Zeek
We are a full-service travel company specializing in worldwide destination packages, global visa assistance, flight ticket bookings, and hotel reservations.
Our goal is to make travel stress-free by offering complete travel solutions under one roof.
19/03/2024
Admin ကိုယ်တိုင် တက်ခဲ့တဲ့ကျောင်းလဲဖြစ်သလို အခုလက်ရှိလဲ တက်နေဆဲမို့ 💯% fully Recommend ပေးပါတယ်။ ဆရာမတွေကိုယ်တိုင်သဘောကောင်းပြီး လုပ်ငန်းခွင်ရောက်သွားသည်တိုင် မသိတာရှိရင်အချိန်မရွေးပြောပြပေးတဲ့ သင်တန်းကျောင်းပါ။
✈ နိုင်ငံခြားသွားမည့်သူများအတွက် လုံးဝ (လုံးဝ) လက်လွှတ်မခံပဲတက်ရောက်သင့်တဲ့ "English Speaking For Interview" Intensive Training Class ကို Direction မှပထမဦးဆုံးအနေဖြင့်စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်ရှင် 🎉🎉
English Speaking For Interview အတန်းကို ဘယ်လိုလူတွေတက်ရောက်သင့်လဲ🤔
☘ How to introduce yourself လုပ်ငန်းခွင်မှာတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့အခါ Formal & Informal နှစ်မျိုးလုံးနှင့်ဘယ်လိုမိတ်ဆက်ရမလဲဆိုတဲ့ General Tips များကိုသိထားလိုသူများ။
☘ Job Interview တွေကို မြန်မြန်နဲ့မှန်မှန်ကန်ကန်ဖြေနိုင်ဖို့အတွက် ပြင်ဆင်ထားလိုသူများ။
☘ Airport check in မှာသုံးတဲ့စကားပြောအသုံးနှုန်းများနှင့်လေယာဥ်ပေါ်မရောက်ခင်အဆင့်ဆင့်ဖြတ်ရမည့် မေးခွန်းများအတွက်ကြိုတင်ပြင်ဆင်ထားလိုသူများ။
☘ တစ်နေရာမှတစ်နေရာသွားတဲ့အခါ Asking and Giving Directions အတွက်အခက်ခဲမရှိအောင်ကြိုတင်လေ့လာထားလိုသူများ။
☘ How to make a Telephone Conversation ကို General အားဖြင့်ဘယ်လိုပြောရမလဲကြိုတင်လေ့လာထားလိုသူများ။
☘ Interview ဖြေတဲ့အခါမှာ မေးလေ့မေးထရှိတဲ့ Questions & Tips တွေနဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်များကို ဘယ်လိုအဆင်ပြေပြေပြောရမလဲကြိုတင်ပြင်ဆင်ထားလိုသူများ အတွက်မဖြစ်မနေတက်ရောက်သင့်သည့်သင်တန်းတစ်ခုပဲဖြစ်ပါတယ်🤗
ဘယ်လိုတွေသင်ကြားပေးမှာလဲ 🤔
☘ English Speaking For Interview အတွက်ဆိုပေမဲ့ Speaking ကိုပဲနှုတ်တိုက်ကျက်ပြီးဖြေလို့ရအောင်သင်ပေးမှာမျိုးမဟုတ်ဘဲ speaking ပြောထွက်လာဖို့အတွက် Pair work & Role play discussion များကိုပါ classroom activity အနေဖြင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
☘ Speaking Conversation ပြောနိုင်ဖို့အတွက် Listening ကောင်းဖို့အတွက်ကလည်းအရေးကြီးလို့ listening section များကိုပါတစ်ခါထဲ လေ့ကျင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
☘Grammar Section အနေဖြင့်သုံးရလွယ်တဲ့ Simple Grammar များကိုလည်း အနှစ်ချုပ်ထည့်၍ သင်ကြားပေးမှာဖြစ်ပြီး၊
Formal & Informal အနေနဲ့သုံးလို့ရမယ့် vocabulary များကိုပါ လေ့လာ သင်ယူရမှာပဲဖြစ်ပါတယ် ။
သင်တန်းချိန်များကတော့.......
Class Day - Monday to Thursday (In Person)
Time. - 10:30 AM - 12:00 PM
Date. - 10 April 2024
Duration - 1month
Fee. - 120,000 MMK
Class Day - Monday to Thursday (Zoom Class)
Time. - 2:30 PM - 4:00 PM
Date. - 10 April 2024
Duration - 1month
Fee. - 100,000 MMK
*** Materials ကြေးပေးသွင်းရန်မလိုပါ။
✨အထိရောက်ဆုံးသင်ကြားမှုရရှိစေရန် လူဦးရေအကန့်အသတ်ဖြင့်သာလက်ခံပေးပါတယ်ရှင်။
သင်တန်းစုံစမ်းလိုပါက Direction Business Academy ရဲ့ Student Service ဖုန်းနံပါတ်တွေဖြစ်တဲ့
📞 09420198189
📞 09754614606
များသို့ဖြစ်စေ၊ page messenger မှတစ်ဆင့်ဖြစ်စေ အခုပဲဆက်သွယ်စုံစမ်းစာရင်းပေးပြီး သင်တန်းအပ်လိုက်ကြစို့နော်....😘
🏠 သင်တန်းလိပ်စာ 👇
အမှတ် ၅၄(ပထမထပ်)၊ မြေနီကုန်းစျေးလမ်း (ရှမ်းကုန်းလမ်းနှင့်မပိုလမ်းကြား)၊ ဂမုန်းပွင့်၊ ဒဂုံစင်တာ အနီး၊ စမ်းချောင်းမြိုနယ်။
(YBS နှင့်လာပါက မြေနီကုန်းမှတ်တိုင်တွင် ဆင်းပါ)။
YBS 11/20/21/35/37/39/61/62/65/75/78/85/97/131/105/107/128
* သောကြာ ရုံးပိတ်ရက် မှလွဲ၍ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ
လာရောက်စုံစမ်း အပ်နှံနိုင်ပါတယ်။ *
ဒူဘိုင်းသွားမယ့်သူများအတွက်သိထားသင့်သောဆောင်ရန်၊ရှောင်ရန်များ... (Part-2)
Puutin ဒီနေ့မှာတော့နိုင်ငံတွေအများကြီးရှိတဲ့ထဲကမှ ဒူဘိုင်းကိုအလုပ်သွားလုပ်ချင်တဲ့သူများအတွက်သိထားသင့်တဲ့အချက်လေးတွေကို ပြောပြသွားမှာဖြစ်ပါတယ်ရှင်။
ဒီ Part-2 မှာဘာတွေပြောသွားမလဲဆိုတော့-
-ဒူဘိုင်းမှာနေရင်ကုန်ကျစရိတ်တွေဘယ်လောက်ရှိမလဲ?
-Passport ကကော PV နဲ့လား PJ နဲ့လာရမှာလား?
-၂ လ Visit Visa နဲ့လာရင်ကော ၂ လပြည့်သွားရင်ပြန်ရမှာလား?
-ဒူဘိုင်းကိုလာရင်ဒီကနေငွေဘယ်လောက်ယူသွားသင့်သလဲ?
-အလုပ်ခေါ်တဲ့ရာသီဖြစ်တဲ့ Low Season, High Season တွေအကြောင်း?
ဆိုတာလေးတွေကိုပြောပြသွားမှာဖြစ်လို့ Puutin နဲ့တူတူကြည့်လိုက်ရအောင်နော်...
Puutin တင်ထားတဲ့ Part – 1 လေးကိုမကြည့်ရသေးလို့လေ့လာချင်သူများအတွက် အဆင်ပြေအောင် Puutin အောက်မှာ Link လေးချပေးထားပါတယ်နော်...
ပြီးတော့ဒူဘိုင်းနဲ့ပက်သက်ပြီးသိချင်တာရှိရင်ဖြစ်ဖြစ်၊ ဘယ်ကစပြီးဘာလုပ်ရမှန်း မသိလို့လမ်းပျောက်နေတယ်ဆိုရင် အောက်မှာချပေးထားတဲ့ Puutin သူငယ်ချင်းဆီ မှာ FOC ဆွေးနွေးလို့ရပါတယ်ရှင်။
Part – 1 - https://www.facebook.com/share/v/syoNG1m1KzcuSMRz/?mibextid=WC7FNe
YouTube Link -https://youtu.be/YvolBzyINrw
Dubai အကြောင်းသိချင်သူများအတွက် - https://www.facebook.com/zeek9595?mibextid=kFxxJD
YouTube Link-
ဒူဘိုင်းသွားမယ့်သူများအတွက်သိထားသင့်သောဆောင်ရန်၊ရှောင်ရန်များ... (Part-1)
Puutin ဒီနေ့မှာတော့နိုင်ငံတွေအများကြီးရှိတဲ့ထဲကမှ ဒူဘိုင်းကိုအလုပ်သွားလုပ်ချင်တဲ့သူများအတွက်သိထားသင့်တဲ့အချက်လေးတွေကို ပြောပြသွားမှာဖြစ်ပါတယ်ရှင်။
ဒီ Part-1 မှာဘာတွေပြောသွားမလဲဆိုတော့-
-ဒူဘိုင်းကိုလာရင်ဘာတွေပြင်ဆင်လာရမလဲ?
-ပညာအရည်အချင်းဘယ်လောက်လိုလဲ?
-အဲ့မှာအခြေခံလစာဘယ်လောက်ကစရလဲ?
-အလုပ်နဲ့ပက်သက်ပြီးခံစားခွင့်တွေကကောလာတွေရှိလဲ?
-အခြားသောအလုပ်ကိုင်အခွင့်အလန်းတွေကကောဘာတွေရှိလဲ?
-အဲ့မှာရတဲ့အခြေခံလစာကမြန်မာငွေနဲ့ဆိုရင်ကောဘယ်လောက်လဲ?
ဆိုတာလေးတွေကိုပြောပြသွားမှာဖြစ်လို့ Puutin နဲ့တူတူကြည့်လိုက်ရအောင်နော်...
YouTube link - https://youtu.be/aXSQv_558fY
ဒူဘိုင်းနဲ့ပက်သက်လို့ထပ်ပြီးတခြားသိချင်တာလေးတွေရှိရင် Puutin အောက်မှာချပေးထားတဲ့ Page Link လေးထဲဝင်ကြည့်လို့ရပါတယ်နော်
🕌 https://www.facebook.com/zeek9595?mibextid=kFxxJD 🕌
အခုလက်ရှိ Admin သည် UAE ရှိ Travel & Tour Company မှာ Travel Consultant အနေနဲ့လုပ်ကိုင်နေပါတယ်ခင်ဗျာ။ အဓီကအားဖြင့် UAEသို့ လာတဲ့သူတွေ အဆင်ပြေပြေလာလို့ရအောင် အခက်အခဲတစ်စုံတရာမရှိအောင် အလိမ်မခံရအောင် သိချင်တာများအား Admin ၏ အလုပ်ချိန်အတွင်းမှ တစ်ယောက်ချင်းစီအား စိတ်ရှည်လက်ရှည်ဖြေကြားပေးလျက်ရှိပါသည်။
တစ်ခုတော့မေတ္တာရပ်ခံ ပါရစေ။ UAE သို့ မလာရောက်ခင် Admin ထံမှ အကြံဥာဏ်များစွာ တောင်းခံပြီးနောက် UAE သို့ လာရောက်သောအခါ Visa , Flight Ticket များအား ကြုံတဲ့သူစီ ဝယ်ယူပီးလာရောက်ကြပါတယ်။
ထိုကြောင့် ကျွန်တော်ထံမှ သိလိုသမျှမေးမြန်းပီးနောက် ကျွန်တော်၏ service အား ဝယ်ယူအားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ။
Explore Azerbaijan: A Symphony of Culture and Beauty!
Prepare to be dazzled as we embark on a journey to the enchanting land of Azerbaijan, where every corner reveals a new treasure!
If you're ready to experience the magic of Azerbaijan firsthand, why wait? Let me arrange everything for you and make your journey truly unforgettable!
Contact us for more inquiries:
WhatsApp: +971 50 185 2393
Book & Apply Now!
14/02/2024
ဒီနေ့မှာတော့ Zeek's Holidays အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် Dubai ကိုလာရောက်တော့မည်ဆိုလျှင် သိထားသင့်တဲ့ ကိစ္စရပ်များကို ဝေမျှပေးသွားပါမယ်ခင်ဗျာ။
အရာရာ သေချာ စဉ်းစားဆုံးဖြတ်ပြီးမှ လာရောက်စေချင်သည့် စေတနာဖြင့် ဝေမျှပေးခြင်းဖြစ်ပါသည်။
(၁) ဘာသာစကားကျွမ်းကျင်မှု
(၂) ငွေကြေးအခြေအနေ နှင့် အသုံးစရိတ်များ
(၃) အလုပ်အကိုင် နှင့် လစာအခြေအနေ
(၄) PV/ PJ ပြဿနာ
(၅) Visit Visa နှင့် Visa Extension
(၆)2 years resident Visa
(၁) ဘာသာစကားကျွမ်းကျင်မှု
ဘာသာစကားပြောဆိုရာတွင် English language သည် လုပ်ငန်းခွင် နှင့် အပြင်ပတ်ဝန်းကျင်တွင် အများဆုံးအသုံးပြုသော အရေး/အပြောဘာသာစကားဖြစ်သည်။ အလုပ် Interview ဖြေဆိုရာတွင်လည်း HR အများစုသည် First Interview တွင် မိမိ၏ English Communication Level ကို အဓိက သိလိုသောကြောင့် “Tell Me about Yourself” အစရှိသော မေးခွန်းများကို မေးလေ့မေးထရှိသည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် English Language ကို သေချာလေ့လာပြင်ဆင်ထားရန်လိုအပ်သည်။ Intermediate level & above ရှိပြီး Communication ကောင်းကောင်းလုပ်နိုင်ပါက မိမိအတွက် အခွင့်အရေး ပိုများသည်။ English အားနည်းလျှင် အလုပ်ရရှိရန် ကြန့်ကြာနိုင်သလို လစာလည်း ထင်သလောက်ရရှိနိုင်မည်မဟုတ်ပါ။
(၂) ငွေကြေးအခြေအနေ
2 months visa, Flight ticket , Return Booking Ticket, Travel Insurance, Hotel Booking အထိ ကုန်ကျငွေသည် လက်ရှိငွေဈေးအရ ပျမ်းမျှ 3,000,000 mmk ဝန်းကျင်ရှိပါသည်။ (၂) လစာအဆောင်ငှားခ, အသုံးစရိတ် နှင့် စားစရိတ်ကတော့ ပျမ်းမျှ သိန်း 30-40ကြားလောက်ရှိပါတယ်။ ထို့အပြင် အခုလက်ရှိသည် Hiring Low Season သို့ ရောက်ရှိတော့မည်ဖြစ်သောကြောင့် 2 months Visa Extension ထပ်တိုးနိုင်ရန် လိုရမယ်ရ အပိုငွေ 1,500,000 mmk လောက် ထပ်ဆောင်းယူလာသင့်သည်။
(၃) အလုပ်အကိုင် နှင့် လစာအခြေအနေ
Dubai နိုင်ငံတွင် အလုပ်အများစုသည် Hospitality, Sales, Cashier, Waiter နှင့် office Job အပိုင်းများရှိပါသည်။
Hotel industry ဆိုလျှင် လစာအနေဖြင့် 1300 AED မှစတင်ရရှိနိုင်ပြီး Accommodation, duty meal, transportation, 2 years residence visa များ provide လုပ်သည့်အပြင် Service money နှင့် Tips money များ အပိုထပ်ဆောင်းရရှိနိုင်သည်။
Customer Service အလုပ်များ နှင့် office ပိုင်းဆိုင်ရာ အလုပ်များသည် AED 2000 (သို့) AED 3000 မှစတင်ရရှိနိုင်ပါသည်။ Other Allowances အနေဖြင့် 2 years residence visa provide နှင့် service money , tips money များသာ ရရှိနိုင်သည်။
အထူးသတိပြုရမည့်အချက်မှာ မိမိ English Skill နှင့် မည်သည့် အလုပ်ကိုမဆို ဝင်လုပ်မည်ဟု ဆုံးဖြတ်ထားပါက ဘယ် Agent မှ အားမကိုးပဲ မိမိကိုယ်တိုင် အလုပ်လာရှာခြင်းသည် အကောင်းဆုံးဟု အကြံပြုလိုပါသည်။
(၄) PV/ PJ ပြဿနာ
အမေးများဆုံးဖြစ်သော Passport ပြဿနာလေးတခုကိုပြောပြပေးချင်ပါသည်။ များသောအားဖြင့် Dubai ကိုအလုပ်လာရှာမည်ဆိုလျှင် PV passport နဲ့ (၂) လ Visit Visa လျှောက်ပြီး အလုပ်လာရှာရမှာဖြစ်ပါသည်။ PJ နဲ့ လာလို့ရလား အမြဲမေးကြပါသည်။ PJ Passport ဆိုသည်မှာ Passport Job စာအုပ်ဖြစ်၍ employment visa, OWIC Card အစရှိတာတွေပါမှ မြန်မာ immigration ဘက်က ထွက်ခွာခွင့်ပေးပါသည်။ Dubai 2 months visit visa လျှောက်ပေးရာတွင် ကျွန်တော်တို့ဘက်မှာ PJ ဖြစ်ဖြစ် PV ဖြစ်ဖြစ်Visit လျှောက်ပေးလို့ရပါသည်။ သို့သော် PJ စာအုပ်ဖြစ်နေလျှင် မြန်မာ Immigration ဘက်မှ မည်သည့်အကြောင်းကြောင့်နှင့်မှ ပေးထွက်မည် မဟုတ်ပါ။
(၅) Visit Visa နှင့် Visa Extension
ယခုအခါ Dubai တွင် Ramadan ကာလရောက်ရှိတော့မည်ဖြစ်သောကြောင့် အလုပ်ချိန်လျှော့ချခြင်းနှင့် အလုပ်ခန့်မှုများအား နည်းပါးသွားတော့မည် အချိန်ဖြစ်မည်။ ထို့ကြောင့် 2 months Visit Visa ကုန်ဆုံးသွားလျှင် စင်ကာပူနိုင်ငံကဲ့သို့ မြန်မာနိုင်ငံကို ပြန်သွားစရာမလိုပေ။ 1 month visa & 2 month visa များအား သက်တမ်း ပြန်တိုးနိုင်သည်။ 1 month visa အား မိမိလုပ်ခဲ့သည့် Agent တွေသာပြန်တိုးနိုင်ပြီး 2 months visa အား A2A( flight) နှင့် B2B (Bus) အဖြစ် visa အား ထပ်မံတိုးရောက်နိုင်သည်။
သတိပြုရမည့် အချက်မှာ Visa သက်တမ်း မကျော်ခင် Visa အား Extension လုပ်သင့်ပါသည်။ Visa သက်တမ်းကျော်ရင် ပေးရမည့် Fine ကြေးများသည် များပြားပါသည်။ ထို့ကြောင့် visa သက်တမ်းမကုန်ခင် တစ်ပတ်လောက် အလို သက်တမ်း တိုးဖို့ စ,စီစဉ်သင့်သည်။
(၆)2 years resident Visa
မိမိနေထိုင်ရာနေရာမှ အကြောင်းအမျိုးမျိုးကြောင့်ထွက်ခွာချင်လျှင် Dubai 2 years Resident Visa လည်း လျှောက်ထားနိုင်သည်။ UAE Resident Visa သည် ဘန်ကောက် နှင့် စင်ကာပူ resident visa များထက်လျှောက်ရသည့်မှ ပို၍ လွယ်ကူသည်။Dubai သို့လာရောက်၍ လျှောက်နိုင်သလို မိမိနေထိုင်ရာနေရာမှလည်း တိုက်ရိုက် လျှောက်ထားနိုင်သည်။ UAE resident visa ကိုင်ထားလျှင် အားသာချက်များစွာရှိသည်။ တချို့ နိုင်ငံများသို့ Visa On Arrival အဖြစ်သွားရောက်လည်ပတ်နိုင်ခြင်း, Dubai Bank Account များ ဖွင့်၍ရနိုင်ခြင်း စသည့် အားသားချက်များစွာရှိသည်။ အသေးစိတ် သိရှိလိုပါက CB တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။
နောက်ဆုံးအနေဖြင့် သူများနိုင်ငံတွင် လာရောက်နေထိုင်အလုပ်လုပ်ကိုင်ရခြင်းကြောင့် Physically နှင့် Mentally ကြံ့ကြံ့ခံနိုင်မှသာ လာရောက်ဖို့ အကြံပေးလိုသည်။
ကျွန်တော်ကအလုပ်ရှာပေးတဲ့ agent မဟုတ်ပါဘူး။ ကျွန်တော်က အဓိက Flight ticket, dummy ticket, 2 months uae tourist visa, Travel Insurance အဓိက ထားပြီး ဝန်ဆောင်မှုလုပ်ပေးပါတယ်ခင်ဗျ။ အကယ်၍ ကျွန်တော်ဝန်ဆောင်မှုနဲ့ လာရောက်မယ်ဆိုရင် အဆောင်လဲ ရှာပေးထားပါတယ်။ ဓာတ်ပုံရိုက်ပီးအဆောင်ပုံပြပေးပါတယ်။ လာရောက်ပြီ ဆိုတော့မှ အကိုတို့အမတို့အနေနဲ့ အဆောင်ပိုင်ရှင်နဲ့တွေ့ပီး ပိုက်ဆံပေးရုံပါပဲ။ နေရမှာကတော့ ၂ယောက်ခန်းပါ။ လေဆိပ်ရောက်ပြီ ဆို လာကြိုပေးပါတယ်။Metro Card လည်း တခါထဲဝယ်ပေးထားပါတယ်ခင်ဗျာ။Dubai မှာအမေးများတဲ့ interview tips တွေ အလုပ်ရှာနည်း နည်းလမ်းတွေ၊ အလုပ်အကိုင် group တွေ email တွေ share ပေးပါတယ်။ CV form လည်း ကူပီးကြည့်ပေးပါတယ်။ လိုအပ်တဲ့ SIM card တွေ အသုံးအဆောင်တွေကအစကူပြီးလိုက်ဝယ်ပေးပါတယ်။
12/02/2024
ယခုလက်ရှိ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် အဆင်မပြေမှုများကြောင့် UAE နိုင်ငံသို့ လာရောက် အလုပ်ရှာဖွေဖို့ စဉ်းစားနေပြီဆိုလျှင် ကျွန်တော်တို့ Zeek Holidays နှင့် ဆွေးနွေးတိုင်ပင်လိုက်ပါ။
Zeek's Holidays နှင့် လာရောက်သောသူများကိုလည်း မိမိနေထိုင်မည့် အဆောင်လဲ ကူညီ ရှာဖွေပေးထားမည်ဖြစ်သည်အပြင် မိမိ Dubai သို့ရောက်တဲ့အချိန်တွင် လေဆိပ်ကိုလဲ လာရောက်ကြိုဆိုပေးပါမည်ခင်ဗျာ။ ကျွန်တော်သည် အလုပ်အကိုင်ရှာဖွေပေးသည့် Agent မဟုတ်ပါဗျာ။ မိမိ Dubai နိုင်ငံသို့ ရောက်ရှိချိန်တွငိ အလုပ်အကိုင်ရှာဖွေရမည့် နည်းလမ်းများအား Guideline ပေးခြင်း, Interview Tips များ Sharing ပြုလုပ်ပေးခြင်းနဲ့ CV Form များကိုလဲ ကူညီဆောင်ရွက်ပေးခြင်းစသည်တို့ကို အဓီကထား ကူညီဆောင်ရွက်ပေးပါသည်။ ဒါ့အပြင် လိုအပ်သောအသုံးအဆောင်များ , SIM Card , Metro Card အစရှိသော အသေးစိတ်ကအစ လိုက်လံကူညီဝယ်ယူပေးပါသည်။
🛑 🛑 🛑 ကျွန်တော်တို့ Zeek's Holidays Holidays ကအလုပ်ရှာပေးတဲ့ Agent မဟုတ်ပါဖူးခင်ဗျာ။ အလုပ်အကိုင် အမြန်ရရှိအောင် အလုပ်လျှောက်ပုံလျှောက်နည်းများ, Interview tipsများ နှင့် ဆောင်ရန်ရှောင်ရန်များကို အနီးကပ် coach လုပ်ပေးတာပါ။
🛑 🛑 🛑 Payment ပေးချေရာတွင်လည်း ရန်ကုန်မြို့တွင် Cash သွားရောက်ပေးနိုင်ပြီး Banking များနှင့်လဲ လွှဲပေးလို့ရပါသည်။
🛑 🛑 🛑 တစ်ခုတော့မေတ္တာရပ်ခံ ပါရစေ။ မလာခင် လပေါင်းများစွာ လာပီး အကြံဥာဏ်တွေတောင်းခံ လာတော့ Visa , Flight Ticket ကျ ကြုံတဲ့သူစီဝယ် အလုပ်မရတော့ အလုပ်လာရှာ ခိုင်း မကူညီချင်လို့မဟုတ်ပါဘူး အချိန်တွေ အလကား အကုန်မခံ နိုင်လို့ ကျေးဇူးပြု၍ နားလည် ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ🙏🙏🙏
04/01/2024
Experience the best of these countries with our carefully curated itineraries that offer a blend of spiritual exploration and leisure activities.
Our exclusive holiday package is designed to make your Vacation or Holidays memorable and extraordinary. Book now and embark on an unforgettable journey to these countries.
✔ All Tour mentioned in the program - private.
✔3 nights’ Accommodation in 4 Star Hotel.
✔Daily Breakfast at Hotel.
✔Airport Transfers on a Private basis with Sedan in each country.
✔Tours as per Itinerary
❌ Round Trip Flight Tickets
❌ Visa Fee
❌ Lunch , Dinner & Personal Expense
(MINIMUM 2 PERSON REQUIRED)
Contact us for more inquiries:
WhatsApp : +971 50 185 2393
Book & Apply Now!
Absconding တွေ များနေလို့ Dubai Visit Visa လျှောက်တာကို Dubai Immigration က ပိတ်ထားပါတယ်ခင်ဗျာ။ ဘယ်အချိန်ပြန်ဖွင့်မလဲတော့မသိဖူး။ ဘာ rule အသစ်တွေနဲ့ လာအုန်းမလဲ မသိဖူး။ ပြန်ဖွင့်ရင် update ပြန်လုပ်ပေးပါမယ်ခင်ဗျာ။
27/12/2023
UAE နိုင်ငံရှိ အလုပ်အကိုင်နဲ့ ပတ်သက်သော အကြောင်းအရာများ
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့ ကျွန်တော် အနေနဲ့ ဒီနေ့ ဝေမျှပေးခြင်းတဲ့ အကြောင်းအရာကတော့ UAE နိုင်ငံ သို့ အလုပ်အကိုင်ရှာဖွေခြင်းနဲ့ ပတ်သက်သောအကြောင်းအရာကို ပြောပြပေးမှာဖြစ်ပါသည်။
UAE နိုင်ငံသည် အလုပ်ရှာဖွေရာတွင် မိမိထင်သလောက် လွယ်ကူသည်အရာမဟုတ်ပေ။လူမျိုးပေါင်းစုံနှင့် ယှဉ်ပြိုင် Interview ဖြေရခြင်း၊ English စကားပြောဆိုရခြင်း စသည့် အကြောင်းအရာများ စွာရှိသည်။ အလုပ်အကိုင်ရှာဖွေရာတွင်လည်း အလုပ်မြန်မြန်ရရှိစေရန်မှာ မိမိ၏ ကံ၊ ဉာဏ်၊ ဝိီရိယ နှင့် ကြိုးစားအားထုတ်မှုပေါ်တွင်အများကြီး မူတည်သည်။ ထိုအပြင် အလုပ်အကိုင် မရွေးချယ်လျှင် အလုပ်မြန်မြန် ရရှိနိုင်မည် ဖြစ်သည်။
နောက်တခု အရေးကြီးဆုံးအချက်မှာ UAE နိုင်ငံအတွင်း အလုပ်တစ်ခါထဲတန်းရှာပေးမည်ဆိုသည့် Agency သည် မရှိသလောက်ရှားပါသည်။ ရှိခဲ့လျှင်လဲ အလိမ်အညာ ဖြစ်နိုင်ပါသည် ။ သတိပြုရမည်မှာ scan agent အများစုသည် service fee အဖြစ် ငွေများတောင်းခံကြပါသည်။ လုံးဝလုံးဝ မပေးမိပါစေနဲ့။ မိမိ၏ အချိန်သာမက ငွေပါ ဆုံးရှုံးမည်ဖြစ်သည်။ မိမိကိုယ်တိုင် အားကိုး၍သာ အလုပ်ရှာကြပါခင်ဗျာ။
Zeek's Holiday ၏ Admin သည် အလုပ်ရှာပေးနေသည် Agent မဟုတ်ပါ။ Flight Ticket နှင့် Visa ကိုအဓီက service ပေးပြီး မိတ်ဆွေ တို့ UAE နိုင်ငံ သို့ လာရောက်ရာ၌ အခက်အခဲမရှိစေရန် နေထိုင်ရန်Rooms များ booking လုပ်ပေးထားခြင်း၊ လေဆိပ်သို့လာရောက်ကြိုပေးခြင်း နှင့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို ကူညီလိုက်ဝယ်ပေးခြင်းအစရှိသည်များကို ကူညီဆောင်ရွက်ပေးပါသည်။
ထိုအပြင် Admin ကြုံတွေခဲ့ရသော အခက်အခဲများ အတွေ့အကြုံများကို အခြေခံ၍ အလုပ်ရှာဖွေရာတွင် လိုအပ်မည့် အချက်အလက်များနှင့် ဆောင်ရန်ရှောင်ရန်များကိုသာ Guideline ပေးပါသည်။ 🛑🛑🛑လုံးဝလုံးဝ အလုပ်ရှာမပေးပါခင်ဗျာ။
မိတ်ဆွေတို့အားလုံးအလုပ်အကိုင် များ မြန်မြန်ရရှိနိုင်ကြပါစေလို့ Zeek's Holidays မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
ဝန်ဆောင်မှုများနဲ့ ပတ်သက်သော အကြောင်းအရာများကို သိရှိလိုပါက page messenger or whatsapp no +971 50 185 2393 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
KFC Building, Al Rigga Road
Dubai