Wah' Fairy production From Naypyidaw

Wah' Fairy production From Naypyidaw

pyaw pyaw nay pyaw pyaw shar pyaw pyaw pay Pyaw thone��������������
my's Update I love u Myat Lin Phyo����

19/07/2022

#အဆိပ်ထုတ်ကာလ(ခေါ်) အကြောင်း

Skin Care အသစ် စသုံးကြည့်လိုက်တယ်။
မျက်နှာမှာ အဆီဖု​တွေ(whiteheads/blackheads) ၀က်ခြံ​တွေ #ကန်ထွက်လာလို့
ဆက်မသုံးဖြစ်​တော့တာ​တွေ ရှိမှာပါ​နော်။
ကိုယ်​စျေးကြီး​ပေးဝယ်ထားရတဲ့ ပစ္စည်း​တွေဆို
အရမ်းကိုနှ​​မြောကြတာပါပဲ​။
အဲ့မှာ တစ်ခု သတိချပ်စရာက Skin Purging ဆိုတဲ့
အ​​ခြေအ​နေ​လေး ရှိပါတယ်။

ပထမဆုံး ပစ္စည်းသစ် စသုံးလိုက်တယ်။
အဲ့ပစ္စည်းမှာ ပါတဲ့ Active Ingredient တစ်ခုခု (especially retinoids, vitamim C, glycolic acid, salicylic acid) သည်
အ​ရေပြားပေါ်က cell ​တွေရဲ့ cell cycle ​​ခေါ်တဲ့
ဇီ၀ရုပ်ဖြစ်စဥ် မြန်​စေပါတယ်။
Cell အ​ဟောင်းအသစ်ဖြစ်တဲ့ Rate
မြန်လာတယ်​ပေါ့​နော်။
( )

Turn Over Rate မြန်လာတာနဲ့ အမျှ
​တွေ ​ကြွေ​တာ ပိုမြန်လာပါတယ်။ ကျန်းမာတဲ့ Cell ​လေး​တွေ မျက်နှာ​ပေါ် မ​ရောက်ခင်
အရင်ရှိ​နေတဲ့ အဆီ​တွေ
အ​ရေပြားလန်တဲ့အဖတ်လေး​တွေဟာ
စု​ပေါင်းပြီးတော့ ​ချွေး​ပေါက်ထဲမှာ သွားစုပိတ်ပါ​တော့တယ်။
ဆို​​တော့ကာ(pimple/whiteheads/blackheads)တွေ
စုပြုံပီး ဘုစိဘုစိ​လေး​တွေ ​ပေါက်လာနိုင်ပါတယ်။
အလုံးအ​ရေအတွက် အမျိုးအစားက​တော့
ကိုယ့် Skin အ​နေအထား​တွေနဲ့ ဆိုင်တာ​ပေါ့​နော်။
#ဒီဖြစ်စဥ်ကို အဆီဖု​တွေ ဝက်ခြံ​တွေ ကန်ထွက်ခြင်း
(Skin Purging) လို့​ခေါ်ပါတယ်။

Skin Purging ဖြစ်တယ်ဆိုတာ
Break out ဖြစ်တယ်
Reacting ဖြစ်​နေတယ် ဆိုတာနဲ့ မတူပါဘူး။
က ကိုယ့်မျက်နှာမှာ
အဖု​ပေါက်​နေကျ​နေရာ​တွေမှာ ​ပေါက်လာတတ်ပါတယ်။
(Breakout က​တော့ ​
ပေါက်​နေကျ ​နေရာမဟုတ်တာ​တွေမှာပါ ​
ပေါက်လာပီး ပြူးပြဲ နီရဲ​ရောင်ယမ်း​နေတာမျိုးပါ)
Purging သည် Break out ဖြစ်တာ​လောက်လဲ
ရက်မကြာဘဲ ပြန်​ပျောက်တယ်ပါတယ်

Purging သည် ၄ပတ်က​နေ ၆ပတ်​လောက်ထိ
ကြာတတ်ပါတယ်
အဲ့ထက်လဲ ​စောတာမျိုး ရှိပါတယ်။
(cell cyle သည် 28 days ရှိတာရယ်
လူတိုင်းရဲ့ ်_Uniqueဖြစ်တာမို့
အချိန်က​တော့ Variable ဖြစ်နိုင်ပါတယ်​နော်)။

ဆို​​တော့ Purging ဖြစ်ခြင်းသည်
ပဲ ဖြစ်ပါတယ်။
ို့အတွက်
ဒါ​လေး​တွေ ​ကျော်ဖြတ်ရပါတယ်တဲ့။
Purging ပီးသွားတဲ့အခါ
မျက်နှာက , and
​လေး ရရှိလာမှာ ဖြစ်ပါတယ်

ဝယ်ထားပီး မသုံးဘဲ ပစ်ထားရတဲ့ ပစ္စည်း​တွေ
သုံးဖို့ ​ပြောတာ ဟုတ်ပါဘူး​နော်။
တကယ် မတည့်တာ​တွေ ရှိပီး
ပြန်သုံးလိုက်မှ ​ဆေးရုံ​ဆေးခန်းပြန်ပြ​နေရမှာ စိုးလို့ပါ။
Skin Purging ဆိုတဲ့ ​လေး
ရှိတယ်ဆိုတာ​လေး Sharing လုပ်တာပါ။

စာ​ရှည်သွားတဲ့ အတွက်​တော့ sorry ပါရှင့်။
🙆🏻‍♀️❣

02/07/2022

No.3.6
😂😂😂
မိန်းကလေးတွေရဲ့ စိတ်ကောက်တတ်တဲ့
စတိုင်ဆယ်မျိုးဆိုသည်မှာ….🖤💙

၁။ မာကောက်…

မာကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
တစ်ကိုယ်လုံးက မာမာတောင့်တောင့်ကြီးဖြစ်သွားတာ
ခင်ဗျားအဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး
တင်းထားတာနော်
မာမာတောင့်တောင့်ကြီး လုပ်ထားတာ
သူ့ပုခုံးလေးကို ခင်ဗျားဘက်ယိမ်းအောင်
အသာဆွဲပြီး တွန်းကြည့် မရဘူး တောင့်ထားတာ
အဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့
တစ်ကိုယ်လုံးကို မာတောင့်ထားတတ်တဲ့
ကောင်မလေးတွေကို မာကောက်…

၂။ ဖြတ်ကောက်…

ဖြတ်ကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
ခင်ဗျားနဲ့ ရှိသမျှ အဆက်အသွယ် အကုန်ဖြတ်ပစ်တာ
Facebook မှာ ဘော့မယ်
Viber, Phone ရှိသမျှ အားလုံးဘော့မယ်
ခင်ဗျားကိုတော့ တိုးတိုးလေး စောင့်ကြည့်ချင်
စောင့်ကြည့်နေမှာပေါ့လေ
အဲ့ဒီလို စိတ်ကောက်တာနဲ့ ရှိသမျှ အဆက်အသွယ်
အကုန်ဖြတ်ပြီး ကောက်တတ်တဲ့
ကောင်မလေးတွေကို ဖြတ်ကောက်…

၃။ ငတ်ကောက်…

ငတ်ကောက်ဆိုတာက ဘာလဲဆိုတော့
အစာငတ်ခံဆန္ဒပြသလိုပေါ့
သူတို့ကလည်း ကိုယ့်ချစ်သူကို
အစာငတ်ခံပြီး စိတ်ကောက်တာ
ဘာကျွေးကျွေး လုံးဝမစားဘူး
ရေလည်း မသောက်ဘူး သေးလည်း မပေါက်ဘူး
ခင်ဗျားကွယ်ရာတော့ တီးချင်တီးမယ်
ဒါပေမဲ့ ခင်ဗျားရှေ့တော့ ဘာမှမစားဘူး
အဲ့လို ဘာမှ မစား မသောက်ဘဲ
အငတ်ခံကောက်တတ်တဲ့
ကောင်မလေးတွေကို ငတ်ကောက်…

၄။ ရွဲ့ကောက်…

ရွဲ့ကောက်ဆိုတာက ဘာလဲဆိုတော့
ခင်ဗျားကို စိတ်ကောက်ပြီဆိုတာနဲ့ ရွဲ့ပြတာပေ့ါ
အဲ့အချိန် ခင်ဗျား မကြိုက်တာ အကုန်လုပ်မယ်
ခင်ဗျားက မသွားနဲ့ဆို သွားမယ် မစားနဲ့ဆို စားမယ်
ခင်ဗျားကြည့်မရတဲ့ ကောင်တွေနဲ့
ရွဲ့ပြီး ဟေးလားဝါးလား လုပ်ပြမယ်
အဲ့လိုအချိန် ခင်ဗျားကို ဖုတ်လေတဲ့ ငါးပိ
ရှိလေတယ် လို့တောင် မထင်ဘူး
သူ့ဟာသူ ပျော်ချင်ယောင်ဆောင်ပြီး
ရွဲ့ပြတတ်တဲ့ ကောင်မလေးတွေကို ရွဲ့ကောက်..

၅။ ရစ်ကောက်…

ရစ်ကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
ခင်ဗျားကို ရစ်တော့တာ
မသောက်ဘဲနဲ့ကို ဘလိုင်းကြီး ရစ်တာနော်
ခင်ဗျားရဲ့အတိတ်ကို တူးဆွပြီး ရစ်ရင်ရစ်
ခင်ဗျားဘေးက မိန်းကလေးသူငယ်ချင်းတွေနဲ့
ခင်ဗျားကို သမုတ်ပြီး ရစ်ရင်ရစ်နဲ့
ပြောပြီးသားတွေကိုပဲ ထပ်တလဲလဲ
ချေးခြောက်ရေနှူးပြီး ရစ်တာကို ရစ်ကောက်…

၆။ ဆွံ့ကောက်…

ဆွံ့ကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
ဆွံ့အ နားမကြားတွေလိုပဲ
ခင်ဗျား ဘာပြောပြော ဘာဆိုဆို
ဘာမှကို ပြန်မပြောတော့တာ ပါးစပ်ကြီးတွေပိတ်ပြီး
ပြန်လဲ မပြော နားလဲ မထောင်နဲ့
ဘာဆိုဘာမှ မပြောဘဲ လုပ်ချင်ရာ လုပ်တော့တဲ့
ကောင်မလေးတွေကို ဆွံ့ကောက်…

၇။ ငိုကောက်…

ငိုကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
သနားကမားရုပ်လေးတွေနဲ့ တန်းငိုတော့တာ
ဘေးလူကများ မသိလို့ကြည့်လိုက်ရင်
ခင်ဗျားကပဲ သူ့ကို ရိုက်မိလို့မ
သူ့မှာ ဒူးနဲ့ မျက်ရည် သုတ်နေရတာလိုလို ဘာလိုလို
တအီးအီးနဲ့ အေးရင်ကြူးနေသလိုပဲ
ငိုလို့ကို မပြီးနိုင်တော့ဘူး နှပ်ချေးတွေကို ထွက်လို့
အဲ့လို ငိုငိုပြပြီး စိတ်ကောက်တတ်တဲ့
ကောင်မလေးတွေကို ငိုကောက်…

၈။ ကြမ်းကောက်…

ကြမ်းကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
ဘီလူးဆိုင်းတီးသလိုပဲ ပတ်ကြမ်းတိုက်တော့တာ
အော်မယ် ဟစ်မယ် ထုမယ် ထောင်းမယ်
ရိုက်မယ် နှက်မယ် ဆဲမယ် ဆိုမယ်
တစ်ခါတစ်လေ ပတ်ဝန်းကျင်က
မဆီမဆိုင် ခွေးကိုပါ ပြေးကန်ချင်ကန်တာ
အဲ့လိုအချိန် သူ့အနားမှာရှိတဲ့
သနပ်ခါးတုံးတို့ ငရုတ်ကျည်ပွေ့တို့
ဝေးဝေးသာရွေ့ထား ပြောရတာ မဟုတ်ဘူး
ကောက်ထုချင် ထုမှာလေ
အဲဒီလို ပတ်ကြမ်းတိုက်ပြီး စိတ်ကောက်တတ်တဲ့
ကောင်မလေးတွေကို ကြမ်းကောက်…

၉။ လက်ကောက်…

လက်ကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
ပြန်ချော့ချင်ရင် လက်ဆောင်ဝယ်ပေးမှရတာမျိုး
လက်ဆောင်လေးဝယ်ပြီး ချော့မှ ပျော့တာမျိုးပေါ့
အတယ်ပဲပြောရမလား အဲ့လို ကောင်မလေးတွေကို
ဒါပေမဲ့ တစ်ခုရှိတာက သမီးရည်းစားအချင်းချင်းက
ပြေလည်ရင်တောင် ပတ်ဝန်းကျင်က
အဲ့လိုကောင်မလေးကို ချူတယ် ပိုင်းတယ်လို့
အထင်ရောက်သွားနိုင်တာတော့ ရှိတာပေါ့လေ
အဲ့ဒီလို လက်ဆောင်ဝယ်ပေးပြီး ချော့မှ
အဆင်ပြေတဲ့ ကောင်မလေးတွေကို လက်ကောက်…

၁ဝ။ ဖျားကောက်..

ဖျားကောက်ဆိုတာက ဘာလဲဆိုတော့
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့
ဖျားတော့တာ နေမကောင်းတန်းဖြစ်တော့တာ
ဟိုနားက နာရတာနဲ့ ဒီနားက အောင့်ရတာနဲ့
ကိုက်ရတာနဲ့ ခဲရတာနဲ့
လူမမာရုပ်နဲ့ ပလာစတာလေး နားထင်မှာကပ်လို့
အဟွတ် အဟွတ်နဲ့ ဖြစ်တော့တာ
အဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့
ဖျားတတ်တဲ့ ကောင်မလေးတွေကို ဖျားကောက်..

ဘယ်ထဲမှာတုန်း ပြောခဲ့အုန်း....":))

01/07/2022

"Skincare ခြင်းကြောင့်ဘာတွေပြောင်းလဲလာမလဲ"

Skincare ခြင်းဟာ
အောက်ခံအသားအရေကိုထိန်းသိမ်းပေးလို့

မိတ်ကပ်မလိမ်းခင် (သို့မဟုတ်) အခြားတစ်ခုခုမလိမ်းခင်
အရင်ဆုံး Skincare လုပ်ပြီးမှ
လိမ်းပေးခြင်းအားဖြင့်

မိတ်ကပ်လိမ်းရင်လဲ အသားနဲ့ကပ်ကပ်လေးဖြစ်စေပြီး
သနပ်ခါးလိမ်းရင်လဲ အသားနဲ့ကပ်ကပ်လေးကွာမကျစေပဲ
ဘာလေးပဲလိမ်းလိမ်း မျက်နှာအသားအရေနဲ့
တစ်ထပ်တည်းကျနေပြီး ကြည့်ကောင်းစေတယ်

Skincare ခြင်းကြောင့်
အရွယ်မတိုင်ခင် အိုမင်းခြင်းကိုကာကွယ်ပေးနိုင်
အရေးအကြောင်းများ သက်သာစေပြီး
တင်းတိပ် များဖြစ်ပေါ်တာကိုလဲတားစီးပေးပါတယ်
အသားအရေပြသနာများကိုလဲ ကာကွယ်ပေးပါတယ်

Skincare ခြင်းဟာ
မျက်နှာ ကိုဖြူစင်ကြည်လင်း စေပါတယ်
အသားမဲတယ်ဆိုရင်တောင်
မျက်နှာလေးက ကြည်ဝင်းနေစေပါတယ်

# လုပ်ဖို့မပျင်းပါနဲ့
Crd/

Photos from Wah' Fairy production From Naypyidaw's post 01/07/2022

မျက်နှာပေါ်က တင်းတိပ်ပျောက်စေဖို့

တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားကလာတယ်။ အမဲရောင်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။

ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်းမပြောခင် တင်းတိပ်အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်းအရင်ရှင်းရပါမယ်။melaninဆိုတာ ရောင်ခြယ်ပစ္စည်းတမျိုး။ melanin ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ(epidermis)မှာ ရှိတဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။

တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်းမသိပါ။ နေရောင်ထိတွေ့မှုများလို့ ဖြစ်တာလို့တော့ သိထားတယ်။ အပူပိုင်းဒေသ အသားလတ်သူ၊ ညိုသူ နေရောင်နဲ့ပိုထိတွေ့ရသူတွေမှာ တင်းတိပ်ပိုဖြစ်တယ်။ အထူးသဖြင့် နွေရာသီလိုကာလတွေမှာ တင်းတိပ်က ပိုသိသာလေ့ရှိတယ်။ တခါ oestrogen , progesterone စတဲ့ဟော်မုန်းတွေက ဒီဆဲလ်တွေအပေါ် အကျိုးသက်ရောက်စေတယ်လို့ သိထားတယ်။ အဆိုပါဟော်မုန်းတွေက နေရောင်နဲ့ထိတွေ့တဲ့အခါ မယ်လနင်ကို ပုံမှန်ထက်ပိုထွက်အောင် လှုံ့ဆော်ပေးတယ်။

မျိုးရိုးနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် မိသားစုဝင်ထဲမှာ ဖြစ်ရင်တခြားတယောက်မှာလည်း ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အချိုးချကြည့်ရင် အမျိုးသမီး ၉ယောက်ဖြစ်တိုင်း အမျိုးသားက တယောက်သာ တွေ့မယ်။ သိုင်းရွိုက်ရောဂါအခံရှိသူတွေမှာလည်းဒါမျိုးဖြစ်တာ တွေ့ရတယ်။ အလှအပပစ္စည်း၊ဆေးဝါး ဓာတုပစ္စည်း စတာတွေ ဓာတ်မတဲ့လို့လည်း ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုက MSH ဟော်မုန်းကို ထွက်စေတာကြောင့် ပိုဖြစ်စေတယ်။

တင်းတိပ်အများစုက မျက်နှာမှာ အညိုကွက်တွေ အကွက်လိုက် ပေါက်တာဖြစ်တယ်။ မျက်နှာတင်မက နေရောင်အထိများတဲ့ လည်ပင်း၊လက် စတဲ့နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ အညိုကွက်ရဲ့ ဘေးသားနှုတ်ခမ်းတွေက မညီညာဘူး။ ဘယ်၊ညာနှစ်ဖက်လုံးဖြစ်ကြတယ်။ အကွက်တွေက နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘဲ ဖြည်းဖြည်းချင်းသိသာလာတာဖြစ်တယ်။ တချို့တဖြည်းဖြည်း ပိုများလာတယ်။ အကြည့်ရဆိုးလာတယ်။ တင်းတိပ်ကို ယေဘုယျသုံးမျိုးခွဲလိုက်တယ်။

ဆိုတာ အရေပြားအပေါ်ဆုံးလွှာမှာ ဖြစ်တယ်။ အရောင်ပိုရင့်ပြီး သိသာလွန်းတယ်။ အကွက်ရဲ့အနားသတ်တွေက ညီညာတယ်။ တကယ်တော့ ဒီအမျိုးအစားက ဆေးတွေကို တုံ့ပြန်မှုအားကောင်းလို့ ကုဖို့ ပိုလွယ်တယ်။
၂။Dermal melasma ဆိုတာ အရေပြားရဲ့အောက်လွှာမှာဖြစ်တာ။ အနားသတ်တွေက မညီမညာဖြစ်နေတတ်တယ်။ မီးခိုးရောင် နည်းနည်းဖျော့မယ်။ အရေပြားအောက်မို့ ပျောက်ကင်းသက်သာဖို့ ခက်ခဲတယ်။
၃။Mixed melasma ဆိုတာ အပေါ်ကအမျိုးအစားနှစ်ခုလုံး တွဲဖြစ်တာမျိုးပါ။

တင်းတိပ်ဟုတ်မဟုတ် မြင်ရုံနဲ့ သိနိုင်ပါတယ်။ ဘယ်အလွှာရောက်လဲသိချင်ရင် 340 - 400 nm လှိုင်းအလျားရှိတဲ့ Wood's lamp နဲ့ စမ်းသပ်လို့ရပါတယ်။ သေချာချင်ရင် biopsy အသားစကို ယူပြီး စစ်လို့ရတယ်။

တင်းတိပ်မှာ hydroquinone(HQ)ပါတဲ့ လိမ်းဆေးတွေကအသုံးများဆုံးပဲ။ တကယ်ကအရောင်ချွတ်ဆေးပါ။ဆေးက မယ်လနင်ထွက်စေတဲ့ tyrosinase ဆိုတဲ့ဓာတ်တမျိုးကို တားဆီးလိုက်တာဖြစ်တယ်။ ပြင်းအားနည်းတာက ဆရာဝန်လက်မှတ်မလိုပါ။ cream, lotion, gel, or liquid ပြင်းအား 2%, 4%စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့လာတယ်။ ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုးပိုများတယ်။ သတိပြုရမှာက လိမ်းဆေးသုံးပြီးတဲ့အခါ နေရောင်နဲ့ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်သင့်တယ်။

ဝက်ခြံမှာ သုံးတဲ့ tretinoin, azelaic acidစတဲ့ ဆေးတွေလည်း သုံးလို့ရတယ်။ tretinoin 0.05% ဆိုတာ ဗီတာမင်အေ ပါတဲ့လိမ်းဆေးဖြစ်ပါတယ်။ တုံ့ပြန်မှုနှေးတယ်။ ခြောက်လလောက်ကြာမှ နည်းနည်းသိသာလာတာမျိုးလည်းရှိတယ်။ အရေပြားခြောက်သွေ့စေပြီး အခန့်မသင့်ရင် အရေပြားရောင်တာထိ ဖြစ်နိုင်လို့ စတီးရွိုက်ဆေးတွေနဲ့ ရောသုံးသင့်တယ်။ azelaic acid 20%ဆိုတာ ရောင်ခြယ်ထုတ်တဲ့ melanocytesကို အဓိကထားတိုက်ခိုကိတာကြောင့် ဘေးထွက်ပိုနည်းတယ်။

တင်းတိပ်ပျောက်ဆေးတွေထဲမှာ triple cream ခေါ်တဲ့ hydroquinone , tretinoin နဲ့ corticosteroid သုံးမျိုးပေါင်းထားတဲ့ လိမ်းဆေးတွေကကောင်းတယ်။ US FDAက အသိမှတိပြုထားတာက Tri-Lumaဆိုတဲ့ လိမ်းဆေး။ hydroquinone 4%, tretinoin 0.05%, နဲ့ fluocinolone acetonide 0.01% ဆိုတဲ့ဆေးသုံးမျိုးပေါင်းထားတယ်။ ၆၀ ရာခိုင်နှုန်းလောက် ထိရောက်ကောင်းမွန်စေတယ်။ တင်းတိပ်မှာ ဆေးပေးတဲ့အခါ ပေါင်းစပ်ထားတဲ့လိမ်းဆေးတွေက ပိုအာနိသင်ရှိတာ တွေ့ရတယ်။ ပုံမှန်အားဖြင့် ၂လ လောက်သုံးရင်သိသာပြီ။ ၂၀၁၀ကလေ့လာမှုတွေအရ ဒီဆေးကို ၆လထိ စိတ်ချလက်ချသုံးစွဲနိုင်သတဲ့။

တခြားနည်းတွေလဲ အများကြီးပဲ။ သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့နည်းတွေလည်း သုံးပါတယ်။cosmatic camouflage ဆိုတာမျက်မနှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့လိမ်းဆေးဖြစ်တယ်။ ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင်ညီညာအောင် ဆေးဆိုးတာပဲ။

chemical peel ဆိုတာလည်း အပေါ်ယံအရေပြားကိုကွာစေတဲ့နည်းဖြစ်ပါတယ်။ 30%-70% glycolic acid ပါတာတွေ သုံးတယ်။ kojic acid ပါတာတွေက အညိုကွက်အရောင်က ဖျော့သွားစေတယ်။ အလွန်အကျွံသုံးတာက အရေပြားကို ပိုမိုရောင်ရမ်းစေတယ်။ ကျွမ်းကျင်မှုမရှိဘဲသုံးရင် ပိုဆိုးလာနိုင်တာ သတိပြုပါ။

လေဆာနည်းတွေကလည်း သုံးကြတာပဲ။ တချို့က မယ်လနင်ထွက်တဲ့ဆဲလ်ကို ဖျက်ဆီးတာဖြစ်ပြီး တချို့က အပေါ်ယံအရေပြားကို ဖယ်ရှားပစ်တယ်။chemical peel ပဲဖြစ်ဖြစ်၊ laser treatment လေဆာနည်းပဲဖြစ်ဖြစ် သေချာပေါက်ပျောက်မယ်လို့ အာမမခံနိုင်ပါ။ လေ့လာကြည့်တော့ လူနာတွေရဲ့ သုံးပုံတပုံမှာ အကျိုးရှိတယ်။ နောက်သုံးပုံတပုံမှာ ထူးခြားမှုမရှိ။ ကျန်တဲ့ သုံးပုံတပုံကတော့ ပိုဆိုးလာနိုင်ပါသတဲ့။

တင်းတိပ်သဘောက ပျောက်ခဲတယ်။ မှန်းဆရခက်တယ်။ တိုးတက်မှုရှိဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ နေရောင်ထိပါများရင် ပြန်ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တင်းတိပ်ထွက်ရင် ကုဖို့မလိုပါ။ ကလေးမွေးပြီးတာနဲ့ တဖြည်းဖြည်း အလိုလိုပြန်ပျောက်သွားတယ်။ ဟော်မုန်းပါတဲ့တားဆေးတွေကြောင့်ဖြစ်ရင် ဆေးဖြတ်ပြီးတဲ့အခါ ပျောက်သွားတယ်။အီစတိုဂျင်ပါတဲ့ဆေးတွေသုံးနေရင် ဖြတ်ပစ်ပါ။

အထူးဂရုစိုက်ရမှာက နေရောင်နဲ့တိုက်ရိုက်မထိတွေ့အောင် ဖြစ်တယ်။ အပြင်သွားရင်SPF 30-50 ပါတဲ့ နေလောင်ကာလိမ်းဆေး အမြဲလိမ်းဖို့ လိုပါတယ်။ အပြင်မထွက်ခင် ၁၅မိနစ် ကြိုလိမ်းပါ။ လိုအပ်ရင် နှစ်နာရီတခါလိမ်းပါ။ ပြီးရင် အဆောင်းအကာတခုခု သုံးပါ။တင်းတိပ်တွေက ကူးစက်ရောဂါမဟုတ်သလို ကင်ဆာကိုလည်း မဖြစ်စေပါ။ ပျောက်ဖို့ခက်ပေမယ့် ကံကောင်းသူတွေကတော့ သူ့အလိုလိုပြန်လည်ပျောက်ကင်းနိုင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၈.၂.၁၈

30/06/2022

ကို မလုပ်ဖူး ❌❌
အပိုအလုပ်တွေလို့ ထင်နေရင်
မျက်နှာမှာ အပို ...ဖြစ်လာမဲ့....👇👇👇

💥 #အဆီဖု... #ဝက်ခြံ... #ဆားဝက်ခြံ...
#အမဲစက် .... #နေလောင်ကွက်.... #တင်းတိပ်....
#အရေးအကြောင်း....နဲ့ #အိုမင်းမှုတွေ ကို ဖိတ်ခေါ်နေတာပါပဲ......💥

🔶တကယ့်လက်တွေ့ ရောက်မလာသေးခင်တော့ က အပိုပေါ့....

🔶တကယ်ရောက်လာပြီဆို
က လိုကိုလိုလာလိမ့်မယ်.....

🔶ဘယ်အရာမဆို #ကုသခြင်းက.. #ကာကွယ်ခြင်းထက်ပိုကောင်းတာမို့... လုပ်ဖို့ မပျင်းကြပါနဲ့နော်....

25/06/2022

Website