Real Time
Digital Film / Video Post Production
Technical Solution Provider
Desktop PC and Workstation
30/08/2024
Workstation နှင့် Gaming ဘာကွာလဲ ?
ပုံကြည့်ပြီးတောင် သဘော ေပါက်နေလောက်ပါပြီ
27/06/2024
Ryzen 9 9000 Series ကတော့ Information leak ထွက်ရှိလာပါတယ်
Ryzen 9 7000 ထပ် 45% ပိုမြန်ပြိး Game Performance နှင့်ပက်သက်တဲ့ အချက်အလက်များတော့ မသိရသေးပါဘူး
27/06/2024
AMD’s new gaming CPU is 45% faster
The AMD Ryzen 9 9950X beats the Ryzen 9 7950X by a long way in a leaked benchmark, though there's no indication of gaming performance yet.
22/04/2024
Time and Space Editing Method
အားလုံးပဲ မဂ်လာပါ
ဒီနေ့ Sharing လုပ်မယ့်အကြောင်းရာကတော့
ရုပ်ရှင်တည်းဖြတ်ရာမှာ အသုံးအပြု နိုင်မယ့်
စနစ်တေွ Principle တေွထဲက တစ်ခုဖြစ်တဲ့
Time and Space Editing Style အကြောင်းပြာပါမယ်
Film ရုပ်ရှင် ဒါမှမဟုတ် Video တွေကို
Editing ပြုလုပ်မယ်ဆိုရင်
Technic and Style တွေများစွာရှိပါတယ်
Film and Video Editor တယောက်အတွက်
Software အသုံးပြုရုံမဟုတ်ပဲ
Technic and Style တေွကို
Theory and Principle ဖြင့်သော်လည်းကောင်း
လက်တေွ့ ကျမှု နှင့်ကျွမ်းကျင်မှု Pratical Experience
ေသာ်လည်းကောင်း ေလ့လာသိရှိနေဖို့လိုအပ်ပါတယ်
ဒီများစွာသော Techinic တေွထဲကမှ
ဒီနေ့ အတွက်တော့
ကျွမ်းကျင်သော တည်းဖြတ်သူတယောက်အနေနဲ့
အချိန်ရဲ့ အလှည့် အပြောင်းတွေ
နေရာဒေသရဲ့ အလှည့် အပြောင်းတွေကို
လိုရင် လိုသလို မလိုရင် မလိုသလို
စိတ်ကြိုက်ဖန်တီးတည်ဆောက်နိုင်တာဟာ
တည်းဖြတ်သူရဲ့ ဖန်တီးအမွှန်းတင်နိုင်မှုတွေပါပဲ
တချိန်ထဲ တနေရာထဲမှာ ရိုက်ကူးထားသေ်ာလဲ
အချိန်တူပြီး နေရာမတူဘူး ဆိုတဲ့ ခံစားချက်မျိုး
အရသာမျိုးကို ရုပ်ရှင်ကြည့်
ပရိတ်သတ်ထင်သာမြင်သာရှိစေရင်
Time and Space Montage Editing Method
များကို နားလည်သိရှိပြီး အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်
Time and Space Editing
- Parallel Cut
- Cross Cut
- Jump Cut
( Jump Speed , Jump Move )
- Dissolve Transition ( Cross Dissolve )
- Time-Laps
ဒါတေွကတော့ အချိန်အပိုင်းအခြားတေွအတွက်
အဓိက အသုံးပြုရတဲ့
Time Montage Editing Style
တေွဖြစ်ပါတယ်
အကြမ်းအားဖြင့် အခန်းစဥ်နှစ်ခု
အကြောင်းအရာနှစ်ခု
ဖြစ်ပျက်ပုံနှစ်ခုဟာ
တစ်ချိန်ထဲ တပြိုင်ထဲဖြစ်ပေါ်နေတယ်ဆိုရင်
ပြန်လည်ချိတ်ဆက်နိုင်တယ်ဆိုရင်
Parallel Cutting ယှဥ်ပြိုင်တညး်ဖြတ်ခြင်းစနစ်ကို
အသုံးပြုနိုင်ပါတယ်။
Scene နှစ်ခုကို ပထမအခန်းကို အနည်းငယ်ပြ
ဒုတိယ အခန်းကို အနည်းငယ်ပြ
တချိန်ထဲဖြစ်ပျက်နေတာကို နေရာမတူပဲပြတာမျိုးကို
Cross Cut လုိ့ ခေါ်ပါတယ်
Cross Cut နဲ ့Parallel Cut တေွရှင်းပြရတာနည်းနည်းခက်ပါတယ်
နည်းနည်းရှ ုပ်တဲ့ သ ဘောလဲရှိတယ်
ရှုပ်ရှုပ်နဲ ့ပဲ ရှင်းရမှာပဲ
တချို ့ဟာတေွက ကိုယ်တိုင်လုပ်ကြည့်ပြီးမှ
သဘောပေါက်တာမျိုးရှိတယ်
ဥပမာ Parallel Cutting က MV တေွမှာ ပိုသုံးလို့ ကောင်းတယ်
ရုပ်ရှင်တေွမှာလဲ သုံးတယ်ေနာ်
အလွယ်ေပြာရရင် Parallel တေွက Scene and Scene ခွသုံးတယ်
Cross Cutting ကျတော့ Sequence တစ်ခုမှာ
Plots ြဖစ်ရပ်တေွ ဖြစ်စဥ်တေွကို
နှစ်မျိုး သုံးမျိုး လေးမျိုး ခုတ်ဖြတ် လိုက်တာမျိုး
Sequence တစ်ခုကို တောက်ေလျှာက်မပြပဲ
ခပ်သွက်သွက်တည်းဖြတ်တဲ့ ရသတခုပါ
( Scene နဲ ့Sequence ကွဲပြားအောင်ေလ့လာပါ )
Cross Cutting ကိုေလ့လာမယ်ဆိုရင်
ဒီဇတ်ကားေတွက အကောင်းဆုံးပဲ
1. Inception
2. Interstellar
3. Dunkirk
တကားလုံးနီးပါ Cross Cut တေွ ေတွ ့ရမယ်
Jump Cut ကတော့ အချိန်ကို ချုံ ့တဲ့ Technic ဖြစ်ပါတယ်
အချိန်ကြာနေတယ်ဆိုတာမျိုးကို ခပ်တိုတိုပြတာပါ
အချိန်ကြာကြာရိုက်ထားတဲ့ Sence တခုကို
ကြားထဲမှာ ကဒ်သေးသေးလေးတေွလှီးထည့်ပြီးပြတာပါ
Footage Time Line ကိုက ရှည်နေတာမျိုးပါ
ပရိတ်သပ်ကတော့ ခပ်တိုတိုပဲ မြင်ရတာပေါ့
ဒါပေမယ့် အကြာကြီးဆိုတဲ့ ခံစားချက်မျိုးကိုရစေတယ်
ဥပမာ ကိုယ့်အိမ်ကို လာမယ့် အရေးကြီး ဧည့်သည်ကို
စောင့်နေတယ် ဆိုတဲ့ အခန်းမှာ
သူက မလာသေးလို့ အခန်းထဲမှာ တနေကုန်
ဆိုဖာပေါ်မှာ လှဲလိုက် ထိုင်ခုံပေါ်မှာ ထိုင်လိုက်
တီဗီထိုင်ကြည့်လိုက် အိပ်ေပျာ်နေလိုက်
တခုခြင်းစီ ကဒ်တေွက Jump ခုံသွားတာမျိုး
အဲ့မှာ တခုမှားတတ်တာက အချိန်အကြာကြီးမဟုတ်ပဲ
ခဏလေးကို Jump Cut နဲ ့ပြရင် ကြည့်ရ အရမ်းဆိုးတယ်
မလေ့လာပဲ သူများလုပ်တာလုိက်လုပ်တာမျိုးလေ
Jump Cut ရဲ ့အရသာက အချိန်အကြာကြီးကို ချုံ ့ရတာမျိုး
၁ မိနစ်စာ စောင့်ရတာမျိုးကို မသုံးဘူး
Jump မဖြစ်ပဲ Junk ဖြစ်သွားတတ်တယ်
ပရိတ်သတ်ကို လေးတိလေးတွဲ
ခံစားရစေချင်တယ်ဆိုရင်တော့ Dissolve Cut ကိုသုံးရပါမယ်
Dissolve ကို အမေရိကန် အခေါ်အ ေ၀ါ် လို့လဲ ပေြာကြတယ်
England လိုဆိုရင်တော့ MIX လို့ သုံးကြတယ်
အရုပ်ရောနေှာြခင်း အသံရောနေှာခြင်းပေါ့
ပထမတကဒ်က မှိန်သွားပြီးဒုတိယတကဒ်ပေါ်လာတာမျိုး
အချိန်ကြာမြင့်တာကိုပြချင်ရင်သုံးတယ်
စိတ်ကူးယဥ်တာမျိုးတေွမှာသုံးတယ်
MV တေွမှာဆိုရင်လဲ Transition အနေနဲ ့သုံးတယ်
Dissolve Montage လို့လဲ ခေါ်ကြတယ်
Climax တေွမှာ Editing Tempo အတွက် Dissolve ကို
အခုချိန်ထိ Hollywood ဇတ်ကားတေွမှာ သုံးနေတုန်းပါ
Cross Cutting နဲ ့လဲ တွဲဖက်အသုံးပြုလေ့ရှိကြတယ်
တချိန်ထဲမှာ နေရာမတူပဲ
အကြာကြီးဖြတ်သန်းသွားလာနေကြတဲ့ လူနှစ်စု
အကြောင်းကိုပြချင်ရင် Cross Dissolve နဲ ့သုံးလေ့ရှိတယ်
တဖွဲ ့က ေြမပြင်မှာ လမ်းအကြာကြီးေလျှာက်နေတယ်
တဖွဲ ့က ေရခဲတောင်ပေါ် အကြာကြီးတတ်နေတယ်
ဒီနှစ်ဖွဲ ့ကို ပြချင်ရင် တစ်ချိန်ထဲမှာ မတူတဲ နှစ်နေရာ
အကြာကြီးဖြတ်သန်းနေရကေြာင်းကို Cross Dissolve
နဲ ့ပြလေ့ရှိပါတယ် ....
Time-Laps အကြောင်း
အများကြီးတော့ ပေြာစရာမလိုတော့ပါဘူး
တော်ေတာ်များများသိကြာပြီးသားပါ
အချိန်ေရွ ့လျားပုံကိုမြန်ြမန်ဆန်ဆန်ပြတာပါ
ဖုန်းကင်မရာတေွမှာလဲ ပါနေပြီဖြစ်တဲ့အတွက်
မရှင်းတော့ပါဘူး စမ်းကြည့်ကြပါ
Editing မှာ တော့ Frame Speed ကိုတင်လိုက်တာပါ
Frame တေွအများကြီးကို Sec တိုအတွင်းပြလိုက်တာပါ
Montage ဖန်တီးမှုမှာလဲ များစွာအထေက်ကူပြုတဲ့
Technic ကောင်းတခုပါ ေသချာဂရုစိုက်သုံးဖို့တော့လိုပါတယ်
ဒီေလာက်ဆိုရင် Time and Space Editing Style
ကို သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်
Editing Style Method များဟာ
တရားေသမှတ်ထားလို့တော့မရပါဘူး
ဇတ်လမ်း ဇတ်ညွှန်း ေပါ်မူတည်ပြီး
တည်းဖြတ်သူ၏ ဖန်တီးမှုစွမ်းအားများ ေပါင်းစပ်ခြင်းသာဖြစ်ပါတယ်။
RTP
Real Time Post
04/03/2024
How To Make Jean in VFX 😛
27/02/2024
Multi Screen Edit
Oppenheimer
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ranchi