Excellent Literature

Excellent Literature

Share

စာပေ/ကဗျာ/သီချင်း/short videos အပါအဝင် တင်စက်ပေးပါတယ်

23/06/2026

ဘောင်မဝင်လျှင် ရုတ်သိမ်းလိုက်ပါ

ဘဝမှာ သင်ယူစရာ
သင်ခန်းစာတွေ အများကြီးရှိပါတယ်။
အဲ့ဒီအထဲမှာမှ ကိုယ့်ကိုယ်ကို
သင်ယူဖြစ်နေတဲ့ အရာတွေထဲမှာမှ
တစ်ခုက ရုတ်သိမ်းခြင်းပါပဲ။
ကိုယ့်တန်ဖိုးကို မြှင့်တင်ဖို့အတွက်
ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်
ဒီအချက်ကို လုပ်ဆောင်သင့်တယ်။
အရင်ကဆို ငါစေတနာထားရင် ပြီးတာပဲ
တစ်ဖက်က ဘယ်လိုနေနေဆိုပြီး
သဘောထားလိုက်တာမျိုး ရှိတယ်။
အခုနောက်ပိုင်းတော့ ပြောင်းလဲသွားတယ်
စေတနာထားတယ် လိုတာထက် ပိုထားတယ်။
ဒါပေမယ့် ပေးဖို့ မတန်တော့ဘူးလို့
ထင်လာရင် ရုတ်သိမ်းလိုက်ပါတယ်။
မေတ္တာထားတယ်
ကိုယ့်အနား ရောက်လာသူတွေကို
နွေးထွေးတဲ့ မေတ္တာတွေ ပေးဖြစ်တယ်။
ဒါပေမယ့် ပေးဖို့ မတန်တော့ဘူးလို့
ခံစားလာရရင် ရုတ်သိမ်းလိုက်တယ်။
လေးစားမှုတွေ ပေးတယ်
မတန်တော့ဘူးလို့ထင်ရင် ရုတ်သိမ်းလိုက်ပါတယ်။
ပေါပေါပဲပဲတွေ တစ်ခုမှ မပါတာဖြစ်လို့
မတန်ဘူးလို့ ခံစားလာရရင်
ပြန်ရုတ်သိမ်းခြင်းဖြင့် ကိုယ့်တန်ဖိုးကို
ကိုယ်စောင့်ရှောက်ပါတယ်။
ပေးဖို့ မတန်ရင် မပေးပါဘူး
ပေးမိပြီး မတန်ဘူးလို့ ခံစားလာရရင်လည်း
ပြန်ရုတ်သိမ်းပါတယ်။
ဒါကလည်း ဖြစ်သင့်ပါတယ်။
ကိုယ့်ဘက်ချည်းပဲ အနာခံဖို့ဆိုတာ
လက်တွေ့မှာ ဘောင်မဝင်တော့ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့
စေတနာတွေ မေတ္တာတွေ
လေးစားမှုတွေက ဈေး မပေါလို့ပါပဲ။

23/06/2026

စိတ်လွတ်ကိုယ်လွတ် ရှင်သန်ခြင်း

“တကယ် ရင့်ကျက်လာတဲ့အခါ... ကိုယ့်ရဲ့ အေးချမ်းမှုနဲ့ တန်ဖိုးကို ထိခိုက်စေမယ့်လူတွေကို ပြန်ပြီး ရန်ဖြစ်မနေတော့ဘူး။ အသာလေး ပြုံးပြပြီး ပေါ့ပေါ့ပါးပါးပဲ လှည့်ထွက်လာခဲ့တော့တယ်။"

အရင်ကဆို စကားတစ်ခွန်းအမှားမခံ၊ ကိုယ့်ကို လာပုတ်ခတ်ရင် ပြန်ချေပဖို့ အဆင်သင့်ပဲမလား။ ဒါပေမဲ့ အခုတော့ အဲဒီလို လိုက်တုံ့ပြန်ရတာဟာ ကိုယ့်ရဲ့ အဖိုးတန်တဲ့ စွမ်းအင်တွေကို အလကား ဖြုန်းတီးပစ်နေသလိုပဲဆိုတာ သိလာရတယ်။

သူတို့ပြောတဲ့ စကားလုံးတွေက သူတို့ရဲ့ အတွင်းစိတ်အပူတွေပဲ။ အဲဒီအပူလှိုင်းတွေကြားထဲ ကိုယ့်ရဲ့ အေးချမ်းတဲ့ ရေကြည်တစ်ခွက်ကို အနောက်အယှက် ဖြစ်မခံပါနဲ့တော့။ ဘာမှပြန်မလုပ်ဘဲ တိတ်ဆိတ်ငြိမ်သက်ပေးလိုက်တာကပဲ ကိုယ့်စိတ်ကို အပေါ့ပါးဆုံးဖြစ်အောင် ကာကွယ်လိုက်တာပါ။

ဘဝက အရမ်းတိုလွန်းလို့ မလိုအပ်တဲ့ အမှိုက်တွေကို စိတ်ထဲ ထည့်မထားပါနဲ့။ အသက်ကို ဝဝရှူ၊ ပခုံးလေးပင့်ပြီး "ဒါဟာ သူတို့ကံတရားပဲ" လို့ လွှတ်ချကာ ကိုယ့်လမ်းကိုယ် ပေါ့ပေါ့ပါးပါးလေးပဲ ဆက်
လျှောက်လိုက်ကြရအောင်။

#𝗧𝗵𝗶𝗻𝘇𝗮𝗿
#ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ

23/06/2026

လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့
ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။

ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။

လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။

ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။

ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။

"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။

ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။

အဲ့လို brain level နိမ့်တဲ့သူတွေအတွက်
update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"

23/06/2026

နေတတ်ရမယ်

အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။

အင်း ဒါပေမယ့် မင်းနေတတ်ရမယ်။
နေတတ်အောင်နေပါ။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်ခုက မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်ခုက အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။

မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆိုတာကိုပါပဲ။

တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။

မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ ထည့်မသိမ်းထားသင့်တော့ဘူး။

မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်••••
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။

မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။

မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။

မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက် အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။

မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။

မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။

မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့•••
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။
ဘဝဟာ နေတတ်လျှင် ပျော်စရာတွေ အများကြီးပါ၊၊
နေတတ်အောင်ပဲ ကြိုးစားပါ၊၊
နေတတ်ဖို့က စိတ်က အဓိကပါ၊၊

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဘဝစာပေနှင့်ဗဟုသုတများ
#စာပေဗဟုသုတများ

23/06/2026

မနာလိုစိတ်ဆိုတာ တကယ်ကိုကြောက်ဖို့ကောင်းပါတယ်။

မနာစိတ်က ဘဝကို
အောက်ဆုံးထိ ရောက်သွားအောင် ဆွဲချနိုင်တယ်။

မနာလိုစိတ် ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတာ
မျက်နှာမှာတင် အရမ်းကွာပါတယ်။

လှတာ မလှတာထက်
အေးချမ်းတာနဲ့ ပူလောင်တာမှာ
အတော်လေးကို သိသာပါတယ်။

ဘယ်လိုပဲ ဟန်ဆောင်နေပေမယ့်
ခံစားချက်အစစ်အမှန်ကိုတော့ ဖုံးကွယ်လို့မရပါဘူး
အထူးသဖြင့် မျက်နှာမှာပေါ့။

မျက်နှာလေးက ဘယ်လောက်ပဲ
လှနေပါစေ မကောင်းတဲ့စိတ်တွေ ဝင်လာရင်
အကြည်ဓာတ်တွေ ပျောက်ဆုံးပြီး
ရုပ်ဆိုးသွားတတ်ပါတယ်။

မနာလိုစိတ်ဆိုတာ ကောင်းတဲ့
အရာတစ်ခု မဟုတ်လို့
မမွေးမြူတာ မထားရှိတာ အကောင်းဆုံးပါပဲ။

ကိုယ့်ထက်သာတဲ့ တော်တဲ့သူ တွေ့တဲ့အခါ
ချီးကျူးသင့်ရင် ချီးကျူးလိုက်ပါ။
အားကျသင့်ရင် ပွင့်ပွင့်လင်းလင်း
အားကျပစ်လိုက်စမ်းပါ။

မနာလိုစိတ်ထားပြီး ရင်ထဲမှာ ကြိတ်ခံစားပြီး
ကိုယ့်ကိုယ်ကို အပူလောင်မခံပါနဲ့။
သူလည်း သူ့ဘဝနဲ့ သူ
ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ်ပါ။

သူကံအကျိုးပေးနဲ့ သူ
သူ့ကြိုးစားမှုနဲ့သူ ဖြစ်လာတာမို့
မနာလို ဖြစ်စရာ အကြောင်းမရှိပါဘူး။

သူက ကိုယ့်ထက်သာနေလို့
သူ့လိုဖြစ်ချင်ရင် သူ့လို လိုက်ကြိုးစားပါ
သူ့လိုဖြစ်အောင် လုပ်ပါ
ကိုယ်လည်း ကြိုးစားရင် ဖြစ်လာနိုင်ပါတယ်။

ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို
အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းချင်တယ်ဆိုရင်
ကိုယ့်မှာ မကောင်းတဲ့ စိတ်ဓာတ်တွေ
အရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါ။

အများကြီး မဟုတ်ရင်တောင်
စိတ်ဓာတ်ကောင်းလေးတော့ ရှိအောင်ကြိုးစားပါ။

ကိုယ့်ထက်သာရင် မနာလိုတယ်ဆိုတဲ့ အရာကြီးက
စိတ်ကိုတင်မကပဲ လူကိုပါ ရုပ်ဆိုးစေတာမို့
မထားတာ အကောင်းဆုံးပါပဲ။

ကိုယ့်စိတ်နဲ့ကိုယ် ပူလောင် မခံပါနဲ့
ရုပ်ဆိုး မခံပါနဲ့ လှအောင်ပဲနေပါ။

စိတ်ထားလှရင် လူကလည်း
သူ့အလိုလို လှလာပါလိမ့်မယ်။
စိတ်ထားကောင်းရင်
ကံလည်း ကောင်းလာပါလိမ့်မယ်.....။


#မေတ္တာ

22/06/2026

ကိုယ်ကောင်းအောင်ပဲ နေလိုက်ပါ

ဒီဘက်ခေတ်မှာ လူကောင်းတွေနဲ့
ဆုံတွေ့ခွင့် ရင်းနှီးခွင့်ရဖို့
သိပ်ကို ခဲယဉ်းသွားပါပြီ။

လောကမှာ ကောင်းတဲ့လူကို ရဖို့ မလွယ်ပါဘူး။
မိသားစုဝင်ကောင်း လက်တွဲဖော်ကောင်း
အလုပ်သမားကောင်း သူငယ်ချင်းကောင်း
မိတ်ဆွေကောင်း အစရှိသရွေ့ပေါ့။

လူကောင်းတွေကို လွယ်လွယ်နဲ့ရနေရင်
လူကောင်းတွေသာ များနေရင်
လောကကြီးမှာ အခုလောက်
အခက်အခဲ အကြပ်အတည်းတွေရှိမှာ မဟုတ်ပါဘူး။

လူကောင်းတွေဆိုတာ ကံကောင်းမှ ရတတ်သလို
တခါတလေ ေ,သချာရှာမှ တွေ့တတ်တာပါ။

တခါတလေ စိတ်ရှည်ရှည်နဲ့ စောင့်ရသလို
တခါတလေ သည်းခံရတာတွေ ရှိပါတယ်။
တခါတလေ
ပေးဆပ်မှု ရင်းနှီးမှုတွေနဲ့မှ ရတတ်ပါတယ်။

လူကောင်းတွေကို ဘယ်တော့မှ
နှစ်ခါ ပြန်ရဖို့ မလွယ်ပါဘူး။
မိသားစုဝင်ထဲက လူကောင်း
အလုပ်ထဲက လူကောင်း
မိတ်ဆွေထဲက လူကောင်းတွေကို တန်ဖိုးထားပါ။

ငွေကြေးနဲ့ မတိုင်းတာပါနဲ့ ပညာနဲ့ မတိုင်းတာပါနဲ့။ ရုပ်ရည် ၊ ခန္ဓာကိုယ်
အရည်အချင်းတွေနဲ့ မတိုင်းတာပါနဲ့။
အပေါ်အယံတွေက
တကယ့်အစစ်အမှန်မှ မဟုတ်တာ။

စေတနာနဲ့ တိုင်းတာပါ။
အနစ်နာခံနိုင်မှုနဲ့ တိုင်းတာပါ
ရိုးသားမှုနဲ့ တိုင်းတာပါ။

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်။
သင့် အဝန်းအဝိုင်းထဲမှာ လူကောင်း ရှိရင်
တန်ဖိုးထားဖို့ မမေ့ပါနဲ့။
လူကောင်းတွေက သင့်ကို
စိတ်ပျက်သွားစေမယ့်သူမျိုးတော့ အဖြစ်မခံပါနဲ့။

ဒီဘက်ခေတ်မှာ လူကောင်းတွေနဲ့
ဆုံတွေ့ခွင့် ရင်းနှီးခွင့်ရဖို့ သိပ်ကို ခဲယဉ်းသွားပါပြီ။
လူတော်တွေတော့ များပါတယ်။
ဒါပေမယ့် လူကောင်းကတော့ ရှားသွားပါပြီ။

နောက်ဆုံးတော့လည်း
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်းနေဖို့ပဲ လိုပါတယ်လေ။

မူရင်း -
#စာတို

22/06/2026

ဆေးကုလို့မရတဲ့ ဒဏရာ

💠စကားလုံးတွေမှာ အလေးချိန် ရှိတယ်။

💠စကားလုံးတွေမှာ အစွမ်းသတ္တိ ရှိတယ်။

💠ဓားနဲ့ ထိုးလိုက်ရင် ခန္ဓာကိုယ်မှာပဲ အမာရွတ်ကျန်ခဲ့ မှာပါ။

💠စကားနဲ့ ထိုးနှက်လိုက်ရင်တော့ နှလုံးသားထဲမှာ
တစ်သက်လုံး အမာရွတ်ကျန်သွားလိမ့်မယ်။

💠ကိုယ့်ရဲ့ စကားလုံးတွေက သူတစ်ပါးကို
အားပေးတဲ့ လက်နက်ဖြစ်ပါစေ၊ နာကျင်စေတဲ့ လက်နက် မဖြစ်ပါစေနဲ့။"

💠ဓားဒဏ်ရာက ဆေးထည့်ရင် ပျောက်နိုင်ပေမဲ့...
စကားလုံးကြောင့်ရတဲ့ ဒဏ်ရာကတော့ ဆေးကုလို့မရဘူး။

💠ဓားသွားက အသားကိုပဲ နာကျင်စေတာပါ။
စကားလုံးကတော့ လူတစ်ယောက်ရဲ့ 'စိတ်ဓာတ်' ကို သတ်ပစ်နိုင်သလို၊ 'ဂုဏ်သိက္ခာ' ကိုလည်း အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်တယ်။

💠ဒါကြောင့် ကိုယ့်ရဲ့ စကားတစ်ခွန်းက သူတစ်ပါးအတွက် အဆိပ်မဖြစ်ပါစေနဲ့။

💠မပြောခင် ခဏလောက် စဉ်းစားပေးတာဟာ
အကောင်းဆုံး မေတ္တာပါပဲ။


#စာတို #မေတ္တာ

22/06/2026

စကားလုံးတွေကို လူတိုင်းကို ပြောပြနိုင်ပေမယ့်
ရင်ထဲက လျှို့ဝှက်ချက်ကိုတော့ တစ်ယောက်တည်းကိုပဲ သိစေချင်ခဲ့တာ။

လူအများကြီးကြားထဲမှာ ပျော်အောင်နေနိုင်ပေမယ့်
မင်းမရှိတဲ့ ကမ္ဘာငယ်လေးထဲမှာတော့
ကိုယ်ဟာ အမြဲတမ်း လူပိုတစ်ယောက်ပဲ။

22/06/2026

"ကိုယ့်ကို မလိုအပ်တော့တဲ့နေရာကနေ ဦးအောင် လှည့်ထွက်နိုင်တဲ့သူဟာ ကိုယ်ပဲ ဖြစ်ပါစေ"

🔳 တစ်ခါတလေ လူတစ်ယောက်ရဲ့ ဘဝမှာ အခက်ဆုံးအရာက ဆက်ကြိုးစားဖို့ မဟုတ်ဘူး။ ထွက်ခွာဖို့ပဲ။

ဘာလို့လဲဆိုတော့ ကျွန်မတို့က ကိုယ်ချစ်ခဲ့တဲ့နေရာတွေ၊ ကိုယ်မျှော်လင့်ခဲ့တဲ့လူတွေ၊ ကိုယ်အချိန်ပေးခဲ့တဲ့အရာတွေကို လွယ်လွယ်နဲ့ မလွှတ်ချနိုင်ကြဘူး။ “နည်းနည်းလေး ထပ်စောင့်ကြည့်ရင် ကောင်းလာမလား” “ငါသာ ပိုကြိုးစားရင် အဆင်ပြေလာမလား” ဆိုပြီး ကိုယ့်ကိုယ်ကို ပြောတတ်ကြတယ်။

🔳 ဒါပေမဲ့ တကယ်တော့ မလိုအပ်တော့တဲ့နေရာမှာ ကြာကြာနေရင် ကိုယ့်တန်ဖိုးကို ကိုယ်မမြင်တော့ဘူး။ ကိုယ့်စိတ်လေး ပင်ပန်းလာတယ်။ ကိုယ်ကောင်းကောင်းလုပ်ပေးခဲ့တာတွေက တန်ဖိုးထားမခံရဘူးဆိုရင်၊ ကိုယ့်ရှိနေမှုကို မမြင်ဘူးဆိုရင်၊ ကိုယ်အကြိမ်ကြိမ်နားလည်ပေးနေရပေမယ့် ကိုယ့်ကို ဘယ်သူမှ နားမလည်ပေးဘူးဆိုရင် အဲဒီနေရာဟာ ကိုယ့်အတွက် မဟုတ်တော့တာ ဖြစ်နိုင်တယ်။

ကိုယ်ရှိနေတဲ့နေရာမှာ စိတ်အေးချမ်းမှု မရှိတော့ဘူးဆိုရင်၊ ကိုယ်မျှော်မှန်းထားတာနဲ့ ပိုပိုဝေးလာတယ်ဆိုရင်၊ ကိုယ့်အပြုံးတောင် မလွတ်လပ်တော့ဘူးဆိုရင် အဲဒါက ထွက်ခွာဖို့ အချိန်ရောက်လာပြီဆိုတဲ့ အချက်ပြမှု ဖြစ်နိုင်ပါတယ်။

📌 လူတစ်ယောက်ကို ချစ်လို့၊ အလုပ်တစ်ခုကို တန်ဖိုးထားလို့၊ မိတ်ဆွေတစ်စုကို သံယောဇဉ်ရှိလို့ ဆက်နေတာ မမှားပါဘူး။ ဒါပေမဲ့ အဲဒီအရာတွေကြောင့် ကိုယ့်ကိုယ်ကို ဆုံးရှုံးနေရပြီဆိုရင်တော့ ပြန်စဉ်းစားသင့်တယ်။ ဘယ်အရာမှ ကိုယ့်စိတ်ငြိမ်းချမ်းမှုထက် ပိုအရေးမကြီးဘူး။

ထွက်ခွာတဲ့အခါ အပြစ်တင်စရာလည်း မလိုဘူး။ ဆူညံစွာ ရှင်းပြစရာလည်း မလိုဘူး။ တစ်ခါတလေ တိတ်တိတ်လေး နားလည်လိုက်ရုံနဲ့ လုံလောက်တယ်။ “ဒီနေရာက ငါ့အတွက် မဟုတ်တော့ဘူး” လို့ ကိုယ့်စိတ်ထဲမှာ သေချာသိလိုက်တာနဲ့ လုံလောက်တယ်။

🔳 ကိုယ့်ကို မလိုအပ်တော့တဲ့နေရာမှာ ကိုယ်ဆက်နေမိရင် ကိုယ့်ဘဝထဲကို ဝင်လာမယ့် ကောင်းတဲ့အရာတွေအတွက် နေရာမကျန်တော့ဘူး။ တံခါးပိတ်နေတဲ့နေရာကို အကြာကြီးကြည့်နေမိရင် ကိုယ့်နောက်က ဖွင့်နေတဲ့ တံခါးကို မမြင်နိုင်ဘူး။

ဒါကြောင့် ဘဝမှာ တစ်ခါတလေ ကိုယ်ကပဲ ဦးအောင် လှည့်ထွက်တတ်ဖို့လိုတယ်။ မနာကျင်လို့ မဟုတ်ဘူး။ မချစ်လို့လည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ပိုမိုလေးစားဖို့၊ ပိုကောင်းတဲ့နေရာကို ရောက်ဖို့၊ ပိုငြိမ်းချမ်းတဲ့ဘဝကို ရွေးချယ်ဖို့ပဲ။

ဒါ့ကြောင့် မလိုအပ်တော့တဲ့နေရာကနေ ဦးအောင် လှည့်ထွက်နိုင်တဲ့သူဟာ ကိုယ်ပဲ ဖြစ်ပါစေ။ ❤️

#ဉာဏ #စာတို

22/06/2026

လူတွေကို ခွင့်လွှတ်လို့ရပါတယ်....
ဒါပေမဲ့ ကိုယ့်ကို ဘယ်လို
ပြုမူ ဆက်ဆံခဲ့သလဲ ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။

ဘာကြောင့်လဲဆိုတော့…
လူတစ်ချို့ဟာ အခွင့်အရေးသမားတွေမို့လို့ပါ။

ဆရာတစ်ယောက် ပြောဖူးသလိုပဲ။
လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာက
တစ်ဖက်သူက သူ့အမှားကို
အမှားလို့ သိမှ ခွင့်လွှတ်လို့ရတာ။
မှားလို့ မှားမှန်းမသိတဲ့သူ ကိုယ်လုပ်ရပ်ကိုယ်
နောင်တမရတဲ့လူမျိုးကိုကျ ခွင့်လွှတ်ရတယ်မခေါ်ဘူး။
ကျောခိုင်းရတာ...။

တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်ခြင်းဟာ…
မိမိကိုယ်မိမိ လွတ်မြောက်စေတဲ့
တစ်ခုတည်းသော နည်းလမ်းပဲ။
အဲ့ဒါကြောင့် …
ခွင့်လွှတ်တတ်တဲ့စိတ်က
ဘဝနေထိုင်မှုအတွက် အရေးကြီးတာ။

တကယ်သူ့အမှားသူသိတဲ့ လူကို
ခွင့်လွှတ်ရတာက ခွင့်လွှတ်ဖို့ ထိုက်တန်တယ်။
ပြောချင်တာက ကိုယ့်အမှားကို သူများအမှား ပြန်လုပ်ပြီး
မှားလို့ မှားမှန်းမသိတဲ့ လူမျိုးတွေနဲ့ ကြုံတဲ့အခါ
တစ်ဖက်သတ် ခွင့်လွှတ်လိုက်ရတာမျိုး ရှိတယ်။
ခံပြင်းစရာကောင်းပေမဲ့ ခွင့်လွှတ်လိုက်။
ခွင့်လွှတ်လိုက်ဆိုတာထက် ကျောခိုင်းလိုက်။

သူများရှိတဲ့မီးကြောင့် ကိုယ်မလောင်ရဖို့ အရေးကြီးတယ်။
မှားတာ မှန်တာတွေ ပြိုင်မငြင်းနဲ့။
စိတ်အကြည် ဓာတ်ပျက်ရတယ်။
လောကကြီးမှာ ပြိုင်ပြီးငြင်းဖို့ မတန်တဲ့လူတွေ အများကြီးပဲ။
ဒါကြောင့် ခွင့်လွှတ်ပါ။
မမေ့ပစ်နဲ့။


#စာတို
#မေတ္တာ

Want your school to be the top-listed School/college in Delhi?
Click here to claim your Sponsored Listing.

Website

Address


Delhi