Melancholy Deja
A place where to find nth !
26/03/2026
ထိုင်နေတော့အကောင်း ထသွားမှာကျိုးမှန်းသိသလို
ဒီခေတ်ကြီးက ကြိုးစားတိုင်းလည်းမဖစ်တော့ဘူး
နေတတ်သလိုနေ ပျော်အောင်သာနေ
နောက်နေ့ဆိုတာမသေချာသလို ပိတ်မိနေပြီးတစ်စတစ်စယိုယွင်းဖျက်စီးလာတဲ့ နေ့ရက်တွေကြားငါတို့က ရှင်သန်ပြီး သေဆုံးရအုန်းမှာ။
22/02/2026
တစ်ချို့ကတော့ ခဏတစ်ဖြုတ်ခွဲခွါခြင်း
တစ်ချို့ကတော့ အပြီးတိုင်ခွဲခွါခြင်းသာ
ကမ္ဘာဟာဘယ်တော့မှမရပ်တန့်
ငါတို့ဟာလည်း လူတစ်ချို့နဲ့ကံမစပ်ခဲ့ကြ
အမှတ်ရစရာ ဓာက်ပုံတစ်ချို့နဲ့ မမေ့နိုင်စရာ သတိရစရာတစ်ချို့သာကျန်ခဲ့
29/12/2025
ရှင်သန်ရတာဟာလည်း ကိုယ်နေဝင်ချိန်
ကိုယ်ရှာရသလိုပါပဲ ဒီဆောင်းက ကိုယ်အတွက်တော့
ပျော်စရာတွေနည်းတယ် သယ်ဆောင်နေရတာတွေ မနိုင်တော့တဲ့အချိန်ကျလွှတ်ချပြီ တိမ်တွေလိုပျောက်သွားချင်တယ် ။
09/12/2025
ပျော်နေရင် အမုန်းတွေကိုမေ့တတ်ကြပြီး
မုန်းနေရင် အပျော်တွေကိုမေ့တတ်ကြတာ
ဦးနှောက်နဲ့စိတ်ရဲ့ လုပ်ရိုးလုပ်စဉ်တွေပဲလေ
ဘာကိုမှန်းမသိ ဘယ်ကိုမှန်းမသိ ဘယ်တော့မှန်းမသိ
သယ်ဆောင်ထားတဲ့ လေးလံမှုတွေကြား ကမ္ဘာဟာလည်နေအုန်းမှာ
30/08/2025
တစ်ကယ်တော့ ကမ္ဘာလောကကြီးက အရာတွေအားလုံးက လူသားတွေကဖွဲ့စည်းပြီး အဲလူသားတွေကပဲ ပြန်တိုင်ပက်နေရတာပေါ့
အသေးစိတ်စဉ်းစားကြည့်ရင် ရင်မောစရာတွေပါပဲ
ဖစ်တည်လာတာရယ်နောက်ကလည်း လူတွေရဲ့အကြောက်တရားတွေက လိုက်လာရတာပဲ
တစ်ချို့အချိန်တွေဆို ကော်ဖီတစ်ခွက်နဲ့ကျေနပ်ရောင့်ရဲနေတတ်တဲ့ လူသားတွေ အများကြီးရှိရင် ကောင်းမှာပဲလိုတွေးမိတယ်
လူငယ်တွေက လူကြီးတွေဖစ်ရင်း ပင်ပန်းလှပါပြီ
တွေ့ဆုံရင်းကနေ ခွဲခွါရတာတွေ အတွက်လည်း ပင်ပန်းလှပါပြီ
ကိုယ်ဖန်တီးပြီး ကိုယ်တိုင်ဖြေရှင်းနေရတာတွေအတွက်လည်းပင်ပန်းလှပါပြီ
ချစ်ခြင်းတရားကနေ မုန်းခြင်းတရား ဖစ်ရတာတွေအတွက်လည်းပင်ပန်းလှပါပြီ
လမ်းမီးရောက်တွေအောက်လမ်းလျောက်ရင် ဆုတောင်းမိတယ် အချိန်မှီသေးရင် လေကောင်းလေသန့်ကိုဝဝရူရှိုက်ရင်းကော်ဖီတစ်ခွက် အပြုံးတစ်ပွင့်နဲ့နေထွက်တာကနေ နေဝင်တာကို ထိုင်ကြည့်နေခွင့်ရမယ် လူငယ်တွေ များများ ဖစ်တည်နိုင်ပါစေလို့…
Aug 30
25/07/2025
အချစ်ခံရတဲ့သူတွေက ချစ်ရတဲ့လူတွေအပေါ် စိတ်ကြိုက်လုပ်တတ်ကြတာ သဘာဝပဲလေ
အဲဒါကတကယ်တော့ သိပ်တော့တရားကြနေတယ်အရာတော့မဟုက်ဘူး အဲစကားအပိုင်းအစတစ်ချို့က interest of love ဆိုတဲ့ drama တစ်ခုကပါတာပဲ
အဲအချိန်ကအဖစ်အပျက်တွေနဲ့တိုက်ဆိုင်နေလို့လားတော့မသိ ကျွန်တော်အတွက်တော်တော်ကြည့်လိုကောင်းတဲ့ drama တစ်ခုလိုပြောလို့ရတယ်
သေချာပြန် စဉ်းစားကြည့်ရင် မှားတယ်မှန်တယ်လို့လည်းမရှိဘူး သူဘက်ကမချစ်နိုင်သလို ကိုယ်ဘက်ကလည်း သူကလွဲ တစ်လောကလုံးနဲ့ တစ်ယောက်လဲချင်တာမျိုးပေါ့
သူဘေးမှာ ရှိနေတာ သူနဲ့ရှိနေရတာတွေက အဖြူအမည်းကိုမှ အရောင်တွေစုံပြီး ပျော်ဖို့ကောင်းပြီး အသက်ရှင်တယ်လိုခံစားမိလို့လည်းဖြစ်မယ်
တစ်ခါတစ်လေလည်းနောင်တရမိတာလည်းရှိတယ် အဖြေကိုသိနေရက်နဲ့ သူနားမှာ ပိုကြာကြာမရှိခဲ့မိတာ
ချစ်တယ်လို အကြိမ်ပေါင်းများစွာ မပြောခဲ့မိတာ အဲစကားကအခုချိန်မှာ နောက်တစ်ယောက်ကိုပြောပါဆို အရမ်းခက်ခဲသွားပြီး ရှိတော့မှာလည်းမဟုက်ဘူးလေ
ပြီတော့ လူတွေကို နားလည်ပါလို့လည်းမပြောဘူး
နားလည်ပါစေဆိုပြီးလည်းမရှင်းပြချင်ဘူး
အားလုံးက ရူးနေတယ်ပဲမြင်ကြတာများတယ် သူကိုယ်တိုင်ကရောပဲလေ အဲလိုဆိုတိုင်း အပေါ်ဆုံးကရေးထားတဲ့စာကို ပြန်ဖတ်ရမှာပဲ
သူကကျွန်တော်အတွက်အရောင်တွေကိုစမြင်ရတဲ့ filter တစ်ခုပဲ အဲအတွက်စွဲလမ်းသလို စွန့်လွှတ်ဖို့လည်းခက်တယ်
ဒါပေမယ် ပြန်လည်းမရနိုင်တာမို့ ပိတ်မိနေဖို့ပဲ တတ်နိုင်တယ် ….
12/07/2025
လူတွေက ကောင်းတဲ့အမှတ်တရတစ်ခုကို
သတိရရင် စက္ကန့်ပိုင်းလောက် ပြုံးပျော်တတ်ကြပြီး
ဝမ်းနည်းစရာကောင်းတဲ့အမှတ်တရတွေဆိုရင်
နာရီအနည်းငယ်လောက် ထိုင်းမှိုင်းသွားတတ်ကြတာ
သဘာဝပဲလေ…
28/06/2025
ကျွန်တော်တို့ဟာ ဘယ်နှစ်ယောက်ချစ်ပြီး ဘယ်နှစ်ယောက်ဝေးခဲ့ကြပြီလည်း
ချစ်ခြင်းတရားရဲ့အဆုံးက ဝေးကွာခြင်းလား
ကိုယ်ကိုကိုယ်ရော ဘယ်နှစ်ခါ လိမ်ခဲ့ကြပြီလည်း
အချစ်ဆုံးတွေကအဝေးဆုံးလူတွေဖစ်သွားတတ်ကြတာသဘာဝလား
အဲမေးခွန်းတွေ ပြန်မေးမိတိုင်း ကျွန်တော် ကော်ဖီတစ်ခွက်သောက်ရင်း ကောင်းကင်ကိုအမြဲကြည်မိတယ် ဒါမှမဟုက်လည်း သက်ပြင်းတစ်ချက်ပြင်းပြင်းချလေရှိတယ်
နေဟာထွက်ပြီ ဝင်တယ်
ဒါပေမယ် အဲ့နေဟာတစ်စင်းထဲပဲလေ …
22/06/2025
ကျွန်တော် နောက်ဘဝကျရင်
နှင်းဆီပန်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့
လမ်းထောင့်လေးတစ်ခုရဲ့ ထိုင်ပြီးငေးစရာ
အုတ်ခုံတစ်ခုလည်း ဖြစ်ချင်ဖြစ်မှာပေါ့
ဧရာဝတီမြစ်ထဲက မြစ်ရေတစ်စက်လည်း
ဖြစ်ချင်ဖြစ်မှာပေါ့ တစ်ယောက်ယောက်ရဲ့ ဂစ်တာတစ်လုံးလည်း ဖြစ်ချင်ဖြစ်မှာပေါ့
ခင်ဗျားတို့နောက်ဘဝဆိုတာကိုယုံလား
ကျနော်ကတော့ယုံတယ် ဘာဖြစ်ချင်သေးလည်းဆိုတော့ အများကြီးဖြစ်ချင်ပါသေးတယ်
ဘာဖြစ်နိုင်သေးလည်းဆိုတော့
ဘာမှမဖြစ်နိုင်တော့ပါဘူး ။
စစ်ငြိမ်း
21/06/2025
ဘယ်လမ်းမှ မရွေးပဲ ဒီလမ်းပဲရွှေးခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်…
15/06/2025
ဒါလေး မြင်မိပြီး ရိုက်ဖစ်တော့ The man who can’t be moved ဆိုတဲ့ the script ရဲ့ song လေးကို နားထဲကြားမိတာပဲ….
ခင်ဗျာတို့ ကျွန်တော်တို့ရော ဘဝမှာ ခဏလောက်
မလွှတ်ချချင်ပဲ လွှတ်ချခဲ့ရတဲ့လူတစ်ယောက်ကို
စောင့်နေဘူးလား
ကံစမ်းမဲနှိုက်သလိုပေါ့ ကမ္ဘာကြီးတစ်ပက်လည်ပြီး အကြောင်းစုံရင်တော့ ပြန်တွေ့ပါမယ် ယုံကြည်နေပြီး
အဲမဖစ်နိုင်တဲ့မျှော်လင့်ချက်နဲ့ ရှင်သန်ပြီးနေ့ရက်တွေကိုဖြတ်သန်းကြည့်ဖူးကြလား
နေရာတစ်ခုဝေးနေရင်တောင် တိုက်ဆိုင်တိုင်းသတိရပြီး တစ်ချို့အချိန်တွေမှာဆို သတိရကြောင်းပြောချင်တဲ့ အချိန်ခါတွေရော ရှိဖူးလား
ချစ်တယ်ဆိုတာရော လူမှားချစ်ခဲ့တာလား
မသေချာတဲ့လူတစ်ယောက်ကို
ဘယ်လိုအချိန်မှဖစ်ဖစ် ပြန်လာတိုင်းလက်ခံဖို့
နှလုံးသားတစ်ခုကိုသော့ပိတ်ထိုင့်စောင့်နေတာရော
ဖစ်သင့်ရဲ့လားလို့ တွေးကြည့်ဖူးလား
ကျွန်တော်ကတော့ လူတစ်ယောက်ကို
တစ်ဖတ်သတ်အများကြီးချစ်မိခဲ့သလို
အများကြီးလည်း တွေးကြည့်ဖူးတယ်
အဲ့အရာတွေအားလုံး မလွှတ်ချနိုင်ပဲ ဆက်တွေးနေရင်းနဲ့ ကျွန်တော် ခုံလေးတစ်နေရာ နှလုံးသားတစ်နေရာကနေ သူကိုဆက်စောင့်နေမိခဲ့တာပဲ
“And how can i move on
when i’m still in love with you”
15/04/2025
မစုံတော့မယ့် လမ်းထောင့်တစ်နေရာ
မထိုင်ဖစ်တော့တဲ့ ကော်ဖီဆိုင်တစ်ချို့
မရေးဖစ်တော့တဲ့ မင်းကိုလွမ်းကြောင်းတွေ
မဖတ်ဖစ်တော့တဲ့ အသဲကွဲကဗျာတစ်ချို့နဲ့
မမက်သင့်တော့တဲ့ အိမ်မက်တွေကြား
ရှင်သန်ချင်စိတ်မရှိတဲ့ နေ့ရက်တွေပေါ့ ….
Melancholydeja
Click here to claim your Sponsored Listing.
Category
Website
Address
Dubai