Computer and Mobile Technology Sharing

Computer and Mobile Technology Sharing

Technology Knowledge Sharing

10/01/2024
Web Design and Development Service in Mandalay | Myanmar Web Store 07/01/2024

✅Wi-Fi Network Connection နှင့် ပတ်သက်သမျှ
(ဗဟုသုတရတယ်ဆ်ို Commentမှာ Yes လို့ရေးခဲ့ပေးပါဦး)

အခု ပြောပြမယ့်အကြောင်းအရာကတော့ Wi-Fi Network နဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးပါ။ အခုပြောပြချင်တာက Wi-Fi နဲ့ပတ်သက်တဲ့ Wireless Antenna တွေအကြောင်း၊ Wi-Fi ချိတ်ဆက်နိုင်မှု အကွာအေ၀းတွေနဲ့ Wi-Fi ကို အကွာအေ၀းများချိတ်ဆက်ချင်ရင် ဘယ်လိုတွေ ဆောင်ရွက်ရမလဲ စသဖြင့် ပြောပြသွားမှာပါ။ အားလုံးသိထားကြတဲ့အတိုင်း Wi-Fi ဆိုတာ Wireless Technology တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Wi-Fi ကို အဓိကအသုံးပြုတာက Wireless LAN ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်။ မိမိက ကိုယ့်ရဲ့ 802.11 System ရဲ့ Range ကို ထပ်ချဲ့ချင်တယ်ဆိုရင် External Antenna တွေကို တပ်ဆင်ရပါမယ်။
Wi-Fi တွေမှာ အသုံးပြုတဲ့ Wireless Antenna အမျိုးအစား (၂)မျိုးရှိပါတယ်။ ၎င်းတို့မှာ Omni Antenna နဲ့ Directional Antenna တို့ဖြစ်ပါတယ်။

Omni Antenna တွေဟာ Common Base Antenna တွေဖြစ်ပြီး Point-to-Multi-Point Omni Antenna တွေအတွက် အသုံးပြုပါတယ်။ ၎င်းအပြင် Omni-Directional Antenna တွေကိုလည်း ရနိုင်ပါတယ်။ Omni-Directional Antenna တွေက အခြား Computer တွေ (သို့မဟုတ်) Device တွေ (ဥပမာ- Wireless Printer ၊ PDA) တွေဆီကို Signal တွေကို Distribute (ဖြန့်ေ၀) လုပ်တဲ့အခါ Main Antenna တွေအဖြစ် ဆောင်ရွက်ပါတယ်။ မိမိက Omni-Directional Antenna နှစ်ခုကို အသုံးပြုပြီး Point to Point System တွေအတွက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို အသုံးပြုခြင်းကို Recommand တော့ မလုပ်ပါဘူး။ Point to Point ချိတ်ဆက်ချင်တယ်ဆိုရင်တော့ Directional Antenna တွေကို အသုံးပြုသင့်ပါတယ်။

ပုံမှန် Omni-Directional Antenna မှာဆိုရင် Vertical Omnis Ceiling Domes၊ Rubber Ducks၊ Small Desktop နဲ့ Mobile Vertical Antennas တို့ ပါ၀င်ပါတယ်။ Omni Antenna က Wireless Wave များသွားရာမှာ ၃၆၀ ဒီဂရီအတိုင်းပါတယ်။ Omni Antenna ကို Indoor Unit မှာ အများဆုံးအသုံးပြုပါတယ်။ Omni Antenna ဟာ Omni Directional အမျိုးအစားတစ်ခုဖြစ်ပြီး Signal Range တွေကို တိုးမြှင့်ပေးရုံသာမက Strength တွေလည်း ကြီးထွားလာပါတယ်။ Omni Antenna က အရည်အသွေးကောင်းမွန်တဲ့ Brackets တွေပါ၀င်တဲ့ အထူး Fitting Kit တွေနဲ့လာတာပါ။
ပုံ ( Omni Antenna အားလုံး)
Directional Antenna က Wireless Wave များသွားရာမှာ ၄၅ ဒီဂရီအတိုင်းသွားပါ။ သူ့ကို Outdoor Unit မှာ အများဆုံးအသုံးပြုပါတယ်။ Directional Antenna တွေကို Point to Point တွေအတွက် အသုံးပြုကြပြီး တစ်ခါတစ်ရံမှာတော့ တပ်ဆင်တဲ့အပေါ် မူတည်ပြီး Multi Point အတွက်လည်း အသုံးပြုပါတယ်။
Directional Antenna ပုံ
Wi-Fi တွေကို ၁၀၀ မီတာ ပတ်လည်အတွင်းမှာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒီထက် ေ၀းေ၀းပြေးအောင် ချိတ်ဆက်ချင်တယ်ဆိုရင်တော့ Wi-Fi Hot Spot Antenna ကို အသုံးပြုပြီး ချိတ်ဆက်နိုင်ပါတယ်။ Wi-Fi Hot Spot Antenna ဆိုတာ Omni Antenna အမျိုးအစားဖြစ်ပါတယ်။ သို့သော် Wi-Fi Hot Spot Antenna ကိုတော့ Outdoor Unit မှာ အသုံးပြုရပါတယ်။

(📌သင်ဖတ်ရင်သင်ပဲသိမယ် Shareလုပ်ရင်တော့အများပါသိမယ်)

Wi-Fi တပ်ဆင်ခြင်း
ပထမဆုံးလုပ်ရမှာကတော့ လိုအပ်တဲ့ပစ္စည်းတွေ အရင်၀ယ်ရမှာပါ။ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်တဲ့နေရာမှာ Wi-Fi Networking Technology အမျိုးအစား (၄) မျိုးရှိတဲ့အတွက် ဘယ်နည်းပညာကို Support လုပ်တဲ့ပစ္စည်းကို ၀ယ်မလဲဆိုတာကို ရွေးချယ်ရပါမယ်။ ဆိုလိုတာက ပစ္စည်းတစ်ချို့က 802.11 a ကို Support လုပ်တဲ့ဟာတွေဖြစ်နေရင် Match မဖြစ်ဘဲဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သေချာစွာ၀ယ်ပါ။ ၀ယ်ရမယ့်အရာတွေကတော့_
၁။ Broadband Internet Connection
၂။ Wireless Router (or) Wireless Access Point
၃။ Wireless Networking ကို Support လုပ်တဲ့ Computer (or) Wireless Network Adapter
ကျွန်တော်ဆိုလိုချင်တာက Wi-Fi ကို မတပ်ခင် ဘာတွေပြင်ဆင်ထားရမလဲဆိုတော့ အရင်ရှိနေပြီးသားကို နောက်ထပ် Wi-Fi တပ်ဆင်တာဆိုရင် မိမိဆီမှာရှိနေတဲ့ Network Adapter Standard (802.11 a adapter ၊ 802.11 b adapter ၊ 802.11 g adapter နဲ့ 802.11 un adapter) တွေနဲ့ နောက်ထပ်၀ယ်ယူမယ့် Standard က Compatible (အံ၀င်ဂွင်ကျ) ဖြစ်မှရပါမယ်။ 802.11 a adapter က 802.11 a adapter အချင်းချင်းပဲ အလုပ်လုပ်ပါတယ်။ 802.11 b adapter ကတော့ 802.11 b adapter အချင်းချင်းအပြင် 802.11 g adapter နဲ့ပါ Compatible ဖြစ်ပါတယ်။ 802.11 n adapter ကတော့ သူ့အရင်က Previous Version တွေ အားလုံးနဲ့ Compatible ဖြစ်ပါတယ်။ မတူညီတဲ့ Adapter Version နှစ်ခုချိတ်ဆက်တာဟာ သူတို့နှစ်ခုလုံးရဲ့ Connection Speed ကို နှေးကွေးစေပါတယ်။
မိမိ Computer က External Wi-Fi adapter (USB dongle or PC card) ကို အသုံးပြုတယ်ဆိုရင် ကွန်ပျူတာအသီးသီးမှာ ၎င်း adapter တွေ လိုက်တပ်ပါ။ Adapter တွေ တပ်ဆင်ပြီးသွားပြီးနောက် သူတို့ရဲ့ Wireless Network Adapter Driver ကို Install လုပ်ရပါမယ်။ အကယ်လို့ မိမိ Computer က Wi-Fi Radio က Built-In ပါလာရင်တော့ သူ့ရဲ့ On/Off Button ကိုသုံးပြီးဖြစ်စေ သူနဲ့အတူပါလာတဲ့ Software Utility ကို သုံးပြီးဖြစ်စေ Activate လုပ်ရပါမယ်။ Wi-Fi ချိတ်ဆက်တဲ့ Private Room (သို့မဟုတ်) Public Space ပေါ်မူတည်ပြီး ကိုယ့်ရဲ့ Communication ကို လျှို့၀ှက်ဖို့အတွက် သင့်တော်တဲ့ Encryption Scheme ကို သတ်မှတ်ပေးရပါမယ်။ WEP ၊ WAP or WAP2 စသဖြင့်ပေါ့။ မိမိက Computer နှစ်လုံးပဲ ချိတ်ဆက်လို့ ad hoc.connection ကို သုံးတယ်ဆိုရင်တော့ ၎င်း Network Adapter နှစ်ခုလုံးမှာ Encryption System တူရပါမယ်။ မိမိရဲ့ Computer ကို Wireless Signal ရဲ့ Range အတွင်းမှာထားပါ။ ပုံမှန်အားဖြင့်တော့ Indour မှာဆိုရင် ၅၀ မီတာနဲ့အောက် ချိတ်ဆက်နိုင်ပါတယ်။ Maximum Transmission ရဖို့အတွက် မိမိ Computer ကို Metal Barrier (သို့မဟုတ်) Interference ဖြစ်စေတဲ့ အခြား အကြောင်းအရာနေရာတွေရဲ့ အနီးအနားမှာထားခြင်းမှ ရှောင်ပါ။
Wireless Network Adapter က ad hoc (peer-to-peer) Networking ကို Support လုပ်နိုင်ရပါမယ်။ နောက်ပြီး Windows XP ရဲ့ Wireless Zero Configuration (WZC) Services ကိုလည်း Support လုပ်ရပါမယ်။ အကယ်၍ WZC ကို မိမိ Adapter က ခွင့်မပြုဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့ အဆင့်တွေကို လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ad-hoc network ကို ဖန်တီးဖို့ ၎င်း Adapter နဲ့လာတဲ့ Utility (Software) နဲ့ အသုံးပြုလို့ရပါတယ်။ File/Folder Drive တွေနဲ့ Printer တွေကို Sharing လုပ်ဖို့အတွက် Windows Firewall ထဲမှာ File/Printer Sharing ကို ခွင့်ပြုရမယ် (ဒါမှမဟုတ်) အခြား Firewall Software က Relevant Port ကို ဖွင့်ပေးရပါမယ်။
Credit- Original Uploader

MyanmarWebStore.com
မြန်မာနိုင်ငံရှိလုပ်ငန်းတိုင်းWebsiteရှိရမည်။
& in

Web Design and Development Service in Mandalay | Myanmar Web Store Myanmar Web Store provide web design and development services in mandalay with affordable price. For more information consult with us for free.

NAL 06/01/2024

(မြန်မာ) ChatGPT ကို ဘယ်မှာသုံးရတာလဲ?
လူသုံးအများဆုံးဖြစ်တဲ့ Messaging Channel ၃ ခုဖြစ်တဲ့ Messenger, Viber , Telegram Channel ၃ ခုစလုံးမှာ သုံးစွဲလို့ရပါတယ်။ ဘာ Sing up, Log in , Email, APK သွင်းစရာ မှမလိုပါဘူး။
Facebook Post အောက်မှာ ပုံမှန်သမားရိုးကျ ကိုယ်သိချင်တဲ့ မေးခွန်းလေးကို မန့်လိုက်တာနဲ့ NAL ရဲ့ (မြန်မာ) ChatGPT လေးက ပြန်လည်ဖြေကြားပေးသွားမှာဖြစ်သလို Messenger မှာဆိုရင် Get started နှိပ်ပြီးရင် (မြန်မာ) ChatGPT ကိုရွေးချယ်ပြီး မေးလိုရာကို ရိုက်ထည့်ပြီးမေးရုံပါဘဲ။ Telegram ဒါမှမဟုတ် Viber မှာလည်း အောက်ကပေးထားတဲ့ လင့်တွေကို နှိပ်ပြီး မေးမြန်းသွားရုံပါဘဲ။
Private Messaging Channels for (မြန်မာ) ChatGPT
Messenger -https://m.me/NALchatbot
Viber - https://nalchatbot.tiny.us/nalviber
Telegram - https://t.me/NALchat_Bot
တို့ကနေ စမ်းသပ်အသုံးပြုနိုင်ပါတယ်။
Messaging Channel ၃ ခုဆီ သွားရတာ စိတ်မရှည်ဘူးဆိုလည်း အစဉ်ပြေအောင် ခုပိုစ်ကနေ နောက်ပိုင်းတင်သမျှပို့စ်ရဲ့အောက်မှာ ကိုယ်မေးချင်တာလေး မန့်လိုက်ရင်လည်း ပြန်ဖြေအောင် စီစဉ်ပေးထားပါ့မယ်။ Private မေးမြန်းချင်တဲ့သူတွေကတော့ အပေါ်မှာ ပြထားတဲ့ Messaging Channel ၃ ခုမှာ သွားရောက်မေးမြန်းလို့ရပါတယ်။ အကန့်အသတ်မရှိမေးမြန်းချင်တဲ့သူတွေကတော့ Pro Plan ၃ ခုထဲက ကြိုက်နှစ်သက်ရာ Plan ကိုရွေးချယ်ပြီး စိတ်တိုင်းကျ မေးမြန်းနိုင်ဉီးမှာပါ။
Private မေးခွန်းတွေနဲ့ မေးမြန်းချင်တဲ့သူတွေကတော့ အပေါ်မှာ ပြထားတဲ့ Messaging Channel ၃ ခုမှာ သွားရောက်မေးမြန်းလို့ရပါတယ်။ မြန်မာလို အကန့်အသတ်မရှိ မေးမြန်းချင်တဲ့သူတွေကတော့ Pro Plan 3 ခုထဲက ကြိုက်နှစ်သက်ရာ Plan ကိုရွေးချယ်ပြီး စိတ်တိုင်းကျ မေးမြန်းနိုင်ဉီးမှာပါ။
Credit

NAL About

06/01/2024

𝐀𝐈 ရဲ့ တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ နှစ်သစ်မှာ ဘာသာစကားအသစ်သစ်တွေကို လေ့လာနိုင်ဖို့ပြင်ဆင်နိုင်ပါပြီ😎😎
ဘယ်လိုပြင်ဆင်နိုင်တာလဲဆိုတော့💁🏻‍♀️
𝐓𝐚𝐥𝐤𝐏𝐚𝐥 𝐀𝐈 နဲ့အတူ ဘာသာစကားကျွမ်းကျင်မှုကို သင်ယူရန်နှင့် တိုးတက်စေရန်အတွက် ကူညီပေးမှာဖြစ်ပါတယ်။
🤖 𝐆𝐏𝐓-𝐩𝐨𝐰𝐞𝐫𝐞𝐝 𝐀𝐈 ဘာသာစကားနည်းပြဆရာဖြစ်တဲ့ 𝐓𝐚𝐥𝐤𝐏𝐚𝐥 𝐀𝐈 နဲ့သင်
က ဘာသာစကား 𝟓𝟓+ ကျော်ကို နားထောင်ခြင်း၊ ပြောခြင်း၊ ဖတ်ခြင်းနှင့် ရေးခြင်းတို့ ပြုလုပ်နိုင်သလို 𝐓𝐚𝐥𝐤𝐏𝐚𝐥 𝐀𝐈 ကြောင့် သင့်ကိုယ်တိုင် မယုံနိုင်
လောက်အောင်ပင် အချိန်တိုအတွင်း တိုးတက်လာတာကို ခံစားရမှာပါ။
𝐀𝐈 နည်းပြဆရာနဲ့ တိုက်ရိုက်စကားပြောတဲ့အခါ 𝐓𝐮𝐭𝐨𝐫 𝐦𝐨𝐝𝐞 𝐨𝐧 ထားရမှာဖြစ်ပြီး အိမ်စာတွေပေးတာ၊ မေးခွန်းတွေမေးပြီး တခြားဘာသာစကားနဲ့ တွေးခေါ်ပေးတာ၊ နေ့စဉ်လူနေမှုဘဝမှ မတူညီသောရှုထောင့်များကိုပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။
ဥပမာ… 𝐓𝐚𝐱𝐢 ဘယ်လိုငှါးမလဲ? အစားအသောက်ဘယ်လိုမှာမလဲ? ဆရာဝန်ဆီ 𝐛𝐨𝐨𝐤𝐢𝐧𝐠 ဘယ်လိုတင်မလဲဆိုတာတွေကို 𝐓𝐞𝐬𝐭𝐢𝐦𝐨𝐧𝐢𝐚𝐥 တွေနဲ့ပါ ပြပြီး သင်ကြားပေးတာဆိုတော့ တကယ့် ဆရာတစ်ယောက်ကို အနားမှာ ကြပ်မတ်ပေးနေသလိုပဲမို့ အရမ်းမိုက်ပြီပေါ့😃😃
𝐓𝐚𝐥𝐤𝐏𝐚𝐥 အသုံးပြုဖို့ကလောလောဆယ်မှာ 𝟏𝟒 ရက် အခမဲ့ အစမ်းသုံးခွင့်ပေးမှာဖြစ်ပါတယ်။ သင်က အရမ်းကြိုက်တယ် ကိုယ့်ဘာသာစကားတိုးတက်ဖို့ တကယ်အထောက်အကူပြုတယ်ဆိုရင်တော့ 𝐩𝐚𝐢𝐝 𝐩𝐥𝐚𝐧 နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။🤗
အောက်ပါလင့်မှဝင်ရောက်အသုံးပြုနိုင်ပါတယ်။
Link : https://talkpal.ai
Credit

06/01/2024
06/01/2024

📱ဖုန်းတစ်လုံးရှိရုံနဲ့ ကျေနပ်နေပြီလား
💻နည်းပညာတွေတဖြည်းဖြည်း တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ Computer တစ်လုံးလည်းရှိဖို့လိုတယ်နော်။AIခေတ်မှာ အဆင့်မြင့်နည်းပညာများကို အဆက်မပြတ်လေ့လာဖို့ Computer တစ်လုံးမဖြစ်မနေလိုအပ်ပါတယ်။ကုန်ဈေးနှုန်းတွေ တက်နေလို့Computer တစ်လုံးဝယ်နိုင်ပါ့မလား?စိတ်မပူပါနဲ့။ မြန်မာကျပ်ငွေ ၂သိန်းမှစတင်၍ သိန်း၂၀ ဝန်ကျင်ထိ ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်စွာရောင်းချပေး သော Sun & Moon Page မှာ ကျောင်းသုံး၊ ရုံးသုံး Laptopများ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ဈေးနှုန်းမှန်ကုန်စွာဖြင့်ရောင်းချပေးလျှက်ရှိပြီး နယ်မှမှာယူလိုသူများလည်းdelivery စနစ်ဖြင့်ရောင်းချပေးနေပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျ။
Sun & Moon
☎️ 0 9 4 2 3 7 3 2 8 5 7

28/11/2023
28/11/2023
19/06/2023

ကွန်ပျုတာတစ်လုံးဝယ်တဲ့အခါ CPU Generation ဘယ်လောက်အရေးကြီးလဲ?

ကွန်ပျုတာဝယ်ဖို့ စဉ်းစားနေတာလား? အနည်းဆုံးတော့ ဒါဖတ်ပြီးမှ ဝယ်ဖို့စဉ်းစားပါ။
မဂ်လာပါခင်ဗျာ။ ဒီနေ့ ကျနော် ဝေမျှပေးသွားမယ့် အကြောင်းအရာလေးကတော့ CPU Generation အကြောင်းလေးဘဲ ဖြစ်ပါတယ်။
အရင်ဆုံးအနေနဲ့ CPU Generation အကြောင်းမပြောခင်မှာ ကွန်ပျုတာတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ အကြောင်းကို အရင်ဆုံး ရှင်းပြချင်ပါတယ်။ ကွန်ပျုတာတစ်လုံးတွင် CPU + RAM + Hard Disk + Motherboard + Power Supply + Casing ဆိုပြီး ရှိပါတယ်။ ဒီအထဲက CPU အကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ CPU ဆိုတာသည် လူတစ်ယောက်နဲ့ ဦးနှောက်နဲ့ တူပါတယ်။ အဓိက တွက်ချက်မူ့တွေ လုပ်ဆောင်ပေး ရပါတယ်။
🔴 Speed
Speed ဆိုတာက အဆိုပါ CPU သည် ဘယ်လောက်မြန်မြန် တွက်ချက်ပေးနိင်မလဲ ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ CPU Speed ကို GHz ဖြင့် တိုင်းတာပါတယ်။ ဆိုတော့ CPU Speed မြန်လေ၊ ပိုကောင်းလေ ဖြစ်တာပေါ့။ သိုပေသိ ကွန်ပျုတာတစ်လုံး အမြန်နှုန်းကိုတော့ CPU Speed တစ်ခုထဲနဲ့ ဆုံး ဖြတ်လို့ မရပြန်ဘူး။ CPU Speed မြန်ပြီးတော့ ကျန်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ RAM, Motherboard, Hard Disk တွေရဲ့ Speed တွေ နှေးတယ်ဆိုရင် ကွန်ပျုတာရဲ့ Speed မြန်လာမှာ မဟုတ်သေးဘူး။
🔴 Manufacture
CPU ထုတ်လုပ်တဲ့ Company တွေကို ပြောတာ ဖြစ်ပါတယ်။ မြန်မာနိင်ငံမှာ သုံးတဲ့ CPU Manufacture ၂ခု ရှိပါတယ်။ Intel နှင့် AMD ဖြစ်ပါတယ်။ Intel ထက်စာရင် AMD က ဈေးသက်သာပါတယ်။ Intel CPU ပါတဲ့ ကွန်ပျုတာဝယ်ရင် ဈေးပိုများနိင်ပြီးတော့ AMD CPU ပါတဲ့ ကွန်ပျုတာဝယ်ရင် ဈေးသက်သာမှာ ဖြစ်ပါတယ်။
🔴 Generation
CPU Generation ဆိုတာသည် CPU ထုတ်လုပ်ခဲ့တဲ့ ခုနှစ်ကို ပြောတယ်လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ 1 Gen, 2 Gen ဘယ်လိုခွဲရမလဲဆိုတာ ရှင်းပြပေးပါ့မယ်။ ပုံ (၂) ကို ကြည့်ပါ။ Intel (R) Core i3-4005U CPU @ 1.70GHz လို့ ရေးထားတာတွေ့ ရပါတယ်။ Intel သည် CPU ထုတ်လုပ်သော Manufacture ဖြစ်သည်။ Core i3 ဖြစ်တယ်။ Generation သည် 4 Gen ဖြစ်သည်။ 4005U ဆိုတဲ့နေရာမှာ ရှေးဆုံးက 4 နဲ့စရင် 4 Gen လို့ ယူဆနိုင်ပါတယ်။ အကယ်လို့ 5005U ဆိုရင် 5 Gen ဖြစ်ပါတယ်။ Generation အရေးကြီးကြောင်း ဘာလို့ ဒီလောက်ပြောနေရတာလဲ?
မိတ်ဆွေဝယ်လိုက်တဲ့ လက်တော့က i5 ဖြစ်ပါရဲ့။ ဒါပေမယ့် Generation က 1 Gen ဖြစ်နေရင်တော့ 2010-2011 ဝန်းကျင်လောက် ထုတ်တားတဲ့ လက်တော့ကြီးနေမှာပေ့ါ။ ဒါတောင် တခြားဟာတွေကို Compare မလုပ်သေးဘူး။ 2010-2011 ကထုတ်ထားတဲ့ လက်တော့ကြီးကို 2019 မှာသုံးနေရတဲ့ Feeling က ဘယ်လိုဖြစ်နေမလဲ? နောက်တချက် ထပ်ပြောပြပါမယ်။ ၂၀၁၄ လောက်က ဖြစ်မယ်ထင်ပါတယ်။ ဖုန်းလေးတစ်လုံးဝယ်ကိုင်လိုက်တယ်။ Samsung ကထုတ်တဲ့ Galaxy Y လေး။ စျေးလေးအများကြီး မတက်တိုင်နိင်တော့ အဲ့တာလေးကို ဝယ်သုံးလိုက်တယ်။ အဲ့ဖုန်းမှာပါတဲ့ RAM ဆိုရင် 512MB လောက်ဘဲရှိမယ်ထင်တယ်။ တိတိကျကျတော့ မမှတ်မိတော့ဘူး။
ဒီနေ့ခေတ်မှာတော့ 1GB / 2GB ဆိုတဲ့ဖုန်းတောင် သိပ်မကိုင်ချင်တော့ဘူး။ ဒါတောင် ၄နှစ် ၅နှစ်လောက် အတွင်းမှာ ပြောင်းလဲသွားတာ။ အရှေ့ကို ပြန်ဆက်ရမယ်ဆိုရင် 2010-2011 ကထုတ်ထားတဲ့ လက်တော့ကြီးသည် ဒီနေ့ခေတ်မှာ သုံးလို့ရပါတယ်။ စျေးနှုန်းလည်း သက်သာကောင်း သက်သာလိမ့်မယ်။ ဒါမေပမယ့် ကျနော်ပြောခဲ့တဲ့ ဥပမာအတိုင်း ဖြစ်မနေဘူးလား။ ၂၀၁၀-၂၀၁၁ မှာထုတ်ခဲ့တဲ့လက်တော့ကြီးကို သုံးမယ်ဆိုရင် ခုတောင် ၂၀၁၉ ရောက်နေပြီ။ နောက်ဘယ်လောက် ထိ သုံးလို့ ရမလဲ?
နောက်တစ်ခု ထပ်ပြောပြမယ်။ i5 နဲ့ i7 ဆိုရင် ပုံမှန်အတိုင်း Compare လုပ်မယ်ဆိုရင်တော့ i7 သာနိုင်ပါတယ်။ ဒါဆိုရင် i7 ကို 7 Gen လောက်နဲ့ i5 ကို 8 Gen လောက်နဲ့ Compare လုပ်မယ်ဆိုရင်ရော i7 ကသာမယ်ထင်နေတာနေတုန်းလား? မိမိဘာသာ Google မှာတချက်လောက် Compare လုပ်ကြည့်လိုက်ပါ။

မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပေးသွားကြပါဦး။

==========
ကွန်ပျုတာကို စတင်လေ့လာနေသူများအတွက် သတင်းကောင်းလေးတစ်ခု
https://m.facebook.com/story.php?story_fbid=719185393549576&id=100063743648877&mibextid=Nif5oz

ကိုကောင်းမြတ်

15/06/2023
Join group chat on Telegram 05/06/2023

AI သင်တန်း ChatGPT သင်တန်း အမည်ခံပြီး ဗမာဂျင်းတွေ အရမ်းများလာတယ်

တကယ်ဆို English လိုလေး နားထောင်မယ် ဖတ်မယ်ရင် တကယ် အရမ်းကောင်းတဲ့ ChatGPT ကလူတွေတွေ သင်တဲ့ သင်တန်းတွေ ဂိုက်တွေ အခမဲ့ ရပါတယ်။

ဒီမှာတော့ ပုံလေး ဘယ်လို ထုတ်မလဲ စာလေး ဘယ်လို ဘာသာပြန်မလဲဆိုတာလောက်နဲ့ AI သင်တန်းနာမည်ခံ ဖွင့်စားနေကြတာပဲ။ AI ဂရုဆိုတာတခုကလဲ ပုံ Generate လုပ်တဲ့ ဂရုဖြစ်နေပြီ။ အဲ့အထဲလဲ အဲ့လို ပုံထုတ်ရင် ဘယ်နှစ်သိန်းဆိုပြီး သင်ဖို့ပဲ ကြော်ငြာနေတာမြင်ရတော့ စိတ်ထဲ ကျလိကျလိဖြစ်မိတယ်။

သင်တန်းတွေဆိုတာ အဆင့်အဆင့် တက်ကြရတာ
ပထမအဆင့်အောင်မှ ဒုတိယအဆင့်တက်ကြရတာမျိုးပေါ့
အခြေခံမကောင်းရင် ပထမအဆင့်တောင် တက်လို့မရမှာမျိုး

ဒီမှာက ဘယ်သူလာလာ အကုန်တက်လို့ရတယ်ဆိုပြီး သင်တန်းကြေးယူ
ပြီးရင် အကုန်လုံးရောကော သောကော သင်ပြီး ပိုက်ဆံယူဖို့က အဓိကဖြစ်နေတာ။

ငယ်ငယ်က အီလက်ထရောနစ်သင်တန်း တက်ချင်တယ်ဆိုတာကို
ဘယ်တက္ကသိုလ်ကလဲ ကျောင်းပြီးပြီးလား အင်တာဗျူးသလို ထိုင်မေးပြီး
ဒုတိယနှစ်ဆိုတော့ အေးအဲ့တာဆို တက္ကသိုလ်ပြီးမှ ပြန်လာခဲ့ဆိုတဲ့
ဆရာတယောက်ကို သတိရမိတယ်။

တကယ်လို့ အင်္ဂလိပ်စာ ကြောက်လို့ အခု AI သင်တန်း ChatGPT ဗမာလိုသင်တဲ့ သင်တန်းတက်ရတာပါဆိုရင်တော့ လူအထင်ကြီးနည်းလားဆိုတာလောက်နဲ့ ပိုက်ဆံကုန်ခံပြီး တက်မနေပါနဲ့လို့ပဲ အကြံပေးပါရစေ။

ChatGPT က ဗမာလို ခိုင်းလို့မရသေးပါဘူး။
ဗမာလိုသင်မှ နားလည်မယ်ဆို ChatGPT ကိုလဲ ခင်ဗျားခိုင်းဖို့မလွယ်သေးပါဘူး။

ပုံ/
အင်္ဂလိပ်စာ မကောင်းသူတဦး

အောက်မှာ Prompt နမူနာနဲ့ collection တွေ ထည့်ပေးထားပါတယ်
https://ai.com မှာ အကောင့်ဖွင့်ပြီး အကုန်လုံး အခမဲ့ စမ်းသပ်နိုင်ပါတယ်။

---

OpenAI လူတွေကိုယ်တိုင် သင်ပေးတဲ့ Course
Subtitle နဲ့ Video File ကို ဒေါင်းလုပ်ဆွဲလို့ရတာမို့လို့
မကျေနပ်သေးရင် Subtitle ကို ဗမာလို ဘာသာပြန်ပြီးပါ ကြည့်လို့ရပါသေးတယ်

https://www.deeplearning.ai/courses/

---

ဘယ်က စခိုင်းရမလဲ မသိတဲ့ သူတွေ အတွက် Prompt တွေ
Discover the Collection of best ChatGPT Prompts

https://promptvine.com/

---

ကိုယ်လိုချင်တဲ့ Prompt ကို ရှာပြီး လေ့လာလို့ရမယ့်နေရာ
FIND & USE THE BEST PROMPTS

https://flowgpt.com/

---

အကောင်းစား prompt တွေ စုစည်းမှု
Explore Hundreds of the Best ChatGPT Prompts

https://www.awesomegptprompts.com/

---

Music

https://www.unite.ai/best-ai-music-generators/

https://mpost.io/top-5-ai-musicaudio-generators-to-create-royalty-free-tracks/
---

Video

https://mpost.io/7-best-text-to-video-ai-generators-powerful-and-free/

---

https://fka.gumroad.com/l/the-art-of-midjourney-ai-guide-to-creating-images-from-text?

---

https://fka.gumroad.com/l/art-of-chatgpt-prompting?

---

https://research.aimultiple.com/generative-ai-tools/

---
Crd :original writer

Join group chat on Telegram

Photos from Sun & Moon's post 28/05/2023

Printer ဝယ်ဖို့စဉ်းစားနေရင်လမ်းညွှန်ပေးလိုက်ပါတယ်နော်

22/05/2023

Windows ပြန် တင်တော့ မဲ့ မိမိ ကွန်ပျူ တာ ရဲ့ BIOS ထဲ ကို ဝင် ဖို့အတွက် Acess key ကို သိဖို့လို ပါတယ် ။ဒါမှ မိမိ စိတ်ကြိုက် BIOS ထဲ ကို ဝင် ပြီး Boot ချိန် နိုင် သလို လို သလို ပြု လုပ် လို့ ရ မှာ ပါ ။ ဒီနေ့တော့ ကွန်ပျူ တာ တိုင်း အတွက် BIOS ထဲ ကို ဝင် လို့ရ မဲ့သက်ဆိုင် ရာ (Acess ) Key လေး တွေ ကို တစ် နေ ရာ တည်း မှာ တစ် စု တစည်း ထဲ လေ့ လာ လို့ ရ အောင် ပြန် လည် မျှ ဝေ ပေး လိုက် ပါတယ်။

Acer
---------------------------------
Aspire, Power, Veriton, Extensa, Ferrari, TravelMate, Altos
ပါဝါ ဖွင့်ပြီးနောက် ( Del or F2 ) ကိုနိုပ်ပါ။
The Acer Veriton L480G အတွက် ဆို ရင် F12.
Acer Altos 600 serverဆို ရင် တော့ Ctrl+Alt+Esc key (သို့မဟုတ် ) F1 keyကိုနိုပ်ပါ။
သက်တမ်း ကြာ နေ တဲ့ Acer computers model များ ကိုတော့ F1 or Ctrl+Alt+Esc keys ကိုနိုပ်ပြီး
BIOS ကို ဝင် နိုင်ပါတယ်။

Compaq
---------------------------------
Presario, Prolinea, Deskpro, Systempro, Portable
F10 ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် နိုင်ပါတယ်။
သက်တမ်း ရင့် မော်ဒယ် Compaq computers များ F1, F2, F10, or Del key ကိုနိုပ်ပါ ။

Hewlett-Packard (HP)
-------------------------------------------------
Pavilion, TouchSmart, Vectra, OmniBook, Tablet စီးရီးများ အတွက်
F1, F10, F11 ကိုနိုပ်ပါ။
HP Tablet PCs များ အတွက် က တော့ F10 or F12. ကိုနိုပ်ပါ။
အခြား HP computers F2 (သို့ ) Esc keys ကိုနိုပ် ရ တာ လဲ ရှိ ပါတယ်။

Dell
-------------------------------
XPS, Dimension, Inspiron, Latitude. OptiPlex, Precision, Vostro
များ အတွက် Dell logo ပေါ် လာ တာ နှင့် F2ကို နိုပ်ပါ။.
Dell desktops နှင့် laptops old model များ အတွက် Ctrl+Alt+Enter or Del ( သို့မဟုတ် ).
Fn+Esc or Fn+F1.ကိုနိုပ်ပါ။

eMachines
------------------------------------
eMonster, eTower, eOne, S-Series, T-Series များ အတွက်
Tab (သို့မဟုတ် ) Del ကိုနိုပ်ပါ။
အခြား eMachine computers များ F2ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် နိုင် ပါတယ်။

Fujitsu
-----------------------
LifeBook, Esprimo, Amilo, Tablet, DeskPower များ အတွက်
F2 ကိုနိုပ်ပါ။

Gateway
---------------------------
DX, FX, One, GM, GT, GX, Profile, Astro များ အတွက်
F1 ကို နိုပ္ပါ။
မော်ဒယ် ဟောင်းနေတဲ့ computers များ F2 ကိုနိုပ်ပါ။

IBM
----------------------------------
PC, XT, AT
F1ကို ချက် ခြင်း နိုပ်ပါ။
IBM computers (အဟောင်းတွေနဲ့ laptops တစ်ချိူ့ ကတော့) F2 key ကိုနိုပ်ပေး ရပါတယ်။

Lenovo (formerly IBM)
-------------------------------------------
ThinkPad, IdeaPad, 3000 Series, ThinkCentre, ThinkStation စီးရီးများ အတွက်
F1 (သို့ ) F2 ကိုနိုပ်ပါ။
Lenovo အခြား မော်ဒယ်များ အတွက် Ctrl+Alt+F3, Ctrl+Alt+Ins, or Fn+F1 ကို တွဲ နိုပ်ပါ။

Micron (MPC Computers)
---------------------------------------------
ClientPro, TransPort များ အတွက်
F1, F2(သို့ ) Delကိုနိုပ်ပါ။

NEC
---------------------------
PowerMate, Versa, W-Series များ အတွက်
F2 ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် ရောက်ပေး ပါ။

Packard Bell
-------------------------------------
8900 Series, 9000 Series, Pulsar, Platinum, EasyNote, imedia, iextreme များ အတွက်
F1, F2,(သို့ ) Del ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် ပါ။

Samsung
--------------------------------
Series 'x' laptops များ အတွက်
F2ပါ။

Sharp
-----------------------------
Notebook Laptops, Actius UltraLite များ အတွက်
F2 ပါ။
အရမ်း ဟောင်း နွမ်း နေ တဲ့Sharp PCs များ အတွက် (Setup Diagnostics Disk ) ကိုအသုံးပြု ပြီး BIOS ထဲ ကို ဝင် ပါ။

Shuttle
----------------------------
Glamor G-Series, D'vo, Prima P2-Series, Workstation, X Mini XPC, Surveillance
F2 (သို့ ) Del ကိုနိုပ်ပါ။

Sony
---------------------------
VAIO, PCG-Series, VGN-Series များ အတွက်
F1, F2 or F3 ကိုနိုပ်ပါ။

Toshiba
---------------------------------
Portg, Satellite, Tecra, Equium များ အတွက်
F1 (သို့ ) Esc ကီး ကို နိုပ်ပါ။
Press F12 on a Toshiba Equium.

Ausu

F2 (သို့) Del ကိုနိုပ်ပါ ။

Credit - အိုင်တီကွန်ပြုတာ

22/05/2023

Run box အတွင်းမှ အသုံးတည့် Search key များ

အားလုံးဘဲ အသုံးတည့်မယ်လို့ထင်လို့ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

1. Run (box) ကိုဖွင့်ဖို့ရာ မခက်ပါ။ Windows logo key+ R ကီးကို နှိပ်လိုက်ပါ

2. Windows 7 မှာ Start > Search (search programs and files) (box) ကိုသုံးပါတယ်။

3. Component Services (box) ကိုဖွင့်ဖို့ရာ dcomcnfg လို့ရိုက်ထည့်ပါ

4. Add/Remove Programs ကိုဖွင့်ချင်ရင် Search မှာ appwix.cpl လို့ရိုက်ထည့်ပြီး Enter ကီးနှိပ်ရင်လည်း program > Program and Feature (box) ပွင့်ပါတယ်။

5. Administrative Toolas (box) ပွင့်ဖို့ရာ Run (box) မှာ control admintools လိုရိုက်ထည့်ပါ။ Search မှာ ရိုက်လို့မရပါ။

6. Calculator ကိုဖွင့်ဖို့ရာ clac လို့ရိုက်ထည့်ပါ

7. Character map ကိုဖွင့်ဖို့ရာ charmap သို့မဟုတ် char လို့ရိုက်ထည့်နိုင်ပါတယ်။

8. Certificate Manager (box) ကိုဖွင့်ချင်ရင် ‘certmgr.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။

9. Authorization Manager (box) ကိုဖွင့်ချင်ရင် ‘azman.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

10. Check Disk Utility အတွက် chkdsk လို့ရိုက်ထည့်ပါ။ တစ်ခါတည်း check disk လုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် Run (box) မှာ cmd လို့ရိုက်ထည့်ပြီး Command Prompt ပေါ်လာမှ၎င်းမှာ chkcsk (check disk) ကိုသုံးခြင်းဖြစ်ပါတယ်။

11. Control Panel ကိုဖွင့်ချင်ရင် control လို့ရိုက်ထည့်ပါ။ ထို့အတူ Command Prompt အတွက် cmd.exe သို့မဟုတ် cmd လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

12. Device Manager ကိုတိုက်ရိုက်ဖွင့်ဖို့ရယ devmgmt.msc လို့ရိုက်ထည့်ပါ။ ရှည်တယ်ထင်ရင် device m လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်နိုင်ပါတယ်။

13. Disk Management လုပ်ငန်းစဉ်အတွက် diskmgmt.msc လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

14. Computer Management ကိုဖွင့်ချင်ရင် compmgmt.msc လို့ရိုက်ထည့်ပါ။ Command အသစ်က Comp Mgmt Launcher ဖြစ်ပါတယ်။

15. Date and Time properties ကိုဖွင့်ချင်ရင် timedate.cpl လို့ရိုက်ထည့်ပါ။ date သို့မဟုတ် time လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

16. Disk Cleanup Utility ကိုသုံးချင်ရင် cleanmgr လို့ရိုက်ထည့်ပါ။ clean လို့ရိုက်ရင်လည်း Disk Cleanup ပေါ်ပါတယ်။

17. Direct X Troubleshooter သို့မဟုတ် DirectX Diagnostic Tool ကိုဖွင့်ချင်ရင် dxdiag လို့ရိုက်ထည့်ပါ။

18. Defragment User Interface သို့မဟုတ် Disk Defragmenter လုပ်ချင်ရင် defrag လို့ရိုက်ထည့်ပြီး Disk Defragmenter ကို ရွေးချယ်ဖွင့်နိုင်ပါတယ်။ Command အသစ်က dfrgui ဖြစ်ပါတယ်။

19. Degitizer Calibration Tool ကို သုံးဖို့ရာ tabcal လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။ tabcal.exe ဟာ Window OS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး digital calibrate လုပ်တဲ့ tool လည်းဖြစ်ပါတယ်။

20. Display Properties (box) သို့မဟုတ် Display > Screen Resolution ကိုဖွင့်ချင်ရင် desk.cpl လို့ရိုက်ထည့်ပါ။ control desktop လို့ရိုက်ထည့်ရတယ်လို့ရေးထားပေမယ့် လက်တွေ့အားဖြင့် Systerm Properties (box) ပေါ်ပါတယ်။ Run (box) မှာ ရိုက်ထည့်ရင်လည်း Appearance and Personalization > Personalization (box) ပေါ်ပါတယ်။ File Signature Verification Tool ကိုဖွင့်ဖို့ရာ sigverif လို့ရိုက်ထည့်ပါ။ ၎င်းဟာ ဝင်းဒိုးစ်စနစ်ရဲ့ တည်တံ့ခိုင်မြဲမှုအတွက် အထောက်အကူပြုပေးပါတယ်။ အရေးကြီးတဲ့ စနစ်ဖိုင်များကို ပြင်လို့၊ ပြောင်းလို့မရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဖိုင်ကို logging လုပ်တဲ့သဘောလည်းဖြစ်ပါတယ်။

21. Disk Part ဟာ ဟာ့ဒ်ဒစ်ရဲ့ disks, partitions, volumes ကဲ့သို့သော object များကို စီမံမှုပြုပေးနိုင်တဲ့ text-mode command တစ်ခုဖြစ်ပါတယ်။ Disk Parmelonion Manager အဖြစ်လုပ်ဆောင်ပေးပါတယ်။ ၎င်းအတွက် Search မှာ diskpart လို့ရိုက်ထည့် နိုင်ပါတယ်။

22. DPI Scaling သို့မဟုတ် Appearance and Personalization > Display (box) ကိုဖွင့်ဖို့ရာ dpiscaling လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

23. Search သို့မဟုတ် Run (box) မှာ verifier လို့ရိုက်ထည့်ရင် Driver Verifier Manager (box) ပေါ်ပါတယ်။ Reset လို့လည်း ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် Search မှာလည်း reset ရိုက်ထည့်တဲ့အခါ Forgetten Password Wizard သာပေါ်ပါတယ်။

24. DVD Player ဖွင့်ဖို့ရာ dvdplay လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ် တစ်ခုဖြစ်ပါတယ်။ DVD drive ထဲမှာ DVD ချပ်ထည့်ထားဖို့လိုပါမယ်။

25. ‘rekeywiz’ လို့ရိုက်ထည့်ရင် Encryption File System (box) ပေါ်ပါမယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

26. Event Viewer ကိုဖွင့်ချင်ရင် eventvwr.msc လို့ရိုက်ထည့်ပါ။

27. ‘fxscover’ လို့ရိုက်ထည့်ရင် Cover Page-Fax Cover Page Editor (box) ပေါ်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

28. Folder Option ကိုဖွင့်ဖို့ရာ Run (box) မှာ control folders လို့ရိုက်ထည့်ပါ။ Search မှာထည့်လို့မရပါ။ Search မှာ Folder option လို့ရိုက်ထည့်နိုင်ပါတယ်။ ‘fold’ လို့ရိုက်ထည့်တာနဲ့တင် menu မှာ Folder Options ပေါ်နေပြီး ၎င်းကိုရွေးချယ်ကာ Enter ကီးနှိပ်ပေးနိုင်ပါတယ်။

29. Windows ထဲက Font folder ကိုဖွင့်ဖို့ရာ Run (box) မှာ command fonts လို့ရိုက်ထည့်ပါ။ Search မှာ control fonts ရိုက်ထည့်လို့ မပွင်ပါ။ Search မှာ fonts လို့ရိုက်ထည့်ပြီး enter ကီးနှိပ်ရင်လည်း ရပါတယ်။

30. Free Cell Card Game ကစားချင်ရင် frell cell လို့ Search မှာရိုက်ထည့်ပါ။

31. Group Policy Editor ထဲဝင်ပြီး ပြင်ချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် Search မှာ gpedit.msc လို့ရိုက်ထည့်ပါ။ Local Group Policy Editor (box) ပေါ်လာပါမယ်။

32. အင်တာနက်အတွက် Internet Explorer ကိုဖွင့်ချင်ရင် iexplore လို့ရိုက်ထည့်နိုင်ပါတယ်။ အင်တာနက် connection ရှိတယ်ဆိုရင် Windows Internet Explorer-home page ပေါ်လာပါမယ်။ Search မှာ int လို့ရိုက်တာနဲ့တင် menu မှာ Internet Explorer ကိုတွေ့ရပါမယ်။ Enter ကီးကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်။ IExpress Wizard အတွက် iexpress လို့ရိုက်ထည့်ပါ။

33. Keyboard Properties ကိုဖွင့်ဖို့ရာ Search မှာ k လို့စရိုက်တာနဲ့ menu မှာ Keyboard ကိုတွေ့ရပါမယ်။ ၎င်းကိုရွေးချယ်ပြီး Enter ကီးကိုနှိပ်ပါ။။ Keyboard Properties ပေါ်ပါမယ်။ Run box မှာ control keyboard လို့ရိုက်ထည့်ရင်လည်း Keyboard Properties (box) ပေါ်ပါတယ်။ Windows 7 ရဲ့ Seach မှာ control keyboard လို့ရိုက်ထည့်ရင်လည်း ‘Use the computer without a muose or keyboard’ ပေါ်လာပါမယ်။

34. Windows 7 Search မှာ keyboard လို့ရိုက်ရင် On-Screen Keyboard ပေါ်ပါတယ်။ osk လို့လည်း အတိုရိုက်ထည့်နိုင်ပါတယ်။ သို့မဟုတ် Windows key+U ကိုနှိပ်ပြီးပေါ်လာတဲ့ Ease of Access Center မှ On-Screen Keyboard (icon ) ကို click လုပ်ပြီး ဖွင့်ပါ။

35. Internet Properties (box) ဖွင့်ဖို့ရာ inetcpl.cpl လို့ရိုက်ထည့်နိုင်ပါတယ်။

36. Ip Configuration လုပ်ဖို့ရာ ipconfig.exe လို့ရိုက်ထည့်ပါ။ Configure လုပ်တာမြန်လို့ သင်မြင်လိုက်ရမယ်မဟုတ်ပါ။

37. ISCSI Initiator အတွက် iscsicpl လို့ရိုက်ထည့််နိုင်ပါတယ်။ ကွန်ပျူတာမှာ SCSI တပ်မထားလို့ iSCSI service အလုပ်လုပ်မယ်မဟုတ်ပါ။ SCSI ရှိရင် iSCSI Initiator Properties (box) ပေါ်လာပါလိမ့်မယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

38. Search မှာ explorer လို့ရိုက်ထည့်ရင် Libraries ပေါ်ပါမယ်။ Windows key+ E ကီးများကိုနှိပ်ပြီး ပေါ်လာတဲ့ box ကနေ Libraries ကို ကလစ်လုပ် ဖွင့်နိုင်ပါတယ်။

39. Local Security Setting အတွက် secpol လို့ရိုက်ထည့်ပါ။ Local Security Policy (box) ပေါ်လာပါမယ်။

40. Logs You Out Of Windows အတွက် logoff လို့ရိုက်ထည့်ရင်လည်း ကွန်ပျူတာ logoff ဖြစ်သွားပါလိမ့်မယ်။

41. Lusrmgr (Local User and Groups) box အတွက် lusrmgr.msc လို့ရိုက်ထည့်နိုင်ပါတယ်။

42. Microsoft Support Diagnostic Tool အတွက် msdt လို့ရိုက်ထည့်ပါ။ Command အသ်စတစ်ခုဖြစ်ပါတယ်။

43. Microsoft Paint ကိုဖွင့်ချင်ရင် mspaint.exe လို့ရိုက်ထည့်နိုင်ပါတယ်။ paint လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

44. Mouse Properties ကိုဖွင့်ဖို့ရာ Search မှာ mouse လို့ရိုက်ပြီး menu က Mouse ကို ကလစ်လုပ် ရွေးချယ်ပါ။ Mouse Properties (box) ပေါ်ပါမယ်။ Run box မှာ control mouse လို့ရိုက်ထည့်ရင်လည်း Mouse Properties (box) ပေါ်ပါတယ်။ Search သို့မဟုတ် Run (box) မှာလည်း main.cpl လို့ရိုက်ထည့်လည်း ရပါတယ်။ Windows 7 ရဲ့ Search မှာ Control mouse လို့ရိုက်ထည့်တော့ ‘Use the computer without a mouse or keyboard’ ပေါ်ပါလိမ့်မယ်။

45. Windows Mobility Center အတွက် mblctr လို့ရိုက်ထည့်ပါ။ သို့မဟုတ် Windows key+ X ကို နှိပ်ပါ။ Laptop ကဲ့သို့ mobile ကွန်ပျူတာများအတွက်သာဖြစ်ပါတယ်။ ပီစီကွန်ပျူတာမှာ ဘာမှပေါ်မယ် မဟုတ်ပါ။

46. Network connection အတွက် Run box မှာ control connections လို့ရိုက်ထည့်နိုင်ပါတယ်။ ncpa.cpl လို့လည်း ရိုက်ထည့်ကြည့်ပါ။ Local Area Connection ပေါ်ပါမယ်။

47. Notepad ကိုဖွင့်ချင်ရင် notepad လို့ရိုက်ထည့်ပါ။ Wordpad ကိုဖွင့်ချင်ရင် writepad လို့ရိုက်ထည့်ပါ။

48. OBDC Data Source Administration (box) ကိုဖွင့်ဖို့ရာ odbcad32 လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

49. Power Configuration ပြုလုပ်ဖို့ရာ powercfg.cpl လို့ရိုက်ထည့်ပါ။ Power Option (box) ပေါ်လာမှာပါ။

50. Phome and Modem Options အတွက် telephon.cpl လို့ရိုက်ထည့်ပါ။

51. Printers and Faxes ကိုဖွင့်ဖို့ရာ control printers လို့ရိုက်ထည့်နိုင်ပါတယ်။ အဲဒီမှာ ပရင်တာများသာမက အခြားသော device များကိုလည်း ထပ်ထည့်နိုင်ပါတယ်။

52. Printer Migration အတွက် Print BrmUi လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

53. Optional Features Manager သို့မဟုတ် Windwos Features အတွက် optional features လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

54. Performance Monitor ကိုဖွင့်ဖို့ရာ perfmon.msc လို့ ရိုက်ထည့်ပါ။

55. Regional Settings ကိုဝင်ရန် သို့မဟုတ် ပြင်ရန် intl.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

56. Private Character Editor သို့ဝင်ဖို့ရာ eudcedit လို့ရိုက်ထည့်ပါ။

57. Resultant Set of Policy အတွက် rsop.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

58. အသုံးအများဆုံး command ဖြစ်ပါတယ်။ Registery Editor ကိုဝင်ဖို့ရာ regedit.exe လို့ ရိုက်ထည့် နိုင်ပါတယ်။ regedit ဆိုရင်လုံလောက်ပါတယ်။

59. Windows Remote Assistance အတွက် msra လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။ MSRA ဟာ MS Remote Assistance ကို ဆိုလိုပါတယ်။

60. Remote Desktop အတွက် mstsc လို့ရိုက်ထည့်နိုင်ပါတယ်။ mstsc.exe ဟာ terminal services command ဖြစ်ပါတယ်။

61. Scheduled Tasks သို့မဟုတ် Task Scheduler ကိုဖွင့်ရန် Run (box) တွင် control schedtasks လို့ ရိုက်ထည့်ပါ။ Search မှာရိုက်ထည့်ပါက မပေါ်ပါ။

62. Services (box) ကိုဖွင့်ဖို့ရာ services.msc လို့ရိုက်ထည့်ပါ။

63. Security Center အတွက် wscui.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

64. Shared Folders ကိုဖွင့်ရန် fsmgmt.msc လို့ ရိုက်ထည့်ပါ။

65. Sound Recorder အတွက် soundrecorder လို့ ရိုက်ထည့်ပါ။ Audio recording device မရှိရင် မပေါ်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

66. Sound Volume အတွက် sndvol လို့ ရိုက်ထည့်ပါ။ Volume Mixer (Speaker) box ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

67. Spider Solitare Card Game ကစားဖို့ရာ spider လို့ရိုက်ထည့်ပါ။

68. System Configuration Editor အတွက် sysedit လို့ ရိုက်ထည့်နိုင်ပါတယ်။

69. Stored User Names and Passwords ကို Backup သို့မဟုတ် Restore ပြုလုပ်ဖို့ရာ credwiz လို လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်ဖြစ်ပါတယ်။

70. Sticky Note ဖော်ထုတ်ဖို့ရာ Stiky Not လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

71. System File Checker Utility အတွက် sfc လို့ရိုက်ထည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်မြန်လို့ မြင်ရမယ် မဟုတ်ပါ။

72. System Configuration Utility အတွက် msconfig လို့ ရိုက်ထည့်နိုင်ပါတယ်။

73. သင့်ကွန်ပျူတာ System Information ကိုကြည့်ချင်ရင် msinfo32 လို့ရိုက်ထည့်ပါ။

74. System Properties ကိုဖွင့်ဖို့ရာ sysdm.cpl လို့ရိုက်ထည့်ပါ။ Windows key+Pause/Break ကီးများနှိပ်ရင်လည်း ရပါတယ်။

75. Windows Backup Utitily သို့မဟုတ် Backup and Restore အတွက် sdclt လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

76. Sound and Audio အတွက် mmsys.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။ Sound (box) ပေါ်လာပါမယ်။ Shared Folders ကိုဖွင့်ဖို့ fsmgmt.msc လို့ ရိုက်ထည့်ပါ။

77. Task Manager ကိုဖွင့်ဖို့ရာ taxkmgr လို့ ရိုက်ထည့်ပါ။

78. Windows OS ကိုပိတ်ဖို့ရာ shutdown လို့ရိုက်ထည့်ပါ။ Search မှာ shutdown လို့ ရိုက်ထည့်ရင် ‘Change what the power buttons do’ နဲ့ ‘Choose when to turn off display’ ဆိုပြီး လုပ်ဆောင်ချက် နှစ်မျိုးတွေ့ရပါမယ်။

79. ‘Change what the power buttons do’ ကိုရွေးချယ်ပါက Power > System Setting ပေါ်လာပြီး ၎င်းမှာ power button နဲ့ sleep button တို့ကို သတ်မှတ်နိုင်ပါတယ်။ ‘Choose when to turn off display’ ကိုရွေးချယ်ပါက display ကို ဘယ်နှမိနစ်ကြာမှ ခေတ္တ (turn off) ပိတ်ထားမယ်နဲ့ ကွန်ပျူတာကို ဘယ်နှမိနစ်အကြာမှာ sleep လုပ်မယ်ဆိုတာကို သတ်မှတ်နိုင်ပါတယ်။

80. Utility Manager အတွက် utilman လို့ ရိုက်ထည့်ပါ။

81. User Accounts ကိုဖွင့်ဖို့ရာ netplwiz လို့ ရိုက်ထည့်ပါ။ Run (box) တွင် controluserpasswords2 လို့ ရိုက်ထည့်လည်း ရပါတယ်။

82. Windows Fax and Scan ကိုဖွင့်ဖို့ရာ wfs လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

83. Windows Firewall with Advance Security ကိုဖွင့်ဖို့ရာ wf.msc လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

84. Windows Activation ပြုလုပ်ဖို့ရာ slui လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

85. Windows Media Player ကိုဖွင့်ဖို့ရာ wmplayer လို့ ရိုက်ထည့်ပါ။

86. Search မှာ magnify လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ display မြင်ကွင်းမှာ စာလုံးတွေ၊ ပုံတွေ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ မှန်ဘီလူးနဲ့ ကြည့်လိုက်တဲ့ သဘောပါ။

87. Windows Management Infrastructure သို့မဟုတ် wmimgmt [Console Root\WMI Control(local)] ကိုဖွင့်ဖို့ရာ wmimgmt.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

88. Windows System Secutity Tool သို့မဟုတ် Securing the Windows Account Database ကိုဖွင့်ဖို့ရာ syskey လို့ ရိုက်ထည့်နိုင်ပါတယ်။

89. Windows Share Creation Wizard ကိုဖွင့်ဖို့ရာ shrpubw လို့ ရိုက်ထည့်ပါ။ Create A Shared Folder Wizard (box) ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

90. Windows Firewall အတွက် firewall.cpl လို့ ရိုက်ထည့်ပါ။

91. Trusted Plattform Module အတွက် TpmInit လို့ ရိုက်ထည့်နိုင်ပါတယ်။ Network connection ရှိမှ ဒီ Command ဟာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

92. Windows Image Acquisition အတွက် wiaacmgr လို့ရိုက်ထည့်ပါ။ ၎င်းဟာ scanner အတွက်ဖြစ်လို့ scanner ကို install လုပ်မှသာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

93. Windows Update App Manager သို့မဟုတ် Windows Update ကိုဖွင့်ဖို့ရာ wuapp လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

94. Windows Standdalong Update Manager အတွက် wusa လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

မှတ်ချက်- အထက်ပါ command များကို Start > Search မှာ ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် အချို့ကို Run (box) မှာ ရိုက်ထည့်မှသာ အလုပ်လုပ်တာကို တွေ့ရှိရပါတယ်။

Own Writer

Videos (show all)

instantinvoiceapk

Website