Life In Motion

Life In Motion

Share

Where legends are made and memories are cherished

Photos from Life In Motion's post 04/09/2026

M League ကလပ်အသင်းများအနေဖြင့် Star City ကွင်းအား အတုယူသင့်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေမြုပ်နေသော ဘောလုံးကွင်းများကိုပစ်ထားခဲ့ပြီး သန်လျင်တဖက်ကမ်းသို့ ဘောလုံးပွဲလာရောက်ကျင်းပနေသော ယခင် Myanmar National League (ခေါ် )အမည်ပြောင်း M League.

ဒီစာလေးကတော့ သရော်စာမဟုတ်ပဲ မှန်ကန်သောစနစ်တခုဖြင့် ဘောလုံးကွင်းများကိုအဆင့်မီအောင် ဘောလုံးကွင်းနှင့်တူအောင်
ပြုပြင်ထိန်းသိမ်းစေလိုသောရည်ရွယ်ချက်ဖြင့်ရေးသားခြင်းသာဖြစ်ပါသည်။

M League (Week1) ကန်ပြီး ပရိတ်သတ်အချို့၏ဝေဖန်မှုများကြောင့် ရေကြီးနေသော ဘောလုံးကွင်းများကိုပစ်ကာ သန်လျင်မြို့တဖက်ကမ်းရှိ Star City ကွင်းတွင် Week 2 ပွဲစဉ်အချို့အား ကျင်းပရန်စီစဉ်လာခြင်းဖြစ်ပါသည်။

Star City ကွင်းမှာ August လမှစတင်ပြီး ဧရာဝတီအမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်း၊ ရတနာပုံအသင်း အစရှိသော အသင်းများ ပုံမှန် Training ဆင်းခြင်း၊ ခြေစမ်းပွဲများလာရောက်ကစားခြင်းနှင့် ယနေ့ Sept 4 ရက်နေ့တွင် M League Week2 ပွဲစဉ်များကိုပါ ကျင်းပ ကစားစေမည်ဖြစ်ပါသည်။

အသင်းအချို့ရဲ့ ပရိတ်သတ်များကလည်း သန်လျင်သို့လာရန် အခက်အခဲရှိနေသောကြောင့် ဝေဖန်မှုများရှိနေပေမယ့် စာရေးသူကျွန်တော့်အနေဖြင့် တစ်ခေါက်လောက်တော့ ဒီလိုကွင်းကို အရောက်လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နေပူပူ မိုးရွာရွာ ဘောလုံးပွဲကို ဘောလုံးပွဲနဲ့တူအောင်ကြည့်ရမယ့်ကွင်းဖြစ်လို့ပါ။ Star City ကွင်းဟာ ပြိုင်ပွဲများကျင်းပဖို့ တည်ဆောက်ထားခဲ့တာမဟုတ်တဲ့အတွက် ပွဲကြည့်စင်အနေအထားအရတော့ အနည်းငယ်အခက်အခဲရှိနိုင်ပေမယ့် ဘောလုံးကွင်းတစ်ကွင်းရဲ့ အခြေခံလိုအပ်ချက်ဖြစ်သော Infrastructure နဲ့ ကွင်း facilities များဟာ အဆင့်တစ်ခုမှာရှိနေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

မိုးဘယ်လောက်ရွာရွာရေမဝတ်သော maintenance ကောင်းမွန်သော ကွင်းမြက်ခင်းပြင်နဲ့ အဆင့်မီသောအသင်းသားများအဝတ်လဲခန်းများ ၊ အဆင့်မီသော club house နဲ့ gym , International swimming pool ၊ကျယ်ဝန်းသောကားပါကင် ဒီလိုအခြေခံလိုအပ်ချက်တွေဟာ ကလပ်အသင်းပိုင် ဘောလုံးကွင်းတစ်ကွင်းမှာ ရှိသင့်တဲ့ စံနှုန်းများနှင့်ကိုက်ညီသော အလွန်ပင်အရေးကြီးသည့် အချက်များဖြစ်ပါသည်။

M League ကလပ်အသင်းများအနေဖြင့် မိမိတို့ကိုယ်ပိုင်အိမ်ကွင်းများကို သူ့ထက်ငါအပြိုင် ပြုပြင်ထိန်းသိမ်းနေသော်လည်း ပြုပြင်ပြီးအချိန်ကာလ ခဏသာ အဆင်ပြေပြီး နောက်ပိုင်း Long-Term Maintenance Plan စနစ်တကျမရှိခြင်းတို့ကြောင့် ကွင်းတွေဟာ ကြာလေကြာလေပိုမိုဆိုးရွားစွာ ပျက်စီးလာလေလေဖြစ်ပါတယ်။

စာရေးသူကျွန်တော် ဒီကွင်းထဲမှာ ပြည်ပထွက်ကန်ပြီးပြန်ရောက်လာတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတစ်ဦးနဲ့ Star City မှာ Training လုပ်အပြီး စကားပြောဖြစ်ပါတယ်။ ကျွန်တော် အခုမှဒီကွင်းကိုရောက်ဖူးတာ ဟိုကိုတောင်လွမ်းသွားတယ်ဗျာတဲ့ ဘောလုံးကွင်းဆိုတာ ဒီလိုဖြစ်နေရမှာ ဒီက ကလပ်အသင်းတွေ ဒီလို Facilities တွေဖန်တီးပေးနိုင်ရင် သိပ်ကောင်းမှာပဲတဲ့ ၊ အဲ့လိုပဲ နောက်တနေ့ ကလပ်အသင်းတစ်သင်းက တာဝန်ရှိသူတစ်ယောက်နဲ့ သူတို့ training အပြီးစကားပြောဖြစ်ပြန်ရော ဒီကွင်း ဒီအနေအထားအတိုင်း ပွဲကြည့်စင် နောက်တစ်ခုပဲထပ်ဆောက်လိုက်ရင် AFC ပွဲတွေတောင် လက်ခံကျင်းပလို့ရတယ်တဲ့ ကျွန်တော်တို့ ဟောင်ကောင်သွားကန်တုန်းက ကွင်းနဲ့ ပုံစံတူတယ်တဲ့ ပွဲကြည့်စင်ပဲလိုတာတဲ့ ကျန်တဲ့ facilities တွေက ကွက်တိပဲတဲ့ ၊ သူတို့တွေတကယ်သဘောကျနေကြပါပြီ။ ဒါကတော့ မြေပြင်မှာတိုက်ရိုက်ထိတွေ့ ခံစားနေရသူတွေပေါ့ အသင်းပိုင်ရှင်ကြီးတွေလည်း ဒီလိုဖွဲ့စည်းပုံ၊ ဒီလိုအခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် MLeague ဟာ ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို သွားနိုင်မယ်လို့ ထင်ပါတယ်။ တစ်ထပ်တည်းလိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး ကောင်းမွန်တဲ့စနစ်တခုကို အတုယူပြီး တတ်သိနားလည်တဲ့ professional တွေနဲ့ စနစ်တကျ ဘောလုံးကွင်းတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းဖို့လိုအပ်တာဖြစ်ပါတယ်။

ဘောလုံးကွင်းကောင်းကောင်းရှိမှ ဘောလုံးသမားကောင်းတွေ ထွက်လာနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားလာဖို့ အခြေခံလိုအပ်ချက်တွေကို မြေပြင်မှာထိထိရောက်ရောက် စနစ်တကျဆောင်ရွက်သင့်ကြောင်း အကြံပြုပါရစေခင်ဗျာ။

StarCity Sports Club ဆိုတာ Star City အိမ်ရာထဲမှာတည်ရှိတဲ့ အိမ်ရာနေထိုင်သူများအတွက် Sports + Community + Lifestyle တို့ကို ပေါင်းစပ်ပေးထားတဲ့ Myanmar’s largest indoor and outdoor multi-sports complex တစ်ခုဖြစ်ပါတယ်ခင်ဗျာ။

အပြုသဘောဆောင်တဲ့ အကြုံပြုချက်နဲ့အတူ အောက်ကပုံလေးတွေကိုလည်း လေ့လာကြည့်ရှူနိုင်ပါတယ်ခင်ဗျာ။

#ပုံများအားသက်ဆိုင်ရာStarCitySportsClubPageနှင့်အသင်းpagemediapageများမှပြန်လည်ကူးယူဖော်ပြထားပါသည်။

Photos from Myanmar Football Federation's post 25/07/2026
Photos from Life In Motion's post 21/08/2025

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဩဂုတ်လ (၂၀)ရက်နေ့ ည (၁၀)ခန့်တွင် အမိမြေသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

#မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

19/08/2025

Match Day 🏆 FINAL

ASEAN Women's Championship (MSIG Serenity Cup 2025)

MYANMAR 🇲🇲 (Vs) 🇦🇺 AUSTRALIA
📅 Date - 19 August 2025
⏰ Time - 7:30 PM
🏟️ Venue - Lach Tray Stadium, Vietnam
🔴 Live - Channel 9, ASEAN United FC (YouTube)
#မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

18/08/2025

မြန်မာပရိတ်သတ်တွေဆာလောင်နေတဲ့ ရွှေရောင်အိမ်မက်ကို ယူဆောင်လာပေးမယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း။

✅ ASEAN Women’s Championship , MSIG SERENITY CUP 2025.

Final ➡️ Myanmar vs Australia
19 August 2025, 7:30 PM

#မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

16/08/2025

✅ MATCHDAY!
ASEAN Women's Championship (MSIG Serenity Cup 2025)
………………………………………………………………………SEMI FINAL
Myanmar 🇲🇲 (vs) 🇹🇭 Thailand
📅 Date - 16 August 2025
⏰ Time - 3:30 PM(MMT)
🏟️ Venue - Lach Tray Stadium, Vietnam
🔴 Live - Channel 9, ASEAN United FC (YouTube)

#မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

Photos from Life In Motion's post 14/08/2025

မြန်မာ့ဘောလုံးသမိုင်းရဲ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦး ၊ သူ့ခေတ်သူ့အချိန်မှာ အကောင်းဆုံးညာနောက်ခံကစားသမားတစ်ဦး၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း လက်ရှိမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလက်ထောက်နည်းပြတစ်ဦးဖြစ်သူ ဦးမင်းသူ၏ ငယ်ဘဝအကြောင်းတစေ့တစောင်း။

မင်းသူကို ၁၉၇၉ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဧရာဝတီတိုင်းသား၊ မအူပင်ဇာတိဖြစ်ပါသည်။ ဖခင်ကိုယ်တိုင်က တိုင်းနှင့်ပြည်နယ်လက်ရွေးစင် ဘောလုံးသမားဖြစ်ခဲ့သော်လည်း သားဖြစ်သူကိုတော့ ခက်ခဲလှတဲ့ဘောလုံးသမားဘဝကို လျှောက်လှမ်းရန် မတိုက်တွန်းခဲ့ပေ။ မင်းသူသည် မွေးချင်း ညီအကိုမောင်နှမ ၄ယောက်ရှိပြီး သားလတ်တစ်ဦးဖြစ်သည်။

မင်းသူသည် ငယ်စဉ်ကတည်းက ခြင်းခတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဘောလုံးသမားဘဝကို မစတင်မီအချိန်တွင် ပိုက်ကျော်ခြင်းကစားခြင်းကို ကြေးစားခြင်းခတ်သူအဖြစ် ဖြတ်သန်းခဲ့သေးသည်။

1993 ခုနှစ် SEA GAMES ဘောလုံးပြိုင်ပွဲများကိုစတင်ကြည့်ရှူခဲ့ပြီး ဘောလုံးသမားတစ်ဦးဖြစ်လာစေရန် စိတ်ဆန္ဒပြင်းပြလာခဲ့သည်။ 1993 SEA GAMES ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက ဗိုလ်လုပွဲတွင် ထိုင်းအသင်းကိုရှုံးနိမ့်ကာ ငွေတံဆိပ်ဆုသာရရှိခဲ့သည်။

မင်းသူသည် ဘောလုံးကစားခြင်းကို အထက်တန်းကျောင်းသားဘဝ အ.ထ.က (၁) မအူပင် ကျောင်းတွင်းဘောလုံးပြိုင်ပွဲများကစားပြီး စတင်ဖြတ်သန်းခဲ့သည်။ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများမှတဆင့် မအူပင်ခရိုင်လက်ရွေးစင်ကစားသမားတစ်ဦးအဖြစ်ရွေးချယ်ခံခဲ့ရပြီး ၁၉၉၄ခုနှစ် ခရိုင်ပေါင်းစုံကျောင်းသားအားကစားပွဲတော်ကိုဝင်ရောက်
ကစားခဲ့ရသည်။ ထိုပြိုင်ပွဲတွင် မအူပင်ခရိုင်မှ တစ်ဦးတည်းသောဧရာဝတီတိုင်းလက်ရွေးစင်ကစားသမားအဖြစ် မင်းသူသည် ရွေးချယ်ခံခဲ့ရသည်။ ထိုမှစတင်ကာ ဘောလုံးသမားဘဝလမ်းစ ပေါ်လွင်လာခဲ့သည်။

ထို့နောက်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်လာခဲ့ပြီး ၁၉၉၅ခုနှစ်ပြည်နယ်နှင့်တိုင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းအသင်းနှင့်အတူ Champion ဆုကိုရယူနိုင်ခဲ့သည်။ တဆက်တည်းမှာပဲ ထိုနှစ်မှာတွင် ကုန်သွယ်ရေးဘောလုံးအသင်းသို့ စတင်ရောက်ရှိသွားခဲ့သည်။

မင်းသူသည် ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့ အားကာ/သိပ္ပံ အပတ်စဉ် (၄)တွင် ၆လ သင်တန်းတက်ရောက်ခဲ့သည်။ ထို့နောက် ဆရာဦးအောင်နိုင် (မြန်မာ့လက်ရွေးစင်/ကုန်သွယ်ရေး) နှင့်တွေ့ဆုံကာ ဘောလုံးသမားဘဝကို ပိုမိုပီပြင်ထင်ဟပ်လာစေခဲ့ပြီး ၁၉၉၆ ခုနှစ်မှာပင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကြီးသို့တိုက်ရိုက်အရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်တွင် မင်းသူသည် အသက် ၁၇နှစ်သာရှိသေးသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဘဝ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ၁၉၉၈ခုနှစ် TigerCup ကို စတင်ကစားခဲ့ရသည်။

မင်းသူသည် ၁၉၉၆ခုနှစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကြီးတွင် မျိုးလှိုင်ဝင်း ၊ တင်မြင့်အောင်၊ စန်းထွေး၊ စန်းလွင်၊ မင်းဇော်ဦး ၊ မောင်မောင်ကြီး ၊ မောင်မောင်အောင်၊ ဌေးမြင့်၊ သန်းဝေ ၊ တင်မျိုးအောင်၊ ထွန်းထွန်းစိုး၊ မျိုးမြင့်ထွေး၊ သက်ခိုင်၊ တင်ထွေး အစရှိသော စီနီယာများနှင့်အတူ ကစားခွင့်ရရှိခဲ့သူဖြစ်သည်။ ထိုမှတဆင့် လက်ရွေးစင်အသင်းကြီးနှင့်အတူ နိုင်ငံတကာပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခွင့်ရရှိလာခဲ့သည်။

မင်းသူသည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်အတူ ရွှေတံဆိပ်ဆု (၄)ကြိမ်ဖိတ်ခေါ်ပြိုင်ပွဲများအပါအဝင်၊ မာဒေးကား ရွှေ(၁) ၊ ငွေ (၁)နှင့် SEA GAME ကြေးတံဆိပ်ဆု (၁) ခု ရရှိခဲ့သည်။

ကလပ်ကစားသမားဘဝတွင် ကုန်သွယ်ရေးအသင်း မှ အမည်ပြောင်း စီးပွါးကူးသန်းအသင်းနှင့်အတူ အဆင့်မြင့်တန်းပြိုင်ပွဲများကို ဝင်ရောက်ကစားခဲ့ပြီး ၂၀၀၉ခုနှစ် Myanmar National League ပြောင်းလဲချိန်တွင် ဇေယျာရွှေမြေအသင်းနှင့်အတူ (၈)နှစ်ကြာ Professional ဘောလုံးသမားဘဝကို ဆက်လက်ကစားခဲ့သည်။

မင်းသူသည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားဘ၀ကို အနားယူခဲ့ပြီး ဇေယျာရွှေမြေအသင်းတွင်ဆက်လက်ကစားခဲ့ကာ ၂၀၁၇ခုနှစ်တွင် ဘောလုံးကစားခြင်းကို အပြီးတိုင်အနားယူခဲ့သည်။ ဘောလုံးကစားသမားဘဝအနားယူချိန်တွင် မင်းသူသည် အသက်၃၈နှစ် ရှိပြီဖြစ်သည်။

Professional ဘောလုံးကစားသမားဘဝကိုအနားယူခဲ့ပြီးနောက် ၂၀၁၈ခုနှစ်တွင် နည်းပြဘဝသို့ကူးပြောင်းခဲ့ပြီး ဇေယျာရွှေမြေလူငယ်စီမံကိန်းများကိုကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဇေယျာရွှေမြေလူငယ်အသင်းနည်းပြချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၉ နှစ်တွင် ဇေယျာရွှေမြေအသင်းကြီးလက်ထောက်နည်းပြ၊ ထို့နောက် မြန်မာ့လက်ရွေးစင် U16 နည်းပြချုပ်အဖြစ်လည်းကောင်း၊ ၂၀၂၀ခုနှစ်တွင်ရှမ်းယူနိုက်တက်အသင်းသို့ရောက်ရှိလာခဲ့ပြီး ရှမ်းယူနိုက်တက်လူငယ်အသင်းလက်ထောက်နည်းပြ၊ ထို့နောက်ရှမ်းယူနိုက်တက်နည်းပြချုပ်အဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ချာရတဒိုင်း Champion ဆုကိုပါရယူပေးနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်နည်းပြဘဝတွင် U19 အသင်းနှင့် ပြိုင်ပွဲတလျှောက်ရှုံးပွဲမရှိ Champion ဆုနှင်အတူ ရှမ်းယူနိုက်တက်အသင်းအတွက် ဆုဖလား ၃လုံးတိတိဆွတ်ခူးပေးနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရှမ်းယူနိုက်တက်မှ ထွက်ခွါခဲ့ပြီး ရန်ကုန်ဘောလုံးအကယ်ဒမီနည်းပြချုပ်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၏ လက်ထောက်နည်းပြအဖြစ်
ယနေ့အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။


#မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း
#မြန်မာ့လက်ရွေးစင်အသင်းနည်းပြ

#နည်းပြ
#မင်းသူ

13/08/2025

အုပ်စုပထမဖြင့် နောက်တဆင့်တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

ASEAN Women's Championship (MSIG Serenity Cup 2025)
……………………………………………………………………………………….
FULL TIME RESULT
Myanmar 🇲🇲 (1-1) 🇵🇭 Philippines
Win Theingi Tun (35') Nina Mathelus (71')

✅ Player of the Match - Win Theingi Tun



#မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

13/08/2025

အုပ်စုနောက်ဆုံးပွဲမှာ ဖိလစ်ပိုင်ကိုအနိုင်ကစားမယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ။

MATCHDAY!
ASEAN Women's Championship (MSIG Serenity Cup 2025)
……………………………………………………………………………………….
Myanmar 🇲🇲 (vs) 🇵🇭 Philippines
📅 Date - 13 August 2025
⏰ Time - 7:00 PM
🏟️ Venue - Lach Tray Stadium, Vietnam
🔴 Live - Channel 9,
ASEAN United FC (YouTube)

10/08/2025

FULL TIME !
ASEAN Women's Championship (MSIG Serenity Cup2025)
Myanmar 🇲🇲 (3-0) 🇹🇱 Timor Leste
Win Theingi Tun (43', 54', 62'-P)

………………………………..
AFC U20 Women’s Asian Cup 2026 Thailand (Qualifiers)
--------------------------------------
FULL TIME
MYANMAR 🇲🇲 (0️⃣ -1️⃣) 🇮🇳 INDIA



#မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း

Category

Address


Yangon