Azalea Stars
အခက်အခဲ၊ဝန်ထုပ်ဝန်ပိုးကိုနှစ်သက်ပြီးအသစ်သောအရာကိုစိန်ခေါ်ပါ။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ… ကျွန်တော်တို့ Azalea Stars အဖွဲ့သားတွေအားလုံး ရင်ထဲမှာ အရမ်းကို ဝမ်းသာပီတိဖြစ်ရတဲ့ သတင်းကောင်းလေးတစ်ခုနဲ့အတူ အားလုံးကို ဂါရဝပြု ကျေးဇူးတင်စကား ပြောပါရစေ။
ဇူလိုင်လ (၁၀) ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂျွန်းဂျူမြို့မှာ ကျင်းပခဲ့တဲ့ "ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်" မှာ ကျွန်တော်တို့အဖွဲ့က မြန်မာ့အကအလှကို အခြေခံထားတဲ့ "မင်္ဂလာပါ" ဆိုတဲ့ အကနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲဝင်အဖွဲ့တွေအများကြီးထဲကမှ ကျွန်တော်တို့ Azalea Stars က အမြင့်ဆုံးဆုကြီးဖြစ်တဲ့ Grand Prize (ပထမဆုကြီး) ကို ဆွတ်ခူးရရှိခဲ့ပါတယ်ခင်ဗျာ။ 🎉
ဒီအောင်မြင်မှုဟာ ကျွန်တော်တို့အဖွဲ့သားတွေရဲ့ ကြိုးစားမှုတင်မကဘဲ နောက်ကွယ်ကနေ အစစအရာရာ မေတ္တာရှေ့ထားပြီး ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဆရာကြီးတွေ၊ လုပ်ငန်းရှင်များစွာကိုလည်း ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားတွေကို ဒီ post လေးကနေတစ်ဆင့် ပြောပါရစေ။
မြန်မာ့ယဉ်ကျေးမှု အနုပညာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ဂုဏ်ယူဝင့်ကြွားစွာ ချပြခွင့်ရခဲ့ပြီး Grand Prize ဆုကြီးကို မိဘပြည်သူအားလုံးအတွက် သယ်ဆောင်လာနိုင်ခဲ့ပြီဖြစ်လို့ အရမ်းပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကူညီပံ့ပိုးပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Azalea Stars အဖွဲ့သားတွေအားလုံးက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထပ်မံ ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ။ 🙏✨
Lustre Nan Myaing ဥက္ကဌ ဦးလှိုင်ဝဏ္ဏ
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) ဥက္ကဌ ဦးရဲမင်းအောင်
Vivo Group Managing Director ဦးရဲသူအောင်
EFD နှင့် FDB Bank ၏ Chairman ဦးစိုင်းမျိုးဝင်း
MTB Bank CEO ဦးဝင်းလွင်
✨ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုခဲ့သော အခိုက်အတန့် 🇲🇲🌸
"2026 Korea World Cultural Dance" ပြိုင်ပွဲတွင် Grand Prize ဆုကြီးကို ဆွတ်ခူးကာ မြန်မာနိုင်ငံ၏ ဂုဏ်ကို နိုင်ငံတကာစင်မြင့်ထက်၌ မြှင့်တင်ပေးခဲ့သော Azalea Stars Dance Team အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နွေးထွေးစွာ၊ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
ပန်းစည်းများ၊ အပြုံးများ၊ လက်ခုပ်သံများနှင့် ဂုဏ်ပြုအားပေးမှုများကြားတွင် ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ အချိန်လေးက အောင်မြင်မှုတစ်ခုကို ကြိုဆိုရုံသာမက၊ အားထုတ်မှု၊ ဇွဲလုံ့လနှင့် အိပ်မက်များ အကောင်အထည်ပေါ်လာခဲ့တဲ့ အောင်ပွဲအခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
Azalea Stars ရဲ့ အောင်မြင်မှုဟာ အဖွဲ့ဝင်တိုင်းရဲ့ ကြိုးစားအားထုတ်မှု၊ နည်းပြဆရာ၊ ဆရာမများ၏ လမ်းညွှန်မှု၊ မိဘများနှင့် အားပေးဝန်းရံသူအားလုံး၏ မေတ္တာတို့ စုပေါင်းဖန်တီးခဲ့သော ဂုဏ်ယူဖွယ်ရလဒ်တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
✨ လူပေါင်း ၄၀.၀၀၀ ကျော်ရဲ့ ရှေ့မှောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖျော်ဖြေတင်ဆက်ခွင့် ရရှိခဲ့တဲ့ အခိုက်အတန့်✨️
နိုင်ငံတကာ ပညာရေးနှင့် စီးပွားရေးနယ်ပယ်မှ ရာထူးကြီးပုဂ္ဂိုလ်များ၊ VIP ဧည့်သည်တော်များရဲ့ ရှေ့မှာ မြန်မာနိုင်ငံကိုယ်စားပြု Azalea Stars အနေဖြင့် စင်မြင့်ထက်မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ခဲ့တာက အဖွဲ့အတွက် တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။ ✨
စင်မြင့်ပေါ်က မိနစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ မြန်မာ့ယဉ်ကျေးမှုရဲ့ အလှတရားကို နှလုံးသားအပြည့်နဲ့ တင်ဆက်ခဲ့ပါတယ်။
ဒီအတွေ့အကြုံဟာ Azalea Stars အတွက် ဂုဏ်ယူစရာ အမှတ်တရတစ်ခုသာမက နောက်ထပ် ပိုကောင်းတဲ့စင်မြင့်တွေဆီ ရှေ့ဆက်လျှောက်လှမ်းဖို့ အားအင်တစ်ခုလည်း ဖြစ်ပါတယ်။ 🤍🇲🇲
🏆 အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ... ✨
"2026 Korea World Cultural Dance" အကပြိုင်ပွဲကြီးမှာ Azalea Stars ရရှိခဲ့တဲ့ Grand Prize 🏆 ဆုကြီးဟာ စင်ပေါ်က မိနစ်အနည်းငယ်အတွင်း ဖန်တီးခဲ့တဲ့ အောင်မြင်မှုမျိုး မဟုတ်ခဲ့ပါဘူးခင်ဗျာ။
Azalea Stars ရဲ့ ပြိုင်ပွဲဝင်ဖျော်ဖြေမှုကို အသက်ဝင်စေခဲ့တဲ့ "Mingalar Par" သီချင်းဟာဆိုရင် Jindallae Choir မှ စိတ်နှလုံးအပြည့်နဲ့ သီဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ Jindallae Choir အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အချိန်ပေးမှု၊ အားထုတ်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေက ကျွန်တော်တို့ရဲ့ ဖျော်ဖြေမှုကို ပိုမိုပြည့်စုံစေခဲ့ပါတယ်။ 🤍🎶
အကပြိုင်ပွဲအတွက် လှပတဲ့တေးသံနဲ့ ပါဝင်အားဖြည့်ပေးခဲ့တဲ့ Jindallae Choir ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဒီဆုဟာ Azalea Stars တစ်ဖွဲ့တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ၊ နောက်ကွယ်ကနေ ပါဝင်ကူညီပေးခဲ့သူတိုင်း၊ အမြဲအားပေးပြီး ဆုတောင်းပေးခဲ့သူတိုင်းနဲ့အတူ မျှဝေပိုင်ဆိုင်တဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ဒီထက်ပိုကောင်းတဲ့ ဖျော်ဖြေမှုတွေနဲ့ ထပ်မံတွေ့ဆုံနိုင်အောင် Azalea Stars က ဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ။ 🇲🇲❤️
Mingalar Par (မင်္ဂလာပါ)
Lyrics: Kaung Kaung (Azalea Stars)
Music Arrangement: Gege (Jindallae)
Produced by: Azalea Stars
Myanmar Traditional Instrument Performance: Hlwan Moe Aung
Award: Grand Prize (2026 World Cultural Dance Festival)
Performed by: Jindallae Choir
2026 World Cultural Dance Festival ဗီဒီယို အပြည့်အစုံ ဖိုင်လေးပါ
ပြိုင် ပွဲ ဝင် ရောက် ယှဥ် ပြိုင် မည့် ပြိုင် ပွဲ ဝင် လူငယ် မောင်မယ် များ ကို
စိတ် ခွန် အား ချီး မြှင့် ပေး ပါသော မြန်မာနိုင်ငံ သဘင်အစည်း အရုံး ဗဟို နာ ယက ကြီး ရွှေ မန်း ဦး ချမ်း သာ/ဥဣဌ ဦး ဖိုး ချစ်
/မြန်မာ့ ရိုး ရာ ယဥ် ကျေး မူ့ ဆိုင် ရာ မြန်မာ အက /ရုပ် သေး ကြိုး ဆွဲ ကပြ ခြင်း များ ကို သင် ကြား ပေး ပါသော အက ဆရာ မ ဒေါ် အေး အေး မော်(မြန်မာ နိုင်ငံ သဘင်အစည်း အရုံး ဗဟို)
ရုပ်သေး ကြိုး ဆွဲ ဆရာ မ ဒေါ် ချို ချို ဆန်း နှင့် ပြိုင်ပွဲ ဝင် ဝတ်စုံ များ မေတ္တာ ဖြင့် စီစဥ် ပေး ခဲ့ ပါ သော (ရွှေ မင်း သမီး Art group)/ မြန်မာ့ ရုပ်သေး များ ကို အချိန် တို အတွင်း စီစဥ် ပေး ခဲ့ ကြ ပါ သော ရုပ်သေး ပညာ ရှင် ကြီး (ဦး စိန်ထွန်းကြည်)မိသား စု များ
မြန်မာအခြေခံ ကကွက်များ သင်ကြားပေးသော (အနုပညာအထက်တန်းကျောင်း)ရန်ကုန်
ပထမပိုင်းတွင် ကပြသော"ခေတ်သစ်မဏိစန္ဒာ " သီချင်း၏ အစိတ်အပိုင်းအချို့ကို ကျွန်ုပ်တို့၏ Dance Performance တွင် အသုံးပြုခွင့် ရရှိရန် ခွင့်ပြုပေးသော
သီဆိုသူ - ခင်ရတနာစိုး
သီချင်းရေးသူ/တေးဆိုသူ - ဘုန်းကြိုင်
Music Director - ထက်အာကာ
Executive producer - နီနီခင်ဇော်
Music Production - လောကပါလ
Mingalar Par (မင်္ဂလာပါ)
Lyrics: Saw Kaung Htet Tin Win
Music Arrangement: Gege
Produced by: Azalea Stars
Myanmar Traditional Instrument Performance: Hlwan Moe Aung
Vocals: Jindallae Choir
Original musical concepts were developed with the assistance of Suno AI (Pro Subscription). This version has been arranged, adapted, partially recomposed, orchestrated with Myanmar traditional instruments, and newly recorded by the credited creators and performers.
© 2026 Azalea Stars. All Rights Reserved.
11/07/2026
ပြိုင်ပွဲ ပုံရိပ်များ
10/07/2026
အားလုံးပဲ မင်္ဂလာပါခင်ဗျာ… ဒီနေ့တော့ ကျွန်တော်တို့ Azalea Stars အဖွဲ့သားတွေအားလုံး ရင်ထဲမှာ အရမ်းကို ဝမ်းသာပီတိဖြစ်ရတဲ့ သတင်းကောင်းလေးတစ်ခုနဲ့အတူ အားလုံးကို ဂါရဝပြု ကျေးဇူးတင်စကား ပြောပါရစေ။
ဒီနေ့ ဇူလိုင်လ (၁၀) ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂျွန်းဂျူမြို့မှာ ကျင်းပခဲ့တဲ့ "ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်" မှာ ကျွန်တော်တို့အဖွဲ့က မြန်မာ့အကအလှကို အခြေခံထားတဲ့ "မင်္ဂလာပါ" ဆိုတဲ့ အကနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲဝင်အဖွဲ့တွေအများကြီးထဲကမှ ကျွန်တော်တို့ Azalea Stars က အမြင့်ဆုံးဆုကြီးဖြစ်တဲ့ Grand Prize (ပထမဆုကြီး) ကို ဆွတ်ခူးရရှိခဲ့ပါတယ်ခင်ဗျာ။ 🎉
ဒီအောင်မြင်မှုဟာ ကျွန်တော်တို့အဖွဲ့သားတွေရဲ့ ကြိုးစားမှုတင်မကဘဲ နောက်ကွယ်ကနေ အစစအရာရာ မေတ္တာရှေ့ထားပြီး ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဆရာကြီးတွေ၊ ပညာရှင်တွေနဲ့ အနုပညာရှင်တွေအားလုံးကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားတွေကို ဒီ post လေးကနေတစ်ဆင့် ပြောပါရစေ။
🌟 ခွန်အားတွေပေးပြီး လမ်းညွှန်ပေးခဲ့ကြတဲ့ ဆရာသမားများ
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို): ပြိုင်ပွဲဝင်မယ့် ကျွန်တော်တို့ လူငယ်မောင်မယ်တွေကို စိတ်ခွန်အားတွေအပြည့် ချီးမြှင့်ပေးခဲ့ကြတဲ့ ဗဟိုနာယကကြီး ရွှေမန်းဦးချမ်းသာ နဲ့ ဥက္ကဋ္ဌကြီး ဦးဖိုးချစ်တို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ
ရိုးရာအကနဲ့ ရုပ်သေးပညာရပ်: မြန်မာ့ရိုးရာအက ကကွက်တွေနဲ့ ရုပ်သေးကြိုးဆွဲ ကပြခြင်းပညာရပ်တွေကို စိတ်ရှည်လက်ရှည် သေသေချာချာ သင်ကြားပြသပေးခဲ့တဲ့ အကဆရာမ ဒေါ်အေးအေးမော် (မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟို) နဲ့ ရုပ်သေးကြိုးဆွဲဆရာမ ဒေါ်ချိုချိုဆန်း တို့ကိုလည်း ရိုသေစွာ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
အခြေခံကကွက်များ: မြန်မာ့အကရဲ့ အခြေခံ ကကွက်တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ (အနုပညာအထက်တန်းကျောင်း) ရန်ကုန် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
🎨 ဝတ်စုံနဲ့ ရုပ်သေးရုပ်တွေ စီစဉ်ပေးခဲ့ကြသူများ
ပြိုင်ပွဲဝင်ဝတ်စုံများ: စင်ပေါ်မှာ ရှုချင်စဖွယ် အလှဆုံးဖြစ်နေအောင် ပြိုင်ပွဲဝင်ဝတ်စုံတွေကို မေတ္တာနဲ့ အစစအရာရာ စီစဉ်ပေးခဲ့တဲ့ (ရွှေမင်းသမီး Art Group) ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
မြန်မာ့ရုပ်သေးရုပ်များ: အချိန်တိုတိုလေးအတွင်းမှာ အကောင်းဆုံးဖြစ်အောင် အမိအရ စီစဉ်ပေးခဲ့ကြတဲ့ ရုပ်သေးပညာရှင်ကြီး (ဦးစိန်ထွန်းကြည်) မိသားစုများ ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
🎵 တေးဂီတဖန်တီးမှုနဲ့ အနုပညာရှင်များ
ဖျော်ဖြေမှုရဲ့ ပထမပိုင်းမှာ ကပြခဲ့တဲ့ "ခေတ်သစ်မဏိစန္ဒာ" သီချင်းရဲ့ အစိတ်အပိုင်းအချို့ကို ကျွန်တော်တို့ရဲ့ Dance Performance မှာ အသုံးပြုခွင့်ပေးခဲ့ကြတဲ့ ဖန်တီးရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါရစေ။
သီဆိုသူ - ခင်ရတနာစိုး
သီချင်းရေးသူ/တေးဆိုသူ - ဘုန်းကြိုင်
Music Director - ထက်အာကာ
Executive Producer - နီနီခင်ဇော်
Music Production - လောကပါလ
Mingalar Par (မင်္ဂလာပါ)
Lyrics: Saw Kaung Htet Tin Win
Music Arrangement: Gege
Produced by: Azalea Stars
Myanmar Traditional Instrument Performance: Hlwan Moe Aung
Vocals: Jindallae Choir
(Original musical concepts were developed with the assistance of Suno AI (Pro Subscription). This version has been arranged, adapted, partially recomposed, orchestrated with Myanmar traditional instruments, and newly recorded by the credited creators and performers.)
@2026 Azalea Stars.
All Rights Reserved.
မြန်မာ့ယဉ်ကျေးမှု အနုပညာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ဂုဏ်ယူဝင့်ကြွားစွာ ချပြခွင့်ရခဲ့ပြီး Grand Prize ဆုကြီးကို မိဘပြည်သူအားလုံးအတွက် သယ်ဆောင်လာနိုင်ခဲ့ပြီဖြစ်လို့ အရမ်းပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကူညီပံ့ပိုးပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Azalea Stars အဖွဲ့သားတွေအားလုံးက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထပ်မံ ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ။ 🙏✨
10/07/2026
Azalea Stars
Grand Prize Winner
🇰🇷 From Myanmar to Korea — Azalea Stars' Journey Begins! ✈️✨
2026 Korea World Cultural Dance Competition ⭐️
Azalea Stars လူငယ်အကအဖွဲ့ဝင်များသည် "2026 Korea World Cultural Dance Festival" တွင် Myanmar Azalea Stars Dance Team အဖြစ် စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ရာတွင် Grand Prize 🏆 ကို ထိုက်ထိုက်တန်တန် ဆွတ်ခူး သွားပါပြီ 🇲🇲❤️🇰🇷
ဒီခရီးစဉ်အတွက် အစစအရာရာ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော မိသားစုဝင်များ၊ ဆရာ/ဆရာမများ၊ မိတ်ဆွေညီအစ်ကိုမောင်နှမများနှင့် အားပေးချစ်ခင်ကြသူများ အားလုံးကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙇🏻❤️
မြန်မာနိုင်ငံအတွက် အကောင်းဆုံး 🏆 GRAND PRIZE 🏆 ဆုကြီးကို ရယူနိုင်ခဲ့ကာ ဂုဏ်ယူဖွယ် ပြန်လည်ရောက်ရှိလာနိုင်ဖို့ မိတ်ဆွေညီကိုမောင်နှမများအားလုံး သတိရဆုတောင်းပေးကြပါဦးခင်ဗျာ🙏🏻✨️
Azalea Stars, fighting! 💪✨
# Grand Prize Winner 🏆
20.3.2026 ခုနှစ် ၊ ရုံးပေါင်းစုံလမ်း၊ တပ်ကြီးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်တွင် ပြုလုပ်ခဲ့သော IYF Cleaning Campaign တွင် အဆာပြေအားဖြင့် ပံ့ပိုးပါဝင်ကူညီပေးခဲ့သော ပေါင်မုန့်အား Azalea Stars Dance Team မှလည်းအထူးပင်ကျေးဇူးတင်ပါတယ်ရှင်~~🙏🏼🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Ranchi