SET Korean Language
Korean Language
ဒီနေ့ကတော့ မူရင်းဗျည်းနဲ့ မူရင်းသရတွေ ပေါင်းထားတဲ့ မီးနင်းအနည်းငယ်ပါတဲ့ vedio လေးကို တင်ပေးလိုက်တယ်နော်
22/01/2021
너무 많은 사람과
လူအများကြီးနဲ့
시간을 보내려고
အချိန်ကုန်ဆုံးဖို့
바쁘게 살지 않아도 된다.
အလုပ်ရှုပ်စွာ မနေလဲရတယ်
여기저기 마음 나누며 살아 봐야
ဟိုဟိုဒီဒီ စိတ်ကို မျှဝေပြီး နေထိုင်ခြင်းက
의미 없다.
အဓိပ္ပါယ် မရှိဘူး
어차피 곁에는
ဘယ်လိုပဲဖြစ်ဖြစ် ဘေးမှာတော့
남을 사람만 남는다.
ကျန်မယ့်လူပဲ ကျန်တာ
너를 소중하게 생각하는 사람과
မင်းကို တန်ဖိုးထား စဉ်းစားတဲ့ လူနဲ့
많은 시간을 보내는 데 더 집중하자.
အချိန်အများကြီး ကုန်ဆုံးဖို့ပဲ ပိုပြီး အာရုံစိုက်ကြစို့
crd: 중에서
번역: TTS
🇰🇷 ကိုရီးယားသံရုံးမှ SNS Supporter များ ခေါ်ယူနေပါတယ်
💁 အသေးစိတ်သိချင်တယ်ဆိုရင် အောက်က Link မှာ ဝင်ကြည့်လို့ရပါတယ်👇
https://m.facebook.com/story.php?story_fbid=3965130620184652&id=187852267912525
16/01/2021
곰팡이가 있어서 어둡고 지저분한 게 아니라
မှိုရှိလို့ မှောင်နေပြီး ညစ်ပတ်တာမဟုတ်ပဲ
어둡고 지저분해서 곰팡이가 생긴다는 걸 깨달았어요.
မှောင်နေပြီး ညစ်ပတ်နေလို့ မှိုကပေါ်ပေါက်လာတယ်ဆိုတာသိခဲ့ရတယ်။
좋은 일이 생겨야 긍정적인 사람이 되는 게 아니라
ကောင်းတဲ့ကိစ္စပေါ်ပေါက်လာလို့ အကောင်းမြင်တဲ့ လူကဖြစ်လာတာမဟုတ်ပဲ
긍정적인 생각과 행동을 해야 좋은 일이 생긴다는 뜻이죠
အကောင်းမြင်တဲ့အတွေးနဲ့ အပြုအမှုကို လုပ်မှ ကောင်းတဲ့ကိစ္စက ပေါ်ပေါက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့
간단해요. 마음 밭에 긍정의 씨앗을 뿌리면 돼요
ရိုးရှင်းပါတယ်။ သင့်နှလုံးသားစိုက်ခင်းမှာ အကောင်းမြင်တဲ့ မျိုးစေ့ကိုကြဲပေးရင်ရပါတယ်။
-https://pin.it/7AXCeDp
💁 မူရင်းဗျည်း(10)လုံးနဲ့ မူရင်းသရ(10) လုံးပေါင်းရင် ဘယ်လိုအသံတွေ ထွက်မလဲဆိုတာ အောက်က vedio လေးမှာ ကြည့်လိုက်ကြရအောင်နော်👌
# vedio crd
08/01/2021
사람들은 가치보다 가격에 더 주목한다
လူတွေကတော့ တန်ဖိုးထက် စျေးနှုန်းကို ပိုပြီး သတိထားကြတယ်။
하지만 가격은 당신이 지불하는것이고
ဒါပေမဲ့ စျေးနှုန်းကတော့ မင်းကပေးလိုက်ရတဲ့အရာဖြစ်ပြီး
가치는 당신이 얻는것이다
တန်ဖိုးကတော့ မင်းက ရရှိလိုက်တဲ့အရာဖြစ်ပါတယ်။
Crd-https://pin.it/3OrVYim
👩🏫 ဒီနေ့ကတော့ မူရင်းသရ (10) လုံးကို ပြောပြပေးပါ့မယ်
မူရင်းသရ(10)လုံး
1) ㅏ (အာ)
သူရဲ့ ပုံသေးနည်းလေးကတော့ (ါ)
2) ㅑ (ယာ)
သူကတော့ အာကနေ တစ်ဆင့်ပွားထားတဲ့
ယာဖြစ်လို့ ပုံသေနည်းမရှိပါဘူး
3) ㅓ (အော)
သူရဲ့ ပုံသေနည်းလေးကတော့(ော)
4) ㅕ (ယော)
သူကတော့ အောကနေ တစ်ဆင့်ပွားထား
တဲ့ ယောဖြစ်လို့ ပုံသေနည်းမရှိပါဘူး
5) ㅗ (အို)
သူရဲ့ ပုံသေနည်းလေးကတော့ (ို)
6) ㅛ (ယို)
သူကတော့ အိုကနေ တစ်ဆင့်ပွားထားတဲ့
ယိုဖြစ်လို့ ပုံသေနည်းမရှိပါဘူး
7) ㅜ (အူ)
သူရဲ့ ပုံသေနည်းလေးကတော့ (ူ)
8) ㅠ (ယူ)
သူကတော့ အူကနေ တစ်ဆင့်ပွားထားတဲ့
ယူဖြစ်လို့ ပုံသေနည်းမရှိပါဘူး
9) ㅡ (အုး)
သူရဲ့ ပုံသေနည်းလေးကတော့ (ုး)
10)ㅣ (အီ)
သူရဲ့ ပုံသေနည်းလေးကတော့ (ီ)
💁 ဒီမူရင်းသရ (10)လုံးကို ဘယ်လိုအစဥ်လိုက် ရေးလဲဆိုတာ သိချင်ရင်တော့ အောက်က Vedio ကို ကြည့်ပေးပါနော်👇
crd
번역(STM)
06/01/2021
과거에 대한 후회?
အတိတ်နဲ့ ပတ်သက်တဲ့ နောင်တလား
미래에 대한 걱정?
အနာဂတ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုလား
모두 다 시간 남비이고,
အားလုံးက အချိန်ဖြုန်းတီးတာဖြစ်ပြီး
오히려 나 자신을 힘들게 할 뿐이에요
ပိုလို့တောင် ကိုယ့်ရဲ့စိတ်ကို ပင်ပန်းအောင်လုပ်ရုံပဲရှိပါတယ်
번역(STM)
04/01/2021
들어주는 것만으로 힘이 돼
နားထောင်ပေးရုံနဲ့ အားဖြစ်တယ်
누군가 너에게 아프다고 말하면
တစ်ယောက်ယောက်က မင်းကို နာကျင်တယ်လို့ ပြောတဲ့အခါ
나도 아파봐서 안다고 말하지 마.
ငါလဲ နာကျင်ဖူးလို့ သိတယ်ဆိုပြီး မပြောနဲ့
네 얘기를 듣고 싶은 게 아니라
မင်းရဲ့ အကြောင်းကို နားထောင်ချင်တာ မဟုတ်ဘူး
내 얘기를 들어달라는 거야.
ငါ့ အကြောင်းကို နားထောင်ပေးပါလို့ ပြောတာမို့လို့ပါ။
위로는 꼭 말로 해야 하는 것이 아니라
နှစ်သိမ့်တာက စကားနဲ့ပြောမှမဟုတ်ဘူး
그냥 곁에 있어주는 것만으로도 힘이 되니까.
ဒီတိုင်း ဘေးမှာအတူရှိပေးရုံနဲ့ အားဖြစ်တာမို့လို့ပါ။
crd: 중에서
번역: TTS
👩🏫 ဒီနေ့ကတော့ ကိုရီးယားဘာသာရဲ့ အခြေခံဖြစ်တဲ့ မူရင်းဗျည်း(14)လုံးကို ပြောပြပေးပါ့မယ်
💁 မူရင်းဗျည်း(14)လုံး
1) ㄱ (ဂ)
2) ㄴ (န)
3) ㄷ (ဒ)
4) ㄹ (ရ ➡ra)
5) ㅁ (မ)
6) ㅂ (ဘ)
7) ㅅ (စ)
8) ㅇ (အ) အသံမရှိတဲ့ဗျည်း
9) ㅈ (ဂျ)
10) ㅊ(ချ)
11) ㅋ (ခ)
12) ㅌ (ထ)
13) ㅍ (ဖ)
14) ㅎ (ဟ) အသံတစ်ဝက်ပဲရှိတဲ့ဗျည်း
👉 ဗျည်းတွေရဲ့ ဘေးနားမှာ မြန်မာလိုအသံထွက်လေးတွေ ရေးပေးထားတယ်နော် 👌
👉 ဒီမူရင်းဗျည်း(14)လုံးကို ဘယ်လိုရေးရမလဲဆိုတာ အောက်က vedio လေးကို ကြည့်ကြည့်ပါနော် 👇
crd
번역(STM)
31/12/2020
새해 복 많이 받으세요 🎉🎉🎉
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Daegu