မင်းတို့ကိုကမ္ဘာမကြေပဲဟေ့

မင်းတို့ကိုကမ္ဘာမကြေပဲဟေ့

ထိုင်းမှာနေထိုင်အလုပ်လုပ်နေသူ

08/01/2023

မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက်နက်နှင့်မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ထိုင်းအစိုးရက စွဲချက်တင်

ရန်ကုန်၊ ဇန်နဝါရီ ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက်နက် နှင့် မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများ ဖြင့် ထိုင်းအစိုးရက စွဲချက်တင်လိုက်ကြောင်း ထိုင်းအခြေစိုက် Parachatai က သတင်းဖော်ပြသည်။

မူးယစ်ဆေးဝါးမှရရှိသော ငွေများဖြင့် ထိုင်းအစိုးရပိုင်ကုမ္ပဏီထံမှ လျှပ်စစ် ဓာတ်အား ဝယ်ယူပြီး မြန်မာပိုင်နယ်စပ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည် ရောင်းချခြင်းဖြင့် ငွေကြေးခဝါချသည့် အမှုတွင် ပါဝင်သော ထွန်းမင်းလတ်နှင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ထိုင်းအစိုးရရှေ့နေများက စွဲချက်တင်လိုက် ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်း-အမေရိကန် နိုင်ငံသား Dean Gultula နှင့် မြန်မာ သူဌေးကြီး ထွန်းမင်းလတ် တို့ကို စွဲချက်တင်တရားစွဲဆို ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်နှင့် Dean Gultula တို့သည် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် ခံနိုင် ရသော ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ရင်ဆိုင်နေ ရသည့်အပြင် သေဒဏ်ချမှတ်ခံရနိုင်သော မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေး အမှုဖြင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိငွေဖြင့် ထိုင်းအစိုးရ ကုမ္ပဏီ ထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူ လွှဲပြောင်းမှုဖြင့် တရားစွဲခံရပြီး Dean Gultula မှာမူ ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ထံသို့ မြန်မာအခြေစိုက် Myanmar Allure Group Company Limitedမှ ငွေကြေးလွှဲပြောင်းမှု များ အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းခံထားရသော မူးယစ်ရာဇာ ထွန်းမင်း လတ် ပိုင်ဆိုင်သည့် ငွေကြေး၊ ဟိုတယ်၊ ကားအပါအဝင် ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း ထိုင်းအာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလအတွင်းတွင် ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော် တွင် ယခင် အပတ်က ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအမှု၊ ငွေမည်းခဝါ ချမှုများဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ထွန်းမင်းလတ်ပိုင် ဆိုင်သော အပန်းဖြေစခန်း၊ ဟိုတယ်၊ ကား၊ အဖိုးတန်ပစ္စည်းများ၊ အိမ် ၊ ငွေ ကြေး များအပါအဝင် ပိုင်ဆိုင်မှု တန်ဖိုး ထိုင်းဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းတရားရေးဝန်ကြီးဌာန၏ အဆိုအရ ထွန်းမင်းလတ်သည် အမှု နှစ်ခုရှိ နေပြီး အမှု တစ်ခုမှာ ၂၀၁၉ ခုနှစ်ကတည်းက ထိုင်းအာဏာပိုင်များက စုံစမ်း ထောက် လှမ်းနေခြင်းဖြစ်သည်ဟု သိရှိရသည်။ ထွန်းမင်းလတ်နှင့် ဆက်စပ် နေသော ထိုင်းနိုင်ငံသား ၂ ဦးကို လည်း ဖမ်းဆီးရန် ရှာဖွေလျက်ရှိပြီး ဖမ်း၀ရမ်း ထုတ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မင်းအောင်လှိုင်နှင့် သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စွမ်းအင် လုပ် ငန်း များတွင် ပတ် သက်ဆက်နွယ် စီးပွားရေးလုပ်နေသူလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဘန်ကောက် လက်နက်ပြပွဲသို့ မင်းအောင်လှိုင်နှင့်အတူ

သော လက်နက် ပြပွဲကို မင်းအောင်လှိုင်နှင့်အတူ ထွန်းမင်းလတ် တက်ရောက်ခဲ့စဉ်။

Credit

04/01/2023

2023 Ma Ea La Condition
**************************
အဆင့်မြင့်ဒရုန်းတွေ နိုင်ငံအနှံ့
ဖြန့်ကျက်ထားပြီးဖြစ်တယ် ဒါ့အပြင် USA နည်းပညာအကူအညီ နဲ့ ဒရုန်း နဲ့အခြားလက်နက်တွေ
အဆင့်မြှင်တင်ဖို့တွေစတင် လုပ်ဆောင်နေပြီ
ဆိုတာရယ်.....

မြန်မာပြည်အတွက်
တစ်နေ့ 18ပါတ်လောက်လှည့်ပါတ် ထောက်လှမ်းနိုင်တဲ့ဂြိုလ်တုUSA လွှတ်တင်မယ် မြေပြင်အသေး စိတ်အချက်အလက်အတွက်လို့ သိရတယ်.....

ကဒါဖီ UN အမိန့်အမှတ် 1973 ၁၀နိုင်ငံထောက်ခံ...

အီရတ်သမ္မတဆဒ္ဒမ်ဟူစိန် UN အမိန့်အမှတ်1441 ၁၁ နိုင်ငံ ထောက်ခံ.....

မင်းအောင်လှိုင် UN အမိန့်အမှတ်2669 ၁၂နိုင်ငံထောက်ခံ.....

တူညီတာ တစ်ခုက
လပိုင်းလေးအတွင်း အဆုံးသတ်တယ်.....

သုံးယောက်မြောက် မအလ
ဒီပို့စ်မြင်ရင် မအလ သွေးတက်သေလောက်တယ် ဘာပြောပြော ဖြစ်စဉ်တွေအတွင်း UN ဘက်က ပြင်ဆင်ခွင့် နောက်ဆုတ်ခွင့် လူသားအခွင့်အရေး လိုက်နာဖို့ လူ့မျိုးသုဉ်းသတ်ဖြတ်တာတွေရပ်ဖို့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်တာတွေရပ်ဖို့ စာအကြိမ်ပေါင်း
၁၀ကြိမ်ထက်မနဲထုတ်ပြန်ခဲ့တယ်......

၁၉၇၃ ကဒါဖီ မလိုက်နာ
၁၄၄၁ ဆက်ဒန် ပမာမခန့်လုပ်
တာလတ်ဒုံးတွေနဲ့ ဖင်ယားပြတော့
တစ်လမကြာဘူး အားလုံး ကြိုးစင်ပဲ
ဒါ သမိုင်းအမှန်တွေ.......

လက်ရှိ မြန်မာ စစ်ခေါင်းဆောင် မအလ
UN တရားဝင်တောင်းဆိုတာကို မလိုက်လျောရင် ဖြစ်ဖြစ် ပမာမခန့် ဖင်ထယားရင်ဖြစ်ဖြစ်
ဒီလမ်းစဉ်ပဲ လိုက်ရမှာ 100%ပဲ.....

တောင်းဆိုတာတွေ လိုက်နာရင်တောင်
နုရင်ဘတ်ခုံရုံးနဲ့ ပြည်တွင်း ခုံရုံးက အပြစ်ပေးတာတွေ လွတ်ဖို့မမြင်ဘူး....

အချို့စစ်ဗိုလ်တွေ က မအလ အာဏာသိမ်းပွဲအောင်မြင်မယ်ထင်ပြီး မှေး လိုက်နေကြတာ
သေချာတာကတော့ အပြစ်အားလုံးမအလ ဆီ
ထိုးချလိမ့်မယ် တပ်တွင်းထိပ်ပိုင်းတွေကြား သဘောထားကွဲလွဲလာနိုင်တယ်.....

ဒါက သေရေး ရှင်ရေး အမိန့်အမှတ်ကြီး

တိုက်ပွဲသံကြားရင် လက်နက်သံကြားရင် တောင် လုံခြုံရေးစည်း ငါးခု ချပြီး ခရီးထွက်တဲ့မအလနဲ့
စိုးဝင်း အတွက် အမှတ်စဉ် 2669 ဆိုတာ UN ရဲ့အစဉ်အလာမို့ညတောင်အိပ်ပျော်ဖို့မလွယ်ဘူးနော်

ဒီဂယက်အပြင် US NDAA ဂယက်ကလည်း
မအလ တပ်အောက်ခြေအတွက် သွေးပျက်စရာပဲ
သေနတ်တောင်အစုတ်အပြတ် လေယာဉ်အို
လေယာဉ်ပျက် သင်္ဘောအို သင်္ဘောပျက်
တင့်ကား မော်ဒယ်အနိမ့်လောက် ဝယ်သုံးပြီး
ဘတ်ဂျတ် ခိုးတာလောက်တတ်တဲ့ စကစ စစ်တပ်အတွက် USAနည်းပညာတွေ အထက်ကပြောသလို ပဲ NUG pdf EAO အုပ်စုတွေဆီ စီးဆင်း
လာတော့မယ်......

ဒီတော့ UN ဂယက်က
တပ်ထိပ်ပိုင်းတွေ ပြိုလာနိုင်သလို USA NDAA အမျိုးသားကာကွယ်ရေး ဥပဒေ ဟာ စစ်ကောင်စီတပ်အောက်ခြေတွေအတွက်သွေးပျက်ပြိုကွဲ လာ နိုင်တယ် ခုတောင်အသံကျယ်လောင်နေကြပြီ တကယ်အသက်ဝင်လာရင်တော့ကာကွယ်ရေးဥပဒေ ဆိုတာ ဆီးရီးယား ထိုင်ဝမ် ဂျပန် ယူဂိုစလားဘီးယား အာဖဂန်နစ္စတန်လက်ရှိ ယူကရိန်း မှာ အသုံးပြု နေတယ်

ပြောချင်တာက အာဏာရှင်ဟာ အာဏာရှင်ပီသဖို့ ထက်အခြားအာဏာရှင် တွေရွံလာရင်တော့ UN ဆို တာအာဏာရှင်ဆိုးတွေအတွက်လူသတ်ရုံတစ်ခုပါပဲ

ကဒါဖီ ကို ရုရှ တရုတ် ထောက်ပံ့ ဖူးပါတယ်
ဟူစိန် ကိုလည်း ထောက်ပံ့ဖူးပါတယ် ဒါပေမဲ့ လုပ်ရပ်တွေဟာ အခြားအာဏာရှင်ထက် ဆိုးရွားလာရင် လူ့အခွင့်အရေးလေးစားမှု အရလက်ရှောင် သွားတတ်ကြပါတယ် ဒါကြောင့် UN မှာကြားနေ အဖြစ်နေလိုက်ကြတာ ပါပဲ

ဦးသန်းရွှေ ခေတ် နေဝင်း ခေတ်
အာဏာသိမ်းတာထက် ဆိုးရွားလွန်းတဲ့
လူမျိုးသုဉ်းသတ်ဖြတ်မှုရခိုင် ကျီးကန်းတောင်အရေး ၊ အင်းဒင်အရေး အပြင် လက်ရှိ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်းတရားမဲ့သတ်ဖြတ်မှု
ရွာလုံးကျွတ် ရွာမီးရှို့ပြီးတလရကိုဥပဒေမဲ့ ဖိနိပ်မှု
ရွာသူ ရွာသားတွေကိုအကြောင်းမဲ့ မုဒိမ်းကျင့်သတ်ဖြတ် မှု.....

ကိုဇေယျာသော်တို့ကို ဥပဒေမဲ့ကြိုးမိန့် ချစီရင်မှု
စသည်ဖြင့် တရုတ် ရုရှပူတင်တောင်မလုပ် တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တွေကို အာဏာရှင် တွေ ရေရှည်မကာကွယ်တော့ပါ....

ကွန်မြူနစ် ဆိုရှယ်လစ် ဒီမိုကရေစီ စနစ်
ဘယ်လိုစနစ်သုံးသုံး လူမျိုးသုဉ်း သတ်ဖြတ်ရက်စက်မှုတွေကိုတော့ ဘယ်နိုင်ငံ ဘယ်စနစ်သုံးသုံးရေရှည်လက်မခံတာဟာ UNSC မှာမဲပေးခဲ့တာတွေက သက်သေပါပဲ.....

ဒီတော့ ရှေ့တိုးတော့ ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ်

မအလ စစ်အုပ်စုအတွက်
ကုလားဖန်ထိုးကွက်နဲ့ စစ်တပ်ကိုပြောင်းလဲမလား ဒါမှမဟုတ်
NUG တောင်းဆိုတာအကုန် လိုက်လျောပြီး
စစ်ခေါင်းဆောင်တွေနဲ့အကျိုးစီးပွားကို နိုင်ငံတကာပြစ်မှုပြည်တွင်းပြစ်မှုတွေက
ကာကွယ်ပေးဖို့တောင်းဆိုလာဖို့ကတော့100%

ဒါပေမဲ့ အစိုးရတစ်ရပ်ဟာ
နိုင်ငံတကာက အလိုရှိတဲ့ တရားခံကို ကာကွယ်ပေးထားရင် သူပုန်ဖြစ်သွားတတ်ပါတယ် ဆိုလိုတာက
မအလ ဟာ တန်ရာတန်ကြေးမပေးပဲနဲ့ ဒီပွဲက အဆုံးသတ်လို့မရပါဘူး ကမ်းဆုံးလမ်းဆုံး
ရောက်နေပြီ ဆိုတာလောက်တော့ လူပိန်းတောင်သိနေပါပြီတပ်တွင်းထက်အောက် အက်ကြောင်းတွေပိုကြီးလာမယ်.....

မအလ အုပ်စုကို
နောက်လှည့် ဖမ်းဆီး ဖယ်ရှားခြင်း နဲ့ စစ်ရေးအရ တိုက်ခိုက်ခြင်းကလွဲပြီး ဘာမှမရှိသလိုUN အမိန့်နဲ့ နိုင်ငံတကာတပ်တွေ ဝင်ရောက်ခြင်း NDAA အရ နည်းပညာကူ NUG PDFကို တန်းမြှင့်တိုက်ခိုက်စေခြင်း ။ နောက်တစ်ခု လေယာဉ်မပျံသန်းရဇုန် ကြေငြာခြင်း ဒါတွေကပဲတလရကို အပြီးသတ်မှာပါ

မအလတို့သိပ်ကြောက်နေပြီဆိုတော့သေချာတယ်

မအလ အုပ်စုဆွေးနွေးမယ်၂၀၀၈ဖယ်ရှားမယ် စစ်တပ် နိုင်ငံရေးက ထွက်မယ် ဒါပေမဲ့
NUG ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် က မအလ အုပ်စုကို အပြည့်အဝ အကာအကွယ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကြီးက မဖြစ်နိုင်လည်း တောင်းဆိုလာဖို့များတယ်.....

ကဲ ဘယ်နည်းနဲ့ လုပ်လုပ်
မအလ အုပ်စု ဟာ ကြိုးစင်ကနေ လွတ်စရာလမ်းစ လုံးဝမရှိတော့ပါဘူး.....။


Credit ဂျေလှသင်

31/12/2022

သီတဂူဘုန်းကြီးရဲ့ ဗုဒ္ဓကို ခုတုံးလုပ် လိမ်ညာဟောပြောမှု

29/12/2022

အိုစမာဘင်လာဒင်ကို.... သုတ်သင်ခြင်း

26/12/2022

ဗာရိုနီကာဆိုတဲ့ အမျိုးသမီးလက်ဝှေ့သမားတယောက်လျှောက်ခဲ့တဲ့ ခရီးလမ်း

26/12/2022

#အကြားအမြင်ဟောစာတမ်း

လာမည့် နှစ်ထောင့်နှစ်ဆယ်သုံးမှာ...(၂၀၂၃)

၁။ FB ပေါ်ကနေ ပျောက်နေသူတွေ
ပြန်ပေါ်လာပါမည်။

၂။ စာပေလောကမှ စဆရကများ
စာ၊ကဗျာ ကလောင်စွမ်းတွေနဲ့
ပျောက်နေရာမှ ပြန်ပေါ်လာပါမည်။

၃။ တို့က လပ်တီးမျိုးမို့ ရင်ထဲကပန်း
ပေါ်ပေါ်တင်တင် ပွင့်မရလို့ပါဆိုပြီး
အငိုမျက်လုံးအပြုံးမျက်နှာနဲ့
အကယ်ဒမီရှော့တွေ များပြီး
Photo Profile တွေ ချိန်းချိန်းတက်လာပါမည်။

၄။ တို့တွေက သားသမီး၊မြေးမြစ်တွေနဲ့
ငဲ့ နေရလို့ပါ ခိုးခိုးပြီး လျှို့ဝှက်
လှူကူပါတယ် ဆိုပြီး...
ဒရမ်မာတွေ ခင်းကြပါလိမ့်မည်။

၅။ တို့တွေရဲ့ သွေးက အမြဲနီပါတယ်၊
ဆိုပြီး သူများသွေးက မနီသလို၊
ဒေါင်းယောင်ဆောင်တဲ့ မြွေပွေးတွေ
ဒေါင်းယောင်ဆောင်တဲ့ မြေခွေးတွေ
အရေခွံလဲ ပါလိမ့်မည်။

၆။ ရှေ့ကာလ၊နှစ်၊လ တွေမှာ..
အစားမပျက်၊အသွားမပျက်နဲ့
ပျော်စားလည်ပတ်နေပြီး
လာမည့်နှစ်တွင် ခံဝန်ဖြင့်
မသွားမဖြစ်လို့ပါဆိုတဲ့
အကြောင်းပြချက် မုသားများ
FB ပေါ်မှာ ရေးတင်ပါလိမ့်မည်။

၇။ သူတပါးချွေးနည်းစာ
အပူစာများကို လိမ်စား ခွထိုင်များ..
ခွချက် ချက်ရင်း...
မျောက်သစ်ကိုင်းလွတ်သလို
တောင်ကပ် မြောက်ကပ်နဲ့
စူပါဂလူးသုံးလာပါလိမ့်မည်။

၈။ တို့တွေက တို့တွေကနဲ့...
နေရာလုပွဲများ များလာပါဦးမည်။

၉။ ကျနော်/ကျမနှင့် Friends များကို
Un&Block သွားကြသော..
စိမ်းသလိုလို နီသလိုလိုနဲ့ လိမ္မော်ရောင်
ကိုကို၊ မမ ကတော်များလည်း
အကြောင်းပြကောင်းများဖြင့်
Fri Add ရင်း& Ph များအဆက်မပြတ်
ခေါ်လာပါဦးမည်။

၁၀။ ယက္ကန်းရုံများလည်း...
ယောထမိန်၊ ပင်နီစများ အော်ဒါများ၍
မနိုင်မနင်း ယက်လုပ်ရပါဦးမည်။
သို့ပါ၍ ကုန်ကြမ်းများစုဆောင်းထားပါက
စီးပွားဖြစ်တိုးတက်ပါလိမ့်မည်။

စပ်မိစပ်ရာ အထူးဟောချက်

via ဂျေလှသင်

22/12/2022

အမိန့်မနာခံရင် နေပြည်တော်ကို ဝင်ဆီးဖို့ ချက်ချင်းအမိန့်ထုတ်မယ်

Photos from Zin Mar Aung's post 22/12/2022

Photos from Zin Mar Aung's post

21/12/2022

မနုဿဗေဒပညာရှင်တစ်ဦးက
အာဖရိကန်မျိုးနွယ်စုမှ ကလေးငယ်များကို ဂိမ်းတစ်ခုပြသခဲ့သည်...

သူသည် အရသာရှိသော အသီးအနှံများထည့်ထားသော တောင်းတစ်တောင်းကို သစ်ပင်ပင်စည်အနီးတွင် ထားကာ၊

" သစ်ပင်သို့ ပထမဆုံးရောက်သော ကလေးသည် ခြင်းတောင်းကို ရမည်..'' ဟု သူတို့ကိုပြောပြီး ပြိုင်ပွဲတစ်ခု ပြုလုပ်သည်။

သူတို့ကို ပြိုင်ပွဲ စတင်​ပြီဟုအချက်ပြလိုက်တဲ့အခါ သူတို့အားလုံးသည် တစ်​ယောက်လက်ကို တယောက်တွဲပြီး သစ်ပင်ဆီသို့ အတူတူ လမ်းလျှောက်နေကြသည်။

ထို့နောက် အသီးများ ဝေမျှယူ
ကြသည်ကို တွေ့ရ၍ အံ့ဩ
သွားသည်။

" မင်းတို့ထဲက တယောက်ယောက်က ဒီတောင်းကို တယောက်ထဲ ပိုင်ဆိုင်နိူင်ပါလျက်နဲ့ ဘာ့ဘာကြောင့် ထိုသို့လုပ်သနည်း ''
......ဟု သူတို့ကိုမေးသောအခါ၊

သူတို့အဖြေဟာ အံဩစရာ
ကောင်းလေသည်။

" ကျန်တဲ့သူတွေ စိတ်ဆင်းရဲနေချိန်မှာ ရလိုက်တဲ့ တယောက်က ဘယ်လိုလုပ်ပျော်ရွှင်နိုင်မှာလဲ" တဲ့။

သူတို့၏ လူ့အဖွဲ့အစည်းတွင်
နေထိုင်မူပုံစံသည် -

" မင်းတို့ အားလုံးကြောင့် ငါ
ဖြစ်လာ​ခြင်း​ဖြစ်သည်...''

ထိုလူမျိုးစုသည် ယနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတိုင်းတွင် ဆုံးရှုံးသွားသော ပျော်ရွှင်မှု့၏ လျှို့ဝှက်ချက်ကို သိရှိပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်သည် ... !Crd: Life Joyrnal
လေးစားစွာဖြင့်...#ဘဝရဲ့ခရီးသည်
Resharing
🇹🇭

12/12/2022

#ပညာပေးကနေပညာယူရင်းနဲ့ဦးနှောက်ထဲကို_အဆိပ်တွေပါးပါးလေးအထည့်မခံရဖို့တော့လိုတယ်။

ဝိပါက ဇာတ်လမ်းလေးကို
အပြီးမဟုတ်တောင်၊ တစ်စိပ်တပိုင်း၊
အနေနဲ့၊ ကြည့်ရှု့ဖူးလိမ့်မယ်။

အဲ့ဒီဇာတ်လမ်းရဲ့
အမည်လေးက၊ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့၊
မစိမ်းတဲ့ အသုံးအနှုန်းလေးဖြစ်သလို။

ဝိပါကလို့ အသံကြားလိုက်သည်နှင့်
အတိတ်ကံ ၊ ဝဋ်လိုက်တယ်၊ ဆိုတဲ့၊
အတွေးချက်ချင်း ဝင်သွားစေတယ်။

တစ်နေ့က
နယ်ဘက်က ဦးဇင်းတစ်ပါးက၊
ဥပုသ်နေ့မှာ တရားဟောတယ်။

အဲ့ဦးဇင်းရဲ့ပါဝါနဲ့
ရပ်ရွာအပေါ်မှာ လွှမ်းမိုးမှုကလည်း၊
မသေးဘူး။

ကျောင်းထိုင်ဘုန်းကြီးရဲ့
တူအရင်းဖြစ်သလို၊ ကျောင်းထိုင်ဘုန်းကြီး၊
မရှိလျင် သူက ရွာအပေါ်မှာ၊ ဩဇာ အာဏာ၊
အသက်ရောက်ဆုံးပဲ။

အနေတည်တာရယ်
ဘုန်းကြီးရဲ့ တူအရင်းဖြစ်နေတာရယ်၊
စသည်အချက်တွေကြောင့်။

ရွာအပေါ်မှာ သူက
ပြောခွင့်ဆိုခွင့်ရနေတယ်။

တစ်ကျောင်းတည်း အတူနေတဲ့၊
ပြည်သူ့ဘက်တော်သား ဦးဇင်းတွေက၊
ပြောဆိုခွင့် အရ နည်းနေရရှာတယ်။

သူမအားမှ ၊သူနေမကောင်းဖြစ်မှ
တခြားဦးဇင်းတွေက ဟောပြောခွင့်၊
ရကြရှာတယ်။

ဒါကိုပဲ သူက
သူ့မှာအရည်အချင်းရှိလို့၊
ဟောပြောနေရတယ်၊ သူ့ရဲ့၊
ဟောပြောချက်ကို လူတွေသဘောကျနေတယ်လို့၊
အထင်ရှိပြီး သွေးနားထင်ရောက်နေတယ်။

ရှိစေတော့
ဥပုသ်နေ့မှာ သူ့ရဲ့ဟောပြောချက်က၊
"ဝိပါက" ဆိုဇာတ်လမ်းလေးကို ၊
ခြေဆင်းဝင်လိုက်တယ်။

ဝိပါက ဆိုတာ
လည်ပတ်တာ၊ ဝဋ်လိုက်တာ၊
ပြန်ခံရတာလို့ ခေါ်တယ်။

အတိတ်ဘဝက
ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုကံက၊
လက်ရှိပစ္စုပ္ပန်ဘဝမှာ ပြန်ခံရတာ။

ယနေ့
ဒေါ်စုကို စံနမူနာထားပြီးကြည့်၊
ဒေါ်စုက တော်တယ်၊ တတ်တယ်၊
ပညာတွေအများကြီးတတ်တယ်။

သူ့ဘာသာ
ဘယ်လောက်တော်တော်၊
ဘယ်လောက်တတ် တတ်။

အတိတ်က မကောင်းတာလုပ်ခဲ့လို့
ယခုဘဝမှာ ဒကာကြီး မင်းအောင်လှိုင်ရဲ့၊
ဖမ်းစီး ၊အကျည်းချ၊ အပြစ်ပေးခြင်း ခံရတယ်။

ဒေါ်စု၊ သမ္မတဦးဝင်းမြင့်
အပါအဝင်၊ ဒီမိုအစိုးရ တစ်ဖွဲ့လုံး၊
အဖမ်းခံ ၊ အကျည်းကျ ရတာဟာ။

အတိတ်ဘဝက
သူတို့တွေဟာ မကောင်းမှု၊
ကံတွေကျူးလွန်ခဲ့ကြလို့ပဲ။

ဒီတော့
ဒို့ဒါယိကာ၊ ဒါယိကာမများလည်း၊
ဒေါ်စုကဲ့သို့ မဖြစ်စေနဲ့။

ဒါက
အဲ့ဦးဇင်း ဟောပြောသွားတဲ့တရား၊
သူက ဝိပါကကိုရှင်းတာ ပြောဟောတာက၊
ဟုတ်သလိုလိုတော့ ရှိတယ်။

မသိသူတွေဆိုလျင်
နားယောင်သွားနိုင်တယ်၊ ပါးပါးလေးနဲ့၊
တော်လှန်ရေးကို အဆိပ်ခတ်လိုက်တာ။

ဒီနေရာမှာ ဝိပါကကို
မရှင်းတော့ဘူး စာရှည်စိုးရိမ်သောကြောင့်။

လက်ရှိဘဝမှာ
ထမင်းစားရလည်း၊ အတိတ်ကံကြောင့်၊ (ဝိပါက)
ချီးယိုလည်း အတိတ်ကံကြောင့်၊
ပိုက်ဆံရလည်း အတိတ်ကံကြောင့်။

အလုပ်အဆင်ပြေလည်း
အတိတ်ကံကြောင့်၊ ဘာနေနေ၊
အတိတ်ကံကြောင့်ချည့်။

အတိတ်ကံကို
အကုန်ပုံချနေလျင်၊ အဲ့ဒါ သိပ်ကိုလွဲမှားတယ်၊
ပုဗ္ဗေကတ ဟေတု မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်လို့၊
ဗုဒ္ဓကိုယ်တိုင် ဟောထားတာ အခိုင်အမာ ရှိတယ်။

" ပုဗ္ဗေကတဟေတု မိစ္ဆာဒိဋ္ဌိ"
ဖြစ်သမျှအကြောင်း မှန်သမျှ၊
ဆိုးဆိုးကောင်းကောင်း၊ အတိတ်ကံကြောင့်၊
ဖြစ်ရတယ်၊ အတိတ်ကံကို ပုံချလိုက်တာ။

အဲ့ဒီအယူအဆကို
လွဲမှားတဲ့အယူ မိစ္ဆာဒိဋ္ဌိဖြစ်တယ်၊
ဆိုပြီး မိန့်ထားတာ။

အဲ့ဒါကို
ထိုဦးဇင်း မသိတာမဟုတ်ဘူး၊
သိသိကြီးနဲ့ လူတွေကို ဂျင်းထည့်တာ၊
တော်လှန်ရေးကို အဆိပ်ခတ်နေတာ။

ဒီနေရာမှာ
သတိထားရမှာက ၊ နေရာမရသင့်တဲ့သူတွေ၊
နေရာ ရသွားလျင်၊ လုပ်ပိုင်ခွင့်ရသွားလျင်၊
အဲ့နေရာ အဲ့အဝန်းအဝိုင်း ဒုက္ခတွေ့တော့တာပဲ။

ဘုရားကို အကာအကွယ်ယူပြီး
ဘုန်းကြီးတွေ ဟောပြောတိုင်းလည်း၊
မယုံကြနဲ့ ၊ တချို့ဘုန်းကြီးတွေက။

လူတွေဒုက္ခရောက်အောင်
တိုင်းပြည်ဆင်းရဲအောင်၊ ကိုယ်စွမ်းကိုယ်စ၊
ပျောက်ကွယ်သွားအောင်။

လုပ်နေကြတာ
အများကြီးရှိနေတယ်ဆိုတာ၊
သိစေချင်လို့ ဤဆောင်းပါးလေးကို၊
ရေးလိုက်ရခြင်းဖြစ်တယ်။

ကိုး ဂုဏ် ပိုင်ရှင်။
Credit..မူရင်း

07/12/2022

ရူံ့ချတယ် ဝမ်းနည်းတယ် စောင့်ကြည့်တယ်တဲ့
မေ့ထားတယ်ဆိုတာထက်
ပိုပြီးလှပတဲ့စကားလုံးလေးတွေပါပဲ

အဲ့စောင့်ကြည့်နေတဲ့ကာလထဲမှာ
ငါတို့တွေ
လူငယ်တွေ တယောက်ပြီးတယောက်
နောက်ထပ် နောက်ထပ်
ပြီးတော့ လူမသိ သူမသိ တိတ်တဆိတ် ပျောက်သွားရတာတွေလည်းရှိမယ်

ငါတို့လည်းစောင့်နေရတာပါပဲ

သူပြီးရင် မင်း
မင်းပြီးရင် ငါ

ဘယ်တော့များ ငါ့အလှည့်လာလေမလဲလို့
စောင့်နေကြရတဲ့လူတွေပေါ့

စကားလုံးလှလှလေးတွေသုံးတာရပ်ချိန်တန်ပြီလို့
ထင်ပါတယ်

Credit

07/12/2022

DVB TV News

07/12/2022

#တုတ်ဓားလက်နက်ကိုင်လူထုကိုလေယာဉ်တွေနဲ့ရင်ဆိုင်တိုက်နေတဲ့စစ်ကောင်စီ
--------------------------------- >>ညိုစိန်ဝင်း

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အ မှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး)

လူတွေကို ကြိုးနဲ့တုပ်ပြီး အစုလိုက်အပြုံလိုက် သတ်တယ်။ ကြိုးနဲ့တုပ်ပြီး အစုလိုက်မီးရှို့တယ်။ မြို့တွေပေါ်မှာဆိုရင် အစုလိုက် ကြိုးပေးသတ်တယ်။ ကျေးလက်တွေမှာ ရွာလုံးကျွတ်မီးရှို့တယ်။ အညာမြေတခွင်လုံး မီးလောင်ပြင်နဲ့ စစ်တလင်း ဖြစ်အောင်လုပ်တယ်။ (စကစ အာဏာသိမ်းပြီးကတည်းက လူထုအိမ် မီးရှို့တာ ၃ သောင်းကျော်ပြီ။ စစ်ကိုင်းတိုင်းမှာ,ကို ၂ သောင်းကျော်ရှိပြီ။) ကြွက်မနိုင်လို့ ကျီမီးရှို့ပေါ်လစီလား။ တော်လှန်ရေးသမားတွေကို မနိုင်လို့ လူထုကို မဲတာလား။) မဟုတ်သေးဘူး။ ဒါ့ထက် ပိုတယ်။ ပြည်သူလူထုကို စစ်ကောင်စီက ရန်သူအဖြစ် သဘောထားတာ ဖြစ်တယ်။
လူတွေအရှင်လတ်လတ် မီးရှို့တာတင် မကဘူး။ စပါးကျီတွေပါ မီးရှို့တယ်။ စစ်ရှောင်ပြည်သူ အသောင်းအသိန်းကို စပါးမရိတ်နိုင်အောင် လက်နက်ကြီးတွေနဲ့ ထုပြီး သတ်တယ်။ လူထုစိုက်တဲ့စပါးခင်းတွေကို စစ်ကောင်စီရဲ့ မိစ္ဆာတပ်နဲ့ ပျူစောထီးတွေက အတင်းဝင်ရိတ်တယ်။ လူထုကို ငတ်သေအောင် လုပ်တာပဲ။ (အညာဒေသရဲ့ စိုက်ခင်း ၇၀ ရာခိုင်နှုန်းကျော် လူထု မရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးရတယ်။) ယုတ်မာမှု ကမ်းကုန်တယ်။ လူထုကို ပြေးစရာ မြေမရှိ။ နေစရာ အိမ်နဲ့ရွာ မရှိ၊ စားစရာ စပါးမရှိအောင် လုပ်ပြီး ဒူးထောက်ခိုင်းတာပဲ။ မိဘကို ကြိုးတုပ် ညှဉ်းဆဲပြပြီး သားသမီးတွေ လက်နက်ချ အဖမ်းခံခိုင်းတာပဲ။ လူထုပြိုရင် တော်လှန်ရေးပြိုပြီး သူတို့နိုင်မယ်လို့ တွက်ပုံရတယ်။
ရလဒ်က သူတို့ မျှော်လင့်တာနဲ့ ဆန့်ကျင်ဘက်ပဲ။ အညာတခွင်လုံး စစ်ကောင်စီနဲ့ ဖက်ဆစ်တပ်ကို မုန်းတီးနာကြည်းစိတ်တွေ ခွင်လုံးပြည့် ဖုံးလွှမ်းပြည့်လျှံသွားတယ်။ အညာသူတယောက် မီးလောင်မြေ ရွာထဲကနေ တပြည်လုံးကို ရုပ်သံလွှင့် ပြောပြတယ်။ အကုန်ပြာကျပြီ။ ဘာမျှ မကျန်တော့ဘူး။ ဒါပေမဲ့ လက်သုံးချောင်းထောင်နိုင်သေးတယ်။ စစ်တပ်ကို မုန်းတီးလိုက်တာတော့ ပြောမနေနဲ့တော့ သေနတ်ရှိရင် ဝင်ပစ်လိုက်ချင်တယ်။ လို့ ပြောပြတယ်။ ဒါအပြောမဟုတ်ဘူးဆိုတာ လက်တွေ့က အထင်အရှား ဖော်ပြလာတယ်။
လူထုဟာ စစ်ဘေးကို ရှောင်ပြေးတော့လည်း လိုက်သတ်တာ ခံနေရတာပဲ။ လူထုဟာ စစ်ဘေးရှောင်နေရုံနဲ့ မရတော့ဘူး။ စစ်ဘေးရှောင်လူထုကနေ တော်လှန်လူထုအဖြစ် ပြောင်းပစ်ရတော့မယ်။ နိုင်ငံခြားအစိုးရတွေရဲ့ လက်နက်ရိက္ခာ အကူအညီကို မျှော်တဲ့ အာရုံကို ဖယ်ရှားပြီး ကိုယ့်အားကိုယ်ကိုးရမယ် ဆိုတဲ့ စိတ်ဓါတ်ကို ထူထောင်မှ ရတော့မယ်။ ကလေးလူကြီး ကျားမမရွေး တော်လှန်ရေးတာဝန်တွေ နိုင်ရာထမ်းပြီး စစ်ကောင်စီကို အားလုံးဝိုင်းတိုက်မှ ရတော့မယ့်အခြေအနေ ဖြစ်တယ်။ ရန်သူက လူထုကို ရန်သူလို့ သဘောထားနေတယ်။ ကိုယ်ကလည်း သူဟာ ရန်သူလို့ ပြတ်ပြတ်သားသား သဘောထားပြီး တိုက်ရတော့မယ်။ ဒီပွဲဟာ စစ်အာဏာရှင်စနစ်ကို သည်မြေယံကနေ သုတ်သင်ရှင်းလင်းနိုင်မှ ပွဲပြတ်မှာ ဖြစ်တယ်။
ကျွန်တော် ဒီလိုစာမျိုးရေးဖို့ တွေးတောနေတာ နောက်ကျသွားတယ်။ လက်တွေ့ရင်ဆိုင်နေရတဲ့ လူထုက ကျွန်တော့်ထက် ပိုမြန်ဆန်တယ်။ ပိုပြတ်သားတယ်။ ဗမာပြည် ပြည်သူလူထုဟာ တော်လှန်ရေးအစဉ်အလာရှိတဲ့ ပြည်သူလူထုဖြစ်ကြောင်း အထင်အရှား သက်သေပြလိုက်တယ်။
လူထုက တုတ်တွေ၊ ဓားတွေ၊ ရဲတင်းတွေ၊ ယုတ်စွအဆုံး ထမ်းပိုးတွေကို လက်နက်အဖြစ် ကိုင်စွဲပြီး စစ်ကောင်စီရဲ့ မိစ္ဆာတပ်ကို ပြန်ချကုန်ကြပြီ။ ဒါတွေဟာ တနေရာ တရွာထဲမှာတင် ဖြစ်နေတာ မဟုတ်ဘူး။
လတ်တလော ဖြစ်ခဲ့တဲ့ တိုက်ပွဲတခုမှာ စစ်ကောင်စီတပ်က သူတို့ကို ပြန်ချတဲ့လူထုကို ကျည်ကုန်သုံးပြီး ကြောက်လန့်တကြား ပစ်တယ်။ သူတို့ ကျည်ကုန်သွားတယ်။ ကျည်ကုန်သွားတော့ စစ်ရှောင်ပြည်သူကနေ တော်လှန်ပြည်သူဖြစ်လာတဲ့လူထုကို သူတို့ ဘယ်နိုင်အောင် တိုက်နိုင်မလဲ။ သူတို့အများအပြားသေကြတော့ လေယာဉ်လှမ်းခေါ်တယ်။ လေယာဉ်ခေါ်ပြီး ကြောက်လန့်တကြား ပြန်ပြေးပြီးတဲ့နောက်မှာမှ တညလုံး အငြိုးတကြီးနဲ့ ရွာတွေပေါ် ဗုံးကြဲလက်စားချေတာ လုပ်တယ်။
ရန်သူ စစ်ကောင်စီကို ရရာလက်နက်နဲ့ ပြန်တိုက်တယ်ဆိုတာ ဒါက ပိုပီပြင်ထင်ရှားတယ်။ ရရာလက်နက်ဆိုတာ တူမီးလို သေနတ်မျိုးတွေတောင် ရှိတာမဟုတ်ဘူး။ ဓားတွေ တုတ်တွေ ထမ်းပိုးလက်နက်တွေတောင် ကိုင်ပြီး ပြန်ချတဲ့ ပွဲဖြစ်တယ်။ ဒါပေမဲ့ လူထုညီတော့ နိုင်တယ်။
လူထုရဲ့ တော်လှန်ရေး မိုးသက်မုန်တိုင်းကြီး တိုက်ခိုက်နေပြီ ဖြစ်တယ်။ ဒါက အစပဲ ရှိသေးတယ်။ တစက်က တမျက်နှာ ဖြစ်အောင် လုပ်ကြရဦးမယ်။ တကွက်ကနေ တခွင်တပြင်လုံး ကူးစက်သွားအောင် လုပ်ကြရဦးမယ်။ မီးပွားကလေးက တောမီးကြီးအဖြစ် တောက်လောင်စေရဦးမယ်။ ထမ်းပိုးရဲတင်းတွေထက် ပိုကောင်းတဲ့လက်နက်တွေကို တီထွင််ကြံဆပြီး လူထုကြီး ကိုယ်တိုင် လက်နက်ကိုင် ကြရတော့မယ်။ ရန်သူကို တိုက်ခိုက်ရေးအတွက် ပြည်သူတွေကိုယ်တိုင် နည်းလမ်းသစ်တွေ တီထွင်ကြံဆပြီး တိုက်ကြရတော့မယ်။ အာဏာသိမ်းစကစ -၂၀၀၈ ခြေဥ နဲ့ - စကစလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုကြီးက ဘယ်လိုသဘောထားသလဲဆိုတာကို ခုလို ရရာလက်နက်ကိုင်ပြီး အသက်စွန့်တိုက်ပွဲဆင်တဲ့ လူထုတိုက်ပွဲများက လက်တွေ့ဖော်ပြနေတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ သည်မိုးသက်မုန်တိုင်းဟာ ဖောက်ပြန်ရေးမှန်သမျှ အကုန်အစင် ရှင်းလင်းပြီး သည်မြေယံကို သန့်စင်ဆေးကြောပေးလိမ့်မယ်။ လူတိုင်းကို ဘယ်ဘက်ပါမလဲ ဆိုတဲ့ မေးခွန်းတွေ မေးနေပြီ။ စစ်ကောင်စီ ဖောက်ပြန်ရေးဘက် ရပ်မလား။ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်တဲ့ တော်လှန်ပြည်သူတွေဘက်က ရပ်မလား။ မကြာခင်အချိန်အတွင်း ဒီမေးခွန်းကို ပြတ်ပြတ်သားသား အဖြေပေးရတော့မယ့် အခြေအနေ ဖြစ်လာတော့မယ်။ ခွေးရူးလမ်းထွက် လူတိုင်းဝိုင်းနှက်ရမယ့် အခြေအနေ ဖြစ်လာတော့မယ်။
တော်လှန်ရေးမီးပွားကလေးတွေကနေ မီးတောက်မီးလျှံတွေ ဖြစ်အောင် ကြိုးပမ်းကြစို့။
ပြည်သူ့စစ်ပွဲ မီးပင်လယ်ကြီးအတွင်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို စုံးစုံးမြုပ်အောင် ဆွဲနှစ်ပစ်ကြစို့။

၂- ၁၂- ၂၀၂၂

အရေးတော်ပုံဂျာနယ်

Videos (show all)

ဒီတိုက်ပွဲမှာ.....မိဘ က ဖူးဖူးမှုတ်ထားတဲ့ တစ်ဦးတည်းသောသားတွေ ပါတယ်. .။ဒီတိုက်ပွဲမှာ... မိသားစုရဲ့တကယ့်ဟီးရိုးကြီးတွေ ပါတ...
Covid- 19 ကာကွယ်ဖို့
ခွေး ခွေးဟောင်
Covid-19 နှင့်ပတ်သက်သော
သေစမ်း 😏
ပြည်ပအကူအညီ
Interview
အားပေးပါဦး
အာဏာရှင်ကျဆုံးခြင်း
မအလ ငအ
ခြိမ်းခြောက်ခဲ့တယ်
ပြေးနိုင်မှလွတ်မယ် 😁

Telephone

Website