ကတည်းကရော ရောက်ပြီးကတည်းကနေ အခုထက်ထိရော
Native တွေနဲ့ International Student တွေရဲ့ ချီးကျူးတာကို အမြဲတမ်း ခံရပါတယ်
အကြောင်းရင်းကတော့ Korean Native တစ်ယောက်လိုမျိုး Accent ရော စကားပြောဆိုပုံရော
နိုင်ငံခြားသားလို့ မထင်ရလောက်တဲ့အထိကို ပြောနိုင်လို့ပါပဲ (ဒါပေမယ့်လည်း အခုထိ လိုအပ်ချက်လေးတွေ လေ့ကျင့်ရမယ့် အပိုင်းတွေ အများကြီး ကျန်ပါသေးတယ်)
Panna က ဒီကို Language Program နဲ့ စပြီးတော့ လာခဲ့တာ မဟုတ််ပါဘူး
Topik Level 5 နဲ့ Major ကို တစ်ခါတည်း Join ပြီး လာခဲ့တာမို့လို့ ဒီကို မရောက်ခင်ကတည်းက Korean Language ကို Korea လူမျိုးတွေနဲ့ တန်းတူ ပြောနိုင်အောင် လေ့ကျင့်ပြီးတော့ လာခဲ့တာပါ
အဲ့ဒါကလည်း Speaking အတွက်ဆိုပြီးတော့ သီးသန့် သင်တန်းတွေ အများကြီး တက်ပြီးတော့ လေ့လာခဲ့တာ မဟုတ်ဘဲ အခုလို ကိုယ်နှစ်သက်တဲ့
Variety Show တွေ Drama တွေ ကြည့်ပြီးတော့
ပေါ့ပေါ့ပါးပါးပဲ လေ့ကျင့်ခဲ့ပါတယ်
(တခြား အသုံးဝင်တဲ့ App လေးတွေလည်း ရှိပါတယ် နောက် post လေးတွေမှာ ထပ်ပြောပြပေးမယ်နော်)
အမှန်ကတော့ MC Yoo ရဲ့ Fan လည်းဖြစ်တယ် Variety Show တွေ ကြည့်ရတာလည်း ကြိုက်တယ်
Korea ဘာသာစကားကို ပေါ့ပေါးပါးပါးလေ့လာချင်တယ်ဆိုရင် ဒီလို Show လေးတွေ ကြည့်ပြီး လေ့လာလို့လည်း ရတယ်ဆိုတာရယ်
ဒီ Language ကို လေ့လာနေတဲ့သူ မဟုတ်လည်း Korea သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်
ဒါပေမယ့် 1980s လောက်က သီချင်းတွေ နားထောင်ဖူးချင်တယ်ဆိုရင်လည်း ကြည့်ကြည့်ပါလို့ Recommend လုပ်ချင်တာပါ
အခု ပြိုင်ပွဲဝင်တဲ့ သူတွေတည်းက ဆိုရင်တော့ Panna အနေနဲ့ အကြိုပြိုင်ပွဲတုန်းက Short Hair (단발머리) ကို ဆိုသွားတဲ့ Choi Yuri (최유리님) ကို အကြိုက်ဆုံးပါပဲ
ဒီအပတ်ကတော့ Part 1 ပါ
နောက်အပတ်ဆို Part 2 လေး ထွက်ပါမယ်ရှင့်
Mmsub နဲ့ ကြည့်ချင်ရင်တော့ Telegram က Variety Show Group တွေမှာရှိပါတယ်
Official Youtube Channel ကတော့
놀면뭐하니? ပါရှင်
ထပ်ဆောင်းကတော့ MC လာလုပ်ပေးတဲ့ မင်းသမီးကြီး Kim Hee-ae တအားလှသောပါပဲ 😭💖
26/09/2025
Hogwarts အထိ မသွားနိုင်သေးလို့ Harry တို့ကို Korea ထိ လာတွေ့ခိုင်းလိုက်ပါတယ် 👀🤪
ဟီးဟီး စတာပါ
Daegu Hyundai Shopping Center ရောက်တုန်း
Harry Potter Popup Store မှာ ဘာမှမဝယ်ဘဲ ဓာတ်ပုံရိုက်ပြီး ပြန်ခဲ့ပါတယ် 😛
It’s been a while….🥺
Here’s my mini vlog Ep.2 🩷
Yeorobun! Panna ပါ
အခုတလော Korea မှာ Summer Break အပြီး ကျောင်းတွေ ပြန်ဖွင့်ပြီမို့ Panna လည်း မအားတာနဲ့ page လေးနဲ့ ခဏလောက် အဆက်သွယ်လေး ပြတ်သွားပါတယ်🥺
ဒီတစ်ခေါက် vlog လေးကိုတော့ 2nd Semester ပထမအပတ်ကို ဖြတ်သန်းခဲ့တဲ့ moment လေးတွေ စုပြီး တင်ပေးလိုက်ပါတယ်ရှင့်
Content လေးတွေ အများကြီး စဉ်းစားထားပေမယ့် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့မို့ ဖြည်းဖြည်းချင်း တင်ပါရစေနော်
Panna လက်ရှိနေနေတဲ့ ကျောင်းက Dormရဲ့ အခန်းလေးကို မိတ်ဆက်ပေးထားတဲ့ Video လေးလည်း ထပ်တင်ပေးပါဦးမယ်
အခု vlog လေးကိုလည်း Enjoy လုပ်ပေးပါဦးနော်
Hope you enjoy this one ♡♡ See ya in the next vlog 👀
30/08/2025
Here’s to growth, resilience, and endless possibilities ✨
Filled with gratitude, hope, and quiet strength🩵
HAPPY BIRTHDAY TO ME 🎂🩷
여러분 안녕하세요💕
오늘은 저의 25살 생일이에요🎂
한국에서 오고 첫째 생일날이라서 설렌 마음으로 사랑하는 사람들과 함께 보냈습니다.
가족이 옆에 없지만 부모님과 영상통화 하면서 아침부터 친구들의 축하한 메시지도 받으며
웃었을 때나 울었을 때나 아플 때나 행복할 때나 언제든 옆에 있어주고 사랑해 주는 사람과 하루종일 축하 받았습니다.
많은 축하를 받으며 이번 생일부터 사랑하는 사람들과 함께 오래오래 행복하고 잘 살아가겠습니다🩵🩵🩵
하이 하이! 안녕하세요 여러분! 판나입니다. Yeorobon! Panna pr 🩵 Panna ရဲ့ 2nd vlog လေးကိုတော့ Busan ကို Day Trip သွားဖြစ်ခဲ့တာလေး တင်ပေးလိုက်ပါတယ်ရှင့် ဒီတစ်ခေါက်တော့ Voice over လေးနဲ့ တင်ပေးဖြစ်ပါတယ် ဟီဟီး အားလုံးပဲ Enjoy လုပ်ပေးပါဦးနော်
Hi everyone! Welcome to my very first mini vlog 💕
Just a little peek into my day
Hope you enjoy it as much as I enjoyed filming it!
Panna page ရဲ့ first mini vlog လေးပါရှင့်
Daegu မှာရှိတဲ့ Suseong Mok ဆိုတဲ့ နေရာလေးကို သွားဖြစ်တုန်းက ရိုက်ထားတာလေးတွေ ပြန်ပြီး တင်ဖြစ်တာပါ
Pannaတို့ ကျောင်းကနေဆိုရင် Bus ကို 30minutes လောက်စီးရင် ရောက်ပါတယ်
Daegu ရဲ့ 부자동네 (သူဌေး ရပ်ကွက်) လို့တောင် ပြောလို့ရသလို သီးသန့်ဆန်ပြီး တိတ်တိတ််ဆိတ်ဆိတ်နဲ့ Cafe လှလှလေးတွေလည်း အများကြီးရှိပါသေးတယ်
Panna ရဲ့ first vlog လေးကိုတော့ Korean/ English subtitles ၂ခုလုံးတော့ ထိုးပေးထားပါတယ်
YouTube channel လေးလည်း လုပ်ဖြစ်မှာမို့ပါ
Myanmar subtitle နဲ့ပဲ ကြည့်ရတာ ပိုအဆင်ပြေမယ်ဆိုရင်လည်း နောက် vlog လေးတွေကြရင် မြန်မာလိုလေး ထည့်ပေးပါ့မယ်ရှင်
Click here to claim your Sponsored Listing.
Category
Website
Address
Daegu