Ei lay

Ei lay

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei lay, Health/Beauty, .

16/10/2021

Skin careနည်းလေးတွေ skin care setလေးတွေအကြောင်း sharing လုပ်ပေးမှာမို့ pageလေးကို like&followလေးထားပေးဖို့မမေ့နဲ့နော်

Photos from Ei lay's post 10/10/2021

AQ အသင့်ချက်....💛💚💙

ဒံပေါက်
နတ်သုဒ္ဓါ
အုန်းထမင်း
ကြက်ဆီထမင်း
ထောပတ်ထမင်း

လူ 7ယောက်စာ တစ်ထုပ်ကိုမှ 6000 ကျပ်...💜

လူမျိုးဘာသာမရွေး စားသုံးနိုင်ပြီး...ဘယ်အရပ်ဒေသကိုရောက်ရောက် မီးသွေးမီးဖိုနဲ့ဘဲဖစ်ဖစ် ထင်းမီးဖိုနဲ့ဘဲဖစ်ဖစ်ချက်စားလို့ရပါတယ်နော်....💙

5 ထုပ်ကစပြီးကိုယ်စားလှယ်ယူလို့ရတဲ့အပြင်....5 ထုပ်နဲ့ကိုယ်စားလှယ်စယူသူတိုင်း အောက်မှာပြထားတဲ့ စိန်းနားကပ်လေး ၃ရံ ကံစမ်းခွင့်ရမှာဖြစ်ပါတယ်နော်....💚

10 ထုပ်ယူရင်လဲ 1 ထုပ်အပိုရသေးတယ်နော်....💛

07/10/2021

AQmartအသင့်စားဒံပေါက်ထုတ်လေးတွေကခုမှာခုရနော်
7ယောက်စာမှ 6000ဆိုတော့ရှယ်တန်

Photos from Ei lay's post 04/10/2021

မင်မင် အသစ်လေးရောင်းပေးမှာကတော့
အရမ်းစားကောင်းပြီး
အရမ်းရောင်းရတဲ့
အသင့်စား ဒံပေါက် ထောပတ်ထမင်း
နတ်သုဒ္ဒါ ကြက်ဆီထမင်းလေးတွေပါ
6000ကို 7ယောက်လောက်စားလို့ရတော့ သိပ်အဆင်ပြေတာပေါ့
#ပဲနွယ်ကုန်းကိုယ်စားလှယ်

Photos from Ei lay's post 23/09/2021

ဝမ်းချူပ်တာဟာ ခန္ဒာကိုယ်အတွက် လုံးဝမကောင်းပါ🙅
ကျန်းမာရေးအရ နေ့စဉ် ဝမ်းမှန်မှ အပူအပုတ်တွေ ကင်းပြီး ခန္ဓာကိုယ် ကျန်းမာစေပါတယ်🥰

အစာမကြေ ရင်ပြည့်ရင်ကယ် 🙆
စားမဝင် အိပ်မပျော် ဝမ်းချူ ပ်သူများအတွက် လာပါပြီ😍

နုပျိူ ကို ညအိပ်ခါနီး တစ်ဇွန်းပဲစား ရေအဝသောက်အိပ်ပါ 😋
တစ်နေ့တာ ဝမ်းမှန်စေပြီး ကျန်းမာသွက်လက်စေပါတယ်🤗

#နုပျိူသဘာဝရှားဇောင်းလက်ပတ်ချက်ဆေး
#မြန်မာတစ်နိုင်ငံလုံးပို့ပေးပါတယ်

Photos from Ei lay's post 23/09/2021

Period Timeကာလတွေမှာရီရီမောမော ဖြတ်ကျော်နိုင်ဖို့ နုပျိုသဘာဝရှားစောင်းလက်ပတ်ချက်ဆေးလေး
ရှိဖို့တော့လိုတယ်နော်👻💚

ဆီးဝမ်းသွေးလေမှန်ပီး နုပျိုကျန်းမာသွက်လက်စေဖို့ နုပျိုသဘာဝရှားစောင်းလက်ပတ်ချက်ဆေးလေး
ဆောင်ထားကြစို့🌿

#နုပျိုသဘာဝရှားစောင်းလက်ပတ်ချက်ဆေး

Photos from Ei lay's post 23/09/2021

ဝမ်းချူပ်တာဟာ ခန္ဒာကိုယ်အတွက် လုံးဝမကောင်းပါ🙅
ကျန်းမာရေးအရ နေ့စဉ် ဝမ်းမှန်မှ အပူအပုတ်တွေ ကင်းပြီး ခန္ဓာကိုယ် ကျန်းမာစေပါတယ်🥰

အစာမကြေ ရင်ပြည့်ရင်ကယ် 🙆
စားမဝင် အိပ်မပျော် ဝမ်းချူ ပ်သူများအတွက် လာပါပြီ😍

နုပျိူ ကို ညအိပ်ခါနီး တစ်ဇွန်းပဲစား ရေအဝသောက်အိပ်ပါ 😋
တစ်နေ့တာ ဝမ်းမှန်စေပြီး ကျန်းမာသွက်လက်စေပါတယ်🤗

#နုပျိူသဘာဝရှားဇောင်းလက်ပတ်ချက်ဆေး
#မြန်မာတစ်နိုင်ငံလုံးပို့ပေးပါတယ်


#နုပျို crd

Photos from Ei lay's post 23/09/2021

ဝက်ခြံ အမဲစက်တွေဝေးဝေးဒိုးစေချင်ရင်
𝙄𝘽 𝙨𝙤𝙖𝙥လေးသာဆောင် ဝက်ခြံအပြင်
အမဲစက်တွေပါလျော့စေတယ်

Photos from Ei lay's post 26/08/2021

အဆီဖုတွေ ထပ်မပေါက်တော့အောင်
ဘာတွေ လုပ်သင့်လဲ ?

ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ

၁. ရေများများသောက်ပါ.

၂. ဝမ်းမချုပ်စေပါနဲ့

၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ
မပြောင်းချင်ပါနဲ့

၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ

၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့
တစ်ခါ သန့်ရှင်းပေးပါ

၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့

၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့
( မိတ်ကပ်ဖျက်ဆေးဖြင့်)

၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ
တတ်နိုင်ရင် ခေါက်ဆွဲခြောက်ရှောင်ပါ

၉. ဆံပင် စည်းထားပါ(၂ရက်တခါလျှော်ပေးရင်ပိုကောင်းပါတယ် ဆံပင်အဆီမပြန်ပါစေနဲ့)

၁၀. Skincare မလိမ်းဘဲ မိတ်ကပ်
လုံးဝ မလိမ်းပါနဲ့

၁၁. အိပ်ရေးမပျက်စေပါနဲ့

ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ
မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း
လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါ
ပြောင်းလဲပစ်ရပါမယ်. အစားအသောက်,
အနေအထိုင်, အဓိက ကျန်းမာရေး
လိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.

အခု ရေးပေးတဲ့ အချက်တွေကိုလည်း
လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေးသေချာမှန်မှန်
လုပ်ပေးမယ်ဆိုရင် အဖုတွေ
ကင်းတဲ့ မျက်နှာ ကို မကြာခင်
ပိုင်ဆိုင်ရမှာပါ...

19/08/2021

ဆံပင်အရှည်နှေးလို့ စိတ်မရှည်တဲ့ သူတွေအတွက် တစ်လအတွင်း သိသိသာသာ ဆံပင်ရှည်စေမည့်နည်လမ်း

ဆံပင်က ဒုတိယမျက်နှာဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။

ဆံပင်ပုံစံကကိုယ်နဲ့မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိပါပဲ။

ဆံပင်အရှည်ထားချင်ပေမယ့် စိတ်မရှည်တဲ့သူတွေအနေနဲ့ တစ်လအတွင်းဆံပင်ရှည်လွယ်ပြီးတောက်ပြောင်စေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မကြာခဏအဖျားတိပေးပါ

ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့အစိတ်အပိုင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်

တဲ့အတွက် ဆံပင်ကိုကျန်းမာတောက်ပြောင်တဲ့အသွင်မျိုးဖြစ်စေပါတယ်။

(၂) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ

ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေးတာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင်ကာကွယ်ပေးပြီး ဆံပင်ပိုရှည်အောင် အားပေးပါတယ်။

ဒါကြောင့် ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးကိုမဖြစ်မနေသုံးပေးပါ။

(၃) သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်ပါ

ဆံပင်ရှည်လွယ်ချင်သူတွေအနေနဲ့ သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်တဲ့နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။

ကြက်သွန်နီတစ်လုံးကို အတုံးလေးတွေဖြစ်အောင်ကြိတ်ပြီးအရည်ညှစ်ပါ။

ရလာတဲ့အရည်ကို သံလွင်ဆီအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာနာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာရှည်လာတာကို တွေ့ရပါလိမ့်မယ်။

(၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါဆံပင်ရှည်လွယ်ချင်သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက်အပူမထိအောင်ထိန်းသိမ်းသင့်ပါတယ်။

ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစင်အောင်သုတ်ပြီးသဘာဝအတိုင်းအခြောက်ခံတာအကောင်းဆုံးပါ။

အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကိုသေသေချာချာလိုက်နာပြီး လုပ်ပေးမယ်ဆိုရင် တစ်လအတွင်းဆံပင်အရှည်မြန်လာတာကို တွေ့ရပါလိမ့်မယ်။

Photos from Ei lay's post 19/08/2021

💝IB soap ရဲ့ face အတွက်ကောင်းကျိုး💝

📌ဆားဝက်ခြံတွေအမြစ်ဖြတ်မယ်
📌ဝက်ခြံတွေ ကိုတိုက်ထုတ်မယ်
📌တစ်နေကုန် glowစေမယ်

💝body အတွက်ကောင်းကျိုး🛀

📌နဂိုအသားအရည်ထက်တစ်ဆင့်ဖြူမယ်
📌မနက်ရေချိုးညနေအထိ အနံစွဲမယ်
📌ဂျိုင်း‌ချွေးနံ့ကို လည်းကာကွယ်ထိန်းချုပ်ပေးမယ်

💓ကဲ 6500နဲ့မတန်တဲ့ရလဒ်တွေအများကြီးဘဲနော် သုံးကြည့်ကြိုက်သွားစေရမယ် အနံ့လေးနဲ့တောင်ရူးသွားစေမယ်

#10ခဲကနေစပီး လက်ကားစျေးပေးပါတယ်နော် 😍

18/08/2021
18/08/2021
18/08/2021

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

အဆီပြန်တာက အမွေရတာပါ
တော်တော်များများသတိမထားမိတဲ့အချက်ကအသားအရေအမျိုးအစားတွေဆိုတာကလည်း အမွေဆက်ခံမှုတစ်ခုပါပဲနော်။ အထူးသဖြင့် အဆီပြန်တတ်တဲ့ အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ပေါင်းစပ်အသားအရေဆိုတာတွေကမေမေဖေဖေတို့ဆီကနေ ဆက်ခံထားတဲ့အမွေတစ်ခုပါပဲနော်။ အဆီပြန်ရတယ်ဆိုတာက Sebumတွေအရမ်းထွက်လို့ပါ။ ဒီလိုဆိုတာနဲ့ Sebum က မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး စိုပြေနေစေဖို့က Sebumလေးရှိမှာဖြစ်မှာပါ။ ဒါပေမယ့် အရမ်းများလွန်းရင်တော့ချွေးပေါက်တေါကျယ်စေပြီး အဆီတွေပြန်စေတော့တာပေါ့။ ဒီလိုမျိုးမှာ အပြင်ကို အဆီတွေထွက်မလာဘူးဆိုရင်လည်းချွေးပေါက်တွေထဲမှာ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ပေါင်းလို့ ချွေးပေါက်ပိတ်ပြီး အရေပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။

အဆီပြန်တတ်သူလား
အသားအရေအမျိုးအစားတစ်ခုချင်းစီတိုင်းမှာ သူ့ပုံစံနဲ့သူရှိတတ်ကြပါတယ်။ အဆီပြန်တတ်သူတွေမှာဆိုရင်တော့ –

အသားအရေက အဆီကြောင့် ပြောင်ပြောင်လေးဖြစ်နေမယ်
ထိလိုက်ရင်စေးကပ်ကပ်ဖြစ်နေမယ်
ချွေးပေါက်လေးတွေ ကျယ်နေမယ်( လိမ္မော်ခွံလိုမျိုး အပေါက်လေးတွမြင်နေရမယ်)
ဘာလူးထားထားမျက်နှာမှာ ကြာကြာမခံဘူးဆိုရင်တော့ သင်က အဆီပြန်တဲ့ အသားအရေပိုင်ရှင်လေးပါနော်။
ဘယ်လိုစမ်းသပ်မလဲ

မျက်နှာကို အရင်ဆုံးသစ်လိုက်ပါ။
ဘာမှမလိမ်းဘဲ တစ်နာရီလောက်ထားပါ။
တစ်သျှူးစသန့်သန့်လေးတစ်ရွက်ကို ယူပြီး မျက်နှာရဲ့ T-Zoneဖြစ်တဲ့ နှာဖူး၊နှာခေါင်း၊မေးစေ့တို့ကို တို့သုတ်လိုက်ပါနော်။
ပြီးရင် တစ်သျှူးမှာ အဆီတွေအများကြီးပါလာရင် အဆီပြန်တဲ့ အသားအရေဆိုတာသေချာသွားပါပြီနော်။
အသားအရေစထိန်းကြစို့
အဆီပြန်တတ်သူသေချာသွာပြီဆိုရင်တော့ ဒီအဆင့်လေးတွေ ဆက်လုပ်ကြမယ်နော်။

ရေနွေးနွေးလေးသုံးမယ်

မျက်နှာကို တဘက်စသန့်သန့်လေးမှာရေနွေးနွေးလေး ဆွတ်ပြီး မျက်နှာကို ခပ်ဖွဖွလေးဆွဲသုတ်ပေးပါ။ အဆီတွေသက်သာစေဖို့ပါ။ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်နော်။

မျက်နှာသစ်မယ်

အဆီပြန်တတ်သူဖြစ်တာကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်လေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ပါ။ ဒါမှ တစ်နေ့တာမှာ အဆီပြန်တာကို သက်သာစေတော့မပေါ့။ မျက်နှာသစ်တဲ့အခါ လက်ချောင်းလေးတွေကို သုံးလို့ စက်ဝိုင်းသဏ္ဍာန်လေးနှိပ်နယ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေပြီးချွေးပေါက်တွေထဲမှာ အဆီတွေနဲ့ ဆဲလ်သေတွေ ပိတ်ဆို့တာကို ကာကွယ်နိုင်မှာပါ။

ဆဲလ်သေတွေဖယ်ရှားပါ

အသားအရေအမျိုးအစားတိုင်းကျော်သွားလို့မရတဲ့ အဆင့်တစ်ခုပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ကျန်းမာစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

တိုနာသုံးပါ

အဆီပြန်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ တိုနာကို ဂွမ်းစသန့်သန့်လေးမှာ ဆွတ်ပြီး မျက်နှာပြင်အနှံ့ကို သုံးပေးပါ။ အယ်လ်ကိုဟောနဲ့အမွှေးနံ့ကင်းတဲ့ တိုနာမျိုးကိုသုံးပေးပါ။

Moisturizer သုံးပါ

အဆီပြန်နေတာပဲ အစိုဓါတ်ထိန်းဖို့ မလိုဘူးလို့ မထင်ပါနဲ့နော်။ ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer လူဖို့လိုပါမယ်နော်။ အစိုဓါတ်ထိန်းမှာ Sebum ထွက်ရှိမှုကို တားဆီးနိုင်မှာပါနော်။ ဒါကြောင့် ဒီအဆင့်လေးကိုလည်းကျော်မသွားပါနဲ့နော်။

Sunscreen လိမ်းမယ်

အဆီပြန်တာပိုဆိုးသွားမယ်ဆိုပြီးနေလောင်ကာခရင်မ်မလူးဘဲမနေပါနဲ့နော်။ အသားအရေကို ထိခိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်ကို လူးပေးပါနော်။

မျက်နှာပေါင်းတင်မယ်

တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ လုပ်သင့်တဲ့အရာပေါ့။ မျက်နှာပေါင်းတင်တဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့်mask အမျိုးအစားတွေက Clay mask နဲ့Charcoal-Based mask တို့က အဆင်ပြေဆုံးပါနော်။

စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင်နေဖို့နဲ့၊ အသီးအရွက်များများစားဖို့၊ရေသောက်ဖို့ နဲ့ အချိုတွေလျှော့စားဖို့ မမေ့ပါနဲ့နော်။ ဒီအဆင့်လေးတွေကို သတိထားလုပ်ဆောင်ကြည့်ပြီးအဆီပြန်တာကြောင့် အလှအပကိုမထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုက်ပါနော်

18/08/2021

💢ဆံပင်ပါးပြီး ဆံပင်ခဏခဏ ကျွတ်တတ်သူတွေအတွက် ကြက်သွန်နီနဲ့ ထိန်းသိမ်းနည်း💢

ပြုလုပ်ပုံ

ကြက်သွန်နီ တစ်ဥယူပြီး လှီးပေးရပါမယ်။
လှီးပြီးနောက် ကျိတ်စက်ထဲ ရေထည့်ပြီး ကျိတ်ပေးရပါမယ်။
ရလာတဲ့ ကျိတ်ပြီးသား ကြက်သွန်နီကို ဇယားနဲ့ စစ်ချပြီး အရေရအောင် စစ်ချယူရပါမယ်။

အသုံးပြုပုံ

ရလာတဲ့ ကြက်သွန်နီ အရည်ထဲကို ဝါဂွမ်း နှစ်ပေးရပါမယ်။
ပြီးနောက် ဒီဝါဂွမ်းနဲ့ ဦးရေပြားကို လိမ်းပေးရပါမယ်။
ဦးရေပြားနဲ့ ဆံသားတစ်ခုလုံး ကြက်သွန်နီ အရည် လိမ်းပေးရပါမယ်။
လိမ်းပြီးနောက် မိနစ် ၃၀ ထားပေးရပါမယ်။
မိနစ် ၃၀ ထားပြီးနောက် ပုံမှန် အတိုင်း ခေါင်းလျှော်နိုင်ပါပြီ

18/08/2021

ချစ်တို့ရေ ကိုယ့်ရဲ့ မျက်နှာလေးမှာ ဘာအပြစ်အနာအဆာမှ မရှိဘဲ ကြည်တောက်ပြီး glow နေတဲ့ အသားအရေလေး ပိုင်ဆိုင်ချင်ကြတယ်မလား။ ဒီလိုမျိုး အသားအရေ လိုချင်ကြတာလည်း မိန်းကလေးတိုင်းရဲ့ ဆန္ဒတွေထဲက တစ်ခုပါပဲနော်။ ဒါပေမယ့်လည်း ကိုယ်လိုချင်သလို မဖြစ်ဘဲ မျက်နှာ ဝက်ခြံတွေ အဆီဖုတွေ ရှိနေတတ်ပြန်ပါတယ်။ ဒါဆိုရင်တော့ သေချာပေါက် စိတ်ညစ်ရပါပြီ။ မျက်နှာတစ်ပြင်လုံးဝက်ခြံအဆီဖု ရှိတာမျိုး မဟုတ်ဘဲ နဖူးတဝိုက်မှာပဲ အဆီဖု ထွက်တာမျိုးလည်း ရှိပါတယ်။ နဖူးနေရာမှာပဲ ပျော်မွေ့ကြတဲ့ အဆီဖုလေးတွေပေါ့။ ဒါတွေကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာ အဖြေရှာကြည့်လိုက်ရအောင်။

ဘာကြောင့် ပေါက်တာလဲ
ချစ်တို့ရေ အဆီဖုပေါက်တာတွေ ရပ်သွားဖို့ဆိုရင် အရင်ဆုံး အဆီဖုတွေ ဘာလို့ ပေါက်လဲဆိုတာကို အရင်ဆုံး သိထားရမယ်နော်။ ဒါမှ ဆင်ခြင်နေထိုင်ရင်းနဲ့ အဆီဖုတွေ လျော့သွားမှာပါ။

(၁) ဟော်မုန်းပြောင်းတာ– ဒါကတော့ ချစ်တို့ရေ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းဓါတ်တွေက အမြဲတမ်း ပြောင်းလဲနေတာပါ။ ရာသီလာတာ၊ ကိုယ်ဝန်တားဆေးတွေ သောက်တာကလည်း ဟော်မုန်းပြောင်းစေပါတယ်။ ဒါဆိုရင်လည်း နဖူးမှာ အဆီဖု ထွက်နိုင်ပါတယ်။

(၂) စိတ်ဖိစီးမှုများတာ– စိတ်ဖိစီးမှုများတာကလည်း ဟော်မုန်းပြောင်းလဲခြင်းကို ဖြစ်စေတာမလို့ ချစ်တို့အနေနဲ့ အဆီဖုတွေ ရှင်းချင်တယ်ဆိုရင် စိတ်ဖိစီးမှုလည်း လျှော့ချရပါမယ်။

ဘာကြောင့် ပေါက်တာလဲ
ဘာကြောင့် ပေါက်တာလဲ (photo: dailyvanity.sg/)

(၃) မျက်နှာ မသန့်ရှင်းတာ– မျက်နှာကို double cleansing လုပ်ပေးဖို့ လိုပါတယ်။ မျက်နှာမှာ အညစ်အကြေးတွေ ရှိနေတာဆိုရင်လည်း အဆီဖုထွက်တတ်ပြီး ဆဲလ်သေတွေ မဖယ်ရှားတာ မသန့်ရှင်းတဲ့ လက်နဲ့ကိုင်တာကလည်း ဖြစ်တတ်ပါတယ်။

(၄) ဆံပင်အတွက်သုံးတဲ့ ပစ္စည်းတွေ– ချစ်တို့ရေ ခေါင်းလျှော်ရည်တွေ နဖူးကို ထိတာ ၊ ဆံပင်ကို လိမ်းတဲ့အဆီတွေ နဖူးကို ထိတာလည်း အဆီဖုတွေ ဖြစ်စေနိုင်ပါတယ်နော်။ ဒီအချက်ကို အထူးပဲ ဂရုစိုက်ပါ။

(၅) အရေပြားပြဿနာ– ချစ်တို့ရေ skin care တွေ မတည့်တာ၊ သုံးရမယ့် ပမာဏထက် ပိုသုံးမိတာတွေကလည်း အဆီဖု ထွက်စေနိုင်ပါတယ်။

ပျောက်ကင်းအောင်နဲ့ ထပ်မဖြစ်အောင်
ပျောက်ကင်းအောင်နဲ့ ထပ်မဖြစ်အောင်
ပျောက်ကင်းအောင်နဲ့ ထပ်မဖြစ်အောင် (photo:dailyvanity.sg/)

ချစ်တို့ရေ အဆီဖုတွေ သက်သာပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်ဖို့ဆိုရင် နဖူးကို ထိတဲ့ ပစ္စည်းတွေ သန့်ရှင်းအောင် ထားပါ။ ဥပမာ- ဥ◌ီးထုပ်လိုမျိုးပေါ့။ နောက်ပြီး မျက်နှာကို သေသေချာချာ cleansing လုပ်ပေးပါ။ မိတ်ကပ်ဖျက်ပြီးမှသာ အိပ်ပါ။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ scrub သုံးပေးပါ။ နေရောင်ကာခရင်မ် မဖြစ်မနေလိမ်းပါ။ Moisture သုံးပါ။ အဆီပြန်တဲ့ အသားအရေဖြစ်တာမို့ အစိုဓါတ်ထိန်းပေးတဲ့ ပစ္စည်းတွေ မသုံးတာမျိုး မလုပ်ပါနဲ့နော်။ အဆီပြန်တယ်ဆိုပေမယ့် အသားအရေက အစိုဓါတ်ကို လိုအပ်ပါတယ်။ Skin care တွေ မမေ့မလျော့လုပ်ပါ။ Treatment လုပ်ပါ။ အဆီဖု မရှိချင်ဘူးဆိုရင်တော့ ပုံမှန် အိမ်မှာ Treatment လေးတွေ လုပ်ဖို့ လိုသလို အဆီဖု သက်သာအောင် လုပ်ပေးတဲ့ Treatment ဆိုင်တွေလည်း သွားပါ။ အဆီဖုနဲ့ ပတ်သက်ပြီး အဓိက ထားလုပ်ပါ။

ချစ်တို့ရေ ကိုယ့်နဖူးမှာမှ ပျော်မွေ့နေတဲ့ အဆီဖုတွေကို ဒီလိုနည်းတွေနဲ့ ဖြေရှင်းမောင်းထုတ်လိုက်ရအောင်နော်။

17/08/2021

ဒီနေ့တော့မင့်မင့်ကိုခနခနလာမေးနေကြတဲ့အမေးများတဲ့မေးခွန်းလေးဖြေပေးပါမယ်နော်🤔

မေး။ ။အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်

*အဆီဖုတဲ့ရအကြောင်းအရင်း*

*မိတ်ကပ်လိမ်းပြီး မိတ်ကပ်ကိုသေချာပြောင်အောင်မဖျက်ခြင်း
*သနပ်ခါးလိမ်းပြီး double cleansing မလုပ်ခြင်း။
*suncream မလိမ်းပဲ အပြင်ထွက်ခြင်း။
*မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲအိပ်ရာ၀င်ခြင်း။
*ရေနည်းနည်းသောက်ခြင်း။
*အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများခြင်း။

(လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်)

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေအဆီထုတ်လုပ်မှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာကနေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ် ။

🚫လိုက်နာရမည့်အချက်များ🚫

*မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ။
*မိတ်ကပ်မဖျက်ပဲ အိပ်ရာမ၀င်ပါနဲ့ ။
*မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့လိုအပ်ပါတယ် ။
*ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာကြောင့် လုပ်ပေးရပါမယ်။
*တစ်ပတ်နှစ်ကြိမ်မျက်နှာကို scrub တိုက်ပေးပါ ။
*အပြင်သွားတိုင်း Sunscreen လိမ်းပေးပါ။
*စိတ်ဖိစီးမှုလျော့ချပါ။
*ရေများများသောက်ပါ ။
*အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ။
*မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ။
*ဆံပင် နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ။

🏠အိမ်တွင်းကုသရမည့်နည်းလမ်း 🏠

ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။

ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။
ထွက်လာတဲ့အငွေ့ကိုမျက်နှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကိုမထွက်စေဖို့ တဘတ် ခေါင်းမြီးခြုံ ပြီး အငွေ့ခံပါ။

ရေနွေ့းငွေ့ခံပြီး အသုံးပြုရင် ပိုပြီးရလဒ်ကောင်းပါတယ်. ပြီးရင်တော့ တိုနာ ပြန်လိမ်းပေးထားဖို့လိုအပ်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ။



&Bright

Photos from Ei lay's post 10/08/2021

ဆံပင်ဖွာခြင်း, ဆံသားမွဲ​ခြောက်ခြင်း,
ဆံသားနှစ်ခွ ရှိသူတွေ, ဆံပင်ရှည်နှေးတဲ့သူတွေ,
ဆံပင်ကျွတ်တဲ့ သူတွေအတွက် သဘာဝ နည်းလမ်းကောင်း💙💙💙💙

ကြက်ဥ, ပျားရည်, ရှားစောင်းလက်ပက်,
(ဒိန်ချဥ်) ထည့်ရင် ပိုကောင်းပါတယ်.....
နွယ့်မှာ ဝယ်ပြီးသား မရှိလို့ပါ...
(ဗောက်ရှိတဲ့ သူတွေက သံပုရာသီးပါထည့်နော်)

နွယ်က ဆံပင်ရှည်​တော့
ကြက်ဥ ၂ လုံး
ပျားရည် ထမင်းစားဇွန်း ၂ ဇွန်း
ရှားစောင်းလက်ပက် တွေကို
သေချာ မွှေပြီး ဦးရေပြားထဲထိ စိမ့်ဝင်အောင် လိမ်းပါ..
အဖျားတွေကို သေချာလိမ်းပြီး
ဆံပင်ကို ထုံးထားပါ....
(မိနစ် ၄၀ လောက်ထားနော်)

သဘာဝ နည်းလမ်းဖြစ်လို့ တစ်ကြိမ်တည်းနဲ့
မသိသာပါဘူးနော်.....
အနည်းဆုံး ၅ ကြိမ် ၆ ကြိမ်လောက်မှ
result ကို ထင်ထင်ရှားရှားမြင်ရတာပါ....

(ဒီ ကာလမှာ stress တွေကြောင့်
ဆံပင် အရမ်းကျွတ်တဲ့သူတွေလည်း
ဒီနည်းလမ်းလေးကို လုပ်ကြည့်ပါနော်...)

Photos from Ei lay's post 08/08/2021

🧼 IB Snow White Soap ကအသားအရည်မွဲခြောက်တာ၊တင်းတိပ်၊ဝက်ခြံ၊အမဲစက်တွေအတွက်အရမ်းအသုံးဝင်ပါတယ်

✅မျက်နှာနှင့်ခန္ဓာကိုယ်ပါအသုံးပြုလို့ရပါတယ်
နူးညံ့တဲ့အသားအရည်ကိုရရှိပြီး အဆီပြန်ခြင်းကိုလဲသက်သာစေမှာဖြစ်ပါတယ်

မျက်နှာနှင့်ခန္ဓာကိုယ်အသားအရေကိုကြည်လင်တောက်ပစေပါတယ်❣️

ပိုးသားလိုအသားအရေကို ချောမွေ့စေပါတယ် ❣️

💦အသားအရေ အစိုဓာတ်ကို ထိန်းပေးထားနိုင်ပြီး အသားအရည်ခြောက်ခြင်း အသားပတ်ခြင်း ကွဲအက်ခြင်းများကို ကာကွယ်ပေးပါတယ်

Collagen ပါဝင်လို့အရည်ပြားလျော့တွဲခြင်း အရေပြားဆဲလ်တွေမှာရှိတဲ့ အသားအရည်ကြမ်းတမ်းခြင်းနှင့်အရေးကြောင်းဖြစ်ခြင်းတို့ကိုကာကွယ်ပေးပါတယ်။✨

Price 6500

07/08/2021

IBနဲ့အတူ Day 2 Challenge

06/08/2021

တို့နဲ့အတူ IB soapလေးသုံးပြီး
14ရက်အတွင်းပြောင်းလဲမှုကိုရှာဖွေရအောင်😘😘

Photos from Ei lay's post 05/08/2021

အသားအရောင်မညီတာ
အမာရွတ်တွေအတွက်ကတော့
Scrubတိုက်ဖို့တကယ်ကိုလိုအပ်ပါတယ်
ပုံမှန်lotionလူးရုံ
ဆပ်ပြာတိုက်ရုံနဲ့ daed cellတွေကိုမဖယ်ရှားနိုင်ပါဘူး
Twenty9 scrubရဲ့ထူးခြားချက်က
☘ကင်ပွန်းသီး
☘မန်းကျည်းသီး
☘ကော်ဖီ
☘သံလွင်ဆီ
☘ ပျားရည်
☘အလှဆီ
☘ဆားမီးဖုတ်စတဲ့ပါဝင်ပစ္စည်းတွေကိုအချိုးကျကျ
ပေါင်းစပ်ထားတာမို့
ကြည်လင်တဲ့အသားအရည်ကိုရရှိစေမှာအမှန်ပါ
350g 7000ဆိုတော့သုံးရတာလဲရှယ်တန်နော်
Order to cb or 09691463298

Photos from Ei lay's post 05/08/2021

14ရက်အတွင်း ပုံမှန်အသားအရည်ထက်
ကြည်လင်စိုပြေစေမဲ့ လျှိုဝှက်ချက်😘
Twenty9 scrubနဲ့ IB soapလေးပဲလိုမယ်
Twenty9 scrub-7000
IB soap -6500

09/07/2021

Scrubတိုက်လို့ကြမ်းတယ်ဆိုတာ
Twenty9 scrubလေးနဲ့မတွေ့သေးလို့ပါ😘
အလှဆီ သံလွင်ဆီ ပျားရည်ပါဝင်လို့
အသားအရည်ကြမ်းတာ
အသားခြောက်တာတွေမဖြစ်စေပဲ
ကြည်ကြည်စိုစိုလေးနဲ့ဖြစ်နေမှာနော်🤗🤗
Order to cb
Instock

Photos from Ei lay's post 09/07/2021

ရောင်းရင်မြတ်မယ်💸💸💸💸
သုံးရင်လှမယ်👸👸👸
စွဲသုံးရင် အသားဖြူမယ်😊😊
ရှင်တို့အတွက်အရမ်းနစ်နာကုန်ပြီနော်🤗
သဘာဝပစ္စည်း (8)မျိုးတော့ပါတဲ့
Twenty9 scrubမှမသုံးရင်
ရှင်တို့အရမ်ထူးဆန်းနေပီနော်😍😍

Order to cb 09691463298
ခုမှာခုရ instockနော်😘😘
5ဗူးကစပြီး ကိုယ်စားလှယ်စျေးနဲ့ရမှာရှင့်🙆🙆

04/07/2021

"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleansing လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာ
ရှိနေတဲ့ အညစ်အကြေးတွေကို စတင်
Cleansing လုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာ သန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ် ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်နော်😍

Photos from Ei lay's post 03/07/2021

Scrub သုံးတော့မယ်ဆို
ရွေးကြတာသဘာဝပဲမလား❣❣

စျေးကွက်ထဲမှာရှိနေတဲ့

ကော်ဖီ scrub သုံးရမလား😇😇

မန်ကျည်းသီး scrubသုံးရမလား🤔🤔🤔

ကင်ပွန်းသီး scrubသုံးရမလား😩😫

အဲ့လိုတွေဦးနှောက်ခြောက်မခံချင်ဘူးဆို

All in one ပါတဲ့ Twenty9 scrubလေးညွှန်းပါရစေ😍😍

Frist time နဲ့တင်စိတ်ကျေနပ်မှုအပြည့်အဝရရှိစေရမယ်လို့

100% Quality နဲ့အာမခံတာမို့👍👍👍

Scrubရွေးတော့မယ်ဆို Twenty9လေးက်ိုသတ်ိရပေးပါနော်😍😍😍

ဝယ်သုံးတော့မယ်ဆို ဒီကောင်မလေးကိုသတိရပေးပါ😘😘

7 7 2021မှာစတင်ဖြန့်ချီရောင်းချတော့မှာမို့
ခုထဲကorder မှာယူနိုင်ပါပြီရှင့်😘😘

ပဲနွယ်ကုန်းအနီးတဝိုက် deli freeနော်😘

Photos from Ei lay's post 02/07/2021

အိမ်မှာနေရင်း အသားအရေလှလာဖို့ ရှားစောင်းနဲ့ မျက်နှာပေါင်းတင်နည်း (၅) ခု

အားလုံးပဲ မင်္ဂလာပါနော်။ အလုပ်ပိတ်ထားလို့ပဲဖြစ်ဖြစ်၊ ကျောင်းပိတ်ထားလို့့ပဲဖြစ်ဖြစ် အိမ်တွင်းအောင်းနေရပြီလား။ ဘယ်လိုပဲဖြစ်ပါစေ အိမ်ပြင်ထွက်တဲ့အချိန် အလုပ်ပြန်သွားတဲ့အချိန် ကျောင်းပြန်တက်တဲ့အချိန် အလှဆုံးဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် ပိုလှလာစေဖို့ အသားအရေအလိုက် ရှားစောင်းလတ်ပတ်နဲ့ ပေါင်းတင်နည်းတွေကို ဖော်ပြပါရစေ။

၁။ အသားအရေ Glow ဖြစ်ဖို့
ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

ရှားစောင်းလတ်ပတ်ဂျယ်
အုန်းဆီ
ပျားရည်
ပါဝင်ပစ္စည်းတွေကို ရောပြီးမျက်နှာမှာလိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပြီး ရေဆေးချပါ။

၂။ အမည်းစက်သက်သာဖို့
အမည်းစက်သက်သာဖို့ အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ –

ရှားစောင်းလတ်ပတ်ဂျယ်
နနွင်းမှုန့်
ဒိန်ချဉ်
သံပယိုရည်
ပါဝင်ပစ္စည်းတွေကို ရောပြီး မျက်နှာပေါ်တင်ပါ။ ၁၀ မိနစ်ထားပြီး ရေဆေးချပါ။

၃။ ခြောက်သွေ့တဲ့အသားအရေအတွက်
Dry Skin အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

ရှားစောင်းလတ်ပတ်ဂျယ်
ပျားရည်
သံလွင်ဆီ
ပစ္စည်းတွေကို ရောစပ်ပြီး မျက်နှာမှာ လိမ်းပြီးနောက် ၁၅ မိနစ်ထားပါ။

၄။ ထိခိုက်လွယ်တဲ့အသားအရေအတွက်

လိုအပ်တဲ့ပစ္စည်းတွေကတော့-

ရှားစောင်းလတ်ပတ်ဂျယ်
ပျားရည်
ငှက်ပျောသီးတစ်လုံး
ငှက်ပျောသီးကို ပျော်သွားတဲ့အထိ ဖိချေပေးပါ။ ပြီးနောက် ရှားစောင်းလတ်ပတ်ဂျယ်နဲ့ ပျားရည်ထပ်ထည့်ပြီး မျက်နှာမှာ လိမ်းပါ။

၅။ အဆီပြန်တတ်တဲ့ အသားအရေအတွက်
ရှားစောင်းလတ်ပတ်ဂျယ်
သံပယိုရည်
ဒိန်ချဉ်
ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် မျက်နှာမှာ လိမ်းပေးပါ။ ပြီးနောက် ၁၀ မိနစ်ထားပေးပါ။

နောက်ထပ်နောက်ထပ် skin careနည်းနှင့်ပတ်သတ်တဲ့ knowledge တွေထပ်ပြီး sharingလုပ်ပေးသွားမှာဖြစ်တဲ့အတွက် သိချင်တယ်ဆိုရင် page ကို like & following လေးလုပ်ထားပေးနော်

Photos from Ei lay's post 02/07/2021

မတန်ဘူး မတန်ဘူး❌❌
7000နဲ့လုံးဝမတန်ဖူး
ပေးရတဲ့စျေးနဲ့💵💵💵
Quality လုံးဝမတန်ဖူး❌❌
ပါဝင်ပစ္စည်းတမျိုးထဲမဟုတ်ပဲ
🔹ကော်ဖီ
🔹မန်ကျည်းသီး
🔹ကင်ပွန်းသီး
🔹သံလွင်ဆီ
🔹အလှဆီ
🔹ဆားမီးဖုတ်
🔹 ပျားရည်
🔹နနွင်းစတဲ့ ပါဝင်ပစ္စည်း (7)မျိုးတိတိပါဝင်တဲ့
All in one scrubဖြစ်နေလို့မတန်ဖူး🙅🙅
Packing ကအစ သပ်ရပ်ပြီး
smart ဖြစ်လို့နေလို့မတန်ဖူး🙅🙅

ထုတ်တဲ့သူကိုပြောနေတာ
သုံးချင်တဲ့သူတွေကတော့
တန်တန်တန်နဲ့တောင်ပြောလိုက်ချင်တယ်
လာဝယ်တော့🤓😎🤓

350g 7000
Order to cb or 09691463298

Videos (show all)

ဆံသားလှပစေမဲ့နည်းလမ်း
ဆန်ဆေးရည်သုံးပြီး ဆံသားထိန်းသိမ်းကြမယ်
IBနဲ့အတူ Day 2 Challenge
Scrubဘယ်လိုသုံးရမလဲ😘 နည်းလေးတွေမျှဝေထားမယ်နော်😘😘
ကျန်းမာသန်စွမ်းတဲ့ဆံသားလေးပိုင်ဆိုင်ဖို့ twenty9လေးသုံးကြစို့😃
IBလေးနဲ့မျက်နှာသစ်မယ်
လှပတဲ့ဆံသားလေးတွေရရှိဖို့ twenty9ကစောငိ့မျှော်နေပါတယ်
အမှားပါရင်ခွင့်လွှတ်ပါရှင့်

Website