Pyae Construction
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Construction, Construction Company, Yangon, .
17/12/2024
အိမ်ဘဲဆောက်တတ်တာလားတဲ့?………????
ဘယ်ဟုတ်မလည်းအိမ်ထောင်ပရိဘောဂလက်ရာမှန်သမျှအကောင်းဆုံး
အသေသပ်ဆုံးစေတနာတွေအပြည့်နဲ့လုပ်ပေးတတ်သေးတာPyaeConstructionရဲ့
ဝန်ဆောင်မှုပါရှင်။
☎️09788613234/09458966770
01/11/2024
Good Morning 🌄🌄
2025မှာ သင်ပိုင်ဆိုင်ရမဲ့အိမ်ဖြစ်လို့ အကြိုက်ဆုံး အိမ်ကို ရွေးပြီး လက်ခံရယူလိုက်ပါ💓
#အိမ်တွင်းအလှဆင်ခြင်း
&အမိုးဒိုင်းနှင့်သံပန်းသံတံခါးတပ်ဆင်ရေး
အမိုးဒိုင်းဝရိန်ကျွမ်းကျင်သူ
နေ့စားအလိုရှိသည်။
၀၉၇၈၈၆၁၃၂၃၄/၀၉၄၅၈၉၆၆၇၇၀
30/10/2024
အလုပ်ကမရှားပါဘူးအလုပ်ရှင်ကောင်းဖို့နဲ့ကိုယ်တိုင်က
တကယ်ကျွမ်းကျင်ဖို့သာလိုပါတယ်။
ဝရိန်စော်တတ်မယ်အမိုးဒိုင်းကျွမ်းကျင်မယ်အလုပ်တကယ်လုပ်ချင်ရင်
အမြန်ဆုံးhello(09788623234/09458966770)ပါ။
အဆောက်အဥဦးခေါင်မိုးနှင့်ပတ်သက်သည့်အသေးစိတ်,အစိတ်အပိုင်းတို့၏
အခေါ်များ
♦(အမိုး၏အစိတ်အပိုင်းများ)
(၁) Ridge (ခေါင်ရိုး)
အမိုးတစ်ခု၏မျက်နှာပြင်အစောင်း
နှစ်ခုထိပ်ချင်းဆုံရာတွင်ဖြစ်ပေါ်နေသော
အမြင့်ဆုံး အစိတ်အပိုင်းကို ခေါင်ရိုး
Ridge ဟုခေါ်သည်
(၂) Ridge Cover (ခေါင်အုပ်)
ခေါင်းရိုးကိုဖုံးအုပ်ထားသောခေါင်အုပ်
ကိုခေါ်သည်၊အုန်းလက်များတွင်ခေါင်အုပ်
နှင့်ပင်ဖုံးအုပ်၍ပေးရသည်၊
(၃) Hip (အုန်းလက်)
အမိုးအစွန်းနှစ်ဖက်တို့သည်အပြင်
ဘက်သို့၁၈၀° ထက်များ၍ထွက်နေ
သောအစွန်းကိုအုန်းလက်ဟုခေါ်သည်၊
(၄) Hip Rafter (အုန်းလက်ဒိုင်း)
အုန်းလက်နေရာတွင်အသုံးပြုသောသစ်
သားကိုအုန်းလက်ဒိုင်း Hip Rafter ဟု
ခေါ်သည်၊
(၅) Valley (ရေလိမ်)
အမိုးအစွန်းနှစ်ခုတို့သည်အတွင်းဘက်
၁၈၀°ထက်နည်း၍တွေ့ဆုံနေလျှင် ၄င်း
အစိတ်အပိုင်းကိုရေလိမ်ဟုခေါ်သည်၊
(၆) Valley Rafter (ရေလိမ်ဒိုင်း)
ရေလိမ်နေရာတွင်အသုံးပြုသော
သစ်သားကိုရေလိမ်ဒိုင်း Valley Rafter
ဟုခေါ်သည်၊
(၇) Verge (ကျီးယက်)
မြင့်မိုရ်ပိတ်အမိုးများတွင်ခေါင်မှ
တစက်မိတ်အထိစောင်းလျှက်ဆင်းလာ
သောအစွန်းကို Verge ကျီးယက်ဟု
ခေါ်သည်၊
ဤနေရာတွင်အသုံးပြုသောပျဥ်ပြားကို
ဘဲတောင်(သို့)လေကာတာဟုခေါ်သည်၊
(၈) Gable ( မြင့်မိုရ်ပိတ်)
အမိုးအစောင်းနှစ်ခုအဆုံးသပ်ရာ၌
ထိပ်တွင်တွေ့ရှိရသောတြိဂံပုံကိုမြင့်မိုရ်
ဟုခေါ်သည်၊
၄င်းကိုအုပ်(သို့)အခြားသင့်လျှော်သော
အရာဝတ္ထုများနှင့်ဖုံးအုပ်၍ပေးရသည်၊
၄င်းကိုမြင့်မိုရ်ပိတ်ဟုခေါ်သည်၊
အမိုးတစ်ခု၌မြင့်မိုရ်များစွာရှိကြပြီး
အကြီးဆုံးမြင့်မိုရ်ကို Gable ဟုခေါ်ပြီး
ကျန်၄င်းထက်ငယ်သောမြင့်မိုရ်များကို
Gablet ဟုခေါ်သည်၊
(၉) Trusses (ဒိုင်းခွေ)
အခန်းတစ်ခု၏အဖွင့်ကျယ်လာ
သောအခါဒိုင်းများသက်သက်အမာခံပြု
လုပ်၍မရနိုင်ဘဲ ဒိုင်းခွေကြီး များခံ၍
ဆောက်လုပ်ပေးရသည်၊
အဆိုပါဒိုင်ခွေကြီးများကို Trusses ဟု
ခေါ်ကြသည်၊
(၁၀) Eave (တစက်မြိတ်)
အမိုး၏အနိမ့်ဆုံးသောအစိတ်အပိုင်း
ကိုတစက်မြိတ်( Eave )ဟုခေါ်သည်၊
(၁၁) Eave Board (ပန်းဆွဲ)
တစက်မြိတ်ဒိုင်းအစွန်းများတွင်
သွယ်တန်းထားသော ပျဥ်ပြားများကို
ပန်းဆွဲ(Eave Board)ဟုခေါ်သည်၊
(၁၂) Purlin (မျှားတန်း)
အမိုးမိုးရန်ဒိုင်းများပေါ်တွင်သွယ်တန်း
ထားသောသစ်သားတန်းများကို Purlin
မျှားတန်းဟုခေါ်သည်၊
(၁၃) Tie (ထုပ်တန်း)
တိုင်နှစ်လုံးကိုချုပ်နှောင်ရန်သွယ်
တန်းထားသောသစ်သားတန်းကိုထုပ်တန်း
Tie ဟုခေါ်သည်၊
(၁၄) Collar (ဒိုင်းချုပ်)
ဒိုင်းနှစ်ခုပြန့်မကားသွားစေရန်ထိမ်း
ချုပ်ထားသောတန်းကိုဒိုင်းချုပ် Collar
ဟုခေါ်သည်၊
(၁၅) Fascia Board (ခါးပန်း)
ဆင့်အစွန်းများကိုဖုံးအုပ်ရန်ရိုက်ကပ်
ထားသောပျဥ်ပြားကို ခါးပန်း ဟုခေါ်
သည်၊
(၁၆) Post Plate (ယောက်)
သစ်သားတိုင်များတွင်ဒိုင်းများတင်
ထားနိုင်ရန်အသုံးပြုသောသစ်သား
ချောင်းများကိုယောက် Post Plate
ဟုခေါ်သည်၊
(၁၇) Wall Plate (အုံးတုံး)
ဒိုင်းများကိုလက်ခံ၍နံရံပေါ်တွင်
အလေးချိန်ညီမျှစွာပြန့်နှံစေရန်တပ်ဆင်
ထားသော သစ်သားချောင်းများကိုအုံးတုံး
(Wall-Plate) ဟုခေါ်ကြသည်၊
(၁၈) Cleat (ဖါးတုံး)
မျှားတန်းများကိုဖြစ်စေ၊ယက်မများ
ကိုဖြစ်စေပင့်ထားရန်တပ်ဆင်ထားသော
သစ်သားတုံးများကို Cleat ဖါးတုံးများ
ဟုခေါ်သည်၊
(၁၉) Jack Rafter ( နို့စို့ဒိုင်း)
ဒိုင်းအတိုများရှိ၍နို့စို့ဒိုင်းများဟုခေါ်
သည်၊အချို့မှာခေါင်ရိုးမှရေလိမ်ဒိုင်းတွင်
အဆုံးသပ်၍အချို့မှာအုန်းလက်မှတစက်
မြိတ်တွင်အဆုံးသတ်သည်၊
(၂၀) Ridge Piece (ခေါင်ယောက်)
ခေါင်ရိုးတွင်အသုံးပြုထားသော
သစ်သားကိုခေါ်သည်၊
(၂၁) Common Rafter (or) Spar(ရေဆင်းဒိုင်း)
ခေါင်မှတစက်မြိတ်အထိမျှားတန်း
များတင်ထားနိုင်ရန်သွယ်တန်းထားသော
ဒိုင်းများကိုခေါ်သည်၊
(၂၂) Wind Filling
ဒိုင်းနှစ်ခုအကြားရှိကွက်လပ်ကို
လင်းနို့ / ကြွက်အစရှိသောသတ္တဝါများ
မဝင်နိုင်စေရန်သံစကာနှင့်ဖြစ်စေ /
နံရံကိုမြှင့်၍ဖြစ်စေ / အခြားသော
ပစ္စည်းတမျိုးမျိုးကိုအသုံးပြု၍
ဖြစ်ပိတ်ထားရပေမည်၊
၄င်းက်ို Wind Fillingဟုခေါ်သည်၊
(၂၃) Beam Filling
ဆင့်နှစ်ခုအကြားတွင်သင့်လျှော်
သောပစ္စည်းတမျိုးမျိုးနှင့်ပိတ်ထား
ပေးခြင်းကိုBeam Fillingဟုခေါ်
သည်၊
(၂၄) Sprocket (စွန်မြီးကော့)
၄င်းကိုနံရံတစ်ခု၏အမြင့်အားလို
သောနေရာ၌ထားရှိနိုင်ရန်နှင့်တခါတရံ
မိုးရေအရှိန်နည်းစွာစီးဆင်းနိုင်စေရန်
အတွက်တပ်ဆင်ထားပေးသည်၊
ဤကဲ့သို့ပြုလုပ်နိုင်ရန်မူလဒိုင်းကို
တစက်မြိတ်အထိမသွယ်တန်းဘဲ ၊
အခြားဒိုင်းဖြင့်အဖျားကော့၍တင်ဆင်
ထားရသည်၊၄င်းကို Sprocket စွန်မြီး
ကော့ဟုခေါ်သည်၊
(၂၅) Ceiling (မျက်နှာကြက်)
(၂၆) Roofing (ခေါင်မိုးထားသည့်အရာဝတ္ထူ)
(၂၇) Webs tie (ကန့်လန့်တန်း)
(၂၈) Pitch (ခေါင်အစောင်း)
အမိုးတစ်ခု၏မျက်နှာပြင်အစောင်း
နှင့်ရေပြင်ညီမျဥ်းဆုံရာတွင်ဖြစ်ပေါ်လာ
သောထောင့်ကို Pitch ဟုခေါ်ပါသည်၊
(၂၉) Pitched Roof (ခေါင်စောက်အမိုး)
(၃၀) Flat Roof ( ခေါင်ပြန့်အမိုး )
(၃၁) Batten (ဇလီ)
(၃၂) Flashing
အိမ်မိုးနှင့်နံရံအဆက်ကိုမိုးရေလုံ
အောင်ဖုန်းထားသည့်သတ္ထုပြား၊
(၃၃)Skylight (အလင်းဝင်ပေါက်)
(၃၄) Gutter (ရေတံလျောက်)
(၃၅) Chimney (မီးခိုးခေါင်းတိုင်)
(၃၆) Dorme (အမိုးစောင်းမတ်ရပ်
ပြတင်းပေါက်)
(၃၇) Soffit (အောက်ဘက်မျက်နှာပြင်)
(၃၈)Leak Barrier (ရေစိမ့်ပေါက်အကာ)
(၃၉) Fall (ရေဆင်း)
(၄၀) Roof Member
အမိုးပစ္စည်းများကိုထမ်းဆောင်နိုင်
ရန်အတွက်ဒိုင်းများ၊မျှားတန်းများ၊ဒိုင်းခွေများ၊အုံးလက်နှင့်ရေလိမ်ဒိုင်းအစရှိသည်
တို့ကိုRoof Member များဟုခေါ်ဆိုကြ
သည်၊
(၄၁) Lightning- Conductor (မိုးကြိုးလွှဲပစ္စည်းကိရိယာ)
(၄၂) Drain Water Down Take Pipe
( မိုးရေလွှတ်ပြွန်)
(၄၃) Cess Pool (ရေကန်ငယ်)
(၄၄)Lean To Roof(or)Shed Roof
(တစ်ဘက်ရအမိုး)
(၄၅) Couple Roof (နှစ်ဘက်စောင်း
အမိုး)
(၄၆) Couple Closed Roof
(အခြေထိမ်းထုပ်တန်းပါသောနှစ်
ဘက်စောင်းအမိုး)
(၄၇) Collar Roof (ဒိုင်းချုပ်ပါသောအမိုး)
(၄၈) King Post Roof Truss
(ညာတိုင်တစ်လုံးပါသောဒိုင်းခွေ)
(၄၉) Queen Post Roof Truss
(ညာတိုင်နှစ်လုံးပါသောဒိုင်းခွေ)
(၅၀) Mansard Truss
( ညာတိုင်တစ်လုံးနှင့်နှစ်လုံးပေါင်းစပ်
ပြုလုပ်ထားသောဒိုင်းခွေ)
(၅၁) Laminated Roof Truss
(နှစ်ထပ်ဒိုင်းခွေ)
(၅၂) Lantern Light (လည်ပေါ်)
(၅၃) Composite Roof Truss
သစ်သားနှင့်သံပေါင်းစပ်ပြုလုပ်
ထားသောဒိုင်းခွေ)
(၅၄) Mild Steel Truss
(သံဒိုင်းခွေ)
(၅၅) C.G.I Sheet Roofing
( သွပ်ရည်သုတ် သံပြားတွန့်အမိုး)
(၅၆) C.A.C Sheet Roofing
(ဘိလပ်မြေကျောက်ဂွမ်းပြားတွန့်
အမိုး)
(၅၇) Wagut Roofing
(ဝါးကပ်မိုး)
(၅၈) Thatch Roofing
(သက်ငယ်အမိုး)
(၅၉) Dhani Roofing
(ဓနိအမိုး)
(၆၀) Valley Gutter
( ရေလိမ်ရေတံလျောက်)
(၆၁) Eave Gutter
( တံစက်မြိတ်ရေတံလျောက်)
(၆၂) Curved Roofs
( အခုံး အမိုးများ)
(၆၃) Flat or Terraced Roofs
( ခေါင်းပြန်အမိုးများ)
(၆၄) Pitched or Sloping Roofs
( ခေါင်စောက်အမိုးများ)
(၆၅) Double or Purlin Roofs
( ဒိုင်းနှင့်မျှားတန်းကိုအသုံးပြုထား
သောအမိုးများ)
(၆၆) Roof-garden
( အဆောက်အဦးခေါင်မိုးပေါ်မှပန်း
ဥယျာဥ်)
(၆၇) Rooftop
( ခေါင်မိုး၏အပြင်ဘက်မျက်နှာပြင်၊
အိမ်ခေါင်မိုးဖျားများ)
(၆၈) Loft
(အမိုးအောက်ထပ်ခိုး)ဘုရားရှစ်ခိုး
ကျောင်း
(၆၈-a) Attic
(အမိုးအောက်ထပ်ခိုး)
(၆၉) Domes
( အမိုးခုံးများ )
(၇၀) High-Pitched
(မတ်စောက်သောခေါင်မိုး)
(၇၁) King-Post
(ယက်မမှခေါင်ထိပ်အထိသွားသည့်
ထောင်လိုက်သစ်သားတိုင်)
(၇၂) Queen-Post
ဒိုင်းဆံ (သစ်သားချောင်း)
(၇၃) Down Pipe
(ခေါင်မိုးမှမိုးရေကိုသယ်ဆောင်
သည့်ရေတံလျှောက်)
(၇၄) Penthouse
(ခေါင်းမိုးပေါ်ရှ်ိဇိမ်ခံအထပ်)
(၇၅) Lean to
( အဆောက်အဦးကြီးကို (သို့)နံရံ
ကိုမှီထားသည့်အဆောက်အဦး)
(၇၆) Dormer-Window
( အမိုးစောင်းတွင်မတ်မတ်ဖေါက်
ထားသောပြတင်းပေါက်)
#အိမ်တွင်းအလှဆင်ခြင်း.
29/10/2024
24/10/2024
၂၀၂၅အစမှာအိမ်ပိုင်ဝယ်ပြီးအိမ်အသစ်ကိုစိတ်ကြိုက်ဆောက်မယ့်
အမျိုးတို့အတွက်ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့ဒီဇိုင်းတွေကိုနေ့စဉ်တင်ပေးသွားမယ်နော်
construction
#အိမ်တွင်းအလှဆင်ခြင်း
11/10/2024
ဒီကြားထဲမှာမတင်ဖြစ်လိုက်တဲ့အဆောက်အဦးတွေများစွာရှိတဲ့အထဲကမှအခုတော့
နေ့စဉ်ပုံမှန်လေးပြန်တင်ပေးပါတော့မယ်ရှင်။
သီတင်းကျွတ်အထူးစျေးရောင်းပွဲကြီးအတွက်ပန်းပိတောက်စပန့်ချုပ်ထည်
ပင်ရင်းဆိုင်ကြီးကအပ်တဲ့အဝတ်ထည့်တဲ့စဉ်လေးတွေလုပ်ပေးဖြစ်ပါတယ်ရှင်။
အိမ်ဘဲဆောက်တာလားဆိုရင်မဟုတ်ပါဘူးနော်ဘီဒို၊ကြောင်အိမ်၊မှန်တင်ခုံ
ကြိုက်ရာဒီဇိုင်းလေးဘဲပြပေးပါတိကျသေသပ်စွာစိတ်တိုင်တကျဖြစ်အောင်
လုပ်ပေးဖို့ကကျွန်မတို့ရဲ့Pyae Constructionကတာဝန်ယူပေးနေပါတယ်ရှင်။
# Pyae Construction
#အိမ်တွင်းအလှဆင်ခြင်း
structure
29/07/2024
ချစ်ရတဲ့အမျိုးတွေမိတ်ဆွေတွေသူငယ်ချင်းတွေရေအိမ်လှလှလေးတွေ
ဆောက်မယ်ဆိုရင်လေ
အိမ်တလုံးဆောက်မယ်ဆိုယတိပြတ်ရှုံးရှုံးမြတ်မြတ်(ဥပမာ)
(ကုန်ကျစရိတ်သိန်း၁၀၀)လို့တောင်းတဲ့သူနဲ့
ကုန်ကျစရိတ်သိန်း၆၀တောင်းတဲ့သူတို့ရဲ့(အသုံးပြုထားတဲ့ပစ္စည်းအရည်အသွေး
အခန်းဖွဲ့ပါဝင်မှုနဲ့အတူအလုပ်မပီးသေးခင်တငြီးငြီးနဲ့ခွေးနာလောက်ကိုက်သလို
ထပ်တောင်းနေတာမျိုးဘယ်ဟာကိုရွေးချယ်ခြင်ကြပါသလည်းရှင်။
ကျွန်မအမျိုးသားမို့ပြောတာမဟုတ်ဖူးကိုအောင်မြတ်မိုးဦးစီးပီးဆောက်တဲ့
အိမ်ပုံစံမှန်သမျှလှပသေသပ်ပီးအိမ်ရှင်တိုင်းစိတ်ချမ်းသာစေရတာတော့အမှန်ဘဲ။
လူတိုင်းမှာချွင်းချက်တော့ရှိတာပေါ့နော်
အလုပ်လုပ်ရင်စေတနာပါတယ်စကားပြောရင်ပြတ်တယ်။ရှုံးရှုံးမြတ်မြတ်
အိမ်ရှင်သိစရာမလိုဘဲပြောပီးသားစျေးထက်တကျပ်မှပိုမတောင်းသလိုအလုပ်ကို
အစအဆုံးတာဝန်ယူမှုအပြည့်ရှိတာကလွဲရင်စကားအပိုမပြောတတ်လို့
တချို့(အိမ်ရှင်တွေကမကြိုက်ကြဘူး)အလုပ်တွဲလုပ်ကြည့်ပီးမှချီးကျူးသံတွေကြား
ရတဲ့သူမျိုး။သူစျေးတွက်ပီးပြောပီးလို့ကတော့အိမ်ကမိန်းမကလျှော့ပေးလိုက်ပါ
ကိုရယ်လို့ပြောမိရင်တောင်မင်းလုပ်တတ်ရင်ဝင်လုပ်ပေးလိုက်မလျှော့တတ်တဲ့
လူစားမျိုး။သံဖရိန်နဲ့ဆောက်လို့ကတော့အိမ်ရှင်တွေထက်ကိုစေ့စပ်သေသပ်နေ
တတ်တာမျိုး၊သူခေါ်ထားတဲ့ပန်းရံအဖွဲ့ဆိုရင်လည်းသူ့သဘောနဲ့
မကြိုက်သ၍စိတ်ရှည်လက်ရှည်အချောသပ်ခိုင်းတာမျိုးသံဂိတ်အပါးအထူ
ဆိုင်ကမုန့်ဘိုးပေးမယ်ဆိုရင်တောင်ဂိတ်အထူအကောင်းဘဲထည့်မုန်ဘိုးပေး
ရအောင်ကျုပ်မငတ်ဘူးလို့ပြောတတ်သူမျိုးမို့။အလုံးစုံခြုံပြောရရင်
တခါဆက်ဆံအလုပ်တွဲလုပ်ပီးတာနဲ့ကိုမိုးကြီးအားတဲ့အချိန်စောင့်မယ်ဗျာဆိုပြီး
အမြဲပြောခံရတတ်တဲ့လူရိုးလူအေးကြီးမို့အမြဲဂုဏ်ယူရပါတယ်။
မကြာမှီရက်ပိုင်းအတွင်းကသင်္ကန်းကျွန်းမှာအကြမ်းထည်ဆောက်ပီးသွားတဲ့
အိမ်လေးပါရှင်။အချောသပ်ပီးရင်ပိုလှမှာနော်။
ဒီလိုလှပသေသပ်တဲ့အိမ်လှလှလေးဆောက်ခြင်ရင်
☎️09458966770ကိုသာhelloလိုက်သူ့သိပ်ချစ်တဲ့မိန်းမကအဆင်ပြေအောင်
စကားပြန်လုပ်ပေးပါတယ်။
သမီးလေးပြည့်ချစ်ရတဲ့ဖခင်ကောင်းရဲ့ဂုဏ်ယူဖွယ်အရည်အသွေးများထဲမှတချို့
24/05/2024
မနေ့ကလုပ်ပေးထားတဲ့slide door လေးပါရှင်။
လက်ရာသေသပ်မယ်ပစ္စည်းအမှန်သုံးမယ်စေတနာပါတဲ့သူနဲ့လက်တွဲခြင်သူများလှမ်းလာခဲ့ပါရှင်။
09788613234/09458966770
Construction
#ဆောက်လုပ်ရေးနှင့်အိမ်အတွင်းပိုင်းအလှဆင်ခြင်း
17/04/2024
17/04/2024