NLA
Emotion
အပြစ်အနာအဆာရှိလဲ
အချစ်စစ်ခဲ့ရင်ပစ်မသွားတတ်ပါဘူး..
စစ်ဆေးစရာမလိုအောင်
ချစ်ပေးထားလို့ အပြစ်ပေးဖိုလဲမရှိပါဘူး..
အဆစ်ပေးတယ်ထင်ပြီး
အသစ်ကိုရွေးသွားတဲ့..မိန်းကလေးရေ
အစစ်တွေက အပိုအဆစ်ပေးလေ့မရှိတာ
တကယ်ချစ်တတ်တဲ့ကောင်တွေပဲသိတယ်..❤️
လွမ်းမိတိုင်းလဲ
လှပါတယ်..အတိတ်ရယ်
တွေးတွေး ဆွေးဆွေးပေါ့..
တစ်ချိန်က မတွေ့ရ
မနေနိုင်တာလေးတွေတောင်
ခုတော့..အနည်ထိုင်ကုန်ပြီထင်ပါရဲ့..
ဘာပဲဖြစ်ဖြစ်
ကျန်ရစ်ခဲ့တာရယ်
ပြန်မတွေ့ဖြစ်တာရယ်နဲ့
နေသားကျစေခဲ့တဲ့
အတိတ်လှလှလေးရှိဘူးတယ်..❤️
ချစ်တဲ့သူနဲ့ပဲ
မမြဲချင်ပဲ ဘယ်ရှိပေါ့မလဲ..
ဘယ်အရာမှ
မတည်မြဲဘူးလို့ ဗုဒ္ဓက
အတည့်အလင်းဟောခဲ့တာတောင်
ခွဲခွာခြင်းကို နှလုံးမသွင်းမိပဲ....မင်း
လက်ကလေးကိုမှမြဲမြဲဆွဲကိုင်ထားမိခဲ့..
တကယ်တမ်းတော့
အမြဲမကွာရှိခဲ့ကြသူတွေနဲ့မှပဲ
ခွဲခွာရတယ်ဆိုတာဖြစ်လာတယ်ထင်ရဲ့
မြဲဖို့ကြိုးစားနေရတယ်ဆိုထဲကိုက
လွဲချော်နေတဲ့ မမြဲခြင်းသဘောကရှိလို့ပေါ့..
ခွဲမသွားဖို့
ဆွဲမရတဲ့ထိသောကတွေနဲ့
အဆုံးသတ်ရမယ်ဆို..ဘယ်ပျော်ရွှင်မှုကိုမှ
မစတင်တော့တာပဲကောင်းပါတယ်..
ငါ့အတွက်တော့
အရာရာအဆင်ပြေနေတယ်ဆိုတဲ့
ခံစားချက်မျိုးက မင်းအပြုံးလေး
မြင်ရတဲ့အခိုက်အတန့်ပဲဖြစ်မယ်ထင်ရဲ့..
ပြီးတော့..
ထာဝရအတွက်ဆိုတာကို
မင်း..မျက်ဝန်းလေးတွေနဲ့မှပဲ
ငါ...ခံစားနားလည်လာခဲ့လေရဲ့...
ဘာပဲဖြစ်ဖြစ်
မင်း..ငါ့အပိုင်ဖြစ်ပါရစေလို့
ဆုတောင်းနေတဲ့အကြောင်းကို
ဒုဓလီပန်းလေးတွေကပြောပြမှာပါ...❤️
ဆုံတွေ့မှုတိုင်းမှာ
နှုတ်ဆက်ထွက်ခွာရမယ့်
အချိန်ကရှိပြီးသားပါ...
မင်းအတွက်ဘာမဆို
ရင်ဆိုင်ရဲပါတယ်ဆိုတဲ့..ကောင်
အလွမ်းတွနဲ့တော့ ရင်မဆိုင်ရဲခဲ့ပါဘူး
မင်းဖြစ်နေလို့သာပေါ့..
ဘာဖြစ်ဖြစ်...ချစ်တယ်
မပိုင်ဆိုင်ရလဲ ဖြစ်တယ်..❤️
မြဲတယ်အထင်နဲ့
စွဲလမ်းမိတာထင်ပါရဲ့..
တကယ်တမ်း
ဘယ်အရာမှမမြဲတာသိရင်
စွဲလမ်းစရာဘာကျန်ဦးမှလဲ..
မင်းနဲ့ငါ..တစ်ချိန်က
တဒင်္ဂများစွာမှာ ငြိတွယ်ခဲ့ဘူးတာပဲ
ဘာပဲဖြစ်ဖြစ်..မင်းမှမင်းဖြစ်ခဲ့ရတဲ့
အဲ့ဒီချိန်တွေ တကယ်ရှိခဲ့ဘူးတယ်..❤️
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Ranchi