Inginn
.
11/01/2025
တောင်ကြီး မီးပုံပျံပွဲမှာ ခါးပိုက်နှိုက်မှုနှင့်
🐕🦺ဖျ_င်နှိုက်မှု များပြားနေ
🤭
LM
10/27/2025
ဒီရက်ပိုင်းအတွင်း ကျားဖြန့်တွေ project အသစ်တစ်ခု
စမ်းသပ်နေတယ်လို့ သိထားတယ်။ အဲဒီ project က အောင်မြင်ဖို့
တော်တော်နီးစပ်နေပြီလို့လည်း သိထားတယ်။
ခု project က ဘယ်လိုလာမလည်းဆိုတော့ 18 + ပုံစံတွေရယ်
VPN ပုံစံတွေနဲ့ လာမယ်လို့ သိထားတယ်။ ယခင် E Banking
Wave Pay KBZ Pay ပုံစံတွေ၊ ဆုမဲ လက်ဆောင် ကံစမ်းမဲပေါက်တဲ့
ပုံစံတွေက တော်တော်များများက သိလာပြီး လုပ်ရကိုင်ရတာ
ထင်သလောက် မရတော့ အခု project အသစ်နဲ့ scram လုပ်ဖို့
ကြိုစားနေတယ်လို့ သိထားတယ်။
ဘယ်လိုပုံစံတွေ လာမလည်းဆိုရင် ဆန့်ကျင့်ဘက် s*x ကို Dummy
(အသုံးချခံပစ္စည်း) အဖြစ်ထားပြီး ယောက်ျားလေးဆို မိန်းကလေး
Dummy နဲ့၊ မိန်းကလေးဆို ယောက်ျားလေး Dummy နဲ့ ဗန်းပြပြီး
ဉပမာ 18 + movies/side စတာမျိုးတွေကို ကြည့်ဖို့ဆွယ်တာ
18 + character ေတွပါတဲ့ Game မျိုးတွေ ဆော့ဖို့ download link
ချပေးတာ ဒါမျိုးတွေနဲ့ လာလိမ့်မယ်။
နောက်တစ်ခုက VPN..မြန်မာနိုင်ငံက မဖြစ်မနေ VPN သုံးရတဲ့အတွက်
VPN APK Link ကို download ဖို့ link ပေးတာမျိုးတွေ စတဲ့ပုံစံတွေနဲ့
လုပ်ဖို့ ကြိုးစားနေတယ်လို့ သိထားပါတယ်။
ဒီ Project မှာ သူတို့သုံးမယ့် နည်းပညာပိုင်းက အရင်ကဟာတွေထက်
မြင့်မားပြီး ပစ်မှတ်သားကောင်တွေက အဲဒီ link ကို ဝင်လိုက်တာနဲ့
အရင်လို့ မိမိတို့ရဲ့ ဖုန်းကို fully control လုပ်ဖို့ code တွေ နှစ်ဆင့်
သုံးဆင့်ရဖို့ ကြိုးပမ်းနေစရာမလိုဘဲ ပထမဆုံး link ကို
ဝင်ပြီးသွားတာနဲ့တင် ပစ်မှတ်ရဲ့ ဖုန်းတွေဟာ နောက်ထပ်
ဘာ code မှ ရအောင်လုပ်ဖို့မလိုဘဲ ပထမအဆင့်မှာတင်ဘဲ
အပြည့်အဝ ထိန်းချုပ်ခံရမှာဖြစ်ပါတယ်။
VPN တွေကိုလည်း ကိုယ် Download လုပ်နေကျ play store
Apk downloader တွေကနေဘဲ download လုပ်ဖို့
သတိပေးချင်ပါတယ်။ ကိုယ် down နေကျ VPN ဆိုရင်တောင်
ပုံစံတူပြီးကွဲလွဲမှု ရှိ/မရှိ သေချာစစ်ဖို့ သတိပေးချင်ပါတယ်။
ကျားဖြန့်တွေ အခု ကြိုးပမ်းနေတဲ့ project မှာ E banking တွေကိုတောင်
အရင်လို OTP တွေ ရယူဖို့မလိုဘဲ အပြည့်အဝ အသုံးချနိုင်အောင်
လုပ်နေတယ်လို့လည်း သိထားပါတယ်။ ဒီလို နည်းပညာမျိုးက
နည်းနည်းမြင့်တဲ့အတွက် မဖြစ်နိုင်ပါဘူးလို့ တွေးစရာရှိပေမယ့်
ကျားဖြန့်တွေဆိုတာ သာမာန် လူ့သဘောviသဘာဝနဲ့ အတွေးကို
အသုံးချပြီး လုပ်နေကြတာဖြစ်တဲ့အတွက် ဒီလိုတွေးလိုက်ရင်
ကျွန်တော်တို့ ခံသွားရမယ်ဆိုတာ သတိထားဖို့ပြောချင်ပါတယ်။
ဒီအချက်အလက်တွေဟာ ၉၀ ရာခိုင်နှုန်းနီးပါး ခိုင်လုံတဲ့ သတင်း
အချက်အလက် ရင်းမြစ်ဆီကနေ ရထားတာမလို့ အားလုံးကို
သတိထားဖို့ ထပ်ပြီး အသိပေးပါရစေ....
မှတ်ချက်။ ကျားဖြန့်တွေရဲ့ project အသစ်က အရမ်းအန္တရာယ်များတဲ့အတွက် လူများများ သိနိုင်သမျှ သိအောင် မျှဝေပေးကြဖို့ ဖြန့်ဝေပေး
ကြဖို့တောင်းဆိုပါတယ်.....
Credit '(Little Pieces)
10/27/2025
...- အတ္တတွေ မရှိတဲ့ အရပ်က အေးချမ်းတယ်။
- မာယာတွေ မရှိတဲ့ အရပ်က နေပျော်တယ်။
- ပြိုင်ဆိုင်မှုမရှိတဲ့ အရပ်က နွေးထွေးတယ်။
- စာနာမှုမရှိတဲ့ အရပ်က ပူလောင်တယ်။
- ညှာတာမှုမရှိတဲ့ အရပ်က သွေးချောင်းစီးတယ်။
- မျှတမှုမရှိတဲ့ အရပ်က ငြီးငွေ့စရာကောင်းတယ်။
မရှိလည်း ခဏ ရှိလည်းခဏ
အတည်မကျတဲ့ လောကအလယ်မှာ
အတ္တကိုခြေဖျက် ပရ နဲ့ ခရီးဆက်နိုင်ကြပါစေ။
မာနကို နင်းခြေ ၍ မေတ္တာတွေ ပေးဝေနိုင်ကြပါစေ။
ပြိုင်ဆိုင်မှုမထား စာနာမှုပွါး၍
ညှာတာမှု့ နေ့စဉ်ပြုလျှက်
မျှသသောသူ ထာဝစဉ် ဖြစ်အောင်
ရိုးသားစွာဖြင့် ကြိုးစားနိုင်ကြပါစေ🌞
🙏မေတ္တာများစွာဖြင့် ရွှေမြိုင်ဆရာတော်🙏
10/25/2025
မထရေစီ၏ သား၊ ကိုဝေထွန်းdrummer (emperor lazyclub)ရဲ့တူ တော်သူ vocalist အဒီနို
Idiots FareWell Tour ပွဲကြီးမှာ Fever 109 ရဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတုန်း လဲကျသွားခဲ့ပါတယ်။
စင်ပေါ်မှာ ရေမွန်ရဲ့ ''မငိုနဲ့တော့" သီချင်းဖျော်ဖြေနေရင်း thayဆုံးသွားခဲ့တာဖြစ်ပါတယ် ။
ကောင်းရာသုဂတိလားပါစေ 😢😢😢
10/18/2025
..မြန်မာနိုင်ငံက အသုံးပြုတဲ့ Facebook အကောင့် အများအပြား ပိတ်ချခံရ
အောက်တိုဘာ ၁၈
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ မှာ Facebook လူမှုကွန်ရက် အသုံးပြုသူအများအပြား ရဲ့ အကောင့်တွေ ပိတ်ချခံရတာနဲ့ အပြီးတိုင်ဖျက်သိမ်း ခံရတာတွေ ရှိနေတယ်လို့ နည်းပညာအသိုင်းအဝိုင်းဆီ က သိရပါတယ်။
အောက်တိုဘာ ၁၇ ရက် ညပိုင်းကစတင်ပြီး Facebook သုံးစွဲသူတွေ ရဲ့ အကောင့်တွေ တစ်ပြိုင်နက်တည်း အသုံးခွင့် ရပ်ဆိုင်းခံရတာ (Disable ချခံမှု) တွေ ဖြစ်ပွားခဲ့သလို အဲဒီထဲမှ တစ်ချို့အကောင့်တွေကတော့ ရက်ပေါင်း ၁၈၀ ရပ်ဆိုင်းခံရတာဖြစ်ပေမယ့် တချို့ အကောင့်တွေကို အပြီးတိုင်ပိတ်သိမ်းလိုက်တာ လို့ ဆိုပါတယ်။
" Starlink အပိတ်ခံရမှုနဲ့ ဆက်စပ်ပြီး မနက်ပိုင်းမှာ Meta ဘက်က System Security လှုပ်ရှားမှုတွေဖြစ်ခဲ့တာ။ ညနေပိုင်းမှာတော့ Infomation မပြည့်စုံတဲ့ Account တွေနဲ့ အရင်ကစည်းမျဉ်းချိုးဖောက်မှုထိဖူးသူတွေကို တစ်ပြိုင်တည်း Disable ချပစ်တာဖြစ်နိုင်တယ်။” လို့ နည်းပညာကျွန်းကျင်သူအမျိုးသားတစ်ဦးက Connect Burma ကိုပြောပါတယ်။
ဒါ့အပြင် Meta စည်းမျဉ်းစည်းကမ်းသစ်တွေ အရ pages အပြင် Boost Ads ပြုလုပ်သူတွေ လုပ်ဆောင်မှုမမှန်ပါကလည်း Account တွေကိုပိတ်နိုင်တယ်လို့သူကဆိုပါတယ်။
"ကျွန်တော်အကောင့်ကိုဆို တစ်လလောက် disable ချခံရတာ။ ID မျိုးစုံတင်ပေးတာနဲ့လည်း မရဘူး။ Meta Support ကလည်း သူတို့နဲ့မပြောနိုင်အောင် ဆက်သွယ်ခွင့်တားထားတဲ့ပုံရတယ်။ မနီဘဲနဲ့ပိတ်ချပစ်ခံခဲ့ရတာ။" လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးကပြောကြားထားပါတယ်။
ပုံ.. စာကျော်သွားမှာစိုးလို့ပါ..😐
CNBM
Photo ..crd
10/18/2025
ကျားဖြန့်တွေပေါများချက်ကြောက်စရာ✍️✍️
❗️ကမ္ဘောဒီယား မသွားကြပါနဲ့တဲ့
ကြောက်စရာ၊ Kမှာတော့ Korean Air နဲ့ Asiana Air က လေကြောင်းလိုင်းတွေ အကုန်ဖျက်ပြီး ပိုက်ဆံပြန်လျှော်နေပြီတဲ့
Photo..crd
#လူ
10/17/2025
..တောင်ကြီး နည်းတူ အောင်ပန်းမှာလည်း ဒီနေ့မနက်အစောပိုင်း ၅နာရီလောက်က မြို့အဝင် မဂႅလာကန်မှာ အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသား တစ်ယောက်ရဲ့ အလောTGင်းကို တွေ့ရှိထားတယ်လို့ သိရပါတယ်
သေဆုံးထားသူဟာ အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက်မှ လူငယ်တစ်ဦးဖြစ်ပီး ပျောက်ဆုံးနေတာ သုံးရက်ခန့်ရှိပီဖြစ်ကာ ဒီနေ့မှ မြို့အဝင် မဂႅလာကန်မှာ ပြန်လည်တွေ့ရှိတာလို့ သိရပါတယ်
ရှမ်းတောင်မှာ အခုလို သတင်းမျိုး တောင်ကြီးနဲ့အောင်ပန်းမှာ တစ်ပြိုင်တည်း တွေ့မြင်ကြားသိရတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပီး ရှမ်းတောင်မှ ပြည်သူတွေအနေနဲ့ ဘယ်သွားသွား အထူးဂရုစိုက်ကြပါ
゚viralシ #လူ # TGI
10/17/2025
...တောင်ကြီးမြို့မြို့လယ်ခေါင် မြို့မရပ်ကွက် စဝ်စံထွန်းလမ်းထဲမှာ အသ_တ်ခံထားရတဲ့ လူေ_သအလောင်းတစ်လောင်း ကားနဲ့လာပစ်ချသွားတယ်လို့ သိရပီး
ညတွင်းချင်း သတင်းရတာနဲ့ အမှတ် ၁နဲ့၂ မှ ရခတွေ မှတ်တမ်းယူပီး စဝ်စံထွန်းဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်
ဒါဟာ တောင်ကြီးမှာ ကြားတောင့်ကြားခဲ သတင်းမျိုးပါ
အရင်က ရှမ်းပြည်မှာဆိုရင် မူဆယ် လားရှိုး တာချီလိတ် ကျိုင်းတုံ တို့မှာသာ မကြာခဏ တွေ့နေကြားနေရာကနေ
အခုကတော့ မြို့တော် တောင်ကြီးအထိပါ ကြားလာရတဲ့အထိဖြစ်လာခဲ့ပါပီ မူးယစ်ဆေးကြောင့်လား ငွေရေးကြေးရေးကြောင့်လား ဒါမှမဟုတ် ဟိုကောင်တွေ လက်ချက်ပဲလား မသိရသေးပေမယ့် အသတ်ခံထားရတဲ့သူဟာ ထိုးသွင်းဒဏ်ရာတွေ ပျက်ရှဒဏ်ရာတွေနဲ့ရောင်ကိုင်းနေတာပဲလို့ မြင်လိုက်သူတချို့မှ ပြောလာပါတယ် နားရွက်တစ်ဖက်လည်း အဖြတ်ခံထားရသေးတယ်လို့ သိရပီး အရွယ်ကောင်း အမျိုးသားတစ်ယောက်လို့ သိရပါတယ်
လတ်တလောမှာတော့ အမှတ် ၁ အမှတ် ၂ အပြင်ပြည်နယ်ရခရုံးအခြေစိုက်တဲ့ စိန်ပန်းရဲရုံးကနေ cctv တွေမှတဆင့်ခြေရာခံလိုက်နေတယ်လို့ သိရပီး ကားနဲ့လာချသွားတဲ့ တရားခံတွေကိုတော့ မမိသေးဘူးလို့ သိရပါတယ်
#တောင်ကြီးမြို့ခံ ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ကွက် လမ်းထိပ်သွားရင်တောင် သွားသတိ လာသတိနဲ့ သွားကြ လာကြပါ
゚viralシ ゚viralシfypシ゚ TGI
Inginn
10/17/2025
ငါthayဆုံးသွားတဲ့အခါ
နေ့မကူးဘဲ သဂြိုဟ်ပေးပါ။
သုံးရက် ငါးရက်အယူမသည်းပါနဲ့။
Thayပြီးငါ့အား ဓာတ်ပုံထောင်၍
နံနက် ညနေစားစရာတွေမကျွေးပါနဲ့။
ငါ့အားကျွေးမည့် စားကောင်းသောက်ဖွယ်
များအား ဆာလောင်မွတ်သိပ်နေသူများကို
ကျွေးပေးပါ။
အသက်မရှိတော့တဲ့ ငါ့ခန္ဓာအား
ရေချိုးအလှပြင်ဖို့မလုပ်ပါနဲ့ ။
ကမ္ဘာမှာ ရေချိုတွေရှားနေတာသတိရပါ။
မသာကောင်ကိုအလှဆင်ဖို့
ငွေကုန်ခံပြီး ပန်းတွေမဝယ်ပါနဲ့။
ဘုရားကိုလှုလိုက်ခြင်းက
သင်တို့အတွက် ပိုမြတ်ပါတယ်။
ငါ့ခန္ဓာအား အရှက်လုံလောက်သော
အဝတ်အဟောင်းသာ ဝတ်ပေးလိုက်ပါ။
ပြာကျမည့်အစား ချို့တဲ့သူအတွက်
လုံခြုံအောင် လှုလိုက်ပါ။
ငါ့ခြေထောက်မှာ မွေးကတည်းက
ဖိနပ်မပါလာ၍ ဖိနပ်ထည့်ပေးရန်မလိုပါ။
ပြာကျမည့်ဖိနပ်တစ်ရံအား
ဖိနပ်မရှိသူကို လှုလိုက်ပါ။
ရေအိုးခွဲမည့် လွဲမှားသောအယူများနဲ့
ငါ့အားလမ်းမခွဲလိုက်ပါနဲ့ ။
အိုးမခွဲလဲ ငါဖက်တွယ်မထားပါဘူး
ကိုယ့်လမ်းကိုယ် ဆက်လျှောက်မှာပါ။
ကူးတို့ခလည်း ထည့်ပေးစရာမလိုပါ။
လိုအပ်တဲ့နေရာ လှုလိုက်ပါ။
ငါ့မှာကူးတို့ခအဖြစ်
ကုသိုလ် အကုသိုလ်အထုတ်ယူသွားမှာပါ။
ဝမ်းနည်းခြင်း ပန်းခြင်းများအစား
ငါ့အားကြည့်၍ သံဝေဂယူပါ
ခန်းမအလယ်၌ ငါ့အားပြင်ပြီး
လူမြင်ကောင်းအောင် မငိုကြပါနဲ့။
ခန်းမငှားခအား ဘိုးဘွားရိပ်သာကို
လှူလိုက်ပါ။
6သပြီးခန္ဓာ ငါ့မသာအား
အခေါင်းလှလှ ထဲ့ဖို့အကြံဉာဏ်မပေးပါနဲ့။
ခေါင်းပျဉ်ပြာကျ ဆုံးရှုံးရမဲ့အစား
အခင်းအကာမဲ့သူတွေ အများကြီးကို
မြင်တတ်စာနာတတ်ပါစေ။
ငါ့ဝိညာဉ်အား ပုတ်ကာခေါ်၍
သင်တို့အိမ်ကို ခေါ်ဆောင်ခြင်းအမှု
အယူလွဲစွာမပြုပါနှင့်။
ငါသင်တို့နှင့် အပြီးတိုင်လမ်းခွဲသွားသူပါ။
ငါ့ခန္ဓာကိုယ်ကို မြေ၌ရှိသော
ဆာလောင်မွတ်သိပ် သတ္တဝါတို့အား
ငါ့အသွေးသား စားသောက်စေရန်
မီးသဂြိုဟ်ခြင်း ပြုမည့်အစား
မြေ၌မြုပ်နှံပေးကျပါ။
ငါ့အားမြုပ်နှံသည့်အခါ
အုတ်ဂူမလုပ်ဘဲ မြေတူးကာမြုပ်၍
သစ်ပင်ငယ်တစ်ပင်သာ စိုက်ပေးခဲ့ပါ။
ငါ၏ယိုယွင်းပျက်စီးသော ခန္ဓာအား
ငါ့မြေငါ့ရေအတွက် မြေဆီမြေနှစ်အဖြစ်
အသုံးပြုခွင့်ပြန်ရပါစေ။
ဦးကျော်ရဲ့အရမ်းတန်ဖိုးရှိသောစကား
မှတ်သားထားပါ့မယ် 👀✍️
Inginn
゚viralシfypシ゚ #လူ
Ccto.
✍️ချစ်ခင်လေးစားဂုဏ်ယူပါတယ်
゚viralシ
10/16/2025
#စိတ်ရင်းမှန်တဲ့
သူတွေနဲ့ပဲ ဆုံတွေ့ချင်တယ်✍️
Click here to claim your Sponsored Listing.
Category
Website
Address
Washington D.C., DC