Thone Nya
ตำแหน่งใกล้เคียง ร้านขายของชำ
Maesoat, Mae Sot
Maesod, Mae Sot
Maesot, Mae Sot
แม่สอด, Mae Sot
63110
Mae Sot 63110
Mae Sot District, Mae Sot
Padauk Street, Myawadi
Mae Sot 63110
Maesot, Mae Sot
Mae Sot 63110
Mae Sot 63110
ม 7 ต แม่ปะ อ แม่สอด
Mae Sot 50000
Mae Sot
Travel, Education & Natural world
ပတ်ဝန်းကျင်က အသံတွေကို
များများစားစား မကြားရတဲ့
အခန်းကျဉ်းကျဉ်းလေးရယ် ၊
တစ်ခါတစ်ခါ
နူးနူးညံ့ညံ့နဲ့ တိုးဝေ့လာတဲ့
ကော်ဖီရနံ့ သင်းသင်းလေးရယ် ၊
သီချင်းတွေဖွင့် ၊ စာအုပ်တွေဖတ်ရင်း
စိတ်ပျော်သလို ဖြတ်သန်းလိုက်တဲ့
အားလပ်ရက် မနက်ခင်းလေးရယ် ၊
မကြီးကျယ် ၊ မခမ်းနားပေမဲ့
ဒါတွေဟာ ကျွန်တော့်ရဲ့
အကောင်းဆုံး အဖော်တွေပါပဲ !!
-ပုရစ်
လူနှစ်ယောက် ...
ရေစက်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ
ဆုံခဲ့ပြီးပြီပဲ ...
ရှိနေတုန်းမှာ
အတတ်နိုင်ဆုံး ချစ်ပေးတယ်
ပြီးတော့
မြဲအောင် ကြိုးစားခဲ့တာပဲ ...
ဒါပေမယ့်
လက်တွေက မမြဲပဲ
ဇာတ်လမ်းတွေပြီးသွားရင် ..
အဲ့ဒီလူနဲ့ ပတ်သက်ပြီး
ကောင်း၏ ဆိုး၏တွေကို
ဘယ်သူကိုမှ ထိုင်ပြောပြနေတော့မှာမဟုတ်ဘူး ...
ပြီးတော့ ...
ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး
အပုတ်ချနေတော့မှာ မဟုတ်ဘူး ။
ငါတို့ ဆုံခဲ့တယ်
ချစ်ခဲ့တယ်
အဲ့ဒီအမှတ်တရကိုပဲ သိမ်းထားချင်တာ
လမ်းမှာ ပြန်ဆုံကြရင်တောင်
ပြုံးပြနိုင်တဲ့အထိ
လိပ်ပြာလုံချင်တာ ...
-crd
ဘဝမှာ တစ်ခါလောက်အားရပါးရ
လဲကျပြီး ပြန်ထတဲ့အခါ အရင်က
ပိုသန်မာရမယ် ဆိုတဲ့အသိကို
ခေါင်းထဲရိုက်ထည့်သွားသရွေ့
စိတ်ဓာတ်ကျလည်းတစ်ခဏပါပဲ
ကျွန်တော့်အတွက်ပြောတာပါ ။
ကိုယ်ရွေးချယ်မခံရတဲ့အခါ
ရွေးမချယ်တဲ့သူကိုအပြစ်မမြင်ဘူး
ကိုယ့်ရဲ့ အားနည်းချက်တွေကို
ပြန်ပြီး ရှာဖွေပြီး ပြင်ဆင်ဖို့ကိုပဲ
စိတ်ဝင်စားတယ် ။
ကိုယ့်ကိုတိုက်ချသွားသည်ဖြစ်စေ
ကိုယ့်ကို ကိုယ့်လမ်းကြောင်းပေါ်ကနေ
ပျောက်ကွယ်သွားဖို့တွန်းချသွားရင်တောင်
ကိုယ်တစ်ဖက်လူကိုစိတ်မဆိုးအားဘူး
ကိုယ်ဘာတွေ အားနည်းနေလို့
သူတွန်းချ တိုက်ချသွားတာကို
မခံနိုင်သလဲဆိုတဲ့အဖြေကိုပဲ
စိတ်ဝင်စားပါတယ်။
တစ်ခါတလေ ဘဝ ကဒီလိုပဲ
ကိုယ့်ကိုသေစေချင်လို့
အခါခါ လိုက်သတ်နေရင်တောင်
ကိုယ်က ပိုပိုပြီးသတ်ရခတ်အောင်
ရှင်သန်ပြရတာလဲ
ရန်သူကို အောင်နိုင်ခြင်းပါပဲ။
အရေးကြီးတာက
ငါဟာ အရင်ကထက်
ပိုသန်မာရမယ်ဆိုတဲ့အသိစိတ်ကသာ
အရေးကြီးတယ်။
(AungKhinSitt)
#အရင်ကထက်
7:57pm
❝ မနာလိုစိတ် ❞
ကိုယ်ကောင်းလားဆို မကောင်းဘူး၊
ဒါပေမဲ့ သူများ မကောင်းတာကိုမှ
ကွက်မြင်တာ၊ ကွက်ပြောချင်တာ။
ကိုယ် မှန်လားဆို မမှန်ဘူး၊
ဒါပေမဲ့ သူများ မှားနေတာကိုမှ
ကွက်မြင်တာ၊ ကွက်ပြောချင်တာ။
ကိုယ် အပြစ်ကင်းလားဆို မကင်းဘူး၊
ဒါပေမဲ့ သူများ အပြစ်၊ သူများ အရှုပ်ကိုမှ
ဖော်ထုတ်ချင်တာ၊ အောက်ဖဲလှန်ချင်တာ။
ဒါတွေဟာ မနာလိုစိတ်တွေပဲ။
သူများကို နစ်နာအောင် လုပ်မှ
စိတ်ပြေသွားမယ်ဆိုတဲ့စိတ်ဟာ
တကယ်ဆို အကုသိုလ်စိတ်ပဲ။
ကိုယ့်အကြောင်းကို ကိုယ့်ဘဝကို
မသိဘဲ၊ သူများအကြောင်း သူများဘဝကိုပဲ
အာရုံစိုက်နေတဲ့သူဟာ ဘဝမှာ
ဘယ်တော့မှ ပျော်ရွှင်မယ့်လူ မဖြစ်လာနိုင်ဘူး။
#စာဖတ်ခြင်းဖြင့်_ဘဝကိုမြှင့်တင်ပါ
Harassment ဆိုတဲ့ စကားလုံးတစ်လုံးရဲ့အဓိပ္ပါယ်သည် အများကြီးကျယ်ပြန့်မူရှိပါသည်။
လိုတိုရှင်းပြောရမည်ဆိုလျှင် " လူတစ်ဖက်သားအပေါ်ကို နူတ်အားဖြင့်ဖြစ်ေစ၊ အပြုအမူအားဖြင့်ဖြစ်စေ သူ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာကို ထိခိုက်နာကျင်စေသည့် လုပ်ဆောင်ချက်အပြုအမူအားလုံးသည် Harassment ဖြစ်ပါသည်"။
Harassment သည် မိသားစုဝင်အချင်းချင်းအကြား၊ သူငယ်ချင်း အချင်းချင်းအကြား၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြားနှင့် သမီးရည်းစားများကြားတွင်ပင် ပုံစံအမျိုးမျိုးဖြင့် သတိမထားမိလိုက်ဘဲ ပြုမူနေနိုင်ပါသည်။
ပြုမူသူရော ပြုမူခံရသူကပါ Harassment ကဘာလဲဆိုတာကို သိရှိနေရန်လိုအပ်ပါသည်။ တစ်ဖက်လူ၏စိတ်ထဲတွင် Harassment လုပ်ခံနေရသည်ဟု ခံစားရလျင် ဒါဟာ Harassment မြောက်သည်ဟု သတ်မှတ်၍ရနိုင်ပါသည်။
ကိုယ်တိုင် ရည်ရွယ်ချက်မရှိဘဲ ပြုမူမိလျှင်ပင် Harassment လုပ်တာမဟုတ်ပါဟု ငြင်းဆို၍မရနိုင်ပါ။ ထိုကြောင့် ဘယ်လိုပုံစံတွေနဲ့ ရှိနေနိုင်မလဲ လေ့လာကြည့်ရအောင်ပါ။
လူသားအချင်းချင်း အသားအရောင်၊ လိင်၊ လိင်စိတ်ခံယူချက်၊ ပုံပန်းသွင်ပြင်၊ ယုံကြည်မူ တို့နှင့် ပတ်သက်ပြီး ခြိမ်းခြောက်ခြင်း၊ သရော်ခြင်းနှင့် အရှက်ရစေနိုင်သော စနောက်မူများသည်လည်း Harassment ဖြစ်ပါသည်။
မနှစ်မြို့ဖွယ် အမူအကျင့်များပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများပေးပို့ခြင်းနှင့် စိတ်မလုံခြံမူကိုဖြစ်ေစနိုင်သည့်အကြည့်ဖြင့် ကြည့်ခြင်းတွေဟာလည်း လူတစ်ဦး၏ စိတ်ကို အရှက်နှင့် နာကျင်စေသည့်အတွက် Harassment လုပ်နေခြင်းဖြစ်ပါသည်။
နှိမ့်ချဆက်ဆံခြင်း၊ မိမိ၏ အကျိုးအတွက်ဖြစ်သည်ဟုဆိုကာ လုပ်ပိုင်ခွင့်မေပးခြင်းနှင့် ရွေးချယ်ခွင့်မရခြင်းသည် Harassment ထဲတွင်ပါဝင်ပါသည်။ ထို အပြုအမူများသည် လူတစ်ဦး၏ self-confidence ကို လျော့ကျစေနိုင်ပါသည်။
အခြားလူတစ်ဦးဦးအား ပွတ်သပ်ခြင်း၊ တို့ထိခြင်းနှင့် ပုတ်ခက်ခြင်းများသည် အလိုမရှိသည့် အတွေ့အထိများဖြစ်သည့်အတွက် Harassment ဟုခေါ်နိုင်သည်။ အကယ်၍ သင့်အပေါ်တွင် Harassment လုပ်နေသည်ဟု ခံစားရပါက ကျူးလွန်သူ၏လုပ်ရပ်အား အလိုမရှိကြောင်း အသိ၊ သတိပေးခြင်းဖြင့် ဟန့်တားရပ်တန့်နိုင်ပါသည်။
Harassment သည် ခွဲခြားဆက်ဆံမူဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိပြုမူပါက အင်မတန်စက်ဆုပ်စရာကောင်းသည့် ဥပဒေချိုးဖောက်မူတစ်ခုဖြစ်ပါသည်။ မရပ်တန့်နိုင်ပါက အခြားသူတစ်ဦးဦးအား ပြောပြခြင်း၊ မိမိကြုံတွေ့မူများကို ထုတ်ဖော်ပြောဆိုခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ တိုင်ကြားအရေးယူခြင်းနှင့် ဥပဒေအကာအကွယ်တို့ကို ရယူနိုင်ပါသည်။
ယနေ့အချိန်တွင် Harassment ပြုလုပ်ခံရပါကထုတ်ဖော်ပြောဆိုနိုင်သည့် Platform များစွာရှိနေပါသည်။ အကူအညီလိုအပ်ပါကလည်း ရယူနိုင်မည့်အဖွဲ့အစည်းများပေါ်ပေါက်လာပြီ ဖြစ်သည့်အတွက် သင်ကြုံတွေ့နေရသည့် Harassment ကိစ္စများကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် Harasser များကို ရပ်တန့်စေနိုင်ပါသည်။
(ယခု ဆောင်းပါးအား ရေးသားသူ သည် sexual harassment ကြုံတွေ့မှု ဖြစ်ရပ်ကနေ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်သည်။)
#2024
ကြောက်စရာကောင်းတဲ့လူ ...
_-_-_-_-_-_-_-_-_-_-_-_-_-_--_-_-
သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။
သူ့ အသံက
ပိုချိုတယ်လို့
ဥဩ အချင်းချင်း မတွေးကြဘူး။
သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။
သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။
သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပိုတယ်
လူအချင်းချင်း တွေး
လူအချင်းချင်း တွန်း
လူအချင်းချင်း တိုက်ကြတယ်။
ကူ မလိုနဲ့ ယူ
ထူ မလိုနဲ့ ခြူ
ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။
လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။
ဆင်းရဲတာကြားရင် အားရ၊
မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။
ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။
လူ လူ လူ
ကြောက်စရာကောင်းတဲ့ လူ။
ဪမေ့လို့
"ငါ"ဆိုတဲ့ကောင်ကလည်း
အဲဒီလူတွေထဲက "လူ"
ဒါပေမဲ့ ငါ "အမြုံ " ကောင်
မဟုတ်ပေဘူး
( လူအမြုံ၊နိုင်ငံရေးအမြုံ ကောင်
များသို့ )
Wednesday sunset
With Ride Behind Kalaw – I'm on a streak! I've been a top fan for 3 months in a row. 🎉
စိတ်ချောင်လည်ဖို့ ကြိုးစားပါ
=======================
ဘ၀ရဲ့ သုံးပုံ နှစ်ပုံက
အရေးမပါတာတွေကို
အရေးပါသလိုထင်ပြီးနေလာခဲ့တာပါ ။
လွှတ်ထားရင် ရရဲ့အသားနဲ့
ကိုယ်မပါရင် ပြီးရဲ့အသားနဲ့
သက်သက်ကို အချိန်ပေးပြီးနေခဲ့တာပါ ။
အစွဲအနှောင်ဖွဲ့တွေဆိုတာ
အားလုံးနဲ့ ခွဲခွာရဖို့ နီးလာလေလေ
ကိုယ့်အတွက်အခက်တွေ့လေလေပါပဲ ။
ကိုယ်ကသာ သူတို့အတွက်
မရှိမဖြစ်လို နေလာခဲ့ပေမယ့်လည်း
သူတို့တတွေကတော့
မိမိမရှိလည်း နေသားကျဖြစ်နေမှာပါ ။
အတူနေကြတဲ့အခိုက်မှာ
မေတ္တာမပျက် နွေးထွေးကြင်နာကြရင်
ဘ၀အတွက် ပြည့်စုံ နေပြီပေါ့ ။
အကြောင်းဆုံလို့ ပေါင်းကြုံကြရတာ
အပို စိတ်ပူစရာတွေ ဖြစ်နေလို့လည်း
လောကကြီးက အစိုးမရနေလို့
ကိုယ့်ဆုတောင်းက မပြည့်နိုင်ပါဘူး ။
ဖြစ်ရာရှိရင် ဖြစ်ရမှာဖြစ်သလို
ပျက်စရာရှိရင်လည်းပျက်သွားရမှာပါ ။
ဒါကြောင့် မမြဲခြင်းတရားကိုဆင်ခြင်ပြီး
အကြပ်အတည်းတွေကြားထဲမှာ
အပူသောကတွေကြားထဲမှာ
စိတ်ချောင်လည်အောင်ကြိုးစားပါ ။
-သာရ ဂ ဝေ သီ
Thone Nya #
PRATARTLAMPANGLUANG TEMPLE
T. Lam Khang Lang District Koh Kha, province. Lam Pang
Handicrafts in the courtyard of Doi Suthep Pagoda
😇😇😇
คลิกที่นี่เพื่อเป็นสมาชิก?
วิดีโอทั้งหมด (แสดงผลทั้งหมด)
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Tak
63110
23 หมู่7 ตำบลป่ามะม่วง อำเภอเมืองตาก จังหวัดตาก
Tak, 63000
ฝากกดติดตามเพจทางร้านด้วยนะครับ ผม : ขายอะไรที่อยากขาย คุณ : ซื้ออะไรที่อยากซื้อ BY BB
พบพระ
Tak, 63160
အသင့်ရှိမြန်မာရွေထည်များ 13ပဲရည်15ပဲရည်မာယုလို့ရကျာ အိမ်ရောက်ငွေချေးရပို့ခရှိစရံရှိကျာ #မြန်မာရွေစစ်စစ်ဘောင်ချာပါပါတယ်ရှင့် #ထိုင်းဘယ်နေရာမဆိုအကုန်ပို့ပေးသည်
367 ม. 4 ต. สามเงา อ. สามเงา จ. ตาก
Tak, 63130
ขายกัญชาอัดแท่งมีเก็บปลายทาง ส่งจริงไม่มีโกง มีกลุ่มให้เช็คเครดิต
MaeSot
Tak
သင့်အိမ်အတွက် လိုအပ်သမျှကို တနေရာတည်းမှာ အကုန်ရမယ့် မအေပရယ်ရဲ့ ကုန်စုံဆိုင်ပါ။