Inntakaw People's Defence Force -IPDF
We Need Federal Democracy
ကမ်ပိန်းပိတ်သိမ်းဖို့ ၃ ရက်သာလိုတော့ တဲ့အချိန်မှာ
၃၀% ကျော်ကျော်သာ ရရှိသေးတာ ဖြစ်ပါတယ် ။
ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ မြေပြင်မှာ တောက်လျောက် တော်လှန်ရေး အောင်မြင်ဖို့
ရဲဘော်တွေ အိမ်ပြန်လမ်းအတွက် စဉ်ဆက်မပြတ် ကြိုးစား နေတဲ့ အဖွဲ့ဆိုတာ အားလုံးလဲသိကြပါတယ် ။
ဒီတစ်ကြိမ် တော့ အားလုံးဝိုင်းဝန်း ကူညီပေးစေချင်ပါတယ် ခင်ဗျာ ။
၅၀% လောက် တော့ ပြည့်ဖို့ ကူညီကြပါဦးခင်ဗျာ။
အိမ်ပြန်လမ်းကို မောင်းပြန်လေးနဲ့ ဖေါက်ချင်ပါတယ်။
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
တိုက်ပွဲသတင်း ထုတ်ပြန်ချက်။ ။
KNLA ဦးဆောင်မှု့ဖြင့် မိမိတို့ အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သည် တိကျသော ဖရဲသီးသတင်းပေးချက်အရ ခမရ ၂၀၇ အရှေ့ ကျောက်မိုင်းတွင်
တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ တပ်သားများ ရှိရာနေရာသို့
၅.၁၂.၂၀၂၄ နံနက် ၈:၄၅ အချိန်တွင် Fixed Wing ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ
သတ်မှတ်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရှိရပါသည်။
အကြမ်းဖက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့ သော်လည်း မိမိတို့အင်းတကော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ထီပေါက်စဉ်လေးပါဗျာ။
ကျွန်တော်တို့ IPDF မှာ ထိုးထားကြသော မိတ်ဆွေများအနေနဲ့ ထီများ တိုက်လို့ရပါပြီဗျာ။
12 လပိုင်းအတွက် ထီများကိုလည်း page messenger မှတဆင့် လာရောက် ကံစမ်းလို့ရပါပြီဗျ။
ဒီလ 10 ရက်နေ့မှာ ပိတ်သိမ်းဖို့ ကြေငြာထားတဲ့ ကျွန်တော်တို့
တပ်ဖွဲ့ရဲ့ ကမ်ပိန်းလေးဟာ
ဒီရက်ပိုင်း ပါဝင်ကူညီတဲ့ သူမရှိသလောက်နည်းပါးလာတဲ့ အခြေအနေပါ။
ကျွန်တော်တို့မှာ ကျွန်တော်တို့ တွေပဲ ရှိတာမို့လို့
အနည်းဆုံး RCS လေးနဲ့ပဲဖြစ်ဖြစ် ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်။
အားလုံးဝိုင်းကူကြရင် 50% လောက်တော့ ပြည့်မယ်လို့ မျှော်လင့်ပါရစေဗျာ။
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ကံစမ်းရင်းထောက်ပို့ ထောက်ပို့ရင်းကံစမ်းရမဲ့ ကံထူးရှင်ရွေးချယ်ပွဲ💪💪
ပထမဆု ကျပ်သိန်း(၅၀၀) ကံထူးရှင်ဖြစ်မယ့်နေ့မှာ
ကံထူးရှင်က ဘယ်ဒေသက ဘယ်သူဖြစ်မလဲ…?
ထောက်ပို့ထီမှာ ထောက်ပို့ရင်းကံစမ်း
ကံစမ်းရင်းထောက်ပို့ထားကြတဲ့ ထောက်ပို့မိသားစုတွေအားလုံး
ရင်ခုန်ရမယ့်နေ့ကို ရောက်ရှိလို့လာပါပြီ..
လစဉ်လတိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့အတိုင်း (၁၁)ကြိမ်မြောက်
ကိုလည်း ယနေ့ ဒီဇင်ဘာလ(၂)ရက်နေ့ ၊မြန်မာစံတော်ချိန်
ည(၇)နာရီမှာ ဖွင့်လှစ်ပေးမှာမို့ ထီဖွင့်ပွဲ Live ကို
စောင့်ကြည့်ရင်း အတူတူရင်ခုန်ကြရအောင်….
ထောက်ပို့ထီရဲ့ ထောက်ပို့မိသားစုတွေအားလုံး
ပထမဆုကို ဆွတ်ခူးနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်…
#ထောက်ပို့ထီ
#ဖက်ဒရယ်ခေတ်ဆီမျှော်မှန်းရည်တွဲလက်ညီညီထောက်ပို့ထီ
#သိန်း၅၀၀
အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လစဥ်ထောက်ပို့ရဲဘော်များ၏ နိုဝင်္ဘါလနောက်ဆုံးပတ် ရိက္ခာဖိုး ထောက်ပို့ငွေ မှတ်တမ်းများဖြစ်ပါသည်။
လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)။
အသိပေး ကြေငြာခြင်း
ရက်စွဲ။ ။ 1.12.2024
အကြောင်းအရာ ။ ။ ဂုဏ်ပြုမှတ်တမ်းလွှာပြောင်းလဲ
အသုံးပြုခြင်း
အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ကျွန်တော်တို့ အင်းတကော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၌ ယခင်အသုံးပြုခဲ့သော ဂုဏ်ပြုမှတ်တမ်း ပုံစံ အဟောင်း အစား အောက်ဖေါ်ပြပါ ပုံစံအသစ်ကို 1.12.2024 ရက်နေ့မှစတင်၍
တရားဝင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း နှင့်
အောက်ဖေါ်ပြပါ ဂုဏ်ပြုမှတ်တမ်း ပုံစံအဟောင်းအား 1.12.2024 နေ့မှစတင်၍ လုံးဝ (လုံးဝ) အသုံးပြုတော့မည် မဟုတ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
တာဝန်ခံ
အင်းတကော်ပြည်သူ့ကွယ်ရေးတပ်ဖွဲ့
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအမှုအတွက် ICC တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး IIMM အကြီးအကဲက ကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရိုဟင်ဂျာများကို နိုင်ငံတွင်းမှနှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်ု အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ်က လျှောက် ထား လိုက်ပြီဖြစ်ရာ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေဖြင့် ICC တရားရုံးနှင့် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင် ထုတ်ပြန် ကြေညာသည်။
ICC ၏ တရားလိုရှေ့နေက စုံစမ်းစစ်ဆေးရာတွင် များစွာသော အထောက် အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များကို တရားလိုရှေ့နေ၏ ရုံးထံ မျှဝေပေးခြင်းဖြင့် IIMM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကြုံတွေ့ခံစားခဲ့ရသူများစွာကို တွေ့ဆုံမေးမြန်းရာတွင်လည်း IIMM နှင့် ICC တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ICC တရားသူကြီးများက တရားလိုရှေ့နေ၏ တင်သွင်းချက်နှင့် အထောက်အထားကို ဆန်းစစ်သုံးသပ်ပြီး ဖမ်းဝရမ်း ထုတ်၊ မထုတ် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးရှိသူကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းသည် ဥပဒေ၏အထက်တွင် မည်သူမျှရှိမနေကြောင်း ပြစ်မှုကျူးလွန်သူများထံသို့ သတင်းစကားပါးလိုက်ခြင်း ဖြစ်ကြောင်း IIMM အကြီး အကဲက ဆိုသည်။
ယခုတောင်းဆိုမှုသည် ဖမ်းဝရမ်းအတွက် ပထမဆုံးတောင်းဆိုမှုဖြစ်ပြီး “နောက်ထပ်လည်း ရှိလာဦးမည်” ဟု တရားလိုရှေ့နေ၏ရုံးက ဖော်ပြနေကြောင်း၊ ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် IIMM ယန္တရားက ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ IIMM ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံကာ အချက်အလက်များ မျှဝေပေးပြီး ၎င်းတို့၏ အချက်အလက်များကို ICC ထံသို့ တဆင့်မျှဝေခွင့်ပြုပေးသည့် ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် အခြားသက်သေများကို IIMM က အမှတ်ရ ဂုဏ်ပြုကြောင်း၊ အဆုံးတိုင်တရားမျှတမှုရရှိရေးအတွက် ၎င်းတို့၏ အတွေ့အကြုံများက အခရာအကျဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရာထောင်ချီသည့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းအကြပ် ပြေးဝင်ခိုလှုံရစေသည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများကို ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တရားလိုရှေ့နေက ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာ တရားရုံးများရှိ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ကူညီပံ့ပိုးရန် IIMM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ IIMM ယန္တရားသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံနေရာအနှံ့တွင် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ အထောက်အထားများကို စုဆောင်းနေကြောင်း၊ ကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်သူများ၏ လူမျိုးစု၊ ဘာသာဝင် သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်များကို မခွဲခြားကြောင်း၊ ယန္တရား၏ လုပ်ပိုင်ခွင့်အရ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်သော ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း IIMM အကြီးအကဲက ထုတ်ပြန်ပြောဆိုထားသည်။
Credit
"ပြည်တော်ဝင်ဖို့ လက်လုပ်မှသည် မောင်းပြန် ဆီသို့"
ကမ်ပိန်းလေးဟာ ပိတ်သိမ်းရက် အင်မတန်
နီးကပ်လာပေမယ့် ဒီနေ့ ၂၇.၁၁.၂၀၂၄ အထိ ကမ်ပိန်း Target ရဲ့ ၃၀% သာရရှိသေးတာဖြစ်ပါတယ်။
၁၀၀% မဟုတ်ရင်တောင် ၅၀% လောက်ပြည့်ဖို့ မျှော်လင့်ချင်ပါတယ် ခင်ဗျာ။
အားလုံးအတူတူ ပူးပေါင်းပါဝင်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုပါတယ် ခင်ဗျာ။
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ချစ်ခင်လေးစားရပါသော အနယ်နယ်အရပ်ရပ်မှ ထောက်ပို့ရဲဘော်များခင်ဗျာ....
ကျနော်တို့ အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဂန်းကမ်ပိန်းပြုလုပ်နေသည့်ကာလအတွင်း တချို့လစဥ်ရိက္ခာဖိုးထောက်ပို့သည့်ရဲဘော်များပေးပို့လှူဒါန်းသည့် ငွေများအား ဂန်းကမ်ပိန်း၏သတ်မှတ်ပမာဏအမြန်ပြည့်မှီစေရန် ကမ်ပိန်းအတွင်းသို့ထည့်ဝင်ပေးကာ ကမ်ပိန်းမှတ်တမ်းများသာ ထောက်ပို့သူထံပြန်လည်ပေးအပ်ခဲ့ပါသည်။အလှူရှင်များအားလည်း အကျိုးအကြောင်းရှင်းပြခဲ့ပါသည်။
ကမ်ပိန်းအတွက်ထည့်ဝင်သည့်အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းများအား ပေ့ချ်၌ လစဥ်အလှူရှင်မှတ်တမ်းများကဲ့သို့ တသီးတသန့်ထုတ်ပြန်ကြေငြာပေးခြင်းမရှိခဲ့ပါ။
ထောက်ပို့အဖွဲ့များနှင့် တင်ပြစေလိုသူအလှူရှင်မှ တင်ပြစေမှသာလျှင် ဂန်းကမ်ပိန်းအလှူရှင်အဖြစ် ပေ့ချ် ၌ တင်ပြပေးခဲ့ပါသည်။
တချို့သော လစဥ်အလှူရှင်များ ပေ့ချ်တွင် ယခင်ကဲ့သို့ မဖော်ပြရခြင်းအပေါ် နားလည်ပေးကြစေချင်ပါသည်ခင်ဗျာ။
ပေးပို့သည့်ငွေပမာဏနှင့်ဂုဏ်ပြုမှတ်တမ်းများအား အချိန်နှင့်တပြေးညီ ထောက်ပို့ပေးသူများထံသို့ တယောက်မကျန်ပြန်လည်ပေးအပ်ခဲ့ပါသည်ခင်ဗျာ။
စိတ်ရှင်းရှင်းနှင့်ဆက်လက်ပါဝင်နိုင်ကြပါရန် ရှင်းလင်းတင်ပြအပ်ပါသည်ခင်ဗျာ။
ထောက်ပို့ရဲဘော် တစ်ဦးချင်း တစ်ဖွဲ့ချင်းစီတိုင်းအပေါ် အစဥ်အမြဲလေးစား အားကိုးနေလျှက်ပါ 🙏🙏🙏 ..
အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ။
10.12.2024 မှာ ပိတ်သိမ်းမယ့် ကျွန်တော်တို့ရဲ့ “ ပြည်တော်ဝင်ဖို့ လက်လုပ်မှသည် မောင်းပြန်ဆီသို့ " ကမ်ပိန်းလေးဟာ ယနေ့ 21.11.2024 မှာတော့ 30% ပြည့်၍ မောင်းပြန်လက်/နက် 3 လက်ဝယ်ယူပြီး တိုက်ပွဲဝင် ရဲဘော်များကို တပ်ဆင်ပေးနိုင်ခဲ့ပါပြီ။
ဆက်လက်ပြီး ကမ်ပိန်းမပိတ်သိမ်းခင်လေးမှာ လာကူပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ဆိုတာ အာဏာရှင်လူတန်းစားကို အရင်အမြစ်ဖြတ်တိုက်ထုတ်နိုင်မှရမှာပါ။ အဲ့လို အမြစ်ဖြတ်နိုင်ဖို့ရာ မောင်းပြန်လက်/နက်များ လိုအပ်ပါတယ်။
တိုက်ပွဲဝင်ရဲဘော်များကို မောင်းပြန်လက်/နက်များ တပ်ဆင်ပေးပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြဖို တိုက်တွန်းပါတယ်ခင်ဗျာ။
တရုတ်-စစ်ကောင်စီပူးပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံရေးအဖွဲ့ စတင်ထူထောင်
▪︎လုံခြုံရေးကုမ္ပဏီခေါင်းစဥ်ဖြင့် တရုတ်လက်
နက်ကိုင်များဝင်ရောက်လာလျင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကျူးကျော်မှုဟု ပြည်သူအချို့
ရှုမြင်
အိမ်သွင်၊ဒီပ /People's Spring
တရုတ်နှင့် စစ်ကောင်စီအကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီတည်ထောင်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်
ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်
တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။
တရုတ်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီ၏ နိုဝင်ဘာ (၈)ရက် ပြန်တမ်းတွင်ထုတ်ပြန်ထားသည်။ကော်မတီ၌ စစ်ကောင်စီပြည်ထဲရေးဒုတိယဝန်ကြီးက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည်။တရုတ်နှင့် စစ်ကောင်စီ ပူးပေါင်း၍ လုံခြုံရေးကုမ္ပဏီတည်ထောင်ရန်စီစဉ်နေသည့်အပေါ် ပြည်သူများက တရုတ်အစိုးရ၏ ပြည်ပကျူးကျော်မှုပင်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်။
"ရင်နာစရာကောင်းလိုက်တဲ့ လုပ်ရပ်တွေကွာ နိုင်ငံကိုကာကွယ်ရမယ့်အဖွဲ့အစည်းက ကိုယ့်နိုင်ငံကို ပေါ်တင်ရောင်းစားနေကြတာ" ဟု ပြည်သူ တစ်ဦးကမှတ်ချက်ပြုသည်။
အခြားပြည်သူတဦးကလည်း "မြန်မာ့ပိုင်နက်မှာမည်သည့်နိုင်ငံခြားတပ်မှအခြေချခွင့်မပြုဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့လုံခြုံရေးကုမ္မဏီအမည်နဲ့တရုတ်စစ်တပ်ဝင်ရောက်လာ မင်းအောင်လှိုင် မြန်မာနိုင်ငံကိုတရုတ်လက်ထဲ ထိုးအပ်ဖို့အထိကြိုးစားလာ" ဟု မှတ်ချက်ပြုသည်။
၎င်းပြောသည့် ဥပဒေ ဆိုသည်မှာ စစ်တပ်က ရေးဆွဲပြဌာန်းခဲ့ပြီး အသက်ဝင်နေဆဲ ရှိသည်ဟုဆိုသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုခြင်းဖြစ်သည်။အာဏာသိမ်းခေါင်းဆောင်သည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်းတရုတ်နိုင်ငံကူမင်းမြို့သို့ နိုဝင်ဘာလဆန်းတွင်သွားရောက်ခဲ့ပြီး မဲခေါင်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ပြီး ထိုခရီးစဥ်မှာတရုတ်က စစ်အုပ်စုဘက်ရပ်တည်ကြောင်းတရာဝင်ပြသမှုဟု နိုင်ငံရေးလေ့လာသူများကသုံးသပ်ကြသည်။တရုတ်အစိုးရ၏ ထောက်ခံမှုရအောင် အာဏာသိမ်းခေါင်းဆောင်က ၎င်း၏သဘောဖြင့် မည်သည့်အရာများပေးခဲ့သည်ကိုလည်း ပြည်သူများက စိတ်ဝင်တစားစောင့်ကြည့်နေခြင်းဖြစ်သည်။
"ဒါဟာတရုတ်ကပြည်ပကျူးကျော်စစ်လို့ပြောလို့ရတယ်။ဒါကလုံးဝလက်ခံလို့မရဘူး" ဟု ပြည်သူတစ်ဦးကလည်း တရုတ်က လုံခြုံရေးကုမ္ပဏီခေါင်းစဥ်ဖြင့် လက်နက်ကိုင်တပ်များ ကို မြန်
မာနိုင်ငံသို့ ဝင်ရောက်လာမည့်အပေါ် ပြည်သူတစ်ဦးကပြတ်သားစွာပြောသည်။
စစ်ကောင်စီ၏ ပြန်တမ်းတွင်ဖော်ပြချက်အရ တရုတ်အစိုးရ နှင့် စစ်ကောင်စီကြား အကျိုးတူလုံခြုံရေး ကုမ္ပဏီ ထူထောင်ရန် တရုတ်အစိုးရက အဆိုပြုသည်ဟုဆိုသည်။ထိုကုမ္ပဏီထူထောင်ရန် နာလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်လုပ်ငန်းကော်မတီကိုလည်း စစ်ကောင်စီက ၂၀၂၄ အောက်တိုဘာ ၂၂ ရက် ရက်စွဲပါ စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ရေးထိုးသောအမိန့်စာ၌ ပါရှိသည်။
လုပ်ငန်းကော်မတီက နိုင်ငံတော်အချုပ်အခြာအာ
ဏာကိုထိပါးခြင်းရှိ၊မရှိ စီစစ်ရန် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှုရှိ မရှိစိစစ်ရန် ၊ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍထိခိုက်မှုမရှိစေရေး စသဖြင့် အချက် ၁၂ ချက် ကိုစိစစ်မည်ဟုဆိုသည်။
ထူးခြားချက်မှာ အချက် ၁၂ ချက်ထဲတွင် "ပြည်ပမှတင်သွင်းလာမည့် လက်နက်များ ၊ အထူးကရိယာတန်ဆာပလာများ( ဆက်သွယ်ရေးစက်များအပါအဝင် အခြားကြီးကြပ် ကန့်သတ်ပစ္စည်းများ) နှင့် စပ်လျဥ်း၍ မည်ကဲ့သို့တင်သွင်းခွင့်ပြုမည်၊ မည်ကဲ့သို့ထိန်းချုပ် သုံးစွဲစေမည် ဆိုသည့်အချက် ဖြည့်စွက်ရန် လို၊မလို စိစစ်ခြင်း" ဆိုသောအချက်ပါဝင်သည်။
ထိုကြောင့် လုံခြုံရေးကုမ္ပဏီခေါင်းစဥ်ဖြင့် တရုတ် လုံခြုံရေးဝန်ထမ်းဆိုသူများမှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ လက်နက် ကရိယာများကိုပါယူဆောင်လာမည်ဆိုသော အဓိပ္ပါယ်ဖြစ်နေသည်ကိုတွေ့ရသည်။
အဆိုပါလုံခြုံရေးကုမ္ပဏီထူထောင်ပြီးပါက ရုံးဖွင့်လှစ်ရန် ကနဦးတွင် ရွှေသံလွင်ကုမ္ပဏီ၏ Sky Net ရုံးဝန်းအတွင်း ဖွင့်လှစ်ရန်ကနဦး စီစဥ်နေကြောင်းလည်း သတင်းရင်းမြစ် ၂ ဦးကပြောသည်။သို့သော် အဆိုပါ အချက်အလက်ကို People's Spring ကသီးခြားအတည်မပြုနိုင်သေးပါ ။
ယခုအခါ တရုတ်-စစ်ကောင်စီ အကျိုးတူလုံခြုံရေးကုမ္ပဏီ ထူထောင်မှု၏ပထမဆုံးခြေလှမ်းအဖြစ်ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများ နှင့် တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးဟုခေါင်း စဥ်တပ်ကာ ကျောက်
ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဟု သတင်းရင်းမြစ်အချို့ကပြောသည်။ထိုအပြင် ကျောက်ဖြူမြို့နယ်သည် မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်း၏ အဓိက စက်ရုံနှင့် ပိုက်လိုင်းများဖြတ်သန်းရာဒေသလည်းဖြစ်သည်။
ထိုအဖွဲ့ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး၊ မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်းကိုစီမံခန့်ခွဲလုပ်ကိုင်နေသည့် တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးဗိုလ်ချုပ်ကျော်ရွှေထွန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကမှ တာဝန် ပေးအပ်ခံရခြင်းဖြစ်
သည်။
" ဗိုလ်ချုပ်ကျော်ရွှေထွန်းဦ ဆောင်ပြီး နေပြည်
တော်မှာ လက်မှတ်ထိုးသွားတယ်လို့ ကြားတယ်။ကျောက်ဖြူမှာတော့ စစ်ရေးက အခုက အေးဆေးပါပဲ" ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် မြန်မာအစိုးရ အကောင်
အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အထိနာနေစဉ် စစ်ကောင်စီက အဆိုပါစီမံကိန်းနှစ်ခု၏နောက်
ဆက်တွဲစာချုပ်ကိုပါ လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့၌ အာရက္ခတပ်တော်(AA)၏ စစ်ရေးလှုပ်ရှားမှုမရှိသေးဘဲ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်မှ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများလုံခြုံရေးဟုခေါင်း
စဥ်တပ်ကာအဆိုပါအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် AA၏ မြို့သိမ်းတိုက်ပွဲထိုးစစ်
ဖြင့်ကျောက်ဖြူမြို့နှင့် တရုတ်စီမံကိန်းများကိုသိမ်းပိုက်ခံရမည်ကို စိုးရိမ်သောကြောင့် တရုတ်လုံခြုံရေးအဖွဲ့၏ အကာအကွယ်ကို ယူရန်ကြိုးစားခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူအချို့ကပြော သည်။
AAက နိုဝင်ဘာလ ၁၃ရက်က ထုတ်ပြန်သည့် ရခိုင်ပြည်နယ် စစ်ပွဲ ၁နှစ်ပြည့် သတင်းထုတ်ပြန်မှု၌ အမ်း၊ တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို သိမ်းပိုက်လုနီးပါးအထိ စစ်ရေးအသာစီးရနေပြီဟု ဖော်ပြထား
သည်။ ကျောက်ဖြူမြို့နယ်နှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသော်လည်း ရခိုင်တပြည်နယ်လုံးရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို သိမ်းပိုက်မည်ဟု ကြေညာထားသည်။ ထို့အပြင် AAအနေဖြင့် တရုတ်အစိုးရအပြင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို အလေးထားကြောင်းနှင့် အကာအကွယ်ပေးသွားမည်ဟု တရားဝင် ထုတ်ဖော်ပြောကြားထားသည်။
လက်ရှိတွင် ကျောက်ဖြူမြို့၌ စစ်ရေးလှုပ်ရှားမှု
မရှိသေးသော်လည်း ပုဂ္ဂလိကဘဏ်များဖြစ်သည့် KBZဘဏ်၊CBဘဏ်၊ ရိုးမဘဏ်နှင့်ကမ္ဘာ့ရတနာဘဏ်များသည် ပြီးခဲ့သည့်နိုဝင်ဘာ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး ဝန်ထမ်းအချို့ကိုလည်း လျော်ကြေးပေး၍နှုတ်ထွက်စေခဲ့ကြောင်း ကျောက်ဖြူ မြန်မာ့စီးပွား ရေးဘဏ်နှင့် နီးစပ်သူတစ်ဦးကပြော
သည်။ထိုအပြင် တရုတ်စီမံကိန်းများမှ တရုတ်နိုင်ငံသားဝန်ထမ်းများလည်း နိုဝင်ဘာလတွင် စတင်ရွေ့ပြောင်းနေကြောင်း သတင်းထွက်ပေါ်နေသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး ၊၄ မြို့နယ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေကာ ၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုသေးသောမြို့များမှာ ကျောက်ဖြူ ၊စစ်တွေ နှင့် မန်အောင် မြို့နယ်တို့သာကျန်ရှိတော့သည်။
(ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ
ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ မြန်မာ-တရုတ်ရေနံပိုက်လိုင်း စီမံကိန်း နေရာအချို့ကိုတွေ့ရစဥ်။
ဓါတ်ပုံ-ဆင်ဟွာ )
Crd 's Spring
အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လစဥ်ထောက်ပို့ရဲဘော်များ၏ နိုဝင်္ဘါလအတွင်းရရှိသော ရိက္ခာဖိုး ထောက်ပို့ငွေ မှတ်တမ်းများဖြစ်ပါသည်။
လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)။
"ပြည်တော်ဝင်ဖို့ လက်လုပ်မှသည် မောင်းပြန်ဆီသို့" ကမ်ပိန်းအတွက် ဦးကျော်သက်လင်း (ခ) ဦးလေးသက်ထံမှ လက်ခံရရှိထားသော အလှူငွေ သိန်း ၃၀ ကျပ်တိတိအတွက် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
ယနေ့မှ တင်ပြရသည့်အတွက်လည်း တော်လှန်ပြည်သူအပေါင်းအား တောင်းပန်အပ်ပါသည် ခင်ဗျာ 🙏🙏🙏
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
တန်ဆောင်မုန်းလပြည့်ည ပျော်ပွဲရွှင်ပွဲတွေနဲ့ ငါတို့မသေဘူးလို့ထင်နေကြမှာစိုးလို့ပါ..
တလရ ပွဲမပြီးမချင်း နိုင်ငံသားတိုင်း အသိ သတိရှိကြပါစေ။
အခါကြီးရက်ကြီး မို့ မေတ္တာစိတ်နဲ့အသိပေးရခြင်းပါ။
တရားအသိနဲ့ပဲကြည့်ကြည့် ကိုယ်ချင်းစာစိတ်နဲ့ပဲကြည့်ကြည့် လူတွေသေနေကြတယ်.
ခင်များတို့ပျော်နေတဲ့တိုင်းပြည်ထဲမှာပါ။
လွတ်လပ်စွာ ပျော်ရွှင်ရတဲ့ဘဝတွေအမြန်ဆုံးရောက်ရှိစေချင်မိပါတယ်😔
crd #
ဒီနေ့ နိုင်ဝင်ဘာလ ၁၅ ရက် ညနေ ၄ နာရီမှာ
မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောမှာ ကျေးဇူးတော်ချီးမွမ်းပွဲတော် (Thanksgiving day) အတွက်ပြင်ဆင်နေတဲ့ ဘုရားကျောင်းဝင်းထဲ စကစ လေယဉ်ဗုံးကြဲလို့ ကလေးသူငယ် အပါအဝင် ၈ ယောက် အသက်ဆုံးရှုံးရပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီ ကျောင်းဝင်းထဲမှာ စစ်ဘေးရှောင်ပြည်သူများ ခိုလုံနေတဲ့နေရာလဲ ဖြစ်ပါတယ်။
crd # Dr Tu Hkawng.
ကမ်ပိန်း ပိတ်သိမ်းဖို့ ရက်နီးလာလေလေ
Page ရဲ့ CB က ခြောက်ကပ်လာလေပါပဲခင်ဗျာ။
တန်ဆောင်တိုင် ပံ့သကူလေးပစ်ချင်ရင် CB ကနေ လာပစ်လို့ ရပါပြီနော်။
သဘောကောင်းတဲ့ရဲဘော် လေးတွေ CB မှာ အပြုံးချိုချိုနဲ့ စောင့်မျှော်နေပါတယ် ခင်ဗျ။
#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အသားဟင်းနှင့် ထမင်းတစ်ရက်စာလှူဒါန်းပေးပါသော မွေးနေ့ရှင် Ma Thuzar Myint အား တပ်ဖွဲ့ဝင် ရဲဘော်များမှ ကျေးဇူးတင်ရှိကြောင်းနှင့် ယခု မွေးနေ့မှစ၍ သက်ရှည်ကျန်းမာစွာဖြင့် တော်လှန်ရေးအောင်ပွဲတိုင် အရောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ…
မွေးနေ့မှာပျော်ရွှင်ပါစေ 🫡🫡🫡
"ပြည်တော်ဝင်ဖို့ လက်လုပ်မှသည် မောင်းပြန်ဆီသို့"
ကမ်ပိန်း ပိတ်သိမ်းမည့် ရက်ကြေငြာခြင်း ။
ကမ်ပိန်းလေးပြုလုပ်လာတာ ဒီနေ့ ဆိုရင် (၆၆ ) ရက် အထိရောက်ရှိလာပြီဖြစ်ပါတယ်။
အခုဆိုရင်
ကမ်ပိန်း Target ရဲ့ (၂၅%) သာ ရရှိသေးတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
မြေပြင် အခြေအနေ များကြောင့်
ကမ်ပိန်း ပြုလုပ်တဲ့ ရက်ကို 10.12.2024 ရက်နေ့မှာ ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ အင်းတကော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ ပြည်တော်ဝင်နိုင်ဖို့
ရဲဘော်တွေ အတူတကွ တိုက်ပွဲဝင်နိုင်ဖို့
စိတ်ခွန်အား ရရှိစေဖို့ ကျွန်တော်တို့ရဲ့ ကမ်ပိန်းလေးကို ဒီတကြိမ် အားလုံးပူးပေါင်းပါဝင်ပြီး
ဝန်ရံပေးကြဖို့ ကူညီပေးကြဖို့ မေတ္တာ ရပ်ခံပါတယ် ခင်ဗျာ။