KHIA AI - Your AI Agent Partner

KHIA AI - Your AI Agent Partner

Share

KHIA AI empowers entrepreneurs, educators, and professionals to harness the full potential of AI.

17/06/2026

KHIA AI အတွက် နောက်ထပ် မှတ်တိုင်တစ်ခု! 🚀

ပြီးခဲ့တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ Telecom လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ဝန်ထမ်းများအတွက် AI Transformation & Operational Efficiency Programme Cooperate Training 1st Batch ကို အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီ။ 🎉

ဒီ Programme ကနေတစ်ဆင့် လုပ်ငန်းခွင်ရဲ့ စွမ်းဆောင်ရည်ကို AI နည်းပညာတွေနဲ့ ဘယ်လိုမြှင့်တင်နိုင်လဲ၊ AI ကို အသုံးချတဲ့ နေရာမှာ Data တွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကို လက်တွေ့ကျကျ မျှဝေပေးခဲ့ပါတယ်။

KHIA AI အနေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ AI နည်းပညာကို အသုံးပြုပြီး ပိုမိုတိုးတက်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ နောင်လာမယ့် Batch တွေမှာလည်း ပိုမိုကောင်းမွန်တဲ့ သင်တန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါမယ်။

02/06/2026

အဲ့ဒီလို မဖြစ်ရအောင် Clients တွေ အတွက် Cost Efficiency ဦးစားပေးတဲ့ Solutions တွေကိုပဲ အကြံပေး တည်ဆောက်တာပါ၊

တခါတလေဆို လုပ်ရတာ လက်ဝင်ပေမယ့် ရေရှည် ကုန်ကျစရိတ််ကတော့ တော်တော်လေး ကွာခြားပါတယ်။

AI သုံးပြီး ဝန်ထမ်းလျှော့မယ်ဆိုတဲ့ သူဌေးတွေ သတိထား- AI Agent တွေက လူထက် ပိုစျေးကြီးနေပြီ

သူဌေးတွေက AI ကို သုံးပြီး ဝန်ထမ်းတွေ နေရာမှာ အစားထိုးကာ ကုမ္ပဏီစရိတ် ချွေတာချင်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ်တိုင် တာဝန်မယူတတ်ဘဲ လူက အမြဲစောင့်ကြည့်နေရတဲ့ "Digital ဝန်ထမ်း" (AI Agent) တွေဟာ တကယ့် လူအစစ်တွေထက်တောင် ပိုပြီး စျေးကြီးနေပါပြီ။
Agent ကို သေချာ မထိန်းချုပ်ထားရင် တစ်ချက်လေး အမှားခံလိုက်တာနဲ့ တစ်နေ့ကို ဒေါ်လာ ရာချီပြီး အလဟဿ လောင်ကျွမ်းသွားနိုင်ပါတယ်။ ကုမ္ပဏီတွေရဲ့ AI Bill တွေ ဒီလို ပေါက်ကွဲထွက်သွားရတဲ့ အဓိက တရားခံကတော့ ရယ်စရာကောင်းလှစွာပဲ "Token စျေးတွေ အရမ်းပေါသွားလို့" ဖြစ်နေပါတယ်။

Token စျေးပေါသွားခြင်းက ဖန်တီးလိုက်တဲ့ ထောင်ချောက်

၂၀၂၀ ခုနှစ်ကနေ အခုနောက်ဆုံးထွက် Model တွေအထိ Output Token စျေးနှုန်းဟာ အဆ ၆၀၀ လောက် ထိုးကျသွားခဲ့ပါတယ်။ သာမန် တွေးကြည့်ရင် စျေးဒီလောက်ကျသွားရင် ကုမ္ပဏီတွေရဲ့ AI Budget က သက်သာသွားရမှာပေါ့။ ဒါပေမယ့် လက်တွေ့မှာ ပြောင်းပြန်ဖြစ်နေပြီး IT Budget တွေ အပေါက်အပြဲ ဖြစ်ကုန်ပါတယ်။ ဘာလို့လဲဆိုတော့ စျေးပေါသွားတဲ့အခါ Developer တွေ သုံးတဲ့ ပုံစံပါ ပြောင်းသွားလို့ပါပဲ။
Chatbot ခေတ်တုန်းက လူက တစ်ခွန်းမေး၊ AI က တစ်ခွန်းဖြေတယ်။ ကုန်ကျစရိတ်က Taxi ငှားစီးသလိုပါပဲ၊ သွားသလောက်ပဲ ရှင်းရတာပါ။ ဒါပေမယ့် AI Agent တွေကျတော့ အဲဒီလို မဟုတ်တော့ပါဘူး။ သူတို့က ကိုယ်တိုင် စဉ်းစားတယ်၊ အလုပ်လုပ်တယ်၊ အမှားထွက်လာရင် ပြန်စဉ်းစားတယ်၊ ပြီးရင် အရင်လုပ်ခဲ့တဲ့ Context (နောက်ခံ အချက်အလက်) တွေ အကုန်လုံးကို နောက်တစ်ကြိမ် Loop ထဲ ပြန်ထည့်ပြီး ထပ် Run ပါတော့တယ်။ Token စျေးပေါသွားတော့ Developer တွေက ပိုရှည်တဲ့ Code တွေ၊ ပိုကြီးတဲ့ Database တွေနဲ့ အထူကြီးဖြစ်နေတဲ့ Context တွေကို Agent ဆီ အကုန်ပုံအော ထည့်ပေးလိုက်ကြပါတော့တယ်။

၄ လတည်းနဲ့ တစ်နှစ်စာ Budget ပြောင်သွားတဲ့ Uber ရဲ့ သင်ခန်းစာ

Uber ကုမ္ပဏီကိုပဲ ကြည့်ပါ။ သူတို့က Claude Code ကို အင်ဂျင်နီယာ အဖွဲ့တွေဆီ စပေးသုံးတယ်။ ၃ လလောက် အကြာ ၂၀၂၆ ခုနှစ် မတ်လမှာ အင်ဂျင်နီယာတွေရဲ့ ၈၄ ရာခိုင်နှုန်း၊ ဧပြီလမှာ ၉၅ ရာခိုင်နှုန်းက ဒါကို နေ့စဉ် သုံးနေကြပြီ။ ရေးသမျှ Code ရဲ့ ၇၀ ရာခိုင်နှုန်းက AI Tool တွေနဲ့ ပတ်သက်နေတယ်။ ထိရောက်မှု (Efficiency) အရမ်းကောင်းသွားတယ်လို့ ထင်စရာရှိပေမယ့်၊ ပြဿနာက Efficiency ထက် API Bill က အရင် ရောက်လာတာပါပဲ။
၂၀၂၆ ခုနှစ် ဧပြီလ ရောက်တဲ့အခါ Uber ရဲ့ တစ်နှစ်စာ AI Coding Budget ဟာ ၄ လတည်းနဲ့ လုံးဝ ကုန်ခမ်းသွားခဲ့ပါတယ်။
ဘာလို့ ဒီလောက်တောင် ကုန်ရတာလဲ? အကြောင်းရင်းက "Context Snowball" (မှတ်ဉာဏ်တွေ နှင်းဘောလုံးလို ကြီးထွားလာခြင်း) ကြောင့်ပါ။ Agent တစ်ခုက Error တက်တိုင်း မှတ်တမ်း (Logs) တွေဖတ်၊ Document တွေရှာပြီး အဲဒီရှာတွေ့သမျှကို နောက်တစ်ဆင့်မှာ ထည့်သွင်း စဉ်းစားရပါတယ်။ Task တစ်ခု Run တိုင်း Context က ပိုပိုကြီးလာပါတယ်။
လက်တွေ့ စမ်းသပ်ချက်တွေအရ-
* သာမန် Coding Task တစ်ခု ဖြေရှင်းဖို့: Token ၁,၁၉၀ ခန့်
* AI နဲ့ Chatting လုပ်ပြီး ဖြေရှင်းဖို့: Token ၃,၃၉၀ ခန့်
* AI Agent ကို ကိုယ်တိုင် ဖြေရှင်းခိုင်းဖို့: ပျမ်းမျှ Token ၄.၁၇ သန်း (၄ သန်းကျော်)
အဆ ၁၀၀၀ လောက် ကွာဟသွားတာပါ။ ပိုဆိုးတာက ဒီ ၄ သန်းကျော်ဆိုတဲ့ ပမာဏမှာ Input နဲ့ Output အချိုးက ၁၅၃ : ၁ ဖြစ်နေတာပါ။ ဆိုလိုတာက Agent ဟာ အသစ်ရေးနေတာထက်၊ အရင်လုပ်ခဲ့တဲ့ မှတ်တမ်းတွေ၊ Error တွေကို ထပ်ခါတလဲလဲ ဖတ်နေရတာ (Input ယူနေရတာ) က ပိုများနေလို့ ဖြစ်ပါတယ်။

ခန့်မှန်းလို့မရတဲ့ ကုန်ကျစရိတ် (CFO တွေရဲ့ အကြီးမားဆုံး အကြောက်တရား)

ပုံမှန် SaaS Tool တွေလို User တစ်ယောက်ကို တစ်လ ဘယ်လောက်ဆိုပြီး သတ်မှတ်လို့ရတဲ့ စနစ် မဟုတ်တော့ပါဘူး။ ဒီနေ့ Task တစ်ခုကို $10 ပဲ ကုန်ပေမယ့်၊ မနက်ဖြန် အဲဒီ Task မျိုးကပဲ Agent လမ်းလွဲသွားရင် $300 ကုန်သွားနိုင်ပါတယ်။ ဥပမာ OpenClaw လို Open-source Project မျိုးမှာ လူ ၃ ယောက်တည်းကနေ Agent အခု ၁၀၀ ကို တစ်လ Run လိုက်တာ၊ Token ၆ ဘီလီယံကျော် သွားပြီး API Bill က ဒေါ်လာ ၁.၃ သန်း အထိ ထွက်လာဖူးပါတယ်။
Nvidia က Jensen Huang လို Supplier တွေကတော့ အင်ဂျင်နီယာ တစ်ယောက်က တစ်နှစ်ကို Token ဖိုး ဒေါ်လာ ၂ သိန်းခွဲလောက် သုံးနိုင်မှ Productive ဖြစ်တယ် (Leverage လုပ်နိုင်တယ်) လို့ ပြောကြတယ်။ ဒါပေမယ့် ဝယ်သုံးရတဲ့ ကုမ္ပဏီတွေ (Buyer) ဘက်က ကြည့်ရင်တော့ ဒါဟာ အကန့်အသတ်မရှိ လည်ပတ်နေတဲ့ လျှပ်စစ်မီတာကြီး တစ်ခုလို ဖြစ်နေတယ်။ ဒါကြောင့် Microsoft လို ကုမ္ပဏီမျိုးကတောင် တချို့ Tool တွေကို အချိန်အကန့်အသတ်နဲ့ Limit ပြန်လုပ်လာရတာ ဖြစ်ပါတယ်။

Agent အတုတွေနဲ့ ဝန်ထမ်းပြန်ခေါ်ရတဲ့ ပြဿနာ (Boomerang Effect)

ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ နောက်ပြဿနာတစ်ခုက Software တွေမှာ AI လို့ နာမည်တပ်ပြီး လှည့်စားခြင်း (AI Washing) ပါပဲ။ ရိုးရိုး Chatbot တွေ၊ RPA Script တွေကို နာမည်ပြောင်းပြီး "Autonomous Agent" ဆိုပြီး ရောင်းနေကြတာပါ။ စျေးဝယ်တဲ့ ဌာနက အထင်ကြီးပြီး ဝယ်လာပေမယ့်၊ တကယ်တမ်းကျတော့ ကိုယ်တိုင် အဆုံးအဖြတ် မပေးနိုင်တဲ့အတွက် ၂၀၂၇ ရောက်ရင် AI Agent Project ၄၀ ရာခိုင်နှုန်းလောက်ဟာ ကုန်ကျစရိတ် မြင့်မားမှုကြောင့် ဖျက်သိမ်းခံရဖို့ ရှိနေပါတယ်။
ပိုဆိုးတာက လစာ (Payroll) ပြဿနာပါ။ AI နဲ့ အစားထိုးမယ်ဆိုပြီး ၂၀၂၄-၂၀၂၅ လောက်က ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခဲ့ကြတယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ ပြဿနာတွေ၊ Customer တွေရဲ့ စိတ်ခံစားမှုတွေကို AI က မဖြေရှင်းနိုင်တဲ့အခါ Customer Satisfaction တွေ ထိုးကျကုန်ပါတယ်။ (ဥပမာ- Klarna လို ကုမ္ပဏီမျိုးမှာ Customer ပြဿနာတွေကို AI က သေချာ မဖြေရှင်းနိုင်လို့ လူသား Customer Service တွေကို ပြန်ခေါ်ခဲ့ရပါတယ်။)
၂၀၂၆ ခုနှစ် လေ့လာမှုတစ်ခုအရ-
* AI ကြောင့် အလုပ်ဖြုတ်ခဲ့တဲ့ ကုမ္ပဏီ ၃၂.၇ ရာခိုင်နှုန်းဟာ ဖြုတ်ပစ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ၄ ပုံ ၁ ပုံ ကနေ ထက်ဝက်နီးပါးကို အလုပ်ပြန်ခန့်ခဲ့ရပါတယ်။
* ၃၅.၆ ရာခိုင်နှုန်းကတော့ ထက်ဝက်ကျော် ပြန်ခန့်ခဲ့ရပါတယ်။
* ၃၀.၉ ရာခိုင်နှုန်းကတော့ အလုပ်ဖြုတ်နစ်နာကြေးတွေပေး၊ အခု ပြန်ခေါ်၊ ပြန် Train လုပ်ရတဲ့ ကုန်ကျစရိတ်တွေ ပေါင်းလိုက်တဲ့အခါ AI သုံးလို့ သက်သာသွားမယ့် ငွေပမာဏထက်တောင် ပိုများနေတာကို တွေ့ရပါတယ်။

AI အတွက် FinOps အရေးတကြီး လိုအပ်လာပြီ

အခု AI Agent တွေရဲ့ Bill က အရင်ခေတ်က "Unlimited Data" ဖုန်းအင်တာနက် ပလန်တွေလို၊ ဒါမှမဟုတ် Cloud Computing အစောပိုင်း ကာလတွေလို ဖြစ်နေတယ်။ Cloud သုံးတုန်းက Instance တွေကို မပိတ်ဘဲ ထားခဲ့လို့ Bill တွေ ပေါက်ကွဲထွက်လာတော့မှ FinOps ဆိုတဲ့ Budget ထိန်းချုပ်တဲ့ စနစ်တွေ ပေါ်လာခဲ့တာပါ။
AI Agent တွေကိုလည်း "အကန့်အသတ်မရှိ သုံးလို့ရတယ်" ဆိုတဲ့ အစောပိုင်း ထင်ယောင်ထင်မှား အိပ်မက်ထဲကနေ နိုးထဖို့ အချိန်တန်ပါပြီ။ စျေးပေါတာဟာ အလဟဿ သုံးပစ်ဖို့ မဟုတ်ပါဘူး။ အဆင့်မြင့် မှတ်ဉာဏ်အင်ဂျင် (Cognitive Engine) တစ်ခုကို ဝယ်ထားပြီး အလိုအလျောက် ပိုက်ဆံချွေတာပေးမယ့် စက်ကြီးလို့ သွားမထင်ပါနဲ့။ အင်ဂျင်ဆိုတာ အလုပ်တွင်အောင် လုပ်နိုင်သလို၊ နေရာမှာတင် ရပ်ပြီး ဆီတွေ အလဟဿ လောင်ကျွမ်းပစ်နိုင်စွမ်းလည်း ရှိပါတယ်။
ဒါကြောင့် Agent တွေကို ကုမ္ပဏီတွင်းမှာ အကြီးအကျယ် မသုံးခင်-
* ရှင်းလင်းတဲ့ Meter စနစ်
* Speed Limit သတ်မှတ်ချက်
* တာဝန်ခံမှုရှိတဲ့ စနစ် (FinOps for AI)
အဲဒါတွေကို အရင်ဆုံး တည်ဆောက်နိုင်မှသာ Autonomous Agent တော်လှန်ရေးကို အမှန်တကယ် အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

30/05/2026

လက်ရှိ KHIA AI အနေနဲ့ လုပ်ငန်းရှင်များအတွက် တကယ်အသုံးဝင်မယ့် AI Project တွေ၊ AI သင်တန်းတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ 😎💡

KHIA AI က လက်ရှိလုပ်နေတဲ့ project တွေက... 👇

- Fashion ဆိုင်တွေ ဖွင့်ထားတဲ့ Client အတွက် ကိုယ်ပိုင် AI App တည်ဆောက်နေပါတယ်၊📱👗

- Water Treatment company အတွက်လည်း Digital နဲ့ AI သုံးပြီး အလုပ်ပိုတွင်စေဖို့နဲ့ စီမံခန့်ခွဲရလွယ်စေဖို့ AI Solutions တွေ Build လုပ်နေပါတယ်၊ 🛠️🤖

- နည်းပညာပိုင်းတွေ တည်ဆောက်ရုံတင်မကဘဲ AI ကို ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့အတွက် အထူးပြု AI သင်တန်းတွေကိုလည်း ဆွေးနွေး ပြင်ဆင်နေပါတယ်။

- လက်ရှိမှာ လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းပေါင်း ၁၀၀ ကျော်အတွက် လုပ်ငန်းခွင်မှာ AI အသုံးချပြီး အလုပ် ပိုတွင်ကျယ်လာစေမယ့် အထူး Customized AI Training တွေကို ပြင်ဆင်နေပါတယ်။

- ဒါတင်မကသေးပါဘူး... လာမယ့် ဇူလိုင်လ ထဲမှာ အဖွဲ့အစည်းတခုရဲ့အကျိုးပြုလုပ်ငန်းတွေ ပိုမိုတွင်ကျယ်စေဖို့ ကနေဒါ လုပ်ငန်းရှင်မှ sponsor ပေးတဲ့ AI Productivity သင်တန်းကိုလည်း သင်ကြားဖို့ ရှိပါတယ်၊

> AI ဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ သင့်လုပ်ငန်းခွင်နဲ့ နေ့စဉ်အလုပ်တွေကို ပိုမိုလွယ်ကူ မြန်ဆန်စေမယ့် အကောင်းဆုံး အကူအညီတစ်ခုပါ။
> လုပ်ငန်းခွင်မှာ AI ကို ထိထိရောက်ရောက် အသုံးချပြီး တိုးတက်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် AI စွမ်းရည်တွေကို မြှင့်တင်ချင်တာပဲဖြစ်ဖြစ်... KHIA AI က အမြဲကူညီဖို့ အသင့်ရှိနေပါတယ်။

KHIA AI Team အနေနဲ့ လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတာမလို့ လုပ်ငန်းရှင်များ မိမိလုပ်ငန်းကို ပိုမိုလွယ်ကူမြန်ဆန်အောင် လည်ပတ်နိုင်ဖို့၊ အဝေးကနေ စီမံခန့်ခွဲနိုင်ဖို့ AI နဲ့ပက်သက်ပြီး consultation တွေလိုအပ်ရင်လည်း ဆက်သွယ်လို့ ရပါကြောင်း အသိပေးလိုပါတယ်။

19/05/2026

The KHIA AI team is currently on an Asia trip, meeting in-person with some of our clients to collaborate on impactful, practical AI solutions tailored to their businesses. 🤝

Beyond strategic discussions, we’re also excited to deliver hands-on “Professional AI Training” sessions for their teams. Our mission is to help businesses confidently adopt AI by providing practical tools and actionable frameworks that is useful for their daily operations to improve productivity and efficiency. 💡🤖

AI is no longer just about technology — it’s about empowering people and transforming how businesses work.

08/05/2026

အလုပ်ခွင်မှာ ChatGPT လို AI Tools ကို အသုံးပြုတဲ့အခါ ကုမ္ပဏီရဲ့ အချက်အလက်တွေ လုံခြုံမှုရှိစေဖို့နဲ့ "Data Leak" မဖြစ်စေဖို့ အောက်ပါ အချက် (၄) ချက်ကို လိုက်နာသင့်ပါတယ်။

1). The Ghost Input Rule: AI ကို မေးခွန်းမေးတဲ့အခါ လူအမည်၊ ကုမ္ပဏီအမည် ဒါမှမဟုတ် တိကျတဲ့နေရာတွေကို ထည့်မရေးပါနဲ့ ။ ဥပမာ - အီးမေးလ် ရေးခိုင်းတဲ့အခါ တကယ့်နာမည်တွေအစား "Senior Stakeholder" ဒါမှမဟုတ် "Financial Institution" စသဖြင့် ယေဘုယျနာမည်များကိုသာ သုံးပါ ။

2). Sandbox Your Environment: အလုပ်အတွက် သီးသန့် Account ဖွင့်သုံးပါ ။ အရေးကြီးဆုံးအနေနဲ့ Data Controls ထဲမှာ "Improve the model for everyone" ကို ပိတ်ထားဖို့ မမေ့ပါနဲ့ ။

3). Smart Document Handling: ဖိုင်တစ်ခုလုံး တင်မယ့်အစား လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ Copy-Paste လုပ်ပါ။
အရေးကြီး Document တွေအတွက် "Temporary Chat" ကို အသုံးပြုပါ၊ ဒါဆိုရင် အချက်အလက်တွေက ရက် ၃၀ အတွင်း အလိုအလျောက် ပျောက်သွားမှာ ဖြစ်ပါတယ်။

4). Audit Your Memories: ChatGPT ရဲ့ Memory feature က လျှို့ဝှက်ချက်တွေကို မှတ်ထားနိုင်လို့ အပတ်စဉ် စစ်ဆေးပြီး လိုအပ်ရင် ဖျက်ပစ်ပါ ။ လိုအပ်ရင် Memory feature ကို လုံးဝ ပိတ်ထားတာက ပိုစိတ်ချရပါတယ် ။

Peer Tip: ကုမ္ပဏီရဲ့ AI အသုံးပြုမှုဆိုင်ရာ IT Policy ကို အမြဲစစ်ဆေးပါ ။ အချက်အလက် လုံခြုံမှု အမြင့်ဆုံးဖြစ်တဲ့ ChatGPT Enterprise ဒါမှမဟုတ် Team version တွေကို အသုံးပြုဖို့ တိုက်တွန်းလိုပါတယ် ။

Photos from KHIA AI - Your AI Agent Partner's post 08/05/2026

Founders တွေ ခရီးထွက်ဖို့ စီစဉ်နေတာနဲ့ နောက်ကျသွားပေမယ့် share ပေးချင်တဲ့ interesting AI robot လေးပါ၊ AI ပွဲမှာ တွေ့ပြီး တော်တော်လေးလန်းလို့ သဘောတွေကျခဲ့တာ၊ နာမည်ပေးထားတာ Reachy Mini🤖

သူက မြင်နိုင်၊ ပြောနိုင်၊ မှတ်မိနိုင်ရုံတင်မကဘူး၊ "Graph-based" နည်းပညာနဲ့ ကိုယ့်တိုင်ဆင်ခြင်တွေးတောပြီး အလုပ်တွေလည်း လုပ်ပေးနိုင်တယ်။

အမိုက်ဆုံးကတော့ Databricks လို Data Platform တွေကို သုံးနိုင်ပြီး Computer နဲ့ တခြား Tool တွေကို Real-time ထိန်းချုပ်ပေးနိုင်တာပဲ။

အသေးစိတ်ကိုတော့ အောက်က Link မှာ ဖတ်ကြည့်လိုက်နော်။ Member တော့ ဝင်ရမယ် ထင်တယ်၊

🔗 https://treasure-orbit-96f.notion.site/AI-Tinkerers-Montreal-329e70fa1433806a9adaf0eb90bf797d

27/04/2026

🛡️ AI ကို စိတ်ချလက်ချ သုံးကြမယ်- Professional Sandbox တည်ဆောက်နည်း

Chat GPT လို AI တွေကို အလုပ်မှာ သုံးနေပြီဆိုရင် မိမိရဲ့ လုပ်ငန်းအချက်အလက်တွေ (Professional Data) တခြားနေရာကို မပေါက်ကြားသွားဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် အလွှာ ၃ ခုပါတဲ့ "Three Rings" စနစ်ကို သုံးဖို့ အကြံပြုပါရစေ။

🔹 Ring 1: Dedicated Work Account (အလုပ်အတွက် သီးသန့် Account)
မိမိရဲ့ Personal email နဲ့ အလုပ်ကိစ္စတွေကို ရောမသုံးပါနဲ့။ လုပ်ငန်းသုံး Email နဲ့ သီးသန့် Account တစ်ခုဖွင့်ထားခြင်းက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အလုပ်ကိစ္စတွေကို သီးသန့်စီ ခွဲထုတ်ထားနိုင်မှာ ဖြစ်ပါတယ်။

🔹 Ring 2: Browser Profile Isolation (Browser ခွဲသုံးခြင်း)
Chrome ဒါမှမဟုတ် Browser မှာ 'Work' Profile တစ်ခု သီးသန့်ဆောက်ထားပါ။ AI ကို အဲ့ဒီ Profile မှာပဲ သုံးပါ။ ဒါမှသာ Browser ထဲက Cookies တွေနဲ့ Session data တွေ တစ်ခုနဲ့တစ်ခု ရောနှောမသွားဘဲ လုံခြုံမှုရှိမှာပါ။

🔹 Ring 3: The Hard Opt-Out (Data ထိန်းချုပ်ခြင်း)
ဒါက အရေးကြီးဆုံးအချက်ပါ! Settings > Data Controls ထဲကိုသွားပြီး 'Improve the model for everyone' ဆိုတာကို OFF ထားလိုက်ပါ။ ဒါဆိုရင် ကိုယ်မေးသမျှ မေးခွန်းတွေကို AI က နောက်ထပ် Training ပေးဖို့အတွက် အသုံးပြုတော့မှာ မဟုတ်ပါဘူး။

✅ Sandbox စစ်ဆေးရန် Checklist:
ဒါလေးတွေကို အမြဲစစ်ဆေးပါ -
အလုပ်သုံး Account နဲ့ပဲ Logged in ဖြစ်နေရဲ့လား?
'Work' Browser Profile ကို သုံးနေတာ ဟုတ်ရဲ့လား?
Data Controls ထဲက Opt-Out Toggle ကို ပိတ်ထားရဲ့လား?

ဒီအချက် ၃ ချက်နဲ့ AI ကို လုံလုံခြုံခြုံနဲ့ ထိထိရောက်ရောက် ပိုပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 💡

GitHub - khiaautomation-ops/acdrl-network-deployment: Adaptive and Energy-Efficient Deployment of Robotic Airborne Base Stations: A Deep Reinforcement Learning Approach 23/04/2026

KHIA AI ရဲ့ Co-Founder ကိုယ်တိုင် ရေးသားခဲ့တဲ့ IEEE Paper ထဲက Python Codes တွေကို GitHub မှာ အားလုံးလေ့လာနိုင်ဖို့ Public တင်ပေးလိုက်ပါတယ်။

တကယ်တော့ Research Code တွေဖြစ်လို့ Product တစ်ခုလို သေသပ်မနေဘဲ Experiment တွေ၊ Logic တွေ အများကြီး ပါနေတတ်ပါတယ်။ ဒါပေမဲ့ AI/ML လေ့လာနေသူတွေအတွက်တော့ Textbook ထဲကထက် တကယ့် Research တစ်စောင်ရဲ့ နောက်ကွယ်က "အစစ်အမှန် လုပ်ငန်းစဉ်" ကို မြင်ရတာက ပိုပြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

Deep Reinforcement Learning (DRL) နဲ့ Autonomous Base Stations တွေကို စိတ်ဝင်စားရင် ဒီမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

🔗 GitHub Link:

GitHub - khiaautomation-ops/acdrl-network-deployment: Adaptive and Energy-Efficient Deployment of Robotic Airborne Base Stations: A Deep Reinforcement Learning Approach Adaptive and Energy-Efficient Deployment of Robotic Airborne Base Stations: A Deep Reinforcement Learning Approach - khiaautomation-ops/acdrl-network-deployment

17/04/2026

ပျော်ရွှင်စရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့လေးမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း
KHIA AI မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

13/04/2026

မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ KHIA AI မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာလည်း မိသားစု၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေ။ ✨

KHIA AI ကို အမြဲတမ်းယုံကြည်အားပေးကြတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ 🥰

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon