Burma Human Rights Network

Burma Human Rights Network

Share

Burma Human Rights Network (BHRN) is working for human rights, minority rights and religious freedom.

30/09/2026

တရားမျှတမှုမဲ့ ငြိမ်းချမ်းရေးက အလုပ်ဖြစ်ပါ့မလား

(ဆွေးနွေးပွဲ စကားဝိုင်း)

ငြိမ်းချမ်းရေး ဆိုတာ လူသားအားလုံး လိုချင်တပ်မက်ကြတဲ့ အဖိုးအနဂ္ဂထိုက်တန်တဲ့ မရှိမဖြစ်ရတနာတစ်ပါးပဲ ဖြစ်ပါတယ်။

အဖိုးထိုက်တန်ခြင်းနဲ့အတူ လွယ်လင့်တကူရယူဖို့လည်း ခက်ခဲလှပါတယ်။ လာချင်ရင်ခဏလေး မလာချင်ရင်တစ်ဘဝဝေး ဆိုတဲ့အတိုင်း ငြိမ်းချမ်းရေးဆိုတဲ့ အဖိုးတန်ရတနာဟာ ဘာသာတရားအသီးသီး အတွေးအခေါ်အဖုံဖုံကို စတင်တည်ထောင်သူတိုင်း လမ်းညွန်ကြတဲ့ ပန်းတိုင်ပါပဲ ။

အဲ့ဒီအတွက် ငြိမ်းချမ်းရေးလမ်းကိုလာဖို့ မိမိတို့အခွင့်အရေးတွေကို ကာကွယ်ကြဖို့လိုသလို တစ်ပါးသူတွေရဲ့ရပိုင်ခွင့်တွေကိုပါ လေးစားတန်ဖိုးထား ပေးအပ်ကြဖို့လည်း လိုပါတယ်။

ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့နေရာမှာ ကိုယ့်ကောက်ချက်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေသာ လက်ခံစဉ်းစားတတ်တဲ့ အလေ့အထတွေကနေ လွတ်ကင်းကြဖို့လည်း လိုပါတယ်။ ငြိမ်းချမ်းဖို့ဆိုပြီး ကိုယ့်ယုံကြည်မှု တန်ဖိုးထားမှုတွေကိုပဲ ရှေ့တန်းတင်စဉ်းစားဆုံးဖြတ်နေသ၍ ဝေးသထက်ဝေးနေအုံးမှာပါ။ တစ်ပါးသူတွေရဲ့ ခံစားချက်၊ ခံယူချက်တွေကိုပါ လေးစားတတ်ပြီး မိမိခံယူချက်အပေါ်မှာ မားမားမတ်မတ်ရပ်တည်ခြင်းဖြင့် တည်ဆောက်နိုင်ပါတယ်။

စုံလင်ကွဲပြားတဲ့ လူ့စံတန်ဖိုးအသီးသီးကို ကြည်ကြည်ဖြူဖြူ လက်ခံသဘောတူမှသာ ငြိမ်းချမ်းရေးနဲ့ နီးစပ်နိုင်ပါတယ်။

အများညီ ဤကိုကျွဲဖတ်ဆိုတဲ့ အလေ့အထနဲ့ကတော့ အာဏာရှင်စနစ်ကသာ သက်ဆိုးရှည်အမြစ်တွယ်နေအုံးမှာပါ။

ငြိမ်းချမ်းဖို့ဆိုရင် မတရားမှုတွေ၊ မမျှတမှုတွေနဲ့ မိမိယုံကြည်ကိုးစားတဲ့ အာဏာရှိသူခေါင်းဆောင်တွေရဲ့ ခံယူရပ်တည်ချက်တွေကို ဝေဖန်ပိုင်းခြား မေးခွန်းထုတ်မှသာ ရနိုင်ပါတယ်။ မိမိတို့လေးစားယုံကြည်တဲ့သူတွေ မှားသမျှ လွဲသမျှကို ထောက်ခံအားပေးဝန်းရံမိနေသမျှ ရွှေပြည်တော်မျှော်လေတိုင်း ဝေးနေအုံးမှာပါ။

မတရားမှု၊ မညီမျှမှုတွေ မင်းမူလာတဲ့အခါ ငြိမ်းချမ်းရေးဟာ စိတ်ကူးယဉ်ပုံပြင်လိုဖြစ်လာပြီး တရားမျှတမှုတွေ ပျောက်ဆုံးနေတဲ့ရပ်ဝန်းမှာ ငြိမ်းချမ်းရေးသန္ဓေမတည်နိုင်ပါဘူး။

ဒါ့ကြောင့် တရားမျှတမှု တန်းတူ ညီမျှမှု ကင်းမဲ့တဲ့ အတွေးအမြင်ရပ်တည်ခံယူချက် လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးလမ်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတာကို ဒီတစ်ပတ် BHRN ရဲ့စကားဝိုင်းမှာ ရှုထောင့်ပေါင်းစုံကနေ တင်ပြဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -

🔸 ကိုမိုးထက်နေ
(သုတေသနနှင့် နိုင်ငံရေးအကြံပေး - Nyan Lynn Thit Analytica)
🔸 မနှင်းနှင်းမွှေး
(တွဲဖက် အထွေထွေအတွင်းရေးမှူး - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
🔸 ဒေါက်တာသန်းလွင်ဦး
🔸 မောင်လာနာကာရီ ဦးစိုးနေဦး (BHRN)

တို့ဖြစ်ပြီး

Moderator အဖြစ်
🔸 ကိုအောင်သူရ
(စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC )

က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်(ဗုဒ္ဓဟူးနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

🔸 မောင်လာနာကာရီ ဦးစိုးနေဦး
(BHRN)

28/09/2026

27/09/2026

၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း
စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု
လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက်
-----------------
(Short Video for August 2026)

25/09/2026

အာဏာအတွက် တိုင်းပြည် ဆူပူအောင်ဖန်တီးနေတဲ့ စစ်တပ်နဲ့ မဘသ
----------------------------------------------------------
(August 31 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဆွေးနွေးပွဲ စကားဝိုင်း ဖြစ်ပါတယ်)
>>> REPLAY

25/09/2026

[PRESS RELEASE]
မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီများ၏ ဖိအားပေးမှုများနောက်တွင် စစ်အာဏာပိုင်များက ဝတ်ပြုရာ ဗလီကို ပိတ်သိမ်း

// မဘသနှင့်ဆက်နွယ်သည့် သံဃာများက ရန်ကုန်နှင့် မန္တလေးရှိ ဗလီများနှင့် ဘာသာရေးဝတ်ပြုမှုများကို ပစ်မှတ်ထားလာ //

လန်ဒန်။ ၂၀၂၆၊ စက်တင်ဘာ ၂၂ ရက် – မန္တလေးမြို့ရှိ သမိုင်းဝင် မိဘဈေးဗလီဝင်းအတွင်းရှိ ဝတ်ပြုဆုတောင်းရာနေရာများကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးရန်နှင့် မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုနှင့် ဗလီပြုပြင်၊ ပြန်လည်တည်ဆောက်မှုများအပေါ် ခွဲခြားဆက်ဆံသည့် ကန့်သတ်ချက်များကို ရပ်တန့်ရန် မြန်မာစစ်အာဏာရှင်အား Burma Human Rights Network (BHRN) က တောင်းဆိုလိုက်သည်။

၂၀၂၆ ခုနှစ် ဩဂုတ်လမှစတင်ကာ ယခင်က "မဘသ"ဟု လူသိများခဲ့သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့် ဆက်နွယ်သော အမျိုးသားရေးဝါဒီ သံဃာများသည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဗလီများ၊ ဗလီပြုပြင်မွမ်းမံရေးလုပ်ငန်းများနှင့် မွတ်စလင်တို့၏ ဘာသာရေး ဝတ်ပြုမှုများကို ပစ်မှတ်ထား လှုပ်ရှားလာခဲ့သည်။ ထို့နောက် စစ်ကောင်စီအာဏာပိုင်များက ဆောက်လုပ်ရေး လုပ်ငန်းများကို ဖျက်သိမ်းရန် အမိန့်ပေးခြင်း၊ ပြုပြင်မွမ်းမံထားသည့် အဆောက်အအုံများကို ဖြိုဖျက်စေခြင်း၊ မွတ်စလင်ဝတ်ပြုရာနေရာများကို ပိတ်သိမ်းခြင်းနှင့် ဘာသာရေးဝတ်ပြုမှုများကို ကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်သည် မွတ်စလင်များကို ပစ်မှတ်ထားသည့် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့များကို ကာလရှည်ကြာ ပံ့ပိုးပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မဘသ (အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့)သည် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ အမုန်းစကားများ၊ ခြိမ်းခြောက်ဖိအားပေးမှုများနှင့် မွတ်စလင်များ၏ အခွင့်အရေးများကို ကန့်သတ်ရန် နိုင်ငံတော်အပေါ် ဖိအားပေးမှုများ ဆယ်စုနှစ်ချီ ပြုလုပ်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ မကြာသေးမီက ထုတ်ဝေခဲ့သော သုတေသနတစ်ရပ်တွင် အာဏာသိမ်းပြီးနောက် ဗုဒ္ဓဘာသာအစွန်းရောက်အခြေခံဝါဒီ အင်အားစုများသည် စစ်တပ်၏ ဖွဲ့စည်းပုံများနှင့် လိုက်လျောညီထွေစွာ ဆက်လက်လှုပ်ရှားနေကြောင်း ဖော်ပြထားသည်။

“မွတ်စလင်တွေအပေါ်မှာ အမုန်းတရားတွေ ဖြန့်ဝေပြီး မွတ်စလင်တွေရဲ့အခွင့်အရေးတွေကို ချိုးဖောက်ဖို့အတွက် စစ်တပ်က ဒီအမျိုးသားရေးအဖွဲ့တွေကို ကာလရှည်ကြာ ပံ့ပိုးပေးခဲ့ပါတယ်။ အခုလည်း အစွန်းရောက်ဘုန်းကြီးတွေက ဗလီတွေကို ပစ်မှတ်ထားလာတဲ့အခါ စစ်ကောင်စီအာဏာပိုင်တွေက ဝတ်ပြုရာနေရာတွေကို ပိတ်သိမ်းတာ၊ ဘာသာရေးဝတ်ပြုမှုကို ကန့်သတ်တာတွေ လုပ်နေတာပါ။ စစ်ကောင်စီအနေနဲ့ အဲဒီဗလီတွေကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးပြီး မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုကို ရပ်တန့်သင့်ပါတယ်”ဟု Burma Human Rights Network ၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်အမှတ် ၁/၂၀၂၆ ကို ထုတ်ပြန်ခဲ့ပြီး မိဘဈေးဗလီဝင်းအတွင်းရှိ အဆောက်အအုံနှစ်ခုကို ပိတ်သိမ်းကာ ဝတ်ပြုဆုတောင်းခြင်း၊ ဝင်ထွက်ခြင်း၊ စုဝေးခြင်းနှင့် ပြုပြင်ခြင်း သို့မဟုတ် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ကန့်သတ်ခဲ့သည်။ ယင်းအမိန့်သည် မဘသနှင့် ဆက်နွယ်သည့် မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ ဦးသုစိတ္တ ဦးဆောင်သော သံဃာများက ဗလီဝန်းအတွင်း ဝင်ရောက်ကာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ကန့်ကွက်ခဲ့ပြီး နှစ်ရက်အကြာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တစ်ရပ်အရ အဆိုပါအမိန့်သည် ကွင်းအမှတ် ၂၃၊ ဦးပိုင်မြေကွက်အမှတ် ၈၉ ရှိ မပြီးစီးသေးသော အဆောက်အအုံတစ်ခုနှင့် မြေကွက်အမှတ် ၅၁/၅ ရှိ လေးထပ်အဆောက်အအုံတစ်ခုကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအာဏာပိုင်များက ဒုတိယအဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ ယာယီဝတ်ပြုဆောင်အဖြစ် အသုံးပြုနေသည်ဟု သတ်မှတ်ခဲ့သည်။

■ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများနောက်တွင် စစ်ကောင်စီအာဏာပိုင်များက ဗလီများကို ပစ်မှတ်ထားလာ

ဩဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ စိန်ကုန်းဗလီဝင်းအတွင်း မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ သံဃာအပါး ၃၀ ခန့် ဝင်ရောက်ခဲ့ပြီး ဝင်းအတွင်း ဆောက်လုပ်နေသည့် လုပ်ငန်းများကို ကန့်ကွက်ကာ ဗလီတာဝန်ရှိသူများထံမှ စာရွက်စာတမ်းများ တောင်းယူခဲ့သည်။ မြန်မာ့အရေးလေ့လာသူ ဦးညီညီကျော်ကလည်း စိန်ကုန်းဗလီတွင် အဆိုပါသံဃာများ၏ လုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားသည်။ BHRN ၏ မှတ်တမ်းများအရ ယင်းနောက် စစ်ကောင်စီအာဏာပိုင်များက ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပက္ကားဗလီတွင် တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို အမျိုးသားရေးဘုန်းကြီးများက ကန့်ကွက်ပြီးနောက် စစ်ကောင်စီအာဏာပိုင်များက အဆိုပါလုပ်ငန်းများကို ပြန်လည်ဖြိုဖျက်စေခဲ့ကြောင်း BHRN က မှတ်တမ်းတင်ထားသည်။

ဩဂုတ်လ ၂၉ ရက်နေ့တွင် မျိုးချစ်ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)က တမန်တော်မုဟမ္မဒ်၏ မွေးနေ့အထိမ်းအမှတ် နှစ်စဉ်ကျင်းပသည့် ဘာသာရေးအခမ်းအနားများကို စစ်ကောင်စီက ခွင့်ပြုထားခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သည့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် မွတ်စလင်များနှင့် မွတ်စလင်ဘာသာရေးခေါင်းဆောင်များကို အစွန်းရောက်များအဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး အခမ်းအနားများ ကျင်းပခွင့်ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို ဝေဖန်ကာ ခွင့်ပြုခဲ့သူများအပေါ် အရေးယူရန် တောင်းဆိုခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အမိန့်တွင် မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုကိုလည်း ကန့်သတ်ထားသည်။ ထိခိုက်သည့်နေရာတွင် စုပေါင်းဝတ်ပြုခြင်း၊ တရားဟောခြင်းနှင့် ဝင်ရောက်ခြင်းတို့ကို တားမြစ်ထားသည်။

“မြို့တော်စည်ပင် ဆောက်လုပ်မိန့်နဲ့ ဗလီပြန်ပြင်ဆောက်တာမှာ ဥပဒေကြောင်းအရ ဘုန်းကြီးအလုပ် ဘာမှမရှိဘူး” ဟု ဘာသာရေးအကြမ်းဖက်မှုများကို အနီးကပ်စောင့်ကြည့်လေ့လာလာခဲ့သည့် ဝါရင့်ရှေ့နေတစ်ဦးက BHRN သို့ ပြောကြားခဲ့သည်။ အဆိုပါရှေ့နေက BHRN သို့ ဆက်လက်ပြောကြားရာတွင် —
"ဘုန်းကြီးက ဗလီဆောက်တာကို လာကန့်ကွက်လိုက်တာနဲ့ မြို့နယ်အုပ်ချုပ်ရေးက ဗလီချိတ်ပိတ်ပြီး ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာက အုပ်ချုပ်ရေးက ပြဿနာကြီးအောင်လုပ်နေတာ၊ ဒီလို ပုဒ်မ ၁၄၄ ထုတ်ပြီး ဘာသာရေးအကြမ်းဖက်မှုတွေ အများကြီး လုပ်ခဲ့ဖူးတာပဲ အခုလည်း သတိထားစောင့်ကြည့်ရမယ့် အချိန်အခါပဲ”

၂၀၁၇ ခုနှစ်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ အစ္စလာမ်ဘာသာရေး ကျောင်းနှစ်ကျောင်းကို ပိတ်သိမ်းရန် ဗုဒ္ဓဘာသာ အစွန်းရောက်အမျိုးသားရေးဝါဒီများက ကြိုးပမ်းခဲ့မှုကို BHRN က မှတ်တမ်းတင်ခဲ့သည်။ မွတ်စလင်များ ထိုနေရာတွင် ဝတ်ပြုဆုတောင်းခြင်းကို ကန့်ကွက်ခဲ့ပြီးနောက် အာဏာပိုင်များက ကျောင်းများကို ပိတ်သိမ်းခဲ့သည်။ နောက်ပိုင်းတွင် မွတ်စလင်များသည် မိမိတို့၏ ဝတ်ပြုရာနေရာများသို့ ဝင်ရောက်ခွင့်မရသဖြင့် လမ်းပေါ်တွင် ဝတ်ပြုဆုတောင်းခဲ့ကြရာ အာဏာပိုင်များက ၎င်းတို့ကို တရားစွဲဆိုခဲ့ပြီး အမျိုးသား ၇ ဦးကို ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

■ မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေးကွန်ရက်များနှင့် စစ်တပ်အကြား ဆက်နွယ်မှုများ ဆက်လက်တည်ရှိ

၂၀၂၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် သုတေသနတစ်ရပ်တွင် ဗုဒ္ဓဘာသာအခြေခံဝါဒီအင်အားစုများသည် “စစ်တပ်နှင့် မကြာခဏ ပူးပေါင်းလှုပ်ရှားလေ့ရှိကြောင်း” တွေ့ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ဗုဒ္ဓဘာသာအခြေခံဝါဒီ အင်အားစုများအကြား “မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေး” ရှိနေကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းမှုသည် ယခင်က လူထုအကြားမှ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည့် ဗုဒ္ဓဘာသာ အမျိုးသားရေးကွန်ရက်များကို ပြန်လည်လှုပ်ရှားလာစေခဲ့ကြောင်းလည်း အဆိုပါသုတေသနက တွေ့ရှိထားသည်။

မျိုးချစ်ရဟန်းတော်များသမဂ္ဂတွင် ယခင် မဘသအဖွဲ့ဝင်များ ပါဝင်နေပြီး မဘသနှင့် ကာလရှည်ကြာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သုတေသီ ဦးညီညီကျော်က ဦးသုစိတ္တအား “မဘသ၏ အမာခံအဖွဲ့ဝင်ဟောင်းများနှင့် ၎င်းတို့၏ မဟာမိတ်များ”ထဲမှ တစ်ဦးအဖြစ် ဖော်ပြထားပြီး အာဏာသိမ်းပြီးနောက် ဆက်လက်လှုပ်ရှားနေသည့် အမျိုးသားရေးဝါဒီ သံဃာများသည် “စစ်တပ်နှင့် မဟာမိတ်ပြုထားခြင်း သို့မဟုတ် အနည်းဆုံးအားဖြင့် ပေါင်းဖက်တွေ့နေခြင်း” ဖြစ်ကြောင်း ဖော်ပြထားသည်။

မျိုးချစ်ရဟန်းတော်များသမဂ္ဂသည် စစ်အစိုးရကိုလည်း လူသိရှင်ကြား ထောက်ခံခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မျိုးချစ်ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)က ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တင်သွင်းထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု အစိုးရအဖွဲ့၏ ရပ်တည်ချက်ကို ထောက်ခံကြောင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ပယ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုလအတွင်း၌ပင် စစ်တပ်ထိန်းချုပ်သည့် မီဒီယာများက မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ သံဃာများသည် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့် ရန်ကုန်မြို့ရှိ ဆန္ဒဖော်ထုတ်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး မျိုးချစ်ရဟန်းတော်များသမဂ္ဂ အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

■ မွတ်စလင်လူထုအတွက် ဗလီများ ပြန်လည်တည်ဆောက်ခွင့် ဆက်လက်တားဆီးခံနေရ

မန္တလေးမြို့ရှိ မွတ်စလင်များသည် ၂၀၂၅ ခုနှစ် မတ်လတွင် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သော ဗလီများကို ပြန်လည်တည်ဆောက်ရန် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယင်းငလျင်သည် ရမသွာန် ဥပုသ်လအတွင်း မွတ်စလင်များ သောကြာနေ့ဝတ်ပြုဆုတောင်းနေချိန်တွင် ဖြစ်ပွားခဲ့ပြီး ဗလီအများအပြား ထိခိုက်ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည်။ ငလျင်လှုပ်ပြီးနောက် Reuters ၏ ဖော်ပြချက်အရ မြန်မာအာဏာပိုင်များသည် ဆယ်စုနှစ်များစွာအတွင်း မွတ်စလင်များအနေဖြင့် ဗလီများ ပြုပြင်ရန် သို့မဟုတ် ဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိရေးကို အခက်အခဲဖြစ်စေခဲ့ပြီး ယင်းအချက်အား ၂၀၁၇ ခုနှစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို ကိုးကား၍ ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ မန္တလေးမြောက်ပြင်မှာ ဒီမိဘဈေး ဗလီတစ်လုံးပဲ ရှိတာ၊ စစ်ဘေးရှောင်တွေနဲ့ မြို့ကကျယ်ပြန့်လာပြီး ဒီဘက်ရွှေ့လာကြသူတွေနဲ့ ဗလီလေးက ကျဉ်းတော့ ဝတ်ပြုမှု အခက်အခဲအများကြီးရှိနေတယ်၊ အခု ဘာသာရေး ပြဿနာရှာပြီး ချိတ်ပိတ်လိုက်တော့ အကုန်ကြောက်လန့်ကုန်တယ်၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်မှု ထမ်းပြဿနာ အခက်အခဲတွေနဲ့အပြင် အခု ဘာသာရေးမီးမွှေးလာတာ ပြည်သူတွေအတွက်တော့ တကယ့်ငရဲပဲ” ဟု ဒေသခံတစ်ဦးက BHRN သို့ ပြောသည်။

အဆိုပါ ငလျင်ကြောင့် မန္တလေးမြို့ရှိ ဗလီ ၆၅ လုံးအနက် ၅၀ ကျော်မှာ ပြိုကျခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန်လအထိ ဗလီများ ပြုပြင်ရန်နှင့် ပြန်လည်တည်ဆောက်ရန် တင်ပြထားသည့် လျှောက်လွှာများအနက် အများအပြားမှာ စစ်ကောင်စီ၏ ခွင့်ပြုချက် မရရှိသေးကြောင်း သတင်းများအရ သိရသည်။

■ မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုအပေါ် ခွဲခြားကန့်သတ်မှုများ ရပ်တန့်ရန် တောင်းဆို

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများသည် ဘာသာရေးဝတ်ပြုခွင့်နှင့် ဝတ်ပြုရာနေရာများကို ထိန်းသိမ်းခွင့်ကို ကာကွယ်ပေးထားသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR)၏ အပိုဒ် ၁၈ တွင် ဘာသာရေးသို့မဟုတ် ယုံကြည်ချက် လွတ်လပ်ခွင့်ကို ကာကွယ်ပေးထားသည်။ ၁၉၈၁ ခုနှစ် ကုလသမဂ္ဂ၏ ဘာသာရေး သို့မဟုတ် ယုံကြည်ချက်အပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုနှင့် သည်းမခံမှု ပုံစံအားလုံး ပပျောက်ရေး ကြေညာစာတမ်းတွင်လည်း ဘာသာရေးဝတ်ပြုခွင့်၊ စုဝေးခွင့်နှင့် ဝတ်ပြုရာနေရာများကို ထိန်းသိမ်းခွင့်တို့ကို ကာကွယ်ပေးထားသည်။ ထို့ကြောင့် မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုနှင့် ဗလီပြုပြင်ရေးအပေါ် စစ်ကောင်စီ၏ ခွဲခြားကန့်သတ်မှုများသည် အဆိုပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ဆန့်ကျင်နေသည်။

အစွန်းရောက်အမျိုးသားရေးဝါဒီ သံဃာများနှင့် မြန်မာစစ်ကောင်စီတို့က လူနည်းစုဘာသာရေးအုပ်စုများအပေါ် ကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားများဖြင့် စုံစမ်းစစ်ဆေးသင့်သည်။ ထိုစုံစမ်းစစ်ဆေးမှုများတွင် ဘာသာရေး သို့မဟုတ် ယုံကြည်ချက် လွတ်လပ်မှုဆိုင်ရာ ကျင့်သုံးခွင့်အပေါ် ကန့်သတ်ချက်များကိုလည်း ထည့်သွင်းစစ်ဆေးသင့်ပါသည်။

ထို့အပြင် စစ်တပ်နှင့် အရောတဝင်ရှိသည့် အမျိုးသားရေးဝါဒီသံဃာများက မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုနှင့် ဗလီဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန်လည်း BHRN က တောင်းဆိုသည်။

BHRN အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရများအား မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများနှင့် မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုအပေါ် ခွဲခြားကန့်သတ်မှုများကို လူသိရှင်ကြား ရှုတ်ချရန်နှင့် စစ်တပ်နှင့် ဆက်နွယ်သည့် အမျိုးသားရေးဝါဒီကွန်ရက်များနှင့် စစ်ကောင်စီအဖွဲ့အစည်းများ ပါဝင်ပတ်သက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန် တောင်းဆိုသည်။

“မွတ်စလင်တွေက ဗလီတစ်လုံးကို ပြုပြင်ဖို့ ဒါမှမဟုတ် ဝတ်ပြုဆုတောင်းဖို့ စု‌ဝေးရုံသက်သက်အတွက်နဲ့တော့ စစ်ကောင်စီနဲ့ အစွန်းရောက်ဘုန်းကြီးတွေကို တောင်းဆိုတိုက်ပွဲဝင်နေရတာမျိုး မဖြစ်သင့်ပါဘူး။ စစ်ကောင်စီအနေနဲ့ ဒီလိုဝတ်ပြုဆုတောင်းတဲ့နေရာတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့နဲ့ ဗလီပြုပြင်ရေးအပေါ် ကန့်သတ်ချက်တွေကို ရပ်တန့်ပြီး မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို လိုက်နာကျင့်သုံးနေတဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားတာကနေ ရပ်တန့်သင့်ပါတယ်” ဟု BHRN ၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ပြောသည်။

31/08/2026

အာဏာအတွက် တိုင်းပြည် ဆူပူအောင်ဖန်တီးနေတဲ့ စစ်တပ်နဲ့ မဘသ
---------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

စစ်အာဏာရှင်တွေဟာ အာဏာသိမ်းပြီးချိန်ကစလို့ “သူတို့ဟာ တိုင်းပြည်တည်ငြိမ်စေဖို့ ကယ်တင်လိုက်ရတာဖြစ်တယ်၊ အာဏာထိန်းလိုက်ရတာဖြစ်တယ်”ဆိုတဲ့ လှည့်စားမှုနဲ့အတူ အာဏာကို မသမာတဲ့နည်းနဲ့ရယူပြီး အလွဲသုံးစားလုပ်ခဲ့ကြပါတယ်။ ဒါကို ဝေဖန်ထောက်ပြမယ့် တက်ကြွလှုပ်ရှား နိုင်ငံရေးသမားတွေနဲ့ လူထုကို ပြန်ကြားပေးမယ့် သတင်းမီဒီယာသမားတွေအပါအဝင် အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးကို ရက်စက်တဲ့ နည်းလမ်း ပေါင်းစုံသုံးပြီး ဖမ်းဆီးနှိပ်စက် သ-တ် ဖြ -တ်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့ ပါတယ်။

ဒါ့အပြင် အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာမက်မောမှု၊ စည်းစိမ်ယစ်မူးမှုတွေကို ဖုံးဖိကာကွယ်နိုင်ဖို့နဲ့ သူတို့ရဲ့ ပြည်သူလူထုပေါ် ကျူးလွန်နေတဲ့ ဖိနှိပ်ညှင်းပန်း နှိပ်စက်သ-တ်ဖြ-တ်မှုကို အာရုံလွှဲဖို့အတွက် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ကာ လူမျိုးမတူ ဘာသာအယူကွဲပြားသူများအကြား သံသယဖြစ်မှု၊ မယုံကြည်မှု၊ မုန်းတီးမှု၊ ခွဲခြားမှုများအပြင် ရန်သူသဖွယ် ရှုမြင်လာအောင် စစ်အာဏာရှင်တို့ရဲ့ ခေတ်အဆက်ဆက်လက်ကိုင်တုတ်ဖြစ်တဲ့ အမျိုးသားရေးဝါဒီတွေ၊ မဘသ တွေနဲ့ အခုနောက်ဆုံး 9BFG လို အသင်းအဖွဲ့တွေကို ဖန်တီးတည်ထောင်ပြီး စနစ်တကျ သင်းခွဲသပ်လျှိုကာ လှုံ့ဆော်ရန်တိုက်ပေးခဲ့ ပေးနေဆဲဖြစ်ပါတယ်။

ဒီလို လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းရောက်သွားအောင် သပ်လျှိုသင်းခွဲ လှုံ့ဆော်ဖန်တီးခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့တရားစီရင်ရေးစနစ်ဖြစ်တဲ့ ICJ လို တရားရုံးမျိုးမှာပါ လူမျိုးတုံး သ-တ် ဖြ-တ်မှုနဲ့ တရားရင်ဆိုင်ရတဲ့အထိ ကမ္ဘာကျော်အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။ ဒီ့ထက် ပိုဆိုးတဲ့အချက်က အာဏာရှင်သဘောက်သား အမျိုးသားရေးအစွန်းရောက်သူတွေဟာ စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို လှီးလွှဲဖုံးကွယ်ပြီး ICJ မှာ တရားစွဲခဲ့တဲ့သူတွေကိုပင် ပြန်လည် ပစ်မှတ်ထားကာ လူမျိုးရေး ဘာသာရေးခွဲခြားမှု ရှုတ်ချစော်ကားမှုတွေကို ဆက်လက်ကျူးလွန်လာခဲ့ကြပါတယ်။

ယနေ့ အကြမ်းဖက်စစ်ခေါင်းဆောင် မလအ လက်ထက်မှာလည်း သူ့ရှေ့က နောင်တော့်နောင်တော်ကြီးများ အသုံးပြုခဲ့ကြတဲ့ လမ်းဟောင်းကြီးအတိုင်း ဆက်လက်စွဲကိုင်ကာ လူမျိုး ဘာသာ မတူကွဲပြားသူများအပေါ် ဖိနှိပ်အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်လာခဲ့ပါတယ်။
အာဏာရှင်တို့ အကြိမ်ကြိမ် ကြိုးစားဖန်တီးပေမယ့် သူတို့ကြံရွယ်ထားတဲ့အတိုင်း စီစဉ်ထားတဲ့ အကွက်ထဲမဝင်နိုင်အောင် ပြည်သူလူထုက အသိသတိဖြင့် ကာကွယ်နေကြတာကိုလည်း အားရစရာ တွေ့ရပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင် အာဏာသက်ဆိုးမရှည်စေရေးအတွက် ယဉ်ကျေးသော လူအဖွဲ့အစည်း၊ လူသားဆန်ပြီး ကူညီရိုင်းပင်းသော၊ လူပီသသော စိတ်နေသဘောထားများ ပြန်လည်ပေါ်ထွန်းလာနိုင်ဖို့ရာ အရေးပေါ် လိုအပ်လျက်ရှိပါတယ်။

အဆိုပါ နည်းနာများကို ဘာသာကြီးလေးခုမှ ဆရာတော် သံဃာတော်များ တတ်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ ဘယ်သို့ဘယ်ပုံ အကောင်အထည်ဖေါ် ဆောင်ရွက်ရမလဲဆိုတာ ဒီတစ်လ BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးအဖြေရှာသွားကြမှာပဲ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -

· ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
· သိက္ခာတော်ရ ဆရာ သရာပေသရု
· မောင်လာနာကာရီ ဦးစိုးနေဦး (BHRN)
· မနန္ဒာ (မြန်မာဟိန္ဒူ ယူနီယံ)
တို့ဖြစ်ပြီး

Moderator အဖြစ်
· ဆရာတော် အရှင်တေဇာနန္ဒ (တန့်ဆည်)
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်(တနင်္လာနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။

အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

30/08/2026

အာဏာအတွက် တိုင်းပြည် ဆူပူအောင်ဖန်တီးနေတဲ့ စစ်တပ်နဲ့ မဘသ
-----------------------------------------------------------------

11/08/2026

စစ်အုပ်စု ပြန်အသက်သွင်းလာတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ
--------------------------------------------------
( ်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ စကားဝိုင်း video file ဖြစ်ပါတယ်)

စစ်အာဏာရှင်အဆက်ဆက်ဟာ တိုင်းပြည်နှင့်လူမျိုးကို ထိန်းသိမ်းသူ၊ ကာကွယ်စောင့်ရှောက်သူလို့ ပုံဖော်ကာ မှိုင်းတိုက်ပြီး အမျိုးသားရေးအမည်ခံ အစွန်းရောက်ဝါဒကို ပြည်သူလူထုကြားထဲ ဝါဒဖြန့်ချိခဲ့ကြပါတယ်။

စာပေအနေနဲ့ "အမျိုးပျောက်မှာစိုးကြောက်စရာ"၊ "အမျိုးမပျောက်အောင်ကာကွယ်ရမည့်နည်းလမ်းများ"၊ "ကိုယ်တော့်ကရုဏာ"၊ "မြန်မာတွေကျားဖြစ်ဖို့လိုပြီ" စတဲ့ အမုန်းတရားမှိုင်းတိုက်စာတွေအပြင် အတုမရှိ၊ သာကီသွေး၊ ဘူးလတ်ဂျာနယ် စတဲ့ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်စာစောင်တွေ ထုတ်ဝေဖြန့်ချိပြီး အခမဲ့ဝေငှခြင်း၊ စစ်အုပ်စုလက်ဝေခံမီဒီယာများထောက်ပံ့ကာ တည်ထောင်ပေးထားခြင်း၊ မဘသ အပါအဝင်အမျိုးသားရေးအမည်ခံ အသင်းအဖွဲ့များ
ဖွဲ့စည်းပေးပြီး ထိုအသင်းအဖွဲ့များမှတဆင့် ဝါဒဖြန့်လှုပ်ရှားမှုများအပြင် ဇီးပင်ကြီး၊ ဖောင်ကြီးသင်တန်းတို့လို ဝန်ထမ်းမွမ်းမံသင်တန်းတွေသာမက ကျောင်းပညာရေးအထိပါ ထိထိရောက်ရောက်ဝါဒဖြန့် မှိုင်းတိုက်ခဲ့ကြပါတယ်။

အခုအခါမှာ ရွေးတုအစိုးရရဲ့ လွှတ်တော်အတွင်းမှာလည်း အစွန်းရောက်များကို အယောက် ၃၀ ခန့် နေရာပေးထားတဲ့အပြင် Social media အသီးသီးမှာလည်း စစ်အုပ်စု ဝါဒဖြန့်ပေးနေတဲ့ အစုအဖွဲများ၊ တစ်သီးပုဂ္ဂလ ဝါဒဖြန့်ပေးနေသူများကိုပါ နေရာ‌ပေး အသုံးပြုလာခဲ့ကြတာတွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။

ဒါ့ကြောင့် ဒီတစ်ပတ် BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်များ၊ လူငယ်များနှင့် ဥပဒေရှု့ထောင့်များကိုပါ တင်ပြသွားဖို့ ရည်သန်ပြီး "စစ်အုပ်စု ပြန်လည်အသက်သွင်းတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ" ဆိုတဲ့ခေါင်းစဉ်အောက်ကနေ စစ်အုပ်စုဘယ်လိုလှုပ်ရှားပြီး ဘယ်လိုကောက်ကျစ်စဉ်းလဲဖို့ ကြံနေသလဲဆိုတာနဲ့ အဲ့ဒီလို အမုန်းတရား သတင်းအမှားတွေနဲ့ အစွန်းရောက်နေမှုတွေကို ဘယ်လိုကာကွယ်ထိန်းသိမ်းမလဲ၊ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -

· ဆရာတော် အရှင်တေဇာနန္ဒ (တန့်ဆည်)
· မောင်လာနာကာရီစိုးနေဦး (BHRN)
· ဒေါ်သဉ္ဇာမြ (မြို့နယ်တရားသူကြီး - CDM)
· ကိုသီဟ
တို့ဖြစ်ပြီး
Moderator အဖြစ်
- ကိုဟယ်ရီ
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်(သောကြာနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN

Want your organisation to be the top-listed Non Profit Organisation in London?
Click here to claim your Sponsored Listing.

Address

Forest Road
London
E17

Alerts

Be the first to know and let us send you an email when Burma Human Rights Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in London.