Moe - TRIO

Moe - TRIO

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe - TRIO, Author, Inya Road, Kamaryut Ts.., Yangon.

23/02/2026

🏺🏺🏺ရေအပြည့်ဖြည့်ရမယ့် မေတ္တာရေအိုး(၆)လုံး🏺🏺🏺

Good morning, everyone.
“Amen. I say to you, what you did not do for one of these least ones, you did not do for me.”

ဒီနေ့ အသက်ပေးတဲ့နှုတ်ကပါဌ်တော်မှာ အငယ်ဆုံးသောသူကိုပြုစုရင် ငါ့ကိုပြုစုတယ်။ ဒီအချက်ကလေးနဲ့အတူ ဒီနေ့ ကျွန်ုပ်တို့ကြားနာရတဲ့ ကျမ်းစကားမှာ နောက်ဆုံးသော Last judgment အကြောင်းကို ကြားရပါတယ်။

ဆိတ်နဲ့၊သိုးနဲ့ ခွဲတယ်။ အဲဒီခွဲခြားမှုကြားထဲမှာ ကျွန်ုပ်တို့ဟာ ဘယ်အုပ်စုမှာပါလဲဆိုတဲ့မေးခွန်းကို ကိုယ့်ဟာနဲ့ကိုယ် မေးကြည့်အောင်။ သိုးလေးတွေလား။ ဆိတ်လေးတွေလား။ ဆိတ်မှာတော့ ဂျိုပါတယ်၊ ခွေ့မယ်၊ ခတ်မယ်။ သိုးမှာတော့ နူးညံ့တယ်၊ သိမ်မွေ့မယ်၊ ကူညီဖို့အတွက် အဆင်သင့်ရှိမယ်။ ဘယ်အုပ်စုမှာ ပါသလဲပေါ့။

ပထမကျမ်းစာ Leviticus မှာ ကျွန်ုပ်တို့ကြားရတဲ့အချက်က #မလုပ်နဲ့ ဆိုတဲ့အချက်တွေ ကျွန်ုပ်တို့ ကြားရပါလိမ့်မယ်။ မလိမ်နဲ့၊ မခိုးနဲ့၊ မဝှက်နဲ့။ မလုပ်ဖို့အကြောင်းတွေကို ကျွန်ုပ်တို့ကြားရမယ်။

ဒါပေမယ့် အသက်ပေးတဲ့နှုတ်ကပတ်တော်မှာ ခရစ်တော်ဘုရားရှင် မိန့်တာကတော့ လုပ်ဖို့ကိစ္စတွေကိုပဲ ရှေ့တန်းတင်ပါတယ်။
နောက်ဆုံးသောနေ့ ရောက်လာတဲ့အခါ ငါရေငတ်တဲ့အခါ ငါ့ကို မင်းရေတိုက်သလား။ ငါ ဆာလောင်တဲ့အခါ မင်း၊ ငါ့ကို အစာကျွေးသလား။ အဝတ်မဲ့တဲ့အခါ မင်း၊ ငါ့ကို အဝတ်နဲ့ ဖုံးလွှမ်းသလား။ #လုပ်သလား ဆိုတဲ့မေးခွန်းတွေကို မေးပါလိမ့်မယ်။ အဲဒီအချိန်မှာ ကောင်းသူ၊ဆိုးသူ နှစ်ဦးစလုံးသောပုဂ္ဂိုလ်တွေက မေးခွန်းပြန်ထုတ်ကြတယ်။ ကိုယ်တော် ဘယ်တုန်းက ဆာမွတ်နေတာကိုများ ကျွန်ုပ်တို့ တွေ့ခဲ့ကြရပါသလဲ။

ဒါကြောင့်မို့လို့ ဘုရားရှင်ဟာ ကျွန်ုပ်တို့ရဲ့ ဘဝအသက်တာထဲမှာရှိနေတဲ့အခါမှာ မထင်မရှားလေးနဲ့ ရှိတာ။ ကျွန်ုပ်တို့တွေက အကြားအမြင် နည်းနေတယ်ဆိုရင် မြင်ဖို့၊တွေ့ဖို့ ခက်ပါလိမ့်မယ်။ မေတ္တာအကြည့်နဲ့တွေ့ရင် ပိုပြီးရှင်းရှင်းလင်းလင်း တွေ့ပါလိမ့်မယ်။

ဒီမှာတော့ လူကောင်းတွေချည်းပဲလို့ ထင်ပါတယ်။ ဒီအဖွဲ့ထဲမှာ ထောင်ထွက်ပုဂ္ဂိုလ်ရှိလား။ ထောင်ထွက်တဲ့သူ ရှိလား။ မရှိဘူး။ တော်လိုက်ကြတာ။ ကျေးဇူးတင်ပါတယ်။ ထောင်ထွက်တဲ့ပုဂ္ဂိုလ် မရှိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ထောင်ထွက်ပါပဲ။ ထောင်ကိုမှ (၄)ထောင်လောက် ထွက်လာတဲ့ပုဂ္ဂိုလ်ပါ။ ကျွန်တော်ထွက်လာတဲ့ထောင်က အကြောင်းကိုသိတော့ ကျွန်တော့်ကိုမေးကြတယ်။ ကိုယ်တော် ဘာဖြစ်လို့များ အဲဒီမှာ….။ ဒီလိုအဖြစ်အပျက်တွေဖြစ်တာ မသိလိုက်လို့ပါ…။ စောစောကသိရင် လာထုတ်တာပေါ့… ဆိုပြီးတော့မှ ပြောတဲ့ဘာသာတူတွေလည်းပဲ ရှိပါတယ်။
တကယ်တော့ ကျွန်တော်ထောင်ထဲသွားတာ ဘာသာတူတွေ အပြစ်ဖြေ၊ ကိုယ်တော်မြတ်ပင့်ရဖို့ သွားတာပဲဖြစ်ပါတယ်။

အဲဒီတော့ ဒီ..ဒီဇင်ဘာ ၂၃တုန်းက မအူပင်ထောင်ကို သွားခဲ့ပါတယ်။ ဒီဇင်ဘာ၂၉ရက်နေ့မှာ အင်းစိန်ထောင်ကိုသွားခဲ့ပါတယ်။ ၃၀ရက်နေ့မှာတော့ သာယာဝတီထောင်ကို သွားတယ်။ အဓိကအချက်က ခရစ္စမတ်အချိန်မှာ၊ ဒါမှမဟုတ် အီစတာအချိန်မှာ၊ ဒီလိုမျိုးတွေမှာ ခရစ်တော်တည်းဟူသောလက်ဆောင်၊ ဘုရားပေးလက်ဆောင် သူတို့ကို ရရှိစေချင်တယ်။ ဒါကြောင့်မို့လို့ သွားခြင်းပဲဖြစ်ပါတယ်။

အဲဒီတော့ ဒီနောက်ဆုံးသောအချိန်၊ ဘုရားသခင် မေးခွန်းထုတ်တဲ့အချိန်ကျရင် Hungry and the thirst… ဆာလောင်တဲ့သူတွေ၊ ရေဆာတဲ့သူတွေ…အဲဒီလူတွေ….။ ပြီးသွားရင်… Strangers and the naked… သူစိမ်းပုဂ္ဂိုလ်တွေ…၊ ကူ(ရာ)မဲ့..၊ ကယ်(ရာ)မဲ့… “မဲ့”နေတဲ့သူတွေ…အိမ်ရာမဲ့နေတဲ့ပုဂ္ဂိုလ်တွေ..၊ အဝတ်ချည်းစည်းဖြစ်တဲ့ပုဂ္ဂိုလ်တွေ…ဒီပုဂ္ဂိုလ်တွေကို ပြုစုသလားလို့ မေးကြလိမ့်မယ်။

နောက်အချက်အနေနဲ့က ကျွန်ုပ်တို့ The sick and prisoners..။ ရောဂါဘယ ခံစားနေရတဲ့ပုဂ္ဂိုလ်တွေ၊ ထောင်ထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေ…။ အဲဒီပုဂ္ဂိုလ်တွေအတွက် မင်း ဘာလုပ်ပေးသလဲဆိုတဲ့မေးခွန်းကို ကျွန်ုပ်တို့အားလုံးဖြေရမဲ့မေးခွန်း ဖြစ်ပါတယ်။ ဒါကြောင့် ဘာမှ Hot spot လိုက်စရာမလိုဘူး။ ဘုရားက ပေးပြီးသား၊ မေးခွန်းက အဆင်သင့်။ ကျွန်ုပ်တို့က ဖြေဖို့ပဲလိုပါတယ်။

အဲဒါကြောင့် ဒီလိုမျိုး ထောင်ထဲကို ကျွန်ုပ်ဘာ့ကြောင့်သွားရသလဲ။

Philippines မှာရှိတဲ့အချိန် Cebu ထောင်ကိုသွားတယ်။ အဲဒါဘာ့ကြောင့်လဲဆိုတော့ ဒီအရာလေး သန္ဓေတည်လာရတဲ့အကြောင်းရင်း၊ သွားရတဲ့အကြောင်းရင်းဟာ မယ်တော်ရဲ့ တစ်ခွန်းတည်းသောစကားကြောင့်ပါပဲ။ မယ်တော်… ကာနန်မြို့လက်ထပ်ပွဲမှာ ပြောတယ်။ စပျစ်ရည်ကုန်သွားတဲ့အခါမှာ ပြောတဲ့အရာလေးက “Do whatever He tells you.” #သူစေခိုင်းသမျှကိုပြုကြပါ။ #သူ ဆိုတာ ဘယ်သူလဲ။ #သူ ဆိုတာ #ခရစ်တော်။ ခရစ်တော် ဘာတွေစေခိုင်းသလဲ။

အဲဒီအချက်လေးကို ကျွန်ုပ်တို့ “Our Lady of Bible” ကျမ်းစာရဲ့သခင်မဆိုတဲ့ ဒီဆင်းတုတော်ရဲ့ရှေ့မှာ အဲဒီရေအိုးလေး(၆)လုံးကို ထားထားပါတယ်။ အဲဒီရေအိုးလေးကိုကြည့်နေရင်းနဲ့မှ ဒီရေအိုးတွေက ဘာဖြည့်ရမှာလဲ။ ဘုရားကတော့ ဖြည့်ခိုင်းတယ်။ ရေဖြည့်ဖို့ပြောပါတယ်။ တစ်ဆင့်တိုးပြီးတော့မှ အတွေးရလာပါတယ်။ ရိုးရိုးရေတော့ မဖြစ်နိုင်ဘူး။ #မေတ္တာရေ ပဲဖြစ်မယ်ဆိုတဲ့အတွေးလေး ဝင်လာပါတယ်။

အဲဒီတော့မှ #မေတ္တာရေ အမှုတွေကို လိုက်ပြီးတော့ကြည့်မိတဲ့အခါ ငါ.. ဆာလောင်နေတဲ့သူတွေကိုမှ ကျွေးမိရဲ့လား.. စသည်ဖြင့် အဲဒီအိုးလေးတွေကို တစ်လုံးချင်း၊ တစ်လုံးချင်း လိုက်ပြီးတော့မှ ထည့်ကြည့်တယ်။ အဲဒီအိုးတွေကို လိုက်ထည့်ကြည့်တဲ့အခါမှာ အတွေးလေးတစ်ခု ထပ်ပေါ်လာပါတယ်။ နောက်ဆုံးသော ဒီLast Judgement မှာ ပြောတဲ့အရာ… အဲဒါဘယ်နှချက်ရှိလဲလို့ ပြန်စဉ်းစားကြည့်ပါတယ်။ ဒီနေ့ Gospel မှာဖတ်သွားတဲ့ ရှင်မာတေဦး Chapter-25ပဲ ဖြစ်ပါတယ်။

ဆိုတော့… ဒီ(အခန်းကြီး)၂၅လေးမှာ ဘယ်တော့မှ မမေ့နိုင်ဘူး။ မယ်တော်ပြောတဲ့ ကျမ်းချက်လေးကလည်းပဲ John 2:5 ပါ။ (ယောဟန်)၂:၅ ပါ။ “၂၅”မှာ ရှင်ယောဟန်နှင့်ငါ့ကို ပြောတယ်လို့ ကျွန်ုပ်က မှတ်ထားတယ်။ ရှင်ယောဟန် အခန်းကြီး၂၊ အခန်းငယ်၅မှာ။ အဲဒီအချက်လေးကို ကျွန်ုပ်က လိုက်ရှာတဲ့အခါမှာ ရှင်မာတေဦးအခန်းကြီး၂၅မှာတွေ့ရတဲ့၊ ဒီနေ့ကြားနာရတဲ့ ကျမ်းစာလေးပါပဲ။

အဲဒါကလည်းပဲ အချက်(၆)ချက် ရှိပါတယ်။ အဲဒီတော့ ကျွန်ုပ်အတွက် ခံစားလိုက်ရတဲ့ဒီအချက်(၆)ချက်က ဒီအိုး(၆)လုံးကိုဖြည့်ရမယ်ဆိုတဲ့ အမြင်မျိုးကို ကျွန်ုပ် ရပါတယ်။
အဲဒါကြောင့်မို့လို့ အိုးတွေထဲမှာ မလွတ်ရအောင်ဆိုရင် ထောင်ထဲမှာ ငါရှိတဲ့အခါ ငါ့ကိုလာကြည့်လားဆိုတဲ့ စကားလုံးလေးကိုယူပြီးတော့မှ ထောင်ထဲကိုလည်းပဲ ရောက်အောင်သွားပါတယ်။ အဓိကအချက်က မယ်တော်ရဲ့တစ်ခွန်းတည်းသော စကားကြောင့်ပါပဲ။

အဲဒီတော့ ဒီမှာရှိတဲ့ပုဂ္ဂိုလ်တွေ ထောင်ထဲကိုသွားဖို့ဆိုတာ ခက်ပါတယ်။ တစ်ခါတလေမှာ မလွယ်ပါဘူး။ သို့သော်လည်းပဲ ထောင်ကျနေသကဲ့သို့ Loneliness ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေ များစွာရှိပါတယ်။ အဲဒီလူတွေနဲ့ စကားပြောသလား။ တစ်ချို့က နီးလျက်နဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေ… ဖျားနာနေတဲ့ပုဂ္ဂိုလ်တွေ… ရှိပါတယ်။ အဲဒီလူတွေကို ဂရုစိုက်မိရဲ့လား။

ဒီကနေ့ အသက်ပေးတဲ့နှုတ်ကပါဌ်တော်နဲ့ ပြန်ထောက်ကြည့်မယ်ဆိုရင် ပထမကျမ်းစာမှာရှိတဲ့ ကြားရတဲ့အရာမှာ #မလုပ်နဲ့ ဆိုတဲ့အရာတွေ။ အဲဒီ… ဒီကျိန်ဆိုခြင်းခံရတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့လုပ်တဲ့အလုပ်အတွက် (အပြစ်)ဒဏ်ခံရတာမဟုတ်ဘူး။ သူတို့မလုပ်ခဲ့တဲ့အလုပ်အတွက် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခု ဝါတွင်းအချိန်၊ ဝါတွင်းအသိ၊ ဝါတွင်းသတိရှိဖို့အချိန်မှာ အင်မတန်မှ ထောက်ရှုလို့ကောင်းတဲ့အချိန်ပါပဲ။ ကျွန်ုပ်တို့.. အသားရှောင်၊ဝါရှောင်ခြင်းတွေ ပြုကြတယ်။ အင်မတန်ကောင်းပါတယ်။ သို့သော်လည်းပဲ အသားရှောင်၊ဝါရှောင်ခြင်းထက် အပြစ်ရှောင်ခြင်းက ပိုပြီးတော့မှ အရေးကြီးတယ်ဆိုတဲ့အရာကို နှလုံးသွင်းဖို့လိုပါတယ်။

တစ်ဆင့်တက်ပြီးတော့မှ ကျွန်ုပ်တို့ တွေးရမယ်။ အဲဒီအပြစ်ရှောင်ခြင်းတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ မကောင်းမှုကိုရှောင်ရုံတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ ကောင်းမှုကိုလည်း လုပ်ဆောင်ရမယ်ဆိုတဲ့အချက်ကို နှလုံးသွင်းဖို့အတွက် ဒီနေ့ ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့ကို သွန်သင်နေပါတယ်။ ဒါကြောင့် … မကောင်းမှုရှောင် ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား.. ဆိုတာ။ အဲဒီစိတ်ဖြူအောင် ချစ်ခြင်းမေတ္တာရှိပြီဆိုရင် ဒီအရာတွေကို ကျွန်ုပ်တို့ လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့်.. ဝါတွင်းအသိ ဝါတွင်းသတိလေးစွဲကပ်ပြီးတော့မှ ဒီအချိန်၊ အမိမယ်တော်ကိုသဒ္ဓါကြည်ညိုခြင်းပြုနေတဲ့ ဒီအချိန်….။
နိုဗေနားဆိုပြီးတော့ Fatherက ခေါ်ပါတယ်။ ဘာပွဲအတွက်လဲဆိုတော့ ဒီ လုဒ်စ်မယ်တော်ပွဲအတွက်။ ၁၁ရက်နေ့က ပြီးပြီလေလို့ ပြောတဲ့အခါကျတော့ ဪ၊ မဟုတ်ဘူးတဲ့။ အေးအေးဆေးဆေးလေးနဲ့ ပိုမိုထောက်ရှုပြီးတော့မှ ကျင့်ကြံနိုင်ဖို့အတွက်တဲ့။

ကောင်းပေစွ…ကောင်းပေစွ…ကောင်းပေစွ…ဆိုပြီး ဒီနေရာမှာရောက်လာပြီး၊ ဒီတရားလေးကို ဝေမျှလိုက်ပါတယ်။ သင်တို့အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ။

၂၃.၀၂.၂၀၂၆၊ စိန်ဩဂတ်စတင်းဘုရားကျောင်း၊ လုဒ်စ်မယ်တော်နိုဗေနားမစ္ဆားတရားတော်မြတ်မှာ ဟောကြားဝေမျှပေးခဲ့တဲ့ Rev.Fr.Georgeရွှေထွန်းရဲ့ တရားဩဝါဒလေးကို ပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်။
ဩဝါဒအပြည့်အစုံကို အပြည့်အဝ ကြားနာခံယူလိုသူတွေအတွက်လည်း Video linkလေး အောက်မှာ ထားပေးထားပါတယ်။

God bless you all.🙏🙏
#မိုးTRIO

https://fb.watch/Fs8HB2NT7d/?

02/02/2026

🌀🩵 #ဝိညာဉ်ခွန်အားနဲ့ရှေ့ဆက်မယ် ဆိုတဲ့ အသစ်ထွက်ရှိလာတဲ့ဒီစာအုပ်လေးဟာ Fr. သည္း နယူးရဲ့ #ရှေ့ဆက်ပါ ဆိုတဲ့စာအုပ်လေးကို အသစ်ပြင်ဆင်တည်းဖြတ်ပြီး #ဒုတိယအကြိမ်အဖြစ် ထွက်ရှိလာခြင်းဖြစ်ပါတယ်။

🌀🩵ဒီစာအုပ်လေးမှာ အရင် #ရှေ့ဆက်ပါ စာအုပ်လေးထဲမှာ စိတ်တိုင်းမကျခဲ့တဲ့စာစုလေးတွေကို ချန်ရစ်ထားခဲ့ပြီး၊ စာစုအသစ်လေးတွေအများကြီးနဲ့ ထပ်မံဖြည့်တင်းထားတာဖြစ်လို့ ပထမအကြိမ်နဲ့မတူတဲ့ ရသသစ်၊ခွန်အားသစ်၊စိတ်ဓာတ်တက်ကြွမှုအသစ်တို့ကို ပေးစွမ်းပါလိမ့်မယ်။

🌀🩵ဒီစာအုပ်လေးရဲ့ Distribution ကို က တာဝန်ယူထားတာဖြစ်လို့ မှာယူအားပေးချင်တဲ့သူတွေအနေနဲ့
Viber : 09795845517 & 09792225595 ဆက်သွယ်ပေးကြပါနော်။

📌 ရောင်းစျေး - ၁၀၀၀၀ကျပ်
📌 Delivery fee သီးသန့်

🌀🩵ဝိညာဉ်ရေးခွန်အားရရှိရန်အတွက် ကိုယ်တိုင်ဖတ်ဖို့၊ ချစ်ခင်သူတွေကို လက်ဆောင်ပေးဖို့ ဝယ်ယူအားပေးကြတဲ့အယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။🌀🩵

26/01/2026

🙏✝️🙏God is good all the time.🙏✝️🙏
https://www.facebook.com/share/v/14WoPePdini/?mibextid=wwXIfrďżź

23/12/2025

💜🌞💜ရင့်ကျက်ခြင်းကို အစပြုတဲ့နေ..💜🌞💜

“ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို ချီးမွမ်း၏။ထာဝရဘုရား၏ ကောင်းမြတ်ခြင်းကို ချီးမွမ်း၏။ငါ၏စိတ်နှလုံးသည် ငါ့ကိုကယ်တင်တော်မူသော အရှင်၌ ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏နှိမ့်ချသောအစေခံကို ကြည့်ရှုတော်မူ၏”။

ဒီဇင်ဘာ၂၂ရက်နေ့ရောက်တိုင်းမှာ ဒီကျမ်းစာကို ဖတ်ရတယ်။ ပြီးတော့ ဒီနေ့ဟာ ကျွန်တော့်ရဲ့မွေးနေ့ကျေးဇူးတင်မစ္ဆားလည်းဖြစ်တယ်။ အဲဒီတော့ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ဒီဇင်ဘာ၂၂ရက်နေ့ရောက်တိုင်းမှာ ပြန်လည်ပြီးတော့ ကျေးဇူးတင်ခွင့်ရတယ်။

တကယ်ပဲ ဒီကျမ်းစာ၊ဒီအပိုဒ်လေးအတိုင်းပဲ၊ ငါ၏ဝိညာဉ်သည် ငါ့ကို ဖန်ဆင်းတော်မူသောအရှင်ကို ချီးမွမ်းထောမနာပြုတယ်။ ငါ့ကိုကယ်တင်တော်မူသောအရှင်၌ ဝမ်းမြောက်ခြင်းရှိတယ်။ နှိမ့်ချသော သူ၏ကျွန်အဖြစ်ကို ဘုရားသခင်က ချီးမြှောက်တယ်။
ဆိုတော့.. အရင်တုန်းက သိပ်ပြီးတော့မသိသာပေမယ့် ဒီကနေ့၊ဒီအချိန်ကာလမှာ တကယ်ပဲ ဘုရားသခင်ဟာ ကိုယ့်ကို ကောင်းချီးတွေပေးပါလားလို့…။
ဒါကိုပိုပြီးတော့ သိရှိလာတယ်။ အဲဒီတော့ ဘုရားသခင်ကိုပိုပြီးတော့ ချီးမွမ်းတတ်လာတယ်၊ ကျေးဇူးတင်တတ်လာတယ်။

ကျွန်တော့်ရဲ့ရဟန်းဘဝမှာ Praise & Worship၊ ဘုရားသခင်ကို ချီးမွမ်းတယ်။ Praise & Worshipတွေ လုပ်တယ်။ မယ်တော်နိုဗေနားတွေ၊ မယ်တော်ပွဲတွေလုပ်တယ်။ ဟောပြောတာတွေ…. ဘုရားကိုလူတွေသိလာအောင်၊ ပိုပြီးတော့ယုံကြည်လာအောင်၊ အားကိုးလာအောင်…ဒါတွေကို.. အမြဲတမ်းစိတ်ထဲမှာထားပြီးတော့ လုပ်တယ်။

ငယ်ငယ်ကတည်းက၊ ဘာသာတရားကိုသိတဲ့အချိန်ကစပြီး ဒီနေ့အထိ သူတစ်ပါးကို ဘာသာတရားနဲ့ပတ်သက်ပြီးတော့၊ ဘုရားနဲ့ပတ်သက်ပြီးတော့၊ မယ်တော်နဲ့ပတ်သက်ပြီးတော့ သိလာအောင် ပြောလာတယ်။ အဲဒီတော့…ဘုရားသခင်ဟာ တကယ်ပဲရှိတယ်။ မယ်တော်သခင်မဟာ တကယ်ပဲရှိတယ်၊ ကျွန်ုပ်တို့ကို ကူညီမှိုင်းမတယ်..ဆိုတဲ့အသိတရားကို…လူတွေပိုသိလာအောင် ပြောတယ်။

ဒါကြောင့်မို့လို့ ဒီကနေ့မှာ မိမိခံစားရရှိတဲ့ ကျေးဇူးတော်တွေဟာ ကိုယ်ကထိုက်တန်လို့၊ ကိုယ်က ကောင်းလို့၊ကြိုးစားလို့ ရရှိတာမဟုတ်ဘဲ၊ ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်း ကျေးဇူးတော်၊ ပြီးတော့..သူ့ရဲ့ခွင့်လွှတ်ခြင်း၊ သူ့ ရဲ့သည်းခံခြင်း၊ သူ့ရဲ့ရက်ရောခြင်း… ဒါတွေကြောင့်သာ
ကိုယ်ရရှိတာဖြစ်တယ်။ ဒါကို အမြဲတမ်း နေ့စဉ်အသိအမှတ်ပြုတယ်။

အဲဒီတော့… လူ့သက်တမ်းက အသက်တစ်ရာနေရမယ်၊ အသက်တစ်ရာ ထားတယ်ဆိုရင် ကိုယ့်ရဲ့အသက်တာဟာ လူ့သက်တမ်းရဲ့တစ်ဝက်ကို ကျော်လာပြီဖြစ်တယ်။ ကိုယ်အသက်ရှင်ရမယ့် ကာလရဲ့တစ်ဝက်ကို ကျော်လာပြီဖြစ်တယ်။ အဲဒီတော့ ချိန်ခွင်လျှာလိုပေါ့၊ နာရီလက်တံလိုပေါ့၊ မွေးစကနေပြီးတော့ တစ်ရာဆိုရင် ဒီလောက်လောက်စောင်း၊ ငါးဆယ်ကျော်ရင်ဒီလောက်လောက်ဆိုတော့…။

အဲဒီမှာ ဘာကို ကျွန်ုပ်တို့က အချိုးကျတွက်ရမှာလဲဆိုတဲ့အခါမှာ..ဟာ..ငါ အသက်ငါးဆယ်ကျော်လာပြီ၊ ခြောက်ဆယ်နား နီးလာပြီ။ ငါ..ဘယ်လောက်ချမ်းသာပြီလဲ၊ ငါ ဘယ်လောက်ကြွယ်ဝလာပြီလဲ..ဆိုတာထက်၊ ငါ..ဘယ်လောက်ရင့်ကျက်လာပြီလဲ၊ ဘယ်လောက်ပေးဆပ်နိုင်ပြီလဲ…ဒါကို သုံးသပ်ရမှာကို မြင်လာတယ်။

ငယ်ငယ်တုန်းကဆိုရင် ကျွန်ုပ်တို့က ကိုယ်ရဖို့အတွက်ပဲ ကိုယ်ကြည့်တယ်။
၁၀နှစ်သားလောက်ဆို.. (ရာခိုင်နှုန်းနဲ့တွက်ရင်..) ကိုယ်က ၉၀% လိုချင်တယ်။ (၁၀)ဖိုးလောက်ပဲ သူများကို ပြန်ပေးချင်တယ်။ အဓိကက လောဘကြီးတာပေါ့။

အသက်၂၀လောက်ရောက်တော့ ကိုယ်က (၈၀)ဖိုးလောက် လိုချင်တယ်၊ (၂၀)ဖိုးလောက်ပဲ ပြန်ပေးချင်တယ်။
အသက်၃၀လောက်ရောက်တော့ ကိုယ်က (၇၀)ဖိုးလောက်လိုချင်တယ်၊ (၃၀)ဖိုးလောက်ပဲ ပြန်ပေးချင်တယ်။
အသက်၄၀ရောက်လာတဲ့အခါကျတော့ ကိုယ်က (၆၀)ဖိုးလောက်လိုချင်တယ်၊ (၄၀)ဖိုးပဲ ပြန်ပေးချင်တယ်။
အသက်၅၀လောက်ရောက်လာတော့ 50/50။ ငါလည်း (၅၀)ဖိုး၊ ဒီ့ပြင့်လူလည်း (၅၀)ဖိုး။
အသက်၆၀လောက်ရောက်လာတဲ့အခါကျတော့ ငါတို့က လျှော့ယူတော့မယ်ဆိုတဲ့အချိန်ရောက်လာပြီ။ (၄၀)ဖိုးလောက်ပဲ ယူတော့မယ်၊ လူတွေကို (၆၀)ဖိုးလောက် ပြန်ပေးချင်တယ်… ဒီလိုမျိုးဖြစ်ရမယ်။

ကျွန်ုပ်တို့ရဲ့အသက်တာမှာ ငယ်ငယ်တုန်းက များများလိုချင်ခဲ့ပြီးတော့ နည်းနည်းပဲ ပေးချင်ခဲ့တယ်ဆိုတဲ့အခါ.. အသက်၅၀မှာ လူတွေက (50/50) Fairဖြစ်တာကိုပဲ ပိုလိုချင်တယ်။ ဒီလူနဲ့အလုပ်လုပ်ရတာ Fairဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့… ကိုယ်ရစရာရှိတာကို ကိုယ်ရတယ်၊ ကိုယ်ပေးစရာရှိတာကို ကိုယ်ပေးတယ်၊ ကိုယ်ယူစရာရှိတာကို ကိုယ်ယူတယ်။

လောကမှာ အဲဒီလိုလူမျိုးလောက်နဲ့ အလုပ်လုပ်ရရင် မဆိုးဘူး။ အရမ်းကြီး အတ္တကြီးတဲ့သူနဲ့၊ သူ့အတွက်ပဲအများကြီးယူပြီး၊ ကိုယ်ကတော့သိပ်မရဘူးဆိုရင် အဆင်မပြေဘူး။ ကိုယ်ရသင့်ရထိုက်တာကို ရရင်လည်းမဆိုးဘူး။ ရုံးမှာအလုပ်လုပ်တာပဲဖြစ်ဖြစ်၊ သူနဲ့ပဲတွဲလုပ်လို့ဖြစ်ဖြစ်၊ ကိုယ့်အချိုးအစားလေးအလျောက်..ဒါလေးက ငါ့လစာလေး..ဒါလေးက ငါ့ရပိုင်ခွင့်လေး..ဒီလောက်လေးရရင် ကျွန်ုပ်တို့ ကျေနပ်တယ်။

တစ်ချို့တွေက အဲလောက်ကိုတောင်မှ မပေးကြတဲ့သူတွေရှိတယ်။ ကိုယ့်အိမ်ဖော်ရဲ့လစာ၊ ကိုယ့်အလုပ်သမားရဲ့လုပ်ခကိုတောင်မှ ခေါင်းပုံဖြတ်လိုက်တယ်။ ဒီစနစ်ကြီးက လောကကြီးမှာရှိတယ်။ လူတွေဟာ ကိုယ်ရစရာရှိတဲ့ ကိုယ့်ရဲ့လုပ်အားခလေးကိုတောင်မှ မပေးချင်ကြဘူး။ အမျိုးမျိုး… နာမည်အမျိုးမျိုးနဲ့ ခေါင်းစဉ်တွေတပ်ပြီးတော့ ဖြတ်စားလပ်စားလုပ်ကြတယ်။ အဲဒီစိတ်ဓာတ်ကြီးနဲ့လူတွေ လောကမှာရှိတယ်။

ဆိုတော့…ကျွန်ုပ်တို့က စိတ်ဓာတ်တွေကိုပြင်ရမယ်။ ကိုယ်က ငယ်ငယ်တုန်းက သူများထက်ပိုလိုချင်တယ်၊ သူများကို နည်းနည်းပဲပေးချင်တယ်။ ဒါပေမယ့်အသက်တွေကြေီးလာတဲ့အခါကျတော့ ငါက..လျှော့ယူပါ့မယ်။ သူများကို များများပြန်ပေးတတ်ရမယ်။ ဒီလိုမျိုး အသိတရားရှိလာပြီဆိုလျှင် ဒါ..ကျွန်ုပ်တို့ရဲ့ရင့်ကျက်မှု။ ရင့်ကျက်မှု။

အဲဒီတော့ အသက်တွေကြီးလာလည်း တစ်ခါတလေ လူတွေက မရင့်ကျက်ကြဘူး။ ၅၀တို့၊၆၀တို့၊ ၇၀၊ ၈၀ဖြစ်လာလည်း ကိုယ့်အတွက်ပဲကိုယ် လောဘကြီးတုန်းပဲ၊ အတ္တတွေကြီးတုန်းပဲဆိုရင် ဒါဟာ..ဒီလူတွေဟာ လူသားပီသဖို့ ခက်တယ်။

ကျွန်ုပ်တို့ လူရယ်လို့ဖြစ်လာတဲ့အခါမှာ… ( #လူရယ်လို့ဖြစ်လာတဲ့အခါမှာ…) အဓိကက ဘာလဲဆိုရင် လူသားပီသဖို့ပဲ အရေးကြီးတယ်။ လူသားပီသတယ်၊ ဒီလူက လူသားပီသတယ်၊ ဒီလူက လူပီသတယ်။

လူပီသတာက ဘာကိုကြည့်တာလဲ။
မေတ္တာတရားနဲ့ပတ်သက်တာ၊ အကြင်နာတရားနဲ့ပတ်သက်တာ၊ ရက်ရောခြင်းနဲ့ပတ်သက်တာ၊ တရားမျှတာခြင်းနဲ့ပတ်သက်တာ။
လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကျွန်ုပ်တို့က အတ္တကို၊ ကိုယ့်ရဲ့အတ္တကို ချိုးနှိမ်နိုင်တဲ့လူတွေ….၊ လူတွေအပေါ်မှာ ကူညီမှုပေးနိုင်တဲ့လူတွေသာဆိုရင် ကျွန်ုတို့က လူသားပီသတယ်၊ ကျွန်ုတို့က လူသားပီသတဲ့လူတွေဖြစ်တယ်။

ကလေးတွေကို ကျွန်ုပ်တို့က သင်ပြီးတော့ပြောတယ်။ ကလေးတွေကတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်တယ်။ လူငယ်လေးတွေရောပေါ့၊ သူတို့တွေက မရင့်ကျက်သေးတဲ့သူတွေ..။ ကျွန်ုပ်တို့က အတ္တကြီးတဲ့သူတွေ၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတွေကို မရင့်ကျက်သေးတဲ့သူလို့ပဲ မြင်တယ်။ ကိုယ့်ရဲ့အတ္တကို စွန့်ပြီးတဲ့နောက်၊ သူတစ်ပါးကို ကျွန်ုပ်တို့ ပိုပေးလာနိုင်တဲ့နေ့မှာ…၊ ပိုပေးလာနိုင်တဲ့နေ့…အဲဒီမှာ ကျွန်ုပ်တို့ရဲ့ ရင့်ကျက်ခြင်းကို အစပြုတဲ့နေ့၊ ရင့်ကျက်ခြင်းကို အစပြုတယ်။

ဒါကြောင့်မို့လို့ ဒီကနေ့ မွေးနေ့ကို ကျင်းပတဲ့အခါမှာ… ငါတို့တွေ..အသက်ကြီးလာပြီ၊ ရာထူးကြီးလာပြီ၊ အနေအထား ကြီးလာပြီ၊ အဲဒီတော့ များများယူရမယ်…မဟုတ်ဘဲနဲ့၊ လောကကြီးကို များများပြန်ပေးဆပ်နိုင်ဖို့အတွက်ပဲ ဖြစ်ရတော့မယ်။ ဤကဲ့သို့ကြိုးစားခြင်းအားဖြင့် ကိုယ့်ရဲ့ရင့်ကျက်မှုကို တည်ဆောက်သွားနိုင်မှာဖြစ်တယ်။ ဒါကလည်း ဘုရားသခင် ကျွန်ုပ်တို့အပေါ်မှာ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်ဖြစ်တယ်။ #မျှော်လင့်ချက်ဖြစ်တယ်။

အဲဒီတော့.. ဒီနေ့ရဲ့ကျမ်းစာလို.. ငါ၏ဝိညာဉ်သည် ငါ၏ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို ချီးမွမ်းတယ်၊ ကြွေးကြော်တယ်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၌ ငါ ဝမ်းမြောက်ခြင်းရှိတယ်။

အရေးကြီးတဲ့အချက်လေးက He has looked down on his lowly servant. သူ့ရဲ့နှိမ့်ချသောအစေခံကို ဘုရားသခင်ကကြည့်ရှုတော်မူတယ်..တဲ့။ . . ဒီစကားက အရေးကြီးတယ်။

အဲဒီတော့ ကိုယ့်ရဲ့ အသက်တာမှာ ကိုယ်ကျေးဇူးတော်ခံစားရရှိတယ်ဆိုတာက မောက်မာနေခဲ့လို့၊ ဝံ့ကြွားနေလို့၊ ကြွားဝါနေလို့…အဲလိုမျိုးမဟုတ်ဘဲ နှိမ့်ချခြင်းနဲ့အသက်ရှင်ကြဖို့ ကြိုးစားခြင်းအားဖြင့် ဘုရားသခင်က ကြည့်ရှုတာဖြစ်တယ်။ ။

မနေ့က (22’December,2025)၊ St.Augustine
‘S Churchမှာ ဟောကြားခဲ့တဲ့ မွေးနေ့ရှင်Rev.Fr.Marcian Kyawရဲ့ မွေးနေ့ကျေးဇူးတင်မစ္ဆားက ဩဝါဒလေးကို ပြန်လည်မျှဝေထားခြင်း ဖြစ်ပါတယ်။
God bless you all.🙏🙏

#မိုးTRIO

12/10/2025

🎯ရရှိနိုင်သော နေရာများ🎯

📌RVA Mission Store (ရွှေနှလုံးတော်ကက်သီဒြယ်၊မန္တလေး)

📌 OSC Pathein
https://www.facebook.com/share/14KmaASfEAt/?mibextid=wwXIfr

📌 St.Joseph's National Catholic Major Seminary (Library)

📌CBCM ဘာသာရေးပစ္စည်းအရောင်းဆိုင်

📌စိန်ဂျိုးဇက်ဘုရားကျောင်း(ကြည့်မြင်တိုင်)
https://www.facebook.com/share/1BE9RCWVoD/?mibextid=wwXIfr

📌Augustine Floral & Religious Articles
https://www.facebook.com/share/17B6gveJ1V/?mibextid=wwXIfr

📌Matthias Religious Articles Store
https://www.facebook.com/share/1FzKMqLxbL/?mibextid=wwXIfr

📌Z-Kae Books and Learning Hub
https://www.facebook.com/share/1CLeF379AM/?mibextid=wwXIfr

📌Rev.Richard လှမင်းဦး
☎️ 09450054587

📌Assumption Publications
☎️ 09792225595
Viber : 09795845517

Photos from Moe - TRIO's post 20/09/2025

❤️‍🔥🎤❤️‍🔥Be the ❤️‍🔥🎤❤️‍🔥

#အမျိုးသမီးဆိုတာ ဘာလဲ၊ သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ။
#အမျိုးသားဆိုတာ ဘာလဲ၊ သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ။
#ပဋိသန္ဓေဖျက်ချခြင်းဆိုတာ ဘာလဲ၊ သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ။
#ရာဇဝတ်ကောင်ဆိုတာ ဘာလဲ၊ သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ။

ဒီမေးခွန်းတွေဟာ ချာလီကာ့ခ်နဲ့ Debateလာလုပ်တဲ့သူတိုင်းကို ချာလီကာ့ခ်က ပြန်မေးလေ့ရှိတဲ့ တန်ပြန်မေးခွန်းတွေပါပဲ။

ပြန်ဖြေကြတဲ့ အမျိုးမျိုးသော အဖြေလေးတွေကလည်း သင်းပါတယ်။

မမျိုးဥနဲ့ဖိုမျိုးဥ ပေါင်းစပ်ပြီးဖြစ်ပေါ်ရလာတဲ့အရာဟာ သန္ဓေသားမဟုတ်သေးပါဘူးတဲ့၊ သွေးခဲလေးပါ၊ ဆဲလ်လေးတစ်ခုပါ၊ Zygote လေးရယ်ပါတဲ့။

မိန်းမတစ်ယောက်လို ဂါဝန်ကြီးဝတ်၊ ပန်းကြီးပန်ထား၊ မိတ်ကပ်တွေလိမ်းထားတဲ့ ယောကျာ်းကြီးတစ်ယောက်က အမျိုးသမီးဆိုတာ အမျိုးသမီးလိုဝတ်စားဆင်ယင်ပြီး အမျိုးသမီးစိတ်ပေါက်နေတဲ့သူကို အမျိုးသမီးလို့ ခေါ်ပါတယ်တဲ့။

မိမိကိုယ်ကို အမျိုးသမီးလို့ ခံယူသူတိုင်းဟာ အမျိုးသမီးဖြစ်ပါတယ်တဲ့။ ဒါက အမျိုးသမီးတစ်ယောက်ရဲ့အဖြေ။

ကိုယ့်ရဲ့အိမ်ခန်းထဲမှာ အဝတ်အစားလဲနေတာကို တစ်ခြားအခန်းကနေ ချောင်းကြည့်တာ၊ လှမ်းကြည့်တာမျိုးကို မကြိုက်တဲ့အမျိုးသမီးတစ်ယောက်ဟာ အမျိုးသမီးတွေရဲ့ အဝတ်လဲခန်း (Locker room) မှာ LGBT တစ်ယောက်ယောက်က ဝင်ပြီး အဝတ်လာလဲတာကိုတော့ လက်ခံပေးရမယ်၊ သူတို့တွေလည်း အမျိုးသမီး အဝတ်လဲခန်းကို အသုံးပြုခွင့်ရှိပါတယ်တဲ့။

ဆံပင်အရှည်ကြီးကို ဖားလျားချထားတဲ့ ကောင်လေးတစ်ယောက်ကလည်း ချာလီကာ့ခ်နဲ့ စကားစစ်ထိုးပွဲမှာ ဘယ်လိုမှ မနိုင်နိုင်တော့တဲ့အခါ ငါ့ကို မိန်းမလို့ပဲ ခေါ်ပါတော့လို့ အသံပြဲကြီးနဲ့ ကြုံးအော်လို အော်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အလင်းပေးမှုကြောင့် ဒီDebateမှာ ပါဝင်ရခြင်းဖြစ်တယ်လို့ ပြောပြီး၊ (သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အလင်းပေးမှုအရ) ချာလီကာ့ခ်နဲ့ တစ်ယောက်ချင်း လက်သီးချင်း ယှဉ်ထိုးဖို့ စိန်ခေါ်လာတဲ့ အသက်၇၀အရွယ် အဘိုးကြီး။

ချာလီကာ့ခ်ကို ဘာ့ကြောင့် ဘယ်သူတွေက မုန်းကြတာလဲ။

အစိုးရကိုမကျေနပ်တဲ့သူ၊ လူမှုအသိုင်းအဝိုင်းမှာ နေရာမရကြတဲ့သူ၊ အစိုးရရဲ့ယန္တရားစနစ်သစ်တွေကို မကြိုက်မနှစ်သက်တဲ့သူတွေ၊ LGBT အခွင့်အရေးတွေကို လိုလားတောင်းဆိုတဲ့သူတွေ၊ တရားဝင်ပဋိသန္ဓေဖျက်ချခြင်းလိုလားလက်ခံအားပေးကျင့်သုံးတဲ့သူတွေ… များသောအားဖြင့် ဒီလိုလူတွေက ချာလီကာ့ခ်ရဲ့ စကားစစ်ထိုးပါဝင်ခြင်းကိုက ချာလီကာ့ခ်ကို Complaint Centreကြီးတစ်ခုလို သဘောထားပြီး အားရပါးရ လာပြီးပေါက်ကွဲ၊ လာပြီးရန်တွေ့၊ လာပြီး ကလော်တုတ်။

ဒီလိုလူတွေတင်ပဲလားဆိုတော့ မကသေးပါဘူး။ ချာလီကာ့ခ်အမြဲ Speak outလုပ်ပေးနေလေ့ရှိတဲ့ မတရားမှုတွေမှာ ခံရတဲ့ Victimတွေအပေါ်မှာ ကျူးလွန်ခဲ့ကြတဲ့သူတွေကလည်း ချာလီကာ့ခ်ရဲ့ Speak outလုပ်ပေးမှုအတွက် ချာလီကာ့ခ်ကို သေအောင် မုန်းမှမုန်း။

ချာလီကာ့ခ်ကလည်း ချာလီကာ့ခ်ပါပဲလေ။

သူ့ကို ဘယ်သူက ဘယ်လိုပဲ ဖြဲဖြဲ၊ ဘယ်လောက်ပဲ ဆဲဆဲ၊ ဘယ်လောက်တောင် ချဲချဲ လုံးဝ(လုံးဝ)ကို အပြုံးမပျက် ဒေါသမထွက်ဘဲ တုန့်ပြန်ရင်ဆိုင်နိုင်စွမ်းအားကြီးလွန်းလှသူ။

သူ့ရဲ့ လူတိုင်းအပေါ်မှာထားတဲ့ စေတနာတစ်ခုက “The truth will set you free.”

ဒီစိတ်စေတနာတစ်ခုကြောင့်အတွက်လည်း လွဲမှားစွာ စွဲကိုင်ထားတဲ့ အယူဝါဒတွေ၊ အယူအဆတွေကို အကိုးအကား၊ အချက်အလက် ခိုင်ခိုင်လုံလုံနဲ့၊ အကြောင်းအရာတည်ဆောက်မှု အခိုင်အမာနဲ့ ရှင်းလင်းချေပပြီး အမှန်တရားကိုပဲ မီးမောင်းထိုးပြခဲ့တာပါ။

သူနဲ့စကားစစ်ထိုးဖို့အတွက် ဥပဒေ၊ ဆေးပညာ၊ သိပ္ပံပညာ၊ စီးပွားရေး၊ လူမှုရေးသိပ္ပံ၊ ဘာသာရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အရေး၊ ပြည်တွင်းရေးရာ ကြိုက်တာလာခဲ့၊ ကြိုက်တဲ့လူလာခဲ့၊ ကြိုက်တဲ့အချိန်လာခဲ့၊ သူ့ဘက်က ပြန်ပြီးမချေပနိုင်တဲ့ အကြောင်းအရာနဲ့ မေးခွန်းဆိုတာ မရှိခဲ့သလောက်ပါပဲ။

တစ်နှစ်ကို အနည်းဆုံး စာအုပ် အုပ်တစ်ရာလောက် ကုန်အောင်ဖတ်လေ့ရှိတဲ့ ချာလီကာ့ခ်ဟာ သမ္မာကျမ်းစာကိုလည်း အရည်ကျိုပြီးသောက်ထားတဲ့သဘောရှိသလို သမ္မာတရားရဲ့သွန်သင်လမ်းညွှန်မှုအတိုင်း ရှင်သန်နေထိုင်ခဲ့တဲ့ ချာလီကာ့ခ်ဆီမှာ သမ္မာကျမ်းစာထဲက ဇာတ်ကောင် (Biblical characters) တော်တော်များများကို တွေ့ရှိရပါတယ်၊ တွေ့ရှိနိုင်ပါတယ်။

Family man တစ်ယောက်ဖြစ်တဲ့ ချာလီကာ့ခ်ဆီမှာ Josephကိုတွေ့ရတယ်၊
သူ့ရဲ့ ရဲရင့်ထက်မြက်တဲ့ခေါင်းဆောင်မှုစွမ်းရည်မှာ Mosesကို၊ Joshuaကို၊ Davidကိုတွေ့ရတယ်၊
သူ့ရဲ့ ပညာဉာဏ်ကြီးမားမှုမှာ Solomonကိုတွေ့ရတယ်၊
သူ့ဆီမှာ Gedeonကိုတွေ့ရတယ်၊ Ellijahကိုတွေ့ရတယ်၊
သူ့ရဲ့ မတရားမှုတွေကို ဒီတိုင်း လက်ပိုက်ကြည့်မနေ၊ နှုတ်ဆိတ်မနေနိုင်တဲ့နေရာမှာ Danielကိုတွေ့ရတယ်၊
အမှန်တရားကို မကြောက်စတမ်း ဟောပြောသက်သေခံတဲ့ သူ့ရဲ့စကားပြောစွမ်းရည်မှာ John the Baptistကိုတွေ့ရတယ်၊ Paulကိုတွေ့ရတယ်၊ Timothyကိုတွေ့ရတယ်၊
နောက်ဆုံး သူ့ဆီမှာ ကိုတွေ့ရတယ်။

လူသားတစ်ယောက်အနေနဲ့၊ ခရစ်ယာန်တစ်ယောက်အနေနဲ့၊ ယောကျ်ားကောင်းတစ်ယောက်အနေနဲ့ အကောင်းဆုံး ရှင်သန်နေထိုင်တောက်ပလင်းလက်ပြသွားတဲ့ ချာလီကာ့ခ်ဟာ သူ့ရဲ့ အနေအထိုင်၊ အပြောအဟော၊ အကျင့်အကြံ၊ အလေ့အလာတွေအားဖြင့် စံနမူာကောင်းပြသခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးက လူသန်းပေါင်းများစွာရဲ့ ဘဝတွေ၊ အတွေးအခေါ်တွေကို ပြောင်းလဲပေးနိုင်ခဲ့တဲ့၊ ပြောင်းလဲနိုင်စွမ်းရှိလောက်အောင် လွှမ်းမိုးအားကောင်းခဲ့တဲ့ စံပြလူသားတစ်ယောက်၊ Hero of faithတစ်ယောက်ပါပဲ။ (သူ ပြောင်းလဲအောင်လုပ်ပေးခဲ့တဲ့လူတွေထဲမှာ ကိုယ်လည်းအပါအဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။အဲဒီပြောင်းလဲမှုကိုလည်း သိပ်မကြာခင်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။)

တကယ်တော့ ချာလီကာ့ခ်က သူ့ဘဝရဲ့နောက်ဆုံးအချိန်ထိ ဆုပ်ကိုင်ခဲ့၊ လွှတ်ချခဲ့ရတဲ့အရာဟာ လူမြင်ကွင်းမှာ မြင်တွေ့ခဲ့ကြတဲ့ မိုက်ကရိုဖုန်းတစ်လုံးဆိုတာထက် အဲဒီမိုက်ကရိုဖုန်းဟာ ပရောဖက်ကြီးဧလိယက သူ့ရဲ့နောက်လိုက်ပရောဖက်ဧလိရှဲအတွက် ပစ်ချပေးခဲ့လိုက်တဲ့ သူ့ရဲ့ Mantle၊ သူ့ရဲ့ဝတ်ရုံခြုံထည်ပဲဖြစ်ပါတော့တယ်။

ဒီMantle(ဒီမိုက်ကရိုဖုန်း)ကို အမှန်တရားကို မြတ်နိုးကာကွယ်လိုသူတိုင်း၊ မတရားမှုကို ဒီတိုင်း လက်ပိုက်ကြည့်မနေ၊ နှုတ်ဆိတ်မနေနိုင်တဲ့လူတိုင်း၊ ခရစ်ယာန်တိုင်းလည်း ကောက်ယူခွင့်ရှိပါတယ်။ ကောက်ယူလို့ရပါတယ်။

ဒီလိုကောက်ယူဖို့အတွက် ကောက်ယူရဲလောက်တဲ့ #သတ္တိလေးတစ်ခုပဲ ရှိဖို့လိုအပ်ပါတယ်။ ။
God bless you all.

#မိုးTRIO

05/09/2025

🌹🌹ဝတ်စောင့်ခြင်း၊ကိုယ်တော်မြတ်ဖူးခြင်း၊Mass Intentionတောင်းခံခြင်း၊အစာရှောင်ဆုတောင်းခြင်း၊စိပ်ပုတီးစိပ်ခြင်းတွေမှာ #ဒီရည်ရွယ်ချက်လေးကို_မဖြစ်မနေထည့်သွင်းခြင်းအားဖြင့် သူမအပေါ်ထားရှိနေသေးတဲ့ ကိုယ်တို့ရဲ့ ချစ်ခင်လေးစားမှု၊ ကျေးဇူးသိတတ်မှုနဲ့၊ စိတ်ပူဂရုစိုက်ခြင်းတွေကို ပြသကြရအောင်လား။🌹🌹

https://www.facebook.com/share/v/1EQ1qAwUoo/?mibextid=wwXIfr

24/05/2025

❤️‍🔥🤍မယ်တော်၏ အပြစ်မဲ့နှလုံးတော်ထံ ပူဇော်အပ်နှံခြင်းမေတ္တာ 🤍❤️‍🔥

❤️‍🔥🤍ဘုရား၏မယ်တော်နှင့် ကျွန်ုပ်တို့၏မယ်တော်ဖြစ်တော်မူသော အို..မာရီးယား၊ ဒုက္ခဆင်းရဲကြုံရာ ဤကာလ၌ သခင််မထံတော်သို့ ကျွန်ုပ်တို့ ချဉ်းကပ်ကြပါသည်။

❤️‍🔥🤍မယ်တော်၏ ကြင်နာသနားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့်၊ သားသမီးတို့နှင့် အတူတကွရှိခြင်းတို့ကို ကြိမ်ဖန်များစွာ ခံစားခဲ့ကြရပါသည်။

❤️‍🔥🤍မယ်တော်သည် ငြိမ်းချမ်းခြင်း၏သခင်၊ သားတော်ယေဇူးရှင်ထံ မယ်တော် အစဉ်ဦးတည်ခေါ်ဆောင်တော်မူပေသည်။
သို့ရာတွင် ငြိမ်းချမ်းရေးလမ်းစဉ်မှ ကျွန်ုပ်တို့ သွေဖယ်ခဲ့ကြပါပြီ။
လွန်ခဲ့သည့်ရာစုအတွင်း သန်းနှင့်ချီသည့် လူ့အသက်များသေဆုံးခြင်း ကမ္ဘာစစ်၏ဝမ်းနည်းဖွယ်အတိတ်ဆိုးကို မေ့လျော့ခဲ့ကြပါသည်။ တစ်ကိုယ်ကောင်းဆန်မိကြပါသည်။
လူငယ်တို့၏မျှော်လင့်ချက်နှင့် လူသားတို့၏ငြိမ်းချမ်းရေးအိပ်မက်များအပေါ် သစ္စာမဲ့ခဲ့ကြပါသည်။

❤️‍🔥🤍ကိုယ်တော်ရှင်ကိုရှောင်ဖယ်ပြီး ဒေါသမာနကိုရှေ့တန်းတင်ကာ အားနည်းသူကိုဖိနှိပ်လျက် လူသတ်လက်နက်များကိုသာ စုဆောင်းခဲ့ကြပါသည်။

❤️‍🔥🤍နီးစပ်သူကိုဖေးမရန်၊ မြေကမ္ဘာကိုကာကွယ်ရန် ပျက်ကွက်ခဲ့ကြပါသည်။ သာယာလှပသည့်မြေကမ္ဘာတွင် စစ်ပွဲများဆင်နွှဲကာ ခမည်းတော်၏စိတ်နှလုံးကို ကျွန်ုပ်တို့အပြစ်များဖြင့် ညှိုးနွမ်းစေခဲ့ပါသည်။

ထိုအပြစ်များအတွက် ယခုရှက်ရွံ့စွာ အသနားခံလိုကြပါသည်။ သားသမီးတို့အား ခွင့်လွှတ်တော်မူပါ။

❤️‍🔥🤍သန့်ရှင်းသောမယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်နွံအတွင်း၊ ဒုက္ခနှင့်အားနည်းချက်များ၊ ဒုစရိုက်နှင့် အပြစ်၏ဆိုးကျိုးများအလယ်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား စွန့်ပစ်ထားတော်မမူဘဲ မေတ္တာထားကာ ခွင့်လွှတ်စောင့်မျှော်နေကြောင်း သတိပေးနေပါသည်။

❤️‍🔥🤍ဘုရားရှင်သည် မယ်တော်သခင်မအား ကျွန်ုပ်တို့အတွက် ပေးသနားတော်မူ၍ သခင််မ၏အပြစ်မဲ့သောနှလုံးတော်ကို သာသနာတော်နှင့် သားသမီးတို့၏ခိုလှုံရာ ဖြစ်စေခဲ့ပါသည်။

❤️‍🔥🤍ဘုရားသခင်၏ကျေးဇူးတော်ကြောင့် လူ့သမိုင်းဝင် အခက်အခဲဆုံးကာလများ၌ပင် မယ်တော်ရှင်သည် ကျွန်ုပ်တို့အား မေတ္တာနှင့်ရှေ့ဆောင်ကာ အစဉ်ရှိတော်မူခဲ့ပါသည်။

❤️‍🔥🤍ကျွန်ုပ်တို့သည် ယခုပင်လျှင် မယ်တော်ရှင်ထံ ချဉ်းကပ်ကြပါသည်။ ကျွန်ုပ်တို့သည် မယ်တော်ရှင်၏ ချစ်သားသမီးများဖြစ်ကြပါသည်။ ခေတ်အဆက်ဆက်တွင် မယ်တော်ထင်ရှားပြလျက် နောင်တစွဲယူကြရန် ဖိတ်ခေါ်ခဲ့ပါသည်။

❤️‍🔥🤍ယခုကဲ့သို့ အမှောင်ထုဖုံးလွှမ်းချိန်တွင် သားသမီးတို့အား မယ်တော်နှစ်သိမ့်တော်မူပါ။
“သင်တို့၏မယ်တော်ဖြစ်သောငါသည် သင်တို့နှင့်အတူ မရှိပြီလော” ဟု ထပ်မံမိန့်ကြားတော်မူပါ။
ကျွန်ုပ်တို့၏ခေတ်သမယနှင့် နှလုံးသားမှ အနှောင်အဖွဲ့များကို ဖြည်လွှတ်ပေးတော်မူပါ။
မယ်တော်၌ ယုံကြည်ကိုးစားကြပါ၏။ ကျွန်ုပ်တို့ခက်ခဲရာကာလ၌ မယ်တော်ထံဆုတောင်းရာကို ငြင်းပယ်သည်ဟု မကြားဖူးပါ။

❤️‍🔥🤍အို..မယ်တော်၊ ကျွန်ုပ်တို့၏ဆုတောင်းသံကို နာခံတော်မူပါ။

❤️‍🔥🤍ပင်လယ်ကြယ်တော်.. ကျွန်ုပ်တို့၏ဘဝသင်္ဘောကို စစ်ပွဲမုန်တိုင်းအတွင်း သက်ဆင်းစေတော်မမူပါနှင့်။

❤️‍🔥🤍ပဋိညာဉ်ဖွဲ့ရာသေတ္တာတော်..ကျေအေးသင့်မြတ်လမ်းသို့ ဦးဆောင်လမ်းညွှန်တော်မူပါ။

❤️‍🔥🤍ကောင်းကင်ဘုံ၏ဘုရင်မ.. ဤမြေကမ္ဘာတွင် ခမည်းတော်ဘုရား၏ ငြိမ်းချမ်းခြင်းတရားကို ပြန်လည်ထွန်းကားစေတော်မူပါ။ ကလဲ့စားချေလိုသည့် အမုန်းတရားကိုဖယ်ရှား၍ ခွင့်လွှတ်တတ်ရန် သင်ကြားပေးတော်မူပါ။ အနုမြူစစ်ပွဲရန်မှ ကာကွယ်ပေးတော်မူပါ။

❤️‍🔥🤍စိပ်ပုတီး၏သခင်မ.. ဆုတောင်းခြင်း၊ ချစ်ခြင်းလိုအပ်နေသည့် ကျွန်ုပ်တို့၏အဖြစ်ကို ပြန်လည်သတိရစေတော်မူပါ။

❤️‍🔥🤍မိသားစုများ၏ဘုရင်မ.. လူသားထုအား မေတ္တာလမ်းကို ပြတော်မူပါ။

❤️‍🔥🤍 ငြိမ်းချမ်းခြင်း၏ဘုရင််မ.. ကျွန်ုပ်တို့ကမ္ဘာအား ငြိမ်းချမ်းခြင်းကို ရယူပေးတော်မူပါ။

❤️‍🔥🤍အိုမိခင်မယ်တော်.. ကျွန်ုပ်တို့၏ ပူဆွေးညှိုးငယ်သော အသနားခံခြင်းသည် မာကျောသောနှလုံးသားများကို လှုပ်ရှားစေတော်မူပါ။

❤️‍🔥🤍လက်နက်ချင်း ပြိုင်ဆိုင်နေသူတို့အား ငြိမ်းချမ်းရေးတရားကို သတိရစေတော်မူပါ။
စစ်ဘေးရန်မှ ပုန်းရှောင်နေရသူတို့၏ဒုက္ခကို မိခင်မေတ္တာဖြင့် ကူမတော်မူပါ။

နေရပ်၊အိမ်ယာကို စွန့်ခွါလာရသူတို့အား ထွေးပွေ့နှစ်သိမ့်ပေးတော်မူပါ။

အတိဒုက္ခနှင့် ဒဏ်ရာရနေကြသည့် ညီအစ်ကိုမောင်နှမတို့အား ကိုယ်ချင်းစာတရားဖြင့် တံခါးဖွင့်လက်ခံနိုင်ရန် သားသမီးတို့၏နှလုံးသားများကို ပြုပြင်ပေးတော်မူပါ။

❤️‍🔥🤍မိခင်မာရီယား.. သင့်အား ကျွန်ုပ်တို့၏ဘဝနှင့် ကျွန်ုပ်တို့၏သမိုင်းတွင် ပါဝင်ရန် ဖိတ်ခေါ်လိုကြပါ၏။
ယခုတွင် ကူကယ်ရာမဲ့သည့်လူသားထုသည် မိခင်နှင့်အတူ ကားတိုင်ရင်းတွင် ရပ်လျက်ရှိကြပါသည်။
မိခင်မှတဆင့် သားတော်ဘုရားထံ ပူဇော်အပ်နှံလိုကြပါသည်။

မြန်မာပြည်၊ ယူကရိန်းနှင့်ရုရှားမှ မယ်တော်အား ကြည်ညိုကိုးစားကြသူများသည် စစ်ဘေး၊ အငတ်ဘေး၊ မတရားမှုနှင့်ဆင်းရဲခြင်းကြောင့် အသက်ပေးကြရသူများအား ကြင်နာသနားသည့် မယ်တော့်နှလုံးသားထံ ခိုလှုံကိုးစားကြပါသည်။

❤️‍🔥🤍သို့ဖြစ်၍ ဘုရား၏မယ်တော်နှင့်၊ ကျွန်ုပ်တို့၏မယ်တော်လည်းဖြစ်သော သခင်မ၏အပြစ်မဲ့သည့်နှလုံးတော်ထံ သာသနာတော်နှင့်တကွ လူသားထုတစ်ရပ်လုံး၊ အထူးသဖြင့် မြန်မာ၊ယူကရိန်းနှင့်၊ရုရှားကို ကျွန်ုပ်တို့ ပူဇော်အပ်နှံကြပါသည်။

ယုံကြည်ကိုးစားလျက် ဆက်ကပ်သည့် ဤပူဇော်ခြင်းကို လက်ခံတော်မူပါ။

စစ်ပွဲများကိုရပ်ဆိုင်းပြီး ကမ္ဘာအနှံ့အပြား၌ ငြိမ်းချမ်းခြင်းတရား ထွန်းကားစေတော်မူပါ။

❤️‍🔥🤍သခင်မ၏နှလုံးတော်အားဖြင့် ငြိမ်းချမ်းခြင်းတရား အသစ်တစ်ဖန် ပြန်ထွန်းကားရမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။

လူသားတို့၏အနာဂတ်၊ လူတစ်ဦးစီ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ၊ ကမ္ဘာလောက၏ စိုးရိမ်ပူပန်မှုများအားလုံးကို သခင်မထံ ကျွန်ုပ်တို့ အပ်နှံကြပါသည်။

❤️‍🔥🤍ကျွန်ုပ်တို့၏မိသားစုများကိုလည်း မယ်တော်ထံ အပ်နှံကြပါသည်။

မယ်တော်၏ကြားဝင်ဆုပန်ခြင်းအားဖြင့် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရပြီး ငြိမ်းချမ်းသောတေးကို သီကြွေးလိုကြပါသည်။

❤️‍🔥🤍မယ်တော်အား အလင်းပေးခဲ့သည့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အပေါ်သို့ဆင်းသက်၍ ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ခံစားကြရပါစေသော်။ အာမင်။

❤️‍🔥🤍 ( ငြိမ်းချမ်းရေး၏မယ်တော်သခင်မ…. ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ။ ) ၃ ❤️‍🔥🤍

မှတ်ချက်။ ။ ဤမေတ္တာကို Rev.Fr.Marcianသက်ကျော်မှ ဘာသာတူသားသမီးများအား နေ့စဉ်ရွတ်ဆိုဆုတောင်းကြပါရန် တိုက်တွန်းနှိုးဆော်၊အားပေးထားပါသည်။
Rev.Fr.Marcianသက်ကျော်၏လမ်းညွှန်ချက်အရ ဤမေတ္တာကို ဖြန့်ဝေထားခြင်းဖြစ်ပါသည်။

God bless you all.

Photo credit : Google Image

Photos from Vatican News's post 08/05/2025

🇻🇦✝️🇻🇦God is good all the time.🇻🇦✝️🇻🇦

https://www.facebook.com/share/p/16rJHohe4j/?mibextid=wwXIfr

08/05/2025

❤️‍🔥🌫️🤍Well said.🤍🌫️❤️‍🔥
‼️မီးခိုးအဖြူရောင်လေးထွက်လာတဲ့အချိန်က #ပုပ်ရဟန်းမင်းကြီးအသစ်အတွက် အသည်းအသန်ဆုတောင်းပေးဖို့အသင့်ဆုံးအချိန်ပါပဲ။‼️

https://www.facebook.com/share/p/1BdVgyEosK/?

When You See the White Smoke…

Don’t think of prestige. Don’t rush to post, to speculate, or to celebrate power.

Kneel. And pray.

Because the man who will soon step out onto the central balcony of St. Peter’s Basilica is not claiming a throne—but embracing a cross.

He is not a victor, but a sacrificial lamb chosen to lead a weary world.

At that very moment, he may be in the small, hidden “Chapel of Tears” beside the Sistine Chapel—weeping. Not in triumph, but in awe and fear, asking God:
“Why me?”

He will recount his frailties. He will list every reason why he feels unworthy.
But God will not need strength—He will give mercy.

This man will carry the full weight of Peter’s office.
He will grow tired.
He will suffer silently.
He will grow old—perhaps too soon.
He will not retire in comfort.
He will die in service.

His burden will be unseen by many, but his soul will feel it every day.

When you see the white smoke... pray for him.

He is not stepping into glory—he is walking into sacrifice.

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Inya Road, Kamaryut Ts..
Yangon