Fix Point - Computer & Mobile Service

Fix Point - Computer & Mobile Service

共有する

💻Computer & Mobile Service📱

11/09/2026

📱 iPhone White Screen Error ဖြစ်နေပါသလား? 🤍

ဖုန်းဖွင့်လိုက်တဲ့အခါ Screen တစ်ခုလုံး အဖြူရောင်ပဲပေါ်ပြီး ပုံမမြင်ရတာ၊ Display ပုံမှန်အလုပ်မလုပ်တာမျိုး ကြုံနေရပါသလား?😮‍💨

White Screen Error ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ 👇

🔹 Display / Screen ပိုင်းဆိုင်ရာ ချို့ယွင်းမှု
🔹 Display Flex Cable ပျက်စီးခြင်း
🔹 Connector ချိတ်ဆက်မှု မကောင်းခြင်း
🔹 ဖုန်းပြုတ်ကျခြင်း၊ ထိခိုက်မိခြင်း
🔹 ရေဝင်ခြင်း / အစိုဓာတ်ကြောင့် ပျက်စီးခြင်း
🔹 Mainboard / Hardware ပိုင်းဆိုင်ရာ ချို့ယွင်းမှု

⚠️ White Screen ဖြစ်တိုင်း Screen ပျက်တာလို့ တန်းပြီး သတ်မှတ်လို့မရပါဘူး။ အကြောင်းရင်းအမှန်ကို စစ်ဆေးပြီးမှ လိုအပ်တဲ့ Repair ကို ဆောင်ရွက်သင့်ပါတယ်။

🔧 Fix Point မှာ White Screen Error ဖြစ်ရတဲ့အကြောင်းရင်းကို စစ်ဆေးပြီး လိုအပ်တဲ့ ပြုပြင်မှုကို ဆောင်ရွက်ပေးနိုင်ပါတယ်။

📲 ဖုန်းအသစ်လဲဖို့ မစဉ်းစားခင် အရင်ဆုံး စစ်ဆေးကြည့်ပါ။

📲ဖုန်း၊💻ကွန်ပျူတာနဲ့ပတ်သက်ရင် ဘာပဲလိုလို အချိန်မရွေး ဟဲလို📞

📲0️⃣9️⃣0️⃣6️⃣2️⃣5️⃣2️⃣6️⃣3️⃣9️⃣1️⃣

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင် #ဂျပန်မြန်မာ

08/09/2026

📱 iPhone Camera လဲပြီး “Genuine Apple Part” မပေါ်လို့ စိတ်ပူနေပါသလား?

Camera လဲလှယ်ပြီးနောက် Customerများရဲ့ iPhone မှာ “Genuine Apple Part” အဖြစ် မှန်ကန်စွာပြသနိုင်ဖို့ လိုအပ်တဲ့ Finish Repair / System Configuration လုပ်ငန်းစဉ်တွေ ရှိပါတယ်။ 🍎⚙️

ဒီလို Camera Replacement & Finish Repair Service ကို Fix Point မှာ ပြုပြင်ဆောင်ရွက်ပေးပါတယ်ဗျ🔧📱

Camera ပြဿနာရှိနေရင် Fix Point ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ💙

Hot Line 📞090-6252-6391

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင်

24/08/2026

Android ဖုန်းတွေလည်း ပြုပြင်ပေးပါတယ် 🔧📱

Samsung, realme, OPPO, Xiaomi စတဲ့ Android ဖုန်းတွေမှာ
🔹 Screen / LCD လဲခြင်း
🔹 Battery လဲခြင်း
🔹 Charging Port ပြုပြင်ခြင်း
🔹 ဖုန်းအခြားပြဿနာများ စစ်ဆေးပြုပြင်ခြင်း

ဘယ်နေရာပျက်နေလဲ မသိဘူးလား? 🤔
Fix Point မှာ ဖုန်းစစ်ဆေးခ FREE ပါ 💙

ပြုပြင်ချင်တဲ့ ဖုန်း Model နဲ့ ဖြစ်နေတဲ့ပြဿနာကို Page Messenger မှာ ပုံနဲ့တကွ မေးမြန်းနိုင်ပါတယ်ခင်ဗျာ❓

Hot line 📲090-6252-6391

#ဖုန်းပြင်ဆိုင် #ဂျပန်ရောက်မြန်မာ

17/08/2026

🔌 iPhone Charging Port ပျက်စီးရတဲ့အကြောင်းရင်းနဲ့ ကြာရှည်ခံအောင် ထိန်းသိမ်းနည်းများ ⚠️

“Cable ကြောင့်ပဲ Charging Port ပျက်တာလား?” 🤔
မဟုတ်ပါဘူးခင်ဗျာ။ နေ့စဉ်အသုံးပြုမှုမှာ သတိမထားမိတဲ့ အချက်လေးတွေကြောင့်လည်း Charging Port ပျက်စီးနိုင်ပါတယ်။

📌 Charging Port ပျက်စီးစေနိုင်တဲ့ အကြောင်းရင်းများ

• 👖 အိတ်ကပ်၊ လွယ်အိတ်ထဲက ဖုန်နဲ့ အမျှင်များ Port ထဲ စုပုံနေခြင်း
• 💧 ရေစိုခြင်း / အရည်ဝင်ခြင်း
• 🔌 Charger ကို အလွန်အမင်း ဆွဲဖြုတ်ခြင်း
• ⚡ အရည်အသွေးမကောင်းတဲ့ Cable / Charger အသုံးပြုခြင်း
• 🕐 အချိန်ကြာမြင့်စွာ အသုံးပြုလာခြင်းကြောင့် Port အတွင်းပိုင်း အစိတ်အပိုင်းများ ယိုယွင်းခြင်း

🚨 ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် စစ်ဆေးသင့်ပါပြီ

✅ အားသွင်းမဝင်ခြင်း
✅ Cable ကို အနေအထားပြောင်းထားမှ အားဝင်ခြင်း
✅ အားသွင်းနေစဉ် ခဏခဏ ပြတ်တောက်ခြင်း
✅ Computer နဲ့ ချိတ်ဆက်တဲ့အခါ iPhone ကို မသိခြင်း

🔒 Charging Port ကို ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ?

✔️ အရည်အသွေးကောင်းတဲ့ Original / MFi Certified Cable & Charger ကို အသုံးပြုပါ။
✔️ အားသွင်းနေချိန် ဖုန်းကို အလွန်အကျွံ မလှုပ်ရှားပါနဲ့။ Port နဲ့ Cable Connection ကို ထိခိုက်စေနိုင်ပါတယ်။
✔️ Port ထဲကို အပ်၊ သံချွန်နဲ့ မထိုးပါနဲ့။ အတွင်းပိုင်း Pin တွေ ပျက်စီးနိုင်ပါတယ်။
✔️ ဖုန်းရေစိုနေတယ်ဆိုရင် အခြောက်မခံရသေးခင် အားမသွင်းပါနဲ့။
✔️ Port ထဲမှာ ဖုန်နဲ့ အမျှင်တွေ ပိတ်ဆို့နေတယ်လို့ သံသယရှိရင် ကိုယ်တိုင်အတင်းရှင်းလင်းမယ့်အစား Fix Point မှာ စစ်ဆေးပါ။

📍 Fix Point မှာ ဖုန်း Service ပြဿနာများကို စစ်ဆေးပြုပြင်ဖို့ ခုပဲ Hello လိုက်တော့နော် ။

📞 Hotline: 090-6252-6391

✨ “First Fix, Fair Price! Your Phone’s Second Life Starts Here!” ✨

Fix Point ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးကြတဲ့ ဧည့်သည်တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🤝

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင်

Fix Point - Computer & Mobile Service 14/08/2026

⚠️ "iPhone Back Glass အက်ကြောင်း သေးသေးလေးပဲ... ဆိုပြီးCase နဲ့ ဖုံးပြီး ပစ်ထားမိသလား?" 🤔

"Case တပ်ထားရင် မမြင်ရပါဘူး၊ ပြဿနာမရှိပါဘူး" ဆိုပြီး ဆက်သုံးနေရင်း... အိတ်ကပ်ထဲထည့်တိုင်း၊ ပြုတ်ကျတိုင်း အက်ကြောင်းတွေက တဖြည်းဖြည်း ကြီးလာတတ်ပါတယ်ခင်ဗျာ။ 🛑 အဲဒါ တကယ်တော့ အရမ်းအန္တရာယ်များပါတယ်!

ကွဲနေတဲ့ မှန်အက်ကြောင်းတွေကြားကနေ... ❌ ဖုန်မှုန့်တွေနဲ့ ရေငွေ့ (Moisture) တွေ အတွင်းပိုင်းကို တဖြည်းဖြည်း ဝင်သွားနိုင်ပါတယ်။ ❌ အဲဒီကနေတစ်ဆင့် Mainboard စိုထိုင်းဆတက်ပြီး 'ရှော့ခ်' (Short) ဖြစ်ကာ ဖုန်းပါဝါ လုံးဝငြိမ်းသွားတဲ့အထိ ဖြစ်တတ်ပါတယ်ဗျာ။

🚫 ကြာလာရင် ဘာဖြစ်မလဲ? • ကွဲနေတဲ့ မှန်စတွေက အိတ်ကပ်ထဲမှာ၊ လက်မှာ ရှ (Cut) တတ်ပါတယ်။ • အက်ကြောင်းကြီးလာလေ၊ Board ထဲကို ရေဝင်ဖို့ လွယ်လေပဲမို့... နောက်ဆုံး Board ပြင်ရရင် စျေးက ၂ ဆ၊ ၃ ဆ ထက်မက ပိုကြီးသွားနိုင်ပါတယ်ဗျာ။

💡 အက်ကြောင်း သေးတုန်းမှာပဲ Fix Point ကို ယူလာခဲ့ပါ။ Fix Point မှာ သေသပ်လှပစွာ၊ စျေးနှုန်းချိုသာစွာနဲ့ အသစ်အတိုင်း ပြန်ဖြစ်အောင် လဲလှယ်ပေးနေပါပြီ!

ဖုန်းအသစ်ဝယ်စရာမလိုဘဲ အသစ်အတိုင်း ပြန်ဖြစ်သွားစေဖို့ Fix Point ကို ခုပဲ Hello လိုက်နော်။

📞 Hello လိုက်ရုံပါပဲ ခင်ဗျာ-

💬 Messenger / TikTok CB: (စာပြန်ကြာပါက ဖုန်းတိုက်ရိုက်ခေါ်ဆိုနိုင်ပါသည်)

📞 Hotline: 090-6252-6391

✨ "First Fix, Fair Price! Your Phone’s Second Life Starts Here!" ✨

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင်

Fix Point - Computer & Mobile Service

11/08/2026

သင်သိပြီးပြီလား❓😮

📱 ဖုန်းမပြင်ခင်…
အရင်စစ်ဆေးလိုက်ပါ!✅

🔍 Fix Point မှာ
💯ဖုန်းစစ်ဆေးခ FREE!💯

✅ Battery
✅ Display
✅ Camera
✅ Speaker
✅ Charging Port

🔍ပြင်စရာရှိမှသာ ပြင်ပေးပါတယ်ဗျာ😊

Check ချင်ရင် Hello လိုက်ဗျာ📞📲
0️⃣9️⃣0️⃣6️⃣2️⃣5️⃣2️⃣6️⃣3️⃣9️⃣1️⃣


#ဂျပန်ရောက်မြန်မာ
#ဖုန်းပြင်ဆိုင်

09/08/2026

Laptop နှေးနေတာ Hard Drive (HDD) ဟောင်းလို့ ဖြစ်နိုင်ပါတယ်။

🚀 HDD ကနေ SSD ပြောင်းရင် Laptop အသစ်လို မြန်ဆန်သွားမယ်! Software တွေ၊ Windows တွေ အမြန်ဆုံးပွင့်မယ်!

ကုန်ကျစရိတ်သက်သာစွာနဲ့ Laptop မြန်အောင်လုပ်ချင်ရင် Fix Point ကို ဆက်သွယ်လိုက်ပါ။

📞 Hotline: 090-6252-6391

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင်

Fix Point - Computer & Mobile Service 💻Computer & Mobile Service📱

06/08/2026

ဖုန်း Screen လဲတော့မယ်ဆိုရင် ဒါလေးသိထားနော် 👇

📺 OLED: အရောင်ရှယ်တောက်တယ်၊ အနက်ရောင်စစ်တယ်၊ ဘက်ထရီခံတယ်။ (High-end ဖုန်းတွေအတွက်)

📺 LCD:စျေးသက်သာတယ်၊ အကြမ်းခံတယ်။ (Normal သုံးဖို့အတွက်)

ဘယ်ဟာရွေးရမလဲ ဝေခွဲမရဖြစ်နေရင် Fix Point ကို Hello လိုက်ပါ။ မိမိဖုန်းနဲ့ အကိုက်ညီဆုံး Screen ကို အကောင်းဆုံးလဲပေးပါမယ်!

📞 Hotline: 090-6252-6391

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင်

31/07/2026

ကာလာရောင်စုံထွက်ပြီဆို Fix Point ကို📞📱ဆက်သွယ်လိုက်ပါ။

အရည်အသွေးလား?ပြောနေစရာမလို💯
အာမခံချက်လား? ပြောမနေနဲ့တော့💯

လာရောက်ပြုပြင်ကြည့်လိုက်ရင် နောက်ခါကျ အိမ်ပါခေါ်ထားချင်သွားမယ်😁🤭


#ဂျပန်ရောက်မြန်မာ
#ဖုန်းပြင်ဆိုင်

23/07/2026

👀 "True Tone ဆိုတာ ဘာလဲ? ပြီးတော့... Face ID တွေက ဘာလို့ ခဏခဏ ပျက်ရတာလဲ?”

ဖုန်းအသုံးများတဲ့ လူငယ်တွေအတွက် သိထားသင့်တဲ့ Screen နဲ့ လုံခြုံရေး လျှို့ဝှက်ချက်!

True Tone ဆိုတာ - သင့်ပတ်ဝန်းကျင်က မီးရောင်/အလင်းရောင်ပေါ်မူတည်ပြီး ဖုန်း Screen ရဲ့ အရောင်ကို မျက်စိမညောင်းအောင် အလိုအလျောက် ညှိပေးတဲ့ စနစ်ပါ။ (Screen လဲတဲ့အခါ ဒီစနစ် ပျောက်မသွားဖို့ လိုအပ်ပါတယ်)

Face ID ဘာကြောင့် ပျက်တာလဲ? အဓိကကတော့
(၁) ဖုန်းရေဝင်လို့ (Face ID Sensor တွေက ရေငွေ့ကို အရမ်းကြောက်ပါတယ်)၊
(၂) ဖုန်းပြုတ်ကျပြီး အတွင်းက နုနယ်တဲ့ Dot Projector လေးတွေ လွဲသွား/ကွဲသွားလို့ပဲ ဖြစ်ပါတယ်!

💡 စိတ်မပူပါနဲ့ -မှန်လဲပြီး True Tone ပြန်ထည့်ချင်တာပဲဖြစ်ဖြစ်၊ ပျက်သွားတဲ့ Face ID ကို Data မပျောက်ဘဲ အကောင်းဆုံး ပြန်ပြင်ချင်တာပဲဖြစ်ဖြစ် Fix Point ရှိတယ်ဆိုတာ မမေ့နဲ့ဦးခင်ဗျာ!

📞 Hotline: 090-6252-6391

#ဂျပန်ရောက်မြန်မာ #ဖုန်းပြင်ဆိုင်

あなたの事業を企業のトップリストToshimaにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

電話番号

ウェブサイト

住所


Toshima, Tokyo
1700005

アラート

Fix Point - Computer & Mobile Serviceがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

申し込む

Toshimaで何かある時にはお知らせします。