Football Update News
.
တူချဲလ်နဲကွမ်းသီးရန်ပွဲ
14/08/2022
ရေဘဝဲကင် မန်ဒီရဲ့ သောက်သုံးမကျမှုနဲ့ သရေကွင်းလေးကိုင်ပြီးကျေနပ်ခဲ့ရတဲ ချဲလ်ဆီး
- ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာတော့ ရာသီအစကပွဲစဥ်နဲ့ ဘာမှမသတ်ဆိုင်တော့ပဲ ဘောလုံးရချိန်ဆို ဘာစီလိုနာလို၊ ဘောလုံးဆုံးရှုံးချိန်ဆို ရီးရဲလ်မက်ဒရစ်လို အဆိပ်ပြင်းခဲ့ပါတယ်။
- ပထမပိုင်းတစ်လျှောက်လုံး စပါးအသင်းရဲ့ပန်နယ်တီဧရိယာထဲပဲနေရာယူခဲ့ပြီး အဆုံးသတ်သာသေချာရင် ဂိုးပြတ်မယ့်အထိ ဖိအားပေးခဲ့ပါတယ်။
- 18မိနစ်မှာ ဟာဗက်ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် စပါးဂိုးသမားနဲ့ထိပြီး ထောင့်ကန်ဘောဖြစ်ခဲ့ပါတယ်။ ဒီထောင့်ကန်ဘောမှတဆင့် ကူလီဘာလီက ပထမဆုံးပရ်းမီးယားလိဂ်ဂိုး ရယူခဲ့ပါတယ်။
-အငိုမင်းသားလေးဆွန်ဟောင်မင်ကတော့ တစ်ပွဲလုံးပျောက်နေခဲ့ပြီး ၂၅မိနစ်မှာ ဘောလုံးနောက်ထဲကန်ထည့်တာပဲ မြင်ခဲ့ရပါတယ်။
- 68မိနစ်မှာ စပါးအသင်းက ချေပဂိုးရရှိခဲ့ပြီး ကွန်တီရဲ့ ကျေးဇူးကန်းငမန်းအောင်ပွဲခံပုံကြောင့် တူချယ်နဲ့ရန်ဖြစ်ခဲ့ရပါတယ်။ ကွန်တီဟာ ဒီတစ်ကြိမ်တင်မကပဲ ချဲလ်ဆီးကိုနည်းပြစဥ်ကလဲ (ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ဟိုကို) လေးစားမှုမရှိတဲ့အောင်ပွဲခံပုံကြောင့် ရန်ဖြစ်ဖူးပါတယ်။
- ပွဲကစားချိန် ၇၈မိနစ်မှာတော့ စပါးနောက်တန်းက ဟာကွက်တွေကိုအသုံးချပြီး ရီစီဂျိမ်းက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
နာကျင်အချိန်ပိုရဲ့နောက်ဆုံးမိနစ်မှာတော့ ထောင့်ကန်ဘောမှတဆင့် စပါးတို့ ချေပဂိုးပြန်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလားရသလို အောင်ပွဲခံခဲ့ပါတယ်။
သရေတစ်မှတ်ကိုမရှက်တတ်တဲ့စပါးနဲ့ကွန်တီတို့ရဲ့အောင်ပွဲခံမှုက ဒီပွဲကို မတန်မရာ ဆူပွက်စေခဲ့ပါတယ်။
စပါးဘက်ကသွင်းယူခဲ့တဲ့၂ဂိုးစလုံးကတော့ လွယ်ကူခဲ့ပြီး ရေဘဝဲကင်မန်ဒီရဲ့ သောက်သုံးမကျမှုကြောင့် ပေးခဲ့ရတာပါ။
တစ်မှတ်ရတာချင်းအတူတူ စိတ်ပျက်ခဲ့ရတဲ့ချဲလ်ဆီးကတော့ အနိုင်နဲ့ထိုက်တန်တယ်ဆိုတာပြခဲ့ပြီး
တစ်မှတ်ကိုချန်ပီယံလိဂ်ရသလို ခုန်ပေါက်နေတဲ့ ကွန်တီတို့အုပ်စုကတော့ levelတစ်ဆင့်နိမ့်သေးတာကို ပြသွားခဲ့ပါတယ်။
13/08/2022
Degea ရဲ့ အမှားနဲ့ ၂ ဂိုးအပါအဝင် ပထမပိုင်းတင်
ဘရန့်ဖိုဒ့်အသင်းကို ၄-၀ ဖြင့် မန်ယူအသင်းရှုံးနိမ့်နေ။
ဂိုးရလဒ်ပိုင်တင်မကပဲ ခြေစွမ်းပိုင်းကပါ အရှက်ရစရာကောင်းလောက်အောင်
တသင်းလုံး ညံ့ဖျင်းနေပါတယ်။
ဒီခြေကပုံမှန်ပါပဲ
ဒီထပ်လည်းဖြစ်ထွန်းလာဖို့မရှိတော့သလို ဘယ်သူမှလည်းမကယ်တင်နိုင်တော့ပါဘူး
ကစားသမားတွေရဲ့စိတ်ဓာတ်က တော်တော်စုတ်ပြတ်လွန်းပြီး
နည်းပြကလည်း နပလိန်းတုန်းဆိုတာပေါ်လွင်သွားခဲ့ပြီ
ကံမကောင်းလို့ဂိုးပြတ်သွင်းခံရတဲ့အနေအထားမဟုတ်ပါဘူး
တော်တော်အသုံးမကျတာပါ
တကယ်ရွံရှာစရာအဆင့်အတန်းတစ်ခုကိုပြသလိုက်တာပဲ...
ခြံခုန်သွားတဲ့ရည်းစားဟောင်းကမှ ပြန်လာရင်ပြန်လာအုံးမယ်...
ငဆိုက်ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး...
39မိနစ်...လေးဂိုး
အမှတ်ပေးဇယားမှာ အဆင့်နှစ်ဆယ်
ဒါတောင်ဘောင်ခံနေလို့...
13/08/2022
မမှားဘူး မင်းမှန်ပါတယ်...
07/08/2022
ပွဲဦးထွက်မှာပဲ စတင်ရူံးနှိမ့်ခဲ့တဲ့ မန်ယူ
ထူးထူးခြားခြားပြောစရာရယ်တော့မရှိပါဘူး
အဓိက ကစားသမားအများစု ခြေစွမ်းမပြနိုင် နည်းပြကခေါင်းမာပုံရပြီး
ဆုံးဖြတ်ချက်တွေ ရေရေရာရာမရှိသေးတာကိုမြင်ခဲ့ရပါတယ်....
ကစားသမားတွေရဲ့စိတ်ဓာတ်အဆင့်အတန်းကလည်း အရင်ရာသီတွေအတိုင်းပါပဲ....
ဒါကို ဘရိုက်တန်နှစ်ဂိုးရအပြီးမှာ ပိုတွေ့မြင်နိုင်ပါတယ်...
ဟန်ဆောင်လဲချဖို့ကြိုးစားတာတွေ"လူချကစားတာတွေအပြင် ဘရူနိုရဲ့အချိန်ဆွဲဒဏ်ရာရပြမှုတွေက ရယ်စရာပါပဲ
ဒါတွေဟာ ထုံးစံပါပဲ....
မန်ယူ 1 vs 2 ဘရိုက်တန်
နဖူးတောက်ကြေးမှာ ခြေမှန်ပြန်ပြခဲ့တဲ့ အင်္ဂလန်အနူအသင်း.................
ပထမပိုင်းတစ်ပိုင်းလုံး MLထဲက brunoနဲ့နာမည်တူတဲ့ အကယ်ဒမီမင်းသားကြီးရဲ့ မိုးပေါ်ကန်ချက်ကလွဲရင် ငဆိုက်တို့လုပ်ပြနိုင်တာဆိုလို့ တောင်ပြေးမြောက်ပြေးလုပ်ပြခြင်းတစ်ခုပါပဲ....
ပွဲအစ စက္ကန့်သုံးဆယ်အထိငဆိုက်တို့ပွဲကိုစီးမိုးနိုင်ခဲ့ပြီ....
ကျန်ပွဲချိန်အများစုကတော့ ဘရိုက်တန်လက်ထဲမှာပါပဲ...
Gross နှစ်ဂိုးဆက် ဂိုးသွင်းပြီးနောက်ပိုင်း တော်မီနေးလူချကစားကွက်နဲ့သီးခြားဆော့ပြပြီး.....
တန်ဟက်ခ်လည်း နည်းပြခုံတန်းမှာတစ်ခုခုကိုတွေးရင်း နောင်တရနေပုံပါ....
ဒုတိယပိုင်းပြန်လာဖို့ အိမ်မက်မက်မနေကြပါနဲ့တော့ ဒါခြေအမှန်ပါပဲ
07/08/2022
အင်္ဂလန်အနူအသင်း တကယ်ပြန်လာပြီလား
အာချောင်တာလား ဆိုတာ
ဒီညတော့အဖြေပေါ်ပြီပေါ့ကွာ....
စောင့်ဆိုင်းရတာ အချိန်တွေကြာတယ်
07/08/2022
စိတ်ပျက်စရာခြေစွမ်း၊ ရွံစရာစိတ်ဓာတ်တို့နဲ့ ပန်နယ်တီကယ်လို့အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး
- ချဲလ်ဆီးဖန်adminကတော့ reviewရေးရမှာတောင်ရွံလာလို့ အိပ်ပျော်သွားတဲ့အထိ ခြေစွမ်းစုတ်ချာလွန်းခဲ့ပါတယ်။
- တစ်ပွဲလုံးကိုခြုံကြည့်ရရင် ချန်ပီယံလိဂ်ရခဲ့တဲ့အစုအဖွဲ့မှ ဟုတ်ပါရဲ့လားလို့သံသယဖြစ်တဲ့အထိ အဲဗာတန်ကို ဘာစီလိုနာနဲ့ကန်သလို ကန်နေရပြီး သက်ကြီးကစားသမားတွေဖြစ်တဲ့ သီယာဂိုဆေးဗား၊ ကူလီဘာလီနဲ့ လူသစ် ကူကူရယ်လာတို့ကိုသာ အနဲငယ်အားကိုးခဲ့ရပါတယ်။
- အသစ်ခေါ်ယူထားတဲ့စတာလင်ရဲ့စိတ်ဓာတ်ဟာလည်း စုတ်ချာလွန်းပြီး ပန်နယ်တီဧရိယာထဲရောက်ရင် ဂိုးသွင်းရမယ့်အစား အင့်ခနဲအင့်ခနဲပစ်ပစ်လှဲနေတဲ့အတွက် သူ့ဆီကနေဘာပန်နယ်တီမှ ထပ်ရဖို့မရှိတော့ပါဘူး။
- ချန်ပီယံလိဂ်ဟီးရိုး King Kaiဟာလည်း ဒီပွဲမှာတော့
ကင်းကိုင် မဟုတ်တော့ပဲ တစ်ပွဲလုံးကင်းကိုက်နေခဲ့ပါတယ်။
(အက်မင်ကတော့ ဒီကောင်ဂိုးမသွင်းသရွေ့ ကင်းကိုက်လို့ပဲခေါ်ပါတော့မယ်)
- တောသားလိဂ်မှာခြေစွာခဲ့တဲ့ ကူလီဘာလီဟာလည်း ဒီနေ့ပွဲမှာခြေစွမ်းပြခဲ့ပေမယ့် တောသားလိဂ်လိုမဟုတ်တဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံကြောင့် ကြွက်ပါတက်ပြီး ဘယ်နေ့ပြန်ပြေးမယ်မသိရသေးပါဘူး။
- သီယာဂိုဆေးဗားတစ်ယောက်သာ ပြစ်ချက်ကင်းတဲ့ထူးရှယ်ကစားသမားဖြစ်ခဲ့ပြီး ကျန်တစ်သင်းလုံးကတော့ ခြေစွမ်းရောစိတ်ဓာတ်ပါ အောက်တန်းကျနေတဲ့အတွက် မန်ယူလိုအောက်တန်းစားအသင်းကို အလကားပေးပစ်လိုက်တာကမှ ကောင်းမယ့်အခြေအနေပါ။
- တစ်လုံးတည်းသော ပန်နယ်တီအချောင်ဂိုးကိုတော့ ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာ ဘန်ချီဝဲကြောင့် ရခဲ့ပြီး ဂျော်တကီးက သွင်းယူခဲ့ပါတယ်။
06/08/2022
ဖူလ္ဟမ္ဆီကေန သေရတစ္မွတ္ရယူသြားတဲ့
-----------------------------------------------------------------
လီဗာပူးလ်ဆီကေန သရေတစ်မှတ်ရယူသွားတဲ့ ဖူလ်ဟမ်လို့ပြောရမှာဖြစ်ပေမယ့် ပွဲထွက် Line Up အရ ဆန့်ကျင်ဖက်ပါပဲ...
ပထမပိုင်းပြီးတော့ ဖန်တစ်ယောက်ကပြောတယ်...မဝေဖန်ပါနဲ့ဦး မယုံဘူးလားတဲ့...ယုံပါတယ်...ကျနော်တို့ယုံတာက တစ်သင်းလုံးကိုပါ...၁၁ယောက်တည်းယုံတာမဟုတ်ပါဘူး....Balance ဆိုတဲ့အရာက သွားနောက်လို့မရဘူး...မာတစ်ရဲ့အမှားသာမရှိရင် အနိုင်ရလဒ်ရမှာဖြစ်ပေမယ့် ဒါမျိုးက အပစ်အများကြီးပြောလို့မရပါဘူး...ခြုံပြောရရင် Tactical Move တစ္ခုက အများကြီးအလုပ်ဖြစ်ခဲ့တယ်ဆိုတာပါပဲ...
ဒီလိုဒုတိယပိုင်းဝင်လာတဲ့ကစားသမားတွေ ၁ဂိုးလိုက်ရဦးမယ်ဆိုတဲ့ ဖိအားအောက်ကမဟုတ်ပဲ ပွဲစကတည်းကသာသုံးရဲခဲ့ရင် တစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာပါ...ကလော့ရွတ်ပြတဲ့ကွင်းလယ်လူ ၉ယောက်လုံးကိုပရိသတ်တွေကယုံပါတယ်...
ကေလာ့ကေတာ့ သူ့အသင်းကိုသူကိုယ်တိုင်မယုံသေးသလိုပါပဲ
ဒါဝင်နူနက်စ်နဲ့ဆာလာတွဲလုံးကတော့ သူ့မာနအောက်မှာနစ်မြုပ်ခဲ့ရတာပေါ့
ဖူလ်ဟမ်အတွက်တော့ ခြေစွမ်းနဲ့ထိုက်တန်တဲ့ ရလဒ်ကိုပိုင်ဆိုင်သွားခဲ့တာပဲဖြစ်ပါတယ်...
21/07/2022
လီဗာပူးအသင်းမန်နေဂျာ ကလော့ပ်က အသင်းအတွက် ခြေစမ်းပွဲတွင် ၄ ဂိုးသွင်းသွားသော ဥရုဂွေးတိုက်စစ်မှူး နူနက်ဇ်အတွက် အကောင်းဆုံးညတစ်ညကို ရရှိလိုက်ပြီဖြစ်ကြောင်း ချီးကျူးပြောဆို သွားသည်။ ကြာသပတေးနေ့ညက ကစားသည့် ဂျာမန်ကလပ် လိုက်ပ်ဇစ်နှင့် ခြေစမ်းပွဲတွင် နူနက်ဇ်သည် ဒုတိယပိုင်း၌ လူစားဝင်ကစားပြီး ၄ ဂိုးသွင်းနိုင်ခဲ့သလို လီဗာပူးကလည်း လိုက်ပ်ဇစ်ကို ၅-၀ ဖြင့်ဂိုးပြတ်အနိုင်ရရှိလိုက်သည်။
20/07/2022
2005လောက်နေပြီး ဘောလုံးပွဲစကြည့်ခဲ့တယ်
ဘောလုံးပရိသတ်လုပ်လာတဲ့သက်တမ်းတစ်လျှောက် ရာသီကြိုခြေစမ်းပွဲနိုင်တာကို
ဖလားလေးလုံးလောက်ရသလို အောင်ပွဲခံတာ
မန်ယူတစ်သင်းပဲ မြင်ဖူးသေးတယ်.....
ပြီးတော့ ခြေစမ်းပွဲကိုပါ လူစာရင်းအတည်ကြီးနဲ့ မပြောင်းမလဲကန်တာလည်း မန်ယူတစ်သင်းပဲမြင်ဖူးခဲ့တယ်...
ရာသီစရင် ပြိုင်ပွဲတွေအများကြီးကန်ရတော့မယ်
ဒီလူစာရင်း ဒီကစားကွက် ဒီကစားသမားတွေနဲ့ တကယ်ရောအလုပ်ဖြစ်ပါ့မလား...
Click here to claim your Sponsored Listing.