CUPID - Foodie

CUPID - Foodie

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CUPID - Foodie, Health Food Shop, .

21/02/2022

🤤

Photos from CUPID - Foodie's post 26/10/2021

Foodie Page ကနေ အစားအသောက်ကောင်းကောင်းချက်ဖို့အတွက် ပစ္စည်း Quality ကောင်းတဲ့ Rice Cooker လေး ရောင်းပါရစေ. 😄

ထမင်းချက်ရုံမက ကြိုက်ရာပေါင်းနိုင်တဲ့ အိုးလေးမို့ အိမ်မှာတစ်လုံးလောက်ရှိထားသင့်တယ်နော်

📢Double Promotion ရှိတုန်း အရမ်းသက်သာလို့ လိုချင်ရင်လက်လွတ်မခံပါနဲ့ အခွင့်အရေးက ၂ခါပြန်မလာဘူးမို့နော်

❌Before - over 2lakhs ❌
Now - 88,000/- ✅✅

Best Seller ရထားတဲ့ Rice Cooker 🍲🍚
Baht3300 (ဒီအရောက် ၂သိန်းကျော်)ကနေ sales ချထားတာ အခု ဒီအရောက်ကို မြန်မာငွေ 88,000/- ပဲကျမှာမို့ rice cooker ကောင်းကောင်းဝယ်ဖို့စဉ်းစားနေတဲ့သူတွေ လက်မလွတ်သင့်ဘူးနော်

3.6L မို့ ဆန် ၁ပြည်ကျော် ချက်လို့ရပါတယ်
ဒါ့အပြင် အပေါ်ကပေါင်းဖို့တစ်ကန့်ပါ ပါသေးတာမို့ ဒီစျေးနဲ့အတန်ဆုံးပဲ။ ၁ပြည်ကျော်အိုးကို ဒီစျေးနဲ့ thai made ရပါ့မလားဆို sale ရှိတုန်းရပါမယ်။ကိုယ်တိုင်တိုက်ရိုက်ဝယ်ပေးမှာပါရှင့် 😊

ကြာချိန်က ၁လပါရှင့် (စောရောက်ရင်လည်း စောပို့ပေးပါမယ်)

❣️30.10.2021 နောက်ဆုံးထားမှာပေးနော် sales နဲ့မရလိုက်မှာဆိုးလို့ ❣️

Photos from CUPID - Foodie's post 01/06/2021

🤤

Photos from CUPID - Foodie's post 31/05/2021

Hello Cupid is back!!

အားလုံးပဲ မင်္ဂလာပါရှင့်
ဒီကာလမှာ အနည်းနဲ့အများတော့ စိတ်ရောလူပါအဆင်မပြေဖြစ်နေကြမယ်ထင်ပါတယ် 😔

အဲတာကြောင့် စားကောင်းတာလေးတွေသယ်လာပီနော်
Sandwish ကောင်းကောင်းနဲ့ BBQ ကောင်းကောင်းလေးစားချင်ရင် ဆက်ဖတ်ပေးနော်
သတိ ရန်ကုန်ကပါ 🤪

အရင်ဆုံးပြောချင်တာက သူ့ဆီက sandwishပေါင်မုန့်သား သူက Low-Fat Bread မို့ ကျန်းမာရေးနဲ့လည်းညီညွတ်တယ် sandwish မှာဆို ရိုးရိုးbread တွေထက်လည်း ပေါင်မုန့်အညိုက ပိုစားကောင်းတယ်
ပီးတော့တခြား ingredients တွေကလည်း လတ်ဆတ်တယ် မင်မင်က set B ကို recommend လုပ်တယ်နော် Cheese Sausage လေးနဲ့တအားမိုက်
ပုံကြည့်ထဲက အကုန်စားချင်စရာလေး 🤤

ပီးတော့ BBQ က တကယ်မိုက် တခြားဆိုင်တွေကလိုမဟုတ်တာက အသားကိုသေချာနှပ်ထားတာလေးကအရသာဝင်ပြီး စားလိုက်ရင် အနံလေးပါမွှေးနေရော
နောက်တစ်ချက်က စျေးတအားတန်တာ ဘယ်မှာစားစား BBQ ဆို 5,000/- အနည်းဆုံးပဲ ဒီဆိုင်လေးက 3,500/- ပဲ ထည့်ပေးတာလည်းများတယ် မင်မင်တော့ တအားကိုကြိုက်နေတာ 😋

အချိုပွဲအနေနဲ့ macaroni လေး
မင်မင်က အချိုအရမ်းကဲတာမကြိုက်တော့ သူ့ဆီဟာလေးက စိမ့်စိမ့်လေး စျေးကလည်း Large မှ 2,000/- ဆိုတော့ အကြိုက်ပဲ
Tomato Pasta လည်း Try ကြည့်သင့် အရသာအဆန်းလေးနဲ့ ရောင်းတဲ့သူသိပ်မတွေ့ဘူးမို့ စားကြည့်အုံးနော်

June 12 ထိ promotion လည်း လုပ်နေတယ် page link လေးချပေးထားမယ် မှာစားချင်ရင် တစ်ရက်တော့ကြိုမှာပေးရတယ် အဲကမင်မင်ကသဘောလည်းကောင်းတယ်
ပြောရဆိုရအရမ်းအဆင်ပြေလို့ 😁
နောက်ဆုံးမှာ menu လေးထည့်ပေးထားတယ်

နောက်လည်းဒီလိုတန်တန်လေးနဲ့ စားကောင်းတာတွေတင်ပေးမှာမို့ like & share လေးနဲ့ကူညီပေးသွားကြပါအုံးရှင့် 💕

https://www.facebook.com/Sandis-Art-102241031684545/

Photos from CUPID - Foodie's post 09/01/2021

ဒီနေ့ အိမ်မှာလုပ်စားဖြစ်တဲ့ မြန်မာတုတ်ထိုးအစုံလေး ❤️

Photos from CUPID - Foodie's post 23/12/2020

ကိုရီးယားအစားအစာလုပ်နည်းမျိူးစုံ

https://www.facebook.com/100043662275030/posts/197157251749683/

Cr : original uploader

Photos from CUPID - Foodie's post 15/11/2020

လုပ်ရအလွယ်ကူဆုံး ကွေကာအုပ်ပန်ကိတ် 😋

ပါဝင်ပစ္စည်း
1.ကွေကာအုပ် ၅ထုပ်
2.ဂျုံမှုန့် ထမင်းစားဇွန်း ၄ဇွန်း
3.ကြက်ဉတစ်လုံး
4.နို့ဆီ တစ်ထုပ်( အချိုမကဲချင်ရင် တစ်ဝက်ပဲထည့်ပါ)
5.ဆားအနည်းငယ်
6.ထောပတ်

ကွေကာအုပ်နေရာမှာ အာလူး မုန့်လာဉ ကိုယ်နှစ်သက်ရာအစားထိုးပီးလည်း ပြုလုပ်နိုင်ပါတယ်

ကလေးတွေအတွက်လည်း အာဟာရဖြစ်တယ် အလုပ်လည်းမရှုပ်ဘူးနော်

လွယ်လွယ်ကူကူလုပ်နည်းလေးသိချင်ရင် Like & Share လေးလုပ်ပေးခဲ့အုံးနော်

Photos from CUPID - Foodie's post 13/11/2020

ဒီတစ်ခါတော့ City Mart တွေမှာလွယ်လွယ်ဝယ်လို့ရတဲ့ လူသိနည်းစားကောင်းတဲ့ Rice Ball ရဲ့ ဖောက်နည်းလေးအကြောင်းပြောပြမယ် 🤣

ကိုယ်လည်းပထမဆုံးစစားချင်းက ရေညှိသက်သက် ထမင်းသက်သက်ဖြစ်သွားတယ် 😆

တြိဂံထိပ်လေးတွေမှာ 1,2,3 ဆိုပီး နံပါတ်လေးတွေပါတယ် အစဉ်တိုင်းခွာလိုက်ရုံပဲကိုသိလား 😝

ကိုးရီးယားကားထဲမှာ ခွာစားလို့လွယ်သလောက် ဒီရောက်မှ ရေညှိသက်သက် ထမင်းသက်သက်မဖြစ်ရလေအောင် မျက်လုံးလျှင်လျှင်ထားမှရမယ် 🤪

တစ်ခုဆို ဗိုက်တော်တော်ပြည့်တယ် စျေးကလည်း ၉၀၀ ပဲဆိုတော့ လူတိုင်းစားနိုင်တဲ့စျေးလေးပဲပေါ့

Tuna နဲ့ chicken အရသာနှစ်မျိုးရှိတယ်
အသားတော့သိပ်မမျှော်လင့်ထားနဲ့နော် နောက်ဆုံးကပုံပဲကြည့်တော့.. ထမင်းလေးက အရသာရှိလို့ စားလို့တော့ကောင်းတယ်

11/11/2020

ကြေးအိုးဆို YKKO ပဲ ယူတို့ရော ??

Photos from CUPID - Foodie's post 09/11/2020

ရွှေငါးမောင်မောင်မှာနာမည်ကြီးနေတဲ့အကိတ်ကြီးတွေ🤤

နာမည်ကြီးနေလို့ ဒီနေ့ဝယ်စားကြည့်တာ တကယ်လည်းကောင်းတာကို အထဲမှာလည်း အစာကအပြည့်ပဲ
တစ်ခု ၃၀၀ နဲ့မတန်အောင်ကို ကောင်းတယ်
အချိုမကဲပဲ အရသာက ကွက်တိ 😋😋

အသားမစားချင်လို့ ဘဲသားမုန့်နဲ့ ကြက်သားမုန့်တော့မဝယ်ခဲ့ဘူး..

ဘဲသားမုန့် , ကြက်သားမုန့် က တစ်ခု ၅၀၀
ပဲမုန့် , ပူတင်းမုန့် , ငှက်ပျောမုန့်က တစ်ခု ၃၀၀ တဲ့
လက်ဖက်ရည်လေးနဲ့သောက်ရှယ်ပဲ ..

ဒီလိုမျိုး စျေးတန်တန်နဲ့ စားကောင်းတဲ့ဆိုင်လေးတွေ သိချင်ရင် Like & Share လေးလုပ်ပေးခဲ့ကြအုံးနော် 😍

Photos from CUPID - Foodie's post 07/11/2020

မနက်ဖြန် Nov 8,2020 မှာမဲပေးအပြီး
မင်စွန်းနေတဲ့ လက်သန်းလေးနဲ့ လက်ဆောင်တွေသွားယူဖို့မမေ့နဲ့နော် 🥰
Photo Credit

Shwe Palin
https://www.facebook.com/311844112236339/posts/3412044455549607/

The Pizza Company
https://www.facebook.com/1430247167193830/posts/2839035792981620/

ရှမ်းမကြီး
https://www.facebook.com/368147797050390/posts/904154386783059/

Aura Mille Crepe Cake
https://www.facebook.com/348792092454845/posts/640209696646415/

Tasty Resaturant
https://www.facebook.com/100121745061115/posts/182192223520733/

Princess Irrawaddy Breakfast Special
https://www.facebook.com/1441330862771252/posts/2839781496259508/

Twenty-one
https://m.facebook.com/story.php?story_fbid=187915342976690&id=104500854651473

Beer VIBE
https://www.facebook.com/101142581513658/posts/196393481988567/

Chill Out
https://m.facebook.com/story.php?story_fbid=201762681387737&id=105631024334237

Hygiene Salad Bar
https://www.facebook.com/102130301399852/posts/190243462588535/

BB Collagen Broth
https://m.facebook.com/story.php?story_fbid=145029680653193&id=100815958407899

Kyee Soe
https://m.facebook.com/story.php?story_fbid=166069648511936&id=104941421291426

Fuji Sushi Japanese Food
https://m.facebook.com/story.php?story_fbid=5340455099305351&id=755167987834108

Rio
https://m.facebook.com/story.php?story_fbid=203607521147289&id=102397587934950

Unique Mandalay Tea Room(Mandalay)
https://www.facebook.com/429111747212576/posts/2124270537696680/

Tea Box (Mandalay)
https://www.facebook.com/411034042997994/posts/839898143444913/

Photos from CUPID - Foodie's post 01/11/2020

Macadamia Nuts ဆိုတာလေးကြားဖူးကြလားဝေ့??
သူ့ကိုချောသလက်သီးလို့လည်းခေါ်ကြသေးတယ်..

စားလို့ကောင်းရုံမကဘူး ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပီး ကိုယ်ဝန်ဆောင်တွေစားသုံးပေးမယ်ဆိုရင် ကလေးလေးအတွက် ဉီးနှောက်ဖွံ့ဖြိုးစေပါတယ်နော်...

အထုပ်ရာချီပီးရောင်းခဲ့တဲ့ Nuts လေးမို့ အရသာပိုင်းလည်း စိတ်ချစားသုံးနိုင်ပါတယ်နော်...
တစ်ခါမှာပီးတိုင်း နောက်ထပ်မှာမှာကြတဲ့ ရောင်းအားအကောင်းဆုံး Nuts လေးပါရှင်
Customer Honest Review တွေပဲဖတ်ကြည့်တော့နော်

တစ်ထုပ် - 5,500/-
Instock

Photos from CUPID - Foodie's post 26/10/2020

ဆိုင်ကောင်းကောင်းတစ်ဆိုင်နဲ့မိတ်ဆက်ပေးမယ်..
အမှန်တော့ ဒီဆိုင်ကိုဉထားတာကြာပီ 🤭

ရှမ်းခေါက်ဆွဲနဲ့ ဖက်ထုပ်ကောင်းကောင်းကြိုက်တတ်ရင် ဆက်ဖတ်ပေးနော်..

ဒီဆိုင်မှာအကောင်းဆုံးက ဖက်ထုပ်လို့ပြောရမယ်
ဖက်ထုပ်ပေါင်း ၊ ဖက်ထုပ်ကြော် အရမ်းကောင်းတယ်
ဖက်ထုပ်ဆီချက်လည်း ရှယ်ကောင်း မင်မင်အတွက်နည်းနည်းတော့အီတယ် .. ဖက်ထုပ်အိုးကပ်ကြော်တော့ မစားကြည့်ရသေးဘူး..ဒါလည်းအရမ်းမှာကြတာတွေ့တယ်...
ဖက်ထုပ်နဲ့တို့စားတဲ့အချဉ်ကလည်း လုံးဝအမိုက်စားပဲ
ရှာလကာရည်ဖစ်မလားမသိဘူး အချဉ်စူးစူးလေးနဲ့ ဂျင်းကိုပါးပါးလှီးပီး နံနံပင် နှမ်းတို့နဲ့ တကယ်ကောင်းတယ်..
ဖက်ထုပ်စားရတာ တကယ်မအီဘူး..

သူ့ဆိုင်ကဖက်ထုပ်အရွက်ကို ဆိုင်ရှင်ကိုယ်တိုင်လုပ်တာ
စေတနာလည်းအရမ်းပါတယ် .. ဖက်ထုပ်ထဲကအစာကလည်း တစ်ခုတစ်ခုကိုအများကြီးထည့်ပေးတာ...ပေးရတဲ့စျေးနဲ့အရမ်းတန်တယ်

နောက်တစ်ခု မင်မင်အစားဆုံးက ရှမ်းခေါက်ဆွဲ..ဘယ်ဆိုင်နဲ့မှမတူဘူး သန့်လည်းသန့်တယ်.. အသားတုံးကနုပ်နုပ်စင်းထားတာမဟုတ်ဘူး..သေချာလေးလှီးထားတာ အတုံးအရမ်းမကြီးပေမဲ့ သေးတဲ့ထဲလည်းမပါဘူး... ကိုယ်စားရင် ငရုတ်သီးထည့် ရှမ်းချဉ်တွေအကုန်လောင်းထည့်ပီး နယ်တော့တာပဲ... အရသာက လုံးဝထိထိမိမိပဲ..
ရှမ်းခေါက်ဆွဲကို ဒီဆိုင်မှာစားပီးထဲက တမ်းတမ်းစွဲဖြစ်သွားတာ 👍👍

သိပ်မစားဖစ်တာက ဆီချက်တွေပေါ့... အရသာနဲ့ protein ကတော့ တကယ်ကောင်းပါတယ်... အီလို့သိပ်မစားဖစ်တာပဲရှိတယ်...ကြက်ပေါင်းဆီချက် နံရိုးပေါင်းဆီချက်ဆို အသားကလုံးဝနူးအိ..

ပီးတော့ ဒီဆိုင်မှာ နောက်ထပ်နာမည်ကြီးတာက အစိမ်းချဉ် ..
နံနံပင်မကြိုက်တဲ့မင်မင်လိုသူဆိုရင်တော့ ရင်နာနေမှာပဲ
မုန့်ညင်းနဲ့သေချာလေးလုပ်ထားတာ စားလို့ကောင်းတယ်
ဒါပေမဲ့ နံနံပင်လည်းပါတော့ မင်မင်အကြိုက်ကြီးတော့မဖစ်ခဲ့ဘူး...နံနံပင်စားတဲ့သူဆို သေချာပေါက် try ကြည့်ပါ..

အဆုံးသတ်ရရင်တော့ အကြိုက်ဆုံးက ရှမ်းခေါက်ဆွဲနဲ့ ဖက်ထုပ်နဲ့လုပ်တဲ့ဟာတွေအကြိုက်ဆုံးပဲ 👍👍

ပုံနောက်ဆုံးမှာ သူ့ဆိုင်က menu နဲ့ ဆိုင်လိပ်စာပါတယ်
ဆိုင်ရဲ့ page လေးလည်းရှိတယ် 👇👇👇

https://www.facebook.com/Shwe-Shan-Kaung-Shan-Traditional-Foods-273651759911274/

stay home ကာလတော့ ဆိုင်ပိတ်ထားတယ်
order တင်ပေးရင်တော့ လိုက်ပို့နေတယ်.. တစ်ဆိုင်လုံးကသဘောလည်းကောင်းတယ်
Foodpanda နဲ့လည်းမှာလို့ရတယ် နောက်ဆုံးမှာတင်ပေးထားမယ်...

နောက်လည်း ဒီလိုဆိုင်ကောင်းကောင်းလေးတွေသိချင်ရင် Page ကို like လုပ်ထားဖို့မမေ့နဲ့နော်. .

စားချင်တဲ့ချိန်ပြန်မရှာရအောင် Post ကို like & share လုပ်ပီး ကိုယ့်အကောင့်မှာသိမ်းထားလိုက်နော် 💛

22/10/2020

ဒီအတောအတွင်း အသုံးဝင်မယ့် info 👉👉👉👉



Hot Pot ဟော့ပေါ့

Khai Li ကြက်ချဉ်စပ်
☎️ 09450028479, 09799901773,
09443366897, 0943202390
မြစ်ကြီးနားယူန်ဟော့ပေါ့
☎️ 095022438
Hot Pot City
☎️ 09780888866, 09780888877
Yummy
☎️ 09780777778,09783888801
DIY
☎️ 09258200900 for Waizayanta
09428766668 for Ahlone
Shwe Kaung
☎️ နာနတ်တော 0973537731, 09761353994
ပြည်သူ့ရင်ပြင် 09420805895,09751005759
ရွှေဂုံတိုင် 09559339,0973559339
မြန်မာပလာဇာ 09783747417, 09783715620
ဂမုန်းပွင့် 07457751490, 09763384559
Beauty in the Pot
☎️ 09790572111, 09790573111
Aqua Seafood
☎️09797717701

မာလာရှမ်းကော
FuFu
Junction 8 ☎️ 09777416777
Dagon Centre 2 ☎️ 09450850777
Mala House
☎️ 09953260577, 092165714, 097724169
Max Spicy
☎️ 09407324986
Mala Spice
☎️ 09964140916, 09965140916
63 Kitchen
☎️0931540004
သင်းပျံ့မွှေး
☎️ 09967088886

ရွှေပုဇွန်
☎️ 01553062 & 01553063

BBQ & အကင်
Best Choice
☎️ 09791203017,
Manpuku
☎️09970137546/09954065133
09975204365/095046736
Mr. Cow
☎️ 09898090096 & 97
Food2u 09771001011
Yangon Door2Door 09797205454
Grab Food App
Sumlut အကင်
☎️ 09697267213, 09423396163
KKS B.B.Q
☎️09420000808, 09797998800
STEAK on the Street
☎️097990523111, 097990524111
Mr. Jerry
ရန်ကုန်
☎️ 09404050341
မန္တလေး
☎️ 09767203030

ကြက်ကြော်
Bon Chon
Junction City ☎️09770568759
Myanmar Plaza ☎️09750142612
Junction Square ☎️ 09750142613
Hledan ☎️09752442614
Food2u ☎️09771001011
Deliverink ☎️09-44897 4671
Foodmall ☎️09 890 050056
Yangon Door 2 Door ☎️ 09797205454
Ayam Penyet
☎️09408944482
KFC
ရန်ကုန်ဆိုင်ခွဲများ
KFC Bogyoke
KFC Junction City
KFC Junction Mawtin
KFC Myanmar Plaza
KFC Kandawgyi
KFC Chinatown
KFC The Secretariat
KFC Junction Square
KFC Dagon Center
KFC Tamwe
KFC Sanchaung
KFC Kyi Myin Dine
KFC Hledan
KFC Parami
KFC MICT
KFC Sanpya
KFC North Dagon
KFC South Okkala
မန္တလေးဆိုင်ခွဲများ
KFC 78th Mandalay
KFC The Move Mandalay
KFC Central Point Mandalay
KFC Great Wall Mandalay
Food Panda
Door2Door
GrabFood

မြန်မာအစားအစာ
Nga Pi Chat ငါးပိချက်
☎️ 099687869934
Shel's Myein ရှယ်မြိန်
☎️ 09262627266
ခိုင်ခိုင်ကျော်Traditional Restaurants
☎️ 095159084
Feel Myanmar
☎️ 097320 8132, 0973048783, 095116872
မြန်ကန်သာအုန်း
☎️ 095096377
အမေ့အိမ်
☎️ 095104352
ဦးရွှေရိုး
☎️ 09899868661, 09899868662
ပစ်တိုင်းထောင်
☎️ 09892892952

ဂဏန်းချက်

မော်လမြိုင် စွဲ
☎️09444777097
☎️0930245397
ဖူးပွင့်ဝေ
☎️ 09421018739
ကိုညီငွေဆောင်
☎️ 09790570458, 09400206006
Seafood Paragon
☎️ 09798668445
BKK Seafood
☎️ 09428223540
စားတော်ပွဲ
စားတော်ပွဲSeafood Downtown
☎️09775732137
စားတော်ပွဲSeafood ရတနာလမ်း
☎️09776477755

လက်ဖက်ရည်ဆိုင် (Tea House)
ရွှေပလ္လင်
ဟံသာဝတီ
☎️01538736
Ocean (North Point)
☎️01665021
Junction-8
☎️09401900-443
ရွှေပြည်သာ (Denko)
☎️09-263950-066
YP တောင်မြောက်လမ်းဆုံ
☎️09420668-860
Junction City L-2
☎️09-420668-861
လှိုင်သာယာ (Ocean)
☎️09-420668-863
မြောက်ဥက္ကလာ
☎️09-457777-039
နဝဒေးလမ်း (ဒဂုံမြို့နယ်)
☎️09-444068-817
High Way - 1
☎️09-404400-704
ကြည့်မြင်တိုင်
☎️09-401080-881
အာယုဆေးရုံ
☎️09-401080-882
High Way - 2
☎️09-401080-885
သာကေတ
☎️09-401080-886
စမ်းချောင်း Garden
☎️09-4044-00705
မြောက်ဒဂုံ
☎️09-401900-440
ဂမုန်းပွင့် (သိမ်ကြီးဈေး)
☎️09-401900-449
High Way - 4
☎️09-40-1018-020
သန်လျင် (ကျိုက်ခေါက်)
☎️09-40-1018-030
Keystone အဆင့်မြင့်
☎️067-3422278 / 09-5119197
Keystone ဥတ်တရသီရိ Ocean
☎️09-49203-610
မန္တလေး (အမရပူရ)
☎️02-4059862
မန္တလေး (၁၉ လမ်း)
☎️09-40-4400-703
မန္တလေး (ဘူတာကြီး)
☎️09-40-1018-010
မန္တလေး အမြန်လမ်း
☎️09-40-1080-884

Rangoon Tea House
☎️09979078681
အခရာ Tea House
☎️ 09263331400, 09404724934
☎️ 0977331400, 09760215506
TOM N TOMS Coffee
☎️ 09790728359
Zein Cafe
☎️ 017514401, 017514402
Gloria Jean’s (Myanmar Plaza)
Cafe 20
Yangon Door2Door ☎️09977444900
Food2U ☎️09771001011
Hi-So ☎️09894991061
Deliverink ☎️09 44897 4672 ☎️09797617181
CAFE DEL SeOUL
☎️09971993711

Korean 🇰🇷 Food
Bulgogi Brothers
☎️ 09777716161, 09885516161, 09443316161, 01705577

Japan 🇯🇵 စာ
O Sushi
☎️09797975775, 09693587560
Sushi Tei Myanmar
☎️09444115662
Sushi Bar
☎️ 09 866188678

Pizza 🍕
The Pizza Company Myanmar
Own Delivery ☎️ 09969961112
Deliverink ☎️ 09960884884
YangonDoor2Door ☎️ 09966600800
Foodmall
GrabFoof

Pizza Hut Myanmar
Pizza Hut
ဓမၼေစတီ(Golden Valley)၊☎️ 09264805132, 09264805142
6.5 မိုင် Market Place၊☎️ 09969702311, 09969702312
စံရိပ်ငြိမ်ဂမုန်းပွင့်၊☎️09969702313, 09969702314
Junction City၊☎️09969702316
စိန်ဂျွန်း City Mall၊☎️09764301131, 09764301141
ပုဇွန်တောင် ရေကျော်လမ်း
☎️09771782247
ဗိုလ်ရာညွန့်လမ်း ဒဂုံမြို့နယ်၊☎️09762311830
သမိုင်း City Mart၊ မရမ်းကုန်းမြို့နယ်၊
☎️09780072219
ရွှေပြည်သာ City Mart ရွှေပြည်သာမြို့နယ်။ ☎️09771212539
The Move, Mingalar Mandalay
☎️09764301151, 09764301161
D-၁၅, ၇၇လမ်း, ၃၂လမ်းနဲ့ ၃၃လမ်းကြား၊ မန္တလေး: ☎️09779081425
Yangon Door2Door ☎️09966600600၊ Mandalay Door2Door ☎️09797381113
Food2U ☎️09771001011
FoodPanda

Pizzamaru Myanmar
☎️09977735555
Yangondoor2door
☎️09797385000
Food2u
☎️09771001011
Food mall
☎️09890050056
Hi-so Mall
Food Panda
Grab Food
Parami Pizza
☎️09690923732, 01392263

Chinese 🇨🇳 Food
ရွှေဘဲ
ကန်တော်မင် ရွှေဘဲ
☎️01706488, 09443229233
၈မိုင် ရွှေဘဲ
☎️09428617477, 09457593273
Canton Paradise MM
☎️09252221212
800 Bowls Chinese Restaurant
☎️09964588875
Chinese 47
☎️ ‭09893200400‬

မန္တလေးမြီးရှည်
89 Mandalay Mee-Shay
☎️09752389089
စျေးချို-၅၅
☎️ 09891448882.

Thai Food 🇹🇭
THAI 47 Downtown Branch
☎️ 09965169215, 018610556
THAI 47 Kyauk Kone Branch
☎️ 09261619811, 09261619822
THAI 47 Helpin Branch
☎️ 09261619833, 09261619844
Food2U
☎️09771001011
Yangon Door2Door
☎️09966600600
Food Mall
☎️09890050056
Nara Thai
☎️ 09777151-222 09777161-222
YPPN
☎️09783463377, 09783463 388

ရှမ်းအစားအစာ
Shan Yoe Yar Restaurant
☎️09250566695, 09258777070, 09255166604

Indian 🇮🇳 Food
Aroma 2
☎️09885155316 , 095155316 ,
092042630

Fusion
Cozy
☎️09783849009, 09953054000
Mr Chef
Mr.Chef ( DagonCenter2 - Level-4 ) ☎️09-777077344.
Mr.Chef (KyaukMyaung)
☎️09-777448681.
Mr.Chef (Sule)
☎️09-778558842.
Mr.Chef (Hledan Gamonepwint Shopping Center)
☎️09-777718253.
Mr.Chef (Pinlon )
☎️09-763391636.
Mr.Chef (GoldenValley Marketplace ) ☎️09-777077940

crd

Photos from CUPID - Foodie's post 20/10/2020

စားဖူးသမျှကြေးအိုးပေါင်းချုပ်

1.လသာရွှေတောင်တန်းက မူလဆိုင် အဲမှာရွှေတောင်တန်းဆိုပီးဖစ် အချဉ်မကြိုက်
2.မင်းလမ်းနဲ့ဘဝမြင့်ကရွှေတောင်တန်းက နောက်တစ်ဉီး နှစ်ဆိုင်လုံးကောင်းတယ်(YKKO နဲ့အပြိုင်စျေးတက်နေတယ်ထင်ရ)
3.တောင်ဉက္ကလာက ဒေါ်ပေါက်ဆိုး ရွှေတောင်တန်းထဲမှာ အညံ့ဆုံး
4.ရွှေယုန်လေး နည်းတယ် သန့်တယ် စျေးကြီးတယ်
5.YKKO နည်းတယ် သန့်တယ် အချဉ်ရှယ်ကောင်းတယ် စျေးကြီးတယ် သူများထက်စာရင် ကျန်းမာရေးညီညွတ်
6.ဝင်းကြေးအိုး ထိုင်စားရတဲ့ပုံကိုက အဆင်မပြေ
7.ဘုန်းကြီးလမ်း အသားရှယ်ကောင်း ကြာဇံကအရသာမရှိ အရည်လုံးဝမကောင်း အချဉ်မသန့်ဆုံးလို့ခံစားရ ထိုင်စရာ အဆင်မပြေ ပန်းကန်တွေညစ်ပတ်
8.ကျားကွက်သစ်ကြေးအိုး ကြာဇံကောင်း ဆီချက်အရသာရှိ ဉီးနှောက်ကအသက် အချဉ်သိပ်မကြိုက် အရည်ထဲ ငရုတ်ကောင်းထည့်တာမကြိုက်
9.ဆုံမှတ်ကြေးအိုး homemade သာသာ လက်မမှန် အသားကကော်နဲ့ ဆန်များ
10.စကားဝါကြေးအိုး ကြာဇံက ဆန်နံမပျောက် အရင်ကရွှေတောင်တန်းနဲ့အပြိုင်နောက်ပိုင်း ငုပ်သွားတယ်

=====================================

စားခဲ့ဖူးသမျှ Hotpot & Bbq

1.Aftertaste Hot Pot
မြေနီကုန်းက Budget ဆိုင်လေး ကိုယ့်အနေနဲ့တော့အဆင်ပြေတယ် အဝစားကိုမှ 8600 လားပဲ side dish မရှိ
ကြက် ဝက် အမဲသား ယုန် ကြက်ဆင် ကြက်မဲ ပုစွန် ကင်းမွန် ဂဏန်း ငါး ငါးခေါင်း အရွက်တွေလည်းစုံတယ် ယိုးဒယားအလုံးတွေလည်းရှိတယ် ရေစိမ်တွေရတယ် အချိုပွဲက ရေခဲမုန့်တစ်ခုပဲ အရည် ၄ မျိုးရှိတယ် အချဉ်ကြိုက်သလိုစပ် သူ့စျေးနဲ့သူတန်ပါတယ်(ပိတ်မယ်လို့တော့ပြောတယ် ပိတ်သွားပီလားမသိဘူး မပိတ်ရင် သိပ်ကောင်းမှာ😢)

2.Thai Pot bbq&hotpot
Bbq စစားဖူးတဲ့ဆိုင်ပဲ😂 ပုံမှန်ပဲအရသာက အသားတွေမနယ်ထားဘူးလားလို့(သေချာမမှတ်မိ) side dish ရှိတယ် ဒီဆိုင်ကိုသိပ်မမှတ်မိတော့ဘူး 😑

3.Bamboo bbq&hotpot
ကြိုက်တယ် အသားနယ်ထားတွေ ကင်တဲ့ပုံစံလည်းကြိုက်တယ် promotion လုပ်တဲ့ချိန်တော့ service သိပ်မကောင်းပါ ကိုယ်ကြိုက်တဲ့ဆိုင်ထဲ ဒီဆိုင်ပါတယ်

4.Manpuku bbq
လုံးဝအမိုက်စားသန့် Service charges ကြမ်းသလို service လည်းသေချာပေးတယ် side dish တွေအများကြီးရှိတယ် အသားတွေကရှယ်ပဲ
အချိုပွဲ အကြိုက်ပဲ မြန်မာမုန့်ကိုစုံလို့
တစ်ခုပဲ ကိုယ်တိုင်ထယူစရာမလိုဘူး မှာသလောက်ကို လာချပေးတယ် ကိုယ်တွေကစားပီးဆို အပီကြိတ်တာဆိုတော့ သိတယ်မလား ခဏခဏမှာရတာရှက်တာပေါ့ 😐

5.ရွှေကောင်း Bbq&hotpot
သိပ်မက်မက်မောမောမရှိပါ ရွှေကောင်း Hotpot ဆိုပီး ပထမဆုံးဟော့ပေါ့အနေနဲ့နာမည်ကြီးနေတာလို့ထင်တယ် အသားတွေက နယ်မထားတော့ ကင်ရင် အထူးခြားကြီးမရှိ အချိုပွဲစုံပါတယ် ကြက်မဲမကြိုက်ပါ လှီးထားတာ ပါးလှပ်ပီး ကျက်ရင်စားမကောင်းတော့ဘူး ယှဉ်ပြောရရင် aftertaste ကကြက်မဲကိုကြိုက်ပါတယ်

6.shabushi
စားတတ်မှတန်ပါမယ် ဆူရှီမြင်မိလို့ စားလိုက်ရင်တော့ ဟော့ပေါ့စားနိုင်တော့မှာမဟုတ်ပါဘူးနော်
သူ့ဆီကအသားပေါင်းတော့တော်တော်ကြိုက်တယ်
ကိုယ့်အတွက်တော့ ရွေ့သွားနေရတာကို စောင့်စားရတာအဆင်မပြေဘူး မကြိုက်တာတွေများတယ်သူ့ဆီမှာလည်း

7.Mr.Jerry bbq&hotpot
Cheese ကအသက်ပေ့ါနော် cheese နဲ့တွဲစားရတာ သူတစ်ဆိုင်ပဲရှိသေးတာလား(သိတဲ့သူများပြောပေးကြပါ မစားဖူးသေးလို့) cheese ကိုမက်မက်မောမောမဟုတ်ပေမဲ့ တစ်မျိုးတော့ထူးတာပေါ့ များများစားရင် အီတယ် သူ့ဆီကအသားလည်းကြိုက်တယ် တစ်ခုပဲနေရာ အရမ်းညှော်တယ် သွားစားတိုင်းအပြင်မှာပဲထိုင်တယ် promotion လုပ်ရင် အရသာသိပ်မကောင်းတော့သလိုပဲ

8.Shwe Lar hot pot
အဆွဲဆောင်ဆုံးက ဝက်မှိုလုံး,အချဉ် နဲ့ ထိုင်ဝမ်ဝက်သားထမင်းပါပဲ A La Carte သီးသန့်မို့ တော်တော် အဆင်မပြေပါဘူး buffet ပြောင်းပေးဖို့တောင်းဆိုပါတယ်😝

=====================================

ဘာမှမဟုတ်ဘူး အားနေလို့လျှောက်ရေးနေတာ သတိရရင်ထပ်ရေးအုံးမယ်.. 😆😆
ကိုယ်သိတဲ့ဆိုင်လေးတွေလည်း ပြောသွားကြပါအုံး 🥰

Photos from CUPID - Foodie's post 18/10/2020

3 A M Ť Č Ǟ Ų Ġ Č Ť

Photo credit

Photos from CUPID - Foodie's post 15/10/2020

🤤

photo credit

Photos from CUPID - Foodie's post 12/10/2020

Bubble Tea ကောင်းကောင်းလေးနဲ့ စျေးသင့်သင့်လေးသောက်ချင်ရင် ဒီဆိုင်ကို recommend ပေးပါတယ်
အောက်မှာ သူတို့ page ကို link ပေးထားမယ်နော် 😊

bubble စေ့လေးတွေက တစ်ချို့ဆိုင်တွေလို
မာဆတ်ဆတ်လည်းမဖစ်ဘူး အကုန်အိအိလေးဖစ်တယ်
ကိုယ်ကတော့ Thai Tea ပဲသောက်ဖစ်တယ်
အမှုန့်ကရှရှကြီးဖစ်မကျန်ခဲ့ဘူး အမှုန့်တွေအကုန်ပျော်အောင်ဖျော်ပေးတယ် တကယ်သောက်လို့ကောင်းတယ်

စျေးတွေကလည်းလုံးဝ အမေးဇင်းပဲ ဘူးကလည်းအကြီးကြီး🤩
ပုံမှန်ဆို တာမွေအဝိုင်းထိပ်မှတ်တိုင်နားမှာဖွင့်တယ်
ဒီကာလမှာ deli နဲ့ပို့ပေးနေတယ်ပြောတယ်
ရေခဲသေတ္တာထဲထည့်ပီး အေးဆေးသောက်ချင်တဲ့သူတွေအတွက်လည်း ၁ဘူး ၂ထောင်နဲ့ ၁ရက်ကြိုမှာပေးရတယ်တဲ့

ဆိုင်အနီးအနားဆို ၂ဘူးမှာပေးရင် deli free ပေးပါတယ်တဲ့နော်

https://www.facebook.com/ChaCart97/

01/10/2020

ဒီနေ့အတွက်ကတော့ ကြက်သားပလာတာပါတဲ့ရှင် 😋

28/09/2020

မင်းနဲ့အတူ Bubble Tea သောက်ရင်း လမ်းတွေလျှောက် စကားတွေပြောချင်ပီ
#12:27

Photos from CUPID - Foodie's post 28/09/2020

မာလာရှမ်းကောကို ဆိုင်အရသာအတိုင်း အိမ်မှာလုပ်စားချင်သူများအတွက်

ပုံလေးတွေမှာလုပ်နည်းလေးရေးပေးထားပါမယ်နော်

နောက် ဒီလိုလုပ်နည်းလေးတွေသိချင်ရင် page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 😉

မာလာအနှစ်လိုချင်သူများအတွက်👇👇
https://www.facebook.com/CupidOnlineSeller/

Photos from CUPID - Foodie's post 27/09/2020

ဗိုက်ဆာနေကြပီမလား 🤤

Photos from CUPID - Foodie's post 14/09/2020

ဒီလိုအချိန်မှာ စားချင်ကြမလားလို့ 😁
အိမ်မှာကိုယ်တိုင် လုပ်တာမို့ ဆီသန့်တယ် လုပ်တာလည်းသန့်ပါတယ်နော်

ပုံလေးတွေက Customer ဆီကပုံလေးတွေပါနော် 🥰🥰
ဗုဒ္ဓဟူးနေ့အတွက် order ကောက်ပါမယ် မနက်ဖန်ည၈နာရီမှာ Order ပိတ်မယ်နော်

ကြက်ခြေထောက်
ဘဲဉ
ငုံးဉ
ကြက်သွေး
ပဲသွေး
အသားတု
ပဲပြား
အာလူး
တို့ဟူး
ရုံးပလေတီး
သခွားသီး
အစုံပါတဲ့ ဘူးတစ်ဘူးကို ၃ထောင်ပါ

၅ထောင်တန်ဘူးလည်းရှိပါမယ် ကြက်သဲမြစ် ကြက်တောင်ပံ ပိုပါမယ်နော်

အပတ်စဉ် ဗုဒ္ဓဟူး သောကြာ တနင်္ဂနွေ ရမယ်နော်
ကျန်ရက်တွေမှာလိုချင်ရင် ၅ဘူးနဲ့အထက်ဆိုပို့ပေးပါတယ်ရှင့်

13/09/2020

အပ်မှိုနဲ့ကျန်းမာရေး

အခုလို ကိုဗစ်ကာလကြီးမှာ အိမ်ထဲနေပီး လွယ်လွယ်ကူကူနဲ့ ပြန်စိုက်စားလို့ရမဲ့ အပ်မှိုအကြောင်း

https://www.facebook.com/111507506917314/posts/356738472394215/

Photos from CUPID - Foodie's post 12/09/2020

ကြက်ဉပေါင်းပြုလုပ်နည်း

အလုပ်ရှုပ်တယ်ထင်ရင် ကြက်ဉတွေဖြစ်သလိုခွာပီး ဇလုံနဲ့သာထည့်ပေါင်းတော့ အမြန်ဆုံးပဲ 😂😂
အပေါင်းမတတ်ရင်တော့ ပွစိကြီးဖစ်သွားမှာနော်
တစ်ပုံချင်းအသေးစိတ်ကအစရေးပေးထားတယ် အဆင်ပြေကြပါစေ

ကိုကတော့ လမ်းထဲမှာ ကိုဗစ်ကူပေးနေတဲ့သူတွေကို အဆာပြေအတွက်လှူလိုက်တယ်

12/09/2020

လွမ်းနေကြပီလား ?

Website