Lay Pyay Oo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lay Pyay Oo, Ranchi.
ဒီနေ့ကစလို့ ဘောင်၀င်ချင်တဲ့စိတ်တွေ အကုန် လွှတ်ချလိုက်ပီ အားနာသောစိတ် ၊ သနားသောစိတ် ၊ လိုချင်သည်မလိုချင်သည်အကုန်သင်ပြပြောပြပေးချင်တဲ့စိတ် ၊ သိသိမသိသိကူညီပေးချင်တဲ့စိတ် ၊ နေရာတကာအလိုက် သိသိပေးနေတဲ့စိတ် ၊ ကိုယ်မအားတဲ့ကြားတာလိုက်လုပ်ပေးချင်စိတ်....
12/01/2024
ရင့်ကျက်သင့်တဲ့အသက်အရွယ်တစ်ခုကို
ငါတို့ရောက်လာခဲ့ကြပြီ ။
လက်ခံသင့်တဲ့အရာတွေရှိလာတယ် ။
ငြင်းဆန်ရမယ့်အရာတွေလည်း သိလာတယ် ။
ပြီးတော့ လက်လွှတ်ရမယ့်အရာတွေ ရှိလာတယ် ။
တချို့သောဖြစ်ရပ်တွေက မကြုံဆုံချင်ပေမယ့်
တကယ်ကို ဖြစ်ပျက်လာခဲ့ကြတယ် ။
ဖြစ်စဥ်တွေတိုင်းမှာ ငါတို့ လက်ခံရမယ့်
အမှန်တရားတစ်ခုတော့ ရှိနေတတ်တယ်လေ ။
အမှန်တရားဆိုတာ အမြဲတမ်းတော့ မချိုမြနိုင်ဘူးမို့လား ။
ဘဝဟာ တစ်နေရာထဲမှာ ရပ်နေတာမျိုးမဟုတ်ဘူး
နာကျင်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်
မပျော်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်
ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိနိုင်တယ်
လမ်းလွဲသွားတဲ့ ရေစက်တွေလည်း ရှိနိုင်တာပဲ ။
ဒါပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ကို ဆက်နေရဦးမှာမို့လေ ။
ချစ်ခြင်းပဲဖြစ်ဖြစ် ၊ မေတ္တာပဲဖြစ်ဖြစ်
နွေးထွေးမှု စစ်စစ်မှန်မှန်လေးတွေပဲ ပေးဖြစ်ခဲ့တယ်
မဆုံလို့ လမ်းလွဲရတဲ့အခါ
လိပ်ပြာသန့်စွာ နှုတ်ဆက်နိုင်သူဟာ
ကိုယ်ပဲ ဖြစ်ချင်တယ် ။
တစ်ယောက်တည်း မွေးဖွားလာပြီး
တစ်ယောက်တည်း လျှောက်လှမ်းလာတဲ့လမ်းတွေပဲ
ငါ တစ်ယောက်တည်းပါပဲ...
ဒါပေမယ့် ပျော်ရွှင်စရာတွေရှာဖွေရင်း
ရှေ့ဆက်လျှောက်လှမ်းသွားရမယ်လေ...။
#လုံးလုံးလေး
#တစ်ယောက်ထဲလည်းပျော်ပါတယ်
ငွေမက်တယ် ပြောကြဦးမှာလား
ယူပါစေ ..အပေးယူပဲနေနေ ဘာနေနေ အနည်းဆုံးတော့ မေတ္တာထားနိုင်လို့ယူတာ
မိန်းမတွေက သူဘာလုပ်ရမလဲ သိတယ်..
ပေးသလောက် ၂ ဆပြန်ပေးနိုင်တဲ့ စေတနာ တွေရှိတယ်..
( ငယ်လင်ငယ်မယားမဟုတ်လည်းတလင်တမယားဥပဒေလွတ်သူတွေကိုရည်ရွယ်တာနော်စနှိုက်တွေမပါဘူး)
သူ့အတွက်လည်း အဖိုးကြီးနေနေ ဘာနေနေ ဘယ်သူဘာပြောပြော …ခံနိုင်ရည်အားရှိတယ်..ငွေမက်တယ် ပြောမှာသိလည်း….ရတယ်..အိုမစွမ်းလည်းရတယ်..အများစု
တော်ရုံ အပျော်ထပ်မရှာဘူး..သူ့အပေါ်ကောင်းသမျှပေါ့..
သို့သော်
အမျိုးသားငယ်တွေ အသက်အိုအို မိန်းမကြီးတွေယူတဲ့ခါကျ ဘာလို့ ခဏပဲ ပေါင်းရတာလဲ…ဘာလို့ အပျော်ထပ်ရှာကြတာလဲ ..ပတ်ဝန်းကျင်ဒဏ်ကိုလည်းမခံနိုင်ကြဘူး..ငယ်တာလေးကိုလည်း ကလိချင်သေးတာလဲ..
အိုတာယူတာချင်းတူရင်တောင်
အရွယ်အိုအို ကို ယူပြီးမကြာဘူးကွဲကြတာ..အမျိုးသားများတယ်..
မညှာတာ တတ်သူတွေဟာ ဘယ်သူတွေလဲ..
ဘာကြောင့်ယူယူ…ယူပြီး တယောက်ယောက် ရိုးမြေကျသည်ထိ ပေါင်းသင်းနိုင်ကြပါစေ….ရှင် …
- Pan Koe
03/05/2023
လွယ်တော့ မလွယ်ဘူး ဥာဏ်ကောင်းတတ်ရတာပေါ့ ☺️
23/04/2023
မပိုင်ဆိုင်ရတဲ့အဆုံးတောင်
နောက်အနှစ် ၂၀ထိ
တွေးပါတယ်။
ပိုင်ဆိုင်ရဖို့ကြယ်တွေဆီဆုတောင်းတာမပြည့်တော့
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကို့မှာ သားလေးရှိလာတဲ့အခါ အဲ့သားလေးမှာပါ အကိုလို မဲနက်နေတဲ့မျက်ဝန်းနက်တွေရှိပါစေ လို့ ကြယ်တွေဆီဆုတောင်းပါတယ်။
အဲ့အခါ ကျွန်တော်က ထိုကလေးနဲ့ဆုံဖြစ်ရင်တောင်
အကိုနဲ့တူတဲ့မျက်ဝန်းနက်တစ်စုံကိုမြင်တာနဲ့
ဒါဟာ အကို့သွေးသားပါလားဆိုတာကို တန်းသိမှာပါ။
ကျွန်တော့်နှလုံးသားက အကို့ရဲ့အစိတ်အပိုင်းတွေအားလုံးကို သေချာစွာမှတ်မိနေမှာမိုလို့လေ..
Htet Htet Shwe Sin
"ဟောဒီမှာ မပြောချင်ဘူး မပြောချင်ဘူး " အော်ရောင်းနေတာ ဈေးသည်တော့ ဈေးသည်ဘဲ ဘာကိုမပြောချင်အော်ရောင်းရတုန်းလို့ သေချာသိချင် ထွက်ကြည့်မိမှ့
"ဟောဒီမှာ ငှက်ပျောချဉ်ပါ ငှက်ပျောချဉ်ပါ " 🤣
အဖေဆူ+အမေဆူ =ယောင်္ကျားယူ
အဖေရိုက်+အမေရိုက် =လင်နောက်လိုက်
လိုက်တဲ့လင်ဆူ=နောက်လင်ယူ
ခင်တဲ့ အစ်မတွေကျ
မမ လို့ခေါ်လို့ရပြီး
ခင်တဲ့အစ်ကိုတွေကျ
ကိုကို ခေါ်မရဘူး ဘာလို့လဲ☹
လူကသာ အင်္ဂလိပ်စကား
မကျွမ်းတာ
Ph Setting ကို
မြန်မာလိုပြောင်းထားရင်လည်း
မသုံးတတ်ပြန်ဘူး...😆😆
ရည်းစားမဖြစ်ခင်က ကလေးဆန်လိုက်တာ ကိုယ်ဘေဘီက ချစ်စရာကောင်းလိုက်တာဆိုပီ ခုကျတော့ မင်းက လုံးဝကို မရင့်ကျက်ဘူးပဲ စိတ်ကုန်နေပီ
03/04/2023
အေးပါ
29/03/2023
အပေါ်ယံတွေကို တကယ်မုန်းတယ်။
========================
ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်
ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်
ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်
ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်
နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်
နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်
ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်
မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်
ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။
ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်
Click here to claim your Sponsored Listing.
Contact the public figure
Telephone
Website
Address
Ranchi
11042
Alerts
Be the first to know and let us send you an email when Lay Pyay Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.