PPL

PPL

Share

ရိုးသား ဖြောင့်မှန်စွာ မိဘပေးတဲ့ ပညာ အမွေ နဲ့ ကြိုးစားရုန်းကန်နေသူပါ ပေးသောလက် သာဖြစ်ရပါလို၏

11/02/2025

ခရီးသွားတုန်း ရိုက်ထားတာလေး

03/19/2025

ကနေဒါနိုင်ငံရောက်စ ပထမ တစ်နှစ် ကလေး ၂ ယောက် နှင့် အတူ ရုန်းကန် ရင်း အလုပ်ရှာ ရတဲ့ အနေ အထား (အပိုင်း ၁)

ကနေဒါသို့ ရောက်စ အခန်း ရှာ ရတဲ့ ဒုက္ခ မရောက် ခဲ့တာ အမျိူးသား သူငယ် ချင်း မိသားစု ရဲ့ စောက်ရှောက်မှူ့ ကျေးဇူး မို့ အဲ့တာ တော့ ခုချိန် ထိ လဲ တွေးမိတိုင်း တကယ်ကျေး ဇူးတင်တယ် မေတ္တာလဲပို့​ပေးတယ် ရောက်​လေရာက​နေ

နိုင်ငံသစ်တစ်ခုတွင် အခြေချရတာ ပြောသေသလာက် မလွယ်ပါဘူး ဒါပေမဲ့ ကနေဒါ ရောက်စ newcomer Luck လို့ခေါ်ရမလား
အလုပ် အကိုင် စလုံးဘက်မှာ နှစ် ၁၀ ချီ ရှိတဲ့ အတွေ့ အကြုံ ကြောင့် ရော ပြောမလား အလုပ်ရှင် ရဲ့ လူလိုတာ နဲ့ တိုက်ဆိုင် နေတဲ့ အနေအထား ကြောင့်ပဲ လား မသိ သူများ ထက်စာရင် သက်သက်သာသာ နဲ့ အလုပ်စလျှောက်တဲ့ ၂ ပတ် အတွင်း ရခဲ့တဲ့ ကိုယ် တွေ လင်မယား

အမျိူးသားက လင်မယား နှစ်ယောက် နဲ့ ကလေး နဲ့ မလောက်မှာ စိုးလို့ ငွေရှာ ရင်း တစ်လ ချန် နေခဲ့တာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကုန် ဖို့ ၂ ရက်လောက် မှ ကနေဒါသို့ရောက်လာတယ်

သူရောက်မှ ကိုယ်လဲ စ ပြီး အချိန်ပိုင်းစာရင်းကိုင်အလုပ်အသဲအသန် ရှာမယ် ဆို စ လိုက်တာ

မတ်လ ၁ ရက်မှာ လက်ရှိ အချိန်ပိုင်း လုပ်နေတဲ့ company က ခေါ်တဲ့ စာရင်းကိုင်နေရာအတွက် Indeed ကနေ လျှောက်လိုက်တာ
အလုပ်ရှင် ရဲ့ Requirement: Excel Test Indeed က နေ ဖြေခိုင်းတယ် တော်သေးတာ ကိုယ်ဖြေထားတာက Result:Expert Level ဖြစ်နေလို့ အဲ့နေ့ညနေပိုင်းမှာပဲ အင်တာဗျူးမယ်ဆိုပြီး ဖုန်းခေါ် ချိန်းတယ်

နောက်တစ်ခုကံ​ကောင်းတာက လက်ရှိ​နေရာမှာ အကြီးပိုင်းမှာ ဝင်လုပ်​နေတဲ့ CFO အားကိုးတဲ့ လူ တစ်​ယောက်က စင်ကာပူ နိုင်ငံသား
ကိုယ်က စလုံး က လာတာ ဆိုတာနဲ့ ကိုယ့်ကို အလိုလို​နေရင်း ကို အဲ့ တစ်​ယောက်က လက်မ တွေ ဆွတ်​ထောင်တာ

အဲ့တာ တစ်ခု ကြောင့်လဲ ထင်ပါတယ် ကျောင်းက Certificate or transcript or Reference တစ်ခုမှ မေးမကြည့်ပဲ Resume တစ်ခုတည်း နဲ့ ပြီးသွားတာ

*အင်တာဗျူးနှင့် အလုပ်ခန့်ခြင်းအဆင့်များ**
• မတ် ၇၊ ၂၀၂၄ – CFO နှင့် ဖုန်းအင်တာဗျူး သူမေးချင်အတာ တွေ အကုန်မေး
• မတ် ၁၃၊ ၂၀၂၄ – မနက်ပိုင်းတွင် လူတွေ့ မြင်ဖူးချင်လို့ပါတဲ့ 😂😂😂 (ရုံးနေရာ အသေအချာ မပြောတော့ တစ်လွဲ သွားတာ အလုပ်က ရချင်လွန်းလို့သာ 😅😅😅)။ အဲ့လို နဲ့ ပြန်လာ ပြီး ညနေကျ အလုပ်ကနေ Offer ပေးရော
• မတ် ၂၀၊ ၂၀၂၄ – လက်ရှိအလုပ်ကို စတင်ဖြစ်ခဲ့ပါတယ်

ဒါက ကနေဒါရောက် ကလေး ၂ ယောက်အမေ ရဲ့ အလုပ်ရှာ ခြင်း အခြေအနေ

ရောက်လာတဲ့ သူများနှင့် နောင် လာမည့်လူများ အကြံပေးချင်တာ က Indeed က အလုပ်ရှင်တွေ ဖြေခိုင်းတဲ့ test ကို သေချာလေး ဂရုစိုက်ဖြေပါ အဲ့တာ က Interview ခေါ်ဖို့ အတွက် အရေးပါပါတယ်
Resume ကို Canadian standard ကျောင်းတွေက
ပေးတဲ့ workshop တွေတက် ပြီး ပြင်ယူပါ အရေးကြီးပါ

ရီစရာ​လေး ပါ - က​နေဒါ လေဆိပ် အဝင် မှာ က​လေး နှစ်​ယောက် နဲ့ ကိုယ့် ကို လဝက က မေး​တာ
ဟဲ့ နင့် သား ကျ တော့ နင့်နာမည်မပါဘူးလား တဲ့ 😂😂😂
မွေးထားတဲ့ သမီး နာမည် က ကိုယ် နဲ့ တူတာ တစ်လုံးပဲကွာတယ် ဆိုတော့ မေးပြီလေ 🤭🤭🤭 တော်​သေး သား ကို ကိုယ့်နာမည် နောက်ဆုံး အလုံး လေး ထည့်ပေးထားမိတာ 😅😅😅

နောက်ရက်မှ အိမ်ကဆရာ သမား အလုပ်ရှာတာ ရေး​တင်​ပေးဦးမယ်

Nearly 13K international students applied for asylum this year, data shows - National | Globalnews.ca 09/24/2024

Nearly 13K International students applied for asylum in Canada

Crd News By Uday Rana

Nearly 13K international students applied for asylum this year, data shows - National | Globalnews.ca Immigration Minister Marc Miller said in an interview with Global News that a 'growing number' of international students are claiming asylum in order to stay in Canada.

Want your business to be the top-listed Business in Coquitlam?
Click here to claim your Sponsored Listing.

Category

Website

Address


King Albert Avenue
Coquitlam, BC