Tr Yamin's Learning Centre
Just for my Students.
TYLC Students များ၏ မိဘများရှင့်
Most of both UK & US students are almost done lessons from their books. They will be finished in March.
Only some lessons of Casco are left for some classes so that I will revise the previous level lessons during May, and 2025-2026 new level lessons will start in the last week of May.
နှစ်စဉ် April တစ်လ ပိတ်သော်လည်း checkpoint or KS 2 ဖြေရမည့် Year6 (Cambridge) students များ intensive classes များရှိပါတယ်ရှင့်။
Overseas နှင့် မြိတ်မှကလေးများကို new level စာအုပ်များပို့ပြီးပါပြီ။
တခြားနယ်မှကလေးများ January လကုန် တီချယ့်ကို ပို့ရမည့်လိပ်စာကို messenger or viber မှ privately ပို့ပါရှင့်။
ရန်ကုန်မှကလေးများကိုတော့ March လထဲမှ စာအုပ်ပေးပါမည်။
2025-2026 New Timetable ကို March လဆန်းတွင် post ပါမည်။
ကျေးဇူးတင်လျက်ပါ😊
TYLC ကို 2025-2026 classes များ join ဖို့ waiting တင်ထားသူများ messenger or viber or phone ဆက်၍ join ဖြစ်မဖြစ် December 21 နောက်ဆုံးထား၍ ထပ်ပြီး confirmed လုပ်ပေးပါရှင့်။ Registration form ပို့ပေးပြီး group အသီးသီးကို up-to-date information လေးတွေသိစေဖို့ ထည့်ပေးချင်လို့ပါရှင့်။ 2025-2026 classes များမှာသုံးမည့်စာအုပ်များကို TYLC old students များနှင့် တစ်စုတစ်စည်းတည်းမှာပေးချင်လို့ပါရှင့်။
Thanks all!

မိဘများရှင့်
ကျောင်းသား/သူ အသစ်များ ရှိ၍ General Information လေးမျှဝေတာဖြစ်ပါတယ်ရှင့်။
TYLC အတန်းများသည် နှစ်စဉ် May လတွင်အတန်းအသစ်များစပြီး March လတွင်အတန်းများပြီးဆုံးပါသည်။
April လတစ်လတွင် Check Points နှင့် Key Stage ဖြေသူများအတွက်သာ intensive အတန်းများရှိပါသည်။
Fees များကိုလည်း လစဉ် လဆန်း ၁ ရက်မှ ၅ ရက်နေ့အတွင်း တစ်လစာကြို ပေးကြရပါသည်။
အကြောင်းအမျိုးမျိုးကြောင့်ခွင့်ယူပါက လေးစားသမှုဖြင့် ကြို၍ Tr ကို message or phone လေးဆက်၍ ခွင့်တိုင်၍ရပါသည်။
စာသင်ကြားရခြင်းသည် ၁ ပတ် ၁လ လုပ်ရသောကိစ္စမဟုတ်၍ အတန်းများကို အနည်းဆုံး Academic Year ပြီးသည်အထိတက်စေလို၍ နှစ်ဆုံးထိတက်မည်ဟု ရည်ရွယ်ထားသောမိဘများ၏ ကလေးများကိုသာ လက်ခံပေးပါတော့မည်။ ဒါက ကလေးတွေအတွက် အကျိုးပိုရှိစေသော စေတနာဖြင့် ပြောပြခြင်းပါရှင့်။
အကြောင်းအမျိုးမျိုးကြောင့် အတန်းများ နားချင်ပါက တစ်လကြိုပြောပေးပါရှင့်။
နှစ်စဉ် next အတန်းအသစ်များအတွက် လိုအပ်မည့် textbooks များကို Overseas ကော နယ်ဝေး students များ၍ next အတန်းများအတွက် အဆင်သင့်ဖြစ်စေရန် December လထဲတွင် ကြို၍ စီစဉ်မှာပေးလေ့ရှိပါသည်။
ယခုနှစ်မှစ၍ Waiting list ကိုလည်း တက်လက်စ မိဘများ recommend ပေးသည့် Selected students များကိုသာ လက်ခံပေးပါတော့မည်။
January 2025 မှစ၍ Year 2 & 3 ကလေးများကို 1 online class + 1 in person class ရှိပါမည်။
2025 January မှစ၍ fees လေးလည်း အနည်းငယ်ပြောင်းပါရစေရှင့်။ 2025 May to 2026 March တစ်နှစ်လုံးစာ Fees ကြိုပေးသူများကို 5 % off ပေးပါမည်ရှင့်။
2025 May to 2026 March အတန်းများကို
တီချယ်ယမင်း မြန်မာပြည်တွင်ရှိနေချိန်အထိ
Foundation & KG(Y1) in person once a week
G1(Y2), G2(Y3) & G3(Y4)
1 in person + 1 online or 2 online classes per week
G4(Y5), G5(Y6), G6(Y7) & G7(Y8)
1 in person + 2 online classes or 3 online classes per week
G8(Y9) အတွက် overseas ကလေးများသာရှိ၍ အတန်းချိန်က time zone ညှိနေရ၍ မြန်မာပြည်မှ ကလေးများအတွက် 2025-2026 အတန်းမရှိပါဘူးရှင့်။
Thanks all 😊
Tr Yamin

TYLC students များ၏ မိဘများရှင့်
စာအုပ်တွေ တစ်စုတစ်စည်းတည်းမှာရင် ပိုအဆင်ပြေလို့ 2025-2026 classes များအတွက် reservation ကို December 7 2024(Saturday) မှာ for both old & new students တွေအားလုံးအတွက် ပိတ်ပါမည့်အကြောင်း Remind ပါရစေ။
New comers အနေနဲ့
Year 2 (G1) 2 seats
Year 3 (G2) 3 seats
Year 4 (G3) 3 seats
Year 6 (boys) 2 seats
Year 7 (G6) 2 seats
လက်ခံပေးပါမည်။
Year 5(G4) & Year 8(G7) no vacancies ပါရှင့်။
Thanks all!
2025-2026 အတန်းများအတွက် စာအုပ်ကြိုမှာရန် ဆက် join မ join list ကို December first week မှာ ပိတ်ပါမယ်ရှင့်။
G4(Year5), G5(Year6), G7(Year8) အတန်းများအတွက် တက်လက်စ ကလေးတိုင်းလိုလို ဆက် Join ကြလို့ no vacancies မလို့ new students လက်မခံတော့ပါ။
2025-2026 အတန်းများတွင်
Foundations & KG(Year 1)
In person once a week
G1(Year 2) & G2 (Year 3)
In Person once a week + 1 online class
G3(Year 4)
In person once a week + 2 online classes
G4(Year 5), G5(Year 6), G6(Year 7) & G7(Year8)
In person Once a week + 2 online classes or 3 online classes
G8(Year 9) ကတော့ overseas ကလေးများ၍ time zone အရ မြန်မာအချိန်နှင့်မကိုက်၍ 3 online classes သာ ရှိပါတော့မည်။
G1 (Year 2) 3 seats available
G2 (Year 3) 3 seats available
G3 (Year 4) 3 seats available
G6 (Year 7) 2 seats available
April 2025 regular classes များ တစ်လပိတ်သော်လည်း April 2025 တွင် Key Stage (2) & Check Point ဖြေကြမည့် ကလေးများအတွက် intensive classes များရှိပါမည်။ Limited Seats သာ လက်ခံပါမည်။
2025-2026 classes များက May မှာ စပါမယ်ရှင့်။
In person classes များကိုတော့ တီချယ်ယမင်း မြန်မာပြည်တွင်ရှိမည့်အချိန်ထိ သင်ပေးသွားမှာပါရှင့်။
2025-2026 academic year အတွက် တက်လက်စမိဘများ recommend ပေးသော students များထဲမှ selected students များကိုသာ လက်ခံပါတော့မည်။
Tr Yamin ရဲ့ in Person အတန်းများ အတန်းတိုင်း ၁၄ ယောက်အပြည့်မလို့ no vacancies ပါရှင့်
Online
Year4(G3) no vacancies
Year5(G4) no vacancies
Year6(G5) 2 seats
Year7(G6) CIE no vacancies/ US 2 seats
Year8(G7) 2 seats
Year9(G8) no vacancies
In Person အတန်းပါတွဲတက်ချင်ရင်တော့ 2025-2026 classes များအတွက် waiting တင်ထားလို့ရပါတယ်ရှင့်။ My Old Students အားလုံးလိုလို ဆက် join ကြလို့ waiting students များအတွက်လည်း Limited Seats ပါရှင့်။
Tr Yamin ရဲ့ UK course အားလုံး 2024-2025 No Vacancies ပါရှင့်။
Tr Yamin သည့် မည်သည့်နေရာမှ Advertised မလုပ် Boost မလုပ်ဘဲ Tr Yamin ရဲ့ သင်ကြားလေ့ကျင့်ပေးမှုကြောင့် ကလေးတွေ တိုးတက်လာမှု အခြေခံပြီး မိဘတွေရဲ့တဆင့်စကား နဲ့ သာ New Students များကို vacancies ရှိသ၍ နှစ်စဉ်လက်ခံပေးတာပါရှင့်။
ယခုနှစ် (2024-2025) အတန်းများတွင်လည်း မနှစ်ကတည်းက Waiting ပေးထားသူများကို အတတ်နိုင်ဆုံးဦးစားပေးထားပါတယ်ရှင့်။
အတန်းအားလုံးမှ ကလေးများသည် UK Syllabus IS များမှ များနေ၍ အသစ်ထပ်၍ လက်မခံနိုင်တော့တာပါရှင့်။
US course ဆိုရင်တော့ G5/ G6 & G7 တွင် ၁ နေရာစီသာ vacancy ရှိပါတော့တယ်ရှင့်။
အားလုံးကိုကျေးဇူးတင်လျက်ပါ။
😊Admission is closed😊
2024-2025 အတန်းအားလုံးအတွက် Timetable ကို Group အသီးသီးသို့ ပို့ပေးပြီးပါပြီရှင့်။
ယခုနှစ် အငယ်လေးတွေကံကောင်းတဲ့နှစ်ပါ။ အကြီးတန်းကလေးတွေနဲ့အတူ once a week (in person) အငယ်တန်းလေးတွေကို လက်ခံပေးထားပါတယ်။
အငယ်ကလေးတွေ(KG to G3) အတွက်က ကျောင်းမှာ Grade ကောင်းဖို့ထက် ကလေးတွေကို Basic Skills တွေပိုင်နိုင်ဖို့ အဓိကထားသင်ပါတယ်ရှင့်။
G4 ကနေစပြီး Self learning ကိုနည်းနည်းစီစ train ပါတယ်ရှင့်။ HW တွေ မှန်မှန်ကိုယ်တိုင် လုပ်နိုင်အောင် လေ့ကျင့်ပါတယ်ရှင့်။ Chapter End Tests တွေ Exams အလေ့အကျင့်ရအောင် ဖြေကြရပါတယ်ရှင့်။
G6 (Yr7) to G8 (Yr9) ထိ Self learning ကို ပိုအားပေးရင်း Exam တွေနဲ့ ရင်းနှီးအောင် Tests တွေပိုစစ်ပါတယ်ရှင့်။
Both online & in person classes များမှာ ကလေးတိုင်း classroom rules များကို လိုက်နာကြရပါတယ်ရှင့်။ စာမှန်မှန်မလုပ်သော စည်းကမ်းမလိုက်နာသောကလေးများကို ကလေးအခြေအနေ အမှန်အတိုင်း မိဘများအားအချိန်မီ report ပို့ အသိပေးပါတယ်ရှင့်။
စာနားမလည်သောကလေးများကို Tr Yamin ကိုယ်တိုင် individually in English သေသေချာချာရှင်းပြပေးပါတယ်ရှင့်။
In person လာတိုင်း ကလေးတွေရဲ့ စာအုပ်ကို စစ်ပေးပါတယ်။ Online students များ Pictures များ Files များပို့၍ စာအုပ်များကို check ပါတယ်ရှင့်။
နှစ်စဉ်နှစ်တိုင်း တီချယ်ယမင်း ကလေးများ ၏ about 90% သည် သူတို့ကျောင်းများ၏ Top Students list ထဲတွင်ပါကြပါတယ်ရှင့်။
2024-2025 အတန်းများ both online & in person မှာ no vacancies မလို့ 2025-2026 အတန်းကိုသာ waiting list တင်လို့ရပါတော့မယ်ရှင့်။
All of my students are from international schools so that
US = UK
KG = Year 1
G1 = Year 2
G2 = Year 3
G3 = Year 4
G4 = Year 5
G5 = Year 6
G6 = Year 7
G7 = Year 8
G8 = Year 9
For US, I use IB textbooks starting from G6.
For UK, I use Cambridge book(CIE) starting from Year5.
For KG (Yr1) to G3(Yr4), I use SG books.
For extra practices, I use SG books for all grades.
Every year in April, there will be intensive online classes for KS 2 & Checkpoints for Year 6 and KS 3 for Year 9.
Thanks all!
2024-2025 အတန်းများအတွက် No Vacancies ပါရှင့်။
2025-2026 အတန်းများအတွက် Sein Tun account မှာ waiting list ပေးလို့ရပါတယ်ရှင့်။
ကလေးများနှင့် Extra Classes
ခုခေတ် မိဘတွေ ငွေအများကြီးပေးရတဲ့ IS တွေမှာ ကိုယ့်ကလေးတွေကို ပုံအောထားကြပေမယ့် ကလေးတွေလိုလားမလိုလားမသိ extra classes တွေတပုံတပင်ထားကြတယ်။
အများစု ထားကြတဲ့ Extra Class ကို Maths ထားကြတယ်။
Maths ကများများလေ့ကျင့်ရင်ကောင်းပေမယ့် Maths သင်တန်း ၂/၃ ခု ထားဖို့မလိုဘူးလို့မြင်တယ်။
နောက် ၁ ခုက ပန်းချီသင်တန်း
Summer Extra အနေနဲ့ အပိုထားရင် ကိစ္စမရှိပေမယ့် ကိုယ်လိုမိဘကတော့ ကလေးရဲ့ creativity ကို ဘောင်ခက်လိုက်တာကိုမကြိုက်ဘူး။ ကလေးကိုယ်တိုင် feel free to create လုပ်လိုက်တာကို ကြိုက်တဲ့သူမလို့ regular ထားဖို့မလိုဘူးလို့မြင်တယ်။
အားကစား
မှန်မှန်လေး Regularly နေ့စဉ် အားကစား ၁ မျိုးကိုလုပ်စေချင်တယ်။ ပြိုင်ပွဲတွေ ဝင်လောက်တဲ့အထိ အပြင်းအထန် ဘယ်လောက်ဘဲ စနစ်တကျလေ့ကျင့်ခဲ့ပါစေ အသက်ကြီးလာရင် အတော်ခံရတာကို ကိုယ့်မိဘကိုယ်တိုင် တိုင်း Selection တွေအဖြစ် train ခံရတာ မျက်မြင်ကိုယ်တွေ့မလို့ သူတို့အသက်ကြီးရင် ဘယ်လိုခံရလဲဆိုတာမျက်မြင်ကိုယ်တွေ့ပါ။ ကိုယ်ကတော့ အားကစားမှာ ကိုယ်စိတ် ၂ ပါး အပြင် သွေးလေညီညွတ်မျှတစေသော အသက်ရှုလေ့ကျင့်ခန်း Meditation ပါပါတော့ စိတ်ငြိမ်စေပြီး confident ရှိစေတဲ့ Yoga ကို အကြိုက်ဆုံးဘဲ။
ခုနောက်ပိုင်း ခေတ်စားလာတဲ့ Science Classes
ဒါကိုတော့ extra class တွေထားဖို့ထိ မလိုလောက်ဘူးထင်ပါတယ်။ ငွေတွေအများကြီးပေးရတဲ့ ကျောင်းတွေ ကိုယ်ပိုင် Lab လေးတော့ရှိသင့်ပြီး ကျောင်း Lab မှာတင် experiments တွေထည့်သွင်းလေ့ကျင့်စေသင့်တယ်။ IS ကျောင်းကြီးတွေဖြစ်ပြီး Science Learning Center ကိုသွားပြီး ကျောင်းမှာလုပ်လို့ရနိုင်တာတွေ သွားလေ့လာတာတော့မဖြစ်သင့်ပါ။ ကျောင်းတွေက သေသေချာချာ practically သင်ပေးဖို့လိုပါတယ်။ ဒီလောက်တော့ Service ပေးသင့်တယ် ထင်တာဘဲ 😁 SG က Science CENTRE လိုမျိုးတော့ ကလေးတွေ excursions ထွက်ရင်းတော့ လေ့လာသင့်ပါတယ်။
Music Education
ကလေးတွေအတွက်မရှိမဖြစ် ငယ်ငယ်ကတည်းက ထည့်သွင်းလေ့လာစေချင်ပါတယ်။ Music Education က ကလေးတွေရဲ့ Brain Development ကို များစွာအထောက်အကူပြုပါတယ်။ ကလေးတိုင်း လိုအပ်တဲ့ Essentials Class ပါ။
IT ခေတ်ဆိုတော့ ကိုယ့်ကလေး ခေတ်နောက်မကျစေဖို့ ထားသင့်တဲ့ extra class ထဲပါလာပါပြီ။ IS ကျောင်းတိုင်းလည်း ကလေးတွေကို သင်ပါတယ်။
English
IS ထားပြီး English Classes တွေ weekend school တွေထားမယ့်အစား English extra books လေးတွေနဲ့ လေ့ကျင့်လို့ရပါတယ်။ ခုခေတ် online မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ online apps လေးတွေနဲ့ exercises လေးတွေလေ့ကျင့်လို့ရပါတယ်။
Other Languages
မြန်မာပြည်က common ထားကြတာကတော့ Chinese ပါ။ IS ကလေးအတော်များများကတော့ French, German, Japan စတာတွေလည်း သင်ကြပါတယ်။ Second Language အနေနဲ့ ငယ်ငယ်ကတည်းကသင်ထားတော့ပိုကောင်းပါတယ်။
***မိမိခံယူချက်နဲ့ မိမိပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ။ ကိုယ့်ကလေးလေးတွေ ယဉ်ကျေးလိမ္မာစွာ environment အတွက် toxic မဖြစ်ဘဲ ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရင် ကျေနပ်နေသူပါရှင့်။***
(ကလေးတွေကို မိဘတွေရဲ့ စေတနာလောသောကြောင့် အပိုဆောင်း classes တွေတပုံတပင်ထားရင်း ကလေးတွေဘဝ ကလေးလေးတွေလို မနေရဘဲ အမှတ်မထင်ကြီးသွားမှာစိုးလို့ ကိုယ့် experience အရ sharing လေးလုပ်ပေးခြင်းသာဖြစ်ပါတယ်ရှင့်။ ခဏလေးရတဲ့ လူ့ဘဝမှာ ကလေးဘဝလေးတွေ ကလေးလိုရရှိစေချင်တဲ့ဆန္ဒလည်းပါပါတယ်ရှင့်။)
To Parents of New Comers!
Tr Yamin’s Classes များသည် အချိန်ကို vacancies မရှိသလောက်ကို ဖြစ်နေ၍ အထူးသဖြင့် in class အချိန်များကို ဟို အချိန်ပြောင်းပေးပါ ဒီအချိန်ပြောင်းပေးပါ လုပ်ခိုင်း၍ မရပါ။
အတတ်နိုင်ဆုံး မောင်နှမတွေတူတူလာရန်နှင့် အတန်းတူများတူရန် ဦးစားပေးထည့်ထားပါသည်။
In class အချိန်များ missed ဖြစ်ပါက KG, G1, G2 များ substitute မရှိပါ။ ကျန်အတန်းများကို online substitute ပေးပါသည်။
Online class တွေ missed
ဖြစ်ပါက substitute ကို ကျန်းမာရေးကြောင့် ပျက်တာကလွဲလို့ ကျန်သောကိစ္စများ substitute မပေးပါဘူးရှင့်။
Class Missed ဖြစ်သူရှိပါက group အသီးသီးတွင် missed ဖြစ်သော lessons များ post တင်ပေးပါသည်။
ကလေးတိုင်း အပတ်စဉ် HW လုပ်၍ အချိန်မီ HW ကို Tr ရဲ့ private account ကို in time submit လုပ်၍ ကလေးတွေ stars စုကြပါသည်။
G3-G8 (Year 4- Year 9) Chapter End Tests များ online or on paper ဖြေကြရပါသည်။ Online Tests ဖြေလျှင် Camara turn off လုပ်၍မရပါ။
Test ဖြေခိုင်းခြင်းမှာ ကလေးတွေကို Test ဖြင့်ရင်းနှီးစေရန်ဖြစ်ပါသည်။ ပြိုင်ဆိုင်လိုစိတ်ကို အားပေးခြင်းမဟုတ်ပါ။ စာမှန်မှန်လုပ်ရန်ရည်ရွယ်ပါသည်။
Online Classes တွင် Maths နှင့်ပတ်သက်သော Quizzes များ၊ live worksheets များ၊ games များလုပ်ရပါသည်။
Fees ကိုလစဉ် ၁-၇ ရက်အတွင်း သွင်းလို့ရပါသည်။ (ယခုနှစ် 90 + students တက်ကြ၍ remarks တွင် ကလေးအမည် သွင်းသည့်လရေးပေးပါရန်)
📌Tr Yamin သည် ကလေးတိုင်းကို ကိုယ့်သမီးနဲ့သားကိုသင်သလိုသာသင်တတ်၍ စာနှင့်ပတ်သက်သည့်အရာများ အမှန်အတိုင်းသာပြောတတ်၍ ဘဝင်မကျသည့်မိဘများ ရှိပါက ကြိုတင်သတိပေးပါသည်။
In class လာချိန် ရန်ဖြစ်ခြင်း၊ complain များတတ်သော ကလေးများနှင့် တခြားသူများကို disturb လုပ်သောကလေးများကို in class လက်မခံပါ။
စာအဓိကထားသင်လို့ စာမှန်မှန်မလုပ်သည့်ကလေးများကိုလည်း classes များတွင်လက်မခံပါ။
Year 8 (G7) & Year 9 (G8) ကလေးများကို selfstudy အဓိကထား train ပါသည်။
မိမိကလေးများ အတန်းပျက်စရာရှိပါက ခွင့်တော့ကြိုတင်တိုင်ပေးပါရှင့်။
Tr Yamin’s Classes များသည် 2024 မှစ၍ Grade 8 (American Course) & Year 9 ( Cambridge Course)ထိ နှစ်စဉ်ရှိပါမယ်ရှင့်။
2024 June to 2025 May Classes များကို ဆက် Join မည်ဟု Confirmed ထားသော Students များကို New Timetable များထဲ စထည့်နေပါပြီ။
End of January ထိသာ Waiting students များ၍ Class ဆက် join မည်ဟု confirmed မလုပ်ရသေးသည့် Old Students များကို In Class အချိန်များထည့်ပေးလို့ရပါမည်ရှင့်။
January နောက်ပိုင်းမှ confirmed သူများ Online Classes များသာ ရပါမည်ရှင့်။
2024-2025 Classes များတွင် Year 9 (Cambridge Course) & Grade 8 (American Course) တွင် New Students လက်မခံပါရှင့်။
Tr Yamin ရဲ့ 2024 May to 2025 May အတန်းများကို join ဖို့ waiting list တင်ထားသူများ End of March မှာ New Timetable ထွက်မှာ မလို့ in the last week of March မှာ Tr Yamin ကို ဖုန်းတချက်ဆက်ပေးပါရှင့် Old Students အများစုကလည်း Class ဆက် Join ဖြစ်ကြ၍ Waiting list ထဲမှ Selected Students များကိုသာ in Class ပေးနိုင်မှာဖြစ်လို့ပါရှင့်
ကျေးဇူးပါရှင့်