The In-Depth
နိုင်ငံရေး-လူမှုရေး-စီးပွားရေး ဆိုင်ရာ သူ့အမြင်-ကိုယ့်အမြင် သူ့အတွေး-ကိုယ့်အတွေး များ
All that matters is Venezuelans wanted Maduro out and are happy he’s gone. Full stop. The talk about Trump violating human rights or international law is just another noise from liberal hypocrites.
𝐎𝐢𝐤𝐨𝐩𝐡𝐨𝐛𝐢𝐚: အနောက်လွှမ်းမိုးမှုရဲ့ နိဂုံးအစလော
Oikophobia ဆိုတာ ကိုယ့်လူမျိုး ကိုယ့်ယဥ်ကျေးမှုကို မုန်းတီးအထင်မြင်သေးကာ အဆိုးမြင်တတ်တဲ့ ဝါဒတစ်မျိုး ဖြစ်တယ်။ Oikophobia ရဲ့ဆန့်ကျင်ဖက် ဝါဒကတော့ xenophobia လို့ခေါ်ကာ ပြင်ပလူ သို့မဟုတ် တိုင်းတစ်ပါး လူမျိုးနဲ့ ယဥ်ကျေးမှု မုန်းတီးရေး ဝါဒဖြစ်တယ်။
Oikophobia ဆိုတဲ့ ကိုယ့်လူမျိုးနဲ့ ယဥ်ကျေးမှုမုန်းတီးရေး ဝါဒဟာ ဘယ်ချိန်မှာ ဖြစ်တတ်လဲ ဆိုရင် သမိုင်းအရ အောင်မြင်ပြီးအင်အားကြီးမားတဲ့တိုင်းပြည်နဲ့ ပြင်ပရန်ကြီးကြီးမားမားမရှိတဲ့ တိုင်းပြည်တွေမှာ ပြည်သူတွေက သူတို့ရဲ့ယဥ်ကျေးမှုနဲ့ ထုံးတမ်းစဥ်လာတွေ ငြီးငွေ့လာခြင်းဖြင့် ဖြစ်တတ်တဲ့ အတွေးခေါ်ဝါဒဖြစ်တယ်လို့ စာရေးဆရာ Benedict Beckeld ပြောခဲ့တာဖြစ်တယ်။ ဥပမာ- ရောမ နဲ့ ဂရိ အင်ပါယာကြီးတွေ တဖြည်းဖြည်း အင်အားဆုတ်ယုတ်ကာ ပျက်စီးသွားတာက Oikophobia ဝါဒကြောင့် ဖြစ်ခဲ့တယ်လို့ Beckeld ကသုံးသပ်ခဲ့တာ ဖြစ်တယ်။
အခုခတ်မှာ အနောက်နိုင်ငံ အထူးသဖြင့် ဥရောပနဲ့ အမေရိကားနိုင်ငံတွေကိုကြည့်လိုက်ရင် Oikophobia အတွေးခေါ်က တက္ကသိုလ်ကျောင်းတွေနဲ့ လူငယ်တွေကြားမှာ တစ်ခတ်ပြန်စားလာတာ မြင်ရတယ်။ အနောက်နိုင်ငံ ကျောင်းတွေမှာ ဥရောပ ကိုလိုနီသမိုင်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အနောက်တိုင်းယဥ်ကျေးမှု မုန်းတီးရေး ဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်ကောင်းနေတာ ဥရောပနိုင်ငံအားလုံးနီးပါး နဲ့ အမေရိကား သြစတေးလျနိုင်ငံတွေမှာ တွေ့မြင်နေရမှာဖြစ်တယ်။ ဟုတ်တယ်၊ ဥရောပနဲ့ အနောက်နိုင်ငံများရဲ့ သမိုင်းကိုပြန်ကြည့်ရင် အင်မတန်အရုပ်ဆိုးအကျဥ်းတန်တဲ့ စာမျက်နှာတွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။
တစ်ဖက်က ပြန်ကြည့်ရင် အနောက်နိုင်ငံတွေကြောင့်သာ မဟုတ်ရင် လူ့သမိုင်း စာမျက်နှာပေါ်က အရုပ်ဆိုးဆုံးဖြစ်တဲ့ ကျွန်ပိုင်ရှင်စနစ် ယနေ့ထိပပျောက်နိုင်ပါ့မလား။ ပြီးတော့ လူအခွင့်ရေးကြေညာစတန်းတွေ ပေါ်ထွက်နိုင်ပါလား ဆိုတဲ့မေးခွန်တွေ မေးစရာရှိတယ်။ အမျိုးသမီးနဲ့ ကလေး အခွင့်ရေး စသည့် လူသားမျိုးနွယ်အားလုံးကို အကျိုးပြုတဲ့ဥပဒေတွေ ထွက်လာမလား ဆိုတာ စဥ်းစားစရာ ဖြစ်တယ်။ ဘာဘဲပြော အာရာရာတိုင်းမှာ အဆိုးနဲ့ အကောင်းတော့ ဒုန်တွဲနေကြ စမြဲပါ။
စာရေးဆရာ Benedict Beckeld သုံးသပ်မှုသာ မှန်ခဲ့ရင် လက်ရှိအနောက် မုန်းတီးရေးလှုပ်ရှားမှု အနောက်နိုင်ငံတိုင်းမှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာခြင်းက အနောက်လွှမ်းမိုးမှုရဲ့ နိဂုံးအစလောဆိုတာ စဥ်းစားစရာတစ်ခုဖြစ်လာတယ်။
By-RLT
အစုလိုက်အပြုံလိုက်လူသတ်မှု ကျူးလွန်တဲ့ ရခိုင်တပ်တော် ULA/AA
𝐒𝐥𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐚𝐧𝐝 𝐒𝐢𝐥𝐞𝐧𝐜𝐞: 𝐀𝐫𝐚𝐤𝐚𝐧 𝐀𝐫𝐦𝐲 𝐀𝐭𝐫𝐨𝐜𝐢𝐭𝐢𝐞𝐬 𝐄𝐦𝐞𝐫𝐠𝐞 𝐟𝐫𝐨𝐦 𝐑𝐚𝐤𝐡𝐢𝐧𝐞
On May 2, 2024, the Arakan Army (ULA/AA) was allegedly responsible for the killing of more than 600 civilians in Htan Shauk Khan village, Buthidaung Township, Rakhine State.
Among the victims were children, the elderly, pregnant women, and people with disabilities. Reports also indicate that some bodies were burned with gasoline. Although efforts were made to conceal the atrocity, photographic evidence has surfaced more than a year later.
The ULA/AA has also been accused of targeting the Rohingya Muslim community. The group currently controls large parts of Rakhine State and Paletwa Township in Chin State. In areas under ULA/AA control, there have been numerous reports of sexual violence, including the harassment and r**e of young women.
အာဏာရှင်တော်လှန်ရေးမှ အာဏာတည်ဆောက်ရေးဘက် ဦးတည်လာခြင်းက အချင်းချင်းကြား အငြင်းပွါးမှုနဲ့ ပဋိပက္ခရဲ့ အဓိက အရင်းမြစ်လို့ဘဲ သုံးသပ်ချင်တယ်။
02/07/2025
“Joshua Van နဲ့ မြန်မာအလံ”
𝐉𝐨𝐬𝐡𝐮𝐚 𝐕𝐚𝐧 & 𝐓𝐡𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐥𝐚𝐠
Joshua Van ရဲ့အောင်မြင်မှုသည် မြန်မာပြည်သူ အားလုံးအတွက် ပျော်ရွှင်မှုအပြည့် ပေးနိုင်ခဲ့တယ်။ အထူးသဖြင့်သန်းပေါင်းများစွာသော နိုင်ငံတကာပရိသတ်ရှေ့မှာ မြန်မာအလံနဲ့ UFC Octagon ထဲဝင်လာပြီး ပြိုင်ဘက်ကို လှလှပပနဲ့ အနိုင်ယူပြသွားတာကိုက မြန်မာပြည်သူ အားလုံးအတွက် ဂုဏ်ယူလို့ မဆုံးဖြစ်စေခဲ့တယ်။ မြန်မာပြည်သား တစ်ယောက်ရဲ့ အောင်မြင်မှုဟာ မြန်မာပြည်သူအားလုံးရဲ့အောင်မြင်မှုဆိုတဲ့ စိတ်ဓတ်နဲ့ အားပေးခဲ့ကြတာဖြစ်တယ်။ မြန်မာအလံ မပါလည်း Joshua Vanဟာ မြန်မာပြည်သားဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် ကိုယ်စားပြုမှုမှာ မြန်မာအလံမပါတဲ့ Joshua Van နဲ့ မြန်မာ့လံယူသွားတဲ့ Joshua Van မတူဘူး ဆိုတာဖော်ပြချင်တယ်။ မြန်မာအလံမပါခဲ့ရင် Joshua Vanဟာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကစားသမား သက်သက်သာ ဖြစ်မှာပါ။ ဘယ်သူကိုမှ ကိုယ်စားပြုမှာမဟုတ်ဘူး။
ဒါပေမယ့် UFC Octagon ထဲကိုမြန်မာအလံယူသွားတာနဲ့ သူဟာမြန်မာအားလုံးကိုကိုယ်စားပြုတယ် ဆိုတဲ့သင်္ကေတဖြစ်လို့ သူ့ရဲ့နိုင်ပွဲဟာ အားလုံးရဲ့နိုင်ပွဲဖြစ်သွားတာပါ။ ဒါဟာသိပ်ကျေနပ်စရာ မြင်ကွင်းဖြစ်သလို မြန်မာနိုင်ငံသားအားလုံး စည်းလုံးရေးလက္ခဏာ တစ်ခုလည်းဖြစ်တယ်။
တစ်ချို့သူတွေက Joshua Van ယူသွားတဲ့အလံဟာ ၂၀၀၈ ခြေဥအလံဆိုပြီး ဝေဖန်သူတွေရှိတယ်။ မေးခွန်းထုတ်စရာက ‘ဒါဆို မြန်မာပြည် ကိုယ်စားပြုတဲ့ အခြားအလံရှိလားပေါ့။’ ၂၀၀၈ ခြေဥကို မလိုချင်ကြတာ အမှန်ဘဲ။ ဒါပေမယ့် အလံဆိုတာ ခြေဥကို ကိုယ်စားပြုတာမဟုတ်ဘူး။ မြန်မာဆိုတဲ့ သင်္ကေတ တစ်ခုကိုကိုယ်စားပြုတာဖြစ်တယ်။
မြန်မာအလံကို Octagon အထဲသို့ ယူသွားတဲ့ Joshua Van ဟာ ၂၀၀၈ ခြေဥကို ကိုယ်စာပြုဖို့ ယူသွားတာမဟုတ်ဘူး။ မြန်မာဆိုတဲ့ သင်္ကေတကို ကိုယ်စားပြုဖို့ ယူသွားတာဖြစ်တယ်။ လက်ရှိအချိန်မှာ ဒီအလံကလွဲပြီး အခြားမရှိသေးဘူး။ ဒီသင်္ကေတအောက်မှ မောင်ဖြူ မောင်မဲ မောင်နီ အားလုံး ကိုယ်စားအပြုခံရတာဖြစ်လို့ သူ့နိုင်ပွဲက ကိုယ့်နိုင်ပွဲဖြစ်ရတာပါ။ အလံဆိုတဲ့ အရောင်နဲ့ ဒီဇိုင်းက ဘယ်ချိန်မဆို ပြောင်းလို့ရပါတယ်။ ဒါပေမယ့် မြန်မာဆိုတဲ့ identity သင်္ကေတ လက္ခဏာတော့ ဘယ်နေရာရောက်ရောက် ပြောင်းရခက်ပါလိမ့်မယ်။ ဒီပြောင်းလဲဖို့ မလွယ်တဲ့ သင်္ကေတ လက္ခဏာကို Joshua Van ကကိုယ်စားပြုတယ်ဆိုပြီး နားလည်သဘောပေါက်ဖို့လိုပါတယ်။
By-RLT
18/06/2025
အစွန်းရောက်ရင် အဆုံးသပ်မလှနိုင်ပါ
အီရန် 🇮🇷 အစ္စရေး 🇮🇱 စစ်ပွဲ
အိရန်ဟာ အဏုမြူဗုံးထုတ်လုပ်နိုင်ဖို့ ရက်ပိုင်းသာလိုတော့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အိရန်ရဲ့ထိပ်ပိုင်းစစ်ခေါင်းဆောင်များ နျူကလီးယားသိပ္ပံပညာရှင်တစ်ချို့အပါဝင် နျူးကလီယားစက်ရုံကို အစ္စရေးက တိုက်ခိုက်ရှင်းလင်း နိုင်ခဲ့တယ်။ ဒီစစ်ဆင်ဒေရးကို “Operation Rising Lion’ လို့ နာမည်ပေးထားတယ်။ ဒီစစ်ဆင်ဟာအစ္စရေးရဲ့ ၂၁ရာစုအကြီးမားဆုံး စစ်ရေးအောင်မြင်မှုလို့ သုံးသပ်ကြတယ်။
အိရန်အနေနဲ့ ဒုံးကျည်ပေါင်း ၃၀၀ကျော် နဲ့ ဒရုန်းရာချေသုံးကာ ပစ်ခတ်တုန့်ပြန်နိုင်ခဲ့တယ်။ အိရန်ရဲ့ ဒုံးနဲ့ဒရုန်းကြောင့် အစ္စရေးလဲ အတော် အထိနာခဲ့ရတယ်။ စစ်ရေးသုံးသပ်သူနဲ့ မီဒီယာအများစုကတော့ အစ္စရေးရဲ့ စစ်ရေးအောင်မြင်မှုကို ချီးကျူးကြတယ်။
အမှန်တော့ ၁၉၇၉ မှ ယနေ့ထိ နှစ်ပေါင်း ၄၀ ကျော်စီပွါးရေးပိတ်စုခံကာ နိုင်ငံတကာအသိုင်ဝိုင်းနဲ့ အထီးကျန်ခံရတဲ့ အိရန်ရဲ့အနေနဲ့ ပြည်တွင်ဖြစ် ဒုံး နဲ့ ဒရုန်း သုံးကာ မိုင်းပေါင်း ၂၀၀၀ နီးပါးအကွာဝေးက ပစ်မှတ်များကို ခြိမ်းခြောက်နိုင်တာကလည်း ချီးကျူးစရာပါ။ စီးပွါး အမျိုးမျိုးပိတ်စုခံထားရပေမယ့် သိပ္ပံဘာသာရပ်ဆိုင်ရာ ပညာရေးမှာ အိရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ထိပ်ပိုင်းအဆင့်မှာရှိတယ်။
အိရန်ရဲ့ အဓိကပြဿနာက နိုင်ငံရေးအပေါ် ဘာသာရေးအစွန်းရောက်တွေရဲ့ ကြီးစိုးမှုပါဘဲ။ အစ္စရေး အနေနဲ့ အိရန်ရဲ့ နျူကလီယား နဲ့ ဘာသာရေး အစွန်းရောက်ဝါဒီများကို ဆက်လက် ချေမှုန်းသွားမယ်လို့ ပြောတယ်။ အိရန်အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေ အစ္စရေးရန်ကနေ လွတ်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရလိမ့်မယ်။
အစွန်းရောက်လွန်းရင် အဆုံးသတ်မလှကြတာ အာလုံးအသိပါဘဲ။
23/04/2025
ဒေါ်လာ ၁၂ သန်း နဲ့ တာ၀န်ယူတာ၀န်ခံမှု ပျက်ကွက်နေဆဲ CBCUSA
𝑪𝑩𝑪𝑼𝑺𝑨'𝒔 𝑺𝒕𝒂𝒕𝒆𝒎𝒆𝒏𝒕 𝑨𝒇𝒕𝒆𝒓 𝑪𝒍𝒐𝒔𝒆𝒅-𝑫𝒐𝒐𝒓 𝑴𝒆𝒆𝒕𝒊𝒏𝒈: 𝑵𝒐 𝑷𝒓𝒐𝒈𝒓𝒆𝒔𝒔, 𝑻𝒓𝒂𝒏𝒔𝒑𝒂𝒓𝒆𝒏𝒄𝒚, 𝒐𝒓 𝑨𝒄𝒄𝒐𝒖𝒏𝒕𝒂𝒃𝒊𝒍𝒊𝒕𝒚
CBCUSA ရဲ့တံခါးပိတ်အစည်း အပြီးထုတ်ပြန်ချက် (Statement) တတ်နိုင်သလောက် ဘာသာပြန်ဆိုထားတာပါ။
𝐂𝐇𝐈𝐍 𝐁𝐀𝐏𝐓𝐈𝐒𝐓 𝐂𝐇𝐔𝐑𝐂𝐇𝐄𝐒, 𝐔𝐒𝐀 (𝐂𝐁𝐂𝐔𝐒𝐀)
ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ ကို ရှုတ်ချတတ်၏ (သုတ္တံကျမ်း အခန်းကြီး ၁၄ အခန်းငယ် ၃၄)။ Righteousness exalts a nation, but sin is a reproach to any people (Proverbs 14:34 NIV).
တံခါးပိတ်အစည်းဝေး ထုတ်ပြန်ချက်
၁။ လက်ရှိတော်လှန်ရေး ရန်ပုံငွေဒေါ်လာ ၁၂သန်းကိစ္စနဲ့ ပတ်သက်၍ အများပြည်သူထံသို့ အကြောင်းစုံ ရှင်းရှင်းလင်းလင်းမချပြနိုင်ခဲ့မှုကြောင့် လူမှုကွန်ယက်ပေါ်မှာ ၀ေဖန် အပြစ်ပြောခြင်းများစွာ ထွက်ပေါ်လာပြီး တော်လှန်ရေးအားနည်းစေခြင်း နှင့် ပြည်သူလူထုအကြား စိတ်ဓါတ်ကျဆင်းမှုများစွာ ဖြစ်ပေါ်စေမှုများကြောင့် အမှုဆောင် ဒါရိုက်တာများအဖွဲ့ ဆုံးဖြတ်ချက်အနေဖြင့် မတ်လ ၂၁-၂၂ တွင် Texas Chin Baptist Church, Dallas ပြည်နယ်မှာ တံခါးပိတ်အစည်း၀ေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂။ တံခါးပိတ်အစည်းဝေးတွင် ချင်းပြည် (Chinland) ကောင်စီ ဥက္ကဠ၊ ချင်းအမျိုးသားတပ်ဦး (USA) ဒေသတာ၀န်ခံ၊ CDF – Hakha ထောက်ပို့ကော်မတီအဖွဲ့၀င်၊ CDF – Zophei ထောက်ပို့ကော် မတီအဖွဲ့၀င်၊ CDF – KKG ထောက်ပို့ကော်မတီအဖွဲ့၀င်၊ ရပ်ရွာလူကြီးများ၊ စာရင်းစစ် နဲ့ အမှုဆောင် ဒါရိုက်တာများအဖွဲ့ များ စုစုပေါင်း ၃၅ ရောက်ပါ၀င်ခဲ့သည်။
၃။ CBCUSA ကိုယ်တိုင်ဖွဲ့စည်းခဲ့သည့် CDF ထောက်ပို့ကော်မတီအနေနဲ့ ကန်ဒေါ်လာ ၁၂ သန်း စီမံခန့်ခွဲမှု၊ ပစ္စည်း၀ယ်ယူမှု နှင့် ငွေသားလွှဲပေးရာတွင် အသုံးပြုသည့်ဘဏ်ကိစ္စ အားလုံး တင်ပြဆွေးနွေးခဲ့သည်။
၄။ ၂၀၂၃ တွင် CBCUSA အမှုဆောင် ဒါရိုက်တာများအဖွဲ့၏ တာ၀န်ပေးသည့်စာရင်းစစ်ထံမှ ရရှိလာသည့် စာရင်းနဲ့တကွ အောက်ပါအတိုင်း ဆုံးဖြတ်သည်။
(က) CBCUSA ဖွဲ့စည်းသည့် CDF ထောက်ပို့ကော်မတီ၏ တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ ကြိုးစားလုပ်ကိုင်မှုအားလုံး အသိမှတ်ပြုသည်။
(ခ) CBCUSA-CDF ထောက်ပို့ကော်မတီအနေနဲ့ ကန်ဒေါ်လာ ၁၂သန်း စီမံခန့်ခွဲ့မှုနဲ့ ပတ်သက်၍ တင်ပြမှု နဲ့ စာရင်းစစ်အဖွဲ့ရဲ့တင်ပြမှုအပေါ် မေးမြန်းဖြေဆိုမှု စသည့် အချက်များအခြေခံပြီး CDF ထောက်ပို့ကော်မတီအဖွဲ့၀င်များအနေဖြင့် ငွေကြေး အလွဲသုံးစွဲမှု မရှိဟု လက်ခံသည်။
(ဂ) -ရန်ပုံရရှိငွေစုစုပေါင်း - $ ၁၂,၆၃၀,၅၂၄.၇၇
-ပစ္စည်၀ယ်ယူမှု နဲ့ တော်လှန်ရေးအတွက် - $ ၇,၂၃၇,၇၆၈.၇၉
-ဥရောပ ပို့ပေးသည့် ၅သန်းမှ လက်ကျန်ငွေ - $ ၃,၈၂၁,၂၅၅.၉၇
-ကျန်ရှိတဲ့ ကုမ္ပဏီပစ္စည်းခ - $ ၁,၅၄၄,၅၀၀.၀၀
ထို့ကြောင့် တော်လှန်ရေးရန်ပုံငွေ အာလုံးပျောက်ဆုံးသွားခြင်း မဟုတ်ကြောင်း၊ ရည်ရွယ်သည့်အတိုင်း အဖြေမထွက်ဘဲ ပျောက်ဆုံးသွားသည်ဟု ပေါ်လွင်လာသည့် ငွေပမာဏ စုစုပေါင်း ၅,၃၉၂,၇၅၅.၉၇ (၅.၃ သန်းကျော်) ဖြစ်သည်။
(ဃ) CDF ထောက်ပို့ကော်မတီအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးစား လုပ်ကိုင်ခဲ့သော်လည်း ရည်ရွယ်ချက် နဲ့ အိပ်မက်များအတိုင်း အကောင်ထည် မဖော် ဆောင်ရွက်နိုင်ခြင်းသည် တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးမားသည့်နစ်နာမှုဖြစ်ကြောင်း လက်ခံသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေးထည့်၀င်သူအားလုံး အနေဖြင့် နားလည်ပေးပါရန် တောင်းဆိုချင်ပါသည်။
(င) ထို့ကြောင့် ကန်ဒေါ်လာ ၁၂ သန်းကိစ္စနဲ့ ပတ်သက်၍ မယုံကြည်မှု၊ ဝေဖန်အပြစ်တင်မှု၊ စွပ်စွဲမှု အားလုံး ရပ်ဆိုင်းပေးရန် နဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသစ်တဖန်လက်တွဲ လုပ်ကိုင်ကြရန် သဘောတူထောက်ပြန်သည်။
အစည်း၀ေးသဘာပတိ မှတ်တန်းတင် အထွေထွေအတွင်းရေးမှူး
By - RLT
20/04/2025
𝑭𝒂𝒌𝒆 𝒏𝒆𝒘𝒔: အမေရိကန် အကူညီနဲ့ ဗင်္ဂလားဒေ့ရှ်တပ်မတော်က အာရခိုင်တပ်တော် (ULA/AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကို ကူညီထောက်ပံ့မှု လျှို့ဝှက်စစ်ဆင်ရေးများကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဦးဆောင်မယ် ဆိုပြီး အိန္ဒိယ အခြေစိုက် Northeast News မှာ ဖော်ပြတဲ့ သတင်းက မဟုတ်မမှန်တဲ့ သတင်းမှားဘဲဖြစ်ပါတယ်။
14/04/2025
တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၂ သန်း နဲ့ တာ၀န်ယူ တာ၀န်ခံမှု ပျက်ကွက်ခဲ့တဲ့ CBC-USA
𝐂𝐁𝐂-𝐔𝐒𝐀 𝐔𝐧𝐝𝐞𝐫 𝐅𝐢𝐫𝐞 𝐟𝐨𝐫 𝐌𝐢𝐬𝐡𝐚𝐧𝐝𝐥𝐢𝐧𝐠 $𝟏𝟐 𝐌𝐢𝐥𝐥𝐢𝐨𝐧 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐮𝐧𝐝
CBCUSA အနေနဲ့ တလောတုန်းက တော်လှန်ရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး တံခါးပိတ် အစည်းဝေးလုပ်ကြောင်း သိရတယ်။ ၂၀၂၁-၂၀၂၃ ကြား CBCUSA ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၁၂ သန်းကျော် ရရှိထားပါတယ်။ ဒါ CBCUSA ကိုယ်တိုင် ဖော်ပြခဲ့တဲ့ စရင်းအရပါ။ ဒီရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်လလောက်က တံခါးပိတ် အစည်းဝေးလုပ်တယ်လို့ သိရပါတယ်။ တံခါးပိတ် အစည်းဝေးမှ သိရှိတဲ့အချက်လက်အရ CBCUSA က ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ ကန်ဒေါ်လာ ၅၄၆,၅၈၇(ငါးသိန်းလေးသောင်းခြောက်ထောင်ငါးရာရှစ်ဆယ်ခုနစ် ဒေါ်လာ) တိတိ သာပေးထားကြောင်း ဖော်ပြထားတယ်။
ကျန်ငွေ ကန်ဒေါ်လာ ၁၁.၅ သန်းကျော်ရှိပြီး အရင်က ဖော်ပြချက်အရ ကန်ဒေါ်လာ ၅ သန်းကျော် လက်နက်ပွဲစား ထံပေးခဲ့ပြီး အလိမ်ခံရကြောင်း နဲ့ ထိုလက်နက်ပွဲစားကြီးက သေဆုံးသွားပြီဖြစ်ကြောင်း CBCUSA လူကြီးတွေကိုယ်တိုင် ပြောခဲ့တယ်။
CBCUSA ဆိုတာ အမေရိကားအခြေစိုက် ချင်းနှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကြီးပါ။ ၂၀၂၁ တော်လှန်ရေးစစခြင်း ပြည်ပရောက် ချင်းပြည်သူတွေ အနေနဲ့ အာဏာရှင်တော်လှန်ရေး အတွက်ဆိုကာ အယုံကြည်ရဆုံးဖြစ်တဲ့ CBCUSA ထံ ယုံယုံကြည်ကြည် လှူခဲ့ကြတာဖြစ်တယ်။
ထိုအလိမ်ခံရတဲ့ ဒေါ်လာ ၅ သန်းကျော်နဲ့ လက်ကျန်တော်လှန်ရေး ရန်ပုံ၍ငွေကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တိုင်း CBCUSA အနေနဲ့ အမြဲခေါင်းရှောင်တာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့ ထိုရန်ပုံငွေအကြောင်း မေ့ပြစ်သင့်ကြောင်း ဒါမှမဟုတ် သူတို့ကိုယ်တိုင် အလွဲသုံးစားလုပ်တာ မဟုတ်တဲ့အတွက်ကြောင့် ဘာမှမတတ်နိုင်ကြောင်း နဲ့ မေးခွန်းထုတ်သူကို ပြန်အပြစ်ပြောတာမျိုး လုပ်တာတွေ့ရပြီး ပွင့်လင်းမြင်သာမှု နဲ့ တာ၀န်ယူတာ၀န်ခံမှု (transparency and accountability) လုံး၀မရှိတာ တွေ့ရတယ်။
ချင်းသမိုင်းတစ်လျှောက် အာဏာရှင်တော်လှန်ရေးအတွက် ဒီလောက်များပြားတဲ့ ငွေပမာဏ မရရှိခဲ့ဖူးပါ။ ဒီလောက်များပြားတဲ့ ငွေပမာဏာကို လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ရင် တော်လှန်ရေးခရီး အတော်လေးပေါက်မှာ သေချာတယ်။ အခုတော့ အလွဲလွဲအချော်ချော်ဖြစ်တဲ့အပြင် တာ၀န်ယူတာ၀န်မှု ပျက်ကွက်တာတွေ့ရတော့ ချင်းပြည်သူတွေ အကြား မကျေနပ်မှု အတော်များနေတာ တွေ့ရတယ်။ ဒါကြောင့် အောက်ပါအချက်များနဲ့ ပတ်သက်ပြီး ချင်းပြည်သူထံ CBCUSA အနေနဲ့ တာ၀န်ယူပြန်ရှင်းဖို့လိုပါတယ်။
၁။ ကန်ဒေါ်လာ ၁၂ သန်းကျော် နဲ့ စရင်းဇယားအတိကျကို ချင်းပြည်သူထံ (သို့မဟုတ်) သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များထံ ချပြဖို့လိုပါတယ်။ ဥပမာ၊ များသောအာဖြင့် CBCUSA ထံ တစ်ဦးချင်း အလိုက်၊ ရွာအလိုက်၊ အဖွဲ့စည်းအလိုက်၊ ဒေသအလိုက်၊ အသင်းတော်အလိုက် အလှူငွေ အပ်နှံခဲ့တာဖြစ်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ၎င်းအဖွဲ့စည်းများရဲ့ တာ၀န်ရှိ ပုဂ္ဂိုလ်များထံ စရင်းဇယား အတိကျ ချပြဖို့လိုပါတယ်။ အချင်းချင်းဆိုပြီး နားလည်မှုနဲ့ အမှုပြီးခိုင်းတာမျိုး မလုပ်သင့်ပါ။
၂။ သေဆုံးသွားပါတယ်ဆိုတဲ့ လက်နက်ပွဲစားကြီးနဲ့ နှစ်ဖက်အကြား သဘောတူညီချက် (Bilateral Agreement)၊ သတ်မှတ်ချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းများ (Terms and conditions) အားလုံးနဲ့ ငွေပေးချေမှု (Receipts or evidence of transaction) အထောက်ထားများ ပြည်သူထံ သိုမဟုတ် သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များထံ ချပြရပါလိမ့်မယ်။ ပြီးတော့ လက်နက်ပွဲစားကြီးရဲ့ နာမည်နဲ့ ကိုယ်ရေးရာဇ၀င် (profile) နဲ့ အမှန်တကယ် သေဆုံးခြင်း ဟုတ်မဟုတ် အထောက်ထား (Death certificate) ပြနိုင်ဖို့လိုပါတယ်။ ဒီလောက် များပြားတဲ့ ငွေပမာဏာ ဒီလူတစ်ယောက် သေးဆုံးသွားလို့ ဒီတိုင်းထား မေ့ပြစ်ဖို့ဆိုတာ လက်တွေ့မကျသလို တာ၀န်မဲ့ရာကျလွန်းပါတယ်။ အနည်းဆုံး ချင်းပြည်သူတွေ ယုံကြည်နိုင်လောက်တဲ့ သက်သေအထောက်ထား တစ်ခုခုတော့ ပြနိုင်ဖို့လိုပါတယ်။
၃။ CBCUSA အနေနဲ့ ပျောက်ဆုံးသွားတဲ့ ငွေပမာဏ အားလုံး (သို့မဟုတ်) တတ်နိုင်တဲ့ အတိုင်းတာ ပမာဏ တစ်ခုထိ ပြန်ဆပ်ဖို့လိုပါတယ်။ အကယ်၍ တစ်ပြားမှ ပြန်မဆပ်နိုင်ရင် အလှူရှင်ပြည်သူနဲ့ တော်လှန်ရေးလုပ်နေတဲ့သူအားလုံးကို အများသိ တောင်းပန်မှု (public apology) လုပ်ဖို့လိုတယ်။ အခုထိ သိရသလောက်က တောင်းပန်တာမျိုး မလုပ်တဲ့အပြင် “ငါတို့အိတ်ကပ်ထဲ ထည့်တာမှ မဟုတ်ဘဲ၊ ငါတို့ကိုအပြစ်ပြောဖို့မလိုဘူး” ဆိုတဲ့ အချိုးမျိုး ချိုးတာ တွေ့ရတယ်။ အမှန်တော့ ပြည်သူတွေအနေနဲ့ CBCUSA ခေါင်းဆောင်က အလွဲသုံးစားလုပ်တယ် ဆိုပြီး ယူဆတဲ့သူတွေ ရှိကောင်းရှိမယ် ဒါပေမယ့် မများလောက်ဘူး။ ယခုပျောက်သွားတဲ့ ဒီတော်လှန်ရေး ရန်ပုံငွေက သူတို့လုပ်ငန်း မလုပ်တတ်မကိုင်တတ်လို့ အလိမ်ခံရတာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့မှာ တာ၀န် အပြည့်ရှိတယ်။ ဒါကြောင့် တာ၀န်ခံ တာ၀န်ယူမှု အပြည့်လုပ်ဖို့လိုတယ်။
၄။ CBCUSA လို အားကောင့်တဲ့ ဘာသာရေးအဖွဲ့အစည်း တော်လှန်ရေးမှာ တက်တက်ကြွကြွ ၀င်ပါတာ အရမ်းကောင်းပါတယ်။ အထူးသဖြင့် အခုလိုမျိုး အာဏာရှင်တော်လှန်ရေး ဘယ်အဖွဲ့ဆို အဖက်ဖက်မှ၀င်ပါနိုင်တာ တော်လှန်ရေးအားပိုကောင်းစေပါတယ်။ ဒါပေမယ့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိထိရောက်ရောက် ပါ၀င်နိုင်တဲ့ အခန်းကဏ္ဍချင်း မတူကြပါ။ အရာရာမှာ ၀င်ပါပြီး ဘာမှ မရေမရာ အဖြစ်မျိုးကို ကြိုတင်ရှောင်ရှားဖို့ လိုပါတယ်။ အထူးသဖြင့် တော်လှန်ရေးရန်ပုံငွေရှာတဲ့ နေရာမှာ CBCUSAဟာ အခြားအဖွဲ့စည်းတွေထက် ပိုပြီးထိရောက်နိုင်ပေမယ့် လက်နက်ရှာဖွေ၀ယ်ယူရေး ကိစ္စမျိုးမှာတော့ နားလည်တဲ့သူတွေကို တာ၀န်လွှဲအပ်ဖို့လိုပါတယ်။
အခုဖြစ်တဲ့ကိစ္စမှာတော့ CBCUSAလူကြီးပိုင်းမှာ တော်လှန်ရေးနာမည်ကောင်းရှာပြီး နိုင်ငံရေးသြဇာ တည်ဆောက်ချင်သူတွေကြောင့် အလွှဲလွှဲအချော်ချော် ဖြစ်ကုန်တယ်လို့ သုံးသပ်မိတယ်။ တစ်နည်းအာဖြင့် အလေးပြုခံချင်လွန်းလို့ အလေးအနက်လုပ်ရမယ့် အလုပ်တာ၀န် ပျက်ကွက်ခြင်းဟု ဆိုရပါမယ်။
စဥ်းစားကြည့်ပါ၊ လုပ်ငန်းတစ်ခုမှ တွဲမလုပ်ဖူးတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ကို လက်နက်၀ယ်ဖို့ ကန်ဒေါ်လာ ၅ သန်း အလုံးအရင်း (Lump sum) ပေးကာ နောက်သုံးလမှာ အဲဒီလူ သေဆုံးသွားတယ်ဆိုတာ နားလည်ရခက်လွန်းပါတယ်။ အနည်းဆုံးတော့ ဒီလောက်များပြားတဲ့ ငွေပမာဏာ မပေးခင် ဖြစ်နိုင်ချေရှိမရှိ (Feasibility study) လေ့လာမှုမျိုး လုပ်ခဲ့သင့်တယ်။ ဒါမှမဟုတ် သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းလောက်နဲ့ (pilot project) အစမ်းသဘောမျိုး အရင်စခဲ့သင့်တယ်။ အခုတော့ ဘာနောက်ကြောင်း ဘာဇတ်ကြောင်းမသိတဲ့သူထံ ကန်ဒေါ်လာ ၅သန်းကျော် အလုံးရင်း ပေးလိုက်တော့ တော်လှန်ရေးတစ်ခုလုံး လည်ပင်းညှစ်ခံရသလိုဖြစ်ရတယ်။
၅။ တကယ်လိုအပ်တဲ့အောင်ပွဲထက် ကိုယ့်နာမည် နဲ့ အဖွဲ့စည်းနာမည်ကောင်း (personal or group legacy)ရှာဖွေသူ ဖောင်းပွခြင်းက ချင်းတော်လှန်ရေးတစ်ခုလုံးရဲ့ အကြီးမားဆုံး အဟန့်တားတစ်ခုပါ။ စေတနာအရင်းနဲ့ တော်လှန်ရေးလုပ်တာ မဟုတ်ဘဲ ကိုယ့်နာမည် ကိုယ့်အဖွဲ့စည်း နာမည်ကောင်း ရရှိရေးအတွက် အလုပ်လုပ်ရင်း သမိုင်းနာမည်ဆိုး ရေးတဲ့သူတွေ များပါတယ်။ CBCUSA ခေါင်းဆောင်ပိုင်းမှာလဲ ဒါမျိုးနာမည်ကောင်းရှာဖွေသူတွေကြောင့် နာလည်ကျွမ်းသူတွေထံ အကြံတောင်းမျိုး လုပ်ဖို့ပျက်ကွက်ခဲ့တယ်လို့ ယူဆရပါတယ်။ အမှန်တော့ CBCUSA ရဲ့လက်နက် ၀ယ်ယူရေးအစီစဥ်အားလုံး ချင်းပြည်သူတွေကြား (open secret လိုမျိုး) ပေါက်ကြားခဲ့ပြီးသား ဖြစ်တယ်။ ဒါကြောင့် တစ်ချို့နိုင်ငံရေးနာလည်တဲ့သူအနေနဲ့ ဒါမျိုးလုပ်လို့မဖြစ်နိုင်ကြောင်း နဲ့ အလိမ်ခံရနိုင်ကြောင်း ကြိုတင်သတိပေးမှုတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ CBCUSA အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး အားလုံးကို လျစ်လျူရှုခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီလောက်သတိပေးတဲ့ကြားက အားလုံးကို လျစ်လျူရှုခဲ့တဲ့ CBCUSA အနေနဲ့ တာ၀န်ယူတာ၀န်ခံမှု အပြည့်ရှိဖို့ လိုအပ်ပါတယ်။
၆။ ချင်းပြည်သူတွေအနေနဲ့ ငွေကြေးတပ်နိုင်လွန်းလို့ လွယ်လွယ်နဲ့ ကန်ဒေါ်လာ ၁၂ သန်းကျော် တော်လှန်ရေးတွက် လှူခဲ့ကြတာမဟုတ်ပါ။ ခက်ခက်ခဲခဲနဲ့ စုမိဆောင်းမိသမျှ အာဏာရှင်တော်လှန်ရေးအတွက်ဆိုပြီး စေတနာအပြည့်နဲ့ ထည့်၀င်ခဲ့ကြတာ ဖြစ်တယ်။ အမှန်တော့ ပြည်ပမှာ စာမတတ်ပေမတတ် အလုပ်ကြမ်း အမျိုးမျိုးလုပ် ချွေးပေါင်းများစွာရင်းကာ အမျိုးမျိုး အနှင်ခံရင်း ရလာတဲ့ အဿပြာအနည်းကျင်းလေးကို အာဏာရှင် တော်လှန်ရေးအတွက်ဆိုကာ ပေးလှူခဲ့ကြတာပါ။ ဒါကြောင့် ချင်းပြည်သူတွေရဲ့ မျက်နာကို CBCUSA အနေနဲ့လုံး၀ ထောက်ထားဖို့လိုပါတယ်။ ဒီအတိုင်း ပြီးခဲ့ပြီးသားကိစ္စ နောက်ကြောင်းပြန်မဖော်နဲ့ ဆိုတဲ့အချိုးမျိုးနဲ့ လျစ်လျူရှုဖို့မသင့်ပါ။ တာ၀န်ယူတာ၀န်ခံမှု မရှိတဲ့ CBCUSA ကြောင့် ချင်းပြည်သူ အတော်များများ တော်လှန်ရေးအတွက် အလှူငွေထည့်ဖို့ အတော်လေးတွန့်ဆုတ်နေကြတယ်။ ဥပမာ၊ CBCUSA တလွဲလုပ်ခဲ့တဲ့နောက် ချင်းအမျိုးသားတပ်ဦး CNF/CNA က တော်လှန်ရေးအတွက် ကန်ဒေါ်လာ ၂၅ သန်း ရန်ပုံငွေစီမံကိန်း လုပ်ခဲ့ပေမယ့် သန်းဂဏန်းတောင်မှ မရခဲ့တာ အားလုံးအသိပါ။ CBCUSA ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှုလုံး၀ လျှော့သွားတာ တွေ့ရတယ်။ ဒါတွေအားလုံး ပြန်အဖတ်ဆယ်ဖို့ CBCUSA တာ၀န်အပြည့်ရှိပါတယ်။
By- RLT
14/10/2024
ပေးဆပ်မှုကြီးလွန်းတဲ့ ထန်တလန်မြို့
----------------------------------
ထန်တလန်မြို့ဟာ မအလအာဏာသိမ်းကြိုးစားမှုနောက် မြန်မာပြည်တစ်ပြည်လုံးမှာ ပထမဆုံး အဖျက်ဆီးခံလိုက်ရတဲ့မြို့ဖြစ်တယ်။ လေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြိမ်ကြိမ် မီးရှုဗုံးကြဲခံရမှုကြောင့် မြို့ရဲ့ အဆောက်အအုံ ၁၀၀% ဖျက်ဆီးခံရပြီးဖြစ်တယ်။
မြို့ရဲ့ မူလနာမည် ‘သင်္ချိုင်းကုန်း (Thlantlang)’ နဲ့လိုက်အောင် အနည်းဆုံး ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်ပေါင်း ရာဂဏန်းကျော် အသက်ပေးလှူခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ ယနေ့ထိ ထန်တလန်တစ်မြို့လုံး ထိန်းချူပ်နိုင်ခြင်း မရှိသေးပါ။
ဘာကြောင့်လဲ?
ဖြေရခက်တဲ့မေးခွန်းပါ။ တစ်ချို့က CNA/CDF အားနည်းချက်လို့ဆိုပြီး ဝေဖန်ပြောဆိုသူရှိလိမ့်မယ်။ အမှန်တော့ ဒီဟာကြောင့်ဟိုဟာကြောင့်ဆိုပြီး တစ်သမတ်တည်း ဖြေရခက်ပါမေးခွန်းပါ။
ဘာဘဲဖြစ်ဖြစ် ထန်တလန်အရေးနဲ့ ပတ်သက်ပြီး အောက်ပါအချက်များကို ထည့်သွင်းစဥ်းစားဖို့ လိုပါလိမ့်မယ်။
၁။ ထန်တလန်မြို့ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မြို့ဖြစ်တယ်။ ပြည်နယ်မြို့တော်နဲ့ အနီးဆုံးဖြစ်တဲ့ မြို့တွေကိုအကြမ်းဖက်စစ်တပ်အနေနဲ့ လက်မလွှတ်ရအောင် နည်းမျိုးဆုံ ကာကွယ်လေ့ရှိတယ်။
ရခိုင်ကလွဲလို့ တော်လှန်ရေးကာလမှာ ပြည်နယ်နဲ့တိုင်းမြို့တော်များနဲ့ အနည်းဆုံးမြို့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်တာ အတော်ရှားပါတယ်။ စစ်တွေနဲ့ အနီးဆုံးမြို့ ပေါက်တောမြို့ကို ၂၄ ဇန်နဝါရီ ၂၀၂၄ မှာအလုံးရင်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရခိုင်တပ်တော် (AA) အတွက်ပေးဆပ်မှု များခဲ့တယ်လို့သိရတယ်။ ဒါတောင်မှ ပထမ အကြိမ်သိမ်းပိုက်ပြီး ပြန်လက်လွှတ်လိုက်ရသေးတာ အားလုံးအသိပါ။
အလားတူ KIO/KIA အနေနဲ့ မြစ်ကြီးနားမြို့တော်နဲ့ အနီးဆုံး ဝိုင်းမော်မြို့ကို အကြိမ်ကြိမ် ထိုးစစ်ဆင်ပေမယ့် ရနေ့ထိ အလုံးစုံ ထိထိရောက်ရောက်ထိန်းချုပ် နိုင်တာမျိုးမလုပ်နိုင်သေးပါ။ ဒါတွေထည့်တွက်လိုက်ရင် CNA/CDF ကိုအပြစ်ပြောဖို့ခက်ပါလိမ့်မယ်။
၂။ အထူးသဖြင့် ထန်တလန်မြို့ကျတာနဲ့ CNA/CDF အနေဖြင့် ဟားခါးမြို့တော်ကြီးကို ဝိုင်းထားပြီးသားဖြစ်လိမ့်မယ်။ ဒီအခြေနေကို ကောင်းကောင်းနားလည်တဲ့ အကြမ်းဖက်စစ်တပ် အနေနဲ့ ထန်တလန် မြို့ပျက်ကြီးကို ဖောင်ဖျက်ကာကွယ်နေခြင်းဖြစ်တယ်လို့ သုံးသပ်လို့ရတယ်။
၃။ CNA/CDF အနေနဲ့ စိတ်ဓါတ်အင်းအားရှိပေမယ့် လက်နက်အင်အား မလုံလောက်သေးတာကို ပြည်သူတွေ နားလည်အသိမှတ်ပြုဖို့ လိုပါလိမ့်မယ်။ ယနေ့ထိ CNA/CDF အနေနဲ့ လက်နက်ငယ်သာ အဓိကအားကိုး ထိုးစစ်ဆင်နေရတာဖြစ်တယ်။ ULA/AA နဲ့ KIO/KIA တို့လို လိုအပ်တဲ့ လက်နက်ကြီးတွေသာရှိရင် ထန်တလန်မြို့ရဲ့ အဖြေဟာတစ်မျိုးပြောင်းသွားနိုင်တယ်လို့ ယူဆတယ်။
၄။ အင်အားအားဖြင့် ၁၀၀ ဝန်းကျင်လို့ ခန့်မှန်ပေမယ့် ထန်တလန်မြို့ရောက်နေတဲ့ စစ်တပ်တွေဟာ အခြားမြို့အသိမ်းခံရတဲ့ တပ်တွေလို အလံဖြူထောင် အညံ့ခံမယ့်သူတွေမဟုတ်ပါ။ ဘာကြောင့်လဲ?
ပထမအချက်က အခြားမြို့တွေလို ထန်တလန်ရောက်နေတဲ့ စစ်တပ်တွေဟာ မိသားစုနဲ့ တာ၀န်ကျနေထိုင်တဲ့သူတွေမဟုတ်ဘူး။ ဒါကြောင့် သားမယားအတွက် ထည့်စဥ်းစားကာ အလံဖြူထောင်မယ့်သူတွေ မဟုတ်ပါ။
ဒုတိယအချက်က အလံဖြူထောင် အညံ့ခံရင်တောင် အသက်ဘေးကနေ လွတ်မှာအဟုတ်ဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ကြလိမ့်မယ်လို့ ယူဆတယ်။ ဘာကြေင်လဲဆိုရင် ထန်တလန်မြို့တစ်ခုလုံး ဖျက်ဆီးတဲ့တရာခံအပေါ် CNA/CDF အနေနဲ့ ညှာတာပြီး အရှင်ထားမှာ မဟုတ်ဘူးဆိုတာ သူတို့သဘောပေါက်ယုံကြည်ထားပုံရတယ်။ ဒါကြောင့် စစ်ကူရရင်ရ မရရင်တောင် ရွှေးစရာမဲ့ အသေခံ ခုခံနေကြတယ်လို့ ယူဆရတယ်။
By-RLT
19/08/2024
နွေဦးတော်လှန်ရေး (သိုမဟုတ်) စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ နိဂုံးအစ
အဘက်ဘက်တွင်စစ်ရှုံးနေတဲ့ အာဏာသိမ်းမင်းအောင်လှိုင်အတွက် လက်ရှိအခြေနေဟာ နိုင်ငံရေးအရ အကျပ်တည်းဆုံးကာလ သိုမဟုတ် သူ့ရဲ့နေဝင်ချိန်ကာလလို့ သုံးသပ်လို့ရနိုင်သည်။ သူ့အနေနဲ့ လက်ရှိအခြေနေကိုအပြောင်းလဲမလုပ်နိုင်ဘဲ ဒီတိုင်ဆက်သွားနေပါက လစ်ဗျား (Libya) အာဏာရှင်ဟောင်းကဒါဖီ (Muammar Gaddafi) သို့မဟုတ် အီဂျစ် (Egypt) အာဏာရှင်ဟောင်း မူဘာရက်(Hosni Mubarak) တို့ရဲ့ ဘဝမျိုး ရောက်သွားနိုင်သည်။
မအလ ရန်သူ အ ပိုင်း၃။ ။အာဏာသိမ်းတဲ့နေ့ကစပြီး ယနေ့ထိ အာဏာသိမ်း မင်းအောင်လှိုင်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက ပြည်သူနဲ့ နွေဦးတော်လှန်းရေးမှပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်းရေးဖြစ်သည်။ တော်လှန်းရေး အစဦးပိုင်းမှာ အာဏာသိမ်းစစ်တပ်အနေနဲ့ တော်လှန်ရေးအင်အားစုများအပါ် စစ်အင်းအားသုံးကာ အမျိုးမျိုးထိုးစစ်ဆင်နိုင်ခဲ့သော်လည်း သုံးနှစ်ကျော်ကာလမှာ ခံစစ်အင်အားတောင် အလုံလောက်မရှိတော့တာ အားလုံးမျက်မြင်သက်သေဖြစ်သည်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးရဲ့အောင်မြင်မှုက မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်အတွက် အကြီးအကျယ် အကျပ်ရိုက်စေခဲ့သည်။ ဥပမာ၊ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးနေဖြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခြင်းသည် မြန်မာ့တော်လှန်ရေးသမိုင်းတလျှောက် အကြီးမားဆုံးအောင်မြင်မှုသာမကဘဲ နေပြည်တော်ကိုတိုက်ရိုက် ခြိမ်းခြောက်မှုပေးနိုင်တဲ့ အောင်မြင်မှုကြီးဖြစ်သည်။ လက်ရှိအခြေနေအတိုင်း အောင်မြင်မှု ဆက်ထိန်းနိုင်ရင် သိုမဟုတ် တရုတ်ရဲ့ ကြားဝင်တားဆီးမှု မရှိရင် တော်လှန်းရေးသမားများ အနေဖြင့် မကြာခင် နေပြည်တော်ရောက်လာမှာ သေခြာသည်။ ထိုသို့အခြေနေရောက်လာပါက မင်းအောင်လှိုင်သည် ကဒါဖီကဲ့သို့ နေပြည်တော် လမ်းမကျယ်ကြီးအပေါ် မှာ ခွေးဆွဲဝက်ဆွဲ အသတ်ခံရနိုင်သည်။
By-RLT
Click here to claim your Sponsored Listing.
Category
Website
Address
28 Plains Circuit
Melbourne, VIC
3336