Animal Health

Animal Health

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Animal Health, Entrepreneur, Riffa.

အွန်လိုင်း တိရစ္ဆာန် ဆေးကုခန်း
Online Veterinary Consultation Clinic

ဖွင့်ချိန် မြန်မာစံတော်ချိန်
မနက် ၉:၀၀ နာရီ မှ
နံနက် ၄း၀၀ နာရီထိ

Dr.Khun Thura
Veterinarian
Bahrain, Middle East
GCC Certified

13/06/2026

ကိုယ့်ကလေး နေမကောင်းဖြစ်လို့
ဆေးခန်းသွားချင်ပေမယ့်...

မိုးကလည်းရွာ၊ လမ်းကလည်းပိတ်၊
အလုပ်ကလည်း မအားလို့
အခက်တွေ့နေပြီလား

ကလေးတွေ ရုတ်တရက် အန်တာ၊
ဝမ်းပျက်တာ ဒါမှမဟုတ်

မိုးတွင်းမှာ အရေပြားပြဿနာတွေ
ကြုံလာတဲ့အခါ အချိန်ဆွဲမထားဘဲ
အခြေအနေကို စနစ်တကျ သိရှိဖို့က
အရေးကြီးဆုံးပါပဲ 💯

အပြင်ဆေးခန်း တန်းသွားဖို့
အဆင်မပြေသေးတဲ့ မိဘတွေအတွက်

အိမ်ကနေပဲ ကျွန်တော်နဲ့ သေချာတိုင်ပင်ပြီး
လမ်းညွှန်မှုခံယူနိုင်မယ့်

Online ဆေးဘက်ဆိုင်ရာ ဆွေးနွေး
အကြံပေးခြင်း ဝန်ဆောင်မှုများ
စီစဉ်ပေးထားပါပြီဗျ 🩵

အိမ်မှာတင် တိုင်ပင်ဆွေးနွေးနိုင်မယ့်
အရာတွေကတော့ -

✅ စနစ်တကျ လမ်းညွှန်မှုရရှိခြင်း

ကလေးရဲ့ ရောဂါလက္ခဏာ (ဗီဒီယို၊ ဓာတ်ပုံ)
တွေကို ကြည့်ပြီး အခြေအနေ
ဘယ်လောက်အထိ စိုးရိမ်ရလဲဆိုတာကို
သေချာစစ်ဆေး ရှင်းပြပေးမှာပါ။

✅ အရေးပေါ် အိမ်တွင်းပြုစုနည်းကို သိရခြင်း

ဆေးခန်းမရောက်ခင် အိမ်မှာ ချက်ချင်း
ဘာလုပ်ပေးရမလဲ၊ ဘာတွေ ရှောင်ရမလဲဆိုတဲ့

ပထမအကူအညီ တွေကို တိတိကျကျ
ညွှန်ကြားပေးပါတယ်။

✅ ဆေးခန်းပြသဖို့ လို၊ မလို အကြံဉာဏ်ရခြင်း

ဆေးခန်း အမြန်ပြေးရမယ့် အခြေအနေလား၊
ဒါမှမဟုတ် အိမ်မှာတင် ဂရုစိုက်လို့ရတဲ့
အခြေအနေလားဆိုတာကို

စနစ်တကျ ဆွေးနွေးဆုံးဖြတ်ပေးမှာမို့လို့
မိဘတွေအနေနဲ့ စိတ်အေးရပါတယ်။

(‌ဆွေးနွေးတိုင်ပင်ခကိုလဲ အသက်သာဆုံး ဖြစ်အောင် စီစဉ်ပေးထားပါတယ်)

အသေးစိတ် စုံစမ်းချင်တာ ရှိရင်တော့
Page Chatbox ကနေတဆင့်
အခုပဲ မေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏🏻

13/06/2026

ဘ၀မှာ ရင်ဖွင့်စရာမရှိဘူးလို့ ခံစားရရင်
ကိုယ့်ကို လိုအပ်တဲ့သူမရှိဘူးခံစားရရင်
ယုံကြည်ရတဲ့သူ မရှိဘူးထင်ရင်

ဒီကလေးလေးတွေကို ဖက်ပြီး
စကားတွေပြောနေလိုက်ပါ

ဒီကလေးလေးတွေကို
မွေးမြူကြည့်ပါ

ဒီကလေးလေးတွေကို
အရမ်းချစ်ပေးကြည့်လိုက်ပါ

ရင်ထဲပေါ့ပါးသွားပါလိမ့်မယ်
အဖော်ရလာပါလိမ့်မယ်

သူတို့လေးတွေကပဲ သစ္စာရှိတဲ့
မိသားစု၀င်တွေ ဖြစ်ပေးပါလိမ့်မယ် 🩵

11/06/2026

အခုတလော Social Media ပေါ်မှာ စိတ်ကောက်ပြီး မျက်နှာလွှဲနေတဲ့ ကလေးတွေ၊

ရန်တွေ့သံနဲ့ အော်နေတဲ့ ဗီဒီယိုလေးတွေ ခဏခဏ တွေ့နေရတယ်မလား... 👀

တကယ်တော့ ကလေးတွေ (ခွေး၊ ကြောင်) က လူတွေရဲ့ အမူအရာနဲ့ လေသံကို အကုန်သင်ယူပြီး နားလည်နေကြတာပါဗျာ

မိဘတွေနဲ့ အချိန်ကြာကြာ အတူတူနေရင်းကနေ "လူတွေ စိတ်ဆိုးရင် ဘယ်လိုလုပ်တတ်လဲ"၊

"ငါ ဘယ်လိုလုပ်ရင် မိဘတွေက ပြန်ချော့လဲ" ဆိုတာကို အလိုလို သင်ယူသွားကြတာမျိုးပါ။

ကလေးတွေ စိတ်ဆိုး၊ စိတ်ကောက်ရင် ပြတတ်တဲ့ အသည်းယားစရာ အမူအရာ ၃ ချက်နဲ့

ဒါက ဘယ်လို သင်ယူရင်း ဖြစ်လာတာလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး ဖတ်ကြည့်ရအောင်ဗျာ။

😹 မျက်နှာလွှဲပြီး ခေါ်ရင် မကြားချင်ယောင်ဆောင်တာ။နာမည်ခေါ်ရင် နားရွက်လေးပဲ လှုပ်ပြီး လူကို လှည့်မကြည့်တာမျိုးပါ။

ဒါက မိဘတွေ တစ်ခုခုကို ငြင်းပယ်တဲ့အခါ (ဥပမာ- မျက်နှာလွှဲသွားတာ) ကို မြင်ဖူးရာကနေ

"ငါလည်း အခု မိဘတွေကို စိတ်ဆိုးနေတယ်" ဆိုတာကို တုံ့ပြန်ပြတာ ဖြစ်ပါတယ်ဗျာ။

😹 သက်ပြင်းအကျယ်ကြီး ချတာ။ "ဟူး..." ခနဲ သက်ပြင်းချပြီး တစ်ဖက်လှည့်အိပ်သွားတာမျိုးပါ။

လူတွေ စိတ်ပျက်တဲ့အခါ၊ ငြီးငွေ့တဲ့အခါ သက်ပြင်းချတတ်တဲ့ လေထုနဲ့ အသံကို သူတို့က မှတ်သားထားပြီး သူတို့ အလိုမကျတဲ့အခါ ပြန်သုံးပြတာပေါ့။

😹 ရန်တွေ့သလိုမျိုး တိုးတိုးလေး ညည်းတာ။

အစာနောက်ကျရင်ဖြစ်ဖြစ်၊ အပြင်မခေါ်သွားရင်ဖြစ်ဖြစ် လူကို စိုက်ကြည့်ပြီး အသံအက်အက်လေးနဲ့ လာအော်တာမျိုးပါ။

"ငါ့ကို အာရုံစိုက်ပါတော့" ဆိုပြီး မိဘတွေရဲ့ အာရုံစိုက်မှုကို ရအောင် ဉာဏ်ဆင်ပြီး သင်ယူထားတဲ့ အမူအကျင့်လေးပါဗျာ။

ကလေးတွေက သူတို့ရဲ့ စကားလုံးမပါတဲ့ ခန္ဓာကိုယ်ဘာသာစကား (Body Language) နဲ့ မိဘတွေကို အမြဲ စကားပြောနေတာမို့

စိတ်ဆိုးနေရင်လည်း အဝေးကြီး ပစ်မထားဘဲ အမြန်ဆုံး သွားချော့လိုက်ကြဦးနော် မေမေ၊ ဖေဖေတို့ 👀

ကိုယ့်အိမ်က ကလေးတွေကော စိတ်ဆိုးရင် ဘယ်လို အသည်းယားစရာ အမူအရာမျိုး လုပ်တတ်လဲ? Comment မှာ ဗီဒီယိုလေးတွေနဲ့ လာကြွားခဲ့ဦးနော် 😻🐶

10/06/2026

မိုးရာသီက ဘတ်တီးရီးယား၊ ပိုးမွှားတွေ
ပေါက်ဖွားလွယ်တဲ့ရာသီဖြစ်လို့

ကလေးတွေရဲ့နားကျန်းမာရေးကိုလည်း
ဂရုစိုက်ပေးဖို့လိုအပ်တယ်နော်

ကလေးတွေရဲ့ နားမှာပြဿနာရှိနေတဲ့အခါ
ဒီလက္ခဏာတွေ ရှိနေတတ်ပါတယ်။

➡️ ခေါင်းကို ခဏခဏ ရမ်းတာ၊
တစ်ဖက်စောင်းထားတာ။

➡️ နားရွက်ကို ခြေထောက်နဲ့
တကုတ်ကုတ် အမြဲယားနေတာ။

➡️ နားထဲက ညိုမဲမဲ အညစ်အကြေးတွေရှိပြီး
အနံ့အချဉ်စူးစူး ထွက်နေတာ။

အိမ်ကကလေးတွေမှာရောဒီလိုမျိုးလက္ခဏာတွေရှိနေလားဆိုတာတစ်ချက်စစ်ကြည့်ပြီး
comment မှာမန်ခဲ့ပါဦး 💬

အိမ်က က‌လေးတွေရဲ့ကျန်းမာရေးနဲ့
ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက
Page Messenger မှာ လာရောက်
ပြသဆွေးနွေးနိုင်ပါပြီ ✅

09/06/2026

ကလေးတွေ အန်တဲ့အခါ အန်ဖတ်အရောင်ကို ကြည့်ပြီး ကလေးတွေ ဘာဖြစ်နေလဲ ကြိုသိနိုင်ပါတယ်...

ထွက်လာတဲ့ အရောင်က အရေးကြီးတဲ့ အချက်လေးတစ်ခုမို့ မိဘတွေ အလွယ်ဆုံး ခွဲခြားနိုင်အောင် တိုတိုနဲ့ လိုရင်းပဲ ပြောပြပေးပါမယ်

📌 အဝါရောင် (သို့) အစိမ်းရောင်

အစာအိမ်ထဲ အစာမရှိဘဲ သည်းခြေရည်တွေ အန်တာပါ။ အစာစားချိန် နောက်ကျတာ ဒါမှမဟုတ် အစာအိမ်ရောင်တာ ဖြစ်နိုင်ပါတယ်။

📌 အဖြူရောင် အမြှုပ်များ

လေပြွန်ရောင်ပြီး ချောင်းဆိုးသလိပ်အန်တာ ဖြစ်နိုင်သလို၊ အစာမကြေဘဲ လေပွနေတာလည်း ဖြစ်တတ်ပါတယ်။

📌 အနီရောင် (သို့) ကော်ဖီရောင်

အန္တရာယ်အရှိဆုံးပါ။
အစာအိမ်နဲ့ အူလမ်းကြောင်းထဲ သွေးယိုစိမ့်နေတာ (ဝမ်းကိုက်ပိုး သို့မဟုတ် အဆိပ်သင့်တာ) မို့ ဆေးခန်း ချက်ချင်းပြရပါမယ်။

💡 မိဘတွေ ဒါလေးသတိထားပါ။

ကလေး အန်ရင် အန်ဖတ်ကို ဓာတ်ပုံရိုက်ထားပါဗျ။

ဆေးခန်းပြတဲ့အခါ ဆရာဝန် ချက်ချင်း ရောဂါရှာနိုင်ဖို့ အများကြီး အထောက်အကူပြုလို့ပါပဲ။

အိမ်က က‌လေးတွေရဲ့ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက်ပြသဆွေးနွေးနိုင်ပါပြီ ✅

08/06/2026

📌 ကလေးတွေ ခဏခဏအန်နေတဲ့အခါ မိဘတွေ ချက်ချင်း ဘာလုပ်ပေးရမလဲ?

➡️ အစာခေတ္တ ဖြတ်ထားပါ။

ထပ်အန်ပြီး အစာအိမ် ပိုမရောင်စေဖို့ အနည်းဆုံး (၆) နာရီကနေ (၁၂) နာရီအထိ အစာ လုံးဝ (လုံးဝ) ပေးမကျွေးပါနဲ့ဦး။

➡️ ဓာတ်ဆားရည် နည်းနည်းချင်း တိုက်ပါ။

ခဏခဏအန်ရင် ရေဓာတ်ခမ်းခြောက်ပြီး Shock ရတတ်လို့ ခွေး၊ ကြောင်သုံး ဓာတ်ဆားရည်ကို

Syringe (ဆေးထိုးပြွန်) လေးနဲ့ ပါးစပ်ဘေးကနေ တစ်ခါတိုက်ရင် နည်းနည်းချင်းစီ ခဏခဏ တိုက်ပေးပါ။

➡️ တိကုဆရာ၀န်နဲ့တိုင်ပင်ပါ။ လိုအပ်ရင်ဆေးခန်း အမြန်ဆုံးပြပါ။

အန်ဖတ်ထဲမှာ သွေးပါလာရင်ဖြစ်ဖြစ်၊ (၂၄) နာရီထက်ကျော်ပြီး ဆက်အန်နေရင်ဖြစ်ဖြစ်၊ တိကုဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့အခါ

အိမ်မှာတင် အချိန်မဆွဲဘဲ တိရစ္ဆာန်ဆေးခန်းကို ချက်ချင်း အပြေးခေါ်သွားဖို့ အရေးကြီးဆုံးပါဗျ။

📌 အိမ်က က‌လေးတွေရဲ့ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက်ပြသဆွေးနွေးနိုင်ပါပြီ။

07/06/2026

Review တွေကတော့ အများကြီးပဲဗျ ✅

ကျွန်တော်ကလေးတွေ ကုသရတာ၊ စာပြန်ဆွေးနွေးပေးနေရတာတွေနဲ့ မအားတာနဲ့ မတင်ရဘူး ဖြစ်နေတာဗျာ

ဒီလို Review လေးတွေ ပေးတဲ့ ဖေဖေ မေမေတို့ကိုလည်း ကျေးဇူးပါဗျ

Dr72 နဲ့ တွေ့ပြီး အိမ်က ကလေးတွေ အိုကေစိုပြေသွားတာပဲ ကြားချင်ပါတယ် 😆

ကျွန်တော်နဲ့ဆွေးနွေးကုသဖူးတဲ့ ဖေဖေ မေမေတို့လည်း

အိမ်က ကောင်တွေရော နေကောင်းနေကြပြီလားဆို‌တာ comment မှာ မန့်သွားပါဦးဗျ 🩵

မိဘများနဲ့ ကလေးများအားလုံး ကျန်းမာကြပါစေ 🙏🏻

06/06/2026

မိုးခြိမ်းသံကြားတာနဲ့ အိမ်ကကလေး‌တွေ
ပျာပျာသလဲ လာပုန်းတတ်လားနော်

ကလေးတွေရဲ့ အကြားအာရုံက လူတွေထက်
အများကြီးပိုကောင်းတာမို့ မိုးခြိမ်းသံတွေကို
အရမ်းကြောက်ကြတာပါ

သူတို့လေးတွေ ကြောက်တဲ့အခါဆို

🐾 တစ်ကိုယ်လုံး တုန်နေတာ
🐾 နေရာကျဉ်းကျဉ်းတွေမှာ ဝင်ပုန်းတာ
🐾 ဟိုပြေးဒီပြေးလုပ်ပြီး ဂနာမငြိမ် ဖြစ်တာ
မျိုးတွေ လုပ်တတ်ပါတယ်။

ဒီလိုအချိန်ဆို မဆူပါနဲ့ဗျာ

တံခါးတွေပိတ်၊ တီဗီတို့ သီချင်းတို့ဖွင့်ပြီး
မိုးခြိမ်းသံကို အာရုံလွှဲပေးပါ

ပြီးရင် ဘေးနားမှာနေပြီး ပွတ်သပ်
ချော့မြူပေးလိုက်ပါခင်ဗျာ 🫂

အိမ်ကကလေးတွေရော မိုးခြိမ်းရင်
ကြောက်တတ်လား Comment မှာ
ပြောခဲ့ပါဦးဗျာ

05/06/2026

🌧️ မိုးရာသီက ဗိုင်းရပ်စ်ပိုးတွေ ပေါက်ဖွားမှု အများဆုံးအချိန်မို့ ခွေးလေးတွေအတွက်

အသက်အန္တရာယ်အရှိဆုံး ဝမ်းကိုက်ပိုး (Parvovirus) ကို အရမ်းကြောက်ရပါတယ်ဗျာ

➡️ အပြင်အရမ်းထွက်တတ်တဲ့ ကလေးတွေအတွက်စိတ်ပူရသလို အပြင်မထွက်တဲ့ ကလေးလည်း စိတ်မချပါနဲ့ဦး

➡️ မိဘတွေ အပြင်ကပြန်လာတဲ့အခါ

ဖိနပ်အောက်ခြေနဲ့ အဝတ်အစားတွေမှာ ပါလာတဲ့ ပိုးမွှားတွေကတစ်ဆင့် အိမ်ထဲကကလေးဆီ ကူးစက်တတ်လို့ပါပဲ

ဒီပိုးက ကူးစက်ခံရရင် သွေးဝမ်းသွား၊ အန်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ကလေးတွေ တော်တော်လေး ခံစားရရှာပါတယ်

📌 ကလေးတွေကို ကာကွယ်ဖို့ -

အပြင်ကပြန်လာရင် လက်ဆေး၊ အဝတ်လဲပြီးမှ ကလေးကို ကိုင်ပေးပါ။

ဒီမိုးတွင်းမှာ ပိုးမွှားဒဏ်ခံနိုင်အောင် ကာကွယ်ဆေး ရက်ချိန်း ခုပဲ ပြန်စစ်ပြီး ပြည့်အောင် ကြိုတင်ထိုးပေးထားပါဗျာ။

ကလေးတွေ ကာကွယ်ဆေး ထိုးပြီးကြပြီလားဗျာ? Comment မှာ ပြောခဲ့ပါဦး 👇🏻

အိမ်က က‌လေးတွေရဲ့ကျန်းမာရေးနဲ့
ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက
Page Messenger တွင်
လာရောက်ပြသဆွေးနွေးနိုင်ပါပြီ။

04/06/2026

"မိုးရွာလို့ အေးအေးလူလူနဲ့ အိပ်နေတုန်း
ကိုယ့်ကလေးက ဘေးနားမှာ တကုတ်ကုတ်နဲ့
လျှောက်ယက်နေပြီဆိုရင်..."🌧️

မကြာခင် မိုးရာသီရောက်တော့မယ်ဆိုတော့
စိုထိုင်းမှုကြောင့် ကလေးတွေမှာ အဖြစ်အများဆုံးက "ခြေဖဝါးကြား မှိုစွဲတာ" ပါပဲ 🐾

မိုးရေစိုပြီး ပြန်လာတဲ့အခါ ခြေထောက်ကို
သေသေချာချာ မသုတ်ပေးရင်

ခြေဖဝါးကြားတွေ နီရဲပြီး ယားလာပြီး
ကလေးတွေကလည်း တကုတ်ကုတ်နဲ့
လျှောက်ကိုက်၊ လျှောက်ယက်တော့တာပဲ

ဒါကို ပေါ့ဆလိုက်ရင် အနာရင်းပြီး
လမ်းတောင် မလျှောက်နိုင်တဲ့အထိ
ဖြစ်သွားတတ်ပါတယ် 💔

📌 အဓိကကတော့
အပြင်က ပြန်လာရင်ဖြစ်ဖြစ်၊
ရေချိုးပေးပြီးရင်ဖြစ်ဖြစ်

ခြေဖဝါးကြားတွေကို တစ်ရှူး ဒါမှမဟုတ်
အဝတ်ခြောက်နဲ့ ခြောက်သွေ့နေအောင်
သေချာသုတ်ပေးဖို့ပါပဲ

အစိုဓာတ်မရှိရင် မှိုလည်း မစွဲနိုင်တော့ဘူးပေါ့

ဒီမိုးရာသီမှာလည်း အိမ်က ကလေးတွေကို
သေချာဂရုစိုက်ပေးပါဦး မေမေ၊ ဖေဖေတို့

📌 အိမ်က က‌လေးတွေရဲ့ကျန်းမာရေးနဲ့
ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက
Page Messenger တွင်
လာရောက်ပြသဆွေးနွေးနိုင်ပါပြီ

Want your public figure to be the top-listed Public Figure in Riffa?
Click here to claim your Sponsored Listing.

Category

Telephone

Address


Riffa

Opening Hours

Monday 11:30 - 04:00
Tuesday 11:30 - 04:00
Wednesday 11:30 - 04:00
Thursday 11:30 - 04:00
Friday 11:30 - 04:00
Saturday 11:30 - 04:00
Sunday 11:30 - 04:00