SNL

SNL

Share

Documentary

26/04/2026

စာရေးဆရာကြီးဦးတင်ညွန့်ကို စစ်အုပ်စု ဖမ်းဆီးထား

RNA_ဧပြီ (၂၆)၊၂၀၂၆ ခုနှစ်။

နိုင်ငံရေး၊ သုတနှင့် ရသစာပေများ ရေးသားနေသူ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို စစ်အုပ်စုက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နှင့် ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများထံကသိရသည်။

သူ့ကို ပြီးခဲ့တဲ့၂၃ ရက်နေ့ မနက် ၂ နာရီက သန်လျင်က သူ့အိမ်မှာ လာဖမ်းသွားတာ။ အမျိုးသမီးတစ်ယောက်က တစ်တော့အွန်လိုင်းမှာတင်ရောင်းတဲ့စာအုပ် ၃ အုပ်နဲ့ပတ်သက်ပြီး ဆရာတင်ညွန့်ကို လာဖမ်းသွားတာ ဟု ဆရာတင်ညွန့်၏မိသားစုနှင့် နီးစပ်သူတစ်ဦးကအတည်ပြု ပြောသည်။

ဆရာတင်ညွန့်ကို စစ်အုပ်စုက ဖမ်းဆီးထားမှုသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့သည့် ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့နှင့် အဓိကဆက်စပ်နေကြောင်း ဆရာတင်ညွန့်နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုထားသည်။

လူမှုကွန်ရက် Tiktok ၌ အမျိုးသမီးတစ်ဦးက ဆရာတင်ညွန့်၏ စာအုပ်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က Liveလွှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ ယင်းအမျိုးသမီးအား Online Shopping လိုင်စင်မရှိဘဲ ဈေးရောင်းချမှုဖြင့် ဖမ်းဆီးထားသလို စာအုပ်ထုတ်ဝေခဲ့သူ ဆရာတင်ညွန့်၏ သားဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံထားရသည့် စာရေးဆရာ ဦးတင်ညွန့်သည် ကျောင်းဆရာဟောင်းတစ်ဦးလည်းဖြစ်ခဲ့ပြီး၊ ရိုးမပေါ်မှာကျတဲ့ မျက်ရည် ဝတ္ထုရှည်ဖြင့် လူသိများထင်ရှားပြီး နိင်ငံရေး၊ နည်းပညာ၊ရသနှင့် သုတစာပေတို့အပါအဝင် စာအုပ်အများအပြား ရေးခဲ့သလို လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပဒေသာဆုတို့ကိုလည်း ရရှိထားသူ ဖြစ်သည်။

24/04/2026

မျိုးချစ် ဆိုတဲ့ကောင်တွေ အမျိုးဘာဂျာ ဘာညာမှုတ်နေတဲ့အဖွဲ့တွေ မင်းတို့အဘကိုကြည့်
သူ့ကိုသူ သမ္မတလို့ ခေါ်ပြီး သမ္မတရှိရမဲ့ နေရာလည်း မသိဘူး။
အသိဉာဏ်မရှိတဲ့သူကို အားပေးထောက်ခံနေတဲ့သူတွေလည်း အသိဉာဏ်ရှိမှာကို မဟုတ်ဘူး။
သူများနိုင်ငံရဲ့ ဝန်ကြီးအဆင့်လောက်ကို ထိုင်ရှိခိုးမတတ် ဖားယားနေတာ ကြည့်မကောင်းဘူး။ နိုင်ငံ့သိက္ခာလည်း ကျချက်ဘဲ။

24/04/2026

လွှတ်တော်ဆိုတာ နိုင်ငံရေးသမားတွေပဲ နိုင်ငံ့ကောင်းကြိုးအတွက် ဆွေးနွေးရမယ် ငြင်းခုံရမယ် ထောက်ခံရမယ် ကန့်ကွက်ရမယ် ပြီးတော့ အဖြေရှာရမယ့် နေရာ ..

ဒီနေရာကိုရောက်လာတဲ့ စစ်သားတို့ ရဲတို့ဆိုတာ လုံခြုံရေးယူဖို့ ကင်းစောင့်ဖို့အတွက်ပဲ ဖြစ်ရမယ် ..
ကမ္ဘာပေါ်မှာ တိုးတက် ချမ်းသာတဲ့ နိုင်ငံတွေမှာ စစ်သားတွေ ရဲတွေ လွှတ်တော်ထဲမှာထိုင်ပြီး နိုင်ငံရေးသမားတွေအဆိုပြုသမျှ လုပ်သမျှကို ထိုင်ကန့်ကွက်နေတာမရှိဘူး ..
ရှိတဲ့နိုင်ငံကလည်း မတိုးတက်ဘူး မချမ်းသာဘူး

လွှတ်တော်ထဲဝင်ထိုင်ချင်လား ရတယ် တပ်ထဲကထွက် ရဲထဲကထွက် နိုင်ငံရေးသမားလုပ် ရွေးကောက်ပွဲဝင် ပြည်သူထောက်ခံရင် နိုင်ငံတော်သမ္မတအထိ လုပ်လို့ရတယ် ..
ပြည်သူမထောက်ခံရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မလုပ်နဲ့ ..

အဓိကကတော့ ကိုယ့်နေရာမှာနေ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပဲ

Ye Thar

Photos from SNL's post 24/04/2026

အမှတ်တရ အထိမ်းအမှတ် ထုတ်ဝေသည်ဟုဆိုခဲ့သော ငွေကျပ် နှစ်သောင်းတန်များကို မြန်မာ့စီး ပွားရေးဘဏ်၊ မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့တွင် လာထုတ်သော ငွေပမာဏ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း ထည့် သွင်းထုတ်ပေးနေ

ရန်ကုန်၊ ဧပြီ ၂၄

အကြမ်းဖက် စစ်တပ်က အမှတ်တရ ထုတ်ဝေသည်ဟုဆိုခဲ့သော ငွေကျပ် နှစ်သောင်းတန်များကို မြန်မာ့စီးပွားရေးဘဏ်၊ မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့တွင် လာထုတ်သော ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်း ထည့်သွင်းထုတ်ပေးနေကြောင်း ငွေထုတ်ယူခဲ့သော စီးပွားရေးသမားတချို့နှင့်ပဲနှမ်းကုန်သည်တချို့၏ ပြောဆိုချက်များအရ သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ဆင်ဖြူတော်၏ ၁ နှစ်ပြည့် မွေးနေ့ နှင့် မာရဝိဇယ ဘုရားဆင်းတု ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အမှတ်တရဟုဆိုကာ ငွေကျပ် နှစ်သောင်းတန်များကို ထုတ်ဝေခဲ့ကြောင်း၊ စစ်တပ်က ငွေစက္ကူနှစ်သောင်းတန်များကို မြန်မာ့စီးပွားရေးဘဏ်အပါအဝင် စစ်တပ်နှင့် အစိုးရဘဏ်များတွင် လာထုတ်သော ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ထည့်သွင်း ထုတ်ပေးလာခြင်းဖြစကြောင်း သိရှိရသည်။

" ငွေသိန်း ၁၀၀ ဆိုရင် ၁၀ သိန်းကတော့ နှစ်သောင်းတန်တွေပေးတယ်။ ပခုက္ကူမြန်မာ့စီးပွားရေးဘဏ်က ထုတ်ပေးတာ။ အကြွေရှားလို့ နှစ်သောင်းတန်တွေအစား ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်ပြန်လဲခိုင်းတာ လဲမပေးဘူး။ ၁၀ ရာခိုင်နှုန်းကတော့ နှစ်သောင်းတန်ပါမှာလို့ပြောတယ်" ဟု ယခုအပတ်အတွင်းငွေထုတ်ယူခဲ့သော ပဲကုန်သည်တစ်ဦးက ရှင်းပြသည်။

အလားတူ စစ်တပ်လက်အောက်ခံ မြ၀တီဘဏ်နှင့် အင်း၀ဘဏ်တို့တွင်လည်း ပမာဏကြီးမားသော ငွေ ထုတ် ယူမှုများတွင် ငွေကျပ် နှစ်သောင်းတန်များကို တွဲဖက်ထုတ်ပေးနေကြောင်း၊ အထူးသဖြင့် စစ်တပ်နှင့်တွဲဖက်လုပ်ကိုင်နေသော တင်ဒါလုပ်ငန်းများအတွက် ငွေပေးငွေယူကိစ္စများတွင် ငွေကျပ် နှစ်သောင်းတန်များ ပါဝင်လာခြင်းဖြစ်ကြောင်း UMCCI မှ စီးပွားရေးသမားတချို့ထံမှ သိရှိရသည်။

"ငွေကျပ် နှစ်သောင်းတန်တွေက ခါတိုင်းထက်ပိုထုတ်ပေးလာတယ်။ အစိုးရဘဏ်နဲ့ တပ်မတော်ဘဏ်တွေမှာ ငွေထုတ်ရင် နှစ်သောင်းတန်တွေတော့ ပါလာတယ်။ ပမာဏ အကုန်လုံး နှစ်သောင်းတန်တွေချည်းပေးတာမျိုး မဟုတ်ဘူး။ ငွေထုတ်တဲ့ပမာဏအလိုက် နှစ်သောင်းတန်တွေကိုပါ မျှပြီး ညှပ်ထုတ်ပေးနေတာ။ အရင်ထက်စာရင်တော့ ပိုပြီးတော့ ငွေလည်ပတ်မှုထဲကိုတော့ နှစ်သောင်းတန် တွေ ပိုတော့ ဝင်လာတယ်" ဟု UMFCCI မှ စီးပွားရေးသမားက ရှင်းပြသည်။

စစ်တပ်က နှစ်သောင်းတန် ငွေစက္ကူများကို နည်းလမ်းအမျိုးမျိုးဖြင့် ငွေလည်ပတ်မှုထဲသို့ ထည့်သွင်းနေပြီး ပုဂ္ဂလိကဘဏ်များတွင် နှစ်သောင်းတန်ငွေစက္ကူများ ထည့်သွင်းထုတ်ပေးမှုများလည်း များပြားလာနေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ပြည်သူများလက်အတွင်းသို့ ပိုမိုရောက်ရှိ လည်ပတ်လာသော ငွေကျပ် နှစ်သောင်းတန်ငွေစက္ကူများ။

23/04/2026

အရှေ့ဘက်မှာ တရုတ်၊ လူဦးရေ တစ်ဘီလီယံကျော်ရှိတယ်။ အကျယ်အဝန်းက မြန်မာနိုင်ငံထက် ၁၄ ဆလောက်ပိုကြီးတယ်။

အနောက်ဘက်မှာက အိန္ဒိယ ၊ လူဦးရေ တစ် ဘီလီယံ ကျော်ရှိတယ်။ အကျယ်အဝန်းက မြန်မာနိုင်ငံထက် ၅ ဆလောက်ကြီးတယ်။

ဒီနိုင်ငံနှစ်ခုကြားမှာ မြန်မာက သေးသေးလေး။ ဒါက ပထဝီရဲ့ ပေးထားချက်ပဲ။
တရုတ်ရော၊ အိန္ဒိယရော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင် နည်းပညာက မြန်မာထက် အဆပေါင်းများစွာသာတယ်။

သူတို့အစိုးရတွေက နိုင်ငံနဲ့ မျိုးဆက်အတွက် နောက်ထပ် နှစ်ပေါင်း ၅၀ လောက် ကြိုတွေး အလုပ်လုပ်နေချိန်မှာ ကျွန်တော်တို့က ဒီနေ့ ဘယ်လိုရှင်သန်ရမလဲ ဆိုတာနဲ့ သွားနေရတယ်။

နိုင်ငံရေးအရ အကွဲအပြဲအများဆုံး၊ အက်ကြောင်းအနက်ဆုံး၊ ပြိုကွဲမှု အကြီးဆုံး နဲ့ ပဋိပက္ခအများဆုံး တိုင်းပြည်။ ဒီတိုင်းပြည်ဟာ ကိုယ့်ထက် အစစ အရာရာ ရှေ့ကို အများကြီးရောက်နေတဲ့ နိုင်ငံကြီး နှစ်ခုနဲ့ မဖြစ်မနေ ဆက်ဆံပူးပေါင်းပြီး ဆောင်ရွက်နေရတယ်။

အကိုင်အတွယ်မတတ်ရင် အနာဂါတ်မှာ တိုင်းပြည်ဟာ ကျွန်ပြုခံလိုက်ရသလိုတောင်ဖြစ်သွားနိုင်တယ်။ အခုတောင် တရုတ်ပြုသမျှ နုနေရပြီ။ ဟိုစစ်ဗိုလ်ချုပ်ဖြုတ်ဆိုဖြုတ်၊ ရွေးကောက်ပွဲလုပ်ဆိုလုပ်၊ စကားနားမထောင်ရင် အိပ်ကပ်ထဲထည့်ထားတဲ့ ကဒ်လေးတွေ တစ်ချပ်ခြင်း ပစ်ချပြီး နေပြည်တော်ကို ရူးခါသွားအောင်လုပ်ပစ်နိုင်တယ်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၁၀၂၇ က သက်သေပါပဲ။

ဒီလိုမဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံလို အဘက်ဘက်က နောက်ကျနေတဲ့ အားနည်းနေတဲ့ တိုင်းပြည်တစ်ခုကို ဦးဆောင်တဲ့သူဟာ အရည်အချင်းရှိဖို့၊ လူထုထောက်ခံမှုရှိဖို့၊ ဩဇာကြီးဖို့၊ လူလေးစားထိုက်ဖို့၊ နိုင်ငံတကာခေါင်းဆောင် အဆင့်အတန်းမှာ လူရိုသေ ရှင်ရိုသေရှိဖို့ လိုအပ်တယ်။

အခု ကိုယ့်ဟာကိုယ် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့သူကို ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်ပေါ့။ အိန္ဒိယလို တရုတ်လို နိုင်ငံမျိုးတွေနဲ့ ခေါင်းချင်းယှဉ် စဉ်းစားနိုင်တဲ့သူ ဟုတ်မဟုတ်ဆိုတာ အဖြေပေါ်ပါတယ်။

မနေ့က အစည်းအဝေးမှာ စစ်ခေါင်းဆောင် ပြောတဲ့စကားတွေက အတော် ကြည့်ရဆိုးပါတယ်။ ငြိမ်းချမ်းအောင်လုပ်မယ်လည်းပြောတယ်၊ နိုင်ငံရေးပြဿနာရဲ့ အရင်းအမြစ်ကို အသိအမှတ်မပြုဘူး။

ငြိမ်းချမ်းရေးအတွက် ရက် ၁၀၀ အချိန်ပေးသတဲ့။ အဲ့ဒီရက် ၁၀၀ အတွင်း မလာရင် ကြိတ်မယ်ဆိုတဲ့သဘော။အခုလည်း ကြိတ်နေတာပဲမဟုတ်လား။ ဘာထူးမှာမို့လဲ။ PDF တွေပေါ်လာတာ ပညာမတတ်လို့ ဆို့ စဉ်းစားချက်တော့ ကျွတ်ဆင်ကြီး။ အဲ့ဒီလို လောဂျစ် နဲ့ နိုင်ငံရေးပြဿနာပြေလည်ဖို့ ဝေးစွ၊ တိုင်းပြည်ဟာ ဒီထက် ပြိုကွဲဖို့ပဲရှိတယ်။

ဒီနိုင်ငံကို ကိုယ့်အတ္တထက် ပိုချစ်တဲ့သူတွေမရှိသ၍ တိုင်းပြည်ဟာ ပုံပြင်ထဲမှာပဲကျန်ခဲ့လိမ့်မယ်။

ငါရှုံးချင်ရှုံးပါစေ တိုင်းပြည် နဲ့ အနာဂါတ်မျိုးဆက်တွေနိုင်ပါစေ ဆိုတဲ့ သတ္တိမရှိရင် အလကားပါပဲ.......

20/04/2026

ပြည်သူတွေကို လမ်းဘေးရောက်အောင် ပို့တယ်ဆိုတာ ဒါမျိုးထင်တယ်။ နိုင်ငံတော်အစီအစဉ်နဲ့ လမ်းဘေးဝဲယာ အရိပ်ရနေရာတွေမှာ ဖုန်းအားသွင်းလို့ရအောင် စီစဉ်ပေးမှာတဲ့။ ကိုယ်တွေ လုပ်ကြံပြောနေတာမဟုတ်ဘူးနော်။ စကစ ဝန်ကြီးချုပ်ဆိုသူ ကိုယ်တိုင် ဟန်ကြီးပန်ကြီးနဲ့ လိုက်လံကြည့်ရှုစစ်ဆေးနေတာ။

20/04/2026

အမေစု အစိုးရတက်လာတော့ နိုင်ငံတော်အဆင့် အခမ်းအနားတွေ လုပ်ရင် ဒုတိယသမ္မတ မြင့်ဆွေရဲ့ မိန်းမ ဒေါ်ခင်သက်ဌေးလည်း တက်ရတယ်။

သမိုင်းနည်းနည်း ပြန်ကောက်ရရင် ဒေါ်ခင်သက်ဌေး ယောကျာ်း ဗိုလ်ချုပ်ကြီး ဘဝ ရန်ကုန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ လက်စွဲတော်အဖြစ် ကာလရှည်တာဝန်ထမ်းဆောင်တုန်းက ကြူကြူလှဆိုတာ စစ်တပ်ထုံးစံအရဆို ခြင်းဆွဲ အဝတ်လျှော် မီးပူတိုက်ပေးရတာပေါ့။ အဲ့တုန်းကတော့ မမဌေးလို့ ခေါ်တာပေါ့။

အာဏာသိမ်းတော့ ခင်သက်ဌေးတယောက် ငြိုးသူကလဲ့စားနဲ့ ကြုံရဆုံရတော့တာပါပဲ။ နိုင်ငံတော်အခမ်းအနားတွေ အများစုကို မဖိတ်ဘူး။ ဖိတ်ရင်လည်း ထိုင်ခုံနေရာချမှုမှာ သိသိသာသာ ခွဲခြားတယ်။ သူတို့အခေါ် နိုင်ငံတော်ယာယီသမ္မတရဲ့ ကတော်ဖြစ်ပါလျက် ကြူကြူလှဘေးမှာ ခုံသေးနဲ့ပဲ ထိုင်ရတယ်။

ဒါတွေ ပြောလို့ ခင်သက်ဌေးတယောက် စိတ်နာလည်း ကြိတ်ခါပြောရုံပဲ တတ်နိုင်မှာပါ။ နောက်ဆုံးကျ စိတ်ထောင်းကိုယ်ကျေ လင်လည်းသေသွားရတယ်။ မမဌေးလည်း သားမက်က ခြံတွေ မြေတွေ အမည်ပေါက်ရောင်းသွားတော့ မကျေပွဲနွှဲချင်တာတောင် ဟိုးလေးတကြော် ဖြစ်စေတယ် အကြောင်းပြချက်နဲ့ သတင်းစာထဲတောင် ထပ်ကြေညာခွင့် မရရှာတော့ဘူး။ သူတို့ကျ ထိုင်းမှာ စံအိမ် ဘယ်နှစ်လုံးမှန်းတောင် မသိတော့ပါဘူး။

အမေစုတို့ကတော့ နိုင်ငံတော်အခမ်းအနားလုပ်တိုင်း ဒေါ်ခင်သက်ဌေးတယောက် အနောက်နားမှာ ထိုင်ရင် ညီမလေး ရှေ့လာထိုင်ဆိုပြီး အမေစုရော အန်တီချိုရောက ခေါ်တယ်။ ဒေါ်ခင်သက်ဌေးတယောက် လူခေတ်မှာ လူရာဝင်ခဲ့ပေမဲ့ မိစ္ဆာခေတ်ကျ လင်နာရေးမှာမှာတောင် ခုံပေါ်ကမဆင်းတဲ့ လင်မယားနဲ့ တိုးတော့တာပါပဲ။

19/04/2026

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် အတိုက်အခံရန်သူများကို ရှင်းပစ်ရလေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ ဘူးလက်လှဆွေက ရှင်းထုတ်ခိုင်းနေ

ရန်ကုန်၊ ဧပြီ ၁၉

နိုင်ငံတကာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အတိုက်အခံရန်သူများကို ရှင်းပစ်ရလေ့ရှိသဖြင့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ ရှင်းထုတ်ရန် ဘူးလက်လှဆွေက လှုံ့ဆော်ပြောဆိုလျက်ရှိသည်။

ဧပြီလ ၁၈ ရက်နေ့ လူမှုကွန်ရက်မှတစ်ဆင့် ဘူးလက်လှဆွေက ဗီဒီယိုထုတ်ပြန်၍ ယင်းကဲ့သို့ ပြောဆိုလာခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နာမည်မတပ်ဘဲ နိုင်ငံတကာပုံစံများအတိုင်း အတိုက်အခံရန်သူများကို ရှင်းထုတ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာတွင်လည်း အတိုက်အခံများ ရှင်းထုတ်လေ့ရှိကြောင်း၊ ယင်းကဲ့သို့ ရှင်းထုတ်ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ကြောင်း ဘူးလက်လှဆွေက ပြောဆိုသည်။

"ရုရှားမှာ သမ္မတ ပူတင်၊ စူပါပါဝါပေါ့။ သူရဲ့အတိုက်အခံခေါင်းဆောင် Alexei Navalny ဆိုတာ။ အဲဒီကောင်ကို သူက ထောင်ထဲမှာထည့်ထားပြီး တစ်နေ့ကျတော့ နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးလုပ်ခိုင်းတယ်။ နောက်နေ့ကျတော့ အဆိပ်မိပြီး သေသွားရော။ ပေါ်တင်ကြီးပဲ။ နောက်စူပါ ပါဝါ နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ပင်။ သူရဲ့ အတိုက်အခံခေါင်းဆောင် ဘိုရှီးလိုင်- Bo Xilai အခုအချိန်အထိ အချုပ်ထဲမှာ။ ထောင်ထဲမှာ ထည့်ထားတယ်။ Bo Xilai ဘယ်တော့ လွတ်မလဲဆိုတော့ သမ္မတ ရှီကျင့်ပင် အာဏာစွန့်တဲ့အခါကျရင် လွတ်မှာပေါ့။ အဲဒီလို ယူဆရတယ်။ သမ္မတ ရှီကျင့်ပင် ဘယ်တော့ အာဏာစွန့်မလဲဆိုတော့ သူက အခြေခံဥပဒေကို ပြင်ပြီးတော့ အာဏာယူထားတာဆိုတော့ ခန့်မှန်းလို့မရဘူး။ အဲဒီတော့ Bo Xilai ကလည်း ထောင်ထဲမှာပဲ အရိုးထုတ်ရမယ့် သဘောရှိတယ်။ နောက် ဒီမိုကရေစီနိုင်ငံလို့ ပြောတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ သမ္မတ ဖာဒီနာမားကို့ဂျူနီယာ။ သူရဲ့ အတိုက်အခံဖြစ်တဲ့ အရင်သမ္မတဟောင်း ဒူတာဒေးကို ဟောင်ကောင်က ပြန်လာတော့ လေဆိပ်မှာ ဖမ်းပြီးတော့ တစ်ခါတည်းနဲ့ ICJ ပို့ပစ်လိုက်တယ်။ သူဖမ်းပို့တာ။ ICJ မှာ တပ်မရှိဘူး။ ရဲလည်းမရှိဘူး။ သူကိုယ်တိုင် ဖမ်းပို့လိုက်တာ။ အဲဒီလို ရှင်းပစ်တာ။ ကမ္ဘောဒီးယားဆိုလို့ရှိရင် အတိုက်အခံခေါင်းဆောင် ဆမ်မရန်ဆီ ခမာမြေကို ခြေချလို့မရဘူး။ ဆန်မရန်ဆီရဲ့ တပည့် ပါလီမန်အမတ်ကို ဘန်ကောက်မှာ ရှင်းပစ်လိုက်တာ။ ဟွန်ဆင်ကတော့ သူလုပ်တာမဟုတ်ဘူးလို့တော့ ငြင်းတာပေါ့။ ကျနော်ပြောတာက နိုင်ငံအသီးသီးက သူတို့ ခေါင်းဆောင်တွေက သူတို့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ ဆက်လက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ Sustainable Development ဖြစ်ဖို့ အဲဒါကို သူတို့က ဖြစ်နိုင်ခြေရှိတဲ့ Potential Enemy တွေကို တစ်ခါတည်းရှင်းထုတ်တာ။ အဲဒါ နိုင်ငံတည်ငြိမ်အေးချမ်းတယ်" ဟု ဘူးလက်လှဆွေက ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမှာ ပြဿနာမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက အန္တရာယ်ရှိကြောင်း၊ ငါးပါးတင်မက သံဃာစင်ပါ မှောက်ခဲ့ပြီးပြီဖြစ်ကြောင်း၊ ဘူးလက်လှဆွေက သတိပေးပြောဆိုသည်။

"ကျနော်တို့ဆီက သမ္မတကြီးတွေ၊ ဦးသိန်းစိန်တို့၊ သမ္မတကြီး မင်းအောင်လှိုင်တို့က ဗိုလ်ချုပ်ကြီးတွေက လာတာဗျ။ စစ်သားကြီးတွေ။ စစ်ပွဲအလီလီနိုင် လာတဲ့ စစ်သားကြီးတွေ။ စိတ်ထားကျတော့ အရမ်းနူးညံ့တယ်၊ အရမ်းသဘောကောင်းတယ်။ အရမ်းကိုယ်ချင်းစာတယ်။ အရမ်းမေတ္တတရားထားတယ်။ သိပ် ပြီးတော့ လျှော့ပေါ့ပေးတာတော့ မကောင်းဘူး။ ကျွန်တော်တို့ လျှော့ပေါ့ပေးလို့ ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်ပြီးပြီ'။ အခုလွတ်လာတဲ့ ဦးဝင်းမြင့်တို့ ဦးဝင်းထိန်တို့ အဲဒါ အရေးမပါဘူး။ ရပါတယ်။ သူတို့ မြွေခေါင်းပြတ်လိုပဲ။ အဲဒီမြွေကို ခေါင်းမဆက်ဖို့ အရေးကြီးတယ်။ မြွေကို ခေါင်းဆက်မိရင် အဆိပ်ရှိတဲ့ မြွေဖြစ်သွားမယ်။ အဲဒါလေးကိုလာပြီးတော့ ကျနော် သတိပေးတာပါ" ဟု ဘူးလက်လှဆွေက ပြောဆိုသည်။

ဘူးလက်လှဆွေသည် ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဖြစ်ကာ ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရသူလည်းဖြစ်သည်။

18/04/2026

၂၀၀၈ အတွင်းက သမ္မတဒုက္ခ ဝဋ်လည်တော့မယ့် ဦးမင်းအောင်လှိုင်

By HSL. 13 April 2026

နိုင်ငံရေးသုံးသပ်ချက်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရှင် ဦးမင်းအောင်လှိုင်ဟာ စတုတ္ထမြောက်သမ္မတ ဖြစ်ပါတယ်။ အရင်သမ္မတ (၃) ဦးဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့က ပါတီနောက်ခံ ခိုင်မာတဲ့ သမ္မတတွေဖြစ်ကြပြီး ပါတီရဲ့မူဝါဒအရ အစိုးရကို ဦးဆောင်ခဲ့သူတွေလို့ ပြောလို့ရပါတယ်။ အခုဦးမင်းအောင်လှိုင်က ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ မူဝါဒတွေကို ဦးစားပေးဖော်ဆောင်သွားမလဲ။ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ။ စာရေးသူ သုံးသပ်မိတာက ပါတီအဖွဲ့အစည်းတွေရဲ့ မူဝါဒတွေကို ဦးစားပေးတာထက် သမ္မတ ဦးမင်းအောင်လှိုင် လုံခြုံရေးမူက အဓိက ဦးစားပေးဖြစ်မယ်လို့ ထင်ပါတယ်။

အရင်သမ္မတတွေက ကျမ်းသစ္စာဆိုပြီးနောက် သမ္မတတစ်ဦးအနေနဲ့ ပထမဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းတွေမှာ အစိုးရအနေနဲ့ ဦးစားပေးလုပ်ဆောင်သွားမယ့် ပြုပြင်ပြောင်းလဲရေးနဲ့ မူဝါဒလုပ်ငန်းတွေကို ခေါင်းစဉ်တပ်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။ အခု ဦးမင်းအောင်လှိုင်ဟာ သူအရင်က ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေနဲ့ မထူးခြားနားပဲပြောသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ စစချင်းမှာပဲ မဲမသမာမှုကြောင့် အာဏာထိန်းရတယ်ဆိုတဲ့ သူ့ကိုယ်သူကာကွယ်နေရတဲ့အချက်က မပြောင်းမလဲ ပါနေမြဲရှိနေပါသေးတယ်။ ပြီးတော့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို အလေးပေး ပြောကြားသွားတာကို တွေ့ရပါတယ်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ (သို့) ဦးမင်းအောင်လှိုင်အတွက် အားကိုးရာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ မှာ အမျိုးကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ - ကာလုံကို သက်ဆိုင်ရာပုဂ္ဂိုလ် (၁၁)ဦးနဲ့ ဖွဲ့စည်းရန် အတိအကျ ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းနိုင်ကြောင်း ပြဌာန်းထားတာကို တွေ့ရပါတယ်။

ဒီကာလုံအဖွဲ့ကို သမ္မတက ဦးဆောင်တယ်ဆိုပေမဲ့ ပါဝင်ရတဲ့ပုဂ္ဂိုလ်(၁၁)ဦးထဲမှာ ကာကွယ်ရေးဦးစီးချုပ်က သူကိုယ်တိုင်ပါဝင်နေတဲ့အပြင် သူခန့်ထားတဲ့ပုဂ္ဂိုလ်(၅)ဦးလည်း ပါဝင်နေတာကြောင့် ကာလုံမှာကာချုပ်က အလေးသာနေတာ ဖြစ်ပါတယ်။

ဒါကိုပိုမို ရှင်းလင်းသွားအောင် လုပ်ကြံပစ်သတ်ခံခဲ့ရသူ ဆရာဦးကိုနီရဲ့ ဟောပြောချက်ထဲက ကောက်နုတ် ဖော်ပြချင်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ် သူ့တပည့်၊ ကာကွယ်ရေးဝန်ကြီး သူခန့်ထားတယ် သူ့တပည့်၊ ပြည်ထဲရေးဝန်ကြီး သူခန့်ထားတယ် သူ့တပည့်၊ နယ်စပ်ရေးရာဝန်ကြီး သူခန့်ထားတယ် သူ့တပည့်၊ နောက် တပ်မတော်သား ဒုတိယသမ္မတ သူခန့်ထားတယ် သူ့တပည့်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့ရဲ့ တပည့် ၅ ယောက်က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါနေတယ်။ ၁၁ မဲမှာ သူက ၆ မဲ အဲ့တော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်မှာ အလုပ်လုပ်ရတဲ့ ငါးယောက်က သူ့ကို မလွဲမသွေထောက်ခံရမယ်။ ဒါ့ကြောင့် မဲခွဲစရာမလိုဘူး။ ကာကွယ်ရေးဦးစီးချုပ် ပြောတဲ့အတိုင်းပဲ ဖြစ်မယ်။ ဘာကြောင့်ဆို သူ့ကို ထောက်ခံမယ့်လူ ငါးယောက်ရှိတယ်။လို့ ဟောပြောခဲ့ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၂ မှာ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။လို့ ပြဌာန်းထားပါတယ်။ သမ္မတက ကာလုံရဲ့သဘောတူညီချက်နဲ့ ခန့်အပ်တာဝန်ပေးရမယ်လို့သာပါပြီး ကာကွယ်ရေးဦးစီးချုပ်ရဲ့အမည် တင်သွင်းခွင့်မပါတာကို တွေ့ရပါတယ်။ ဒါကိုလည်း ဆရာဦးကိုနီက အခုလို ရှင်းပြခဲ့ပါတယ်။

ပုဒ်မ ၃၄၂ မှာ ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် သမ္မတက ခန့်ရမည်တဲ့။ သမ္မတကခန့်ရမယ် ဆိုတဲ့စာလေးက လှလိုက်တာ။ သမ္မတခန့်တယ်လို့ထင်တာ၊ မဟုတ်ဘူး။ သမ္မတက အမိန့်ထုတ်ပေးရမှာ ဘယ်သူခိုင်းတဲ့ အတိုင်းတုန်း၊ ကာလုံက ခိုင်းတဲ့အတိုင်း၊ ကာလုံရဲ့ အာဏာက ဘယ်သူ့လက်ထဲမှာတုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာ။ ဒီလိုဆို ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူခန့်မှာတုန်း။လို့ ထောက်ပြခဲ့ဖူးပါတယ်။

ဒါကြောင့် အာဏာရှင် ဦးမင်းအောင်လှိုင်က ယူနီဖေါင်း မချွတ်ခင်ကတည်းက စစ်တပ်နဲ့လွှတ်တော်ကို ကြားခံထိန်းကျောင်းနိုင်ဖို့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းလိုက်ရဟန် တူပါတယ်။ ဒါ့အပြင် ကောင်စီဥက္ကဌကိုလည်း ဒုကာချုပ်ဟောင်း ဦးစိုးဝင်းကို ခန့်လိုက်သလို၊ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို အတွင်းရေးမှူးခန့်ထားပါတယ်။ ဒါကိုကြည့်ရင် အရင်လို သူဖြစ်ချင်တိုင်း အမိန့်ပေးလို့မရတော့တဲ့ စစ်တပ်ကို စီနီယာကြီးတွေရဲ့ စုပေါင်းဩဇာနဲ့ ထိန်းကျောင်းနိုင်ဖို့ ပြင်ဆင်တဲ့ဗျူဟာအဖြစ် ရှုမြင်သုံးသပ်ပါတယ်။

ဒီပြည်ထောင်စုအတိုင်ပင်ခံကောင်စီက ကာကွယ်ရေးဦးစီးချုပ်ကို မဲအသာပေးထားတဲ့ ကာလုံကို တတ်နိုင်သမျှရှောင်ရှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့အဖွဲ့လည်း ဖြစ်နိုင်ပါတယ်။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ ဦးမင်းအောင်လှိုင်အဖြစ် ဦးဆောင်သွားမယ့် အစိုးရအတွက် ဘယ်လောက် အရေးကြီးနေကြောင်း သမ္မတအဖြစ် ပထမဆုံး သူပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အခုလိုပါရှိခဲ့တာကို ကြည့်ရင်လည်း မှန်းဆလို့ရနိုင်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေကို ဘက်စုံလွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေနဲ့အညီ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအနေနဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတော်အစိုးရထံ အကြံပေးတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။လို့ ပြောကြားခဲ့ပါတယ်။

အလားတူ လွှတ်တော်ဥက္ကဌ၊ ဒုက္ကဌနေရာတွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုလည်း ဦးမင်းအောင်လှိုင်က သူ့သဘောအတိုင်း ဖော်ဆောင်ထားတာကို တွေ့ရပါတယ်။

အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာချုပ်ရဲ့အာဏာလက်တံ ဘယ်လောက်ထိ ဖြန့်ကြက်နိုင်ကြောင်းကို သူကိုယ်တိုင် အတွေ့အကြုံရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာအရပ်ဝတ် သမ္မတဖြစ်လာတဲ့အချိန်မှာ သူ့ရဲ့ဂျူနီယာကာချုပ်နဲ့ ရင်ဆိုင်လာရမယ့် အာဏာဩဇာ ချိန်ခွင်လျှာကို တတ်နိုင်သလောက် ချိန်ညှိနိုင်ဖို့ အစွမ်းကုန်ပြင်ဆင်ထားတဲ့ အခင်းအကျင်းကို တွေ့ရပါတယ်။

ရဲဘော်စိတ်ကိုလည်း စိတ်မချနိုင်

လူမုန်းခံပြီး စစ်တပ်ကိုကာကွယ်ပြောဆိုရတဲ့ သတင်းမှန်ပြန်ကြားရေးခေါင်းဆောင် လုပ်ခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တပ်ထဲမှာ ရဲဘော်စိတ်ဆိုတာ သူအကြိုက်ဆုံး စကားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရား ပင်ဖြစ်၏လို့ ပြောခဲ့ပါတယ်။

ရဲဘော်စိတ်ရှိပြီး သစ္စာစောင့်သိမှုကို တန်ဖိုးထားတယ်လို့ မြန်မာစစ်တပ်တွင်း သွတ်သွင်းထားပေမဲ့ သူတို့ရဲ့ သစ္စာစောင့်သိမှုဟာ အကြောက်တရားနဲ့အမိန့်ပေါ်မှာ တည်ဆောက်ထားတဲ့ သဘောတရားရှိတယ်လို့ နားလည်ပါတယ်။ ဒါကြောင့် ကိုယ့်အထက်လူကြီးတွေကို အာဏာရှိနေတဲ့ ကာလမှာသာ သစ္စာရှိနိုင်ကြပြီး အာဏာစက်ကွင်း တန်ခိုးအားနည်းလာတာနဲ့အမျှ သူတို့ပြောတဲ့ မေတ္တာတရား၊ သံယောဇဉ်တရား သစ္စာစောင့်သိမှု တွေလည်း လွင့်ပျံသွားတတ်တဲ့ သဘောတွေ့ရပါတယ်။

ပါတီနောက်ခံ မခိုင်မာတဲ့သူ

စစ်ကော်မရှင်ကြီးမှူး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး - USDP ပါတီက စစ်တပ်ထောက်ခံမှုရရှိပြီး မဲနိုင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့လွှတ်တော်အတွက် လူရွေးတဲ့နေရာမှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပဲ့ကိုင်မှုကင်းမဲ့ခဲ့တဲ့ အခင်းအကျင်းဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လက်တွေ့ အသုံးချနေသူက ဦးမင်းအောင်လှိုင်သာ ဖြစ်ပါတယ်။ ဘာနဲ့သူသလဲဆိုရင် ကိုယ့်ပိုက်ဆံနဲ့ ကားခပေးပြီး လိုက်စီးရတာဖြစ်ပေမဲ့ ခရီးထွက်နိုင်ဖို့ ကားဒရိုင်ဘာ ဘီယာထိုင်သောက်နေတာကို အောင့်သက်သက်နဲ့ ထိုင်စောင့်နေရတဲ့ ခရီးသည်တွေနဲ့ တူပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရက ဖော်ဆောင်သွားမယ့် မူဝါဒလုပ်ငန်းစဉ်တွေဟာ USDP ပါတီရဲ့ ဦးစားပေးမှုနဲ့ ထပ်တူမကျနိုင်ပါဘူး။ ဦးမင်းအောင်လှိုင်က သူ့အာဏာစက်ကွင်း ဆက်လက်တည်မြဲနိုင်ဖို့အတွက် ဦးစားပေး လုပ်ဆောင်ရမယ့်ကိစ္စတွေ ရှိနေပါသေးတယ်။

ဒီကိစ္စတွေထဲမှာ အထက်မှာရှင်းပြခဲ့သလို ကာချုပ်က လွမ်းမိုးထားတဲ့ ကာလုံဖွဲ့စည်းမှုဆိုင်ရာ ဥပဒေကို ပြင်မလား။ ကာကွယ်ရေးဦးစီးချုပ်က သမ္မတဖြစ်လာနိုင်တဲ့ လမ်းကြောင်းကိုခင်းပြီး အပေးအယူလုပ်မလား ဆိုတာတဲ့အချက်တွေက ၂၀၀၈ အတွင်းမှာ သမ္မတလုပ်နေတဲ့ ဦးမင်းအောင်လှိုင် စဉ်းစားရမယ့် အချက်တွေဖြစ်နေပြီလို့ မြင်ပါတယ်။ ဒီအချက်ကို စာရေးသူက တပ်ချုပ်တွေ သမ္မတဖြစ်လာနိုင်မယ့်စနစ် တည်ဆောက်လာနိုင်တဲ့ သမ္မတဦးမင်းအောင်လှိုင်ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ ဆောင်းပါးကို အောက်မှာ link ချထားပေးပါတယ်။

အထက်ပါအချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့က လက်ရှိ ကာကွယ်ရေးဦးစီးချုပ်သစ်ရဲ့ အာဏာလက်တံ အစွမ်းမထက်သေးခင်မှာ ပြုပြင်ထားနိုင်ဖို့လည်း ဦးမင်းအောင်လှိုင်အတွက် အလျင်စလို အရေးကြီးနေပါတယ်။ အထက်ပါအချက်တွေကို ကာကွယ်ရေးဦးစီးချုပ်နဲ့ သူအပေးအယူ မလုပ်နိုင်ခဲ့ရင် ၂၀၀၈ အတွင်းမှာ သူကိုယ်တိုင် ဝဋ်လည်လာနိုင်ပါတယ်။ သူသာအာဏာသိမ်းခံရရင် လမ်းပေါ်ထွက်ပြီး အသေခံရဲတဲ့ ပြည်သူရှိလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့် ဦးမင်းအောင်လှိုင်ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်အပေါ် ဆက်လက် ဩဇာသက်ရောက်နိုင်ဖို့အတွက် ဦးစားပေးလုပ်ဆောင်ဖို့က အရေးကြီးနေတယ်လို့ သုံးသပ်မိပါတယ်။ သူ့ရဲ့အာဏာအရှိန်အဝါ အတက်အကျပေါ်မူတည်ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်ဆံရေးကလည်း အဖုအထစ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နိဂုံး

ဒါကြောင့် နိုင်ငံတကာမှာ အမှုတွေဖွင့်ခံထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှာ သမ္မတလုပ်နေရတဲ့ ဦးမင်းအောင်လှိုင်အတွက် နောက်ကျောလုံတဲ့စိတ်နဲ့ ခေါင်းပြားအောင် အိပ်နိုင်မယ်လို့ မထင်မိပါဘူး။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း ဦးမင်းအောင်လှိုင်လိုပဲ ဗိုလ်ချုပ်ကြီးနဲ့ ကာချုပ်ဖြစ်လာပြီးနောက် မကြာမီနှစ်တွေအတွင်း ဗိုလ်ချုပ်မှူးကြီး ဖြစ်လာမှာပါ။ ဒါ့အပြင် ထောက်လှမ်းရေးကနေလာတဲ့ ဗိုလ်ချုပ်ကြီးက တပ်တွင်းအာဏာဩဇာကို သူနည်းသူဟန်နဲ့ တည်ဆောက်လာတော့မယ်ဆိုတာ မလွဲဧကန်ဖြစ်ပါတယ်။ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှာ ဦးမင်းအောင်လှိုင်၊ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတွေရဲ့ အာဏာလွန်ဆွဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဘောင်အတွင်း ကာချုပ်ရနေတဲ့ အာဏာလက်တံတွေကို ဘယ်လောက်ထိ လျှော့ချပစ်နိုင်မလဲဆိုတာက ဦးမင်းအောင်လှိုင်ရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးအချက်လို့ သုံးသပ်ပါတယ်။

18/04/2026

ယနေ့ နှစ်ဆန်းတစ်ရက်နေ့ အစိုးရသစ်တက်ချိန်မှာ
VPN များပြန်ရုတ်သိမ်းပေးရန် Popular News Journal
အယ်ဒီတာ ဦးမြတ်ခိုင်မှ တောင်းဆိုလိုက်သည်။

၅နှစ်လုံးလုံး VPN ခံ၍ Facebook လူမှုကွန်ယက်
အင်တာနက် သုံးစွဲရသည်မှာ များစွာအဆင်မပြေ
ဖြစ်ခဲ့ကြောင်း ၊ ထိုသို့ပိတ်ပင်ထားမှုသည် ဒီမို
ကရေစီ နှင့် လုံးဝမကိုက်ညီကြောင်း၊ ပြည်သူများ
အပေါ် စေတနာ ထားဖို့လိုကြောင်း ၊ ဦးမင်းအောင်လှိုင်
အနေနဲ့ အဆိုပါကိစ္စကို ချက်ချင်ဖြေရှင်းပေးဖို့ လိုကြောင်း ၊
ဦးမြတ်ခိုင်က ပြောဆိုသည်။

ဦးမြတ်ခိုင်၏ ပေါ်ပြူလာနယူးဂျာနယ် Facebook
စာမျက်နှာသည် တပ်မတော်အာဏာသိမ်းစဉ်ကစ၍
Face book အသုံးမပြုရဟု
အမိန့်ထုတ်ပြန်ထားခဲ့သည့် ၅ နှစ်လုံးလုံး VPN
ဖြင့် ကျော်ခွကာ သတင်းများ နေ့စဉ်တင်ဆက်နေခဲ့သည်။
အဆိုပါကိစ္စသည် ဥပဒေချိုးဖောက်ခြင်း ဖြစ်ပြီး
အီလက်ထရွန်းနစ် ပုဒ်မများဖြင့် ပြစ်မှု မြောက်မမြောက်
မည်သည့်အဖွဲ့ကမျှ ဝေဖန် တရားစွဲဆို အရေးယူခဲ့ခြင်းမရှိပေ။

Nay Min Thar

17/04/2026

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ ပြန်လည်ကျခံရမည်ဆိုသော စည်းကမ်းချက် သတ်မှတ်ထား

ရန်ကုန်၊ ဧပြီ ၁၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက် သတ်မှတ်ထားကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တောင်ငူအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို အကြမး်ဖက်စစ်တပ်က ယနေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ၁ ဖြင့် ပြန်လည်လွှတ်ပေးခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မမှာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသော စည်းကမ်းချက်ဖြင့် ပြန်လည် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားသတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲမည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက် ပေါ်နေပြီး NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်အပါအဝင် ခေါင်းဆောင်များ နေပြည်တော်သို့ သွားရောက်နေကြကြောင်း သိရှိရသည်။

17/04/2026

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့အား သတိုးမဟာသရေစည်သူဘွဲ့ အပ်နှင်းမည်ဖြစ်ကြောင်း သွားရောက်အကြောင်းကြားရာတွင် တဦးက အသက်ကြီး၍ ပကာသန မမက်တော့ဟု ငြင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Want your public figure to be the top-listed Public Figure in Batam?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Batam