SALAI
FAMILY LIFE
05/18/2026
Happy birthday to Shing Shing.
အသက်ရှည်၍ အနာမဲ့ပါစေ။
လုပ်တိုင်းအောင်၍ ကြံတိုင်းမြောက်ပါစေ။
မိဘ အားကိုးရတဲ့ သားလိမ္မာလေး ဖြစ်ပါစေ။
ဘုရားတရား ရိုသေကိုင်းရှိုင်းပြီး အများအကျိုး သယ်ပိုးနိုင်တဲ့ ပညာတတ်ကြီးဖြစ်ပါစေ။ 🥰
Happy Mother’s Day
05/09/2026
Tulips ချစ်သူ
05/05/2026
Congratulations to my elder son,
Nicholas Tun Ha Ling.
Student of the month award ( May).
ကျေနပ်ပီတိ ဂွမ်းဆီထိ သို့ ☺️
05/02/2026
ပန်း တွေ့ရင် ဓာတ်ပုံလေး ရိုက်လိုက်ရမှ 🥰
05/01/2026
Beautiful tulips after the rain stop. 😍
မိုးရွာပြီးစ ပန်းလေး ရဲ့ အလှ။
04/29/2026
ခရမ်းရောင် ချယ်ရီ 🥰
03/22/2026
ငယ်ငယ်တုန်းက
အရမ်းကြိုက်ခဲ့ရတဲ့ စိုင်းထီးဆိုင် သီချင်းတွေ ပြန်ကြားမိတိုင်း . . .
ချင်းတောင်ကို အရမ်းလွမ်းတယ်။
ရှုမဆုံးတဲ့ တောင်ပြာတန်းတွေ . . .
ကြည်လင်အေးမြတဲ့ တောင်ကျချောင်းရေတွေ. . .
သစ်ခွ၊ ချယ်ရီ၊ တောင်ဇလပ် နဲ့ တောအရိုင်းပန်းတွေ အလှချင်း ပြိုင်ကြတဲ့ ဇာတိမွေးရပ်မြေ. . . .
နွေရာသီ သစ်ရွက်ကြွေတာက အစ
တောင်ယာမီး ရှို့တာ အဆုံး. . .
တောင်ယာ ရှုခင်းတွေ. . .
ချမ်းအေးတဲ့ ဆောင်းရာသီ
ပြီးတော့
ခရစ္စမတ် . . .
မိုးရာသီမှာ တပတ် ၂ပတ် မိုးစွေတတ်တာ. . .
မှိုင်းတွေ တက်ပြီး မြင်ကွင်း တခုလုံး ဖုံးသွားတတ်တာ. . .
ရွာပြန်တိုင်း အမြဲ လျှောက်ခဲ့ရတဲ့ တောင်ပေါ် လမ်းကလေးတွေ . . .
တောသူတောင်သားတွေရဲ့ ပွင့်လင်းဖော်ရွေတဲ့ အပြုံးတွေ . . .
ပြောရမယ်ဆို ပြောလို့ မကုန်နိုင်တဲ့ အကြောင်းအရာတွေ၊ သတိယ စရာတွေနဲ့ ပြည့်နှက်နေတဲ့ မွေးရပ်မြေ။
ဘယ်တော့မှ အလွမ်းမပြေ. . .
ဘယ်တော့မှ မမေ့ဘူး။
ဒီလိုမျိုး ဖြစ်လာပြီဆိုရင် ရင်ထဲမှာ မွန်းကြပ်လာပြီး ချင်းတောင်ကို အပြေးပြန်ချင်တဲ့ စိတ်တွေ ဖြစ်ဖြစ်လာတယ် 🥲
(အခုတော့ ယမ်းငွေ့တွေဝေတဲ့ မွေးရပ်မြေပေါ့)
မိဘ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေနဲ့ ဘယ်တော့များ ပြန်ဆုံနိုင်ကြမလဲ? 😔
(တနင်္ဂနွေမနက် ၁၂း၁၀၊ မတ်လ၂၂ရက်၊ ၂၀၂၆ခုနှစ်)
12/23/2025
Self-Confident with a big smile.
11/14/2025
ကလေးတွေကို တယောသင်တန်း မှာ သွားကြိုရင်း မမျှော်လင့်ပဲ ကိုလင်းလင်း နဲ့ တွေ့လာခဲ့ပါတယ်။
ထုံးစံအတိုင်း အမိအရ ဆဲဖီးဆွဲလာခဲ့တယ် 🥰🥰🥰
အခု လာမယ့် တနင်္ဂနွေ ( Nov 16, 2025 ) ညနေမှာ တလရ ရံပုံငွေ ဖျော်ဖြေပွဲ အတွက် ရောက်လာခဲ့တာပါ
#လင်းလင်း
Click here to claim your Sponsored Listing.