Shwe Pont

Shwe Pont

Share

အနံ့ အရသာနှင့်ပြည့်စုံသောအိမ်ချက်မြန်မာစားသောက်ဖွယ်ရာများ ကိုသန့်ရှင်းစွာချက်ပြုပ်ထားပါတယ်ရှင့်

Photos from Shwe Pont's post 08/09/2026

ညနေ ဆုတောင်းပွဲလေးအတွက်

ဖာလူဒါ အော်ဒါလေး

ညီမလေးရေ ချစ်ရတဲ့မိသားစု နဲ့

တဘဝလုံးအေးချမ်းပျော်ရွှင်စွာ

ဖြတ်သန်းနိုင်ပါစေ

ဘုရားသခင် သာ၍ကောင်းချီးပေးပါစေ

Photos from Shwe Pont's post 08/08/2026

အမြဲ မှာနေကျ

ညီမလေးတွေရဲ့

အော်ဒါအမှာလေး

ဝက်သားတုတ်ထိုး ကြာဇံကြော်

ကြက်ဆီထမင်း

ကောက်ညှင်းငချိပ်အုန်းနို့ပြင်

ရွှေကြည်ဆနွင်းမကင်း

မြေပဲငရုတ်သီးကြော်

ပဲကပ်ကြော်

အများကြီးမှာသွားသလို

အမြဲ Portion များများ

ထည့်ပေးတတ်တဲ့ကျွန်မကလဲ

များများထည့်ပေးဖြစ်တယ်

ကြက်ဆီထမင်းလေးက တော့

ကိုယ် Malay မှာတုန်းက

စားဖူးနေကျအရသာလေးအတိုင်းဖြစ်အောင်

ကြက်သားပေါ်ကနေ Special Sauce လေး

ဖြန်းပေးထားတယ်

စားကောင်းကျပါစေရှင်

မွေးနေ့ရှင်သမီးလေးနဲ့တကွ

မိသားစုအားလုံး

စိတ်၏ချမ်းသာခြင်း

ကိုယ်၏ကျန်းမာခြင်း များနဲ့ပြည့်စုံပြီး

ပညာတတ်ကြီး ဖြစ်ပြီး

လောကအကျိုးသယ်ပိုးနိုင်တဲ့

လူသားဆန်သော မိန်းမလှလေးဖြစ်ပါစေလို့

ကြီးကြီး ရွှေပုံ့ က

ဆုတောင်းပေးလိုက်ပါတယ်

🙏🙏🙏

☘️☘️☘️

❤️❤️❤️

🌸🌸🌸

08/07/2026

စိတ်လိုလက်ရ

ဝက်ကလီစာဟင်းချက်

အနံ့ စန်းစန်းတင့်တဲ့

ကျွန်မအကြိုက်

ကိုယ်ချက်ကိုယ်ကောင်းပါရှင်

08/04/2026

Customer ရဲ့ Feedback လေး

Photos from Shwe Pont's post 08/02/2026

အမဲနှပ် ဝက်အချိုချက်

အယောက် တစ်ရာစာ အော်ဒါလေး

ဌက်ပျောဆနွင်းမကင်း ဘန်းကြီးတဘန်း

ချဥ်ပေါင်ဟင်းရည် တို့ကို

လက်ဆောင်အနေ နဲ့

ထည့်ပေးဖြစ်တယ်

မနေ့က နဲ့ဒီနေ့ နှစ်ရက်စာမှာတာမို့

အဲ့မတိုင်ခင် ကြေးအိုး အော်ဒါလဲ

လက်ခံထားတော့

ပင်ပန်းချက်ကပြောမနေ နဲ့

ချဥ်ပေါင်ဟင်းရည်လေးက အစ

သောက်ကောင်းတယ်ပြောတော့

အမောပြေ

အချိုမှုံ့ မသုံးပါဘူး ရှင်

အကောင်းစားငံပြာရည်နဲ့

Dashi ကြက်သားမှုန့် သုံးတာပါ

နောင်လဲလိုအပ်ရင်ရွှေပုံ့ကို

သတိရပေးပါရှင်

ကျေးဇူးတင်ပါတယ်

Photos from Shwe Pont's post 07/31/2026

ခေါက်ဆွဲကြော် ကြာဇံကြော်

ကြက်သား နဲ့

အော်ဒါလေးတဖြတ်

ကြက်ပေါင်လုံးလေးတွေ

ဂျင်းကြက်သွန်ဖြူနဲ့ပြုပ်ပြီး

ဂေါ်ဖီ တရုတ်နံနံ နဲ့

မုန်ညှင်းထုတ်လေးပါထည့်ပြီး

ချက်ထားတယ်

အချိုမှုန့်လုံးဝမသုံးပါဘူးရှင်

အမြဲအားပေးကျတဲ့မိတ်ဆွေအပေါင်း

စိတ်၏ကျန်းမာခြင်း

ကိုယ်၏ချမ်းသာခြင်း များနဲ့

ပြည့်စုံကျပါစေ လို့

ရွှေပုံ့မိသားစုမှ

ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

🙏🙏🙏

07/31/2026

အမေ ဟင်းအော်ဒါတွေအတွက်

စျေးထွက်ဝယ်တာ

အဖော်လိုက်ကူပေးတဲ့

သားကြီးအကြိုက်

ကင်းမွန် ချဥ်စပ်

သမီးအတွက် ငုံးဥလေးထည့်ချက်

ချက်ပြုပ်ပြင်ဆင်ချိန်

မိနစ်20 လောက်နဲ့

ထမင်းစားကောင်းတဲ့ဟင်းလေး

Photos from Shwe Pont's post 07/29/2026

ဝါဆိုသင်္ကန်း ကပ် အလှူ အတွက်

အော်ဒါလေးချက်ပေးဖြစ်တယ်

ကြက်သားဒန်ပေါက် ကို

ငရုတ်သီးကြော် အချဥ် နဲ့

ချဥ်ပေါင်ဟင်းရည်လေး

အချိုပွဲကတော့

ဌက်ပျောဆနွင်းမကင်း

သုံးတဲ့ Ingredients

အရသာ သန့်ရှင်းမှု

Portion အရာရာ ကိုအတတ်နိုင်ဆုံး

အကောင်းဆုံးဖြစ်အောင်

ကြိုးစားထားပါတယ်ရှင်

အားပေးမှုအတွက်

အယောက်စီတိုင်းကို

ကျေးဇူးတင်ပါတယ်ရှင်💜

Photos from Shwe Pont's post 07/29/2026

တလုံးက မီးထွန်းဖို့

တလုံးက ကက်ဆက်ဖွင့်ဖို့

🤪

စတာနော်

မနက်ဖြန် ဒုတိယဝါဆိုလပြည့်နေ့အတွက်

အော်ဒါလေးလုပ်ရင်း

အိမ်က ဘုရားလဲဆွမ်းတော်တင်မလို့

ပြီးခဲ့တဲ့ Sunday က

ဘုန်းကြီးကျောင်း ဝါဆို သင်္ကန်းကပ် အလှူမှာ

ရွှေပုံ့တို့မိသားစုက

မုန့်5မျိုး ဘန်းကြီး 5 ဘန်းလှူခဲ့တာ

အကုန်ကုန်

ကြိုက်ကျတယ် စားကောင်းတယ်ပြောလို့

ဝမ်းသာလုံးဆို့

Photos from Shwe Pont's post 07/22/2026

ရွှေပုံ့ မိသားစုအတွက်

ဒီနေ့ချက်ကျွေးဖြစ်တဲ့

ဟင်းလေးပါ

ဝက်သနီချက်ဆို

အသားရောအခေါက်ပါ

ကြိုက်ပေမယ့်

အဆီတုံးတွေကျမစားချင်ဘူး

သုံးထပ်သားဝယ်ရင်

အသားထက်အဆီများသမို့

ဝက်ဂုတ်သားကိုချက်တာများတယ်

အဲ့ဒီ့ကျမှအသားများများ

အခေါက်နဲ့ အဆီနည်းနည်း လေးပဲ

ကောင်းကောင်းစားရတယ်

မာလာဟင်းကတော့

အိမ်မှာ အရွက်အသီးအကျန်

အတိုအစတွေကို

ချက်ထားတာမို့ အမယ်တော့မစုံ

ကိုယ့်အကြိုက် Sweet potato noodle

များများလေးနဲ့

Want your business to be the top-listed Home Improvement Business in Houston?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Houston, TX