𝐁𝐫𝐨𝐤𝐞𝐧 𝐇𝐞𝐚𝐫𝐭𝐬 𝐂𝐥𝐮𝐛
Loading...
“Close the window that hurts you no matter how beautiful the view is.”
“We used to be excited about growing up. Look at us now, broken, lonely, and tired of this world.”
လူဆိုတာကလည်း အောက်ကိုပြုတ်ကျနေတဲ့ သက်ရှိတွေပဲတဲ့။
"အူဝဲ" ဆိုပြီး အော်ပြီးမွေးလာထဲက ကျွန်တော်တို့ စတင်ပြုတ်ကျကြတယ်။
တချို့ကလည်း အောက်ခြေနဲ့ စောစောထိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြတယ်။
တချို့ကလည်း စမွေးထဲက ပြုတ်ကျနေတဲ့ဘဝမှာ အဓိပ္ပာယ်ရှိတာတွေ ရှာမတွေ့သွားဘူး။ သိပ်အများကြီးလည်းမစဉ်းစားသွားဘူး။ ဒီလိုလေးပဲ ပြုတ်ကျသွားခဲ့ကြတယ်။
ဒီလိုနဲ့ .............
ကိုယ်စီ ပြုတ်ကျနေကြရင်း
တယောက်နဲ့ တယောက် တွေ့ဆုံကြတယ်။
အရမ်းချစ်ကြတယ်။
ကိုယ့်ရဲ့ဘေးနားမှာ ထားချင်ကြတယ်။
မနက်ခင်းတိုင်းကို တူတူနိုးထချင်ကြတယ်။
သူငယ်ချင်းဆိုလည်း ခင်မင်လွန်းတော့ နေ့တိုင်းတွေ့ဆုံချင်ကြတယ်။
မိဘအရိပ်ကလည်း အေးမြလွန်းတော့ မိသားစုလိုက် တသက်လုံး စုစုစည်းစည်းပြုတ်ကျကြတဲ့လူတွေလည်းရှိကြတယ်။
ဒါပေမယ့်
ဘဝဆိုတာ တကယ်ကို မျက်စိတမှိတ်ပါပဲ။
ပြုတ်ကျနေရင်း လေကြောင်းမသင့်လို့
ကွဲကွာသွားလည်း ကျွန်တော်တို့ လူသားတွေ တတ်နိုင်တာသိပ်မရှိပါဘူး။
ကျွန်တော်တို့ တတ်နိုင်တာကတော့
"ဘဝ ဆိုတာ ဒီလိုပါပဲ" လို့ လက်ခံလိုက်ဖို့ပါပဲ။
ခင်ဗျားတို့ သိလား။
"တွေ့ဆုံ ကြုံကြိုက် ညားကွဲ"
"ဘဝဆိုတာ တကယ် ဒီလိုပါပဲ"
တကယ်တော့...
ဘဝဆိုတာ
"တွေ့ဆုံ ကြုံကြိုက် ညားကွဲ"
သံသရာစက်ဝန်းငယ်ပါပဲ။
အသည်းကွဲဖူးကြလား ❓
💯 ကွဲဖူးကြတာပေါ့။ 💯
လူမှန်ရင်အသည်းကွဲဖူးကြမှာပါ။
ကဲ...ဒါဆို အသည်းကွဲတယ်ဆိုတာဘာလဲ ❓
ရိုးရိုးရှင်းရှင်းပြောရရင်
💭ကိုယ်အနားမှာ ရှိစေချင်တဲ့
လူတယောက်
မရှိတဲ့အခါမှာ
ကျွန်တော်တို့ လူသားတွေ
အသည်းကွဲကြပါတယ်💭
🎼ကိုဒိုးလုံးပြောသလို
“အားလုံးမေ့လို့ရရင်
ကမ္ဘာဟာပျော်စရာကြီးဖြစ်မှာပဲ"
ဒါပေမယ့် လူသားတွေဟာ မေ့ချင်တာတွေ အားလုံးမမေ့လိုက်နိုင်တာကလည်း အမှန်တရားပဲမဟုတ်လား။ 😅
💔အဝေးကိုရောက်သွားသော
သားသမီးတွေကိုမေ့မရဘူး💔
💔နွေးထွေးတဲ့ မိဘရဲ့
ထမင်းလက်ဆုံစားပွဲကို မေ့မရဘူး💔
💔လက်ဖက်ရည်ဆိုင်တွေရောက်ရင်
အတူထိုင်နေကျ သူငယ်ချင်းတွေကို
မေ့လို့မလွယ်ဘူး💔
💔ကျကွဲသွားတဲ့ အိမ်ထောင်ရေးတွေ💔
💔ပြတ်စဲသွားတဲ့ ချစ်သူရည်းစား
အမှတ်တရတွေကို မေ့လို့မရဘူး💔
💔ဘဝတက်လမ်းတွေကြောင့်
နိုင်ငံတွေဝေးပြီး ကွဲကွာနေတဲ့ ညီအကိုတွေ၊
မောင်နှမတွေ💔
💔ဆုတ်ခေတ်မှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်နေရတဲ့ လူသားတွေဟာ အသည်းကွဲနည်းပေါင်းစုံနဲ့ အသည်းကွဲလျက်ရှိနေကြတယ်။
ပြိုလဲနေကြတယ်။
အသက်မပါပဲ အသက်ရှင်နေကြတယ်။ 💔
“Broken Heart Club” ကတော့ ခင်ဗျားတို့ရဲ့ အသည်းကွဲခြင်းပေါင်းစုံကို ဖွင့်ထုတ်ပစ်ဖို့၊သူများရဲ့စိတ်ဒဏ်ရာကို ကိုယ်ချင်းစာပေးဖို့၊
လူသားချင်းအပြန်အလှန် နှစ်သိမ့်အားပေးဖို့
အသည်းကွဲဒဏ်ရာတွေကို ကုစားပေးဖို့
ကန္တရ 🏜️လို ပူပြင်းတဲ့ဘဝမှာ
ခေတ္တနားခိုရာ "အိုအေစစ်" 🏝️လေးဖြစ်ဖို့ ရည်ရွယ်ပါတယ်။
ခင်ဗျား ပင်ပန်းနေကြပြီ မဟုတ်လား.....................................................................................................................................................
ခင်ဗျား တယောက်ထဲမဟုတ်ပါဘူး။ ........................................................................................................................................
ကျွန်တော်တို့လည်း
ခင်ဗျားလိုမျိုး
ဒဏ်ရာကိုယ်စီနဲ့
အသည်းကွဲနေကြပါတယ်....။
"Broken heart club" က အသည်းကွဲရင် ရင်ဖွင့်သမျှကို နားထောင်ပေးတတ်၊ အပြန်အလှန် နှစ်သိမ့်ကြလေ့တတ်တဲ့ သူငယ်ချင်းတစု ရဲ့ ငယ်ဘဝ အိမ်မက်တခုပေါ့။
ကျွန်တော်တို့ သူငယ်ချင်းတွေ ယုံကြည်တာကတော့ လူငယ်၊လူကြီး အသက်အရွယ်၃ပါးမရွေး
ပြဿနာတွေ သိမ်းဆည်းထားလွန်းရင်
ပေါက်ကွဲထွက်တတ်တယ်။
အဲ့အတွက် ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖွင့်ပြောခြင်း၊ ရင်ဖွင့်ခြင်းက ပြဿနာဖြေရှင်းနည်းရဲ့ ပထမအဆင့်ပဲလို့ ကျွန်တော်တို့ သူငယ်ချင်းတွေယုံကြည်ကြပါတယ်။
အဲ့အတွက် ကျွန်တော်တို့ဟာ တို့ ရင်ဖွင့်ကြ၊ နားထောင်ကြနဲ့ လောကဓံတရားကို ပျော်ပျော်ပါးပါး ရင်ဆိုင်ကြပါတယ်။
အသည်းကွဲရင် ....ရင်ဖွင့်ပါ။
ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ကိုယ်ချင်းစာစိတ်အပြည်နဲ့ နားထောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ပြဿနာတွေကိုဖွင့်ထုတ်ပြီး ပေါ့ပါးလန်းဆန်းတဲ့ ရပ်ဝန်းလေးဖြစ်ဖို့က "Broken Heart Club" ရဲ့ ရည်ရွယ်ချက်ပါပဲ။
ဒီဘဒ္ဒကမ္ဘာပေါ်က လူသားများ ပြဿနာတွေက်ို ဖွင့်ထုတ်ပြီး စိတ် ပေါ့ပါးလန်းဆန်းကြပါစေသား။