Rangooner
🌸
19/04/2026
အေးချမ်းတဲ့နှစ်သစ်လေးဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် 🤍🌸
ဒီနှစ်အတွက်တော့ ပလန်ကြီးကြီးမားမားမရှိပါဘူး၊ ကိုယ့်ဘာသာကိုယ်ပိုချစ်ဖို့နဲ့ ပိုကောင်းကောင်းမွန်မွန်ဂရုစ်ုက်န်ုင်ဖို့ လိုအပ်တဲ့ စ်တ်ခွန်အား ရုပ်ခွန်အား ဉာဏ်ပညာရှိရင်ရပါပီ 🌞
ပီးတော့ ဂျာမာန်စာ B1 လေးအောင်ဖို့ ဒီလောက်ပါပဲ 😬
26/01/2026
Postcards from ROMA 🇮🇹
Roma မြို့လေးက အနုပညာ ၊ အစားအသောက်နဲ့ ဝိုင်ကောင်းကောင်းတွေကို ချစ်တတ်တဲ့ မြို့လေးလို့ ခံစားရတယ် 🎨🍷
အမှတ်တရအဖြစ်ဆုံးကတော့ “Al dente” ဆိုတာလေးကို ပထမဆုံးကြားဖူးပြီး စားဖူးခဲ့တာပါပဲ 🍝
သူက အီတလီဘာသာစကားပါ၊ အင်္ဂလိပ်လိုပြန်ရင် “to the tooth” လို့ ပြန်ရမယ်ထင်တယိ
သူက ပါစတာကို ပုံမှန်ခေါက်ဆွဲပြုတ်သလို ပျော့သွားအောင် မပြုတ်ပဲ သွားနဲ့ကိုက်ရင် ခေါက်ဆွဲသားက နည်းနည်း မာဆတ်ဆတ်လေး ဖြစ်နေတဲ့အချိန်မှာ ပြုတ်တာ ရပ်လိုက်တာပေါ့နော်
အစကတော့ စားရတာ တမျိုးလေးဖြစ်နေပေမယိ့ ရက်နည်းနည်းကြာလာတော့ ခေါက်ဆွဲရဲ့အရသာကို ပိုခံစားမိသလိုပဲမို့ တခါတလေ Roma မြို့လေးကို သတိရတဲ့အခါ အဲ့လိုလေး ချက်စားဖြစ်ပါတယ် ♥️
တစ်မြို့လုံးကလဲ လှလိုက်တာဆိုတာ မြို့ပတ်နေရတာနဲ့ မတူပဲ museum အကြီးကြီးထဲ လမ်းလျှောက်နေရသလိုပါပဲ ...
ရုပ်ရှင်ထဲမှာပဲ မြငိဖူးနေကြ Colosseum ကိုအလည်ရောက်တော့ အစက လှလိုက်တာလို့တွေးပီးပြီး ခဏနေတော့ အဲ့နေရာမှာ ဖြစ်ခဲ့တဲ့ ရက်စက်မှူတွေကို တွေးမိပီး စိတ်မကောင်းဖြစ်ရတယ်
အမှတ်ရစရာလေး နောက်တစ်ခုကတော့ ကိုယ်တည်းတဲ့နေရာမှာ ဝန်ထမ်းအမျိုးသမီးလေးတစ်ဦးကို Tip ပေးမလို့ ပြင်တော့ သူက “နေပါစေ၊ တို့တွေက သက်တူလောက်ပဲ ၊ ကျောင်းသူများပဲလား၊ တို့လဲအတူတူပဲ၊ မုန့်စားဖို့ သိမ်းထားနော်“ ဆ်ုပီး ပြန်ပြောတာရယ် ...
ဒါကလဲ Romaကအပြန် မြို့ရဲ့အလှတရားတွေနဲ့ အတူ အမြဲမှတ်မိချင်နေတဲ့ လူလူချင်းထားတဲ့ မေတ္တာတရား တစ်ခုပါပဲ 💌
25/01/2026
🇮🇹🍝🌤️
11/01/2026
Today, I'm happy because ...
08/01/2026
နှင်းတွေတဖွဲဖွဲကျနေတဲ့ မနက်ခင်းလေးက နှေးနှေးလေးပြောနေတဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့တူနေပါတယ် 🏡
ပုံမှန်မြင်နေကျမြင်ကွင်းပေမယ့် နှင်းတွေဖုံးနေတော့ အမြင်ဆန်းပီးလှနေရော 🌨️🤍
📷 Rangooner
02/01/2026
ဒီ page လေးက active မဖြစ်တာ အတော်ကြာခဲ့ပီ 🍀
Blogs လေးတွေ Vlogs လေးတွေ ပြန်လုပ်ချင်တယ်လို့ စဉ်းစားမိတော့ ဘယ်ကနေစရမှန်းတောင် မသိတော့ဘူး
လွန်ခဲ့တဲ့ ၃ နှစ်ကကိုယ်ဟာ အခုနဲ့ကိုယ်နဲ့ တူမှမတူတော့တာ … ပြန်ပီး အစက မိတ်ဆက်ရမလား ဆိုပီး တောင်တောင်မြောက်မြောက်လျှောက်တွေးရင်းနဲ့ ၂၀၂၅ ကို သေချာလေး reflect လုပ်မိတယ် 🌱
၂၀၂၅ က ထင်တာထက်အရမ်းခက်ခဲခဲ့ပါတယ်၊ အဆင်ပြေမယ်ထင်တာတွေ မပြေသလို မပြေဘူးထင်တာတွေလဲ တကယ်ပြေမနေခဲ့တဲ့ နှစ်ပေါ့နော်
နှစ်ကုန်ပိုင်းမှာတော့ နှစ်စကလောက် စိတ်တွေမုန်တ်ုင်းမထန်တော့ပဲ ညင်ညင်သာသာလေး ပြီးသွားတာကို ကျေးဇူးတင်ရပါတယ် 🪷
နှစ်သစ်မှာ စိတ်တဲ့ရှိတဲ့ posts လေးတွေ ခရီးသွားတဲ့ အတွေ့အကြုံလေးတွေ နဲ့ mind journaling လုပ်တဲ့ အကြောင်းလေးတွေ ကြိုကြားကြိုကြား ပြန်ရေးဖြစ်ပါမယ် နော်
နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းကြပါစေရှင် 🌸
Clicca qui per richiedere la tua inserzione sponsorizzata.
Digitare
Contatta il personaggio pubblico
Sito Web
Indirizzo
Rome