M2 Console Technology
Customize A+ Services / Customize Network Services နဲ့ Customize Cybersecurity Services တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ 🤗🤗🤗
17/04/2026
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယမှာ M2 Console Technology ကို ယုံကြည်စိတ်ချစွာ လက်တွဲခဲ့ကြတဲ့ customer များ company များ၊ partner များနဲ့အတူ မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီးတော့ ကံကောင်းခြင်းများနှင့် အောင်မြင်မှုများ ပြည့်ဝပြီး မိသားစုအတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်တို့ M2 Console Technology မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ 🤗🤗🤗
16/03/2026
မင်္ဂလာပါဗျ 🤗
မတ်လ ၁၃ ရက်နေ့မှာ Novotel Yangon Max မှာ ကျင်းပခဲ့တဲ့ "Women in Business, Let her bloom" ပွဲတော်မှာ
ပါဝင်ပြသခဲ့တဲ့ ပုံရိပ်တစ်ချို့ကို မျှဝေလိုက်ပါတယ်
ခင်ဗျာ 🙂
ရုံးတွေ ကုမ္ပဏီတွေအတွက် All in One Service ရှိသလို SME လုပ်ငန်းတွေအတွက် Social Media Security Service (SMSS) လည်းရှိတာမို့လို့ စိတ်ပါဝင်စားတယ်ဆိုရင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 😊
09/03/2026
မင်္ဂလာပါ 🤗
လာမယ့် မတ်လ ၁၃ ရက်နေ့မှာ Novotel Yangon Max မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိကျင်းပမယ့် "Women in Business , Let Her Bloom" ခေါင်းစဉ်နဲ့ Conference & Local Brand Bazaar 2026 မှာ M2 Console Technology က Booth တစ်နေရာ ပါဝင်ပြသပါမယ် 😊
ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ ကြုံတွေရတတ်တဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေ ၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတဲ့အခါ ရင်ဆိုင်ဖြေရှင်းနည်းနဲ့ ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေ ၊ Social Media Account တွေနဲ့ Personal Account တွေကို Secure ဖြစ်အောင် လုပ်ထားရမယ့် နည်းလမ်းတွေ booth မှာ လာရောက်လေ့လာနိုင်ပါတယ် 🛡️🛡️🛡️
ဒါ့အပြင် ဈေးပွဲတော်ကို ဝင်ရောက်လည်ပတ်ရင်းနဲ့ မိမိတို့ ရုံးတွေ ကုမ္ပဏီတွေမှာဖြစ်နေတဲ့ နည်းပညာ အခက်အခဲတွေကို လွတ်လပ်ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်သလို Software Services တွေကိုလည်း အခမဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် 👨💻👨💻👨💻
ဒါကြောင့် M2 Console Technology အနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ အမျိုးသမီး လုပ်ငန်းတွေအတွက် သင့်တော်တဲ့ ဝန်ဆောင်မှုပေးဖို့ booth ပါဝင်ပြသမှာမို့လို့ စိတ်လက်ပေါ့ပါးစွာ လေ့လာစုံစမ်းနိုင်ပါတယ် 😊
အမျိုးသမီး ထုတ်ကုန်တွေနဲ့ Local SME Products တွေလည်း ပါဝင်တာကြောင့် ပွဲကိုလာရောက်လည်ပတ်ရင်း နည်းပညာ အခက်အခဲတွေကိုဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🤗
08/03/2026
မင်္ဂလာပါ 🤗
ဒီနေ့ Kan Thar Yar Office Tower ရဲ့ Manulife Office မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲမှာ M2 Console Technology အနေနဲ့ ပါဝင်ပြသခဲ့ပုံတွေကို မျှဝေလိုက်ပါတယ် 😊
ပွဲတက်ရောက်သူတွေထဲကနေလည်း နည်းပညာနဲ့ပတ်သက်ပြီးတော့ စိတ်ပါဝင်စားမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးခဲ့ပြီးတော့ ရုံးလုပ်ငန်းတွေရဲ့ နည်းပညာအခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးခဲ့ပါတယ် 😊
ဒီလိုမျိုး ရုံးတွေ ကုမ္ပဏီတွေမှာ ဖြစ်တတ်တဲ့ နည်းပညာပြဿနာတွေကို တစ်နေရာတည်းမှာ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ M2 Console Technology ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ 🤗
06/03/2026
မင်္ဂလာပါ 🤗
မတ်လ ၈ ရက် Manulife ရုံး၊ ကန်သာယာ Office Tower မှာ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ကျင်းပမယ့် အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲမှာ M2 Console Technology က Booth တစ်နေရာ ပါဝင်ပြသပါမယ် 😊
နည်းပညာကဏ္ဍ တိုးတက်လာတာနဲ့အမျှ အမျိုးသား အမျိုးသမီး မည်သူမဆို နည်းပညာကို အသုံးပြုလာကြပါတယ် 👩💻👨💻
သတိထားမိတဲ့အချက်က မြန်မာပြည်က အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး နည်းပညာပိုင်းဆိုင်ရာမှာ အနည်းငယ် အားနည်းနေတာကို တွေ့ရပါတယ် 🤔
အဆင့်မြင့် နည်းပညာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေလည်းရှိကြတယ်ဆိုပေမယ့် ရာခိုင်နှုန်းအားဖြင့် နည်းပါးပါတယ် 👩💻👩🔧
ဒါကြောင့် M2 Console Technology အနေနဲ့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ အမျိုးသမီး လုပ်ငန်းတွေအတွက် သင့်တော်တဲ့ ဝန်ဆောင်မှုပေးဖို့ ဒီအထိမ်းအမှတ်ပွဲမှာ booth ပါဝင်ပြသမှာမို့ စိတ်လက်ပေါ့ပါးစွာ လေ့လာစုံစမ်းနိုင်ပါတယ် 🤗
အမျိုးသမီး ထုတ်ကုန်ပြပွဲ၊ Panel Discussion နဲ့ Networking အစီအစဉ်တွေလည်း ပါဝင်တာကြောင့် ပွဲကိုလာရောက်လည်ပတ်ရင်း နည်းပညာ အခက်အခဲတွေကိုဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်ပါတယ်နော် 🤗
06/03/2026
မင်္ဂလာပါဗျ 🤗
March 4th တုန်းက CSO တစ်ခုမှာ Data Server Setup Project အတွက် Site Survey ဆင်းပြီးတော့ Server Installation လုပ်နေတဲ့ ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ် 😊
File တွေကို မျှဝေသုံးစွဲဖို့နဲ့ Store လုပ်ထားဖို့အတွက် File Server နဲ့ Database တည်ဆောက်ပေးခဲ့ပါတယ် 😍
Server ကို Setup ပဲလုပ်ပေးခဲ့တာမျိုးမဟုတ်ပဲ Cybersecurity အတွက်ပါ ထည့်သွင်းစဉ်းစားပြီးတော့ စနစ်တကျ Installation လုပ်ပေးခဲ့ပါတယ် 👨💻🖥️💻
ရုံးလုပ်ငန်းတွေမှာ File Server တစ်ခုကတော့ အနည်းဆုံးရှိထားသင့်ပါတယ်။ File Server ရှိခြင်းအားဖြင့် အလုပ်ကို ပိုမို တွင်ကျယ် မြန်ဆန်စေနိုင်မှာဖြစ်သလို Partner Company ဘက်ကကြည့်ရင်လည်း Professional Vibe ကိုရရှိစေပြီးတော့ ယုံကြည်မှုလည်း ပိုပြီးတိုးလာပါမယ် 😊
ဒီလိုမျိုး မိမိတို့ရဲ့ လုပ်ငန်းအတွက် နည်းပညာနဲ့ပတ်သက်ပြီးတော့ အဆင့်မြှင့်တင်ချင်တယ် ၊ စစ်ဆေးချင်တယ် ၊ Maintainess လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော် တို့ရဲ့ M2 Console Technology ကို အမြန်ဆုံးဆက်သွယ်ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ဗျား 👨💻👨💻👨💻
မင်္ဂလာပါခင်ဗျာ 🤗
ဒီနေ့မှာတော့ မနေ့က တင်ပေးခဲ့တဲ့ BitLocker Encryption Setup ကို အပိုင်း (၂) အနေနဲ့ မျှဝေထားပါတယ်။
ဒီ Video ထဲမှာ BitLocker On ထားတဲ့ Drive ကို Password Change တဲ့အကြောင်းတွေ
- Remove Password လုပ်ပုံလုပ်နည်းတွေ
- Smart Card နဲ့တွဲဆက်နိုင်ပုံတွေ
- Auto-Unlock လုပ်နိုင်တဲ့အကြောင်းတွေ
- BitLocker ကို ပြန်ဖြုတ်တဲ့အကြောင်းအရာတွေကို မျှဝေပေးခဲ့ပါတယ်။
ဒီလိုမျိုး လက်တွေ့ အသုံးချနိုင်ပြီးတော့ တန်ဖိုးရှိတဲ့ နည်းပညာတွေကိုမျှဝေပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လေး လုပ်ပေးသွားကြပါဦးခင်ဗျာ 😊
တစ်ခုခုမှတ်ချက်ပေးချင်တာရှိတယ်ဆိုရင်လည်း လွတ်လပ်စွာ မျှဝေနိုင်ပါတယ် 🙂
ကျေးဇူးတင်ပါတယ်ခင်ဗျာ 🤗
မင်္ဂလာပါခင်ဗျာ 🤗
ဒီနေ့မှာတော့ အရှေ့ရက်တွေမှာ မျှဝေခဲ့တဲ့ BitLocker Encryption ကို လက်တွေ့လုပ်ဆောင်ပြထားတဲ့ video ကို မျှဝေပေးလိုက်ပါတယ်။
- BitLocker အတွက် Drive Format အကြောင်း
- အသုံးပြုခဲ့တဲ့ HDD Hard Disk ကို Data Recovery Drive အနေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အကြောင်း
- Encryption Method ရွေးပုံရွေးနည်းတွေ
- Password ကို ဘယ်လိုသတ်မှတ်ပေးရမလဲဆိုတာနဲ့ Password မေ့သွားရင် Recovery Key နဲ့ ဘယ်လိုဝင်ရောက်နိုင်မလဲဆိုတဲ့အကြောင်းတွေကို အပိုင်း (၁) အနေနဲ့ မျှဝေပေးထားပါတယ်။
မနက်ဖြန် အပိုင်း (၂) အနေနဲ့ BitLocker Encryption Drive ကို ဘာတွေဆက်လုပ်လို့ ရဦးမလဲဆိုတာကို နောက်ထပ် video တစ်ပုဒ်နဲ့ မျှဝေပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လေး လုပ်ပေးသွားကြပါဦးခင်ဗျာ 😊
တစ်ခုခုမှတ်ချက်ပေးချင်တာရှိတယ်ဆိုရင်လည်း လွတ်လပ်စွာ မျှဝေနိုင်ပါတယ် 🙂
ကျေးဇူးတင်ပါတယ်ခင်ဗျာ 🤗
27/01/2026
BitLocker Encrypted Drive ကို Hacker က Decrypt လုပ်နိုင်သလား?
ဒီမေးခွန်းက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ No System is Save ဆိုတာ IT လောကရဲ့လက်သုံးစကားတစ်ခုပါ။ ဆိုတော့ ဒီစကားနဲ့ ကျွန်တော်တို့ topic လေးကို လေ့လာကြည့်ရအောင်ပါ။
မေးခွန်းရဲ့အဖြေကို တိုတိုနဲ့ လိုရင်းပြောရရင် အင်မတန်ခက်ခဲပါတယ်။ မဖြစ်နိုင်သလောက်နီးပါးပါပဲ။ ဘာကြောင့်လဲဆိုတာ လေ့လာကြည့်လိုက်တဲ့အခါမှာ -
BitLocker ရဲ့ ခိုင်မာမှု
BitLocker က AES encryption algorithm (128-bit or 256-bit) ကို အသုံးပြုထားပါတယ်။ ဒီ encryption ကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ:
· Supercomputer အများကြီးနဲ့တောင် နှစ်ပေါင်း ဘီလီယံချီ ကြာမြင့်နိုင်ပါတယ်။
· လက်ရှိ နည်းပညာနဲ့ ချိုးဖောက်ဖို့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။
Hacker တွေ ဘယ်လိုနည်းလမ်းတွေ သုံးနိုင်သလဲ?
BitLocker ကိုတိုက်ရိုက်ချိုးဖောက်ဖို့ မဖြစ်နိုင်ပေမယ့် Hacker တွေဟာ တစ်ခြားအားနည်းချက်တွေ ကနေတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။
1. Weak Password/PIN တွေကို Guess လုပ်ခြင်း
"password123", "123456" လိုမျိုး weak password တွေသုံးထားရင် Brute-force attack နဲ့ ခန့်မှန်းပြီး ဝင်ရောက်နိုင်ခြေ ရှိပါတယ်
2. Recovery Key ကို ရယူခြင်း
Recovery key ကို email, text file, cloud မှာ သိမ်းထားရင် Hacker က ဒီ key တွေကို phishing, malware တို့နဲ့ ရယူနိုင်ပါတယ်။
3. Cold Boot Attack
Computer က sleep mode မှာရှိနေချိန် Memory (RAM) ထဲက encryption keys တွေကို ရယူနိုင်ပါတယ်။ (ဒီနည်းလမ်းက အရမ်းအဆင့်မြင့်တဲ့ hacking technique ဖြစ်တဲ့အတွက်ကြောင့် သာမာန် hacker တွေအတွက်တော့ မလွယ်ကူနိုင်ပါဘူး)
4. Social Engineering
User ကို လှည့်စားပြီး password သို့မဟုတ် recovery key ကို ရအောင်တောင်းယူနိုင်ပါတယ်။
ဒီလိုတွေမဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ?
1. Strong Password/PIN အသုံးပြုပါ
စာလုံးအကြီးအသေး၊ ဂဏန်း၊ သင်္ကေတ ပေါင်းစပ်ပါ ၊ Password manager ကို အသုံးပြုပါ။
2. Recovery Key ကို စနစ်တကျ သိမ်းဆည်းပါ
Microsoft account, USB drive, Paper Printout လုပ်ပြီးတော့ သိမ်းဆည်းပါ ၊ Email မှာ မသိမ်းပါနဲ့။
3. Multi-Factor Authentication (MFA)
TPM (Trusted Platform Module) ကို အသုံးပြုပါ။
PIN နဲ့ password နှစ်မျိုးလုံး အသုံးပြုပါ။
4. Device ကို Physical ပိုင်းဆိုင်ရာ လုံခြုံအောင်ထားပါ။
BitLocker on ထားတဲ့ Laptop ကို အခိုးမခံရအောင် ဂရုစိုက်ပါ ၊ စက်အလုံးလိုက် ပါသွားရင်တော့ BitLocker on ထားတဲ့ Hard Drive ကိုတော့ ဘာမှလုပ်လို့မရပေမယ့် Hard Drive တစ်ခုကို အစားထိုးပြီး အသုံးပြုလို့ ရနိုင်သေးလို့ပါ။
အနှစ်ချုပ်သုံးသပ်ချက်အနေနဲ့
BitLocker က အလွန်ခိုင်မာတဲ့ encryption system ဖြစ်ပါတယ်။ Hacker တွေအတွက် BitLocker ကို တိုက်ရိုက်ချိုးဖောက်ဖို့ဆိုတာ လက်ရှိမှာ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် weak password, recovery key မလုံခြုံမှု ၊ social engineering တို့ကတစ်ဆင့်တော့ ဝင်ရောက်နိုင်ပါတယ်။
ဒီလိုမျိုး မဖြစ်ရအောင် strong password အသုံးပြုခြင်း ၊ recovery key ကို စနစ်တကျသိမ်းဆည်းခြင်း တို့ကို ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။
သတိထားစေချင်တာတစ်ခုက ဘယ်လောက်ပဲခိုင်ခံ့တဲ့ သော့ခလောက်ဖြစ်ပါစေ သော့ချောင်းကို မြေပြင်ပေါ်မှာပစ်ထားရင် ဘယ်သူမဆို ကောက်ယူသွားနိုင်ပါတယ်ဆိုတာ အကြံပြုရင်းနဲ့ ဒီ topic လေးကို ဒီမှာပဲရပ်နားခွင့်ပြုပါခင်ဗျာ။
ဒီလိုစိတ်ဝင်စားဖို့ကောင်းပြီး လက်တွေ့ကျတဲ့ နည်းပညာရပ်တွေကို လေ့လာချင်တယ်ဆိုရင်တော့ M2 Console Cybersecurity Page နဲ့ M2 Console Technology Page ကို Like & Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ရဲ့လုပ်ငန်းအမျိုးအစားပေါ်မှာမူတည်ပြီးတော့ နည်းပညာလုံခြုံရေးဝန်ဆောင်မှုတွေကိုလည်း ပေးနေတာဖြစ်တဲ့အတွက်ကြောင့် နည်းပညာလုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်လာရင်တော့ ကျွန်တော်တို့ရဲ့ Page Messenger ကို အချိန်မရွေး လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
15/01/2026
မင်္ဂလာပါ 🤗
ဒီနေ့မှာတော့ BitLocker ကို အကျိုးရှိရှိနဲ့ စနစ်တကျ အသုံးပြုနိုင်ဖို့ လိုက်နာရမယ့်အဆင့်တွေကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။
၁။ ကြိုတင်ပြင်ဆင်ခြင်း
System Requirements စစ်ဆေးပါ
· Windows 10/11 Pro, Enterprise, or Education edition (လက်ရှိမှာ ဘယ် Operating System ကိုအသုံးပြုနေသလဲဆိုတာကို စစ်ဆေးပေးရပါမယ်)
· TPM (Trusted Platform Module) chip version 1.2 သို့မဟုတ် ပိုမိုမြင့်မားတဲ့ version ဖြစ်မဖြစ်စစ်ဆေးပေးရပါမယ်။ (Windows Key+ R နဲ့ Open Box ခေါ်ပြီးတော့ tpm.msc လို့ရိုက်ထည့်ပြီး Specification Version မှာ version စစ်နိုင်ပါတယ်)
· BIOS Version ကိုလည်းစစ်ဆေးရပါမယ် (UEFI BIOS ဆိုရင် GPT Partition ဖြစ်တော့ အနည်းငယ်မြန်ဆန်နိုင်ပါတယ် ၊ Legacy BIOS ဆိုရင် MBR Partation ဖြစ်တော့ Encryption လုပ်ဆောင်ချိန်ကအနည်းငယ်ကြာနိုင်ပါတယ်)
Backup အရင်လုပ်ပါ
· အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ပါ (Error တစ်ခုခုဖြစ်ခဲ့ရင် Save ဖြစ်နေအောင်လို့ပါ ၊ Backup မယူရသေးပဲ Setup လုပ်လို့ရနိုင်ပေမယ့် Backup ယူထားတာက ပိုကောင်းပါတယ်လ်ု့ အကြံပြုချင်ပါတယ်)
· BitLocker recovery key ကို သိမ်းဆည်းဖို့နည်းလမ်းစဉ်းစားထားရပါမယ်။ (Password ကိုလုံးဝမေ့သွားခဲ့ရင် Recovery Key က နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာမှာပါ ၊ Recovery Key ကို မသိမ်းထားမိဘူးဆိုရင် Password လည်းမသိခဲ့ရင်တော့ BitLocker ဖွင့်ထားတဲ့ Hard Disk တစ်ခုကို ဘာဆို ဘာမှလုပ်လို့မရတော့ပါဘူး)
၂။ BitLocker ကို စတင်အသုံးပြုခြင်း
Windows Settings မှတစ်ဆင့်အသုံးပြုပါက
1. Start menu > Settings > Update & Security > Device encryption
2. BitLocker ကိုဖွင့်ရန် Turn on ကိုနှိပ်ပါ
Control Panel မှတစ်ဆင့်အသုံးပြုပါက
1. Control Panel > System and Security > BitLocker Drive Encryption
2. Turn on BitLocker ကိုနှိပ်ပါ
၃။ Recovery Key ကို စနစ်တကျ သိမ်းဆည်းခြင်း
BitLocker ဖွင့်တဲ့အခါ recovery key ကို ဒီနည်းလမ်းတွေနဲ့ သိမ်းဆည်းဖို့ အကြံပြုပါတယ်ခင်ဗျာ။
Opt (1) : Microsoft Account - အင်တာနက်ရှိရင် အဆင်ပြေပါတယ်။
Opt (2) : USB flash drive - လက်ကိုင်ထားနိုင်တဲ့ နည်းလမ်းတစ်မျိုးပါ။ မသမာသူလက်ထဲ မပါသွားစေဖို့ ဂရုစိုက်ဖို့လိုအပ်ပါတယ်။
Opt (3) : File - Password manager ထဲမှာ သိမ်းဆည်းပါ။ (KeePassXC လိုမျိုး Password Manager က အသုံးပြုရတာ လွယ်ကူပြီးတော့ BitLocker လိုမျိုး Encryption System တစ်ခုကို အသုံးပြုထားပါတယ်)
Opt (4) : Printout - စာရွက်ထုတ်ပြီး လုံခြုံတဲ့နေရာမှာ သိမ်းဆည်းပါ။ USB Flash Drive လိုမျိုး လုံခြုံစွာသိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
သတိထားရမယ့်အချက်အနေနဲ့ Recovery key ကို email ပို့ပြီး သိမ်းဆည်းတာမျိုး ရှောင်ကြဉ်ရပါမယ် ❌
၄။ Strong Password ရွေးချယ်ခြင်း
ရွေးချယ်သင့်တဲ့ Password ပုံစံတွေအနေနဲ့ :
· အနည်းဆုံး ၈ လုံးကနေ ၁၂ လုံး (ပိုရင်ပိုကောင်းပါတယ်)
· အကြီး အသေး စာလုံး ရောထားပါ
· နံပါတ်နဲ့ သင်္ကေတ ($&@€£¥) ထည့်သွင်းပါ
· ဘုံသုံးစကားလုံး (password, 123456) ကိုတော့အသုံးမပြုသင့်ပါဘူး
ဥပမာ အနေနဲ့ :
· Nga@50BrmTpe #2024! (မြန်မာလို "ငါးရာ့ငါးဆယ်ဇာတ်နိပါတ်" ကို အခြေခံထားပြီးဖန်တီးနိုင်ပါတယ်)
· Ygn-Mdy@500miles!
၅။ ပုံမှန် Backup လုပ်ခြင်း
· Recovery key ကို နှစ်နေရာ ၊ သုံးနေရာလောက် backup လုပ်ထားပါ (မိမိသိမ်းထားတဲ့နေရာကို မိမိမှတ်မိနေဖို့တော့လိုပါတယ်)
· Key ကို မှတ်ထားတဲ့ စက္ကူကို ရေမစိုအောင် ၊ မီးမလောင်အောင် ဂရုစိုက်ပါ (အကြောင်းအရာတစ်ခုခုကြောင့် ပျောက်ဆုံးပျက်စီးတဲ့အခါမှာ Key File ကို ဆင့်ပွားမသိမ်းထားရင် အခက်အခဲရှိနိုင်ပါတယ်)
၆။ Encryption Process ပြီးဆုံးချိန်
· Drive size ပေါ်မူတည်ပြီး မိနစ် ၃၀ မှ နာရီပိုင်း ကြာနိုင်ပါတယ် (ကျွန်တော့်အတွေ့အကြုံအရ ၂၄ နာရီလည်းကြာတတ်ပါတယ်)
· Power Source ချိတ်ဆက်ထားပါ (Laptop ဆိုရင် Battery အားခံနိုင်ဖို့လိုအပ်ပါတယ် ၊ Desktop မှာတော့ လျှပ်စစ်ဓာတ်အားပြဿနာရှိနိုင်ပါတယ်)
· Process မပြီးမချင်း computer ကို ပိတ်မထားပါနဲ့ (Sleep ဖြစ်သွားရင် အနည်းငယ်ကြာနိုင်ပါတယ် ၊ ဒါပေမယ့် ဘယ်လိုအကြောင်းနဲ့မှ Shutdown မကျသွားအောင် ဂရုစိုက်ပေးပါ ၊ Encryption Process အချိန်အတွင်း Shutdown ကျသွားရင် သို့မဟုတ် Disconnect ဖြစ်သွားရင် Data ပျက်စီးဆုံးရှုံးနိုင်ခြေရှိပါတယ်)
၇။ နေ့စဥ်အသုံးပြုတဲ့အခါမှာ သိထားရမယ့်အချက်များအနေနဲ့
· Computer restart လုပ်တိုင်း သို့မဟုတ် Shutdown ချပြီးပြန်ဖွင့်တိုင်း PIN သို့မဟုတ် password ရိုက်ထည့်ရပါမယ် (External Drive မှာတော့ စတင် Connect လုပ်ချိန်နဲ့ Disconnect လုပ်ပြီး Connect ပြန်လုပ်ချိန်မှာ PIN သို့မဟုတ် Password လိုအပ်ပါမယ်)
· Sleep mode ကနေ ပြန်နိုးတဲ့အခါ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။
· အရေးကြီး ဖိုင်တွေကို backup ဆက်လုပ်ပါ (External Drive ကို BitLocker Encryption ON ထားတဲ့အခါမှာ Connection ကအရမ်းအရေးကြီးပါတယ် ၊ မတော်တဆတိုက်မိတာတို့ မေ့ပြီး USB ခေါင်းကို ဆွဲဖြုတ်တာမျိုးလုပ်မိရင် Data ပျက်စီးဆုံးရှုံးနိုင်ခြေရှိပါတယ်)
အရေးပေါ်အခြေအနေအတွက် 🚨🚨🚨
BitLocker ဖွင့်ထားပြီး password မေ့သွားရင်:
1. Recovery key ကို အရင်ရှာပါ။
2. Microsoft account (https://account.microsoft.com/devices/recoverykey) မှာ ဝင်ကြည့်နိုင်ပါတယ်။
3. Recovery key နဲ့ drive ကို unlock လုပ်နိုင်ပါတယ်
အနှစ်ချုပ်အနေနဲ့ BitLocker ကို စနစ်တကျ အသုံးပြုမယ်ဆိုရင် :
1. ကြိုတင်ပြင်ဆင်မှု လုပ်ပါ
2. Strong password သုံးပါ
3. Recovery key ကို စနစ်တကျ သိမ်းဆည်းပါ
4. ပုံမှန် backup လုပ်ပါ
ဒီအဆင့်တွေကို လိုက်နာမယ်ဆိုရင် BitLocker ကို စိတ်ချလက်ချ အသုံးပြုနိုင်ပြီး မိတ်ဆွေတို့ရဲ့အချက်အလက်တွေကို လုံခြုံစွာ ကာကွယ်နိုင်မှာပါ။
ဒီလိုစိတ်ဝင်စားဖို့ကောင်းပြီး လက်တွေ့ကျတဲ့ နည်းပညာရပ်တွေကို လေ့လာချင်တယ်ဆိုရင်တော့ M2 Console Cybersecurity Page နဲ့ M2 Console Technology Page ကို Like & Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ရဲ့လုပ်ငန်းအမျိုးအစားပေါ်မှာမူတည်ပြီးတော့ နည်းပညာလုံခြုံရေးဝန်ဆောင်မှုတွေကိုလည်း ပေးနေတာဖြစ်တဲ့အတွက်ကြောင့် နည်းပညာလုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်လာရင်တော့ ကျွန်တော်တို့ရဲ့ Page Messenger ကို အချိန်မရွေး လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Website
Address
459 Pyay Road, Kamayut Tsp
Yangon
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |